← Chapters

အခန်း (၂၃၃)

Vol. 22 Ch. 233

အခန်း (၂၃၃)

Vol. 22 Ch. 233

📝အပိုင်း - ၂၃၃

ဘာသာပြန် - Na Gar🐉

"ဒုဗိုလ်ချုပ်ကြီးယွီ... ကျွန်တော့်ကို အမွှမ်းတင်လွန်းနေပါပြီ"

ချန်ဆန်းရှီ က အရှေ့ဘက်ဆီကနေ တဖြည်းဖြည်း လင်းစပြုလာတဲ့ ကောင်းကင်ယံကို ကြည့်လိုက်ပြီး"ကျွန်တော်တို့ စထွက်သင့်ပြီ"

"အေး... သွားကြစို့"

ယန်ပြည်နယ်။

"ဟေ့ လူအိုကြီး... နင် ဒါကို မြင်လား"

ရုန်ယန်ချိုးကတပ်စခန်းထဲကို အပြေးအလွှား ဝင်လာပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်တယ် "ရိက္ခာတွေလေ ဂျူနီယာမောင်လေးက အသက်ရှင်နေသေးတာတင် မကဘူး ရွေစမ်းရေမြို့ရဲ့ ရိက္ခာကျီတွေနဲ့ ထောက်ပံ့ရေးလမ်းကြောင်းကိုပါ မီးရှို့ပစ်လိုက်ပြီ"

သူမ ဒီစစ်သတင်းကို မြင်လိုက်ရတဲ့အချိန်မှာ အတုများလားလို့တောင် ထင်ခဲ့မိတာပါ။ လူအင်အား သုံးထောင်ကျော်လေးနဲ့ တပ်ခွဲပြီး လှုပ်ရှားနေတာတောင် ရန်သူ့ဝိုင်းရံမှုကြားမှာ သေမသွားတဲ့အပြင်၊ ရန်သူ့ရဲ့ အရေးအကြီးဆုံး ရိက္ခာထောက်ပံ့မှုကိုပါ ဖျက်ဆီးနိုင်ခဲ့တာဟာ မင်ပြည်နယ်ရဲ့ အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုပါပဲ။

"အင်း"

ချန်ဝေကတော့ သူ့ရဲ့ ပေသီးကို တောက်တောက်တောက်နဲ့ ခေါက်နေရင်းကပဲ ပြောလိုက်တယ် "အခုဆိုရင် အနောက်ချီနိုင်ငံအတွက် ဒီစစ်ပွဲရဲ့ ကုန်ကျစရိတ်က နှစ်ဆ တက်သွားပြီ။ ကျုံးဝူရှင်း တစ်ယောက် ဒေါသထွက်နေမှာ သေချာတယ်။ ဂျူနီယာညီလေးရဲ့ သေဆုံးမှုကတော့ တန်ဖိုးရှိသွားတာပေါ့"

"သေဆုံးမှု"

ခုနတင်ကမှ ဝမ်းသာနေတဲ့ ရုန်ယန်ချိုးကရေအေးနဲ့ အပက်ခံလိုက်ရသလို ခံစားလိုက်ရတယ် "လူအိုကြီး... နင် ဘာကို ဆိုလိုတာလဲ"

"ဘာကို ဆိုလိုရမှာလဲ၊ ငါ ထပ်ပြောဖို့ လိုသေးလို့လားဂျူနီယာညီမလေးက စစ်ရေးဗျူဟာကို မသိတာလည်း မဟုတ်ဘဲနဲ့" ချန်ဝေ က တည်ငြိမ်စွာ ပြောလိုက်ပါတယ်။

"ဒီတိုက်ပွဲ ပြီးသွားရင် သူတို့ ဘယ်ကို ဆက်သွားနိုင်မှာလဲ"

"..."

ရုန်ယန်ချိုး တိတ်ဆိတ်သွားပြီးမှ "အချိန်က မမီနိုင်တော့ဘူးလား"

"ဆက်ပြီး မတွေးနဲ့တော့၊ ငါတို့ပဲဖြစ်ဖြစ်၊ တစ်ဖက်က စီနီယာအစ်ကိုကြီးပဲဖြစ်ဖြစ် သူတို့ကို ကယ်ဖို့ အချိန်မမီတော့ဘူး" ချန်ဝေ က အေးအေးဆေးဆေး ဆက်ပြောတယ် "ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ဂျူနီယာညီလေးက ငါတို့အတွက် အများကြီး ကူညီပေးသွားတာပဲ၊ ငါ သူ့ကို မှတ်မိနေမှာပါ။ နောင်နှစ်တိုင်း သူ့ရဲ့ နှစ်ပတ်လည်နေ့ရောက်ရင် သူ့အတွက် စက္ကူငွေတွေ မပျက်မကွက် မီးရှို့ပေးပါ့မယ်"

