← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း ( ၇၇ ) – ကျွန်မ ခုနကမှ cephalosporin သောက်ထားလို့ပါ။

အိမ်ဟောင်းသို့ ရောက်ရှိသောအခါ ရှန်းတန်သည် ယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော မျက်ဝန်းတို့က သူမထံသို့ ရောက်ရှိလာကြ၏။ ထိုအထဲတွင် ကြင်နာသော၊ စူးစမ်းသော မျက်ဝန်းများ ရှိသကဲ့သို့၊ မလိုမုန်းထားသော မျက်ဝန်းများလည်း ပါဝင်လေသည်။

ရှန်းတန်သည် ကုဟွိုင်အန်း၏ လက်မောင်းကို ချိတ်ကာ ပြုံးရယ်လျက် လျှောက်လှမ်းဝင်ရောက်လာခဲ့၏။ အမေကုနှင့် အဖေကုအား မြင်တွေ့ရသောအခါ ရှန်းတန်သည် မည်သို့ခေါ်ဆိုရမည်ကို အနည်းငယ် တွန့်ဆိုင်းသွားမိ၏။ ဦးလေးဟု ခေါ်ဆိုပါက မသင့်တော်နိုင်၊ သို့သော် အဖေဟု ခေါ်ဆိုပြန်ပါကလည်း မျက်နှာသာ မပေးမည်ကို စိုးရိမ်မိပြန်သည်။

နောက်ဆုံးတွင် သူမသည် "အဖေ၊ အမေ" ဟူ၍ ညင်သာစွာ ခေါ်ဆိုလိုက်လေသည်။

အဖေကု၏ မျက်နှာသည် အေးစက်နေကာ တစ်စုံတစ်ရာ ပြောဆိုရန် ဆန္ဒရှိပုံရသော်လည်း ရှန်းတန်၏ မျက်ဝန်းတို့က အမေကုက သူ့အား ပြင်းထန်စွာ ဆွဲညှစ်လိုက်သည်ကို လျင်မြန်စွာ သတိပြုမိသွားခဲ့၏။

"အား" အဖေကု၏ ပါးစပ်သည် နာကျင်မှုကြောင့် တဆတ်ဆတ် တုန်နေလေသည်။

ရှန်းတန်၏ မျက်ဝန်းတို့မှ ရယ်မောခြင်းများ ဖိတ်စင်ကျလာခဲ့၏။ မျှော်လင့်ထားသည့်အတိုင်းပင် ပိုမိုမြင့်မားသော တောင်ကြီးဟူသည် အမြဲတစေ ရှိနေပေသည်။ နောင်တွင် အမေကုအား မျက်နှာချိုသွေး ချဉ်းကပ်ခြင်းကပင် အကောင်းဆုံးသော လမ်းဖြစ်လိမ့်မည်ဟု ထင်မိလေသည်။

အမေကုသည် ရယ်မောရင်း သူမ၏ လက်ကို ဆုပ်ကိုင်လိုက်၏။ "မတွေ့တာ ကြာတော့ ပိုလို့တောင် လှလာတယ်နော်..."

ရှန်းတန်သည် ပျော်ရွှင်စွာ သူမ၏ မျက်နှာကို ထိလိုက်ပြီး "တကယ်လား" ဟု မေးမြန်းလိုက်သည်။

အမေကုက ပြုံးလျက် "ဟုတ်တာပေါ့၊ တကယ်ပေါ့" ဟု ပြန်ဖြေလေသည်။

ကုဟွိုင်အန်းကတော့ သူမအား ကြည့်ရသည်မှာ အနည်းငယ် ရှက်ရွံ့နေပုံရလေသည်။

ယနေ့ လူအများအပြား လာရောက်ကြ၏။ အမေကုနှင့် အဖေကုတို့၏ ရှန်းတန်အပေါ်ထားသော သဘောထားသည် အခြားသော ကုမိသားစုဝင်များ၏ သူမအပေါ်ထားသော သဘောထားကို ဆုံးဖြတ်ပေးခဲ့လေသည်။

အမေကုက အလွန်ရင်းနှီးစွာ ဆက်ဆံခဲ့သောကြောင့် လူအတော်များများကလည်း ရှန်းတန်အား နှလုံးသားထဲတွင် မှတ်သားထားလိုက်ကြလေသည်။

အမေကုသည် သူမအား အရေးပါသော သက်ကြီးပိုင်းများစွာနှင့် မိတ်ဆက်ပေးပြီးမှ လူငယ်များအား သူတို့ဘာသာ သွားခွင့်ပြုလိုက်လေသည်။

ရှန်းတန်သည် ကုဟွိုင်အန်းနောက်မှ လူအုပ်ထဲမှ ထွက်ခွာလာပြီး သက်ပြင်းတစ်ချက်ချလိုက်ရာ၊ သူမ မကြားလိုသော အသံတစ်ခုကို နောက်မှ ကြားလိုက်ရလေသည်။

"မရီး…"

ရှန်းတန် နောက်လှည့်ကြည့်လိုက်ရာ ကုကျစ်နန်လည်း ရောက်ရှိနေသည်ကို တွေ့မြင်ရလေသည်။

"နေလို့ကောင်းသွားပြီလား" သူမ၏ အကြည့်သည် မထိန်းချုပ်နိုင်ဘဲ အောက်သို့ ရောက်ရှိသွားရာ ကုဟွိုင်အန်းက သူမ၏ မေးစေ့ကို ဆွဲကိုင်လိုက်လေသည်။

