← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း ( ၈၇ ) – အတုအယောင် ဖရဲသီး

ရှန်းတန် ဖုန်းပိတ်လိုက်ပြီး အစ်မထောင်ကို မေးလိုက်သည်။ "ဒီလူက ဆန့်ကျင်ဘက်ဖန်ပဲ။ အစ်မ မင်း သူ့ကို ဂရုချက်မှာ ဘာတွေစီစဉ်နေတယ်လို့ ပြောခဲ့တာလဲ။"

အစ်မထောင်က လုံးဝရှုပ်ထွေးနေသည့် မျက်နှာဖြင့် : "ဟင်။"

"မဟုတ်ဘူး၊ ရှောင်လွေ့က ဆန့်ကျင်ဘက်ဖန် မဟုတ်ပါဘူး။"

ရှန်းတန် မေးစေ့ကို ပွတ်သပ်လိုက်သည်။ လစ်တဲလ်ရွေကိုတောင် ထုတ်ပြောလာပြီဆိုတော့ သူတို့ အတော်လေး စကားပြောဖူးပုံရသည်။

သူမလည်း အခွင့်အရေးယူပြီး မေးလိုက်သည်။ "ဒါဆို ပြောပြပါဦး၊ သူ အဲဒီ ဂရုကို ဖန်တီးရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။"

အစ်မထောင်က ထပ်ပြီး ပွစိပွစိပြောကာ မရေမရာ လုပ်နေပြန်သည်။ ရှင်းလင်းတဲ့ အဖြေကို မပေးနိုင်ချေ။

ရှန်းတန်က အစ်မထောင် လိမ်လည်လှည့်ဖြားခံရမှာကို နည်းနည်း စိုးရိမ်သည်။ ဘာဖြစ်ဖြစ် သူက ဆန့်ကျင်ဘက်ဖန်ဖြစ်ရင်တောင် တားမြစ်ထားတဲ့ ဥပဒေတွေ ရှိနေတာကြောင့် သိပ်ကြီးမားတဲ့ လှုပ်ရှားမှုတွေ လုပ်နိုင်မှာ မဟုတ်ပေ။

"ထားတော့၊ မပြောချင်ဘူးဆိုရင်လည်း မပြောနဲ့တော့။"

သူမ စကားဆုံးတာနဲ့ အစ်မထောင်က ချက်ချင်း ပြုံးလိုက်သည်။ "ဒါဆို ကျွန်မ မပြောတော့ဘူး။"

ရှန်းတန် : "..."

"ကိုယ်တိုင် လိမ်လည်လှည့်ဖြားမခံရအောင်ပဲ ဂရုစိုက်။ ဒီနေ့ခေတ်မှာ အွန်လိုင်းမှာ ရူးသွပ်တဲ့ လိမ်လည်မှု နည်းလမ်းတွေ အများကြီးပဲ။ ဘယ်သူသိမလဲ၊ ကျွန်မရဲ့ ဖန်တွေအဖြစ် ဟန်ဆောင်ပြီး မင်းကို ဂရုထဲ ဆွဲသွင်းပြီး ပိုက်ဆံတောင်းတဲ့ လိမ်လည်သူတွေ ရှိနေနိုင်တယ်။"

"အဲဒါတော့ မဖြစ်နိုင်ဘူး။ လစ်တဲလ်ရွေက အဲလိုလူစားမျိုး မဟုတ်ဘူး။ သူက ကျွန်မတို့ကို ပိုက်ဆံတောင် ပို့ပေးသေးတယ်။"

ရှန်းတန် : "..."

"ဒီလောက် ကောင်းတဲ့ကိစ္စမျိုးတောင် ရှိသေးလား။" ကြားရတာနဲ့ သူမ ဂရုထဲ ဝင်ချင်စိတ် ပိုတောင် ပေါက်လာသည်။

"ဟုတ်တယ်၊ သူက မဒမ်ရဲ့ ဖန်ပဲ။ ကျွန်မတို့ ဆန့်ကျင်ဘက်ဖန်တွေနဲ့ သွားတိုက်ခိုက်တဲ့အခါ သူက ကျွန်မတို့ကို စာအိတ်နီတွေ ပေးတယ်။"

ရှန်းတန် နည်းနည်း ထိတ်လန့်သွားသည်။ "ဟင်၊ သူက တကယ်ပဲ ကျွန်မရဲ့ ဖန်လား။"

"ဟုတ်တယ်၊ သူက မင်းရဲ့ ဖန်ပါလို့ ကျွန်မ ပြောပြီးပြီလေ ။ ကျွန်မ ဘယ်လိုလုပ် လိမ်ပါ့မလဲ။" အစ်မထောင် မျက်လုံးလှန်ကြည့်သည်။ ဒီလိုလုပ်တာတောင် သူမက ချစ်စရာကောင်းနေဆဲပင်။

ရှန်းတန်က ရှက်ရမ်းရမ်းပြီး နှစ်ကြိမ် သုံးကြိမ် ရယ်လိုက်သည်။

"အိုကေ၊ ငါ မှားသွားတာ..."

