← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း ( ၇၁ ) – မကြောက်နဲ့၊ ကိုယ် ရောက်လာပြီ။

ညသည် ကမ္ဘာမြေကို ဖုံးလွှမ်းနေပြီး အဆုံးမဲ့ ကောင်းကင်တွင် ကြယ်များ တလက်လက် တောက်ပနေသည်။

လူနေအဆောက်အဦးသည် အမှောင်ဖုံးလွှမ်းနေပြီး လမ်းမီးများမှ အလင်းရောင် အနည်းငယ်သာ ထွက်ပေါ်နေသည်။

ဆယ်ကျော်သက်လူဆိုးများသည် ဘေ့စ်ဘောရိုက်တံများ ကိုင်ဆောင်ကာ မိဘမဲ့ဂေဟာ တံခါးဝတွင် ရပ်နေကြသည်။

ဆံပင်ဝါရောင်ရှိသူတစ်ဦးက မြေပြင်ပေါ်သို့ တံတွေးထွေးချပြီး "အတူတူ ဝင်ကြမလား" ဟု မေးလိုက်သည်။

ဆံပင်အတိုညှပ်ထားသူက ခဏတာ စဉ်းစားပြီး "အတူတူ ဝင်ကြတာပေါ့။ မိဘမဲ့ဂေဟာမှာ လူသိပ်မရှိဘူး၊ မသန်စွမ်းကလေးအုပ်စုနဲ့ အဘွားအိုတစ်ယောက်ပဲ ရှိတာ။ မြန်မြန် လုပ်ကြရအောင်။"

"ကောင်းသားပဲ။"

သူတို့အားလုံးသည် လမ်းဘေးလူဆိုးများ ဖြစ်သောကြောင့် တံတိုင်းပေါ်မှ ခုန်ကျော်ဝင်ရောက်ခြင်းမှာ အားထုတ်စရာပင် မလိုပေ။

ခြံဝင်းထဲတွင် ရိုက်ချိုးရန် ကောင်းမွန်သည့် ပစ္စည်းများ မရှိ၊ အပန်းဖြေစရာ အဆောက်အဦးအချို့သာ ရှိသည်။

သူတို့ ပြတင်းပေါက်သို့ ရောက်လာသောအခါ ဆံပင်ဝါရောင်ရှိသူက ဘေ့စ်ဘောရိုက်တံကို ထုတ်ယူကာ ပြင်းပြင်းထန်ထန် ရိုက်ခွဲလိုက်ရာ ဖန်သားများ ချက်ချင်း ကွဲကြေသွားသည်။

"ရုတ်တရက် စကားတစ်ခွန်းကို မှတ်မိသွားတယ်။"

"ဘာလဲ။"

"ချင်းဟွာတက္ကသိုလ် သူနာပြုဂေဟာကို ထိုးကြ၊ ပီကင်းတက္ကသိုလ် သူငယ်တန်းကျောင်းကို ကန်ကြ။"

"ဟားဟား၊ ဒီမိဘမဲ့ဂေဟာက သူငယ်တန်းကျောင်းထက်တောင် ဆိုးတယ်။ ငါ နောက်မှ ကလေးတစ်ယောက်စီကို ထိုးပစ်ဦးမယ်။"

သူတို့၏ အသံများသည် ကျယ်လောင်နေပြီး မိဘမဲ့ဂေဟာမှ လူများကို လုံးဝ လျစ်လျူရှုကာ သူတို့ အတိုင်ခံရမည်ကို အနည်းငယ်မျှပင် မကြောက်ရွံ့ကြပေ။

ထိုအုပ်စုသည် ပြတင်းပေါက်မှတစ်ဆင့် တစ်ယောက်ပြီးတစ်ယောက် ခုန်ဝင်လာကြသည်။ သူတို့ထဲမှ တစ်ဦးက မီးခလုတ်ကို တွေ့ပြီး နှိပ်လိုက်သောအခါ မီးများ ပွင့်လာသည်။

အခန်းအလယ်တွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူအယောက် ဆယ်ဂဏန်းခန့် မျက်နှာအမူအရာကင်းမဲ့စွာ ရပ်လျက် သူတို့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူတို့ နေရာမှား၍ ရောက်လာတာလားဟု ခဏလောက် တွေးမိသွားကြသည်။

သို့သော် ပတ်ပတ်လည် ကြည့်လိုက်သောအခါ ဤနေရာက မှန်ကန်နေသည်ကို တွေ့ရသည်။

"ဝင်ရောက်နှောင့်ယှက်မိတာ တောင်းပန်ပါတယ်။"

သူတို့အဖွဲ့သည် အချင်းချင်း ကြည့်လိုက်ကြပြီး တံတွေးမြိုချလိုက်ကြသည်။

ဆံပင်ဝါရောင်ရှိသူက ခက်ခဲစွာ ပြောလိုက်သည်၊ "အမ်... ကျွန်တော်တို့ နေရာမှားလာတာပါ၊ တောင်းပန်ပါတယ်..."

သူ စကားမဆုံးခင်မှာပင် လှည့်၍ ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် ထိုသည်မှာ အတွေးတစ်ခုသာ ဖြစ်သည်။

သူ့ကို ရှောင်ယွီက ဖမ်းဆွဲပြီး လည်ပင်းကို ဆွဲကာ ဆွဲချလိုက်ရာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် ပြုတ်ကျသွားသည်။

"အူး..."

