← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း ( ၉၉ ) – မင်း ကိုယ့်ကို တရားဝင်တစ်ခု ပေးနိုင်မလား

ကုဟွိုင်အန်းကို နှုတ်ဆက်ပြီးနောက် ရှန်းတန်သည် အပေါ်ထပ်သို့ တက်သွားခဲ့သည်။

သူမ၏ အစောပိုင်း လုပ်ရပ်သည် အနည်းငယ် စိတ်အလျင်စလို ဖြစ်သွားခဲ့သည်ဟု ရုတ်တရက် ခံစားမိသော်လည်း နောင်တမရခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူမသည် ထိုအဖြေကို တကယ်ပင် သိချင်ခဲ့သောကြောင့် ဖြစ်သည်။

ရှင်းရှင်းပြောရလျှင် သူမသည် ကုဟွိုင်အန်းကို သူမ၏ ရင်ထဲတွင် လက်ခံပြီးသား ဖြစ်သည်၊ သူမသည် ခေါင်းမာနေခြင်း သက်သက်ဖြစ်ပြီး ပြောဆိုခြင်း မရှိသေးခြင်းသာ ဖြစ်သည်။

ဟင်း...၊ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အမာဆုံးအပိုင်းမှာ သူမ၏ ပါးစပ် ဖြစ်သည်။ ကောင်းကင်ပြိုကျလာလျှင်ပင် သူမ၏ ပါးစပ်က ခေါင်းမာမာနဲ့ပဲ ဆက်ပြီး ခံပြောနေဦးမည် ဖြစ်သည်။

ဓာတ်လှေကားမှ ထွက်လာပြီးနောက် သူမသည် ဘေးချင်းကပ်အခန်းမှ အမျိုးသားဇာတ်ဆောင် သရုပ်ဆောင်၏ အခန်းမှ မိန်းကလေးတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။ ရှန်းတန်နှင့် ထိုမိန်းကလေးနှစ်ဦးစလုံး ခဏတာမျှ တုန်လှုပ်သွားကြသည်။

ထိုမိန်းကလေး၏ မျက်နှာပေါ်တွင် မျက်ရည်စများ ရှိနေပုံရသည်။ သူမသည် မျက်နှာကို အလျင်အမြန် ဖုံးအုပ်ပြီး အလောတကြီး ထွက်ခွာသွားခဲ့သည်။

ရှန်းတန်ကလည်း တခြားသူများ၏ ကိစ္စများကို စိတ်ဝင်စားခြင်း မရှိသဖြင့် မမြင်ချင်ယောင်ဆောင်နေခဲ့သည်။

ဟိုတယ်အခန်းသို့ ပြန်ရောက်သောအခါ ရှန်းတန်သည် အနည်းငယ် အိပ်မပျော်နိုင် ဖြစ်နေခဲ့သည်။

သူမသည် မူရင်းစာအုပ်၏ ဇာတ်လမ်းကို ဂရုတစိုက် ဆင်ခြင်သုံးသပ်ကြည့်ခဲ့ပြီး ကုဟွိုင်အန်း မကြာသေးမီက ဘာတွေ အလုပ်များနေသည်ကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားခဲ့သော်လည်း စာအုပ်၏ ဇာတ်လမ်းကို လုံးဝနီးပါး မေ့လျော့နေပြီ ဖြစ်သည်ကို တွေ့ရှိခဲ့သည်။

ရှန်းတန်၏ ရင်ခုန်သံ တဒုန်းဒုန်း မြည်လာသည်။ သူမ မည်သို့ပင် ကြိုးစားတွေးတောကြည့်သော်လည်း တိကျသော အသေးစိတ် အချက်အလက်များကို ပြန်လည် မမှတ်မိနိုင်ခဲ့ပေ။ သူမသည် ဇာတ်ဆောင်၏ နာမည်ကိုသာ မှတ်မိပြီး စာအုပ်ထဲတွင် သူမသည် ဆိုးသွမ်းသော အမြောက်စာဇာတ်ကောင် ဖြစ်သည်ကိုသာ မှတ်မိနေခဲ့သည်။

ရှန်းတန် အနည်းငယ် ကြောက်လန့်သွားသည်။ ဘာတွေဖြစ်နေတာလဲ။ သူမ၏ မှတ်ဉာဏ်ကို ဖျက်ဆီးရန် ကြိုးစားနေကြတာလား။

ထိုအချိန်မှစ၍ သူမသည် သူမ၏ အရင်ဘဝကို တဖြည်းဖြည်း မေ့သွားပါက၊ စာအုပ်ထဲသို့ ဝင်ရောက်လာသည်ကို မေ့သွားပါက၊ နောက်ပိုင်းတွင် စာအုပ်၏ ဇာတ်လမ်းအတိုင်း လိုက်နာရန် အတင်းအကျပ် ခိုင်းစေခံရမည်ကို စိုးရိမ်ခဲ့သည်။

ကြီးမားသော ထိတ်လန့်မှုတစ်ခု သူမကို ဖုံးလွှမ်းလာသည်။ ရှန်းတန် တွေးလေလေ၊ ပို၍ ကြောက်လာလေလေ ဖြစ်သည်။

သူမသည် ကုဟွိုင်အန်းကို ဖုန်းခေါ်ချင်ခဲ့သော်လည်း သူ ကားမောင်းနေသည်ကို ရုတ်တရက် သတိရမိသဖြင့် ရှန်းတန်သည် ဖုန်းကို အလျင်အမြန် ချထားလိုက်သည်။

အိပ်ရာပေါ် လှဲလျောင်းနေစဉ် သူမ၏ လက်နှင့် ခြေထောက်များ ရေခဲကဲ့သို့ အေးစက် လာပြီး မည်သို့မျှ နွေးထွေးအောင် မလုပ်နိုင်တော့ပေ။