ဒါပေမဲ့ သူမ လုံးဝ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့မရပါ။ ထိုဖန်က ထူးဆန်းလွန်းသည်။ အစောပိုင်းက ထိုကဲ့သို့ စာမျိုး ပို့ခဲ့သည်။ နားလည်မှုလွဲတာ မဆန်းချေ။

ခဏလေး၊ သူက ဆန့်ကျင်ဘက်ဖန်ကနေ ဖန်အဖြစ် ပြောင်းလာတဲ့သူများလား။ ဘာဖြစ်ဖြစ်၊ ဒီလိုဖန်တွေ အများကြီး ရှိသည်။

"သူ့ရဲ့ ဝေ့ပေါ်အိုင်ဒီကို သိလား။"

"သိတယ်" အစ်မထောင် သတိပေးသံဖြင့် ပြောသည်။ "ဒါပေမဲ့ မဒမ် မေးလည်း အကျိုးမရှိဘူး၊ ကျွန်မ မင်းကို အခု မပြောသေးဘူး။"

ရှန်းတန် သက်ပြင်းချသည်။ အစ်မထောင်က သိပ်ကို သတိကြီးပေသည်​။

"ကောင်းပြီ ကောင်းပြီ၊ ငါ မမေးတော့ဘူး။ ဪ ဟုတ်သား၊ ဒါက အစ်မလန် ပေးတဲ့ အစားအစာတွေ။ နည်းနည်း မြည်းကြည့်ပါဦး။"

"အဲဒီ မမလေးလန်လား၊ သူမ မလာတာ အတော်ကြာပြီ။"

"အစ်မထောင်၊ အစ်မကရော အစ်မလန်ကိုလည်း သိတာလား" ရှန်းတန် ခေါင်းစောင်းပြီး မေးသည်။

စဉ်းစားကြည့်တော့ သူတို့ သိတာ ပုံမှန်ပဲ။ ဘာဖြစ်ဖြစ် သူတို့ တကယ်တမ်း တစ်ယောက်ကိုတစ်ယောက် သိပ်မကြိုက်ကြပုံရရင်တောင် ကုဟွိုင်အန်းနဲ့ အစ်မလန်က သူငယ်ချင်းတွေပဲလေ။

"ကျွန်မ သိတယ် သူ့ကို။ အဲဒီကလေးမလေးက ကံကြမ္မာ ခါးတယ်။" အစ်မထောင် ဆက်မပြောတော့ဘဲ ကိတ်မုန့်သေးသေးလေးတစ်ချပ်ကို ကိုက်စားလိုက်သည်။

"ဟင်း... အဲဒီကလေးမလေးရဲ့ ကျွမ်းကျင်မှုတွေ ပိုတောင် တိုးတက်လာပုံရတယ်။"

ရှန်းတန်လည်း အကိုက်ကြီးတစ်ကိုက်စားလိုက်သည်။ "အရမ်းအရသာရှိတယ်၊ အရမ်းအရသာရှိတယ်~"

သူမ အစကတော့ သူမသူငယ်ချင်းတွေကိုလည်း မြည်းခိုင်းဖို့ စဉ်းစားထားတာ။ ဒါပေမဲ့ ကြည့်လိုက်တော့ သူမကိုယ်တိုင်အတွက်လည်း သိပ်မကျန်တော့ပေ။ ဒါဆို... မဝေပေးတော့ဘူး။

နောက်တစ်ကြိမ်မှပဲ၊ ဟဲဟဲ။

တစ်ခဏအတွင်း ရှန်းတန် ကိုယ့်ကိုယ်ကိုယ် ဆွဲဆောင်နိုင်သွားသည်။

သူမက အစ်မလန်ကို နာမည်ကြီးဖောက်သည်တွေနဲ့ မိတ်ဆက်ပေးဖို့ လိုအပ်မလားလို့လည်း တွေးမိသည်။ သူမ အကူအညီပေးပြီး မိတ်ဆက်ပေးလို့ရသည်။

ဪ ဟုတ်သား၊ အစ်မလန်ကို သူမ အခြေအနေကောင်းကြောင်း ပြောဖို့ မေ့နေခဲ့သည်။

သူမ ဝီချက်မက်ဆေ့ခ်ျ ပို့လိုက်သည်။ ဒါပေမဲ့ အစ်မလန် ပြန်မဖြေချေ။ အချိန်ကို ကြည့်လိုက်တော့ ရှန်းတန်က သူမ ချစ်သူနဲ့အတူ ရှိနေနိုင်တယ်လို့ ထင်လိုက်သည်။

သူမသည် ကိုယ်တိုင် ထူးခြားဆန်းကြယ်သည့် အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရပြီးနောက် အံ့ဩဖွယ်ရာများ တည်ရှိသည်ဟူသည့် ယုံကြည်ချက် ခိုင်မာလာခဲ့သည်။ သူမ အစ်မလန်ရဲ့ ချစ်သူ အမြန်ဆုံး သက်သာပျောက်ကင်းဖို့ နှလုံးသားထဲကနေ ဆုတောင်းလိုက်သည်။

အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားသည်။ ရှန်းတန် ရိုက်ကူးရေးနေရာကို ထပ်သွားရသည်။

အကွာအဝေးကြောင့် ရှန်းတန်က ယွမ်ယွမ်ကို လာခေါ်ခိုင်းခြင်း မရှိပေ။ နှစ်ဦးသား ရိုက်ကူးရေးနေရာတွင် တိုက်ရိုက်တွေ့ဆုံရန် ပြင်ဆင်ထားသည်။

ရိုက်ကူးရေးနေရာ ဝင်ပေါက်ကို ရောက်တာနဲ့ ဒါရိုက်တာကို အပူထိန်းဗူး ကိုင်ရင်း ဝင်ပေါက်မှာ ပြုံးပြီး ထိုင်နေတာကို တွေ့လိုက်ရသည်။

ရှန်းတန် နှုတ်ဆက်လိုက်တော့ ဒါရိုက်တာက ပြုံးပြီး ခေါင်းညိတ်သည်။ သူ ဘယ်ညာ ကြည့်လိုက်ပြီး ဘယ်သူမှ သတိမထားမိတာကို တွေ့တော့ ရှန်းတန်ကို မြန်မြန် ဆွဲခေါ်သွားသည်။ "ကြားပြီးပြီလား။"

"ဘာကြားတာလဲ" ရှန်းတန် အလွန်စိတ်လှုပ်ရှားသွားသည်။ ကောလာဟလ ထပ်ရှိတာလား။

"ငါကြားတာက ပဉ္စမမြောက် အမျိုးသားဇာတ်ဆောင်က ရင်းနှီးမြှုပ်နှံသူတွေနဲ့ ချစ်ကြိုက်နေတယ်တဲ့။"

