အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း ( ၈၉ ) – နင် ရှိနေရင် ငါ နင့်ကို စိုးရိမ်ပြီး စိတ်မချ ဖြစ်နေမိလိမ့်မယ်
ဟော်ကျင်းကျင်းသည် အရာရာကို စိတ်ဆိုးလွယ်သော ကလေးဆိုးလေးဖြစ်သည်။
သို့သော် ရှန်းတန်ကမူ ပွင့်ပွင့်လင်းလင်း ခံစားချက်ကို ဖော်ပြသူများသည် နောက်ကွယ်မှ ပရိယာယ်ကြံစည်သူများထက် ကြောက်စရာ မကောင်းဘူးဟု ခံယူထားသည်။
သို့တိုင် ဟော်ကျင်းကျင်းက သူ့ကို အဘယ်ကြောင့် ဤမျှမုန်းတီးနေသည်ကို ရှန်းတန် သိလိုစိတ်ပြင်းပြနေဆဲပင်။
တစ်နေ့တွင် ရှန်းတန်သည် ရိုက်ကူးရေးလုပ်ငန်းများ စောစီးစွာ ပြီးမြောက်၍ ပြန်လာစဉ် မျက်ဝန်းများ နီရဲကာ ပန်းခင်းပေါ် ထိုင်နေသော ဟော်ကျင်းကျင်းကို မတော်တဆ တွေ့လိုက်ရသည်။
"ဘာဖြစ်တာလဲ။"
"နင့်ကိစ္စ မဟုတ်ဘူး။"
ရှန်းတန်သည် သူ့အား သိသာစွာ မနှစ်သက်သူတစ်ဦးနှင့် အချိန်ကုန်မခံလို၍ "ဪ" ဟူ၍သာ ပြောကာ လှည့်ထွက်သွားခဲ့သည်။
ထိုအခါ ဟော်ကျင်းကျင်းသည် ပို၍ ဒေါသထွက်လာပြီး "ဟေ့၊ နင်က ဒီအတိုင်း ထွက်သွားတော့မလို့လား" ဟု စိန်ခေါ်လိုက်သည်။
ရှန်းတန်က ပခုံးတွန့်ကာ "ပြီးတော့ ဘာလုပ်ရမှာလဲ" ဟု ရိုးရှင်းစွာ ပြန်မေးလိုက်သည်။
"ငါ့ကို တစ်ခုခု ဖြစ်သွားမှာ မပူဘူးလား။"
ဟော်ကျင်းကျင်း၏ စကားကို ရှန်းတန်က စိတ်ရင်းမှန်ဖြင့် "မပူပါဘူး။ လူကောင်းတွေက အသက်တိုတိုပဲ နေရတာ၊ ပြဿနာရှာတတ်တဲ့သူတွေမှ ကမ္ဘာကြီးမှာ နှစ်ထောင်ပေါင်းများစွာ ဒုက္ခပေးနေတတ်တာ" ဟု ပြန်လည်ဖြေကြားခဲ့ရာ ဟော်ကျင်းကျင်းမှာ စကားလုံးများ ပျောက်ဆုံးသွားခဲ့ရသည်။
ဤမျှ စကားနိုင်လုရန် ခက်ခဲသော ရှန်းတန်ကို သူမ တစ်ခါမျှ မကြုံဖူးသေးဟု တွေးကာ စိတ်ထဲကနေ "ဒီမိန်းမ တော်တော်ဆိုးတာပဲ" ဟု မြည်တမ်းမိသည်။
ဟော်ကျင်းကျင်းက နှာမှုတ်ကာ "ငါ နင့်ကို ဘာလို့ ဒီလောက်မုန်းတာလဲဆိုတာ နင်မသိချင်ဘူးလား" ဟု မေးသည်။
ရှန်းတန်သည် အစက ဤအကြောင်းကို အလွန်သိလိုခဲ့သော်လည်း အကြောင်းရင်းကို မည်သို့မျှ ရှာမတွေ့ခဲ့ပေ။
ယခုမူ ဂရုမစိုက်တော့ပြီဖြစ်၍ ခေါင်းကို ခါယမ်းပြလိုက်ရာ ဟော်ကျင်းကျင်း ဒေါသထွက်၍ ပန်းခင်းပေါ်မှ ထရပ်လိုက်သည်။ "နင် သိချင်ချင် မသိချင်ချင် ငါပြောမှာပဲ" ဟု ကြိမ်းဝါးလိုက်သည်။
"ငါ နင့်ကို ဆန့်ကျင်ရခြင်းရဲ့ အကြောင်းရင်းက..." ဟု ပြောကာနီးတွင် ရှန်းတန်၏ မျက်ဝန်းများထဲတွင် သိချင်စိတ်များ လင်းလက်လာသည်ကို သတိပြုမိသဖြင့် ဟော်ကျင်းကျင်းက ပါးစပ်ကို အမြန်ပိတ်လိုက်သည်။ "ဟာကွာ၊ နင် ငါ့ကို လှည့်စားနိုင်တော့မလို့ပဲ" ဟူ၍ အော်ဟစ်လိုက်သည်။
ရှန်းတန်သည် သက်ပြင်းချကာ လက်မနှင့် လက်ညှိုးကို နည်းနည်းလေး ဟပြရင်း "နှမြောစရာပဲ၊ ဒီလောက်လေးနဲ့ လွဲသွားတာ" ဟု ပြောလိုက်သည်။
ဟော်ကျင်းကျင်းက "ဟွန့်၊ နင်က လိမ္မာပါးနပ်တဲ့ မိန်းမကြီးပဲ။ ကံကောင်းလို့ပေါ့၊ ငါက ဉာဏ်ကောင်းတယ်" ဟု ကျေနပ်စွာ ပြန်ပြောလိုက်သည်။
ရှန်းတန်က "မှားယွင်းစွပ်စွဲတာ၊ ဒါက ကြီးမားတဲ့ နားလည်မှုလွဲခြင်းပဲ။ ကျွန်မက ဥပဒေကို လုံးဝ လိုက်နာတဲ့ နိုင်ငံသားကောင်းပါနော်" ဟု ပြန်အော်လိုက်သည်။