သူမ တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပါ။

ရှန်းတန်သည် ကုဟွိုင်အန်း ရောက်လာပြီးမှ ခဏနားရန် စောင့်ဆိုင်းနေခဲ့သည်။ ညဘက် ဒုတိယပိုင်း အိပ်မပျော်ခဲ့သည့်အတွက် သူမ၏ အခြေအနေသည် ယနေ့တွင် မနေ့ကထက်ပင် ပိုဆိုးနေခဲ့သည်။

မိတ်ကပ်ပညာရှင်မှာ မျက်ကွင်းညိုများကို ဖုံးအုပ်ရန် concealer ခပ်ထူထူ လိမ်းပေးရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ပေ။

ယွမ်ယွမ်က အလွန်စိတ်ပူနေသည်။ "အစ်မတန်တန်၊ ခဏနားပြီး တခြားသူတွေကို အရင်ရိုက်ကူးခိုင်းမလား။"

"ကျွန်မ နေကောင်းပါတယ်၊ နောက်ဆို ဒီလိုစကားမျိုး ထပ်မပြောပါနဲ့တော့။"

၎င်းသည် နောက်ထပ် ပြင်းထန်သော အလုပ်များသည့်နေ့ တစ်နေ့ ဖြစ်သည်။ ယနေ့တွင် ရုပ်ရှင်အဖွဲ့သားများ အလုပ်စောစောပြီးဆုံးခဲ့သည်၊ ၎င်းသည် ရှန်းတန်ကိုယ်တိုင်ပင် စိတ်လှုပ်ရှားစေခဲ့သည်။

သူမသည် အလွန်ကြိုးစားနေခဲ့သည်။

နေပါဦး၊ သူမက ငါးဆားနယ်လိုမျိုး ပျင်းရိတဲ့ဘဝကို ဖြတ်သန်းချင်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။

သို့သော် တခြားသူများ အလုပ်ကြိုးစားနေသည်ကို မြင်သောအခါ ရှန်းတန်သည် သူတို့ကို ဆွဲမချချင်တော့ပေ။

အခန်းသို့ ပြန်ရောက်ပြီး မကြာမီတွင် တံခါးခေါက်သံ ကြားရသည်။

ယွမ်ယွမ်က တံခါးဖွင့်လိုက်သောအခါ ရောက်လာသူမှာ အမျိုးသားဇာတ်ဆောင်နေရာမှာ သရုပ်ဆောင်ခဲ့သော နာမည်ကြီး မင်းသား ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။

ပြောရလျှင် ရှန်းတန်သည် သူ့နှင့် အတူရိုက်ကူးသော ဇာတ်ဝင်ခန်းများတွင်သာ ဆက်ဆံဖူးသည်။ ပုဂ္ဂိုလ်ရေးအရ အဆက်အသွယ် မရှိခဲ့ပေ။

"ရှန်းတန် ရှိလား။"

"ဟုတ်ကဲ့၊ ရှိပါတယ်" ထို့နောက် ယွမ်ယွမ်က မျက်နှာသေဖြင့် ခေါင်းငြိမ့်ပြကာ "အစ်မတန်တန်" ဟု လှမ်းခေါ်ပေးလိုက်သည်။

ရှန်းတန်က လျှောက်လာပြီး အံ့အားသင့်စွာ မေးလိုက်သည်။ "ဘာများ အလိုရှိလို့လဲ။"

တိုက်ရိုက်အဖြေမပေးဘဲ မင်းသားက ယွမ်ယွမ်ကို ကြည့်လိုက်သည်။ သူ၏ ရည်ရွယ်ချက်ကို နားလည်သော ယွမ်ယွမ်သည် အခန်းထဲသို့ ဝင်သွားသည်။

မင်းသားသည် စင်္ကြံကို ထပ်မံကြည့်လိုက်သည်။ "ဝင်လာပြီး စကားပြောလို့ အဆင်ပြေမလား။"

"အာ...၊ ဟုတ်ကဲ့၊ ရပါတယ်။"

သူတို့ ဝင်ရောက်ပြီးနောက် နှစ်ဦးသား တိတ်ဆိတ်စွာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

ရှန်းတန်သည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။ "ရှင် ကျွန်မကို ရှာတာက..."

မင်းသားကလည်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။ "ဒီလိုပါ၊ မနေ့ညက...၊ မင်း မြင်ခဲ့ရမှာပါ..."

"ကျွန်မ ဘာမှ မမြင်ခဲ့ပါဘူး၊ ဘာဆိုဘာမှ လုံးဝ မမြင်ခဲ့ပါဘူး။"

ရယ်စရာကောင်းလိုက်တာ။ သူမသည် ပြဿနာကို အမုန်းဆုံးပင်။ သူမသည် တခြားသူများ၏ အငြင်းပွားမှုများတွင် လုံးဝ ပါဝင်ပတ်သက်လိုခြင်း မရှိပါ။

ချစ်သူရည်းစားဖြစ်စေ၊ အထူးအလုပ်အကိုင်ဖြစ်စေ၊ သူမနှင့် လုံးဝ မသက်ဆိုင်ပါ။

မင်းသားသည် ရှန်းတန်၏ မျက်နှာအမူအရာကို ဂရုတစိုက် လေ့လာပြီး သူမ အမှန်အတိုင်း ပြောနေသည်ကို မြင်သောအခါ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

သူက သက်ပြင်းချလိုက်သည်။ "မင်းကိုလည်း ကျွန်တော် ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး။ သူက ကျွန်တော့်ရည်းစားပါ၊ ဒါပေမဲ့ သူက ကောလိပ်ကျောင်းသူလေးပဲရှိသေးတယ်။ ကျွန်တော်တို့ အခုထိ လူသိရှင်ကြား ကြေညာချင်သေးတာ မဟုတ်ပါဘူး။ ကောလာဟလတွေကြောင့် သူမကို ထိခိုက်မှာ စိုးရိမ်လို့ပါ။"