"သူတို့ ချစ်ကြိုက်နေကြတာလား။"

"ဟုတ်တယ်" ဒါရိုက်တာက သူ့ရဲ့ မျက်လုံးသေးသေးလေးတွေကို မနားတမ်း ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ "အဲဒီလူက အနာဂတ်ရှိတယ်။ သူက ချမ်းသာပြီး လှပတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ပေါင်းပြီး သူ့ရဲ့ သက်မွေးမှုလုပ်ငန်းကို လျင်မြန်စွာ တိုးတက်အောင် လုပ်တတ်တယ်။"

ရှန်းတန် ဖြည့်စွက်ပြောသည်။ "ဒါဆို သူမကို ကန်ထုတ်လိုက်။"

ဒါရိုက်တာ ခေါင်းကို ပွတ်သပ်သည်။ "အင်း... မဟုတ်လောက်ပါဘူး။ ချီမိသားစု စီးပွားရေးက ကြီးမားတယ်။ သူ မသေချင်ရင်တော့ အဲလို လုပ်မှာ မဟုတ်ဘူး။"

"ချီမိသားစုလား" ခဏလေး၊ ရင်းနှီးမြှုပ်နှံသူက ချီမိသားစုက မဟုတ်ဘူးလား။ ဒါဆို ရွှေပေါင်လုံးက ချီယွဲ့ မဟုတ်ဘူးလား။

ဝိုး၊ သူမ ကိုယ့်ညီအစ်မအကြောင်း ကောလာဟလကို မတော်တဆ သိလိုက်ရပြီ။

ခဏလေး၊ ဘာလို့ ငါ့ရဲ့ ညီအစ်မက ချစ်ကြိုက်နေတာ ဘာမှ မပြောရတာလဲ။

သူမက သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို တစ်ဖက်သတ် အဆုံးသတ်လိုက်သည်။

ချီယွဲ့လည်း ဒီနေ့လာမယ်လို့ ပြောထားတာကို သတိရတာနဲ့ ရှန်းတန်က ယွမ်ယွမ်ကို သူမရဲ့ ခရီးဆောင်အိတ်တွေ သယ်ခိုင်းလိုက်ပြီး သူမကိုယ်တိုင်ကတော့ ဝင်ပေါက်မှာ စောင့်နေလိုက်သည်။

ဟွန့်၊ သူမ ချီယွဲ့ဆီကနေ ရှင်းလင်းတဲ့ အဖြေတစ်ခုရအောင် တောင်းဆိုတော့မည် ဖြစ်သည်။

မကြာခင်မှာပဲ ချီယွဲ့ရဲ့ ကားလည်း ရောက်လာသည်။

ရှန်းတန် နှုတ်ဆက်ဖို့ သွားတာနဲ့ ကားထဲကနေ လူတစ်ယောက် ဆင်းလာတာကို တွေ့လိုက်ရသည်။

သူက ချောမောပြီး အရပ်လည်း ရှည်သည်။ ဒါပေမဲ့ ရှန်းတန်က အကြောင်းမဲ့ သူ့ကို မကြိုက်မိချေ၊ အတော်လေး ဟန်ပန်များပြီး ဟန်ဆောင်တတ်တယ်လို့ ထင်မိသည်။

ထိုလူက ချီယွဲ့ကို ကားထဲကနေ ဂရုတစိုက် ကူညီပြီး လက်လှမ်းပေးနေတာကို မြင်တော့ ရှန်းတန်က ပြောင်ချော်ချော် ပြောလိုက်သည်။ "အို၊ သာမန်အားဖြင့်ဆိုရင် သူဌေးကြီးအဘိုးကြီးတစ်ယောက်များ လာသလားလို့ ထင်မိလိမ့်မယ်။ ဘာလဲ၊ ခဏလေး မတွေ့ရတာနဲ့ ကားထဲကတောင် ကိုယ့်ဘာသာကိုယ် မဆင်းတတ်တော့ဘူးလား။"

ချီယွဲ့က ဒီစကားကို နားမလည်နိုင်ချေ။

"မနက်စောစောစီးစီး ယမ်းမှုန့် စားလာတာလား။ ပေါက်ကွဲတတ်တဲ့ အနံ့ ပြင်းလိုက်တာ။"

"ငါ အခုပဲ တွေ့လိုက်တာက…"

"ဘာတွေ့တာလဲ" ချီယွဲ့က ထိုလူရဲ့ လက်မောင်းကို ဆွဲကိုင်လိုက်သည်။

"နင့်ကို မိတ်ဆက်ပေးမယ်။ ဒါ ငါ့တူ ထန်ရှုချင်း။"

"ပဉ္စမ…မဟုတ်ဘူး…တူလား။ သူက နင့်တူလား။"

ရှန်းတန်က ထိတ်လန့်တကြား မျက်တောင်ခတ်သည်။ ထန်ရှုချင်းကို ကြည့်လိုက်၊ ပြီးတော့ ချီယွဲ့ကို ကြည့်လိုက်။ သေချာကြည့်တော့ နည်းနည်းတော့ တူတာမျိုး ရှိသည်။

သူမ ခပ်မြန်မြန် ဒါရိုက်တာကို လှည့်ကြည့်လိုက်ရာ သူက သူမကို မကြည့်ဘဲ တခြားနေရာတွေ လိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ သိသိသာသာကို အပြစ်ရှိသလို ဖြစ်နေသည်။

ဝိုး၊ မနက်စောစောစီးစီး အတုအယောင် ကောလာဟလကို ဖော်ထုတ်လိုက်မိပြီ။

ရှန်းတန် နည်းနည်း ရှက်သွားသည်။ "အင်း... တွေ့ရတာ ဝမ်းသာပါတယ်၊ တူကြီး..."

