← Chapters

ငါးကို သတ်ခြင်း ( ၁ )

Vol. 9 Ch. 127

ငါးကို သတ်ခြင်း ( ၁ )

Vol. 9 Ch. 127

ညလေပြေက သွေးစွန်းနေသော တံစဉ်တစ်ချောင်းပမာ ငါးညှီနံ့များနှင့်အတူ စိုစွတ်စွတ်အငွေ့အသက်များကိုပါ ဆောင်ကြဉ်းလာ၏။ သေမင်းတမန်က ညဉ့်လေပြေကို သယ်ဆောင်ကာ မြို့၏ချောင်ကြိုချောင်ကြားပါမကျန် လှည့်ပတ်သွားလာသည်။

အမှောင်ထုထဲတွင် သေမင်းတမန်သည် အတားအဆီးမရှိ သွားလာနေ၏။ လူသတ်လေချွန်သံကြားတွင် ၎င်းက မြို့ထဲရှိ အရိပ်များအားလုံးနှင့် ပေါင်းစပ်သွားဟန်တူပြီး အဆက်မပြတ် စုစည်းသွားလိုက် ပြန့်ကျဲသွားလိုက် လုပ်ကာ သတ္တဝါများအားလုံးကို စိတ်ဓာတ်ကျအောင် စွမ်းဆောင်နေသည်။

ထို့နောက် မှောင်မည်းပြီး ချောင်ကျသောနေရာတစ်နေရာ၌ လူတစ်ယောက်ကို ဆုံတွေ့လိုက်ရသည်။

ထိုလူသည် မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ညအမှောင်ထုထဲ၌ သူ၏နောက်ကျောမြင်ကွင်းက အပ်လေးတစ်ချောင်း သို့မဟုတ် ဓားမြှောင်တစ်လက်ဖြင့်ပင် ပိုင်းဖြတ်မရနိုင်ဟန်တူသည်။ သူ၏ထံမှ အေးစိမ့်စိမ့်အငွေ့အသက်က ကောင်းကင်မှ ကြယ်အလင်းကို တားဆီးနိုင်ဟန်တူသည်။

ယင်းအငွေ့အသက်သည် အသက်ရှူကြပ်စေ၏။

ထိုအခိုက် စီးဆင်းနေသော မြစ်ရေက ပင်လယ်ပြင်ကြီးကို တွေ့လိုက်ရသည့်အလား၊ လောဘကြီးသော ခွေးအများက ဝံပုလွေဘုရင်နှင့် ကြုံကြိုက်လိုက်ရသည့်အလားပင်။

၎င်း၏ခြေလှမ်းများ ရပ်တန့်သွားပြီး မမြင်နိုင်သော ၎င်း၏ခန္ဓာကိုယ်က ငြိမ်ကျသွားသည်။ ၎င်းသည် တိတ်တဆိတ် စူးစမ်းလေ့လာနေဟန်တူပြီး မီးခိုးရောင်ဝတ်ရုံဝတ်လူရိပ်က တဖြည်းဖြည်း လှည့်ကြည့်လာသည်။ ထိုလူရိပ်၏ အေးစက်စက်မျက်လုံးများက နက်ရှိုင်းသော ကန်ရေပြင်အလား ငြိမ်သက်နေသည်။

၎င်းက ၎င်း၏ယုံကြည်ရာကို ရှာတွေ့သွားသည့်သဖွယ် ၎င်းနှင့် သွေးချင်းနီးသော ဝိညာဉ်ကို ရှာတွေ့သွားသည့်အလား ရယ်သွမ်းသွေးလိုက်သည်။ ၎င်းက သေမင်းအငွေ့အသက်များကို ဆောင်ကြဉ်း၍ မီးခိုးရောင်ဝတ်ရုံဝတ်လူ၏ ပတ်လည်တွင် လည်ပတ်ကာ ဆံပင်ရှည်များကို ပင့်မလိုက်ပြီး ဝတ်ရုံကို ဖြတ်တိုက်သွားသည်။

“ ဒီည လေတိုက်တာ ထူးဆန်းနေသလိုပဲ ”

