← Chapters

အခန်း (၃၂၉)

Vol. 33 Ch. 329

အခန်း (၃၂၉)

Vol. 33 Ch. 329

*အခန်း(329)

လင်းရန်လည်း ထိုအခြေအနေကို မြင်လျှင် အနောက်မှ လျင်မြန်စွာလိုက်သွားလေ၏။

မတိုင်မီက ရှောင်ဖူနှင့် စုန့်လူကြီးမင်းတို့၏ စကားပြောဆိုသံအားလုံးကို သူမ မကြားလိုက်ရသော်လည်း အခြေအနေအရပ်ရပ်ကို သူမ ခန့်မှန်းနိုင်ပေသည်။

စုန့်လူကြီးမင်း၏ မိသားစုဝင်များဖြစ်ကြောင်း ပြောဆိုသူတချို့က ရောက်ရှိနေပြီး အိမ်ရာဝင်း၏တံခါးဝတွင် အထဲသို့ဝင်ရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် ထိုသူများက စုန့်ရှီးယန်နှင့် စုန့်ကျယ်တို့သားအဖ ဟုတ်၊ မဟုတ်ကို သူမ မသိရှိသေးချေ။

အကယ်၍သာ ထိုသူနှစ်ဦး အမှန်တကယ်ဖြစ်နေပါက ဤကိစ္စမှာ ပြီးပြည့်စုံသွားပြီဟု ဆိုရပေမည်။

ထိုသို့ တွေးမိလိုက်လျှင် လင်းရန်၏ ခြေလှမ်းများက မသိစိတ်ဖြင့် ပို၍ မြန်ဆန်လာခဲ့လေ၏။

စက္ကန့်အနည်းငယ်အတွင်းမှာပင် လူတိုင်းက အိမ်ရာဝင်း၏ဝင်ပေါက်ဆီသို့ လျှောက်သွားခဲ့ကြပေပြီ။

ကျန်းကျွင့်သည်ကား တုံ့ဆိုင်းထိတ်လန့်လျက် ကျန်ရစ်ခဲ့ပြီးမှ နောက်ဆုံးတွင် အံကိုတင်းတင်းကြိတ်ကာ နောက်မှ လိုက်လာခဲ့တော့သည်။

မည်သို့သော မိစ္ဆာကောင်က ဆွေမျိုးအဖြစ် လာရောက်ဟန်ဆောင်နေသည်ကို သူ သွားရောက်ကြည့်ရှုလိုသည်။

အကယ်၍သာ အတုအယောင်ဖြစ်ခဲ့ပါက ထိုလူလိမ်များကို နေရာတွင် ဖော်ထုတ်ပစ်ရပေမည်။

အကယ်၍...

အကယ်၍သာ ထိုသူမှာ အဘိုးကြီး၏ ဆွေမျိုးအရင်းများ အမှန်တကယ် ဖြစ်နေခဲ့ပါက သူသည်လည်း အံကိုတင်းတင်းကြိတ်ကာ ထိုသူတို့ကို လက်ခံရုံသာ ရှိပေတော့သည်။

ဆွေမျိုးသားချင်းများကို ပြန်တွေ့ပြီးနောက်တွင် အဘိုးကြီးစုန့်က သူ့ကို စွန့်ပစ်လိမ့်မည်ဟု သူ မယုံကြည်နိုင်သေးချေ။

အကယ်၍သာ အဘိုးကြီးက ထိုသို့ပြုလုပ်ရဲပါက သူသည်ိည်း အထက်လူကြီးများထံသို့ သွားရောက်တိုင်တန်းပြီး အဘိုးကြီးက သူ့ကို ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်သည်ဟု သတင်းပို့ရလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ထိုလျှို့ဝှက်ချက်သာ ပေါ်မလာသရွေ့ စုန့်မိသားစုသည်က သူ့ကို စွန့်ပစ်ရန် တွေးရဲကြလိမ့်မည် မဟုတ်ချေ။

ထိုသို့ တွေးတောလိုက်ပြီးနောက် ကျန်းကျွင့်တစ်ယောက် အနည်းငယ် ပို၍ တည်ငြိမ်သွားပြီး အိမ်ရာဝင်း၏ဝင်ပေါက်ဆီသို့ အမြန်လျှောက်သွားလေတော့သည်။

အိမ်ရာဝင်း၏ဝင်ပေါက်တွင် ..