ရှန်းတန်သည် သူတို့၏ အချစ်ဇာတ်လမ်းကို လုံးဝ စိတ်မဝင်စားကြောင်း ပြောချင်ခဲ့သည်မှာ အမှန်ပင်။

သူမက ခေါင်းငြိမ့်လိုက်သည်။ "ကျွန်မ နားလည်ပါပြီ၊ နားလည်ပါပြီ။"

သူမသည် မင်းသား အသက် ( ၃၀ ) ကျော်ပြီ ဖြစ်ကြောင်း သတိရမိသည်။ ဩော်၊ ဒီလို ငယ်ရွယ်တဲ့ ရည်းစားနဲ့ ချိန်းတွေ့ရသည်ကိုး။

မနေ့ညက မိန်းကလေးကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရသော်လည်း ဖျတ်ခနဲ မြင်လိုက်ရုံဖြင့် ထိုမိန်းကလေးသည် အလွန် လှပသည်ကို သူမ ပြောနိုင်ခဲ့သည်။

သူမသည် မင်းသားက ထိုမိန်းကလေးနှင့် ရိုးသားစွာ အတူနေထိုင်သည်ဟုသာ မျှော်လင့်ခဲ့သည်။ မဟုတ်ပါက ဤကမ္ဘာပေါ်တွင် နောက်ထပ် ရင်ကွဲနာကျမည့်သူတစ်ဦး ထပ်ရှိလာပေလိမ့်မည်။

သို့သော် ညသန်းခေါင်တွင် မိန်းကလေးတစ်ဦးကို ငိုပြီး ထွက်သွားစေနိုင်ခြင်းသည် လူကောင်း တစ်ဦး လုပ်သင့်သည့် အရာမျိုး မဟုတ်ပါ။

ရှန်းတန်သည် အတွင်းစိတ်က လှောင်ပြောင်ခဲ့သော်လည်း အပြင်ပန်းတွင် မပြသခဲ့ပေ။

သူမ ပြုံးပြုံးရွှင်ရွှင်ဖြင့် မင်းသားကို နှုတ်ဆက်ပို့ဆောင်လိုက်ပြီးနောက် ပြန်လှည့်လာသည်နှင့် ယွမ်ယွမ်နှင့်အတူ ကောလာဟလများကို ချက်ချင်း စတင် ဖောက်သည်ချခဲ့သည်။

သူတို့နှစ်ဦးစလုံးသည် မင်းသားသည် လူကြီးလူကောင်းမဟုတ်သောသူ တစ်ဦး ဖြစ်သည်ဟု တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြသည်။

အွန်လိုင်းပေါ်တွင် ရှာဖွေကြည့်သောအခါ သူသည် အတိတ်က အမျိုးသမီးသရုပ်ဆောင်များနှင့်လည်း မကြာခဏ ကောလာဟလများ ထွက်ခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါ သတင်းက မည်မျှ မှန်ကန်သည် သို့မဟုတ် မှားသည်ကို မသိရပေ။

သူက အမျိုးသားသရုပ်ဆောင်များနှင့်ပင် လိင်တူချစ်သူ ကောလာဟလများ ရှိခဲ့သေးသည်။

ဩော်...၊ ဩော်....။ ရှန်းတန်နှင့် ယွမ်ယွမ်တို့သည် အလွန် စိတ်ဝင်စားစွာ ဖတ်ရှုနေကြစဉ် ရှန်းတန်သည် ကုဟွိုင်အန်း၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ ထိုအခါမှ သူမသည် ကောလာဟလများ ဖောက်သည်ချနေရင်း အချိန်ကို မေ့လျော့နေပြီဖြစ်သည်ကို ရုတ်တရက် သတိရသွားသည်။

ယွမ်ယွမ်က စနောက်သလို ရယ်မောပြီး ထိုစုံတွဲအတွက် နေရာပေးလိုက်သည်။

ရှန်းတန်သည် ဖုန်းကိုင်ခြင်းမပြုမီ လည်ချောင်းရှင်းလိုက်သည်။ "ဟယ်လို။"

သူမ စကားပြောလိုက်သည်နှင့် ရှန်းတန်သည် သူမ၏ ကိုယ်ပိုင်အသံကြောင့် အံ့ဩသွားခဲ့သည်။ သူမသည် ဘာဂျာ တစ်ခုကို မြိုချလိုက်သလို အသံထွက်နေခဲ့သည်။

"ဘာတွေ အလုပ်များနေတာလဲ။"

"ကျွန်မ မနေ့ညက ဖြစ်ခဲ့တာတွေ ပြောပြမယ်..."

ရှန်းတန်သည် မင်းသားနှင့် သူ၏ ချစ်သူအကြောင်းကို ကုဟွိုင်အန်းကို ထပ်မံ၍ အတင်းချပြောဆိုခဲ့ပြန်သည်။ အထူးသဖြင့် မိန်းကလေးတစ်ဦးတည်း ညနက်သန်းခေါင်တွင် ငိုပြီး ထွက်သွားရခြင်းသည် အနည်းငယ် လွန်လွန်းသည်ဟု အလေးအနက် ပြောဆိုခဲ့သည်။

အကြောင်းပြချက် မည်သို့ပင်ရှိစေကာမူ ထိုသို့ပြုလုပ်ခြင်းကို တရားမျှတအောင် မည်သို့မျှ ပြော၍ မရနိုင်ပါ။

ကုဟွိုင်အန်းက ရံဖန်ရံခါတွင် ညင်သာစွာ တုံ့ပြန်ခဲ့သည်။ သူတို့နှစ်ဦးကြား ဆက်ဆံရေး၏ လက်ရှိအခြေအနေသည် အသက်ကြီးသော လင်မယားစုံတွဲ ၏ ဘဝပုံစံနှင့် အနည်းငယ် ဆင်တူနေခဲ့သည်။