ထိုစဉ် သူတို့ဘေးမှ "ဘုန်း" ဟူသော ပြင်းထန်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ဟော်ကျင်းကျင်း လှည့်ကြည့်ရန် ပြင်သော်လည်း ရှန်းတန်က သူမ၏ မျက်လုံးများကို အုပ်ထားပြီး "မကြည့်နဲ့" ဟု တားမြစ်လိုက်သည်။
"ကျွန်မ ကြည့်ချင်တယ်၊ ဘာဖြစ်တာလဲ" ဟု ရုန်းကန်မေးမြန်းနေသည့် ဟော်ကျင်းကျင်းကို ရှန်းတန်သည် အားကုန်ထိန်းချုပ်ထားရင်း တုန်ရီစွာဖြင့် "တစ်ယောက်ယောက် သေသွားပြီ..." ဟု ပြောလိုက်သည်။
ဟော်ကျင်းကျင်း ချက်ချင်း ငြိမ်သက်သွားပြီး သူမ၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များ ထင်ဟပ်လာခဲ့သည်။ "ဘယ်သူလဲ" ဟု ခက်ခက်ခဲခဲ မြိုချကာ မေးလိုက်သောအခါ ရှန်းတန်က "မသိဘူး" ဟုသာ ပြန်ဖြေသည်။
အလောင်းမှာ မှောက်လျက်ကျနေပြီး ထိခိုက်မှုမှာ ပြင်းထန်လွန်းသဖြင့် မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားနိုင်စွမ်း မရှိတော့ပေ။
ရှန်းတန်သည် တုန်ယင်စွာဖြင့် အရေးပေါ်ဖုန်းနံပါတ် ( ၁၂၀ ) နှင့် ရဲများကို ခေါ်ဆိုခဲ့သော်လည်း အသက်ရှင်သူ မရှိတော့သည်ဟု ယူဆရသဖြင့် မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။
ရိုးရိုးသားသားပြောရလျှင် ရှန်းတန်သည် အလွန်ပင် ကြောက်လန့်နေခဲ့သည်။ သက်ရှိထင်ရှား လူတစ်ဦးသည် သူတို့ဘေးတွင် လာရောက်သေဆုံးခဲ့ပြီး ထိုအဖြစ်အပျက်ကြောင့် အချို့သော အရာများသည် သူတို့၏ အဝတ်အစားများပေါ်သို့ပင် ပက်စင်ပြီး ကျန်ရစ်ခဲ့သည်။
ရှန်းတန်သည် မထိန်းနိုင်တော့သည့်အဆုံး အန်ချင်လာခဲ့သည်။
ထိုအခါ ဟော်ကျင်းကျင်းက စိုးရိမ်စိတ်ဖြင့် ရှန်းတန်၏ အဝတ်စကို ဆွဲကိုင်ကာ "အဆင်ပြေရဲ့လား..." ဟု မေးလိုက်ရာ ရှန်းတန်က "အင်း၊ ငါ အဆင်ပြေပါတယ်..." ဟု အန်ရင်း ပြန်ဖြေသည်။
နေရာသည် အလွန်ဝေးလံခေါင်ပါးသဖြင့် ရဲကားများ ရောက်ရှိလာမှသာ ရိုက်ကူးရေးအဖွဲ့သားများ ထိုအဖြစ်အပျက်ကို သတိပြုမိကြသည်။
ဟော်ကျင်းကျင်း၏ လက်ထောက်သည် ကြောက်လန့်တကြား ပြေးလာပြီး သူမအား ပြန်ခေါ်သွားရန် ကြိုးစားခဲ့သည်။
"ကျင်းကျင်း၊ လာပါ သွားရအောင်။"
ဟော်ကျင်းကျင်းက မသွားလိုကြောင်း ခေါင်းခါခဲ့သော်လည်း လက်ထောက်က "အဝတ်တွေ ညစ်ပတ်နေပြီ..." ဟု ပြောလိုက်ရာ ထိုစကား၏ အဓိပ္ပာယ်ကို သဘောပေါက်သွားသော ဟော်ကျင်းကျင်းသည် ကြောက်လန့်တကြား အော်ဟစ်လိုက်တော့သည်။
ရှန်းတန်သည် ချက်ချင်း သူမ၏ ပါးစပ်ကို ပိတ်ဆို့လိုက်ပြီး "လိမ္မာစမ်းပါ၊ အဝတ်လဲ၊ ရေချိုး၊ ဘာမှမတွေးနဲ့၊ ကောင်းကောင်း အနားယူ" ဟု နှစ်သိမ့်လိုက်သည်။
ဟော်ကျင်းကျင်းသည် စိုးရိမ်တကြီး ရှန်းတန်၏ လက်မောင်းကို ဆွဲကိုင်ကာ နင်ကရော" ဟု မှီခိုတွယ်တာသည့် လေသံဖြင့် မေးလိုက်သည်။
ရှန်းတန်က "ငါ ဒီမှာ ခဏနေလိုက်ဦးမယ်။ မင်း အရင်သွား" ဟု ပြန်ဖြေခဲ့သည်။
ဟော်ကျင်းကျင်းသည် ရဲတားမြစ်မျဉ်းကို လိမ္မာပါးနပ်စွာ ရှောင်ရှားကြည့်ရှုခဲ့ပြီး စိုးရိမ်စိတ်ဖြင့် ခဏခဏ နောက်လှည့်ကြည့်ရင်း ထွက်ခွာသွားခဲ့သည်။ သူမ၏ လက်ထောက်မှာ ဟော်ကျင်းကျင်းသည် သရဲပူးနေပြီလားဟုပင် တွေးမိခဲ့ရသည်၊ အဘယ်ကြောင့်ဆိုသော် ဟော်ကျင်းကျင်းသည် ရှန်းတန်အကြောင်းကို နောက်ကွယ်မှသာ ညည်းတွားတတ်သူ ဖြစ်သောကြောင့်ပင်။
မကြာမီပင် လမ်းသွားလမ်းလာများနှင့် အဖြစ်အပျက်ကို လာရောက်ကြည့်ရှုသူများ ပိုမိုများပြားလာပြီး သေဆုံးသူအကြောင်း ကောလာဟလများ ပြောဆိုနေကြသည်။