စုန့်ကျယ်သည်လည်း ကားပေါ်မှ ဆင်းလာခဲ့လေပြီ။

သူသည်က သံတံခါးဖြင့် ခြားထားသော အိမ်ရာဝင်းအတွင်းပိုင်းသို့ လှမ်းကြည့်ကာ ထိုနေရာအနီးတွင် ရပ်နေ၏။

စုန့်ရှီးယန်မှာ ဖခင်ဖြစ်သူ၏ မျက်ဝန်းအတွင်းရှိ တင်းမာမှုနှင့် စိုးရိမ်ပူပန်မှုများကို ရှင်းလင်းစွာ မြင်တွေ့နေခဲ့ရသည်။

စုန့်ရှီးယန်အနေဖြင့် ဖခင်ဖြစ်သူ၏မျက်နှာပေါ်တွင် ယခုကဲ့သို့ ထင်ရှားသော စိတ်လှုပ်ရှားမှုကို မြင်တွေ့ရသည်မှာ ဤနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ပင် ဖြစ်၏။

ပုံမှန်အချိန်ဆိုလျှင် စုန့်ရှီးယန်က ဤအခွင့်အရေးကို အသုံးချကာ စုန့်ကျယ်နှင့် စကားပြောဖြစ်မည် ဖြစ်သော်လည်း ယခုအချိန်တွင်တော့ သူထံ၌ ထိုသို့သော ဆန္ဒမရှိသကဲ့သို့ စကားပြောရန်လည်း စိတ်မပါတော့ချေ။

သူသည်က ငယ်စဉ်ကတည်းက အဘိုးအဘွားများနှင့် မဆုံဖူးဘဲ မိဘနှစ်ပါးနှင့်သာ အမြဲရှိခဲ့သူဖြစ်ပေ၏။

ထို့ကြောင့် စုန့်ရှီးယန်အနေဖြင့် အဘိုးအဘွားများအပေါ် သံယောဇဉ်ကြီးမားခြင်း မရှိပါချေ။

သို့သော် ဤကိစ္စကို စုန့်ကျယ်၏ ရှုထောင့်မှ ကြည့်လိုက်သည့်အချိန်တွင် သူ၏ဖခင်မှာ အမှန်တကယ်ပင် သနားစရာကောင်းသော ဘဝကို ဖြတ်သန်းခဲ့ရကြောင်း သူ ရုတ်တရက် သတိပြုမိသွားခဲ့ရသည်။

သူသည်က တစ်ကိုယ်တည်း ရှင်သန်ကြီးပြင်းလာခဲ့ရပြီး အသက်ရှင်သန်ရန်အတွက် မရေမတွက်နိုင်သော အခက်အခဲများကို ကြံ့ကြံ့ခံကာ ယခုအရွယ်အထိ ရုန်းကန်ခဲ့ရခြင်း ဖြစ်ပေသည်။

ထိုသို့ တွေးမိပြီးနောက်တွင် စုန့်ရှီးယန်တစ်ယောက် သူ၏ဖခင်အပေါ် ယခင်ကကဲ့သို့ မုန်းတီးစိတ် မရှိတော့ချေ။

အထူးသဖြင့် ယမန်နေ့က လက်ကောက်နှင့် ပတ်သက်၍ စုန့်ကျယ်ကို မေးမြန်းခဲ့ချိန်က စုန့်ကျယ်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး လက်ထဲမှ ရေဖန်ခွက်ပင် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်ကို ပြန်လည်တွေးတောမိပြီး ဤကိစ္စမှာ သူ၏ဖခင်အတွက် မည်မျှအရေးကြီးကြောင်းကို သူ သိရှိလိုက်ရ၏။

ယခင်က သူနှင့် သူ၏မိခင် ချင်းယွင်ကျစ်တို့ ရှေ့တွင် စုန့်ကျယ်က မိဘများနှင့် ပတ်သက်သော အကြောင်းအရာများကို တစ်ခါမျှ ထုတ်မပြောခဲ့သကဲ့သို့ ဆွေမျိုးများကို လွမ်းဆွတ်တမ်းတသည့် အမူအရာလည်း အနည်းငယ်မျှပင် မပြသခဲ့ပါချေ။