ဆံပင်အတိုညှပ်ထားသူက ကြောက်လန့်တကြား နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်လိုက်သည်၊ "သူ့ကို ရိုက်ပြီးရင် ငါ့ကို မရိုက်ရဘူးနော်။"

နောက်ဆုံးတွင် ဆယ်ယောက်ကျော်သော လူအုပ်က သူတို့ကို ရိုက်နှက်လိုက်ရာ သူတို့ တစ်ဦးစီ မျက်နှာများ ရောင်ကိုင်းနေကြသည်။ သူတို့သည် ယခု နံရံဘေးတွင် ထိုင်နေကြသည်။

ရှောင်ယွီသည် အလွန် မကျေမနပ်ဖြစ်နေသည်၊ "ဒီလောက်ပဲလား၊ အားနည်းလိုက်တာ။"

သူမသည် သူတို့မှာ ပြင်းထန်သော ပြိုင်ဘက်များဟု ထင်ခဲ့သော်လည်း သူတို့မှာ သာမန် လမ်းဘေးလူဆိုးလေးများသာ ဖြစ်သည်။

သူမ သူတို့ကို ရိုက်နှက်ရသည်မှာ ဘာမှ ထူးခြားသော ခံစားချက် မရှိပေ။

ရှန်းတန်သည် ရှောင်ယွီ၏ လက်ကို ကိုင်ကာ ညင်သာစွာ လှုပ်ခါရင်း "ငါတို့ရှောင်ယွီက အသန်မာဆုံးပဲ၊ ဒါပေမဲ့ နင်တို့မပါဘဲ ဒီဆယ်ယောက်ကို ငါတို့ချည်း မကိုင်တွယ်နိုင်ဘူးလေ။"

"နောက်ဘာဆက်လုပ်ရမလဲ။"

"ရဲလက်ထဲ အပ်ရမှာပေါ့။"

ဤစကားကို ကြားသောအခါ လူအယောက် ဆယ်ဂဏန်းခန့်၏ အကြည့်များသည် ရှောင်ယွီမှလွဲ၍ ကျန်သူများအားလုံး အံ့အားသင့်စွာဖြင့် တစ်ပြိုင်နက်တည်း သူမကို လှမ်းကြည့်လိုက်ကြသည်။

"ဘာလို့ အားလုံး ဒီလို ကြည့်နေကြတာလဲ၊ ကျွန်မမျက်နှာပေါ်မှာ ဘာများ ရှိနေလို့လဲ။"

ဆံပင်ဝါရောင်ရှိသူက မျက်လုံးလှန်ကြည့်ပြီး "ကျေးဇူးပြုပြီး ရဲကို မြန်မြန် ခေါ်ပေးပါ..."

ဟု ပြောလာသည်။

မကြာမီ ရဲများ ရောက်လာသည်။ ဦးဆောင်သူက နံရံဘေးတွင် ထိုင်နေသူများကို ဦးစွာ တစ်ချက်ကြည့်လိုက်ပြီးမှ မေးလိုက်သည်။

"ဘယ်သူက ရဲကို ခေါ်တာလဲ။"

"ကျွန်မပါ။" ရှန်းတန်သည် ယနေ့ ဖြစ်ပျက်ခဲ့သမျှကို ပြောပြသည်။ "ကျွန်မ သူတို့က ဒီမနက်က အုပ်စုက‌နေ စေလွှတ်တာလို့ သံသယရှိတယ်။"

"သံသယရှိတယ်ဟုတ်လား။ မင်းက ရဲလား၊ ငါက ရဲလား။"

ရှန်းတန်က သူမ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။ သူမ စိတ်ထဲ မကောင်းတဲ့ ခံစားချက်တစ်ခု ဝင်လာသည်။

ဘေးသို့ အနည်းငယ် ငဲ့ကြည့်လိုက်သောအခါ ဆံပင်ဝါရောင်ရှိသူက သူမကို လက်ခလယ်ထောင်ပြနေသည်ကို တွေ့လိုက်ရသည်။

ဒီလို မြင်တော့ ရှောင်ယွီ ချက်ချင်း ပြေးသွားပြီး သူ့ကို ကန်လိုက်သည်။

"ဟေး။ ရဲရှေ့မှာ လူရိုက်ရဲတယ်ပေါ့၊ သူတို့ကို ခေါ်သွား။"

ရှန်းတန် စိတ်လှုပ်ရှားသွားသည်။ "သူက ကျွန်မကို ဆဲလိုက်လို့ ရှောင်ယွီက..."

"ဘာတွေ ဆဲတာလဲ၊ ငါ မကြားလိုက်ဘူး။"

ရဲအရာရှိက ကိုယ်ရံတော်များကို ကြည့်လိုက်ပြီး "ဒီအုပ်စုက လူဆိုးဂိုဏ်းနဲ့ နည်းနည်းဆင်တယ်၊ အားလုံးကို ခေါ်သွား" ဟု ပြောလိုက်သည်။

အုပ်ထိန်းသူအမေ စိုးရိမ်လာသည်၊ "မဟုတ်ဘူး၊ သူတို့က ကျွန်မတို့ ငှားထားတဲ့ ကိုယ်ရံတော်တွေပါ၊ သူတို့ ကောင်းတဲ့လူတွေပါ။ အရာရှိ၊ သူတို့ကို ကျေးဇူးပြုပြီး မဖမ်းပါနဲ့။"

ရဲအရာရှိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်၊ "သူတို့ ကောင်းတဲ့လူတွေလား မကောင်းတဲ့လူတွေလားဆိုတာ အန်တီ့စကားလည်း အရာမရောက်ဘူး၊ ကျွန်တော့်စကားလည်း အရာမရောက်ဘူး။ စစ်ဆေးမေးမြန်းဖို့ ခေါ်သွားမှပဲ သိရလိမ့်မယ်။"