ထိုသူတို့၏ စူးစိုက်ကြည့်နေမှုများကို မခံနိုင်တော့သော ရှန်းတန်သည် ရဲများ၏ မေးမြန်းမှုများကို ဖြေကြားပြီးနောက် ဘေးနားရှိ ပန်းခင်းပေါ်တွင် ဝင်ထိုင်လိုက်သည်။
သူမသည် ဖြစ်ပျက်ခဲ့သည့် ကိစ္စကို နားမလည်နိုင်ဖြစ်ကာ စိတ်ထဲတွင် ရုန်းကန်နေဆဲပင်။ သူမသည် အလောင်းများကို မြင်ဖူးခဲ့သော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းအောင် ပျက်စီးနေသည့် အလောင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သူမ၏ ခြေထောက်များပင် တုန်ရီနေသည်။
"ဘယ်လိုလုပ်ပြီး သူ ဖြစ်နေရတာလဲ" ဟူသော ထိတ်လန့်တကြား အသံကို ကြားလိုက်ရရာ ရှန်းတန်က "သူက ဘယ်သူလဲ" ဟု မေးလိုက်သည်။
ထိုလူက ကြောက်လန့်တကြား ခုန်သွားပြီးမှ ရှန်းတန်ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ချက်ချင်း ရှင်းပြသည်။ "သူမက မိတ်ကပ်ပညာရှင်ပါ။ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်။ ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် သတ်သေရတာလဲ..."
ရှန်းတန်က ခေါင်းညိတ်ကာ "ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်လို့ ဘယ်သူ ပြောတာလဲ" ဟု ပြန်မေးလိုက်သည်။
ရဲများပင် ဘာမှ မကြေညာရသေးသည်ကို လူများက ဤသို့ ယူဆချက်များ ချနိုင်သည်ကို သူမ အံ့အားသင့်မိသည်။
ထိုမိန်းကလေးသည် ရုတ်တရက် ထိတ်လန့်သွားပြီး "ကျွန်မ... ကျွန်မ ခန့်မှန်းတာပါ။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဟုတ်ဘူးဆိုရင် အသတ်ခံရတာ ဖြစ်ရမှာပေါ့" ဟု ပြောလိုက်သည်။
"မင်း ခန့်မှန်းတာ ကောင်းလှချည်လား..." ရှန်းတန်သည် ထိုမိန်းကလေးအနီးသို့ တိုးကပ်ကာ တိုးတိုးလေး ပြောသည်။ "နောက်တစ်ခါ ထပ်ခန့်မှန်းကြည့်ပါဦး၊ ဒါဆို သူက ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာလဲ။"
ထိုမိန်းကလေးမှာ ထစ်ထစ်ငေါ့ငေါ့ဖြင့် "ကျွန်မ... ကျွန်မ မသိဘူး..." ဟု ပြန်ဖြေသည်။
"အခုပဲ ကောက်ချက်ချဖို့က စောလွန်းတယ်။ တကယ်လို့ သူမ အသတ်ခံရတာဆိုရင် ဘယ်လိုလုပ်မလဲ။"
ထိုမိန်းကလေးသည် ကြောက်လန့်တကြား တစ်လှမ်းနောက်ဆုတ်သွားသည်။
ရှန်းတန်၏ မျက်နှာအမူအရာက ပုံမှန်ပြန်ဖြစ်သွားပြီး "ဟုတ်ပါတယ်၊ ကျွန်မလည်း ရမ်းသမ်းခန့်မှန်းနေတာပဲ" ဟု ပြောလိုက်သည်။
ထိုမိန်းကလေး ရှက်ရမ်းရမ်းပြုံးကာ "ရှင် ဘာပြောနေတယ်ဆိုတာ ကျွန်မ မသိဘူး။ ကျွန်မ အလုပ်ပြန်သွားရဦးမယ်" ဟု ပြောပြီး အမြန်ထွက်ခွာသွားခဲ့သည်။
"နေပါဦး၊ ရှင့်နာမည် ဘယ်လိုခေါ်လဲ" ဟု ရှန်းတန်က မေးလိုက်ရာ ထိုမိန်းကလေး ခဏတာ တုံ့ဆိုင်းပြီးမှ "ကျွန်မ လီရှုမိန်ပါ" ဟု ဖြေကြားခဲ့သည်။
ရှန်းတန်သည် လီရှုမိန် ထွက်ခွာသွားသည်ကို စူးစိုက်ကြည့်နေခဲ့သည်။
လီရှုမိန်သည် နာမည်အတု ဖြစ်သည်မှာ ပထမဆုံးကြားသည်နှင့်ပင် သိသာထင်ရှားသည်။ ရှန်းတန် ခန့်မှန်းစရာ မလိုခဲ့ပေ။
သူမသည် ထိုမိန်းကလေးကို တမင်တကာ ခြိမ်းခြောက်ခဲ့ကြောင်း ဝန်ခံသည်။
အဘယ်ကြောင့်မှန်းမသိပေမဲ့ သူမ၌ ဆဌမအာရုံတစ်ခုအရ ထိုမိန်းကလေးအပေါ် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိနေခဲ့သည်။