ထို့အပြင် ရှန်းတန်သည် ရုပ်ရှင်အဖွဲ့သားများမှ ကောလာဟလအချို့ကို ပြောပြခဲ့သည်။ ကုဟွိုင်အန်းက သူမ ပြောဆိုနေတာကို နားထောင်ရတာ ကြိုက်သည်၊ မကြိုက်သည်ကို သူမ မသိသော်လည်း သူမကမူ အလွန်စိတ်ဝင်တစား ပြောဆိုခဲ့သည်။

"ကျွန်မကို စိတ်အနှောင့်အယှက်ပေးနေတဲ့သူလို့ ရှင် ထင်လား။"

"မထင်ပါဘူး။"

"တကယ်လား။"

"တကယ်ပါ။"

"ဒါနဲ့၊ ရှင် အလုပ်တွေ ပြီးပြီလား။"

"ပြီးလုနီးပါးဖြစ်နေပြီ။ ဒီကိစ္စ ပြီးတာနဲ့ ကိုယ်လည်း မင်းကို လာပြီး အဖော်ပြုဖို့ အချိန်ယူလို့ ရပြီ။"

"ဘယ်သူက ရှင့်ကို အဖော်ပြုစေချင်လို့လဲ။"

"ဒါဆို မင်းကရော ဘယ်သူ့ကို အဖော်ပြုစေချင်တာလဲ။"

ရှန်းတန်သည် ကုဟွိုင်အန်း၏ အလေးအနက်ထားသော လေသံကြောင့် ခဏတာ စကားလုံးများ ဆွံ့အသွားခဲ့သည်။ သူမသည် အစောပိုင်းက သူ့ကို ပျော်ရွှင်စွာ စနောက်နေခဲ့ခြင်းသာ ဖြစ်သည်။ သူမက သူ့ကို အဖော်ပြုစေလိုခြင်း မရှိဟု တကယ်ပြောဆိုခြင်း မဟုတ်ပါ။

ကံမကောင်းစွာဖြင့် ကုဟွိုင်အန်းသည် သူမ၏ စိတ်ကို ဖတ်ရန် အလွန်ဝေးကွာနေခဲ့သည်။

ရှန်းတန်က ကုဟွိုင်အန်းကို သူတို့၏ ဆက်ဆံရေးနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အဖြေမပေးသေးတဲ့အတွက် ဒါမှမဟုတ် တိကျတဲ့ ရည်းစားဆိုတဲ့ အမည်နာမတစ်ခုကို မသတ်မှတ်ပေးသေးတဲ့အတွက် စီးပွားရေးနယ်ပယ်မှာ ထက်မြက်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး ကုဟွိုင်အန်းပင်လျှင် အနည်းငယ် စိတ်မလုံခြုံရှိနေဆဲ ဖြစ်သည်။

"တန်..."

"အွန်း…ပြောလေ။"

"မင်း ကိုယ့်ကို တရားဝင်နေရာ တစ်ခု ပေးလို့ မရဘူးလားဟင်။"

ကုဟွိုင်အန်း၏ အနည်းငယ် ဝမ်းနည်းဖွယ်ကောင်းသော လေသံသည် ရှန်းတန်ကို စိတ်မချမ်းမသာဖြစ်စေခဲ့သည်ဟု ဆိုရပေမည်။

"ကောင်းပြီလေ။"

ရှန်းတန်သည် သူမ ကိုယ်တိုင် ထိုစကားကို ပြောလိုက်သည်ကို သူမ ကြားလိုက်ရသည်။

အခန်း ( ၁၀၀ ) – ချစ်သူတစ်ဦး၏ တာဝန်ဝတ္တရားများ

ရှန်းတန်နှင့် ကုဟွိုင်အန်း နှစ်ဦးစလုံးသည် ချစ်သူဘဝသို့ ရောက်ရှိသွားသော အထောက်အထား အပြောင်းအလဲကြောင့် အနည်းငယ် ရှက်ရွံ့နေကြသည်။

ကုဟွိုင်အန်း၏ အသံတွင် ထိန်းမနိုင်အောင် ဝမ်းမြောက်ပျော်ရွှင်မှုများ ပြည့်နှက်နေသည်၊ "မင်းကို အခုချက်ချင်း လာတွေ့ချင်လိုက်တာ။"

"အလျင်လိုမနေပါနဲ့၊ ကျွန်မတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။"

ရှန်းတန်က ခပ်ရွဲ့ရွဲ့ ပြုံးလိုက်သည်။ "ဒါဆို ရည်းစားလေး၊ ရှင့်ရဲ့ ရည်းစားတစ်ယောက်အနေနဲ့ ထမ်းဆောင်သင့်တဲ့ တာဝန်တွေကို မထမ်းဆောင်သေးဘူးလား။"

ကုဟွိုင်အန်း ခဏတာမျှ ကြောင်သွားသည်။ "ဘာတာဝန်တွေလဲ။"

"ရှင့်ရဲ့ ဝမ်းဗိုက်ကြွက်သားလှလှလေးတွေကို ပြပေးပါလား။"

ကုဟွိုင်အန်း၏ နားရွက်များ ရဲလာသည်၊ သူက တိုးတိုးလေး ပြောသည်။ "အဲဒါ... အဲဒါက သိပ်မသင့်တော်ဘူး မဟုတ်လား"

"ဘာမှ မသင့်တော်စရာ မရှိပါဘူး၊ ကျွန်မက သူစိမ်းမှ မဟုတ်တာ။"

ရှန်းတန်သည် သူမက အလှလေးတွေကို အနှောင့်အယှက်ပေးနေသော လူအိုကြီးတစ်ဦး ဖြစ်သွားသလို ရုတ်တရက် ခံစားလိုက်ရသည်။