အခု ပြန်ကြည့်တော့ ဟန်ပန်များတာ ဒါမှမဟုတ် ဟန်ဆောင်တာရော ဘယ်မှာလဲ။

အဟမ့်၊ သူက သေသေချာချာကို ကြည့်လိုက်မှ ကြော့ရှင်းတဲ့ ပါရမီရှင်ပဲ။

ထန်ရှုချင်းက မှုန်ကုပ်ကုပ် ပြုံးလိုက်သည်။ "မင်္ဂလာပါ၊ အစ်မကြီးရှန်းတန်။"

"မင်္ဂလာပါ၊ တူကြီး၊ မင်္ဂလာပါ။ အင်း... နှုတ်ဆက်လက်ဆောင် ဘာမှ ပြင်မထားမိလို့ ဒီတုတ်ထိုးချိုချဉ်လေးပဲ ယူသွားပါဦး။"

ရှန်းတန်က သူမ အိတ်ကပ်ထဲကနေ တုတ်ထိုးချိုချဉ်တစ်ခုကို ထုတ်ပြီး ပေးလိုက်သည်။

ထန်ရှုချင်းက မငြင်းဆန်ဘဲ ပြုံးပြီး လက်ခံသည်။

ချီယွဲ့က မျက်ခုံးပင့်သည်။ "ဘာလို့ ပြောင်ချော်ချော် မှတ်ချက်တွေ မပေးတော့တာလဲ။"

ရှန်းတန်က ရှက်ရမ်းရမ်းပြီး သူမရဲ့ လက်မောင်းကို ဆွဲကိုင်သည်။

"နားလည်မှုလွဲတာ၊ အားလုံး နားလည်မှုလွဲတာ၊ အားလုံး သူ့အပြစ်ပဲ။"

ရှန်းတန်က ဒါရိုက်တာကို မညှာမတာ ရောင်းစားလိုက်သည်။

ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေဖြင့် ချီယွဲ့သည် ဒါရိုက်တာနှင့် အတော်လေး ရင်းနှီးပြီး သူ မည်သို့သော လူမျိုးဖြစ်သည်ကို သိသည်။

"သူပြောတာတွေကို နားထောင်ပြီး သေချာ စစ်ဆေးပါ။ သူပြောတာ ဆယ်ခုမှာ ရှစ်ခုက လိမ်တာ။"

ရှန်းတန် ခေါင်းညိတ်သည်။ ကောလာဟလ အတုအယောင်တွေက ဆိုးကျိုးပေးသည်။

သူမ ဒါရိုက်တာကို ကြည့်သည်။ "မြန်မြန် သေချာ ရှင်းပြပါဦး၊ ဒီသတင်းကို ဘယ်ကနေ ကြားတာလဲ။"

မီးခိုးမရှိရင် မီးမတောက်ဘူး။ ကောလာဟလ ပျံ့နှံ့ဖို့အတွက် တစ်စုံတစ်ယောက်က အရင်ပြောခဲ့မှာပဲ။ ဘယ်သူက လျှာဖွာလဲဆိုတာ မသိတာပဲ။

ချီယွဲ့လည်း အလွန် စူးစမ်းချင်သည်။ "ဟုတ်တယ်။ ဘယ်သူက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ ငါ ဒီလိုဆို ရည်းစား ဘယ်လိုရှာရတော့မလဲ။"

ဒါရိုက်တာ ခြောက်ကပ်ကပ် ရယ်သည်။ "အင်း... ဘယ်သူပြောတာလဲဆိုတာ ကျွန်တော်လည်း မသိဘူး။ ကျွန်တော် အွန်လိုင်းမှာ စာကြောင်းတစ်ကြောင်း တွေ့လိုက်တာ..."

ရှန်းတန် : "..."

"ပြီးတော့ ရှင် တကယ် ယုံသွားတာလား။"

သက်သေ အထောက်အထားတောင် မရှိဘူး။ ဒါက ရမ်းသမ်းစွပ်စွဲတာ မဟုတ်ဘူးလား။

ဒါရိုက်တာက ရှက်ရမ်းရမ်း ပြုံးပြီး ဘာရှင်းပြချက်မှ မပေး။

ချီယွဲ့ မျက်လုံးကျဉ်းသွားသည်။ "မမှန်ဘူး။"

"ဘာက မမှန်တာလဲ။"

"ရှင် အွန်လိုင်းမှာ စာကြောင်းတစ်ကြောင်း တွေ့ရုံနဲ့တော့ ယုံသွားမှာ မဟုတ်ဘူး။ မြန်မြန် သေချာ ရှင်းပြ၊ ဘယ်ကနေ တိတိကျကျ ကြားတာလဲ။"

အခန်း ( ၈၈ ) – လူမြင်ကွင်းရှေ့မှာ ကျွန်မကို တမင်တကာ အရှက်ခွဲဖို့ ကြိုးစားနေတာလား။

ဒါရိုက်တာက ရှောင်လွှဲလို့ မရတော့မှန်းသိတော့ သက်ပြင်းချပြီး ပြောသည်။ "ကောင်းပြီ၊ ပြောပြမယ်။ တကယ်တော့ ဂရုချက်တစ်ခုမှာ တွေ့လိုက်တာ။ ပြီးတော့ မင်းတို့နှစ်ယောက်ရဲ့ ပုံတွေလည်း တွေ့လိုက်ရတယ်။ ဘယ်ဂရုလဲ၊ ဘယ်သူပြောတာလဲတော့ မမေးနဲ့၊ ငါ မပြောနိုင်ဘူး။"

ချီယွဲ့က နှုတ်ခမ်းဆူလိုက်သည်၊ "ရှင် မပြောရင်တောင် ငါ ရှာတွေ့နိုင်တယ်။ ရိုက်ကူးရေးအဖွဲ့ထဲက တစ်ယောက်ယောက် ဖြစ်ရမယ်။"