ရှန်းတန်က ၎င်းသည် သူမ၏ အတွေးလွန်မှုသက်သက်သာ ဖြစ်ပါစေဟု မျှော်လင့်နေခဲ့သည်။
အဆိုပါဖြစ်ရပ်ကြောင့် ထိုနေ့တွင် လူတိုင်း အစောကြီးပြန်၍ အနားယူခဲ့ကြသည်။
ရာသီဥတုသည်လည်း မှိုင်းမှိုင်းမှောင်မှောင် ဖြစ်လာပြီး မကြာမီပင် မိုးတွေသည်းကြီးမည်းကြီး ရွာချလာခဲ့သည်။
ရှန်းတန်နှင့် ယွမ်ယွမ်သည် သေးငယ်သော ဧည့်ခန်းတွဲအခန်းလေးတစ်ခုကို မျှဝေသုံးစွဲကြသည်။ နှစ်ယောက်သား ဆိုဖာပေါ်တွင် ကွေးနေကြပြီး ဘာမှလုပ်နိုင်စွမ်းမရှိလောက်အောင် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ကြသည်။
အပြင်ဘက်တွင် မိုးများ တဖြောက်ဖြောက် ရွာနေဆဲပင်။ ညနက်လာသည်နှင့်အမျှ နှစ်ယောက်စလုံး အိပ်ချင်စိတ် မရှိကြသေးပေ။
"အစ်မတန်၊ သူမ ဘယ်လိုများ..." ဟု ယွမ်ယွမ် စတင်ပြောလိုက်စဉ် ရှန်းတန်၏ နားရွက်များ တုန်ခါသွားပြီး မိန်းကလေးကို "ရှူး" ဟု အမြန်တားမြစ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်ကို ဘေးတစောင်း ကိုင်းညွတ်ကာ နားစွင့်လိုက်သည်။ အပြင်ဘက်မှ တိုးတိုးလေး လှုပ်ရှားသံများ ကြားနေရပုံရသည်။
အောက်ထပ်တွင် လူသေမှု ဖြစ်ပွားထားသဖြင့် ယွမ်ယွမ်သည် ကြောက်လန့်တကြား တုန်ရီနေသည်။ ခေါင်းအုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး နောက်ထပ် စကားတစ်ခွန်းမှ ထုတ်မပြောဝံ့တော့ပေ။
ရှန်းတန်သည် ခြေဗလာဖြင့် တံခါးဆီသို့ ခြေဖျားထောက်သွားပြီး နားကို တံခါးတွင် ကပ်လိုက်သည်။ အမှန်ပင် အပြင်ဘက်မှ အသံများ ကြားနေရသည်။ ခြေသံများ၊ ဟိုဒီလှည့်ပတ်နေသည့်အသံများ၊ ပြီးနောက် ပြန်လာသည့်အသံများ၊ နောက်ဆုံးတွင် သူတို့၏ တံခါးရှေ့တွင် ရပ်တန့်သွားသည်ကို ကြားလိုက်ရသည်။
မကြာမီပင် တံခါးသော့ကို ဖွင့်ရန် ကြိုးစားနေသည့် အသံများကို ကြားရသည်။
ဤအသံများကို ကြားလိုက်ရသည်နှင့် ယွမ်ယွမ်သည် ထိတ်လန့်တကြား ငိုင်ပြီး တိတ်ဆိတ်သွားခဲ့သည်။ အရင်က ခုန်ချသေဆုံးခဲ့သည့်သူကို သတိရမိပြီး သူမ၏ စိတ်ထဲတွင် အဆိုးဆုံး ဖြစ်နိုင်ခြေများကို တွေးမိလာသည်။
လူသတ်သမားက သူတို့ကို လာရောက်သတ်ဖြတ်နေခြင်းများလား။ သူတို့လည်း ထိုကဲ့သို့ ရက်စက်သည့် အဆုံးသတ်နှင့် ကြုံတွေ့ရတော့မည်လား။
ယွမ်ယွမ်၏ မျက်ဝန်းများတွင် မျက်ရည်များ ချက်ချင်း စို့လာပြီး "အစ်မတန်..." ဟု တိုးတိုးလေး ညည်းတွားလိုက်သည်။
ရှန်းတန်ကမူ ရဲများကို အရေးပေါ် မက်ဆေ့ခ်ျ တစ်စောင် လျင်မြန်စွာ ပို့ပြီးနေပြီဖြစ်သည်။ သူမသည် ယွမ်ယွမ်ကို ကြည့်ကာ နှုတ်ခမ်းလှုပ်ရုံလေးဖြင့် "ယွမ်ယွမ်၊ နင် ငါ့ကို ယုံလား" ဟု မေးလိုက်သည်။
အစ်မတန်၏ အရင်က ထူးဆန်းသည့် အတွေ့အကြုံများကို သတိရမိသဖြင့် ယွမ်ယွမ် ခေါင်းညိတ်ကာ "ကျွန်မ ယုံတယ်" ဟု ပြန်ဖြေလိုက်သည်။
"ကောင်းပြီ။ အခု အိပ်ခန်းထဲမှာ ကိုယ့်ဘာသာကိုယ် တိတ်တိတ်လေး ပိတ်ထားလိုက်" ဟု ရှန်းတန်က ပြောလိုက်သော်လည်း ယွမ်ယွမ်က ခေါင်းကို ခိုင်မာစွာ ခါယမ်းလိုက်သည်။ "မဖြစ်ဘူး၊ ဒါဆို အစ်မကရော" ဟု မေးလိုက်သည်။
ရှန်းတန်က လေးနက်စွာ "နင် ရှိနေရင် ငါ နင့်ကို စိုးရိမ်ပြီး စိတ်မချ ဖြစ်နေမိလိမ့်မယ်" ဟု ပြောလိုက်သည်။