အဘယ်ကြောင့် အရာရာကို လိုက်ကြည့်လို့ရသနည်း…

ကုကျစ်နန်၏ မျက်နှာအမူအရာသည် ခဏတာ ပုံပျက်သွားခဲ့ပြီး ဆိုးရွားသော အမှတ်တရများ ပြန်လည်သတိရသွားပုံရလေသည်။

"ကျွန်တော် အဆင်ပြေပါတယ်၊ မရီးရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်" ဟု ကုကျစ်နန် ပြောဆိုရင်း မျက်တောင်တောင် ခတ်ပြလိုက်သေးသည်။

ရှန်းတန်သည် အနည်းငယ် စိုးရိမ်စိတ်ဝင်သွားခဲ့၏။ ကုဟွိုင်အန်း နားလည်မှုလွဲသွားမည်လော…

ထိုစဉ် ကလေးငယ်နှစ်ယောက် ပြေးလာကြ၏။ "အစ်မ။"

"အစ်မ၊ ရောက်လာပြီ။"

ရှန်းတန်အား ကုအန်းရန်နှင့် ကုဝူယန်တို့က တစ်ပြိုင်နက်တည်း ဖက်လိုက်ကြလေသည်။ မတွေ့တာ ကြာသောကြောင့် သူမသည် သူတို့ကို လွမ်းဆွတ်နေခဲ့ခြင်း ဖြစ်၏။

ကုဝူယန်သည် ယနေ့တွင် အနောက်တိုင်းဝတ်စုံလေး ဝတ်ဆင်ထားပြီး ကော်လံလည်ပင်းတွင် ဖဲကြိုးလေး ချည်နှောင်ထားလေသည်။ ကုအန်းရန်ကမူ မင်းသမီးလေးကဲ့သို့ ဝတ်ဆင်ထားပြီး ခေါင်းတွင် စိန်သရဖူပင် ဆောင်းထားလေသည်။

ရှန်းတန်သည် ထိုအပေါ်ရှိ စိန်များ တကယ် ဟုတ် မဟုတ်ကိုပင် ခန့်မှန်းကြည့်မိလိုက်၏။

ကုဟွိုင်အန်း၏ နှုတ်ခမ်းများသည် အနည်းငယ် ကွေးညွတ်သွား၏။ တန်တန်သည် အလွန်ချစ်စရာကောင်းလှသည်။

သူသည် ရှန်းတန်၏ နားအနားသို့ တိုးကပ်ကာ တိုးလျိုးသော အသံဖြင့် "ကြိုက်လား၊ ကြိုက်ရင် ဝယ်ပေးမယ်" ဟု မေးမြန်းလိုက်သည်။

ရှန်းတန်၏ အာရုံခံနိုင်သော နားရွက်လေးများ လှုပ်ယမ်းသွား၏။ "ဟဲဟဲ၊ ကြိုက်ပါတယ်။"

[ကုဟွိုင်အန်း ပေးတာက အစစ်ပဲ ဖြစ်ရမယ်။ နောက်ပိုင်း ငွေများစွာဖြင့် ရောင်းချ၍ ရနိုင်မည်မှာ သေချာပေါက်ပင်။]

ကုဟွိုင်အန်း : "......"

သူသည် အနည်းငယ် ကူရာမဲ့သွား၏။ ဤငွေမက်သူလေး၏ မျက်ဝန်းများတွင် ငွေများသာ ရှိနေလေသည်။

"မင်းတို့ ဒီမှာ အရင် ကစားနှင့်ဦး။ ကိုယ် လုပ်စရာတွေ နည်းနည်း ရှိသေးတယ်။"

ရှန်းတန်သည် လက်ဝှေ့ယမ်းပြလိုက်သည်၊ "သွားပါ၊ သွားပါ" ဟု ပြောလိုက်သည်။

ကုကျစ်နန်သည် ရှန်းတန်နှင့် စကားပြောရန် ပြင်ဆင်နေစဉ် ကုဟွိုင်အန်းက သူ့အား အေးစက်စက် ကြည့်လိုက်ပြီး "ငါနဲ့ လိုက်ခဲ့" ဟု ပြောလိုက်သည်။

"အစ်ကိုကြီး၊ ဘာကိစ္စလဲ။"

"ငါ လုပ်စရာ တစ်ခု ရှိတယ်။ ငါနဲ့ လိုက်ခဲ့။"

ကုကျစ်နန်သည် အနည်းငယ် မပျော်မရွှင် ဖြစ်သွားသော်လည်း ပြန်လည်ချေပနိုင်ခြင်း မရှိဘဲ မကျေမချမ်းဖြင့် ထွက်ခွာသွားရလေသည်။ သူက သုံးလှမ်း တစ်ခါ နောက်လှည့်ကြည့်နေခဲ့၏။

သို့သော် ရှန်းတန်ကတော့ သူ့အား တစ်ချက်မျှပင် မကြည့်ခဲ့ပေ။

လူကြီးများနှင့် ဖော်ရွေစွာ စကားပြောဆိုရခြင်းသည် ကလေးငယ်များနှင့် စကားပြောဆိုရခြင်းလောက် ပျော်စရာ မကောင်းပေ။ ရှန်းတန်သည် ကျန်ရှိသော အချိန်များကို အန်းရန်၊ ဝူယန်တို့နှင့်သာ အတူနေရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း သူမသည် ပြဿနာရှာစရာ မလိုဘဲ ပြဿနာကပင် သူမကို လာရောက်ရှာဖွေခဲ့လေသည်။