ဒါရိုက်တာက အတည်ပြုခြင်းလည်း မပြု၊ ငြင်းဆိုခြင်းလည်း မပြု၊ သူ နှာခေါင်းကိုသာ ပွတ်သပ်ပြီး "ကျွန်တော် လုပ်စရာတွေ ရှိသေးတယ်၊ အရင်သွားလိုက်ပါဦးမယ်" ဟု ပြောလိုက်သည်။

"ဟေ့၊ ခဏလေး" ချီယွဲ့ရဲ့ အသံကို ကြားတာနဲ့ ဒါရိုက်တာက ချက်ချင်း ပြေးထွက်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်က အဆီတွေ တုန်ခါနေအောင် ပြေးလိုက်တာ အတော်လေး မြန်ဆန်တဲ့ အရှိန်နဲ့ပဲ။

ချီယွဲ့ : "..."

"သူ့ဘောင်းဘီ ပြဲနေတယ်လို့ပဲ သတိပေးမလို့ကို..."

ရှန်းတန်လည်း သတိထားမိလိုက်သည်။ တင်ပါးနားမှာ အပေါက်တစ်ပေါက် ပြဲနေတာ။ သူမ ချောင်းဟန့်ပြီး ပြောတယ်။ "စိတ်မပူပါနဲ့၊ တခြားသူတွေ မြင်ရင်လည်း သတိပေးကြမှာပဲ။"

နောက်ဆုံးတော့ ဒါရိုက်တာက ညဘက် ရိုက်ကူးရေးအဖွဲ့သားတွေ ညစာစားပွဲမှာ အဲဒီဘောင်းဘီကျပ်ကျပ်ကိုပဲ ဝတ်ထားတုန်းပဲ။

သူ ဘောင်းဘီကို ပြင်ဝတ်လိုက်ပြီလား။

ရှန်းတန် ခဏတာ အံ့အားသင့်သွားပြီး သူမက ဒါရိုက်တာရဲ့ နောက်ကျောဘက်ကို တမင်တကာ ပတ်ကြည့်လိုက်သည်။ ဟင်း၊ သူ့ဘောင်းဘီက ပြဲနေတုန်းပဲ။

ဒါရိုက်တာ နောက်လှည့်ကြည့်သည်။ "မင်းက ဘာလို့ ရုတ်တရက် ဒီကို လာတာလဲ။"

ရှန်းတန်က ဒီအကြောင်း ပြောသင့် မပြောသင့် ဝေခွဲမရဖြစ်နေသည်။ တစ်နေ့လုံး ကုန်သွားပြီဆိုတော့ မြင်သင့်တဲ့သူတွေ မြင်ပြီးလောက်ပြီ။

သူမ ပါးစပ်ကို ကွယ်ပြီး တိုးတိုးလေး သတိပေးလိုက်သည်။ "ရှင့်ဘောင်းဘီက ပြဲနေတယ်။"

"ဘာ။"

"ရှင့်ဘောင်းဘီက ပြဲနေတယ်လို့ ပြောတာ။"

အဲဒီအချိန်မှာပဲ သီချင်းက ရုတ်တရက် ရပ်သွားတာကြောင့် ရှန်းတန်ရဲ့ စကားလုံးတွေက အရမ်းကို ထင်ရှားသွားပြီး ဘေးပတ်ဝန်းကျင်ကလူတိုင်း တစ်ပြိုင်နက်တည်း ကြည့်ပြီး ဒါရိုက်တာရဲ့ တင်ပါးကို လိုက်ကြည့်ကြသည်။

ဒါရိုက်တာ : "..."

ရှန်းတန် မျက်နှာမှာ အပြစ်ကင်းတဲ့ ပုံနဲ့ တစ်လှမ်းနောက်ဆုတ်လိုက်သည်။ သူမ အပြစ်မဟုတ်ဘူး၊ သီချင်းက ဘယ်လိုလုပ် ရုတ်တရက် ရပ်သွားမလဲဆိုတာ သူမ ဘယ်သိမလဲ။

ဘာဖြစ်ဖြစ် ဒါရိုက်တာက လုပ်ငန်းခွင်မှာ ကြုံတွေ့ခဲ့ရတာတွေ အများကြီးပဲ။ သူ စိတ်မပူတဲ့ ပုံစံနဲ့ လက်ဝှေ့ယမ်းလိုက်သည်။ "ရပါတယ်၊ ဆက်စားကြရအောင်။"

ဘယ်လိုပဲဖြစ်ဖြစ် တစ်နေ့တာလုံး လူတိုင်း မြင်ပြီးသားပဲ၊ နောက်ထပ် နည်းနည်းလေး မြင်ရတာက ဘာထူးလဲ။

ဒါက စိတ်ပွင့်လင်းတာက ဂုဏ်တစ်ခု ဆိုတဲ့ စကားကို တကယ်ပဲ သရုပ်ဖော်ပြနေတာပဲ။ သူက အခုဖြစ်တဲ့ဟာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အတွင်းစိတ်မှာ ဘယ်တော့မှ ပူပန်မနေဘူး။

အခုလိုပဲ ဒါရိုက်တာက မရှက်ပေမဲ့ တခြားသူတွေကတော့ ရှက်နေကြလေသည်။

ငါ မရှက်သရွေ့ ရှက်ရမှာက တခြားသူတွေပဲ ဆိုတဲ့စကားက တကယ် မှန်တယ်ဆိုတာကို ထောက်ပြလိုက်တာပဲ။

ရှန်းတန် သူ့ထိုင်ခုံကို ပြန်သွားသည်။ ချီယွဲ့က ပုစွန်တစ်ကောင် ခွာပြီး သူမကို ပေးလာခဲ့သည်၊ "မဆိုးဘူး၊ စားကြည့်။”

