အခန်း (၂၄၁)
Vol. 22 Ch. 241
📝အပိုင်း - ၂၄၁
ဘာသာပြန် - Na Gar🐉
တည့်တည့်ပြောရရင်တော့ ဒါဟာ လူအားလုံးကို စွန့်ပစ်လိုက်တာပါပဲ။
လူနှစ်ယောက်တည်း ထွက်ပြေးတာကမှ အသက်ရှင်ဖို့ အခွင့်အရေး အများဆုံး ရှိမှာ ဖြစ်ပါတယ်။
"အချိန်က လူတစ်ယောက်ရဲ့ စိတ်ရင်းကို ဖော်ထုတ်ပေးတယ်၊ အခက်အခဲက စစ်မှန်တဲ့ သံယောဇဉ်ကို ပြသတယ်"
ချောင်ဖန်က သက်ပြင်းချလိုက်တယ် "ငါတို့ မြောက်ပိုင်းဒေသက ချောင်မိသားစုမှာ မင်းလိုမျိုး သစ္စာရှိတဲ့ အမတ်၊ အရည်အချင်းရှိတဲ့ ဗိုလ်ချုပ်မျိုး ရှိလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ဒါနဲ့... ဗိုလ်ချုပ်ရှာ၊ ခင်ဗျား စစ်နတ်
ဘုရားအဆင့်ကို တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် ရှိလား"
"ရှိတော့ ရှိပါတယ်၊ ဒါပေမဲ့ အခွင့်အရေးကတော့ အရမ်းနည်းတယ်"
"ဒါဆိုရင် အခွင့်အရေး ရှိသေးတာပဲ"
ချောင်ဖန်က ပြောလိုက်တယ် "ငါသာ အသက်ရှင်လျက် ပြန်ရောက်သွားမယ်ဆိုရင်၊ ငါ့ခမည်းတော်ကို ခင်ဗျားအတွက်အစွမ်းကုန် လေ့ကျင့်ပေးဖို့ တောင်းဆိုပါ့မယ်။ သစ္စာရှိတဲ့ အမတ်နဲ့ အရည်အချင်းရှိတဲ့ ဗိုလ်ချုပ်တစ်ယောက်ဟာ ပါရမီရှင် သက်သက်ထက် အများကြီး ပိုပြီး အစွမ်းထက်တယ်"
"ကျေးဇူးတင်ပါတယ် မင်းသား"
ရှာဝမ်လုံ ကပြည်သူတွေကို အရင်ဆုံး အပြင်ကို ထိုးထွက်ခိုင်းဖို့ ချက်ချင်းပဲ သွားရောက် စီစဉ်ပါတော့တယ်။
...
မြို့ပြင်၊ ပုန်ကန်သူများ၏ စစ်စခန်း
တုန်အန်းဟာ သူ့ရဲ့ ချပ်ဝတ်တန်ဆာကိုတောင် မဝတ်ထားဘဲ သာမန်အဝတ်အစားတွေပဲ ဝတ်ထားပါတယ်။ သူ့ရဲ့ ဆံပင်တွေဟာ တစ်ညတည်းနဲ့ ဖြူသွားခဲ့တာကြောင့် အခြေအနေကို နားမလည်နိုင်တဲ့ စစ်သားတွေဟာ ထိတ်လန့်နေကြပါတယ်။
လူအနည်းငယ်လောက်ကို လွှတ်ပေးလိုက်ရတာက ဘာများ အရေးကြီးလို့လဲ။
ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ နှိပ်စက်နေရတာလဲ။
တုန်အန်းဟာ မြေပုံတစ်ခုကို ကြည့်နေပြီး သူ့ဘာသာသူ နယ်ဖြတ်စစ်တုရင် ကစားနေပါတယ်။
"သတင်းပို့ပါတယ်"
"စစ်သေနာပတိချုပ်"