သူမက စနောက်နေခြင်းသာ ဖြစ်သော်လည်း ကုဟွိုင်အန်းက ကင်မရာကို တကယ်ချပြီး လက်တစ်ဖက်တည်းဖြင့် ကြယ်သီးဖြုတ်တော့မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ၏ သွယ်လျသော၊ ကျွမ်းကျင်သော လက်ချောင်းများသည် ဝတ်စုံ၏ ကြယ်သီးကို ဖြည်းဖြည်းချင်း ဖြုတ်လိုက်ပြီးနောက် အင်္ကျီကြယ်သီးကို ဆက်ဖြုတ်သည်။

ရှန်းတန်၏ မျက်လုံးများ ထိန်းမရအောင် ပြူးကျယ်လာသည်။ သူမ သွားရည်မြိုချသံကို ကိုယ်တိုင်ပင် ကြားလိုက်ရသလို ခံစားလိုက်ရသည်။

ထိုအချိန်တွင် တံခါးခေါက်သံ ကြားရသည်။ ရှန်းတန်သည် သူမ၏ အခန်းဟု ထင်ခဲ့သော်လည်း ကုဟွိုင်အန်း၏ ဘက်ခြမ်းမှ ဖြစ်နေသည်။

ထို့နောက် လက်ထောက်ကန်း၏ အသံ ထွက်ပေါ်လာသည်။ "ဥက္ကဋ္ဌကု၊ ဥက္ကဋ္ဌချန် ရောက်လာပါတယ်။"

ကုဟွိုင်အန်း၏ လက်များ ရပ်တန့်သွားပြီး သူက ရယ်မောလိုက်သည်။ "မင်း မြင်ခွင့်ရတော့မှာ မဟုတ်ဘူး ထင်တယ်။"

ရှန်းတန် အလွန်အမင်း စိတ်ပျက်သွားသည်။ ဤဥက္ကဋ္ဌချန်သည် အချိန်အများကြီးရှိတဲ့အထဲမှ အဘယ်ကြောင့် ယခုအချိန်မှ ရောက်လာရသနည်း။

"ရှင် သွားပြီး ကိုင်တွယ်လိုက်ပါ၊ ကျွန်မဘက်မှာလည်း လုပ်စရာ ရှိသေးတယ်။"

ဗီဒီယိုဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ပြီးနောက် ရှန်းတန်သည် တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဟွန့်၊ ဝမ်းဗိုက်ကြွက်သားလှလှလေးတွေပါပဲ၊ တကယ်ကြီး သိပ်ကြည့်ချင်တာ မဟုတ်ပါဘူး။"

"အွန်လိုင်းမှာ ဝမ်းဗိုက်ကြွက်သား လှလှလေးတွေကို ပြသနေတဲ့ လူငယ်ကောင်လေးတွေ အများကြီးပဲ၊ ကြည့်ရတာလည်း များနေပြီမို့ ရိုးနေပါပြီလေ။"

ရှန်းတန်၏ စိတ်ပျက်နေသော မျက်နှာကို လျစ်လျူရှုပါက သူမ၏ စကားများသည် ယုံကြည်ဖွယ် ကောင်းလှသည်။

သူမ ဝေ့ပေါ်ကို ဖွင့်ပြီး သူမ၏ နောက်တစ်ကောင့် သို့ ဝင်လိုက်ရာ သူမ၏ ပင်မစာမျက်နှာထဲတွင် မိန်းမချောလေးများနှင့် ကောင်ချောလေးများ အတော်များများကို တွေ့လိုက်ရသည်။

သို့သော် သူမ အရင်က အလွန်နှစ်သက်ခဲ့သော အကြောင်းအရာများသည် ယခုအခါ မည်သို့မျှ ဆွဲဆောင်မှုမရှိတော့ဟု ထင်ရသည်။

ဘာတွေဖြစ်နေတာပါလိမ့်။ ဝမ်းဗိုက်ကြွက်သားလှလှလေးတွေကို ကြည့်ဖို့ သို့မဟုတ် ထိတွေ့ဖို့ ကြိုးစားတိုင်း တစ်ခုခုက ဝင်နှောင့်ယှက်နေသလိုပါပဲလား။

ရှန်းတန်သည် ငါးပူတင်းလေး တစ်ကောင်ကဲ့သို့ အလွန်စိတ်ဆိုးနေသည်။

ထိုအချိန် တံခါး ခေါက်သံ ကြားလိုက်ရပြီး​ ရှန်းတန်သည် စိတ်မရှည်စွာ လှမ်းမေးလိုက်သည်။ "ဘယ်သူလဲ"

"တန်တန်၊ ငါပါ၊ မြန်မြန်လေး တံခါးဖွင့်ပေးဦး။"

ရှန်းတန် တံခါးဖွင့်လိုက်သည်နှင့် ချီယွဲ့သည် လျှပ်စီးကဲ့သို့ ဝင်ရောက်လာသည်။

"မြန်မြန်၊ တံခါးပိတ်လိုက်။"

ရှန်းတန် တံခါးပိတ်ပြီးနောက် ချီယွဲ့၏ သူခိုးကဲ့သို့ ပုံစံကို ကြည့်လိုက်ရာ လုံးဝ နားမလည်နိုင် ဖြစ်နေသည်။ "ဘာတွေဖြစ်နေတာလဲ"

ချီယွဲ့သည် ရေခဲသေတ္တာထဲမှ ရေပုလင်း တစ်ဝက်လောက်ကို ရှက်ကိုးရှက်ကန်း ယူသောက်လိုက်ပြီးနောက် ဆိုဖာပေါ် ဝင်ထိုင်လိုက်သည်။

"မတော်တဆမှု နည်းနည်းလေး ဖြစ်သွားတယ်။"

"ဘာမတော်တဆမှုလဲ။"

