← Chapters

အခန်း (၂၄၀)

Vol. 22 Ch. 240

အခန်း (၂၄၀)

Vol. 22 Ch. 240

📝အပိုင်း - ၂၄၀

ဘာသာပြန် - Na Gar🐉

ဒီတစ်ချီမှာတော့ ကျားလောင်စီကမသိမသာနဲ့ နောက်ကျကျန်နေခဲ့ပြီး၊ သူ့ပြိုင်ဘက်ရဲ့ ခွန်အားတွေကတော့ တိုးပြီးရင်း တိုးနေဆဲပါပဲ။

"အဓိပ္ပာယ်မရှိတာ"

ကျားလောင်စီကသူကိုယ်တိုင် စိတ်ဖောက်ပြန်နေပြီလို့တောင် ထင်မှတ်သွားပြီး ဟိန်းဟောက်လိုက်ပါတယ်။ နောက်ဆုံးမှာတော့ သူဟာ ဘာကိုမှ ချန်မထားတော့ဘဲ သူ့ရဲ့ ခွန်အားရှိသမျှ အကုန်ထုတ်သုံးပြီး တိုက်ခိုက်ပါတော့တယ်။

ဒါပေမဲ့ မကြာခင်မှာပဲ တစ်ခုခုတော့ အကြီးအကျယ် မှားယွင်းနေပြီဆိုတာကို သူ သိလိုက်ရပါတယ်။

ဒီကလေးရဲ့ တိုက်ကွက်တွေက အကြိမ်တိုင်းမှာ ပိုပြီး ပြင်းထန်လာပြီး၊ အကန့်အသတ်မရှိသလိုမျိုး ပိုမိုကြီးမားတဲ့ ခွန်အားတွေ ပေါက်ကွဲထွက်လာနေပါတယ်။ ဒါတင်မကသေးဘူး၊ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ ဓားသိုင်းကွက်တွေဟာလည်း တဖြည်းဖြည်းနဲ့ အဖျက်ခံနေရသလိုမျိုး ခံစားရပြီး၊ ပြိုင်ဘက်က သူ့ရဲ့ နောက်ထပ်လှုပ်ရှားမှုတွေကို တိတိကျကျနဲ့ ကြိုတင်ခန့်မှန်းနိုင်နေပါတယ်။

"မင်းက ဟွာကျင်းအဆင့်ပဲရှိတာ အကြီးစားအောင်မြင်မှုအဆင့်တောင် မဟုတ်ဘဲ အသေးစားအောင်မြင်မှု့လေးပဲ ရှိတာလေဘယ်လိုလုပ်ပြီး ဒီလောက် ပြင်းထန်တဲ့ ခွန်အားတွေ ရှိနေရတာလဲ တောက်... ငါ မတိုက်တော့ဘူး"

"ငါ သေလို့မဖြစ်ဘူး၊ ငါ နောင်တစ်ချိန်မှာ မြို့စားဖြစ်ရဦးမယ်၊ လူတကာရဲ့ အထက်မှာ နေရဦးမှာ"

ကျားလောင်စီ ရဲ့ အသက်ရှင်ချင်တဲ့စိတ်ဟာ အထွတ်အထိပ်ကို ရောက်သွားပြီး၊ တစ်ခါမှ မရှိဖူးတဲ့ ခွန်အားတွေ ထုတ်သုံးကာ သူ့ရဲ့ ဓားကို ရမ်းလိုက်ပြီး ပြိုင်ဘက်ကို ခေတ္တ နောက်ဆုတ်သွားအောင် လုပ်လိုက်ပါတယ်။ ဒါပေမဲ့ သူ ထွက်ပြေးဖို့ မပြင်နိုင်ခင်မှာပဲ ငွေရောင်လှံရှည်ကြီးက သူ့ရဲ့ နှလုံးသားဆီကို တစ်ဖန် ပြန်ရောက်လာပြန်တာကြောင့် သူဟာ မပြေးနိုင်ဘဲ အပြင်းအထန် ဆက်တိုက်နေရပါတော့တယ်။