ရှန်းတန် အသံကို ဟန်ဆောင်ပြီး ပြောလိုက်သည်။ "အိုးမိုင်ဂေါ့၊ ဒါက သခင်မလေး ကိုယ်တိုင် ခွာပေးတဲ့ ပုစွန်မလို့ ကျွန်မ ဒါကို ပြန်ယူပြီး ပူဇော်ပသပါ့မယ်။"

ချီယွဲ့ မျက်လုံးလှန်ကြည့်ပြီး ပြောလိုက်သည်၊ "နင့်ရဲ့ ဟန်ဆောင်မှုတွေ လျှော့ပါဦး။ မဟုတ်ရင် တခြားသူတွေက နင် နောက်ဖေးပေါက်ကနေ ဝင်လာတယ်လို့ ပြောကြမှာ စိုးမိတယ်။"

"ဖွီး...။"

ဘယ်သူက အရင်ရယ်မောလိုက်တယ်ဆိုတာ ဘယ်သူမှ မသိလိုက်ဘူး။ ဒါပေမဲ့ လူတိုင်း တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြသည်။

တစ်ယောက်တည်းသောသူကတော့ တခြားသူတွေနဲ့ မရောနှောဘဲ နေခဲ့သည်။ သူကတော့ ဒုတိယအမျိုးသမီးဇာတ်ဆောင်အဖြစ် သရုပ်ဆောင်တဲ့ ဟော်ကျင်းကျင်းပဲ။ သူမ မျက်နှာမှာ ရွဲ့စောင်းသော အပြုံးနှင့် ထီမထင် မျက်နှာပေးဖြင့် ရှိနေ၏။

သူမရဲ့ လုပ်ရပ်တွေက အရမ်းကို ထင်ရှားလွန်းလို့ ရှန်းတန် မကြည့်ဘဲ မနေနိုင်ဘူး။

ဟော်ကျင်းကျင်းက ခေါင်းမော့ပြီး လှောင်ပြုံးပြုံးရင်း ကြည့်လာခဲ့သည်။

ရှန်းတန် မျက်တောင် ပိတ်လိုက်ဖွင့်လိုက် လုပ်ပြီး သူမ ဘာများ မှားခဲ့မိလဲလို့ တွေးမိနေသည်။

"မင်းကို မေးပါရစေ..."

ဟော်ကျင်းကျင်း သူမရဲ့ ပန်းကန်ခွက်ယောက်တွေကို ချပြီး လက်သုတ်ပုဝါနဲ့ ပါးစပ်ကို သုတ်လိုက်ကာ "ထမင်းစားနေတုန်း စကားမပြောရဘူးဆိုတဲ့ ထုံးတမ်းအစဉ်အလာကို ဘယ်သူမှ မင်းကို မသင်ပေးခဲ့ဘူးလား။"

သူမက ဘယ်သူ့ကိုမှ တိတိကျကျ မပြောခဲ့ပေမဲ့ သူမက ရှန်းတန်ကို ရည်ညွှန်းတာပဲဆိုတာ လူတိုင်း သိကြသည်။

ဒါပေမဲ့ လူတိုင်းက သူတို့လည်း ဆူပူခံရသလို ခံစားနေကြရသည်။

ရှန်းတန် အံ့အားသင့်သံဖြင့် "ရှင်က ကျွန်မကို လူတိုင်းရှေ့မှာ ဒီလို တိုက်ရိုက်မေးနေတာ။ တမင်တကာ လူအများရှေ့မှာ ကျွန်မကို အရှက်ရအောင် လုပ်ချင်နေတာလားဟင်။"

ချီယွဲ့က မရည်ရွယ်ဘဲ ပါးစပ်ကို ဖုံးကွယ်ပြီး ကျယ်လောင်စွာ မရယ်မိအောင် သူမ ဘဝရဲ့ ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းပေါင်းစုံကို စိတ်ထဲမှာ ပြန်တွေးနေမိသည်။

ကြောက်တတ်တဲ့ အဖွဲ့ ကတော့ အကြီးအကျယ် ရှုံးမှာပဲ။

ဟော်ကျင်းကျင်း ရှန်းတန်လိုလူမျိုးနဲ့ ဘယ်တော့မှ မတွေ့ဖူးပုံရသည်။ သူမ ခဏတာမျှ စကားလုံးတွေ ဆုံးရှုံးသွားသည်။

ဟော်ကျင်းကျင်းသည် ထစ်အငေါ့ငေါ့နဲ့ "ကျွန်မ၊ ကျွန်မ..." လို့သာ အသံထွက်လာနိုင်ခဲ့သည်။

သူမကို တကယ်အရှက်ရစေချင်ပေမယ့် ဘယ်သူက ဒီလို တိုက်ရိုက်ပြန်မေးမှာတဲ့လဲ။

"ကျွန်မ ရှင့်ကို ဘာများ ပြစ်မှားမိလို့လဲ" ရှန်းတန် စိတ်ရင်းမှန်နဲ့ မေးလိုက်သည်။ သူမ တကယ်ပဲ အဲ့အဖြေကို သိချင်မိသည်။

ဟော်ကျင်းကျင်း၏ မျက်လုံးများ ချက်ချင်း နီရဲလာခဲ့သည်၊ "ရှင် ဘာလုပ်ခဲ့တယ်ဆိုတာ ရှင်ကိုယ်တိုင်တောင် သေချာမသိဘူးလား။"

အဲလိုပြောပြီးတာနဲ့ သူမ ပြေးထွက်သွားသည်။

ရှန်းတန် အခုတော့ ပိုတောင် ရှုပ်ထွေးသွားပြီ။ သူမက သူ့ကို ဘာများ လုပ်လိုက်မိလို့လဲ။