ရှန်းတန်သည် သူမသည်ပင် ဤစာအုပ်၏ အမျိုးသမီးဇာတ်ဆောင်ဖြစ်သည်လောဟုပင် တွေးမိခဲ့၏။ မဟုတ်လျှင် အဘယ်ကြောင့် အေးချမ်းစွာ မနေရသနည်း။

"မစ္စရှန်၊ ဘေးကို ခဏ လာပြောရအောင်။"

ရှန်းတန်သည် ကျိုးချင်းလျန့်အား ပြုံးလျက် ကြည့်ပြီး ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်၊ "တောင်းပန်ပါတယ်၊ အခုအချိန်မှာ‌တော့ အဆင်မ‌ပြေပါဘူး။ ပြောစရာများ ရှိလားမသိဘူး။ ရှိရင် တိုက်ရိုက် ပြောဆိုနိုင်ပါတယ်" ဟု ပြောလိုက်သည်။

ကျိုးချင်းလျန့်သည် မျက်မှောင်ကြုတ်လိုက်ရာ အားနည်းချက်တစ်ခု ပေါ်လွင်လာခဲ့သည်။

မနီးမဝေးမှ မိန်းကလေးတစ်ယောက်သည် ဤအချင်းအရာကို မြင်တွေ့ရသောအခါ တရားမျှတမှုကို ထိန်းသိမ်းရန် အလျင်အမြန် ပြေးလာခဲ့၏။

"အစ်မလျန့်..."

သူမသည် ရှန်းတန်အား ကြည့်လိုက်ပြီး "ကျွန်မ အစ်မလျန့်ကို မစော်ကားနဲ့။ ဘာကိစ္စရှိရှိ ကျွန်မဆီ လာခဲ့" ဟု ပြောလိုက်သည်။

ရှန်းတန် : "......"

အရင်တစ်ခါက မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိခဲ့ပါက သူမသည် မြောင်မြောင်မှာ တကယ့် ဘဝတွင် ဤမျှ တုံးအသောသူ ဖြစ်လိမ့်မည်ဟု တကယ်ပင် ထင်မှတ်ခဲ့မိမည် မဟုတ်ပေ။

သူမ၌ အတိတ်က ခံစားချက်အချို့ ရှိနေသေးသောကြောင့် ရှန်းတန်သည် သည်းခံလိုက်သည်။

ရှန်းတန်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး "မင်းရဲ့ ဘယ်မျက်လုံးက ငါ သူမကို စော်ကားတာ မြင်လဲ" ဟု မေးမြန်းလိုက်သည်။

မြောင်မြောင်သည် ဝေ့လည်ကြောင်ပတ် လုပ်နေပြီး တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်း မရှိတော့ပေ။

သူမ ငယ်ငယ်တုန်းက အစ်မလျန့်သည် သူမဖေဖေ၏ တရားမဝင်ကလေးများ၏ အနိုင်ကျင့်ခြင်းကို မကြာခဏ ခံရလေ့ ရှိ၏။ သူမသည် ကြည့်မနေနိုင်သောကြောင့် ကူညီပြောဆိုပေးခဲ့ခြင်း ဖြစ်သည်။

နှစ်များစွာကြာလာသောအခါ ၎င်းသည် အကျင့်တစ်ခု ဖြစ်သွားခဲ့၏။ အစ်မလျန့် မျက်မှောင်ကြုတ်သည်ကို မြင်သည်နှင့် သူမ၏ ပထမဆုံး အတွေးက သူမ အနိုင်ကျင့်ခံနေရသည်ဟုသာ ဖြစ်လေသည်။

ကုအန်းရန်နှင့် ကုဝူယန်တို့လည်း ဘေးမှနေ၍ ရှင်းပြကြသည်၊ "အစ်မ ဘယ်သူ့ကိုမှ မစော်ကားဘူး။"

"ဟုတ်တယ်။ အန်တီ၊ အန်တီ ဘယ်လိုဖြစ်နေတာလဲ။ အစ်မက ဘယ်သူ့ကိုမှ မစော်ကားဘူး။ ဒီအန်တီက ရုတ်တရက် ရောက်လာပြီး သူ့ဘာသာ စကားပြောနေတာ၊ အန်တီက ရုတ်တရက် ပြေးဝင်လာတာပဲ။"

ကျိုးချင်းလျန့်၏ မျက်ခုံးများ လှုပ်သွား၏။ "အန်တီ၊ ဟုတ်လား။ မင်းတို့က သူမကို အစ်မလို့ ခေါ်ပြီး ငါ့ကို အန်တီလို့ ခေါ်တာလား။"

ဝူယန်က ခေါင်းညိတ်သည်၊ "ဟုတ်တယ်။ အစ်မထက် အန်တီက အသက်ပိုကြီးတဲ့ပုံပေါ်လို့လေ။"

ကျိုးချင်းလျန့်သည် ရင်ဘတ်ကို လှံဖြင့် ထိုးခံရသကဲ့သို့ ခံစားလိုက်ရလေသည်။

ရင်ဘတ်ကို ဖက်ကာ တစ်လှမ်းချင်းစီ နောက်ဆုတ်သွား၏။

မြောင်မြောင်သည် အနည်းငယ် စိတ်ရှုပ်ထွေးနေသည်၊ "ဒီလိုလား။"

ဤသည်ကို မြင်သော် ကျိုးချင်းလျန့်သည် ခေါင်းကို ညင်သာစွာ ခါလိုက်သည်၊ "ဟုတ်တယ်၊ နားလည်မှုလွဲသွားတာ။ မစ္စရှန်က ငါ့ကို မစော်ကားပါဘူး..."