ရှန်းတန်သည် နောက်ဆုံးတော့ နားလည်သွားသည်။ ဒီနှစ်ဖွဲ့က ပူးပေါင်းကြံစည်နေတာ ဖြစ်နိုင်တယ်။

ဆံပင်ဝါရောင်ရှိသူက ဘာလို့ ဒီလောက် မာနကြီးတာလဲဆိုတာ အံ့ဩစရာ မဟုတ်တော့ဘူး၊ သူတို့မှာ နောက်ခံလူ ရှိနေတာပဲ။

ရှန်းတန် သူမ၏ ဖုန်းကို ထုတ်ယူကာ တစ်ယောက်ယောက်ကို ဆက်သွယ်ရန် ပြင်လိုက်စဉ် သူမ၏ ဖုန်းကို အလုခံလိုက်ရသည်။

သူမ ခုခံချင်သော်လည်း ရဲအရာရှိကို တိုက်ခိုက်သည်ဟု မှားယွင်းစွပ်စွဲခံရမည်ကို ကြောက်သည်။

"အရာရှိ၊ ကျွန်မဖုန်းကို ဘာလို့ ယူသွားတာလဲ။"

"အမှုက မဖြေရှင်းရသေးဘူး၊ ဖုန်းတွေ သိမ်းဆည်းထားဖို့ လိုအပ်တယ်။"

ရှန်းတန်သည် ထောင့်တစ်နေရာတွင် ဝှက်ထားသော ကင်မရာကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူမ တပ်ဆင်ခဲ့တာ မှန်ကန်ပေသည်။

သူမ ဒီလူဆိုးတွေရဲ့ လုပ်ရပ်တွေကို သက်သေအဖြစ် မှတ်တမ်းတင်ဖို့ ရည်ရွယ်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ မမျှော်လင့်ဘဲ အကျိုးအမြတ် ရသွားခဲ့ပြီ။

"ဟုတ်ပြီ၊ ဒါဆို သူတို့အားလုံးရဲ့ ဖုန်းတွေကိုလည်း သိမ်းပါ။" ရှန်းတန်က လူဆိုးများကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"မင်း ငါ့ကို ဘယ်လို လုပ်ရမယ်လို့ သင်ကြားပေးနေတာလား။"

ရှန်းတန်က နှုတ်ခမ်းတွန့်လိုက်သည်။ အချို့သော အလုပ်အကိုင်များကို အကောင်းမြင်ခဲ့သော်လည်း လူကောင်းနှင့် လူဆိုးများမှာ နေရာတိုင်းတွင် ရှိနေပေသည်။

နောက်ဆုံးတော့ အားလုံးကို ရဲစခန်းကို ခေါ်သွားကြသည်။

ရယ်စရာကောင်းတာက ရှန်းတန်တို့ဘက်က သားကောင်တွေ ဖြစ်နေတာတောင် သူတို့ကို တစ်ညလုံး စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတာ၊ ဒါက လုံးဝ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘူး။

ကံကောင်းထောက်မစွာဖြင့် ရှောင်ယွီနှင့် ကျန်တဲ့သူတွေက ပုံမှန် ကိုယ်ရံတော်တွေဖြစ်ပြီး မှတ်တမ်းကောင်းတွေ ရှိတာကြောင့် ဘယ်လို စစ်ဆေး စစ်ဆေး သူတို့အပေါ် ဘာအမှားမှ ရှာမတွေ့ခဲ့ဘူး။

ရှန်းတန် ပင်ပန်းနွမ်းနယ်နေပေမဲ့ အတင်းအကျပ် နိုးထစေခဲ့သည်။ သူမ၏ နားထင်များ ယခုအခါ နာကျင်စွာ ခုန်နေသည်။

အခန်းတံခါးဖွင့်ပြီး တစ်ယောက်ယောက်က "အခု ပြန်လို့ရပြီ" ဟု ပြောသည်ကို သူမ ဘယ်အချိန်က ကြားလိုက်ရမှန်း မသိပေ။

ရှန်းတန် ခေါင်းထောင်ကြည့်လိုက်ရာ ကုဟွိုင်အန်းက တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူမ မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သူ အခုထိ အဲဒီမှာ ရပ်နေတုန်း၊ သူ့ရဲ့ မြင့်မားတဲ့ အရပ်နှင့် အသွင်အပြင်က သူမ ကြီးမားတဲ့ စိတ်လုံခြုံမှုကို ဆောင်ကြဉ်းပေးခဲ့သည်။

အကြောင်းတစ်ခုခုကြောင့် သူ့ကို မြင်လိုက်ရသောအခါ သူမ၏ ယခင်က ခံစားခဲ့ရသော မကျေနပ်မှုများ အားလုံး ပြန်ပေါ်လာပြီး ရှန်းတန်၏ မျက်လုံးများ ချက်ချင်း နီရဲသွားသည်။

သူမ ရှေ့သို့ အလျင်အမြန် ပြေးသွားပြီး သူ့ရှေ့တွင် ရပ်တန့်လိုက်သည်၊ "ရှင်..."