ရွှီချင်း ခပ်တိုးတိုး ရွေတ်လိုက်သည်။ ထို့နောက် ခေါင်းကိုပြန်လှည့်၍ အမှောင်ထုထဲရှိ စံအိမ်ကို ဆက်လက်စူးစိုက်ကြည့်လိုက်သည်။

သူ၏မျက်လုံးများထဲတွင် စံအိမ်က ဈာပနခေါင်းတလားတစ်လုံးအလား ဝမ်းနည်းကြေကွဲဖွယ်အာရုံတစ်ခု ထုတ်လွှတ်နေသည်။ ယင်းသည် သူ လေ့လာခဲ့ပြီးနောက် သိခဲ့ရသည့် ရေသူထီးလူငယ်၏နေအိမ်ဖြစ်သည်။

ရေသူထီးလူငယ်က သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားများနှင့် ကွဲပြားသည်။ သူ့၌ မှော်လှေတစ်စီး ပိုင်ဆိုင်ခွင့်မရှိဟန်တူသည်။ ထို့ကြောင့် ဆိပ်ကမ်း၌ အခြွေအရံများနှင့်သာ သူ နေရန် ရွေးချယ်ခဲ့သည်။

ရွှီချင်းက စံအိမ်ကို မမှိတ်မသုန် ကြည့်နေပြီး ကမူးရှူးထိုး မလုပ်ပေ။ ဤညအမှောင်ထုထဲ၌ သူ၏အသက်ရှူသံက တိုးတိုးသဲ့သဲ့ ဖြစ်နေသည်။

သူ စိတ်ရှည်လက်ရှည် စောင့်နေ၏။

အမှတ်အသား၏ အငွေ့အသက်က သူ စောင့်နေသည့်လူ ထိုစံအိမ်ထဲတွင် ရှိနေကြောင်း သူ့ကို ပြောနေသည်။

ယင်းအပြင် နောက်ဆုံးတစ်ခေါက် ငါး အပြင်ထွက်သည့်ပုံစံအရ လာမည့်ရက်အနည်းငယ်အတွင်း ထိုငါး အပြင်ထွက်နိုင်သည်။ ထို့ပြင် ယနေ့တွင် ငါးက အလွန် ဒေါပွနေ၏။

သို့ဖြစ်၍ ယနေ့ည သူ အခွင့်အရေး ရနိုင်သည်ဟူ၍လည်း ခံစားမိနေသည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ နှစ်နာရီကြာပြီးနောက် တိမ်မည်းများက လမင်းကြီးကို ဖုံးအုပ်သွားသောအခါ ညဉ့်လေတစ်ချက် ဆော်သွေးတိုက်ခတ်လာသည်။ အမှောင်ထုထဲ ငုပ်လျှိုးနေခဲ့သော စံအိမ်ထံမှ လေတိုးသံတစ်သံ လွင့်ပျံလာသည်။

စံအိမ်၏ မြင့်မားသောနံရံပေါ်တွင် လူရိပ်တစ်ရိပ် ပေါ်လာသည်။

သူ၏မီးခိုးရောင်ဝတ်ရုံက သူ့ခန္ဓာကိုယ်မှ လွင့်ပံျနေသော ငါးညှီနံ့များကို ဖုံးကွယ်ခြင်းငှာ မတတ်သာချေ။ စိမ်းဖန့်ဖန့်မျက်လုံးများသည်လည်း သူ၏သွေးဆာသောသဘာဝကို ပြောင်းလဲပစ်နိုင်မည့်ပုံမပေါ်ပေ။

သူ၏ တွဲကျနေသော ဝတ်ရုံက လေနှင့်အတူ ယိမ်းနွဲ့ကာ လူရိပ်တစ်ရိပ်အသွင်ဖြစ်နေပြီး ခမ်းနားကြီးကျယ်သည့်အသွင် ဆောင်နေသည်။ သို့သော်လည်း ထိုဝတ်ရုံသာ ပါးလျနေပါက ကွဲထွက်နေသည့်လူ့အရေပြားတစ်ချပ်နှင့်သာ ဆင်တူပေလိမ့်မည်။