သို့ဖြစ်၍ စုန့်ရှီးယန်လည်း ဤအချက်ကို မေ့လျော့နေခဲ့ခြင်း ဖြစ်ပေသည်။

ကံကောင်းထောက်မစွာဖြင့် ယခုအချိန်တွင် အခွင့်အရေး ရရှိလာခဲ့ပေပြီ။ အကယ်၍ ဆွေမျိုးများ ပြန်လည်ဆုံတွေ့ခြင်းသာ အောင်မြင်ခဲ့ပါက စိုးရိမ်ပူပန်မှုတစ်ခုလည်း ပြေပျောက်သွားပေလိမ့်မည်။

စုန့်ရှီးယန် ထိုအကြောင်းကို တွေးနေချိန်တွင် ဘေးနားရှိ စုန့်ကျယ်က ရုတ်တရက် လှုပ်ရှားသွားပြီး သံတံခါးဆီသို့ အမြန်တိုးကပ်သွားလေသည်။

စုန့်ရှီးယန်လည်း ထိုအခြေအနေကို မြင်လျှင် အနောက်ဘက်မှ အမြန်လိုက်သွားခဲ့လေ၏။

ထို့နောက် သူ ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင်မလှမ်းမကမ်းမှ လူအချို့က တံခါးဆီသို့ အလောတကြီး လျှောက်လာနေကြသည်ကို မြင်လိုက်ရလေသည်။

ထိုလူများထဲမှ ဆံပင်အဖြူရောင်နှင့် အဘိုးအိုတစ်ဦးက စုန့်ရှီးယန်၏ အာရုံကို ဦးစွာ ဖမ်းစားလိုက်၏။

အနီးသို့ပင် မရောက်သေးသော်လည်း ထိုအဘိုးအို၏ နီရဲနေသော မျက်ဝန်းများနှင့် တုန်ယင်နေသော နှုတ်ခမ်းများကို သူ မြင်တွေ့နေရပေပြီ။

“ဒါ သူတို့နှစ်ယောက်လား သူတို့ပဲမလား”

စုန့်လူကြီးမင်း၏ အမြင်အာရုံမှာ သိပ်မကောင်းတော့ချေ။ သံတံခါးအပြင်ဘက်တွင် စစ်ဝတ်စုံကို ဝတ်ထားပြီး မတ်မတ်ရပ်နေသော အရပ်ရှည်ရှည်နှင့် လူငယ်နှစ်ဦးကိုသာ သူ မြင်တွေ့နိုင်လေသည်။

သူတို့တို့နှစ်ဦးလုံးက ကြည့်ရသည်မှာ အလွန်ပင် ခန့်ညားလွန်းပေသည်။

အထူးသဖြင့် ထိုလူငယ်နှစ်ဦးအနက် တစ်ဦး၏ ရုပ်ရည်မှာ သူ၏ဇနီး အားရှို့ ငယ်စဉ်ကနှင့် တစ်ထပ်တည်း တူနေခဲ့ပေ၏။

“အားရှို့... အားရှို့! သူက ငါနဲ့ အားရှို့ရဲ့ သားပဲ၊ သူက တကယ်ငါ့သားပဲ!”

စုန့်လူကြီးမင်း၏ မျက်ဝန်းများက စုန့်ကျယ်၏ မျက်နှာပေါ်တွင်သာ စိုက်ကြည့်နေမိခဲ့သည်။ သူသည်က မျက်စိတစ်မှိတ်အတွင်း ထိုသူ ပျောက်ကွယ်သွားမည်ကိုပင် စိုးရိမ်နေခဲ့၏။

မည်သည့် သက်သေအထောက်အထားမျှ မရှိသေးသကဲ့သို့ နှစ်ဖက်လုံးမှ စကားတစ်ခွန်းမျှ မပြောရသေးသော်လည်း စုန့်လူကြီးမင်းမှာ စုန့်ကျယ်က သူ၏သားဖြစ်ကြောင်းကို အသေအချာ ယုံကြည်သွားခဲ့လေပြီ။