ဒီအတိုင်းပဲ ထပ်ခါတလဲလဲ ဖြစ်နေခဲ့ပါတယ်။

သူ ခဏတာ အကွာအဝေးတစ်ခု ရလိုက်တိုင်းမှာ ပိုမိုပြင်းထန်တဲ့ တိုက်ကွက်တွေကို ရင်ဆိုင်ရပြန်ပြီး၊ နောက်ဆုံးမှာတော့ သူဟာ မခုခံနိုင်တော့တဲ့အထိ ဖြစ်လာပါတယ်။ သူ့ရဲ့ ဓားသိုင်းကွက်တွေဟာ အပေါက်အပြဲတွေနဲ့ ပြည့်လာပြီး သူ့ရဲ့ ဟန်ချက်ဟာလည်း ယိုင်နဲ့လာပါတော့တယ်။

"ဖူး"

ချန်ဆန်းရှီက အခွင့်အရေးကို အရယူပြီး ကျားလောင်စီရဲ့ လက်ကောက်ဝတ်ကို သွေးထွက်သံယိုဖြစ်အောင် တိုက်ခိုက်လိုက်ပါတယ်။

အဲဒီအချိန်ကစပြီး အရှုံးအနိုင်က ပေါ်သွားပါပြီ..

ငါးကွက်အတွင်းမှာပဲ ကျားလောင်စီ ရဲ့ ခန္ဓာကိုယ်ဟာ ဇကာပေါက်တစ်ခုလို အထိုးခံလိုက်ရပါတယ်။ နောက်ဆုံးမှာတော့ ဝိညာဉ်ဖျက်လှံဟာ သူ့ရဲ့ ပါးစပ်ကနေ ဖောက်ဝင်ပြီး နောက်စေ့ကနေ ပွင့်ထွက်သွားကာ သူ့ရဲ့ အသက်ကို အပြီးတိုင် အဆုံးသတ်လိုက်ပါတော့တယ်။

ချန်ဆန်းရှီကလှံရှည်ကို ဆွဲထုတ်လိုက်ပြီး အလောင်း မြေကြီးပေါ် မကျခင်မှာပဲ ကျန်းယွဲ့ဓားနဲ့ သူ့ရဲ့ ခေါင်းကို ဖြတ်ယူလိုက်ပါတယ်။ အဲဒီနောက် ခေါင်မိုးပေါ်ကို ခုန်တက်ပြီး လမ်းမတွေ၊ လမ်းကြားတွေထဲက ပြင်းထန်တဲ့ တိုက်ပွဲတွေကို ငုံ့ကြည့်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်တယ် "ကျားယုံထျန်းသေပြီ၊ မင်းတို့အားလုံး လက်နက်ချတာ ပိုကောင်းလိမ့်မယ်"

"အရှင်ကျား... အရှင်ကျားသေပြီ"

မျက်ခုံးနီတပ်သားတွေဟာ ခေါင်းမော့ကြည့်လိုက်ပြီး သူတို့ခေါင်းဆောင်ရဲ့ ခေါင်းကို မှတ်မိသွားတဲ့အခါမှာတော့ အော်ဟစ်ပြီး အရပ်မျက်နှာ အသီးသီးကို ထွက်ပြေးကြပါတော့တယ်။

သူတို့တွေဟာ ခွန်အားတွေ ပြည့်နေတယ်ဆိုရင်တောင်မှ နောက်ဆုံးတော့ စနစ်တကျမရှိတဲ့ လူအုပ်စုသာ ဖြစ်ပါတယ်။

ချန်ဆန်းရှီရဲ့ သေမင်းတမန် စစ်ဗျူဟာကို ကိုင်စွဲထားတဲ့ လူတွေနဲ့ ယှဉ်

နိုင်ဖို့နေနေသာသာ၊ အရန်တပ်စခန်းက သာမန်စစ်သည်တွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကိုတောင် မယှဉ်နိုင်ပါဘူး။ သူတို့ရဲ့ ခေါင်းဆောင် သေသွားပြီဆိုတာနဲ့ ကျန်တဲ့သူတွေဟာ ချက်ချင်းဆိုသလို ပြိုကွဲသွားကြပါတယ်။