စစ်သားတစ်ယောက် အပြေးအလွှား သတင်းလာပို့တယ် "အခြေအနေ မကောင်းတော့ပါဘူး ယန်ချွမ်းခရိုင်ရဲ့ မြို့တံခါးတွေ အကုန်ပွင့်နေပြီး၊ ခန့်မှန်းခြေ ပြည်သူတစ်သိန်းလောက်ဟာ အရပ်မျက်နှာ အနှံ့အပြားကို ထွက်ပြေးနေကြပါတယ်။ မြို့စောင့်တပ်တွေလည်း သူတို့ကြားထဲမှာ ရောပါနေလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ကျွန်တော်တို့ အခု ဘာဆက်လုပ်ရမလဲ"
"ဒေါက်~"
တုန်အန်းက ဘာမှ ပြန်မပြောပါဘူး။
"ဗိုလ်ချုပ်တုန်.. တစ်ခုခု ပြောပါဦး"
ရှန့်ထျန်က အနားကို လျှောက်လာတယ် "ကျွန်တော့်အမြင်အရတော့ အရန်တပ်က ကျန်တဲ့လူတွေကို အာရုံစိုက်နေဖို့ လုံးဝ မလိုပါဘူး။ ကျားလောင်စီကလည်း အဲဒီမှာ ရှိနေသလို၊ လော့ထျန်တောင်ကြားမှာလည်း စစ်အင်အားတွေ ရှိနေတာပဲ၊ သူတို့ ထွက်မပြေးနိုင်ပါဘူး။ အခု အရေးကြီးတာက မြို့ထဲက ရှာဝမ်လုံကို သတ်ဖို့နဲ့ ချောင်ဖန်ကို အရှင်ဖမ်းဖို့ နည်းလမ်းရှာရမှာပါ"
တုန်အန်းကတော့ ဘာမှ မပြောသေးပါဘူး။
ခဏခဏဆိုသလို သူဟာ ကလောင်တံကို ယူပြီး မြေပုံပေါ်မှာ တစ်ခုခုကို ချရေးလိုက်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ တိုက်ပွဲကို စစ်တုရင်ပွဲ တစ်ပွဲကို ပြန်လည်သုံးသပ်သလိုမျိုး ပြန်လုပ်ကြည့်နေတာပါ။ ပြိုင်ဘက်က ဒါကို ဘယ်လိုမျိုး လုပ်နိုင်ခဲ့သလဲဆိုတာကို ရှာဖွေနေတာ ဖြစ်ပါတယ်။
"သတင်းပို့ပါတယ်—"
ကင်းထောက်က အသက်ရှူမှားမတတ် ပြေးလာတယ် "စစ်သေနာပတိချုပ် ကျန့်ခိုခရိုင်ဆီက သတင်းရပါပြီ"
"ကျားလောင်စီ..."
နောက်ဆုံးမှာတော့ တုန်အန်းက အသံသြသြကြီးနဲ့ စကားပြောလာတယ် "သူ အခုဆို သေနေလောက်ပြီ မဟုတ်လား"
"ဗိုလ်ချုပ်... ခင်ဗျား ဘယ်လိုသိတာလဲ"
ကင်းထောက်က အံ့သြသွားပြီးမှ ဆက်ပြောတယ် "လိုက်ဖမ်းနေတဲ့ စစ်တပ်က ကျန့်ခိုခရိုင်ကို ဖြတ်သွားတဲ့အခါမှာ အရှင်ကျားနဲ့ သူ့လူတွေ အကုန်သေနေတာကို တွေ့ခဲ့ရပါတယ်။ အရန်တပ်က ကျန်တဲ့သူတွေရဲ့ သတင်းလည်း မကြားရတော့ပါဘူး။ သူတို့ တောင်ဘက်ကို ဆက်သွားပြီး အခုဆိုရင် အားနည်းနေတဲ့ လော့ထျန်တောင်ကြားဆီကို တည့်တည့် ဦးတည်နေကြပါပြီ..."