သို့တိုင် ယွမ်ယွမ်သည် အစ်မတန်ကို တစ်ယောက်တည်း ကျူးကျော်သူနှင့် ရင်ဆိုင်ရန် မထားခဲ့နိုင်။ သူမက အနှောင့်အယှက် ဖြစ်လိမ့်မည်ကို သိလျက်နှင့်ပင် မသွားချင်ခဲ့ပေ။
ယခုဆို အပြင်ကလူသည် သိသိသာသာပင် စိတ်မရှည်တော့ဘဲ သော့ကို အသံကျယ်ကျယ်ဖြင့် ဖွင့်ရန် ကြိုးစားနေပြီဖြစ်သည်။ မိုးရွာခြင်းနှင့် ညနက်ခြင်းကို အားကိုးကာ သူတို့ပြုလုပ်နေသည့် ဆူညံသံများကိုပင် ဂရုမစိုက်တော့ပေ။
ရှန်းတန်က ထပ်မံ တိုက်တွန်းလိုက်သည်။ "ငါ ဘယ်လောက်အားကြီးတယ်ဆိုတာ နင် မေ့သွားပြီလား။ သွား၊ မြန်မြန်။"
အခန်း ( ၉၀ ) – ကောင်းကင်၊ မြေကြီးနှင့် လေကိုပါ တိုက်ထုတ်ခြင်း
ယွမ်ယွမ်သည် နောက်ဆုံးတွင် အိပ်ခန်းထဲ၌ ပုန်းအောင်းကာ ရှိုက်ကြီးတငင် ငိုကြွေးနေလေသည်။
ရှန်းတန်မှာ သက်ပြင်းချလိုက်မိ၏။ သူတစ်ပါးကို ကယ်တင်ရန် မိမိကိုယ်ကို ပေးဆပ်နိုင်လောက်အောင် သူမက သိပ်မစွမ်းဆောင်နိုင်သေးသော်လည်း ဤသည်မှာ ယခုအခိုက်အတန့်အတွက် ဒါက အကောင်းဆုံးသော နည်းလမ်းပင်။
ရှန်းတန်၏ ဦးနှောက်မှာ လျင်မြန်စွာ လည်ပတ်နေသည်။ အပြင်ဘက်မှ လူများသည် ရမ်းသမ်းရောက်ရှိလာခြင်းမျိုး မဟုတ်ဘဲ သူမကို တမင်တကာ ပစ်မှတ်ထား လာရောက်ခြင်း ဖြစ်သည်ဟု ခံစားမိနေသည်။
ရှန်းတန်သည် သစ်သီးလှီးဓားတစ်ချောင်းကို ကိုင်စွဲကာ တံခါးဝတွင် ရပ်စောင့်နေလိုက်၏။
အပြင်ဘက်မှ လှုပ်ရှားသံများ မကြာမီ တိတ်ဆိတ်သွားသဖြင့် ရှန်းတန်မှာ မည်သည့်အသံမျှ မကြားရဘဲ ခဏမျှ စောင့်ဆိုင်းနေလိုက်သည်။
ရုတ်တရက်ဆိုသလို အပြင်ဘက်မှ ကြောက်လန့်တကြား အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။
ထိုအသံကား…
ဟော်ကျင်းကျင်း၏ အသံပင် ဖြစ်သည်။
ရှန်းတန်သည် တံခါးကို လျင်မြန်စွာ ဖွင့်၍ ထွက်ကြည့်လိုက်ရာ ဟော်ကျင်းကျင်းတစ်ယောက် ကြမ်းပြင်ပေါ်တွင် သတိမေ့မြောပြီး လဲကျနေသည်ကိုသာ တွေ့ရပြီး စင်္ကြံတစ်လျှောက်လုံးတွင် မည်သူမျှ မရှိချေ။
သူမ ပြေးသွားကာ ထိုင်ချရန် ပြင်ဆင်လိုက်စဉ်မှာပင် မြေပြင်ပေါ်တွင် အရိပ်တစ်ခု ပိုနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
ရှန်းတန် လှိမ့်၍ ရှောင်လိုက်သည်နှင့် အနက်ရောင်အဝတ်များဖြင့် ဖုံးအုပ်ထားသော ပုံရိပ်တစ်ခုသည် သူမထံသို့ ဓားဖြင့် ထိုးနှက်လာသည်ကို တွေ့လိုက်ရသည်။
ရှန်းတန်သည် အားကုန် ကန်လိုက်ရာ ထိုသူမှာ နံရံသို့ ဆောင့်မိပြီး နာကျင်မှုကြောင့် အသံတိုးတိုးလေး ညည်းတွားသံကို ကြားလိုက်ရသည်။
ထိုသူမှာ ဆက်လက်လုပ်ဆောင်ရန် ကြိုးစားနေဆဲပင် ရဲကားဥဩသံ အောက်ထပ်မှ ထွက်ပေါ်လာသဖြင့် လှည့်ထွက်ပြေးသွားတော့သည်။
ရှန်းတန်သည် ခြေလှမ်းနှစ်လှမ်းမျှ လိုက်ပါခဲ့သော်လည်း ကြမ်းပြင်ပေါ်ရှိ သတိမေ့နေသော ဟော်ကျင်းကျင်းကို စိုးရိမ်သဖြင့် ပြန်လှည့်ခဲ့ရသည်။
ဟော်ကျင်းကျင်း၏ ဝမ်းဗိုက်မှာ သွေးများဖြင့် ရဲရဲနီနေပြီး သွေးများစွာ ထွက်ကျထားသည်ကို တွေ့ရသည်။ ရှန်းတန်မှာ သူမကို မရွှေ့ရဲဘဲ အရေးပေါ်နံပါတ် ( ၁၂၀ ) ကို အမြန်ဆုံး ခေါ်ဆိုလိုက်သည်။
ဆူညံသော ခြေသံများ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်မှ ဧည့်သည်များသည် ယခုမှ သူတို့၏ တံခါးများကို ဖွင့်၍ ကြည့်ရှုကြသည်။
"အိုးမိုင်ဂေါ့၊ ဒဏ်ရာက အရမ်းပြင်းထန်တာပဲ..."