သူသည် ရေသူထီးလူငယ်မှလွဲ၍ တခြားလူမဟုတ်ချေ။

သူ အကြီးအကျယ် ဒေါသထွက်နေ၏။ နေ့ခင်းပိုင်းက အဖြစ်အပျက်ကြောင့် သူ အကြီးအကျယ် အရှက်ခွဲခံလိုက်ရသလို ခံစားနေရသည်။

“ မင်းက အကြီးဆုံး မင်းသမီးတစ်ပါး ဖြစ်တော့ကော ဘာလုပ်ရမှာတုံး။ အနှေးနဲ့အမြန် ငါ မင်းကို ဖျက်ဆီးပြီး မင်းခန္ဓာကိုယ်ကို ဝိညာဉ်တွေနဲ့ လောက်တွေ ကျွေးပစ်မှာကွ ”

ရေသူထီးလူငယ်က အံတင်းတင်းကြိတ်လိုက်သည်။ သူ စိတ်အဆင်မပြေဖြစ်နေ၍ ရက်နည်းနည်းစောပြီး အပြင်ထွက်ရန် ရွေးချယ်လိုက်သည်။ သူ၏ဒေါသကို ဖွင့်ထုတ်ရန် လိုအပ်နေသည်ဟု သူ ခံစားနေရသည်။

သူ၏ဒေါသဖြေဖျောက်သည့်နည်းလမ်းအတွက် သူ၏အစ်မနှစ်ယောက်က သူ့ကို စီစဉ်ပေးထားခဲ့ပြီး ဖြစ်သည်။ သူ၏ ပျော်ရွှင်မှုက မိန်းကလေးများ မဟုတ်ဘဲ ကလေးများ ဖြစ်သည်။

ယင်းသည် သူ လူအများကြီးကို သိခွင့်မပေးနိုင်သည့် ဝါသနာဖြစ်သည်။ သူသည် တခြားမျိုးနွယ်များမှ ကလေးများအား ညှဉ်းပန်းနှိပ်စက်ရသည်ကို ပျော်ရွှင်သည်။

သူ၏ခန္ဓာကိုယ် လှုပ်ရှားသွားပြီး ညအမှောင်ထုထဲ သူ တိုးဝင်သွားသည်။

သူ ရှေ့ဆက်သွားနေသည်နှင့်အမျှ သူ၏ပုံရိပ်က တဖြည်းဖြည်း ဝေဝါးကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။ အမြင်အာရုံအရဖြစ်စေ၊ အကြားအာရုံအရဖြစ်စေ ဘယ်သူမှ သူ့ကို နောက်ယောင်ခံလိုက်နိုင်တော့မည် မဟုတ်ချေ။ သူက လောကကြီးထဲမှ ပျောက်ကွယ်သွားသည့်အလား ဖြစ်သွားသည်။

သို့သော်လည်း ထိုအမှတ်အသား၏ အနံ့က ပျောက်ကွယ်သွားမည် မဟုတ်ချေ။

ရွှီချင်းသည် ခေါင်းမော့၍ ရေသူထီးလူငယ် ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်သည်။ သူက အလွန် တည်ငြိမ်သောအမူအရာဖြင့် ညအမှောင်ထုထဲ တိတ်ဆိတ်စွာ လျှောက်သွားသည်။

ဓားပါးလေးများနှင့် လေအကြား တိုက်ပွဲဖြစ်နေသည့်အလား တိတ်ဆိတ်ငြိမ်သက်သော ညအခါတွင် လေတိုးသံတရွှီရွှီ ထွက်ပေါ်နေသည်။

တစ်နာရီကြာပြီးနောက် လမ်းကြားတစ်ခု၏ ချောင်တစ်ချောင်၌ ဟင်းလင်းပြင်ကြီး တွန့်လိမ်ရှုံ့တွသွားပြီး ရေသူထီးလူငယ် ပြန်ပေါ်လာသည်။ သူ ပေါ်လာသည့်အခိုက် အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်ပြီး ဆတ်ခနဲ နောက်ဆုတ်လိုက်သည်။