"ငါက နင့်ကို အရင် မီးရှို့လိုက်ရမလား"

ရုန်ယန်ချိုး က ပေသီးကို ဆွဲလုလိုက်ပြီး "လူအိုကြီး... နာရေးစကားတွေ မပြောနဲ့ဦး။ ပြောစမ်းပါဦး၊ ဂျူနီယာညီလေး အသက်ရှင်နိုင်မယ့် နည်းလမ်း မရှိတော့ဘူးလား"

"..."

ချန်ဝေ က သက်ပြင်းချရင်း "ဂျူနီယာညီမလေးရာ... ငါ့ကို လာဖိအားပေးလည်း အပိုပဲ တကယ်ကို လွတ်လမ်း မရှိတာ။ သူတို့ဘာသာသူတို့ မရှိနိုင်တဲ့ လွတ်လမ်းတစ်ခုကို မရှာတွေ့နိုင်သရွေ့ ဘယ်သူလာလာ မကယ်နိုင်ဘူး။ စက္ကူငွေတွေသာ ကြိုပြင်ထားလိုက်တော့"

"နိမိတ်မရှိတာတွေ လာမပြောနဲ့"

ရုန်ယန်ချိုး က ဆက်မမေးတော့ဘဲ တတွတ်တွတ် ရေရွတ်နေတယ် "နင် လွတ်လမ်း မရှာတွေ့တာနဲ့ပဲ ဂျူနီယာမောင်လေးကလည်း မရှာတွေ့နိုင်ဘူးလို့ ထင်နေလားရိက္ခာကျီတွေ မီးလောင်ကုန်မယ်ဆိုတာရော နင် အရင်က တွေးမိခဲ့လို့လားတစ်နေကုန် ပေသီးပဲ ခေါက်နေပြီး ဉာဏ်တွေ ထိုင်းကုန်ပြီ ထင်တယ်"

"အဲဒါတော့ အမှန်ပဲ"

ချန်ဝေ က ဝန်ခံလိုက်ရပါတယ် "ဂျူနီယာညီလေးက စတ္ထုထစီနီယာအစ်ကိုနဲ့တောင် ယှဉ်နိုင်တယ်။ ဒီအပိုင်းမှာတော့ ငါ သူ့ကို မမီဘူး။ ကဲ... သူ့မှာ ကံကောင်းခြင်း နတ်ဘုရားမ မစပါစေလို့ပဲ ဆုတောင်းရမှာပေါ့"

ရွေစမ်းရေမြို့ရဲ့ အနောက်ဘက် မိုင် ၄၀၀ အကွာ၊ ဗိုလ်ချုပ်ကျောက်ဝူကျိီရဲ့ လက်ကျန်တပ်စခန်း။

"သူတို့ ထွက်သွားပြီဘယ်လိုလုပ် ထွက်သွားနိုင်တာလဲ"

ကျောက်ဝူကျိီဟာ ဟိုင်တုန်ချင်း ယူလာတဲ့ သတင်းစကားကို ကြည့်ပြီး မျက်နှာကြီး တောင့်တင်းသွားပါတယ် "ငါနဲ့ လာမပေါင်းဘဲ သူတို့ ဘယ်ကို သွားမှာလဲဝူထုံပြည်နယ်က သူတို့အတွက် အကောင်းဆုံး လွတ်လမ်းပဲလေ"

"စစ်သေနာပတိချုပ်... သတင်းဆိုးပါ"

"အနောက်ဘက် မိုင် ၂၀၀ အကွာမှာ အနောက်ချီနိုင်ငံရဲ့ စစ်သည် နှစ်သောင်းနဲ့အတူ နက်နဲပုံရိပ်အဆင့်စစ်သူကြီး နှစ်ယောက်ကို တွေ့ရှိထားပါတယ်"

"ဒါကို ချန်ဆန်းရှီ က ကြိုသိနေတာလား"

ကျောက်ဝူကျိီက သူ့ရဲ့ စာရေးကို အလျင်အမြန် ခေါ်လိုက်တယ် "နေဦး... ငါ သူတို့ဆီ သွားပေါင်းလို့ မရဘူးလားငါ သူတို့ဘက်ကို ကူးမယ်"