"မြန်မြန်၊ အရေးပေါ်နံပါတ် ( ၁၂၀ ) ကို ခေါ်လိုက်"
"ဘာလို့ သူက သတိမေ့နေတုန်းလဲ၊ သူ..."
"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့"
တီးတိုးရေရွတ်နေသော ပတ်ဝန်းကျင်မှ လူများ၏ စကားများသည် ရှန်းတန်ကို ခေါင်းကိုက်စေသည်။
"တိတ်စမ်း" ရှန်းတန်၏ ခပ်ပြတ်ပြတ် အမိန့်ကြောင့် ပတ်ဝန်းကျင်မှာ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။
ရှန်းတန်သည် တခြားသူများ မိမိအပေါ် မည်သို့ထင်မြင်မည်ကို ဂရုမစိုက်နိုင်တော့ပေ။ သွေးအိုင်နီနီကြီးကိုသာ စိုက်ကြည့်နေပြီး သူမ၏ ဦးခေါင်းမှာ ပေါက်ကွဲလုမတတ်ပင်။
မကြာမီပင် ရဲများနှင့် ဆရာဝန်များ ရောက်ရှိလာပြီး ပတ်ဝန်းကျင်မှာ မငြိမ်မသက် ဖြစ်သွားတော့သည်။ ရှန်းတန်မှာ လူအုပ်ကြီး၏ အပြင်ဘက်တွင် လွင့်မျောနေသလိုပင်။ ချီယွဲ့က ခေါ်သည်ကိုပင် မကြားရသလို ဖြစ်နေတော့သည်။
ခေါင်းမူးဝေမှု တစ်ခု ဝင်ရောက်လာပြီး သူမ လုံးဝ သတိမေ့သွားတော့သည်။
နောက်တစ်ကြိမ် နိုးထလာသောအခါ သူမ ဆေးရုံသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရှန်းတန်သည် မကြာသေးခင်ကမှ ဆေးရုံမှ ဆင်းလာခဲ့ပြီး ယခု ထပ်မံ ရောက်ရှိလာခြင်းဖြစ်ရာ "အကျင့်ပါသွားပြီ၊ ဆေးရုံသွားရတာ အိမ်ပြန်ရသလိုပဲ၊ သက်တောင့်သက်သာရှိလိုက်တာ" ဟု တွေးမိသည်။
သူမ ခေါင်းကို စောင်း၍ ကြည့်လိုက်ရာ ကုဟွိုင်အန်းသည် ဆိုဖာပေါ်တွင် အလုပ်လုပ်နေသည်ကို တွေ့ရသဖြင့် ရုတ်တရက် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
"နိုးပြီလား" ဟူသော ကုဟွိုင်အန်း၏ စကားကြောင့် ရှန်းတန်မှာ မျက်လုံးပြူးသွားပြီး အံ့ဩသွားမိ၏။ သူ ခေါင်းတောင် မော့မကြည့်ဘဲ မိမိ နိုးနေမှန်း ဘယ်လိုလုပ်ပြီး သိသွားတာလဲ။
ရှန်းတန်က မျက်လုံးပိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်ရာ ကုဟွိုင်အန်းက "နိုးရင် သွားရအောင်၊ ဆရာဝန်က ဘာမှ မဖြစ်ဘူး၊ လန့်သွားရုံပဲလို့ ပြောတယ်" ဟု ထပ်မံပြောဆိုပြန်သည်။
ရှန်းတန်က ဆက်မတုံ့ပြန်သဖြင့် ကုဟွိုင်အန်းက တိုက်ရိုက်လာရောက်ကာ သူမ၏ စောင်ကို ဖယ်လိုက်သည်။
ရှန်းတန်က မျက်မှောင်ကြုတ်ကာ "မိန်းကလေးတစ်ယောက်ရဲ့ စောင်ကို ဘယ်လိုလုပ် ဖယ်ရတာလဲ" ဟု ပြောလိုက်ပြီးသည်နှင့် စောင်ကို ပြန်အုပ်ပေးလိုက်သည်။
"တောင်းပန်ပါတယ်၊ ပြန်အုပ်ပေးလိုက်ပြီ" ဟူသော စကားကြောင့် ရှန်းတန်မှာ ဘာပြောရမှန်းမသိတော့ဘဲ မျက်နှာပျက်သွားတော့သည်။
သူမ ဝတ်ထားသော အဝတ်များကို ကြည့်လိုက်တော့ ညက ဝတ်ထားသော ညအိပ်ဝတ်စုံအတိုင်းပင် ဖြစ်နေသည်။ အဝတ်လဲစရာ မလိုဘဲ တိုက်ရိုက်ထွက်ခွာနိုင်မည်ဟု တွေးမိသည်။
"ဘယ်လိုလုပ်ပြီး ဆေးရုံရောက်လာတာလဲ။"
"မိန်းကလေးချီက ပို့ပေးတာ" ဟု ပြန်ဖြေသည်။
"ယွမ်ယွမ် ဘယ်လိုနေလဲ" ဟု ဆက်မေးရာ ကုဟွိုင်အန်း ခဏမျှ တုံ့ဆိုင်းပြီးမှ "အဲဒါ မျက်နှာဝိုင်းဝိုင်းလေးနဲ့ ကောင်မလေးလား။ သူက မင်း သတိလစ်သွားတာကို မြင်တော့ ရှိုက်ကြီးတငင် ငိုနေတာ၊ အသက်တောင် ကောင်းကောင်းမရှူနိုင်ဘူး။ သူ့ကို ပြန်ပို့ခိုင်းလိုက်ပြီ" ဟု ရှင်းပြလိုက်သည်။
"ဒါဆို... ဟော်ကျင်းကျင်းကရော ဘယ်လိုနေလဲ" ဟု မေးလိုက်ရာ "သိပ်မဆိုးပါဘူး၊ အပြင်ဘက်ချုပ်ရိုးနည်းနည်းပဲ ချုပ်လိုက်ရတယ်" ဟု ပြန်ဖြေသည်။
ရှန်းတန်သည် "သူမကို သွားတွေ့ချင်တယ်..." ဟု ပြောလိုက်၏။