သို့သော်လည်း နောက်ကျသွားခဲ့သည်။ သူ၏နောက်မှ ရေကန့်လန့်ကာတစ်ခု ချက်ချင်း ပေါ်လာပြီး လမ်းကြားတစ်ခုလုံးကိုပင် လွှမ်းခြုံသွားသည်။ လမ်းကြားတစ်ခုလုံး ပိတ်ဆို့ခံလိုက်ရသည်နှင့် ရေကန့်လန့်ကာထဲမှ ဟိန်းသံသဲ့သဲ့ လွင့်ပျံလာသည်။

ရေကန့်လန့်ကာထဲမှ မန္တန်ကြောင့် ဝေလငါးကြီးတစ်ကောင် ချက်ချင်း ဖြစ်တည်လာသည်။

၎င်းက လူသတ်ငွေ့များကို ထုတ်လွှတ်နေပြီး ရေသူထီးလူငယ်ကို ကြည့်၍ ပါးစပ်ကြီး ဟလိုက်ရာ စူးရှချွန်ထက်သော သွားများ ပေါ်လာသည်။ ၎င်းက ရက်စက်ကြမ်းတမ်းသော အရှိန်အဝါများ ထုတ်လွှတ်နေလျက် ခုန်အုပ်လိုက်သည်။

ရေသူထီးလူငယ်၏အကြည့်က စူးရှသွားသည်။

“ စိတ်ဝင်စားစရာပဲ။ ဒီနေ့ ငါ ဒေါသထွက်နေလို့ မင်းနဲ့ ကစားပေးမယ် ”

သူသည် စကားပြောရင်း လက်နှစ်ဖက်ကို မြှောက်၍ လက်ကွက်များ ဖော်ရန်ပြင်လိုက်သည်။ ထိုစဉ် အမှောင်ထုနှင့်အတူ ပေါင်းစပ်နေခဲ့သော အရိပ်များက ကြိုးများကဲ့သို့ အမျှင်တန်းအမြောက်အမြားအဖြစ် ပြန့်ကွဲသွားသည်။ ၎င်းတို့က အရပ်မျက်နှာအနှံ့မှ အလုအယက် တိုးဝင်လာကြပြီး ရေသူထီးလူငယ်၏လက်မောင်းကို ရစ်ပတ်ကာ လက်ကွက်များဖော်မရအောင် တားဆီးလိုက်သည်။

တချိန်တည်းမှာပင် သူ၏လက်ဝါးကိုလည်း အရိပ်ကြိုးများက ဖုံးအုပ်သွားပြီး သူ၏လည်ပင်းသို့တိုင်အောင် ချက်ချင်း ပျံ့သွားသည်။

အရိပ်များနှင့် ထိမိသော လက်များဖြစ်စေ၊ အရေပြားဖြစ်စေ တိုက်စားခံနေရသည့်အလား ပြင်းထန်စွာ နာကျင်လာသည်။ ထိုဖြစ်ရပ်သည် ဗြုန်းခနဲ ဖြစ်ပျက်သွားခြင်းဖြစ်၍ ရေသူထီးလူငယ် ပထမဆုံးအကြိမ်အဖြစ် မျက်နှာပျက်သွားသည်။

သေရေးရှင်ရေးအန္တရာယ်နှင့် ပြင်းထန်သော နာကျင်မှုကြောင့် သူ၏အသက်ရှူသံများ မြန်ဆန်လာသည်။ သူ ရုန်းကန်နေစဉ် သူ၏ရှေ့ရှိ ရေကန့်လန့်ကာမှ ဖြစ်ပေါ်လာသော ဝေလငါးကြီးက သူ့ထံ ချက်ချင်း ရောက်လာကာ သူ့ကို တစ်ခါတည်း ဝါးမျိုလိုက်သည်။

သို့သော်လည်း ဝေလငါး မျိုလိုက်သည့်အခိုက် ရေသူထီးလူငယ်က ဟိန်းဟောက်လိုက်ရာ သူ၏ခန္ဓာကိုယ်မှ အပြာရောင်အလင်းတန်းများ ဖြာထွက်လာသည်။ အလင်းတန်းက စူးချွန်တစ်ချောင်းအလား အဖက်ဖက်သို့ ပျံ့နှံ့သွားကာ သူ၏ခန္ဓာကိုယ်ပေါ်မှ အရိပ်များကို အဝေးသို့ တွန်းထုတ်လိုက်သည်။

All Chapters