ဟော်ကျင်းကျင်းရဲ့ အပြုအမူက လေထုအခြေအနေကို တော်တော်လေး ကျဆင်းစေတယ်။ တခြားသူတွေကတော့ ဆက်ပြီး စနောက်သင့်လား ဒါမှမဟုတ် စောစောပြန်သင့်လားဆိုတာ မသိကြဘူး။ သူတို့အားလုံး ဒါရိုက်တာဘက်ကို ကြည့်လိုက်ကြသည်။

"အားလုံး ဆက်လုပ်ကြ။ ငါ ရှောင်ဟော်ကို သွားကြည့်လိုက်ဦးမယ်။" ဒါရိုက်တာက ဘောင်းဘီတစ်ထည် ထပ်လဲဖို့ အခွင့်အရေးကောင်းပဲလို့ တွေးလိုက်သည်။

ရှန်းတန်က နည်းနည်း နေရခက်သလိုဖြစ်ပြီး ချီယွဲ့ကို တိုးတိုးလေး မေးလိုက်သည်၊ "ငါ အဲဒီစကားကို မပြောခဲ့သင့်ဘူးလား။"

ချီယွဲ့က အေးစက်စက် ရယ်လိုက်သည်။ "အရင်ဆုံး ဖားယားတဲ့သူက စျေးပေါတယ်။ သူမကပဲ မင်းကို အရင်ဝေဖန်တာ။ မင်းရဲ့ ပြန်လည်တိုက်ခိုက်တာက မမှားဘူး။ သူမက ပြန်ချေပလို့မရလို့ ရှက်သွားတာ၊ ဒါကြောင့် သူ့အခန်းထဲ ပြန်ပြေးသွားတာလေ။"

ရှန်းတန် ဒီအကြောင်းပြချက်ကို သိပေမဲ့ သူမ နည်းနည်း လွန်သွားပြီလားလို့ မတွေးဘဲ မနေနိုင်ဘူး။

ဘာပဲဖြစ်ဖြစ် တစ်ဖက်က ငိုသွားပုံရသည်။

ဟော်ကျင်းကျင်းက ဒုတိယအမျိုးသမီးဇာတ်ဆောင်ပဲ သရုပ်ဆောင်တာ ဖြစ်ပေမဲ့ သူမက နာမည်မကြီးဘူး။ စဉ်းစားကြည့်တော့ ဒါဟာ သူမ ပထမဆုံးအကြိမ် ဒုတိယအမျိုးသမီးဇာတ်ဆောင်အဖြစ် သရုပ်ဆောင်တာ ဖြစ်နိုင်တယ်။

ဟုတ်ပါတယ်၊ ရှန်းတန်က ဒီလိုပြောတာ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဘာဖြစ်ဖြစ် သူမကိုယ်တိုင်လည်း ဒုတိယအမျိုးသမီးဇာတ်ဆောင်နေရာတွေ အများကြီး မလုပ်ခဲ့ရသေးဘူး။ ရိုက်ကူးရေးတိုင်းမှာ မျက်ရည်နဲ့ ရယ်မောသံတွေ အမြဲရှိတတ်တယ်လို့ ပြောကြတယ်။

"ထားတော့၊ ငါ မစဉ်းစားတော့ဘူး။ စားကြရအောင်။"

ဒီနေ့ကိုတော့ အဖွင့်စားပွဲလို့ သတ်မှတ်လို့ရတယ်။ မနက်ဖြန် စတင်ရမဲ့ ပင်ပန်းတဲ့အလုပ်တွေ မစခင် နောက်ဆုံးအကြိမ် အနားယူပြီး ပျော်ရွှင်တဲ့ ထမင်းစားပွဲပဲ။

ဖေးခယ့်စုန့် ပြောတာအရ ဒီဒါရိုက်တာက အရမ်းစည်းကမ်းတင်းကြပ်တယ်။ သူ မကျေနပ်ရင် သူ စိတ်ကျေနပ်တဲ့အထိ ဇာတ်ကွက်ကို ထပ်ခါထပ်ခါ ပြန်ရိုက်ခိုင်းတတ်ပြီး သူ့ရဲ့ ဆူပူကြိမ်းမောင်းမှုတွေက ဘယ်သူ့ကိုမှ မချန်ဘူး။

ဟုတ်ပါတယ်၊ ရှန်းတန်က ဒါရိုက်တာဆီကနေ အဲဒီလို အပြုအမူမျိုးကို အခုထိ မတွေ့ရသေးပါဘူး။

သူမက ချီယွဲ့နားကို ကပ်ပြီး တိုးတိုးလေး မေးလိုက်ပြန်သည်။ "ဘာလို့ နင့်အစ်ကိုနဲ့ လင်းမြန့်မြန့် ဒီနေ့ မလာကြတာလဲ။”

ချီယွဲ့ရဲ့ မျက်နှာအမူအရာက နည်းနည်းရှုပ်ထွေးသွားသည်။ "အဲဒီလူအကြောင်း ကျွန်မကို မပြောပါနဲ့။ သူက ဖားယားတတ်တဲ့သူတစ်ယောက်ပဲ။"

ရှန်းတန်က ဒီစကားနဲ့ ပတ်သက်ပြီး ဘာမှ မှတ်ချက်မပေးဘူး။

"ဘာမှ အကျိုးမရှိဘဲ ဖားယားနေတာပဲ" ချီယွဲ့ သက်ပြင်းချသည်။

"အင်း၊ ဘယ်သူသိမလဲ..."