သို့သော် သူမ၏ မျက်နှာအမူအရာက လုံးဝ ယုံကြည်စရာ မကောင်းပေ။ သူမကို စော်ကားခဲ့သည်ဟု ပြောနေသကဲ့သို့ပင်၊ သို့သော် မပြောဝံ့ပုံရလေသည်။

မြောင်မြောင်(ခေါ်) ကျိုးယွင်အန်းသည် ရှန်းတန်အား ဒေါသတကြီး စိုက်ကြည့်လိုက်၏။ မင်း မစော်ကားဘူးလို့ ဆက်ပြောနေသေးတာလား။

ရှန်းတန် : "......"

သူမလည်း ရင်ဘတ်ကို ဖက်ပြီး ရှီကျစ်၏ နှလုံးသားကို ဆုပ်ကိုင်ထားသည့်ပမာ ဝမ်းနည်းပူဆွေးသော မျက်နှာအမူအရာကို ပြုလုပ်ပြီး ပြောလိုက်သည်။ "မစ္စကျိုး၊ တောင်းပန်ပါတယ်။ ရှင်ရဲ့ တောင်းဆိုမှုကို မလိုက်လျောတာက ရှင့်ကို အနိုင်ကျင့်တဲ့ပုံပေါက်စေခဲ့တယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး..."

"မင်း..." ကျိုးယွင်အန်းသည် ခဏတာ ကြောင်သွားပြီး ဘယ်ညာ ကြည့်ရင်း ခဏတာ စကားလုံးများ ရှာမတွေ့တော့ပေ။

ရှန်းတန်သည် အလွန်ရယ်စရာကောင်းသည်ဟု ထင်မိသွား၏။ သူမ မြောင်မြောင်ကို ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခု တွေ့သွားပုံရလေသည်။

ကုအန်းရန်သည် ရှန်းတန်၏ နောက်ကျောကို အလျင်အမြန် ပုတ်ပေးသည်၊ "အစ်မ၊ ဝမ်းမနည်းပါနဲ့..."

ကုဝူယန်က မျက်မှောင်ကြုတ်လိုက်သည်၊ "မင်း အစ်မကို စော်ကားတာ၊ ဦးလေးကို သွားပြောမယ်။"

ဇာတ်ကွက်သည် ချက်ချင်း ပြောင်းပြန်လှန်သွားခဲ့၏။ ကျိုးချင်းလျန့်ကသာ အနိုင်ကျင့်သူ ဖြစ်သွားသကဲ့သို့ပင်။

ကျိုးချင်းလျန့်လည်း ရှန်းတန်သည် သရုပ်ဆောင်ရာတွင် ဤမျှ ကောင်းမွန်ပြီး သူမ၏ လှည့်ကွက်များကို သင်ယူထားသည်ဟု မမျှော်လင့်ခဲ့ပေ။ သူမသည် အနည်းငယ် မွန်းကြပ်သွားသလို ခံစားရလေသည်။

သူမသည် အတင်းအကြပ် ပြုံးလိုက်သည်၊ "ယွင်အန်း၊ နားလည်မှုလွဲမသွားပါနဲ့။ မစ္စရှန်က တကယ်ပဲ ငါ့ကို မစော်ကားပါဘူး။ ငါ သူ့နဲ့ နှစ်ကိုယ်ကြား ဆွေးနွေးချင်တာလေး တစ်ခု ရှိတာ၊ မစ္စရှန်နဲ့ ပြောလို့ အဆင်မပြေခဲ့လို့ပါ။"

ကျိုးယွင်အန်းသည် စိတ်ထဲတွင် နည်းနည်းတော့ မသက်မသာ ခံစားရ၏။ သူမ အနိုင်ကျင့်မခံရလျှင် အစ်မက ဘာလို့ ထိုသို့သော မျက်နှာအမူအရာ ပြုလုပ်ရသနည်း။

သို့သော် သူမသည် ဘယ်တော့မှ အများကြီး မစဉ်းစားတတ်ပေ။

"ဘာကိစ္စလဲ" ကျိုးယွင်အန်းက စူးစမ်းစွာ မေးလိုက်သည်။

"ဒါဆို အခုပဲ ပြောလိုက်မယ်။"

ရှန်းတန်သည် အကျယ်ကြီး ရယ်မောလုနီးပါး ဖြစ်သွား၏။ မြောင်မြောင်က သူမကိုပဲ မဟုတ်ဘဲ လူတိုင်းကို ပစ်မှတ်ထားခြင်း ဖြစ်ပေမည်။

ကျိုးချင်းလျန့်၏ မျက်နှာအမူအရာသည် တင်းမာသွားလုနီးပါး ဖြစ်ခဲ့၏။ သူမက ကိုယ်ရေးကိုယ်တာ ပြောဆိုလိုကြောင်း ပြောထားခဲ့သည် မဟုတ်လား။ ဤနေရာတွင် မည်သို့ ပြောဆိုနိုင်မည်နည်း။

ယွင်အန်း၊ နင် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တုံးအနေသေးတာလဲ။

"ဘာမှ အရေးကြီးတာ မဟုတ်ပါဘူး..."

"အရေးကြီးတာ မဟုတ်ရင် သွားကြရအောင်။"

ကျိုးချင်းလျန့်သည် စကားမပြောနိုင်တော့ပေ။ "ဒါပေမဲ့ ငါ..."