သူမ စကားမဆုံးခင်မှာပင် ကုဟွိုင်အန်းက သူမ၏ ကျောကို ဖိကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

"မကြောက်နဲ့၊ ကိုယ် ရှိတယ်။"

သူ၏ စကားလုံးများကြောင့် ရှန်းတန်သည် သူမ၏ စိတ်ခံစားမှုများကို လုံးဝ ထိန်းမထားနိုင်တော့ဘဲ မျက်ရည်များ မရပ်မနား စီးကျလာသည်။

သူမသည် ရှိုက်သံများကို အတင်းအကျပ် ထိန်းထားသော်လည်း သူမ၏ ခန္ဓာကိုယ် တုန်ယင်နေခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။

သူမ အခုလေးတင် ဘယ်လောက်တောင် ကြောက်နေခဲ့ရလဲဆိုတာ ဘုရားသခင်သာ သိပေလိမ့်မည်။

သူမက သန်မာပုံရသော်လည်း သာမန်လူတစ်ယောက်သာ ဖြစ်သည်‌။ အာဏာရှိသူများနှင့် နှိုင်းယှဉ်လျှင် သူမသည် ဘာမှ မဟုတ်ပေ။

ကုဟွိုင်အန်း၏ ရင်ခွင်သည် ကျယ်ဝန်းနွေးထွေးသည်။ ရှန်းတန် သူ့ထံမှ အဖိုးတန်စွာ ခံစားလိုက်ရသည်။

သူ့ရင်ခွင်ထဲတွင် ခဏတာ ငိုကြွေးပြီးနောက် သူမ ရှက်ရွံ့စွာ မထွက်ချင်ဘဲ ပြန်ထွက်လိုက်သည်။ "တောင်းပန်ပါတယ်၊ ရှင့်အဝတ်တွေ ရွှဲသွားပြီ..."

"ရပါတယ်။ အရင်ဆုံး အိမ်ပြန်ရအောင်။"

ထို 'အိမ်' ဟူသော စကားလုံးက နွေးထွေးမှုကို ဆောင်ယူလာသည်။ ရှန်းတန်သည် မည်သည့်အချိန်က စ၍ ထိုနေရာကို အိမ်အဖြစ် ရှုမြင်ခဲ့သည်ကို ယခုမှ သတိပြုမိတော့သည်။

အချိန်ရောက်လာရင် သူမ ထွက်ခွာရမှာ စိတ်မပါ ဖြစ်နေမလား။

ကုဟွိုင်အန်း၏ ခြေလှမ်းများ တုံ့ဆိုင်းသွားသည်။ သူမ ထွက်သွားချင်တာလား။

သူ၏ မျက်နှာက ချက်ချင်း မှောင်မိုက်သွားသည်။ ရှန်းတန်က တစ်စုံတစ်ရာ ပြောရန် ပြင်နေစဉ် သူ၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ချက်ချင်း ပါးစပ်ပိတ်သွားသည်။

သူတို့ ကားပေါ်ရောက်သည်အထိ ကုဟွိုင်အန်းက တစ်ခွန်းမှ မပြောတော့ပေ။

ရှန်းတန် သူ့ကို အကြိမ်ကြိမ် ခိုးကြည့်လိုက်သည်။ သူ ဒေါသထွက်နေတာလား၊ ခုနက ဖြစ်ခဲ့တာကြောင့်လား။

သူမ ကုဟွိုင်အန်း၏ လက်ဖျားကို ညင်သာစွာ ဆွဲလိုက်သည်၊ "ရှင် ဒေါသထွက်နေတာလား။"

ကုဟွိုင်အန်းက စိတ်မရှည်စွာ သူ၏ လည်စည်းကို ဖြေလိုက်သည်၊ "ဒါက မသိသာ‌နေဘူးလား။"

ရှန်းတန်က ခေါင်းညိတ်လိုက်သည်။

အရမ်း ရှင်းလင်းတယ်။ သူ့မျက်နှာက တရားသူကြီး‌ပေါင်ချိန်လို မည်းမှောင်နေတာ၊ ကားမီးသာ မရှိရင် သူ့ကို ရှင်းရှင်းလင်းလင်းတောင် မြင်ရမှာ မဟုတ်ဘူး။

ကုဟွိုင်အန်းက သူ့နှုတ်ခမ်းစွန်းများကို တင်းဆွဲလိုက်သည်။

ကောင်းပြီ၊ သေချာတော့ တွေးတောနိုင်သေးတာပဲ၊ မကြောက်နေတော့ဘူး ထင်တယ်။

"ဟုတ်တယ်၊ ဒေါသထွက်နေတယ်၊ ဒါကြောင့် မင်း ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး မနက်ဖြန် စာလုံးရေ ၁၀၀၀ စာ ဝန်ခံစာ ရေးပေး။"

ရှန်းတန် ဖြည်းဖြည်းချင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူမ ကြားလိုက်တာ မှန်ကန်နေရဲ့လား၊ ဝန်ခံစာတဲ့လား။

"ကျွန်မ မရေးလို့ မရဘူးလား။"

"မရဘူး။" ကုဟွိုင်အန်းက ရက်စက်စွာ ငြင်းပယ်လိုက်သည်။

"ဒါဆို နည်းနည်းပဲ ရေးလို့ ရမလား။"

"စာလုံးရေ ၂၀၀၀။"

"ကောင်းပြီ၊ ကောင်းပြီ၊ စာလုံးရေ ၁၀၀၀ ပဲ ရေးပါ့မယ်။" ရှန်းတန်က အလျင်အမြန် ပြောလိုက်သည်။

ဘုရားရေ။ သူမ နောက်ဆုံး ဝန်ခံစာ ရေးခဲ့တာ အလယ်တန်းကျောင်းတုန်းက ဖြစ်မှာပဲ၊ ဘာအတွက်လဲ မသိတော့ဘူး။