သွေးသားတော်စပ်မှုနှင့် မိသားစု သံယောဇဉ်တို့၏ စီးဆင်းမှုမှာ မည်သည့် သက်သေထက်မဆို ပို၍ တိုက်ရိုက်ကျပြီး ပို၍လည်း ပြင်းထန်လွန်းသည်။

စုန့်ကျယ်သည်လည်း စုန့်လူကြီးမင်းကို မြင်လိုက်ရသည့် ခဏ၌ လုံးဝပင် မှင်သက်သွားခဲ့ရ၏။

စုန့်လူကြီးမင်းက ဤသည်မှာ သူ၏သားဖြစ်ကြောင်းကို အကြိမ်ပေါင်းများစွာ ပြောဆိုနေသည်ကို မြင်လျှင် ရှောင်ဖူလည်း မပေါ့ဆရဲတော့ချေ။ သူက အလျင်အမြန် ရှေ့သို့တိုးကာ သံတံခါးကို ဖွင့်ပေးလိုက်ပြီး စုန့်ရှီးယန်နှင့် စုန့်ကျယ်တို့ကို အထဲသို့ ဝင်စေလိုက်လေသည်။

ထိုသူနှစ်ဦး အထဲသို့ ဝင်လာသည်နှင့် စုန့်လူကြီးမင်းက စုန့်ကျယ်ထံသို့ ချက်ချင်း လျှောက်သွားကာ သူ၏လက်များကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်တော့သည်။

ဤသည်မှာ နာကျင်စေရန် မဟုတ်ဘဲ နွေးထွေးမှုနှင့် သည်းခံနိုင်မှုတို့ကို ပေးစွမ်းနေသည့် ဆုပ်ကိုင်မှုမျိုး ဖြစ်ပေ၏။

“ငါ့သား.. ငါ့သားလေး.. ဒီလောက်နှစ်တွေ အားလုံးပြီးမှ မင်းကို ငါ နောက်ဆုံးတော့ တွေ့လိုက်ရပြီ”

စုန့်လူကြီးမင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသောကြောင့် တခြားစကားများကိုပင် မပြောနိုင်တော့ချေ။ ထိုခဏတွင် သူသည်က စုန့်ကျယ်အား “ငါ့သား” ဟုသာ ထပ်တလဲလဲ ခေါ်ဆိုနေမိတော့သည်။

ဘေးနားရှိ စုန့်ရှီးယန်မှာလည်း ထိုအခြေအနေကို မြင်လျှင် လင်းရန်ထံသို့ အမြန်လျှောက်သွားပြီး သူမထံသို့ အဘယ်ကြောင့် ဖုန်းပြန်မဆက်ဖြစ်ခဲ့သည့် အကြောင်းရင်းကို တိုးတိုးတိတ်တိတ် ရှင်းပြနေခဲ့သည်။

“ရန်ရန်၊ ကိစ္စက ရုတ်တရက်ကြီး ဖြစ်သွားတယ်၊ ကိုယ် အဖေ့ကို အဲဒီအကြောင်း ပြောပြပြီးတာနဲ့ အသက်ရှူဖို့တောင် အချိန်မရခဲ့ဘဲ ဒီကို တစ်ညလုံး မောင်းလာခဲ့တာ၊ ကိုယ့်ကို စိတ်မဆိုးပါနဲ့၊ ကိုယ့်မှာလည်း အကြောင်းပြချက် ရှိနေလို့ပါ”

ဤသို့ဖြစ်ခဲ့သည်ပင်။

လင်းရန်မှာ မူလက အမှန်တကယ်ပင်အနည်းငယ်ဒေါသထွက်နေခဲ့မိ၏။ သူမသည်က စုန့်ရှီးယန်၏ ဖုန်းခေါ်ဆိုမှုကို နှစ်ရက်နီးပါး စောင့်ဆိုင်းနေခဲ့ရသော်လည်း သူ့ဘက်မှ ဖုန်းပင်တစ်ချက် မဆက်ခဲ့ချေ။ ထို့ကြောင့် တစ်စုံတစ်ခု ဖြစ်ပွားနေမည်လားဟု စိုးရိမ်ပူပန်နေခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူသည်က အကောင်းအတိုင်း ပေါ်ထွက်လာခဲ့ပြီး စုန့်ကျယ်၏ စိတ်လှုပ်ရှားမှုကိုလည်း သူမ ကိုယ်ချင်းစာနိုင်သောကြောင့် နားလည်ပေးလိုက်လေသည်။