ဒါ့အပြင် သူတို့ကို ထွက်ပြေးခွင့်ပေးလို့ မဖြစ်ပါဘူး။ အကယ်၍ သူတို့ လွတ်သွားရင် တခြားခရိုင်က သာမန်ပြည်သူတွေ ဘယ်လောက်တောင် ဒုက္ခရောက်ဦးမလဲဆိုတာ မသိနိုင်ပါဘူး။

စစ်ရှုံးပြီး ထွက်ပြေးတဲ့ စစ်သားတွေဟာ ဓားပြတွေထက် အဆပေါင်းများစွာ ပိုပြီး အန္တရာယ်ရှိပါတယ်။

"သတ်——"

ရန်သူ့ဗိုလ်ချုပ်ကို ကွပ်မျက်နိုင်လိုက်တာကြောင့် အရန်တပ်ရဲ့ စိတ်ဓာတ်ဟာ အထွတ်အထိပ်ကို ရောက်သွားပြီး၊ တိုက်ပွဲဟာ တစ်ဖက်သတ် သတ်ဖြတ်ပွဲအဖြစ် ပြောင်းလဲသွားပါတော့တယ်။ မိုးလင်းကနေ မိုးချုပ်တဲ့အထိ တိုက်ခိုက်ပြီးနောက်မှာတော့ လမ်းမတွေပေါ်မှာ အလောင်းတွေ တောင်လိုပုံနေပါပြီ။

"ငါတော့ အားကုန်ပြီ..."

ရှဲ့စီရှု က သူ့လက်နက်ကို ပစ်ချလိုက်ပြီး အလောင်းပုံတွေကြားထဲမှာပဲ လှဲချလိုက်ကာ အသက်ကို ပြင်းပြင်းရှူနေပါတယ်။

ဒီရက်တွေဟာ တကယ့်ကို လူမဆန်တဲ့ ရက်တွေပါပဲ။

နေ့တိုင်းကို တောထဲတောင်ထဲမှာ ဖြစ်ဖြစ်၊ သေမင်းနဲ့ ရင်ဆိုင်ရတဲ့ တိုက်ပွဲတွေမှာ ဖြစ်ဖြစ် အချိန်ကုန်ခဲ့ရပြီး နားချိန်ဆိုတာ တစ်စက္ကန့်မှ မရှိခဲ့ပါဘူး။

ကျန့်ခိုခရိုင်က ပြည်သူတွေလည်း တိုက်ပွဲမှာ ပါဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မြို့တံခါးကို ဖွင့်ပေးပြီးတဲ့နောက်မှာတော့ သူတို့ သိပ်ပြီး အကူအညီ မပေးနိုင်တော့ပါဘူး။ အခု တိုက်ပွဲပြီးသွားတာကို မြင်တဲ့အခါမှာတော့ သူတို့ ထွက်လာပြီး ရန်သူ့အလောင်းတွေကို ရိုက်နှက်ကြသလို၊ လူအများအပြားကလည်း ဒူးထောက်လိုက်ကြပါတယ်။

"ဗိုလ်ချုပ်ချန်"

"ကျွန်တော်တို့ရဲ့ အသက်တွေကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်"

"ကျွန်တော်တို့ ကျန့်ခိုခရိုင်က လူအားလုံး အရှင်ကို ဦးညွှတ်ပါတယ်"

"..."

"ထကြပါ၊ ဒူးထောက်ဖို့ မလိုပါဘူး"

ချန်ဆန်းရှီလည်း အတော်လေး ပင်ပန်းနေပါပြီ။ သူက လက်ကို မြှောက်ပြီး "တကယ် ကျေးဇူးတင်ထိုက်တာက ခင်ဗျားတို့ပါ၊ ခင်ဗျားတို့က မြို့တံခါးကို အသေခံပြီး ဖွင့်ပေးခဲ့လို့သာ မဟုတ်ရင် ဒီမြို့ကို သိမ်းဖို့ လူတွေ အများကြီး အသက်ပေးရဦးမှာ" လို့ ပြောလိုက်ပါတယ်။