ကျိုးယွင်အန်းက ခေါင်းစောင်းကြည့်လိုက်သည်၊ "အစ်မလျန့်၊ တခြား ဘာများ ရှိသေးလဲ။"

"မရှိတော့ဘူး၊ မရှိတော့ဘူး... သွားကြရအောင်။"

ထိုသို့ဖြင့် မုန်တိုင်းတစ်ခုသည် ဤအတိုင်းပင် ပျောက်ကွယ်သွားလေသည်။ ရှန်းတန်သည် အလွန်ရယ်စရာကောင်းသည်ဟု ထင်မိလေသည်။

သူမသည် ကလေးငယ်များ၏ ခေါင်းများကို ပွတ်သပ်ပေးသည်၊ "ခုနကအတွက် မင်းတို့နှစ်ယောက်ကို ကျေးဇူးတင်တယ်။"

"ရပါတယ်…"

ကုအန်းရန်၏ စကားလုံးများသည် ကုဝူယန်က သူ့တံတောင်ဆစ်ဖြင့် တွန်းလိုက်သောကြောင့် ရပ်တန့်သွား၏။ "ဒါဆို ဘယ်လို ကျေးဇူးဆပ်မှာလဲ။"

ရှန်းတန်က "ဟင်း" ဆိုသော အသံကို ထွက်လိုက်သည်၊ "နောက်မှ မင်းတို့ကို rank တင်ပေးမယ်၊ ဘယ်လိုလဲ။"

ကုဝူယန်သည် သူ့အား အလွန်သင့်လျော်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

အိမ်ဟောင်းသို့ ပြန်ရောက်ကတည်းက သူတို့နှစ်ဦးသည် ဂိမ်းအတူတူ လုံးဝ မကစားဖြစ်တော့ပေ။ ကုအန်းရန်သည် အလွန်ပင် လွမ်းဆွတ်နေခဲ့သည်။

သူသည် အခုပဲ ဆော့ချင်နေသော်လည်း အချိန်အခါက မဟုတ်သေးပေ။

"အိုး၊ ဒါ ဘယ်တော့မှ ပြီးမှာလဲ..."

ရှန်းတန်လည်း ဤမေးခွန်းကို မေးလိုနေခဲ့သည်။

မကြာမီပင် လှလှပပ ဝတ်ဆင်ထားသော အမျိုးသမီးအချို့သည် မကောင်းသော အမူအရာများဖြင့် လျှောက်လာကြသည်။

နှုတ်ခမ်းနီနီရဲရဲ အမျိုးသမီးတစ်ယောက်က ရှန်းတန်အား အပေါ်အောက် ကြည့်ပြီး ဝိုင်ဖန်ခွက်တစ်ခွက် ပေးလိုက်သည်၊ "သောက်ပါဦး။"

ရှန်းတန်သည် ယဉ်ကျေးစွာ ပြုံးလျက် "တောင်းပန်ပါတယ်၊ ကျွန်မ ခုနကမှ cephalosporin သောက်ထားလို့ပါ။"

ထိုအမျိုးသမီးအချို့ : "......"

အခန်း ( ၇၈ ) – ကုဟွိုင်အန်းရဲ့ မကောင်းတဲ့ အချစ်‌ရေး အခြေအနေ

ရှန်းတန်၏ အဖြေသည် သူတို့အားလုံး၏ ခန့်မှန်းချက်များကို ကျော်လွန်သွားခဲ့သည်။

အခြား မည်သည့် ဆင်ခြေမျိုးဖြစ်စေ သူတို့က သူမကို သောက်ခိုင်းရန် ဖိအားပေးနိုင်သေးသည်။ သို့သော် ရှန်းတန်က cephalosporin သောက်ထားသည်ဟု ပြောလိုက်သောကြောင့် သူမကို အရက်သောက်ရန် တကယ်ပင် အတင်းအကြပ် လုပ်၍ မရတော့ပေ။

လူသတ်ရန် ကြိုးစားနေသကဲ့သို့ မဖြစ်ပေဘူးလား။

ထို့အပြင် ရှန်းတန် တကယ် သောက်ထားခြင်း ရှိ မရှိကိုလည်း သူတို့ပင် မသိကြပေ။

လူအချို့သည် မီးလျှံကဲ့သို့ နီရဲနေသော နှုတ်ခမ်းရှိသည့် အမျိုးသမီးကို ကြည့်လိုက်ကြသည်။ ရှန်းတန်က စိတ်ထဲတွင် သူမက အာရုံစိုက်ခံရဆုံးသူ ဖြစ်နေပုံရသည်ဟု တွေးလိုက်သည်။

"အားလုံး ဘယ်သူတွေလဲ မေးလို့ ရမလား..."