ဒါပေမဲ့ အချိန်က နောက်ကျသွားပြီ ထင်ပါတယ်။

ဟိုင်တုန်ချင်း တောင်မှ သတင်းပို့ဖို့ အချိန်အတော် ကြာခဲ့တာပါ။ သူ ဒီနေ့မှ သတင်းရတာဆိုတော့ ယွီဆုန် တို့အဖွဲ့က လွန်ခဲ့တဲ့ ရက်အနည်းငယ်

ကတည်းက ထွက်သွားလောက်ပါပြီ။ ရွေစမ်းရေမြို့က လိုက်လာမယ့် ရန်သူတွေကို ထားပါဦး၊ သူတို့သာ အဲဒီရန်သူတွေကို အနိုင်တိုက်ပြီး ရွေစမ်းရေမြို့ကို ရောက်သွားရင်တောင်မှ အဲဒီအချိန်ကျရင် ရန်သူ့တပ်မတော်ကြီး သောင်းနဲ့ချီပြီး ရောက်နေလောက်ပါပြီ။

"ဒီကောင်လေးကတော့..."

ကျောက်ဝူကျိီဟာ ကျောက်ဆောင်တစ်ခုပေါ်မှာ အားပျက်စွာ ထိုင်ချလိုက်

တယ် "သူ ငါတို့အားလုံးကို ကစားသွားတာပဲ..."

သူကိုယ်တိုင်တောင်မှ အရန်တပ်ရဲ့ ချီတက်မှု လမ်းကြောင်းကို ကြည့်ပြီး သူတို့တွေဟာ ငါ့ဆီလာပေါင်းမှာပဲလို့ တစ်ထပ်တည်း ယုံကြည်ခဲ့တာပါ။

ကောင်းပြီလေ...

ဒီကောင်လေး အသက်ရှင်မလား၊ မရှင်ဘူးလားတော့ သူ မသိဘူး။ ဒါပေမဲ့ ဒီလိုရဲတင်းတဲ့ ဗျူဟာမျိုးကို သုံးရဲတဲ့ သတ္တိမျိုးရှိရင်တော့ တပ်စခန်းရှစ်ခု မှာ နောက်ထပ် ဖန်ချင်းယွမ် တစ်ယောက် ပေါ်လာတော့မှာ သေချာတယ်။ မဟုတ်ဘူး... ဖန်ချင်းယွမ်ထက်တောင် ပိုပြီး အစွမ်းထက်ဦးမှာ။

"ငါသာ ဒါကို စောစောသိခဲ့ရင်"

အကယ်၍ ကျောက်ဝူကျိီသာ သူ့ရဲ့ ဗျူဟာကို စောစောစီးစီး ပြောင်းလဲခဲ့ရင် လျန်ကျိုးက သူ့ရဲ့တပ်တွေ ဒီလို အခြေအနေမျိုး ရောက်ပါ့မလား..

"တပ်အားလုံး... ဖောက်ထွက်ကြမယ်"

ယန်ချွမ်းခရိုင်၊ပုန်ကန်သူတပ်စခန်း။

တုန်အန်းဟာ နံရံမှာ ချိတ်ထားတဲ့ မြေပုံကို တည်ငြိမ်စွာ ကြည့်နေပါတယ်။ သူ့ရှေ့မှာတော့ စစ်တုရင်ခုံ တစ်ခုရှိနေပြီး အဲဒါက သူနဲ့ ချန်ဆန်းရှီ ကစားနေတဲ့ ပွဲတစ်ခုလိုပါပဲ။ သူက အမည်းရောင်အကွက်က ကစားပြီး ပြိုင်ဘက်က အဖြူရောင်ပါ။ ဒါပေမဲ့ သူဟာ ပြိုင်ဘက်ရဲ့ နောက်ဆုံး ရွှေ့ကွက်ကိုပဲ မြင်ရပြီး အခု ဘယ်လို ပြန်တုံ့ပြန်ရမလဲဆိုတာကို ခန့်မှန်းနေရတာပါ။ အမှားတစ်ခု လုပ်မိတိုင်း ပြန်ပြင်လို့မရတဲ့ အကျိုးဆက်တွေ ဖြစ်လာတာမို့ သူ နောက်တစ်ကြိမ် ထပ်မမှားဖို့ ဆုံးဖြတ်ထားပါတယ်။

သူ့အတွက်ကတော့ ဒါဟာ တိုက်ပွဲမှာ အနိုင်ရဖို့တင် မဟုတ်တော့ပါဘူး။ စစ်သေနာပတိတစ်ယောက်ရဲ့ သိက္ခာအတွက်ပါ။