လုရှူဟွာ က မြေပြင်ပေါ်က ကျားလောင်စီ ရဲ့ ခေါင်းကို ကြည့်ပြီး ခြေထောက်နဲ့ ကန်လိုက်တယ် "ဗိုလ်ချုပ်ချန်... ခင်ဗျား သူ့ကို ဘယ်လို၊ ဘယ်လို သတ်လိုက်တာလဲ"

"ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး"

ယွီဆုန်က မိုဓားကို တုတ်ကောက်လို အားပြုပြီး လျှောက်လာတယ် "မင်းက လူတစ်ယောက်ရဲ့ သွေးကြောမှတ်တွေကို ထိရုံနဲ့တင် သတ်နိုင်နေပြီပဲ။ ငါ့ရဲ့ လက်ထောက်ဗိုလ်ချုပ်ရာထူးကို မင်းကိုပဲ ပေးလိုက်ဖို့ တကယ် စဉ်းစားသင့်နေပြီ"

"ဒုဗိုလ်ချုပ်ကြီးယွီ... ဟာသလုပ်မနေပါနဲ့၊ ကောင်းကောင်း အနားယူပါ" လို့ ချန်ဆန်းရှီက ပြန်ဖြေပါတယ်။

ချန်ဆန်းရှီလည်း သူ့မျက်လုံးတွေကို မှိတ်ပြီး အနားယူလိုက်တယ် "မိုးလင်းတာနဲ့ ငါတို့ ခရီးဆက်ရဦးမယ်"

[စွမ်းရည် - စစ်သည်ကွပ်ကဲမှု့(အသေးစား အောင်မြင်မှု့)]

[တိုးတက်မှု့ - ၁၅၅၅/၂၀၀၀]

လပေါင်းများစွာ စစ်တိုက်ခဲ့ပြီးနောက်မှာတော့...

စစ်သည်ကွပ်ကဲမှု ကျွမ်းကျင်မှုဟာ တစ်ထောင်ကျော်အထိ အရှိန်အဟုန်နဲ့ တက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကြီးမားသော အောင်မြင်မှု့အဆင့်ကို ရောက်ဖို့တော့ အချိန်နည်းနည်း လိုပါသေးတယ်။

ယန်ချွမ်းခရိုင်။

"ဗိုလ်ချုပ်ရှာ ငါတို့ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး"

"ငါတို့မှာ လူနှစ်ထောင်ပဲ ကျန်တော့တယ်"

"ငါတို့ ပြည်သူတွေကို ဘယ်လောက်ပဲ သတ်သတ်၊ သူတို့တွေက ငါတို့ကို လာကူဖို့ ငြင်းနေကြတယ်"

"ငါတို့ ဘာလုပ်ကြမလဲ"

"မြို့တံခါးဖွင့်ပြီး လက်နက်ချလိုက်ရင်ရော မကောင်းဘူးလား"

"အပြင်က လူတွေက ပြောတယ်၊ ငါတို့သာ လက်နက်ချရင် သူတို့က ငါတို့ကို အနောက်ချီနိုင်ငံမှာ ဝင်ခွင့်ပြုမယ်တဲ့၊ ပြီးတော့ ဗိုလ်ချုပ်ရှာလည်း ဗိုလ်ချုပ်ကြီးအဖြစ် ဆက်ရှိနေဦးမှာပါတဲ့"

"..."

"မင်း ဘာပြောလိုက်တယ်"

"ဖူး"

ဓားတစ်ချက်တည်းနဲ့တင် ရှာဝမ်လုံ ဟာ လက်နက်ချဖို့ ပြောတဲ့ စစ်သားရဲ့ ခေါင်းကို ဖြတ်ပစ်လိုက်ပါတယ်။ ခေါင်းဟာ အဝေးကို လွင့်စင်သွားပြီး သွေးတွေဟာ စမ်းရေတွင်းတစ်ခုလို ပန်းထွက်လာကာ နေရာအနှံ့ကို စင်ကုန်ပါတယ်။

သူ့ရဲ့ မျက်နှာဟာ ကြောက်စရာကောင်းအောင် ရှုံ့မဲ့နေပြီး သူ့လူတွေကို အော်ဟစ်လိုက်တယ် "ဘယ်သူမဆို စစ်တပ်ရဲ့ စိတ်ဓာတ်ကို ပျက်ပြားအောင် လုပ်တဲ့သူဟာ ဒီကောင်လိုပဲ ဖြစ်သွားမယ်"

"ဝူး..."