ဪ ဟုတ်တယ်၊ သူမနောက်က ကောင်လေးက သူမရဲ့ ဘရာကြိုးကို ဆွဲလို့ သူမ သူ့လက်ချောင်းတွေ ကျိုးလုနီးပါး လုပ်ခဲ့မိလို့လေ။

သူမ ဝန်ခံစာ ဘယ်လိုရေးရမှန်းကို လုံးဝ မေ့နေခဲ့ပြီ။

ရှန်းတန် စဉ်းစားမိသည်၊ နောက်မှ အွန်လိုင်းမှာ တစ်ခုခု ကူးယူရမည်။

ထိုစဉ် သူမဘေးနားမှ ကုဟွိုင်အန်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်၊ "ပြီးတော့ အွန်လိုင်းကနေ ခိုးချတာ ရှိ မရှိ ပြန်စစ်မယ်။ တကယ်လို့ တူညီမှုတွေ ရှိရင် ပြစ်ဒဏ် နှစ်ဆတိုးမယ်။"

ရှန်းတန် : "......"

ဒီကောင်၊ တကယ့်ကို အာဂကောင်ပဲ။

အခန်း ( ၇၂ ) – မင်း ကိုယ့်ကို နည်းနည်း မှီခိုကြည့်လို့ရတယ်။

"တန်တန်၊ အပြင်ထွက်ပြီး ဆော့ရအောင်။"

ရှန်းတန်က စားပွဲပေါ် မှောက်လျက် ဘောပင်ထိပ်ဖျားကို ကိုက်ရင်း ပြန်ဖြေသည်၊ "ဝူးဝူးဝူး၊ ငါ အပြင်မထွက်နိုင်ဘူး၊ ဒီနေ့ လုပ်စရာတွေ ရှိသေးတယ်..."

ဗီဒီယိုခေါ်ဆိုမှုတွင် ချီယွဲ့က မိတ်ကပ်လိမ်းရင်း မေးသည်၊ "ဘာဖြစ်တာလဲ။ ငါ့အစ်ကိုက ကုမ္ပဏီထောင်ပြီးပြီ၊ နင် လာမကြည့်ချင်ဘူးလား။"

ရှန်းတန်က နောင်တွင် ပြည်တွင်းမှာ အကြီးဆုံး ဖျော်ဖြေရေးကုမ္ပဏီက ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို တကယ် မြင်ချင်သည်။ သို့သော် သူမတွင် ဝန်ခံစာတစ်စောင် ရေးဖို့ ရှိနေသေးသည်။

သူမ သက်ပြင်းချလိုက်သည်၊ "ထားလိုက်ပါတော့၊ နောက်မှ သွားတာပေါ့။ ငါ…"

ရှန်းတန် စကားမဆုံးခင်မှာပင် ရုတ်တရက် တံခါးပွင့်လာသည်။ သူမ ဖုန်းကို အလျင်အမြန် ချပြီး အတွေးထဲ နစ်မြောနေဟန် ဟန်ဆောင်လိုက်သည်။

"မင်း ဝန်ခံစာ ဘယ်လောက် ရေးပြီးပြီလဲ။"

ကုဟွိုင်အန်း ချောင်းကြည့်လိုက်ရာ စာရွက်ပေါ်တွင် "တောင်းပန်ပါတယ်၊ ကျွန်မ မှားသွားပါတယ်" ဟူသော ရုပ်ဆိုးဆိုး စကားလုံးအနည်းငယ်သာ ရှိနေသည်ကို တွေ့လိုက်ရသည်။

သူ မျက်ခုံးပင့်လိုက်သည်၊ "ဒီလောက် အချိန်အကြာကြီး ရေးနေတာကိုတောင် စကားလုံး ခြောက်လုံးပဲ ရေးရသေးတာလား။"

ရှန်းတန် လက်ဖဝါးနှစ်ဖက်ကို ပူးပြီး "ဆရာကု၊ ကျွန်မ မှားမှန်း သိပါပြီ။ ဝန်ခံစာ မရေးတော့လို့ ရမလား။" ဟု တောင်းပန်လိုက်သည်။

"ဒါဆို မင်း ဘာတွေ မှားခဲ့လဲဆိုတာ ပြောပြပါဦး။"

ရှန်းတန် စကားမဲ့သွားသည်။

တကယ်တော့ သူမ ဘာတွေ မှားခဲ့လဲဆိုတာ တကယ် မသိပါ။ သူမ လုပ်ခဲ့တာ မှန်တယ်လို့ ခံစားနေရသည်။

ကုဟွိုင်အန်းက နှာခေါင်းရှုံ့လိုက်သည်၊ "မင်းက မင်းအမှားတွေကို တကယ် မသိသေးတဲ့ပုံပဲ။"

သူ၏ ပါးလွှာသော နှုတ်ခမ်းများသည် မျဉ်းဖြောင့်အတိုင်း တင်းတင်းစေ့ထားရာ အနည်းငယ် ဒေါသထွက်သလို၊ အနည်းငယ်လည်း အားကိုးရာမဲ့နေသည်။

သူမက ဘာဖြစ်လို့ အန္တရာယ်တွေကို ရှောင်ဖယ်တတ်အောင် မသင်ယူနိုင်ရတာလဲ။

ဟုတ်တယ်၊ သူမက အမြဲတမ်း ကိုယ်ပိုင်အကြံဉာဏ်တွေ ရှိပြီး၊ သူ့ကို လုံးဝ ဂရုမစိုက်ဘူး၊ ဘာပဲဖြစ်ဖြစ် သူမက ထွက်သွားဖို့ကို ပြင်ဆင်နေပြီးသားပဲ။