ရှန်းတန်က အစက ကုမိသားစုဝင်တွေချည်းပဲ ထင်ခဲ့သော်လည်း အခုတော့ ထိုထက်မက ပိုများနေပုံရသည်။

ထိုအမျိုးသမီးက ပြုံးပြီး "ကျွန်မက ဟွိုင်အန်းရဲ့ သူငယ်ချင်းကောင်းပါ။ ကျွန်မတို့ မကြာခဏ တွေ့ဆုံကြပါတယ်၊ ဒါပေမဲ့ စိတ်ထဲ အများကြီး မတွေးပါနဲ့၊ ကျွန်မတို့ကြားမှာ ဘာမှ မရှိပါဘူး" ဟု ပြောလိုက်သည်။

ရှန်းတန် : "အိုး...။"

ရယ်စရာကောင်းလိုက်တာ။ ဒီစကားလုံးတွေက တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။ ပေါ်တင်ရော၊ မပေါ်တင်ရော သူတို့ကြားမှာ တစ်ခုခု ရှိနေတယ်လို့ ဆိုလိုနေတာပဲ။

ထိုအမျိုးသမီးက နှုတ်ခမ်းကို စေ့လိုက်သည်။ ရှန်းတန်၏ တုံ့ပြန်မှုက သူမကို အလွန် မပျော်မရွှင် ဖြစ်စေခဲ့သည်။ အရမ်း ပေါ့ပေါ့ပါးပါးပဲ၊ အရမ်း ယုံကြည်မှု ရှိနေပုံပဲ။

တကယ်တော့ ရှန်းတန်က ဂရုမစိုက်ခဲ့တာပါ။

သူတို့ကြားမှာ ဘာမှ မရှိရုံသာမက တစ်ခုခုလိုချင်ရင်တောင် သူမ ထိန်းချုပ်နိုင်စွမ်း မရှိဘူး။

ကုဝူယန် ပျောက်နေသဖြင့် ရှန်းတန်က ဘယ်ညာ ကြည့်ပြီး ကုအန်းရန်ကို မေးလိုက်သည်။ "ဝူယန် ဘယ်မှာလဲ။"

ကုအန်းရန်က သူ့မျက်လုံးအကြီးကြီးတွေကို မှိတ်တုတ်မှိတ်တုတ်လုပ်ပြီး ခေါင်းခါပြသည်၊ "မသိဘူး။"

ကုဝူယန်၏ နာမည်ကို ကြားလိုက်သည်နှင့် မီးလျှံကဲ့သို့ နီရဲနေသော နှုတ်ခမ်းရှိသည့် အမျိုးသမီး၏ မျက်လုံးများ လင်းလက်သွားသည်။ သူမက ထက်ဝက်လောက် ထိုင်ချပြီး "အန်းရန် ဖြစ်နေတာကိုး၊ အရမ်းကို ကြီးလာပြီပဲ။ မင်း ငယ်ငယ်တုန်းကတောင် ငါ ချီခဲ့ဖူးတယ်" ဟု ပြောလိုက်သည်။

ကုအန်းရန်က ခေါင်းကို ဇဝေဇဝါ စောင်းလိုက်သည်၊ "ဒါပေမဲ့ ကျွန်မက ပြည်ပမှာ မွေးတာ..."

ရှန်းတန် ရယ်မောလုနီးပါး ဖြစ်သွားသည်။ သူမရဲ့ ရယ်မောခြင်းကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်က ပိုကောင်းလာနေတယ်ဆိုတာကို သူမ တွေ့ရှိခဲ့တယ်။

"ဒါဆို ငါ မှားမှတ်မိသွားတာပဲ..."

ကုအန်းရန်က ခေါင်းစောင်းပြီး ရှန်းတန်ရဲ့ အဝတ်ကို ဆွဲသည်။ "ကျွန်မ မေမေ ပြောတာက ဒီလို ပေါင်းသင်းချင်တဲ့သူတွေက အများအားဖြင့် မကောင်းတဲ့ ရည်ရွယ်ချက် ရှိတတ်တယ်တဲ့။ အစ်မကြီး၊ သွားကြရအောင်။"

မီးလျှံကဲ့သို့ နီရဲနေသော နှုတ်ခမ်းရှိသည့် အမျိုးသမီးက သူမရဲ့ မျက်နှာအမူအရာကို ထိန်းထားဖို့ မတတ်နိုင်လုနီးပါး ဖြစ်သွားသည်။ ရှန်းတန်က သူမ စိတ်ခံစားမှုတွေကို အတင်းထိန်းချုပ်ဖို့ အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်တာကို သတိထားမိလိုက်တယ်။

"အန်းရန်၊ နားလည်မှုလွဲနေတာ။ အန်တီက မင်းဦးလေးရဲ့ သူငယ်ချင်းပါ။ တခြား ရည်ရွယ်ချက် ဘာမှမရှိပါဘူး။"

"အိုး~" ကုအန်းရန် ရုတ်တရက် သဘောပေါက်သွားသည်၊ "ဒါဆို အန်တီရဲ့ ပစ်မှတ်က ကျွန်မဦးလေးကိုး..."

ပတ်ဝန်းကျင်မှ ရယ်သံတိုးတိုးလေးများ ထွက်ပေါ်လာသည်။ ဘယ်သူ ခိုးရယ်နေမှန်း မသိဘူး။ ရှန်းတန်က သူတို့ကို တကယ်ပဲ မနာလိုဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ သူမက မျက်နှာကို ငြိမ်ငြိမ်လေး ထိန်းထားရလို့လေ။

မီးလျှံကဲ့သို့ နီရဲနေသော နှုတ်ခမ်းရှိသည့် အမျိုးသမီး၏ မျက်နှာသည် စိမ်းလိုက် ဖြူလိုက် ဖြစ်နေပြီး သူမ၏ စိတ်ခံစားမှုများကို အတင်းဖိနှိပ်ထားသည်။ "မင်း အလုပ်ရှုပ်နေတာဆိုတော့ ငါ မနှောင့်ယှက်တော့ဘူး။"

ပြောပြီးသည်နှင့် သူမသည် တခြားသူများနှင့်အတူ အတော်လေး အလျင်အမြန် ထွက်ခွာသွားလေသည်။