"ငါ ခုနလေးတင် ငါ့အစ်ကိုကို လင်းမြန့်မြန့်ရဲ့ အခန်းထဲကနေ ထွက်လာတာ တွေ့လိုက်တယ်။"

"အာ… သူတို့က အကြီးအကဲနဲ့ လက်အောက်ငယ်သား ဆက်ဆံရေးပဲလေ၊ အလုပ်ကိစ္စ ဆွေးနွေးတာပဲ ဖြစ်မှာပါ၊ ဘာမှ မဖြစ်နိုင်ပါဘူးနော်။"

ချီယွဲ့က စားပွဲကို ရိုက်လိုက်ကာ နာကျင်မှုကြောင့် အသက်ကို ပြင်းပြင်း ရှိုက်သွင်းလိုက်သည်။

"အိုး၊ ပြဿနာကြီးပဲ။ အဓိကက ငါ့အစ်ကိုက ပုံပန်းသဏ္ဍာန် မသပ်ရပ်ဘူး၊ နှုတ်ခမ်းနီအရာတွေက သူ့မျက်နှာပေါ်မှာ ရှိနေတုန်းပဲ။"

ရှန်းတန်၏ ပါးစပ် ပို၍ကျယ်လာသည်ကို မြင်သောအခါ ချီယွဲ့က မေးသည်။ "အံ့ဩစရာကောင်းတယ် မဟုတ်လား။ ငါ့အစ်ကိုလို ပိုးပမ်းသူ တစ်ယောက် တကယ်ကို အောင်မြင်တဲ့နေ့ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ နောက်ပိုးသူတစ်ဦးက နောက်ဆုံးမှာ သူနဲ့ ထိုက်တန်တာကို ရသွားတာပဲ။"

ရှန်းတန်သည် တကယ်ပင် အံ့ဩသွားသည်။ လင်းမြန့်မြန့်သည် ဤစာအုပ်၏ အမျိုးသမီးဇာတ်ဆောင် ဖြစ်သည်၊ သို့သော် သူမသည် ချီကြွယ်၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်လား။

သူမသည် အသေးစိတ် အချက်အလက်များကို မမှတ်မိသော်လည်း ချီကြွယ်သည် အမျိုးသမီးဇာတ်ဆောင် လင်းမြန့်မြန့်၏ သဘောကျသူများထဲမှ တစ်ဦးဖြစ်သည်ကို သိခဲ့သည်၊ တစ်ဦးတည်းသောသူ မဟုတ်ပါ။

"ဒါက... သူတို့ အတူတူရှိနေတယ်လို့ မဆိုလိုနိုင်ဘူးလေ၊ အရွယ်ရောက်ပြီးလူနှစ်ယောက်ကြားက မတော်တဆမှု တစ်ခုခု ဖြစ်သွားတာလည်း ဖြစ်နိုင်တယ်..."

ရှန်းတန်သည် လုံးဝ မသေချာခဲ့ပေ။ သူမသည် ချီယွဲ့ကိုလား သို့မဟုတ် သူမကိုယ်သူမလား ထိုစကားများဖြင့် ဆွဲဆောင်ရန် ကြိုးစားနေသည်ကို သူမ မသိခဲ့ပါ။

တကယ်တမ်းတွင် လင်းမြန့်မြန့်နှင့် ချီကြွယ် တကယ် အတူတူရှိနေလျှင်ပင် ရှန်းတန်ကို လုံးဝ သက်ရောက်မှု မရှိပါ။

စာအုပ်ထဲက ဇာတ်လမ်းက သွေဖည်ပြီးသား ဖြစ်နေပြီ၊ ၎င်းသည် အေးစက်ပြီး အသက်မဲ့သော စကားလုံးများ မဟုတ်တော့ဘဲ တကယ့် အသက်ရှိသော ကမ္ဘာ တစ်ခု ဖြစ်နေပြီ။

သူတို့သည် စုတ်ချက်အနည်းငယ်ဖြင့် ဖော်ပြထားသော မရေရာသည့် အရံဇာတ်ကောင်များ မဟုတ်တော့ဘဲ ကိုယ်ပိုင် အတွေးအမြင်များရှိသော တကယ့် သွေးသားဖြင့် တည်ဆောက်ထားသော လူများ ဖြစ်ကြသည်။ သူတို့၏ လုပ်ဆောင်မှုတိုင်းသည် ဇာတ်လမ်းကို မတူညီသော လမ်းကြောင်းသို့ ပို့ဆောင်ပေးနိုင်သည်။

ဤသို့ တွေးမိသောအခါ ရှန်းတန်၏ အစောပိုင်းမှ စိုးရိမ်ပူပန်မှုများ တစ်စစီ ပျောက်ကွယ်သွားသည်။

အမျိုးသမီးဇာတ်ဆောင်ပင် ပြောင်းလဲသွားပြီဆိုတော့ သူမလို အမြောက်စာဇာတ်ကောင်လေး တစ်ယောက်က ကောင်းကောင်းမွန်မွန် ဖြစ်မှာပါနော်။

ဒီလိုကြည့်မယ်ဆိုရင် ဇာတ်လမ်း အသေးစိတ်တွေကို မေ့သွားတာတောင် အရေးမကြီးတော့ဘူး၊ ရှန်းတန်သည် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။

"တန်တန်ရေ။"

"အသိပြန်ဝင်ဦး။"

ချီယွဲ့သည် ရှန်းတန်၏ မျက်နှာရှေ့တွင် လက်ဝှေ့ယမ်းပြပြီး သူမကို အာရုံပြန်စိုက်စေသည်။

"ဘာတွေ စဉ်းစားနေတာလဲ။"

ရှန်းတန်က ပြုံးလိုက်သည်။ "ငါ့မှာလည်း ပြောစရာ သတင်းကောင်း ရှိတယ်။"