ဒီလိုတွေးလိုက်သောအခါ ကုဟွိုင်အန်း ပို၍ စိတ်တိုလာသည်။

သူ ဖုန်းကို တစ်ချက်ကြည့်လိုက်သည်၊ "ဆက်ရေး။ ဝန်ခံစာ ရေးပြီးရင် အပြင်ထွက်ပြီး ဆော့လို့ ရတယ်။"

ရှန်းတန်က စိတ်ထဲမှ ညည်းညူလိုက်သည်။

ဒီကောင်၊ ဒီလောက် အရေးကြီးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတတ်တဲ့သူက အလုပ်ထက် ပိုပြီး သူမ ၀န်ခံစာရေးတာကို ထိုင်စောင့်ကြည့်‌နေတာက ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ။

သူမ၏ အတွေးများကို ကြားလိုက်ရသဖြင့် ကုဟွိုင်အန်းက သူ ပို၍ပင် ထူးဆန်းနိုင်ကြောင်း ပြောလိုက်သည်။

ထိုလူ ထွက်သွားပြီးနောက် ရှန်းတန် ဖုန်းကို ကောက်ကိုင်လိုက်သောအခါ ဗီဒီယိုဖုန်းခေါ်ဆိုမှုက ဆက်ရှိနေသေးသည်ကို သတိပြုမိသည်။

ချီယွဲ့က ဝင့်ကြွားစွာ ပြုံးလိုက်သည်၊ "ကောင်းပြီ၊ ကောင်းပြီ၊ နင်တို့နှစ်ယောက်က တကယ်ကို ဆော့တတ်ကြတာပဲ။"

"မဟုတ်ဘူး၊ နင် ထင်သလို မဟုတ်ဘူး။"

"ကဲပါ၊ ကဲပါ၊ ငါ နားလည်ပါပြီ။ ဒီအကြောင်းတွေ မကြားချင်တော့ဘူး၊ ရွံစရာကောင်းတယ်။ ငါ ဖုန်းချလိုက်တော့မယ်။"

ထိုသို့ ပြောပြီးသည်နှင့် ချီယွဲ့ ချက်ချင်း ဖုန်းချလိုက်သည်။

ရှန်းတန် စိတ်တိုသွားသည်၊ ဟေး၊ အနည်းဆုံးတော့ ငါ့ကို ရှင်းပြခွင့်ပေးပါဦး။

သူမ အပြစ်ကင်းစင်ကြောင်း ပြောပြချင်သေးသည်။

နေဝင်သွားသောအခါ ရှန်းတန် ခေါင်းခြောက်ခံ၍ စဉ်းစားကာ သူမ၏ ဝန်ခံစာအတွက် စာလုံးရေ တစ်ထောင် ရေးလိုက်သည်။

သူမ ကုဟွိုင်အန်း၏ စာကြည့်ခန်းသို့ ပြေးသွားပြီး နှစ်ကြိမ် ခေါက်ကာ တံခါးဖွင့်လိုက်သည်၊ "ဆရာကု၊ ကျွန်မ ဝန်ခံစာ ရေးပြီးပြီ။"

ကုဟွိုင်အန်း အွန်လိုင်း အစည်းအဝေး တက်နေသည်။ သူ ရှန်းတန်၏ စကားကို ကြားသောအခါ screen ပေါ်ရှိ လူတိုင်း၏ မျက်နှာအမူအရာများက ထူးဆန်းသွားသည်။

"ခဏစောင့်ပါ။" သူက မိုက်ကရိုဖုန်းကို ပိတ်လိုက်သည်၊ "အရင် စစ်ဆေးကြည့်မယ်။"

"တကယ် စစ်တာလား" ရှန်းတန် သူမ၏ လက်ထဲမှ မှတ်စုစာအုပ်ကို လှမ်းပေးသည်၊ "ရော့၊ ကျွန်မ စာလုံးတိုင်းကို ဂရုတစိုက် ရေးထားတာ၊ ဟန်ဆောင်ရေးထားတာ မဟုတ်ဘူး။"

ကုဟွိုင်အန်း မှတ်စုစာအုပ်ကို ယူပြီး ကောက်ကွေးသော လက်ရေးကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းစွန်းများ ကွေးတက်သွားသည်။

ရှန်းတန်က ဒါကို သတိပြုမိပြီး မျက်မှောင်ကြုတ်လိုက်သည်၊ "ကျွန်မ အကြာကြီး မရေးဖြစ်တာကြာပြီ။ ကျွန်မကို မရယ်ပါနဲ့။"

သူမ၏ လက်ရေးက အရင်က သိပ်မကောင်းသော်လည်း အခုထက်တော့ နည်းနည်း ပိုကောင်းခဲ့သည်။

"ကိုယ် မလုပ်ပါဘူး။" ကုဟွိုင်အန်း ငြင်းဆိုသည်။

"ရှင် ရယ်တာ ကျွန်မ မြင်လိုက်တယ်။"

"မင်း မှားမြင်တာ။"

ရှန်းတန် : "......"