အဘယ်ကြောင့်ဆိုသော် ဟော်ကျင်းကျင်း ဒဏ်ရာရရှိခြင်းသည် မိမိနှင့် တစ်နည်းနည်းတော့ သက်ဆိုင်နေသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ ရှန်းတန်မှာ မိမိ ဘယ်သူ့ကို ထပ်ပြီး ရန်စမိပြန်လဲဆိုတာ မသိသေးပေ။
ကုဟွိုင်အန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေသော်လည်း ရှန်းတန်မှာ သိပ်အလေးမထားမိချေ။
"ဪ ဟုတ်သား၊ ညက တိုက်ခိုက်သူကို ဖမ်းမိပြီလား"
ကုဟွိုင်အန်း၏ မျက်လုံးထဲတွင် အေးစက်မှုတစ်ခု လင်းလက်သွားပြီး "မမိဘူး၊ အရမ်းမြန်မြန် ပြေးသွားတာ။ ဒါပေမဲ့ ကောင်းကင်ရဲ့ ကွန်ယက်က ကျယ်တယ်၊ သူ့ပိုက်ကွန်က ကြမ်းပေမဲ့ပေါ့။ သူ ကြာကြာ ပုန်းနိုင်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
သူ့လူများကို ထိခိုက်ရဲသူတို့သည် ပြန်လည်တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ပြင်ဆင်ထားရမည်။
သူသည် လူကောင်းတစ်ယောက် မဟုတ်ပေ။ မဟုတ်လျှင် သူဟာ လွန်ခဲ့သော အချိန်ကြာမြင့်ပြီးကတည်းက ရက်ရက်စက်စက် ဖယ်ရှားခံရမည်ကို သူသိနေသည်။
ရှန်းတန်သည် ရုတ်တရက် ချမ်းစိမ့်စိမ့် ခံစားလိုက်ရပြီး သူ့အဝတ်များကို ပို၍ တင်းအောင် ဆွဲလိုက်သည်။
ဟော်ကျင်းကျင်းမှာ အောက်ထပ်တွင် တည်းခိုနေသည်ကို ရှန်းတန် အစက အံ့ဩမိသည်။ သူမ အောက်ထပ်သို့ ဆင်းလိုက်သည်နှင့် အဘယ်ကြောင့်ဖြစ်သည်ကို နားလည်သွားတော့သည်။
ဟော်ကျင်းကျင်း၏ အော်ဟစ်ငိုယိုသံများကို အဝေးကပင် ကြားနေရသည်။
"ဝါး... အရမ်းနာတယ်... အကိုက်အခဲပျောက်ဆေး လိုချင်တယ်၊ အကိုက်အခဲပျောက်ဆေး ဘယ်မှာလဲ။"
"ဆရာဝန် ဘယ်မှာလဲ၊ ဘာလို့ အခုထိ မလာသေးတာလဲ။"
"အားးးးး ငါ နာလို့ သေတော့မယ်။"
"မေမေ... ဝါး... အိမ်ပြန်ချင်တယ်..."
ပြောရလျှင် နားထောင်ရတာ စိတ်မကောင်းစရာကောင်းသလို ကြောက်ဖို့လည်း ကောင်းလှသည်။
ကံကောင်းထောက်မစွာ ဤသည်မှာ လူနာသိပ်မများသော အဆင့်မြင့် ပုဂ္ဂလိကဆေးရုံ ဖြစ်သောကြောင့် တခြားသူများကို အနှောင့်အယှက် မပေးမိချေ။
ရှန်းတန်သည် မျက်နှာမပျက်ဘဲ ကြိုးကြိုးစားစား လုပ်ကိုင်နေသော သူနာပြုများကို သတိထားမိလိုက်ပြီး စိတ်ထဲကနေ တိတ်တိတ်လေး လက်မထောင်ပြလိုက်သည်။ သူတို့သည် အလွန်ပင် ပရော်ဖက်ရှင်နယ်ဆန်ပြီး ပြင်ပလွှမ်းမိုးမှုများကြောင့် မထိခိုက်ကြချေ။
ရှန်းတန် ဆေးရုံခန်းတံခါးဝနားကိုရောက်တော့ အခန်းတံခါးကို ဖြည်းညှင်းစွာ ခေါက်လိုက်သည်။
အခန်းထဲက ငိုသံတွေ ခဏရပ်သွားပြီးမှ ပြန်လည် ဆက်ငိုနေပြန်သည်။
ရှန်းတန် နားရွက်ကို ကုတ်လိုက်မိသည်။ တံခါးက မပိတ်ထားသဖြင့် အသံကျယ်နေခြင်းဖြစ်မည်ဟု တွေးမိသည်။
သူမ တံခါးကို တိုက်ရိုက်တွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။
ဟော်ကျင်းကျင်းသည် မျက်လုံးများ ပိတ်ထားလျက် အသံကုန် အော်ငိုနေသည်။ သူ၏ မျက်နှာပေါ်တွင် မျက်ရည်တစ်စက်မှ မတွေ့ရသော်လည်း သူမ၏ မျက်နှာမှာ သေလုမြောပါး ဖြူဖျော့နေသည်။
"နေလို့ ကောင်းလား" ဟု ရှန်းတန် မေးလိုက်ရာ သူမ၏ အသံကို ကြားသည်နှင့် ငိုကြွေးသံများ ချက်ချင်း ရပ်တန့်သွားသည်။
ဟော်ကျင်းကျင်း ဆံပင်ကို သပ်သင်ရင်း အနေရခက်စွာဖြင့် “နင်၊ နင် ဘာလို့ ရောက်လာတာလဲ" ဟု ပြောလိုက်သည်။
"နင့်ကို လာကြည့်တာ။ ဒဏ်ရာက အခုထိ နာနေသေးလား" ဟု ရှန်းတန်က မေးလိုက်ရာ ထိုစကားကို ကြားသည်နှင့် ဟော်ကျင်းကျင်း ချက်ချင်း နှုတ်ခမ်းဆူပြီး "အရမ်းနာတယ်..." ဟု ငိုမဲ့မဲ့ပြောသည်။
"စိတ်မကောင်းပါဘူး၊ ငါ့ကြောင့် နင် ဒီထဲပါလာရတာ..."