"ဘာသတင်းကောင်းလဲ။ မင်းနဲ့ ဥက္ကဋ္ဌကုတို့ ...ပြီးသွားပြီလို့တော့ မပြောနဲ့နော်..." ချီယွဲ့သည် လက်မနှစ်ချောင်းကို ပူးပြီး ဆိုးသွမ်းစွာ ပြုံးလိုက်သည်။

ရှန်းတန်က မျက်လုံးလှန်လိုက်သည်။ "နင်က အဲဒီလောက်ပဲ တွေးနိုင်တာလား။"

“အရွယ်ရောက်ပြီးတဲ့ လူကြီးတွေ ရင်းရင်းနှီးနှီး နေထိုင်တာ ဘာများ မှားလို့လဲ၊ ဥပဒေနဲ့မှ မငြိစွန်းတာ။"

"ဥပဒေနဲ့ မငြိစွန်းပါဘူး၊ ဒါပေမဲ့ ငါက အဆင်သင့် မဖြစ်သေးတာ..."

ချီယွဲ့ လုံးဝ ကြောင်သွားသည်။ "နင်တို့နှစ်ယောက် တကယ်တောင် နမ်းဖူးတာ မဟုတ်သေးဘူးနော်။ ပလေတိုးနစ်ဆက်ဆံရေးလား။"

"နမ်းတော့ နမ်းဖူးတယ်..."

ဤသို့ပြောရင်း ရှန်းတန်သည် မတော်တဆပင် ထိုနမ်းရှိုက်သည့် မြင်ကွင်းကို ပြန်လည်အမှတ်ရမိသည်။

သူမ ဝန်ခံရမည်မှာ ကုဟွိုင်အန်းသည် အလွန် ကျွမ်းကျင်သော အနမ်းသမား ဖြစ်သည်။ သူသည် အခြား မည်သူနှင့်မျှ နမ်းဖူးခြင်းမရှိဟု သူမ မသိခဲ့ပါက သူ တစ်နေရာရာတွင် လေ့ကျင့်ထားသည်ဟု သံသယဝင်မိမည်ပင်။

ချီယွဲ့က ကျွတ်သပ်လိုက်သည်။ "ဘာ ဆိုးဆိုးဝါးဝါး အတွေးတွေ တွေးနေတာလဲ၊ နင့်မျက်နှာ တစ်ခုလုံး ရဲနေပြီ။"

"ဘာမှ... မတွေးပါဘူး..."

ရှန်းတန်သည် ရှက်ကိုးရှက်ကန်းဖြင့် အကြည့်လွှဲလိုက်သည်။

ချီယွဲ့ကမူ သူမ၏ အပြောကို လုံးဝ မယုံကြည်ပါ။ "တစ်ချက်ကြည့်လိုက်တာနဲ့ နင် ညစ်ညစ်ညမ်းညမ်း စဉ်းစားနေတာ သိသာတယ်၊ နောက်အပတ်မှာ ရိုက်ကူးဖို့ ဇာတ်ဝင်ခန်းတွေ မရှိဘူး မဟုတ်လား။"

"ဟုတ်တယ်။"

"ဒါဆို ဥက္ကဋ္ဌကုနဲ့ တွေ့မလို့လား။"

ရှန်းတန် မျက်တောင်ခတ်လိုက်သည်။ "နင် ဘယ်လိုသိတာလဲ။"

"ခန့်မှန်းတာ၊ ခြေဖျားလေးနဲ့တောင် ပြောနိုင်တယ်။" ချီယွဲ့သည် မေးစေ့ကို ပွတ်သပ်ရင်း မျက်လုံးလှန်ကြည့်သည်။ "နင် မနက်ဖြန် မသွားခင် ငါ့ကို ပြောပြဦး၊ ငါ လက်ဆောင် တစ်ခု ပေးလိုက်မယ်။"

"ဘာလက်ဆောင်လဲ။"

"ငါ စောစော ပြောလိုက်ရင် အံ့ဩစရာ မဖြစ်တော့ဘူးလေ၊ ဒီလောက်ပါပဲ၊ ငါ သွားတော့မယ်။"

သူမ ပြောသည့်အတိုင်းပင် ချီယွဲ့သည် သူမ ရောက်လာသကဲ့သို့ အလျင်အမြန်ပင် ပြန်သွားသည်။ သူမ၏ အစောပိုင်း သူခိုးကဲ့သို့ ပုံစံနှင့် လုံးဝ ကွဲပြားသည်။

ဂိမ်းမကစားဖြစ်တာ ကြာပြီဖြစ်၍ ရှန်းတန် ဝီချက်ကို ဖွင့်လိုက်ရာ မြောင်မြောင်က သူမကို ဂိမ်းကစားရန် တိုက်တွန်းနေသည်ကို တွေ့လိုက်ရသည်။ အရင်က သူများတွေက သူမကို မိုက်မိုက်မဲမဲ အသုံးချခဲ့ပုံကို ပြန်တွေးမိပြီး ရှန်းတန်သည် အဖွဲ့ဖွဲ့ရန် မလိုချင်တော့ပေ။

ရှန်းတန်သည် အတွေးတစ်ခု ရုတ်တရက် ပေါ်လာပြီး သူမ မက်ဆေ့ချ်ပို့လိုက်သည်။

[အချစ်ရူးမျောက် : ဂိမ်းဆော့မလား။]

[မြောင်မြောင်: လာပြီ။]

သူမနှင့်အတူ အဆင့်များစွာကို အလွယ်တကူ အနိုင်ရပြီးနောက် ရှန်းတန်သည် အသံကို ဖွင့်ကာ မေးသည်။ "ဒါဆို မင်းအစ်ကိုနဲ့ သူ့လရောင်ဖြူလေးကြားက ကိစ္စ ဘယ်လိုဖြစ်နေပြီလဲ။"

မြောင်မြောင်က ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် တိုးညှင်းသောအသံဖြင့် တုံ့ပြန်သည်။ "ကျွန်မ တွေ့လိုက်တယ်... ကျွန်မရဲ့ နတ်ဘုရားမက ကျွန်မ ထင်ထားသလို မဟုတ်ဘူး ထင်တယ်..."