"စစ်သူကြီးတစ်ယောက်ရဲ့ ညံ့ဖျင်းမှုက သူ့ရဲ့တပ်သားတွေအတွက် ဘေးဒုက္ခပဲ" ဆိုတဲ့ စကားက သူ့အတွက် တကယ့်ကို ကွက်တိပါပဲ။

ဖန်ချင်းယွမ် ကတော့ ထားပါဦး။

အကယ်၍ သူ တုန်အန်း သာ လူငယ်လေးတစ်ယောက်ကို တကယ် ရှုံးသွားခဲ့ရင် ဖန်ချင်းယွမ် ကို စိန်ခေါ်ဖို့ နေနေသာသာ အသက်ရှင်နေဖို့တောင် ဘယ်မျက်နှာရှိတော့မှာလဲ။ အဲဒီကောင်လေးက သိုင်းလောကထဲ ရောက်တာ တစ်နှစ်တောင် မပြည့်သေးဘူးလေ။

"ကလောက်~"

နောက်ဆုံးမှာတော့ သူဟာ စစ်တုရင်ရုပ်ကို ခုံပေါ် တင်းတင်းကြပ်ကြပ် ဖိချလိုက်ရင်း "သေစမ်း"

ရွေစမ်းရေမြို့က ကာကွယ်ရေးတပ်တွေဆီကနေ အခုထိ ဘာသတင်းမှ ပြန်မလာသေးပါဘူး။ အဲဒါက ရိက္ခာထောက်ပံ့မှု မရှိတော့ဘူးဆိုတဲ့ သဘောပါပဲ။ ရွေစမ်းရေမြို့တောင်မှ ကျဆုံးသွားတာ ဖြစ်နိုင်ပါတယ်။

ဒီလောက် မြန်တဲ့ အရှိန်မျိုးလား..

သူတို့တွေ မြစ်ကို အသွားအပြန် ဖြတ်ကူးတဲ့အခါ မြင်းတွေကို အသုံးမပြုနိုင်ပါဘူး။ မြင်းတွေက ကြိုတင်ပြီး မြစ်ကမ်းဘေးမှာ စောင့်နေတာမျိုး မဟုတ်ရင်ပေါ့။

"သူ့ဆီမှာ ထူးခြားတဲ့ ရတနာမြင်းမျိုးနွယ် ရှိနေတာ ဖြစ်ရမယ်၊ ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံး မျိုးနွယ်ထဲက တစ်ခုပေါ့။ သူက တပ်မှူး တစ်ယောက်ပဲလေ၊ ဒီလို ထူးခြားသားရဲမျိုးကို ဘယ်က ရတာလဲဒါက ယုတ္တိမရှိဘူး။ ဒါကြောင့် ဒီတစ်ခါ ရှုံးတာကတော့ ဆင်ခြေပေးလို့ ရသေးတယ်"တုန်အန်း က သူ့ဘာသာသူ ပြန်ဖျောင်းဖျနေပါတယ်။

"ကံကောင်းတာက... အခုတော့ အဆုံးသတ်သွားပါပြီ"

စစ်ချီတက်မှု၊ ပင်ပန်းနွမ်းနယ်မှုနဲ့ စစ်သည်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တွက်ချက်မှုအားလုံးက သူ့ခေါင်းထဲမှာ လျှပ်စီးလို ဖြတ်ပြေးသွားပါတယ်။ ဒါဟာ သူ့ရဲ့ ကိုယ်ပိုင် ထူးခြားတဲ့ စစ်ရေးစွမ်းရည်ပါပဲ။

သူ့ရဲ့ တွက်ချက်မှုအရ...

အရန်တပ်ဟာကျောက်ဝူကျိီနဲ့ သွားပေါင်းရင်ဖြစ်ဖြစ်၊ ရွေစမ်းရေမြို့မှာပဲ နေပြီး ခုခံရင်ဖြစ်ဖြစ် သေဖို့ပဲ ရှိပါတယ်။ နောက်တစ်ရက် နှစ်ရက်အတွင်း သတင်းတစ်ခုခု ရောက်လာမှာပါ။

"စစ်သေနာပတိချုပ်... ရိက္ခာတွေ ရောက်ပါပြီ"

"ရောက်လာပြီဆိုရင် မြို့ကို ဆက်ပြီး ဝိုင်းထားလိုက်၊ ငါ့ကို လာမေးနေဖို့ လိုသေးလို့လား"

All Chapters