သူမ ဉာဏ်နည်းတာတော့ဟုတ်ပေမဲ့ မျက်စိကန်းနေတာ မဟုတ်ဘူးလေ။

တစ်လုံးချင်း စစ်ဆေးပြီးနောက် ရှန်းတန်က စိုးရိမ်တကြီး မေးလိုက်သည်၊ "ဒါဆို ဘယ်လိုလဲ၊ အောင်လား။"

"လက်ခံနိုင်စရာကောင်းပါတယ်" ဟူသော စကားနှစ်လုံးကို ကြားလိုက်သောအခါ ရှန်းတန်၏ နှုတ်ခမ်းထောင့်များ ရူးသွပ်စွာ ကွေးညွှတ်သွားသည်၊ "ဒါဆို ဆရာကု၊ ကျွန်မ အခု အပြင်ထွက်လို့ရပြီလား။"

ကုဟွိုင်အန်း၏ မျက်နှာအမူအရာက ချက်ချင်းပြောင်းသွားသည်၊ "ဘယ်ကို သွားမှာလဲ။"

"မိဘမဲ့ဂေဟာ ကိစ္စက မပြီးသေးဘူးမလား။"

"မင်းက မင်းရဲ့ အမှားတွေကို တကယ် မသိသေးပုံပဲ။"

"ဟင်။"

ကုဟွိုင်အန်းက သက်ပြင်းချပြီး ရိုးရိုးလေး ပြောလိုက်သည်၊ "ကိုယ် ဒီမှာပဲ ရှိတယ်။ မင်း ကိုယ့်ကို နည်းနည်း မှီခိုကြည့်လို့ရတယ်။"

ရှန်းတန်သည် ခဏတာမျှ ကြောင်သွားသည်။ အစ်မထောင်နှင့် ရှောင်ယွီကလည်း ကုဟွိုင်အန်းရဲ့ လူတွေပဲ၊ ဒါပေမဲ့ သူမ သူတို့ဆီက အကူအညီတောင်းဖို့ စိုးရိမ်စရာ မလိုဘူး၊ ဒါပေမဲ့ ကုဟွိုင်အန်းကိုတော့ ဒီလို ပေါ့ပေါ့ပါးပါး မလုပ်နိုင်ဘူး။

တစ်စုံတစ်ရာ လိုအပ်နေသေးသလိုပဲ။

ကုဟွိုင်အန်းက ဒီလို စကားလုံးတွေကို စတင်ပြောဆိုလာလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး၊ ဒါဟာ သူမကို "ငါ့ကို အသုံးပြုလိုက်ပါ" လို့ တိုက်ရိုက် ပြောနေတာပဲ။

ရှန်းတန်က စကားလုံးများကို ဂရုတစိုက် ရွေးချယ်‌ပြောလိုက်သည်၊ "ရှင်က အလုပ်တွေ အရမ်းများတာ တွေ့ရတယ်လေ။ ကျွန်မ ဒီလို သေးသေးမွှားမွှား ကိစ္စလေးတွေနဲ့ ရှင့်ကို အနှောင့်အယှက် မပေးချင်ဘူး။"

"ဒါကို သေးသေးမွှားမွှား ကိစ္စလို့ ခေါ်တာလား။"

ရှန်းတန်က နေရခက်စွာဖြင့် ပြုံးလိုက်သည်။

အမ်... ဘယ်လိုလုပ်ပြီး မဟုတ်ရမှာလဲ။

တစ်မိနစ်ကို သန်းပေါင်းများစွာ ရှာဖွေနိုင်တဲ့ သူဌေးကြီးတစ်ယောက်နဲ့ ယှဉ်ရင် သူမရဲ့ ကိစ္စတွေက သေးသေးလေးတွေပဲ။

ကုဟွိုင်အန်းက တွေးလေလေ၊ ဒေါသထွက်လေလေ ဖြစ်သည်။ သူ မနေ့က နေ့လယ်စာတောင် မစားခဲ့ရဘူး။ သူ အစားအစာ လာပို့မဲ့ နှလုံးသားမရှိတဲ့ လူတစ်ယောက်ကိုပဲ စောင့်နေခဲ့တာလေ။

သူ လက်ထောက်ချန်ကိုတောင် ပြောခဲ့တာ၊ ဒါပေမဲ့ အဲဒီလူက လုံးဝ မလာခဲ့ဘူး။

ဒီလိုတွေးရင်း သူ သူမ၏ နဖူးကို လက်ညှိုးဖြင့် ထိုးလိုက်သည်။

ရှန်းတန် ခေါင်းကို ဖုံးအုပ်ကာ "အူး" ဟု အော်လိုက်သည်။

"မင်းကို သင်ခန်းစာ ပေးတာ။ အခုကစပြီး ဘာပဲဖြစ်ဖြစ်၊ ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ၊ မင်း တစ်ခုခု လိုအပ်ရင် ငါ့ကို ဆက်သွယ်လို့ရတယ်။"

"ကောင်းပြီ။" ရှန်းတန် နာခံစွာ ခေါင်းညိတ်သည်။

"ဒါဆို အခုက…"

ရှန်းတန် လည်ချောင်းရှင်းလိုက်ပြီး ချဲ့ကားပြောလိုက်သည်၊ "ရှူးဂါးဒယ်ဒီ၊ ကျေးဇူးပြုပြီး မိဘမဲ့ဂေဟာကိစ္စကို ဖြေရှင်းပေးပါ! ကျွန်မ တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး...။"

ကုဟွိုင်အန်း : "......"