ရှန်းတန် ရယ်မိတော့မလို ဖြစ်သွားသည်။ အင်း၊ သူမ ဝင်မပါဘဲနဲ့ကို နှစ်ဦးသား အတွင်းပိုင်း ပဋိပက္ခ စတင်နေကြပါလား။

ရှန်းတန်သည် ရယ်ချင်စိတ်ကို ထိန်းချုပ်ရင်း သူမ မေးလိုက်သည်။ "ဪ၊ မင်း ပြောပြလို့ အဆင်ပြေလား။"

"ဘယ်လိုရှင်းပြရမလဲ မသိဘူး၊ ကျွန်မ အစကတော့ သူမကို ဖြူစင်သန့်ရှင်းပြီး တခြားသူတွေထက် အများကြီး မြင့်မြတ်တယ်လို့ မြင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ သူမက တစ်ခါတလေ... မကောင်းတဲ့ ပုံစံတွေ ပြနေတာ တွေ့ရတယ်၊ အခုဆို သူမကို မြင်ရင် နည်းနည်းတောင် ကြောက်လာတယ်..."

ကျိုးချင်းလျန့်ကို သူမ တွေ့တိုင်း သူမသည် မကျေမနပ်ဖြစ်ပြီး ပူဆွေးသော မျက်နှာ အမူအရာကို ထုတ်ဖော်ပြသထားတတ်သည် သို့မဟုတ် မြောင်မြောင်ကို သူမအတွက် မကောင်းသည့် အလုပ်အချို့ လုပ်ခိုင်းတတ်သည်။

မြောင်မြောင်သည် သူမကိုယ်သူမ အရမ်း ဖြောင့်မတ်သောသူ မဟုတ်ကြောင်း သိသော်လည်း သူမ လုပ်ခဲ့ဖူးသော အဆိုးဆုံးမှာ တစ်စုံတစ်ဦးကို ကျိန်ဆဲခြင်းသာ ဖြစ်သည်။ ထိုကဲ့သို့သော မကောင်းသည့် အကြံအစည်များမှာ သူမအတွက် လွန်လွန်ကျွံကျွံ ဖြစ်နေသည်…

ယခုအခါတွင် သူမသည် ကျိုးချင်းလျန့်ကို တတ်နိုင်သမျှ ရှောင်ရှားနေခဲ့ရသည်။

"ဟင်း... ရှောင်တာက အမြဲတမ်းအတွက်တော့ ဖြေရှင်းနည်း မဟုတ်နေဘူး..."

"ကောင်းတဲ့ အကြံဉာဏ်တွေ ရှိလား။ အစ်မကြီးမျောက်၊ ကျွန်မကို ကူညီပေးပါဦး။"

"ကျွန်မ အမြင်အရတော့၊ မင်းက ညီမလေးအနေနဲ့ ဒီလိုကိစ္စမျိုးကို ဘာလို့ ဝင်ပါနေတာလဲ။ မင်းအစ်ကိုကို တိုက်ရိုက်ပြောပြီး သူပဲ ကိုင်တွယ်ခိုင်းတာ အကောင်းဆုံးပဲ။"

မြောင်မြောင်က ခဏတာမျှ ကြောင်အသွားသည်။ "ဒါပေမဲ့... ကျွန်မအစ်ကိုက သူမကို မကြိုက်ဘူး..."

"မင်းအစ်ကိုက သူမကို မကြိုက်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိနေတာတောင် ဘာလို့ သူမကို ကူညီနေတာလဲ။ ဆက်ဆံရေးတွေကို အတင်းအကျပ် လုပ်ယူလို့ မရဘူးလေ။"

အရင်က ရှန်းတန်သည် အပြင်လူတစ်ယောက်အနေဖြင့် ကုဟွိုင်အန်းကို လိုချင်နေသော ထိုမိန်းကလေးများကို အလေးအနက်မထားခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူမ ကိုယ်တိုင်လည်း သူနှင့်အတူ ရှိရန် အစီအစဉ် မရှိခဲ့သောကြောင့် ဖြစ်သည်။

သို့သော် ယခုအခါ သူမသည် သူ့ချစ်သူ ဖြစ်လာသောအခါ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာသည်မှာ အမှန်ပင်။

သို့သော် ကုဟွိုင်အန်းသည် ဤအခြေအနေများကို အမြဲတစေ ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ပြီး သူမအား လုံခြုံစိတ်ချမှု အပြည့်အဝ ပေးခဲ့သည်။

ရှန်းတန်ကို အမှန်တကယ် စိုးရိမ်စေသည်မှာ ဤ အူကြောင်ကြောင် စိတ်ထားနူးညံ့သော ကလေး မြောင်မြောင်သည် တစ်ခုခု ပြန်မပြင်နိုင်သော အရာတစ်ခုကို ပြုလုပ်မိရန် လှည့်ဖြားခံရမှာကိုပင် ဖြစ်သည်။

ထို့အပြင် ကျိုးချင်းလျန့်သည် အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေခြင်းကြောင့် ရှန်းတန်သည် သူမသည် တစ်ခုခု ကြီးမားသော အကြံအစည် တစ်ခုကို ကြံစည်နေသည်ဟု မကောင်းသော ခံစားမှုမျိုး တစ်ခု ရရှိခဲ့သည်။

ဘာပဲပြောပြော ကျိုးချင်းလျန့်ဟာ လွယ်လွယ်နဲ့ အလျှော့ပေးမဲ့လူမျိုး မဟုတ်ဘူးဟု ထင်ရသည်။

All Chapters