ရှန်းတန်လည်း သက်ပြင်းချလိုက်သည်။

ကုဟွိုင်အန်းမှာ သူ့ကိုကြိုက်တဲ့ အမျိုးသမီးတွေ တကယ်ကို အများကြီးပဲ။ မစ္စကုရဲ့ နေရာကို ဒီလောက် လူအများကြီးက လိုချင်ကြလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

တခြားလူများ ရှိဦးမလား၊ ရှန်းတန် စိတ်ထဲမှာ တွေးလိုက်တယ်။ ကံဆိုးမိုးမှောင်ကျခြင်းကို ရှောင်ရှားရန် သုံးခါ တံတွေးထွေးလိုက်သည်။

ဒါပေမဲ့ ဘယ်အရာကိုမဆို ကိုယ်က ကြောက်လေ၊ အဲဒါက ပိုပြီး ရောက်လာလေပဲ။

နောက်ထပ် အမျိုးသမီးတစ်ယောက် လျှောက်လာပြန်သောအခါ ရှန်းတန်ရဲ့ ရင်ဘတ် တဒိတ်ဒိတ် ခုန်သွားသည်။

ထိုအမျိုးသမီးမှာ ဖက်ရှင်ကျသော ဆံပင်တိုရှိပြီး သူရဲကောင်းဆန်သော ပုံစံရှိသည်။

သူမက လက်ဆန့်ပေးပြီး "မစ္စရှန်၊ တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်မ ရှုယန်ပါ။"

"တွေ့ရတာ ဝမ်းသာပါတယ်ရှင်။"

ရှန်းတန် သူ့လက်ကို ပြန်ရုပ်သိမ်းရန်ကြိုးစားသော်လည်း ပြန်ဆွဲမရခဲ့ပေ။

ရှုယန်သည် သူမ၏ လက်ကို သင့်လျော်သော အားဖြင့် ဆုပ်ကိုင်ထားရာ နာကျင်အောင် ဖိထားခြင်းလည်း မဟုတ်၊ သို့သော် ရှန်းတန် လက်ပြန်ရုန်းထွက်နိုင်လောက်အောင် ပွတ်လွန်းနေခြင်းလည်း မဟုတ်ပေ။

"အမ်..."

ရှုယန်က မျက်တောင်ခတ်သည်၊ "မစ္စရှန်းမှာ အားလပ်ချိန်ရှိလားမသိဘူး။ ကျွန်မမှာ ဖိတ်ခေါ်ချင်တဲ့ ရသစုံရှိုးတစ်ခု ရှိတယ်။"

"ဟင်။"

ဒါက ရှန်းတန်အတွက် လုံးဝ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုပဲ။

"ဘယ်လို ရသစုံရှိုးလဲ။ ကျွန်မ မကြာခင် ဒရမ်မာ ရိုက်ဖို့ ရှိတယ်၊ ဒါကြောင့် အချိန်မရနိုင်ဘူး။"

ရည်ရွယ်ချက်ကောင်းတဲ့သူတွေကို ဘယ်လို ငြင်းဆန်ရမှန်း သူမ မသိဘူး။

"ကျွန်မတို့ရှိုးက တော်တော်လေး နာမည်ကြီးပါတယ်၊ Cute Baby Forward လို့ ခေါ်ပါတယ်။ မိဘမေတ္တာ ရသစုံရှိုးတစ်ခုဖြစ်ပြီး လက်ရှိမှာ အွန်လိုင်းကြည့်ရှုသူ စုစုပေါင်းအရေအတွက်အရ တတိယနေရာမှာ ရှိပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေလည်း ပါဝင်ဖူးပါတယ်။ မင်း ပါဝင်မယ်ဆိုရင် မင်းရဲ့ အလုပ်ကို သေချာပေါက် မြှင့်တင်ပေးနိုင်မှာပါ။"

"ရှင် ခုနက ပြောတာတွေ အကုန် နားလည်ပါတယ်။ ကျွန်မ နားမလည်တာက ဘာလို့ ကျွန်မကို လိုချင်တာလဲ။ ပြီးတော့ ကျွန်မမှာ ကလေးလည်း မရှိဘူး။"

ရှန်းတန်က သူ့ရဲ့ လူကြိုက်များမှုက အခုထိ လိုအပ်နေသေးတယ်လို့ ခံစားရတယ်။ အထူးသဖြင့် မကြာသေးခင်က ပါဝင်ခဲ့တဲ့ A-list ဧည့်သည်တွေနဲ့ နှိုင်းယှဉ်ရင်ပေါ့။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရှန်းတန်သည် သူမ မထိုက်တန်ဘူးဟု ခံစားရသည်။

ရှုယန်က ပြုံးလိုက်သည်။ "ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့၊ မင်းရဲ့ နာမည်ကျော်ကြားမှုက အဲဒီသရုပ်ဆောင်တွေထက် မနိမ့်ပါဘူး။ ကလေးအတွက်ဆိုရင်..." သူမက ကုအန်းရန်ကို ကြည့်လိုက်သည်။ "ဒီမှာ တစ်ယောက် ရှိပါတယ်။"

ဒီစကားကို ရှန်းတန် ကြားလိုက်တာနဲ့ သူမရဲ့ အရင်က တုံ့ဆိုင်းမှုတွေ ချက်ချင်း ပျောက်ကွယ်သွားသည်။

ကုမိသားစုက ဘယ်လို မိသားစုမျိုးလဲဆိုတာ သူမ သိသည်။ သူတို့က သူတို့ရဲ့ ကလေးကို အဲဒီလို ထုတ်ဖော်ပြသတာကို ဘယ်လို ခွင့်ပြုပါ့မလဲ။