ကောင်းပြီ၊ သူ ဆိုလိုတာက၊ သိပ်အများကြီး မတောင်းဆိုသင့်ဘူး။ အနည်းဆုံးတော့ တိုးတက်မှုတော့ ရှိသေးတာပေါ့။

ဒါပေမဲ့ သူမရဲ့ လေသံက မပြေပြစ်သေးဘူး။ ကြားတဲ့လူတွေကို ရိုက်သတ်ချင်စိတ် ပေါက်စေတယ်။

"ဒီကိစ္စကို ကိုယ် ကိုင်တွယ်လိုက်မယ်။ မင်း စိတ်ပူနေဖို့ မလိုဘူး။"

"ကျေးဇူးတင်ပါတယ် ရှူးဂါးဒယ်ဒီ။"

ကုဟွိုင်အန်းက မျက်ခုံးကြားကို ဖိညှစ်လိုက်သည်၊ "မင်း ကိုယ့်ကို ခေါ်တဲ့ ပုံစံကို ပြောင်းလိုက်။"

"ကျွန်မ ရှင့်ကို ဆရာကုလို့ ခေါ်တာ ကြိုက်တာလား။"

ရှန်းတန်က အနည်းငယ် အံ့အားသင့်နေဟန် ပေါ်သည်။ ဒါဆို ဒါက ကုဟွိုင်အန်းရဲ့ တကယ့် ကိုယ်ရည်ကိုယ်သွေးလားဟု ပြောနေသလိုပင်။

ဆရာ - ကျောင်းသား ဆော့ကစားတာ၊ ဘာလို့ မရမှာလဲ။

"ဘာတွေ တွေးနေတာလဲ။ နာမည်ကိုပဲ ခေါ်ခိုင်းတာ။"

"ဒါဆို... ကုဟွိုင်အန်းဆိုပြီးတော့လား။"

"ဟုတ်တယ်။"

နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ရှန်းတန်သည် ကုဟွိုင်အန်း၏ နှုတ်ခမ်းများကို သတိပြုမိပြီး မလွဲမသွေ ယခင်က အသာအယာ နမ်းခဲ့ဖူးသည့် အဖြစ်အပျက်ကို သတိရသွားသည်။

သူမ၏ အတွေးများကို ကြားလိုက်ရသဖြင့် ကုဟွိုင်အန်း အသာအယာ ရယ်မောလိုက်သည်။

ရိုးရိုးသားသားပြောရရင် သူ သူမကို နမ်းတုန်းက သိပ်ပြီး သတိမရှိသေးဘူး။ ဝေဝါးနေပြီး ပိတ်ပါးစ တစ်ထပ် ကြားခံနေသလို ခံစားရတယ်။

သူ ခေါင်းကို ငုံ့လိုက်ပြီး ဖြည်းဖြည်းချင်း နီးကပ်လာသည်…

တံခါး ရုတ်တရက် "ဘုန်း" ဟူသော အသံဖြင့် ပွင့်လာပြီး အစ်မထောင်က သူမ၏ မျက်နှာကို ဖုံးအုပ်ကာ "အိုး... ဘုရားရေ၊ တောင်းပန်ပါတယ်၊ ဆက်လုပ်ပါ၊ ဘာမှ မမြင်ပါဘူး" ဟု ပြောလိုက်သည်။

ရှန်းတန်သည် အစ်မထောင်၏ လက်ချောင်းများကြားမှ နေရာလပ်ကို သတိပြုမိပြီး သူမ၏ မျက်လုံးများ ပြူးကျယ်နေသည်ကို တွေ့လိုက်ရသောအခါ အနည်းငယ် စကားမဲ့သွားသည်။

သူမ စကားပြောရန် ပြင်နေစဉ် ဘေးဘက် မျက်လုံးထောင့်ကနေ ကုဟွိုင်အန်း၏ လက်ပ်တော့ပ်က ဗီဒီယိုဖုန်းခေါ်ဆိုမှု ဆက်လက်ရှိနေသည်ကို သတိပြုမိလိုက်သည်။

မိုက်ကရိုဖုန်း ပိတ်ထားသော်လည်း ဗီဒီယိုတွင် သူမ၏ မျက်နှာက အလွန် ရှင်းလင်းစွာ ပေါ်နေသည်။

ခဏလေး၊ ဒါဆို ခုနက ဖြစ်ခဲ့သမျှ အားလုံး မြင်သွားတာလား။

ရှန်းတန်၏ မျက်နှာ ချက်ချင်း နီရဲသွားသည်။ သူမက ညည်းညူလိုက်သည်၊ "ရှင် ဗီဒီယိုဖုန်းခေါ်ဆိုမှု လုပ်နေတယ်လို့ ဘာလို့ မပြောတာလဲ။"

"ကိစ္စမရှိပါဘူး၊ သူတို့ ပြောမှာ မဟုတ်ဘူး။" ပြီးတော့ သူတို့ တကယ် ဘာမှ မလုပ်ခဲ့ကြဘူး။

သူက လက်ပ်တော့ပ်မျက်နှာပြင်ကို သတိပေးသည့်အနေဖြင့် စူးစိုက်ကြည့်လိုက်သည်။ ဟိုဘက်ခြမ်းမှ လူအနည်းငယ် ချက်ချင်း မျက်နှာလွှဲလိုက်ကြရာ ဖုံးကွယ်ဖို့ ကြိုးစားနေသလိုပင်။

ရှန်းတန်သည် အလွန် မကျေမနပ်ဖြစ်နေပုံရသည်။ ဒါက ပြောစရာ ဖြစ်မှာလား၊ မဖြစ်ဘူးလား။

သူမ တကယ် ဘယ်သူ့ကိုမှ မျက်နှာမပြရဲတော့ဘူး။

All Chapters