ရှန်းတန်၏ စကားကြောင့် ဟော်ကျင်းကျင်းသည် မျက်လုံးပြူးကာ အံ့အားတသင့် စိုက်ကြည့်ပြီး "ဘာတွေ လျှောက်ပြောနေတာလဲ၊ ဒါက နင်နဲ့ ဘာဆိုင်လို့လဲ" ဟု ပြန်မေးသည်။
"လာတဲ့သူက ငါ့ကို လာရှာတာ ဖြစ်နိုင်တယ်..." ဤသည်မှာ သူမ၏ ခန့်မှန်းချက်သက်သက် ဖြစ်သော်လည်း ရှန်းတန်က ဒါက ဖြစ်နိုင်ခြေ အလွန်ကြီးမားသည်ဟု ခံစားမိသည်။
ယခု ပြန်တွေးကြည့်တော့ အဲဒီနေ့လယ်က သူမ၏ နှုတ်ဖွာမှုနှင့် သက်ဆိုင်တယ်ဟု ထင်မြင်မိသည်။
သူမကို လာရှာသည့်သူသည် ထိုမိန်းကလေးကို သတ်ခဲ့သည့် လူသတ်သမားများ ဖြစ်နေမည်လား။
"ရှန်းတန်၊ နင် ဒီလိုဆို နည်းနည်း ကွာခြားနေသလိုပဲ" ဟု ဟော်ကျင်းကျင်း ပြောလိုက်ရာ ရှန်းတန်က ခါးသက်စွာ ပြုံးပြီး "ဒါဆို ငါက ဘယ်လိုဖြစ်နေရမှာလဲ" ဟု မေးလိုက်သည်။
"နင်က ကောင်းကင်၊ မြေကြီး၊ လေကိုပါ ဆက်တိုက် မပြောဘဲ နေနိုင်သေးလား။ နင့်ဆီက ငါ အဆဲခံရတာ အကြိမ်ကြိမ်ပဲ။"
"ဒီတစ်ခါတော့ မတူဘူး..." ဟု ပြန်ဖြေသည်။
"ဘာမှ မတူပါဘူး။ ငါ ကိုယ်တိုင် ထွက်သွားတာကို ရွေးချယ်ခဲ့တာ၊ ကံမကောင်းလို့ လူဆိုးနဲ့ တိုက်မိတာ။ နင်နဲ့ ဘာဆိုင်လို့လဲ။ အို၊ ဆက်မတွေးနဲ့တော့။ နင်က ဒဏ်ရာရထားတဲ့သူကို နှစ်သိမ့်ခိုင်းနေတာ၊ တကယ်ပါပဲ..." အစပိုင်းတွင် ဟော်ကျင်းကျင်းသည် အနည်းငယ် အနေရခက်နေသေးသော်လည်း ရှန်းတန်ကို ဤသို့မြင်လိုက်ရသောအခါ ထိုခံစားချက်များအားလုံးကို လုံးဝ ပစ်ပယ်လိုက်တော့သည်။
တစ်ရက်အတွင်းမှာပင် နှစ်ယောက်ကြားက ဆက်ဆံရေး သိသိသာသာ တိုးတက်လာခဲ့သည်။
လက်ထောက်လေးမှာ အစပိုင်းတွင် မယုံကြည်နိုင်ရာမှ ယခုမူ "ဘာပဲဖြစ်ဖြစ်၊ လုပ်ချင်တာလုပ်၊ ငါ ဂရုမစိုက်ဘူး" ဟူသော စိတ်ထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရှန်းတန်က အရင်က ဖြစ်ရပ်ကိုလည်း သတိရသွားပြီး အမြန်မေးလိုက်သည်။ "အခုတော့ ငါ့ကို ဘာလို့ အရင်က ပစ်မှတ်ထားတာလဲဆိုတာ ပြောပြလို့ ရပြီလား။"
ဟော်ကျင်းကျင်းမှာ စကားမပြောနိုင်တော့ဘဲ "ဘာလဲ၊ နင် အဲဒီကိစ္စကို အခုထိ သတိရနေတုန်းလား" ဟု ပြန်မေးသည်။
"ဟုတ်တာပေါ့။ နင် မရှင်းပြရင် ငါ ကောင်းကောင်း စားနိုင် သောက်နိုင်မှာ မဟုတ်ဘူး၊ ကောင်းကောင်း အိပ်နိုင်မှာ မဟုတ်ဘူး။ ငါ…" ဟု ရှန်းတန် စကားမဆုံးခင် "ဝလာလိမ့်မယ်" ဟု ဟော်ကျင်းကျင်းက ဖြည့်စွက်ပြောလိုက်ရာ ရှန်းတန်မှာ ဘာပြောရမှန်းမသိတော့ဘဲ မျက်နှာပျက်သွားတော့သည်။
သူမ မဝလာပါဘူး။
ပိုပြီး သန်မာလာရုံပဲ။