နောက်ဆုံးတော့ အမျိုးသမီးဇာတ်ဆောင်က ချီကြွယ်ရဲ့ လက်ထဲ ရောက်သွားနိုင်မလား။

ဟင်း၊ ဘာကြောင့်မှန်းမသိ၊ အဲဒီစာကြောင်းမှာ ပရိယာယ်စကား တစ်ခုခု ပါနေသလို ခံစားရသည်။

အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားသည်။ ရိုက်ကူးရေး စတင်ပြီးနောက်မှာတော့ ရှန်းတန်က ဖေးခယ့်စုန့် ဘာလို့ အဲဒီလိုပြောလဲဆိုတာ နောက်ဆုံးတော့ နားလည်သွားပြီ။

ဟော်ကျင်းကျင်းကို ဒါရိုက်တာက ဆူပူကြိမ်းမောင်းလို့ မျက်ရည်ကျပြီး ထွက်ပြေးသွားတာကို သူမ မျက်စိနဲ့ မြင်လိုက်ရသည်။

ဒီတစ်ခါတော့ ဒါရိုက်တာက သူမကို ပြန်လိုက်မခေါ်ဘူး။ သူက "သရုပ်ဆောင်နိုင်ရင် သရုပ်ဆောင်၊ သရုပ်မဆောင်နိုင်ရင် သွားတော့" လို့ပဲ ပြောသည်။

မကြာခင်မှာပဲ ဟော်ကျင်းကျင်းကို လက်ထောက်တစ်ယောက်က ပြန်ခေါ်လာသည်။ သူမ မျက်လုံးတွေက ငိုထားလို့ နီရဲနေပြီး ဆက်ပြီး ရိုက်ကူးရေး လုပ်သည်။

ရှန်းတန် ထိတ်လန့်သွားသဖြင့် သူမ တိုးတိုးလေး ညည်းတွားလိုက်သည်။ "လူတစ်ယောက်က ဒီလောက် ကွဲပြားတဲ့ ဘက်နှစ်ဖက် ဘယ်လိုလုပ်ပြီး ရှိနေနိုင်တာလဲ။"

ယွမ်ယွမ်က သူမ ကြောက်နေတယ်လို့ ထင်ပြီး နှစ်သိမ့်ပေးသည်။ "မကြောက်ပါနဲ့ အစ်မရှန်းတန်၊ ခင်ဗျားရဲ့ သရုပ်ဆောင်မှုက အရမ်းကောင်းတယ်၊ သိပ်အဆူခံရမှာ မဟုတ်ဘူး။"

ရှန်းတန်ရဲ့ နှုတ်ခမ်းတွေ လှုပ်ရွသွားသည်။ "နင့်စကားတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မ လုံးဝ အဆူမခံရအောင် မလုပ်နိုင်ဘူးလား။"

ယွမ်ယွမ်၏ မျက်နှာတွင် မဖြစ်မနေ ပြုံးလိုက်ရသော အပြုံးတစ်ခု ဖန်တီးလိုက်သည်။

ရှန်းတန် : "..."

"ထားတော့၊ ဆက်မပြောနဲ့တော့။"

ကိုယ့်ကိုယ်ကိုယ် ပိုပြီး အရှက်ရအောင် လုပ်နေဖို့ မလိုတော့ဘူး။ ဘာဖြစ်ဖြစ် ထိပ်တန်းသရုပ်ဆောင်တွေတောင် ဒါရိုက်တာရဲ့ အဆူခံဖူးတယ်လို့ သူမ ကြားဖူးတယ်။

လင်းမြန့်မြန့်ရဲ့ သရုပ်ဆောင်မှုက အတော်လေး ထူးခြားတယ်။ စာအုပ်ထဲက အမျိုးသမီးဇာတ်ဆောင်နဲ့ လိုက်ဖက်တယ်။

ဒါက ရှန်းတန်ရဲ့ သူမနဲ့အတူ ရိုက်တဲ့ မြင်ကွင်းတွေမှာလည်း ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို ဖြစ်ပေါ်စေတယ်။ ပုံမှန်အားဖြင့် သူတို့ ဇာတ်ကွက်ရိုက်ကူးရေးတွေကို တစ်ကြိမ်တည်းနဲ့ အောင်အောင်မြင်မြင် ရိုက်ကူးနိုင်တယ်။

သူတို့ ဇာတ်ကွက်များစွာကို တစ်ကြိမ်တည်းနဲ့ ပြီးမြောက်စွာ ရိုက်ကူးနိုင်ခဲ့သည်။ ဒါရိုက်တာက "မဆိုးဘူး" ဟု ချီးကျူးလိုက်သည်။

ပွင့်ပွင့်လင်းလင်း ပြောရရင် ရှန်းတန်က အဲဒီနှစ်လုံးမှာ ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ခံစားရတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ အဲလို မမြင်ကြဘူး။

ဟော်ကျင်းကျင်းက ဒေါသထွက်နေတဲ့ ငါးဖောင်းကြီးလို ဖောင်းကားနေတဲ့ မျက်နှာနဲ့ လှမ်းကြည့်လိုက်သည်။

ရှန်းတန်က သူ့ကို ပြန်ပြုံးပြသည်။

ဟော်ကျင်းကျင်း ဒေါသထွက်သွားကာ သူမ လက်ထောက်ကို ပြောသည်။ "နင် အဲဒါကို မြင်လိုက်လား၊ သူက တကယ်ပဲ ငါ့ကို လှောင်ပြောင်နေတာ။"

လက်ထောက်လေးက တုံ့ဆိုင်းသွားပြီး "သူက ပုံမှန်ပဲ ပြုံးလိုက်တာလိုပဲ..." ဟုသာ ပြန်ဖြေခဲ့သည်။

"နင်က ငါ့လက်ထောက်လား သူ့လက်ထောက်လား။ ဘာလို့ သူ့အတွက်တောင် စကားပြောပေးနေရတာလဲ။"

"ဟုတ်ကဲ့၊ ကျွန်မက ရှင့်လက်ထောက်ပါပဲ။" လက်ထောက်လေး မျက်နှာမှာ ခါးသက်တဲ့ အပြုံးတစ်ခု ပေါ်လာသည်။ ဒီသခင်မလေးရဲ့ စိတ်နေစိတ်ထားကတော့…

All Chapters