နာမည်ကျော်ကြားတာက မကောင်းတာ မဟုတ်ပေမဲ့ အန္တရာယ်များပြီး မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတွေကို ဆွဲဆောင်နိုင်တယ်။

ပြီးတော့ နာမည်ကြီးလာတာနဲ့အမျှ အနည်းငယ်သော အပြစ်တွေကိုတောင် အဆုံးအစွန်မရှိ ချဲ့ကားပြီး အင်တာနက်ပေါ်က ဒေါသကို အလွယ်တကူ ဆွဲဆောင်နိုင်တယ်။

ဒီလိုအခြေအနေမျိုးကို ရှန်းတန် မမြင်ချင်ဘူး။

"တောင်းပန်ပါတယ်၊ လောလောဆယ် ကျွန်မ ပါဝင်ဖို့ အစီအစဉ် မရှိပါဘူး။"

ရှုယန်က စိတ်မပျက်ဘဲ ရှန်းတန်နဲ့ ကုအန်းရန်ကို စီးပွားရေးကတ်ပြား တစ်ခုစီ ပေးလိုက်သည်၊ "ယတိပြတ် မငြင်းဆန်ပါနဲ့၊ စဉ်းစားပေးပါဦး။"

ထိုပြောပြီးသည်နှင့် သူမ ပြုံးကာ ထွက်ခွာသွားလေသည်။

ကုအန်းရန် နည်းနည်းတော့ ဇဝေဇဝါ ဖြစ်သွားသည်၊ "အစ်မ၊ ဘာလို့ မလုပ်ချင်တာလဲ။"

ရှန်းတန် သူ့ခေါင်းကို ပုတ်သည်၊ "နင် နားလည်မှာ မဟုတ်ဘူး။"

ကုအန်းရန် : "..."

"အစ်မ၊ ရှင်းပြပေးရင် နားလည်မှာပါ..."

ရှန်းတန်က သူမရဲ့ မလိုလားမှုတွေကို တစ်ခုချင်းစီ ရှင်းရှင်းလင်းလင်း ပြောပြလိုက်သည်၊ "ဒါကြောင့် နင့်ကို အဲဒီကို ခေါ်သွားချင်တာ မဟုတ်ဘူး။"

ကုအန်းရန် ခေါင်းညိတ်သည်၊ "အခုမှ နားလည်ပြီ။ အစ်မ၊ ကျွန်မကို ခဏ စောင့်" ထို့နောက် ပြောပြီးသည်နှင့် ချက်ချင်း ပြေးထွက်သွားလေသည်။

ရှန်းတန် သူ့နောက် လိုက်ချင်သော်လည်း ကုအန်းရန်မှာ အလွန်မြန်သောကြောင့် လူအုပ်ထဲ ချက်ချင်း ပျောက်ကွယ်သွားသည်။

ရှန်းတန် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

တစ်ဖက်တွင် ကုဝူယန်သည် အမြီးလေးတစ်ခုလို ကုဟွိုင်အန်းနောက်ကို နေရာတိုင်း လိုက်နေသည်။ ခဏခဏ ခေါင်းညိတ်ပြတတ်ပြီး လူကြီးများ၏ စကားပြောဆိုမှုများကို တကယ် နားလည်နေသကဲ့သို့ပင်။

လူများ ကွဲသွားသောအခါ ကုဟွိုင်အန်းက "ဘာလို့ ငါ့နောက် လိုက်နေတာလဲ" ဟု မေးလိုက်သည်။

ကုဝူယန် ခေါင်းခါသည်၊ "အကြောင်းကိစ္စ အထွေအထူး မရှိပါဘူး။"

"အမှန်အတိုင်း ပြော။"

"ကျွန်တော် အစ်မကြီးကို ကူပြီး ဦးလေးကို စောင့်ကြည့်ပေးနေတာ။"

ကုဟွိုင်အန်း မျက်ခုံးပင့်သည်၊ "စောင့်ကြည့်ပေးတာလား။"

ကုဝူယန် ခေါင်းညိတ်သည်၊ "ဟုတ်တယ်။ အစ်မကြီးကို ဦးလေးကို ကြိုက်တဲ့ အမျိုးသမီးအချို့က လိုက်နှောင့်ယှက်နေတာ။ ကျွန်တော်က ဦးလေးကို စောင့်ပြီး မကောင်းတဲ့ အမျိုးသမီးဆီ ဖျားယောင်းမခံရအောင်လို့လေ။"

ကုဟွိုင်အန်း စကားမပြောနိုင်တော့ပေ။ "မင်းက ဒီလောက်သေးသေးလေးပဲ ရှိသေးတာ။ တစ်ယောက်ကို တစ်ယောက် ကြိုက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ နားတောင် နားလည်သေးလို့လား။"

"နားလည်တာပေါ့။ ကျွန်တော် သေးသေးလေးပဲ ရှိတယ်ဆိုတာနဲ့ တုံးအတယ်လို့ မဆိုလိုဘူး" ကုဝူယန်က ပြန်ချေပသည်။

ကုဟွိုင်အန်း ခဏတာ စဉ်းစားသည်၊ "မင်းကို လူအတစ်ယောက်အဖြစ် သဘောထားမိလို့ တောင်းပန်ပါတယ်။"

ကုဝူယန် : "..."

အရမ်းစိတ်ပျက်မိတယ်။

All Chapters