"လျန်ကျိနျန်ကို ပြောလိုက်"
တုန်အန်းက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ် "သူတို့ကို လော့ထျန်ဂိတ်မှာ ပိတ်ဆို့ထားပါ။ ပြီးတော့ မင်းရဲ့ တပ်တွေကို သေချာဂရုစိုက်ပါ၊ သူတို့ရဲ့ အယောင်ပြတိုက်ကွက်တွေကို သတိထားပါ။ ပြီးခဲ့တဲ့ နှစ်ခါလုံးမှာ ငါတို့က အယောင်ပြတိုက်ကွက်တွေကြောင့် အလိမ်ခံလိုက်ရတာ၊ နောက်တစ်ကြိမ် ထပ်မမှားပါစေနဲ့"
"ပြီးတော့ ဒီမှာ၊ ဒီနေရာမှာလည်း တပ်အင်အား အပြည့်အစုံနဲ့ စောင့်နေဖို့ လိုတယ်။ သူတို့ရဲ့ နည်းဟောင်းအတိုင်း 'နောက်ပြန်လှည့်တိုက်ကွက်'သုံးပြီး လမ်းဟောင်းအတိုင်း ပြန်မလာနိုင်အောင် တားရမယ်။ ဘေးပတ်ပတ်လည်ကိုလည်း အင်အားအပြည့်နဲ့ စောင့်ကြပ်ရမယ်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူတို့ကို လုံးဝ ဝိုင်းရံပြီး သတ်ပစ်ရမယ်"
"ငါ အရင်က..."
"သူတို့ကို အထင်သေးခဲ့မိတာပဲ"
"ချန်ဆန်းရှီက ထက်မြက်တယ်၊ ပြီးတော့ ဒီ ယွီဆုန်ကလည်း မဆိုးဘူး။ မမေ့နဲ့ဦး သူက အရန်တပ်ရဲ့ အဓိက ဗိုလ်ချုပ်ကြီးပဲ"
"ရွေစမ်းရေမြို့ရဲ့ အရင်က တပ်မှူးက မဟာသွေးကြောအဆင့်အသေးစားအောင်မြင်မှု့ပဲ ရှိတာ၊ ကျားလောင်စီကလည်း အဲဒီအဆင့်ပဲ။ မဟာသွေးကြောအဆင့် နှစ်ယောက်ကို ဆက်တိုက် သတ်နိုင်တယ်ဆိုကတည်းက သူဟာ သူ့အဆင့်မှာ တကယ်ကို ထူးခြားတဲ့သူပဲ။ ဒါကြောင့် ချန်ဆန်းရှီအပြင် ယွီဆုန်ရဲ့ လှုပ်ရှားမှုတွေကိုလည်း အထူးသတိထားရမယ်။ အကယ်၍ သူ (ယွီဆုန်) ကို မတွေ့ရဘူးဆိုရင် အဲဒါက အယောင်ပြတိုက်ကွက် ဖြစ်ဖို့ များတယ်။ ဒါကို လျန်ကျိနျန်ကို သေချာပြောလိုက်ပါ"
"ဟုတ်ကဲ့ပါ"
ကင်းထောက်က အမိန့်ကို လက်ခံပြီး ထွက်သွားပါတယ်။
သူတို့က အမိန့်ကို စက္ကူပေါ်မှာ ရေးပြီးတဲ့နောက် လင်းယုန်နက် နဲ့ပေးပို့ရမှာ ဖြစ်ပါတယ်။
"ဗိုလ်ချုပ်တုန်"