ချောင်ဖန်က နဂါးစိမ်းဓား ကို ပစ်ချလိုက်ပြီး မျှော်လင့်ချက်မဲ့တဲ့ မျက်နှာနဲ့ ထိုင်ချလိုက်တယ် "ဗိုလ်ချုပ်... ခင်ဗျား လက်နက်ချချင်ရင် ချလိုက်ပါ၊ ကျွန်တော် ခင်ဗျားကို လုံးဝ အပြစ်မတင်ပါဘူး"

"မင်းသား... ဘာတွေ လျှောက်ပြောနေတာလဲ"

ရှာဝမ်လုံက ချက်ချင်းဆိုသလို ဒူးတစ်ဖက် ထောက်လိုက်တယ် "ကျွန်တော် ရှာဝမ်လုံဟာ သူတော်ကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် သိပါတယ်။ ဒါပေမဲ့ ကျေးဇူးသိတတ်ဖို့နဲ့ ကျေးဇူးဆပ်ဖို့တော့ သိပါတယ်။ ကျွန်တော့် မိသားစု မျိုးဆက်ပေါင်းများစွာဟာ ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးကို ခံယူခဲ့ရတာပါ။ သခင်လေးယင် တောင်မင်းသားအတွက် အသက်ပေးဖို့ အဆင်သင့်ရှိနေရင်၊ ကျွန်တော်ကရော ဘာလို့ မလုပ်နိုင်ရမှာလဲ"

"အကုန် ပြီးသွားပါပြီ..."

ချောင်ဖန်က ခါးခါးသီးသီး ပြုံးလိုက်ပြီး သူ့မျက်နှာက ထုံထိုင်းနေပါတယ် "ငါတို့ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး။ ရိက္ခာ လုံးဝမရှိတော့ဘူး၊ သတ်စားဖို့ မြင်းတောင် မကျန်တော့ဘူး။ စစ်သားတွေကလည်း မြို့ကိုကာကွယ်ချင်

စိတ် မရှိကြတော့ဘူး၊ ငါတို့ ဘယ်လို ရှေ့ဆက်မလဲ"

"ဒါဆိုရင် ငါတို့ မကာကွယ်တော့ဘူး"

ရှာဝမ်လုံက သူ့ရဲ့ မျက်လုံးစီးထားတဲ့ အဝတ်ကို ဆွဲဖြတ်လိုက်ပြီး ကြောက်စရာကောင်းတဲ့ ဒဏ်ရာတွေနဲ့ မျက်စိကန်းနေတဲ့ သူ့ရဲ့ မျက်လုံးကို ဖော်ပြလိုက်တယ် "အရင်ဆုံး၊ မြို့ထဲက ပြည်သူအားလုံးကို စုပြီး သူတို့ကို လက်နက်တွေ ဝေပေးမယ်။ ပြီးရင် ငါတို့အားလုံး ပြည်သူတွေလို ဝတ်ဆင်မယ်။ ပြည်သူတွေကို အရှေ့က သွားခိုင်းပြီး ခင်ဗျားနဲ့ ကျွန်တော်ကတော့ စစ်တပ်နောက်ကို မလိုက်ဘဲ ထွက်ပြေးတဲ့ လူအုပ်ထဲမှာ ရောလိုက်မယ်။ မြို့ပြင် မိုင် ၅၀ လောက်ရောက်ပြီး တောနက်ထဲ ရောက်သွားပြီဆိုရင် ဘယ်သူမှ ငါတို့ကို ရှာတွေ့မှာ မဟုတ်တော့ဘူး။ ပြီးတော့ မမေ့ပါနဲ့... ဗိုလ်ချုပ် လု က အတော်ကြာအောင် တိုက်ခိုက်နေတာဆိုတော့ သူ့ရဲ့ သတ္တိနဲ့ဆိုရင် ဓားတံခါးချိုင်ဝှမ်းကို သေချာပေါက် ဖောက်ထွက်နိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့ကို လာကယ်မှာပေါ့"

All Chapters