သို့ဖြစ်၍ သူမက သူ့အား မျက်စောင်းတစ်ချက်သာ ထိုးလိုက်ပြီးနောက် တီးတိုးပြောလိုက်၏။

“ကောင်းပြီ၊ အပိုစကားတွေ ပြောမနေနဲ့တော့၊ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အမြန်ပြောပြပါဦး၊ လက်ကောက်အကြောင်းကရော ဘာဖြစ်သွားပြီလဲ”

စုန့်ကျယ် တစ်ညလုံး ခရီးနှင်၍ ရောက်ရှိလာခြင်းကပင် သူနှင့် စုန့်လူကြီးမင်းတို့ သွေးသားတော်စပ်ကြောင်းကို သက်သေပြနေသော်လည်း လင်းရန်အနေဖြင့် ပို၍ အသေးစိတ်ကျသော အတွင်းရေးများကို သိရှိလိုနေသေးသည်။

ဥပမာအားဖြင့် စုန့်ကျယ်က အဘယ်ကြောင့် ယခင်က ဤလက်ကောက်အကြောင်းကို တစ်ခါမျှ မပြောခဲ့သနည်း။ လက်ကောက်က နှစ်ကွင်းရှိသည်ကိုလည်း အဘယ်ကြောင့် သူတို့ကို မပြောခဲ့သနည်း ဟူသည်တို့ပင်။

စုန့်ရှီးယန်လည်း သူမ၏စကားကို ကြားလျှင် မည်သည့်အရာကိုမျှဖုံးကွယ်မထားတော့ချေ။

စုန့်လူကြီးမင်းက သူ့အဖေ၏လက်ကို ဆုပ်ကိုင်၍ ငိုယိုနေချိန်တွင် စုန့်ရှီးယန်က ထိုနေ့က အခြေအနေကို လင်းရန်ထံသို့ အလျင်အမြန် ပြောပြလိုက်လေသည်။

ထိုနေ့က သူ၏ဖခင်ဖြစ်သူမှာ ကိစ္စတစ်ခုဖြင့် သူတို့၏ စစ်ဒေသသို့ ရောက်ရှိလာခဲ့သောကြောင့် စုန့်ရှီးယန်က ဤအခွင့်အရေးကို အသုံးချ၍ ဖခင်ဖြစ်သူထံသို့ တိုက်ရိုက်သွားကာ လက်ကောက်က တစ်ကွင်းတည်းလား သို့မဟုတ် နှစ်ကွင်းလားဟူသည်ကို မေးမြန်းခဲ့သည်။

သူ၏ဖခင်မှာလည်း အလိုလိုသိစိတ် အလွန်ထက်မြက်သူဖြစ်၍ တစ်စုံတစ်ခု ကြုံတွေ့ခဲ့ရခြင်းလားဟု ချက်ချင်းပင် ပြန်လည်မေးမြန်းခဲ့၏။

ထို့နောက်တွင် စုန့်ရှီးယန်က လင်းရန်ထံ၌ စုန့်မိသားစု၏ အမွေအနှစ် လက်ကောက်နှင့် တစ်ထပ်တည်းတူသော လက်ကောက်တစ်ကွင်းအား အဘိုးအိုတစ်ဦးက ပေးအပ်ခဲ့ကြောင်း ပြောပြလိုက်လေသည်။

ထိုအချိန်တွင် စုန့်ရှီးယန်ဘက်မှ ထိုအဘိုးအိုမှာ သူတို့မိသားစုနှင့် မည်သို့ပတ်သက်နိုင်မည်ကိုပင် မမေးရသေးဘဲ သူ၏ဖခင်ဖြစ်သူက အလွန်အမင်း အံ့သြတုန်လှုပ်သွားကာ လက်ထဲမှ ဖန်ခွက်ပင် လွတ်ကျသွားခဲ့ရပြီး ထိုအဘိုးအိုထံသို့ အမြန်ခေါ်သွားရန် စိတ်လှုပ်ရှားစွာ တောင်းဆိုလာခဲ့တော့သည်။

All Chapters