ရှန့်ထျန်က စိုးရိမ်တကြီးနဲ့ ပြောတယ် "ဟိုဘက်က ကိစ္စတွေကတော့ စီစဉ်ပြီးပြီ၊ ဒီဘက်က ငါတို့ အခြေအနေကရော"
"မင်းပဲ ကိုင်တွယ်လိုက်တော့"
တုန်အန်းက အေးအေးဆေးဆေးပဲ ပြောလိုက်ပါတယ်။ သူ့မျက်လုံးတွေက မြေပုံပေါ်ကနေ မခွာသေးပါဘူး။
"ကိုင်တွယ်လိုက်ရမယ်"
ရှန့်ထျန်က ဆက်ပြီး အောင့်အီးမထားနိုင်တော့ပါဘူး "ဗိုလ်ချုပ်တုန်ဘာလို့ ဒီလောက်အထိ အပင်ပန်းခံနေရတာလဲလူအနည်းငယ်လောက် ထွက်ပြေးသွားတာက ဘာထူးခြားသွားမှာမို့လို့လဲသူတို့ လုပ်ချင်တာ လုပ်ပါစေပေါ့။ ယန်ချွမ်းခရိုင်ကို သိမ်းပိုက်ဖို့က ပထမဆုံး ဦးစားပေးလေ"
"မင်း ဘာနားလည်လို့လဲ"
တုန်အန်းက ကျားတစ်ကောင်လို စူးစိုက်ကြည့်လိုက်ပြီး ပြင်းပြင်းထန်ထန် ပြောလိုက်တယ် "ရှန့်ထျန်၊ အရန်တပ်ရဲ့ အကြွင်းအကျန်တွေက ဘာကို ဆိုလိုတယ်ဆိုတာ မင်းသိလား အဲဒီမှာ 'သိုင်းသူတော်စင် ခန္ဓာကိုယ်'ရှိတဲ့သူ လေးယောက်တောင် ပါနေတာ ဒါတင်မကသေးဘူး၊ ဖန်ချင်းယွမ်ထက် အများကြီး သာတဲ့ ချန်ဆန်းရှီလည်း ပါသေးတယ်"
"သူက စစ်ရေးမှာပဲ တော်တာမဟုတ်ဘူး၊ သိုင်းပညာမှာလည်း ထိပ်တန်းအဆင့်ကို ရောက်မယ့်သူပဲ လျန်ကျိုးက သတင်းတွေကို မမေ့နဲ့ဦး၊ ဆွန်
ဒူရှန်က သူ့ကို 'မသေမျိုး ပညာရပ်'တွေတောင် လွှဲပေးနိုင်ခြေ ရှိနေတာ အကယ်၍ ဒီလူကိုသာ အခု အပြတ်မရှင်းနိုင်ရင် ဒါဟာ ငါတို့အတွက်တင် မဟုတ်ဘူး၊ ဒါရှန်အင်ပါယာအတွက်တောင် ကောင်းတဲ့ သတင်းဖြစ်မှာ မဟုတ်ဘူး"
"မင်း ဘာရပ်ကြည့်နေတာလဲ ယန်ချွမ်းခရိုင်က လူနှစ်ထောင်ကိုတောင် မင်း မကိုင်တွယ်နိုင်ဘူးလား"
"ဟုတ်ကဲ့၊ နားလည်ပါပြီ"
ရှန့်ထျန်က အမိန့်ကို လက်ခံပြီး အမြန်ထွက်သွားပါတယ်။
'အကယ်၍၊ အကယ်၍ ငါသာ ဒီတစ်ခါ ချန်ဆိုတဲ့ တစ်ယောက်ကို ချေမှုန်းနိုင်ခဲ့ရင်၊ ဒါဟာ ဖန်ချင်းယွမ်က ငါ့ပြိုင်ဘက် မဟုတ်တော့ဘူးဆိုတာကို သက်သေပြလိုက်တာပဲ'
တုန်အန်းရဲ့ စိတ်ထဲမှာတော့...
သူနဲ့ ရက်ပေါင်း ၁၈၀ ကျော် ကစားပွဲ ဆင်နွှဲနေတဲ့ ဒီလူငယ်ဗိုလ်ချုပ်ဟာ ဖန်ချင်းယွမ်ကို ကျော်ဖြတ်ပြီး သူ့ဘဝရဲ့ ကံကြမ္မာပြိုင်ဘက် ဖြစ်လာခဲ့ပါပြီ။
တချို့လူတွေက ငွေကြေးအတွက် အသက်ရှင်ကြတယ်၊ တချို့က အာဏာအတွက်၊ တချို့ကတော့ ကာမဂုဏ်တွေအတွက်ပေါ့။ ဒါပေမဲ့ သူ မွေးဖွားလာရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာ နံပါတ်တစ် စစ်ဗျူဟာရှင် ဖြစ်လာဖို့ပါပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်က 'စစ်နတ်ဘုရား'လိုမျိုးပေါ့။
သူ သေဆုံးသွားပြီးတဲ့နောက်မှာ လူတွေ စစ်ရေးဗျူဟာကို လေ့လာတဲ့အခါ သူ ချန်ထားရစ်ခဲ့တဲ့ 'စစ်ရေးကျမ်း'တွေကိုပဲ လေ့လာကြရလိမ့်မယ်။
ဒါကြောင့် ဒီလူကို အနိုင်ယူဖို့က သူ့အတွက် ဘာထက်မဆို ပိုပြီး အရေးကြီးပါတယ်။
အကယ်၍ သူသာ ဒီကစားပွဲမှာ နိုင်ခဲ့ရင်၊ အရင်က ရှုံးနိမ့်မှုတွေက ဘာမှ မဟုတ်တော့ပါဘူး။
ဘာလို့လဲဆိုတော့ အရာအားလုံးက အတွေ့အကြုံတွေ ဖြစ်သွားပြီး သူ့ရဲ့ ခွန်အားတွေအဖြစ် ပြောင်းလဲသွားမှာ မို့လို့ပါပဲ။ အဲဒီခွန်အားတွေကို နောက်ထပ် စစ်မြေပြင်တွေမှာ သုံးလို့ရတာပေါ့။
သူ သေချာပေါက် နိုင်ရမယ်။
ဒီတိုက်ပွဲက သူ့အသက်ထက်တောင် ပိုပြီး အရေးကြီးနေပါပြီ။
...
မေရှန်းတောင်။
"လျော့နည်းနေတုန်းပဲ"
လျန်ကျိနျန်ဟာ သူ့အခန်းထဲမှာ စိုးရိမ်တကြီး လမ်းလျှောက်နေပါတယ်။ သူ့ခန္ဓာကိုယ်ထဲက အပြောင်းအလဲတွေကို သူ အတိုင်းသား သိနေရတယ် "ဒါဟာ သူတို့ နောက်ထပ် တစ်ကြိမ် ရှုံးနိမ့်သွားလို့ ဖြစ်ရမယ်၊ နောက်ထပ် ရှုံးနိမ့်မှုတစ်ခုပေါ့ အဲဒါကြောင့်ပဲ ဖြစ်ရမယ်"
"သတင်းပို့ပါတယ်"
နောက်ဆုံးမှာတော့ သတင်း ရောက်လာပါတယ်။
လျန်ကျိနျန်က သတင်းကို အမြန်ဖွင့်ကြည့်လိုက်ပြီး မြေပုံပေါ်မှာရော၊ သဲပုံ ပေါ်မှာပါ တိုက်ပွဲကို ပြန်လည်ဖော်ဆောင်ကြည့်ဖို့ မမေ့ပါဘူး "ဘယ်လိုတောင် ဗျူဟာမြောက်လိုက်လဲ၊ ယန်ချွမ်းခရိုင်ကို အသိပေးပြီး တိုက်ခိုက်ပြီးတော့ ဟုန်ကျဲမြစ်ကို လျှို့ဝှက်စွာ ဖြတ်ကူးခဲ့တာကိုး သူတို့ ဒီလှည့်ကွက်ကို ဒုတိယအကြိမ် မြစ်ဖြတ်ကူးတုန်းကလည်း သုံးခဲ့ဖူးသားပဲ"