← Chapters

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း (၁၈၇) - ကြီးမားသော ရိတ်သိမ်းမှုနှင့် ယွင်ကျန်းဂိုဏ်း၏ ကစဉ့်ကလျား ဖြစ်ရပ်များ (အပိုင်း ၉)

~ကြောက်မက်ဖွယ်ရာ အေးစက်သော စွမ်းအားကြီးသည် အမြုတေဖွဲ့စည်းခြင်း တတိယအဆင့် ပုဂ္ဂိုလ်ကြီး၏ ကိုယ်ခန္ဓာကို နှင်းခဲလွှာဖြင့် ဖုံးလွှမ်းသွားစေသည်။

သူ၏ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများနှင့် အတွေးများပင်လျှင် ရေခဲရိုက်လိုက်သကဲ့သို့ ပုံမှန်ထက် နှေးကွေးသွားခဲ့ရသည်။

၎င်းသည် တတိယအဆင့် ရေခဲတံဆိပ်ခတ်ခြင်း ပေါက်ကွဲထွက်လာသည်နှင့် တူသော်လည်း၊ တကယ်တမ်းတွင်မူ...

"ရေခဲဝိညာဉ်ပုလဲ" ၏ စွမ်းအားသည် သာမန် ရေခဲတံဆိပ်ခတ်ခြင်းထက် အဆပေါင်းများစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းလှပေသည်။ အထူးသဖြင့် အမြုတေဖွဲ့စည်းခြင်း အဆင့် စွမ်းအားရှိသော ရုပ်သေးဝိညာဉ်က ထိန်းချုပ်ထားချိန်တွင် ပို၍ပင် အစွမ်းထက်သည်။

တတိယအဆင့် ထိပ်တန်း၊ သို့မဟုတ် စတုတ္ထအဆင့် အဆင့်နိမ့် ရေခဲတံဆိပ်ခတ်ခြင်းနှင့်ပင် ညီမျှနေသည်။

"ဝုန်း..."

ထိုလူ၏ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားသည်။ သူသည် ကာကွယ်ရေး အခင်းအကျင်း တစ်ခုကိုသာ အနိုင်နိုင် တည်ဆောက်လိုက်နိုင်ပြီး၊ ခန္ဓာကိုယ်ကို သစ်သားဒိုင်းများစွာဖြင့် ဖုံးအုပ်ကာကွယ်လိုက်ရသည်။ တချိန်တည်းမှာပင် ထိပ်တန်း ကာကွယ်ရေး မှော်လက်နက် တစ်ခုကို အသက်သွင်းလိုက်ရာ တောက်ပသော မြေဝါရောင် သံချပ်ကာ တစ်ခုသည် သခင်ဖြစ်သူကို ကာကွယ်ရန် အလင်းတန်းများ ထုတ်လွှတ်လိုက်၏။

သို့သော် နောက်တစ်ခဏတွင်... "ဝိဉာဉ် ရုပ်သေး တာအို ခန္ဓာ" ၏ လက်ဝါးသည် သူ၏ ရှေ့ရှိ သစ်သားဒိုင်းပေါ်သို့ ကျရောက်သွားခဲ့လေတော့၏။

"ဒုန်း... ဒုန်း... ဒုန်း..."

သစ်သားဒိုင်းများသည် ချက်ချင်းပင် တစ်စစီ ကြေမွသွားပြီး အပြာရောင် ရေခဲမှုန့်များအဖြစ် ပြောင်းလဲသွားသည်။

ဆက်လက်ပြီး ထိပ်တန်း ကာကွယ်ရေး မှော်လက်နက်၏ အကာအကွယ် အလွှာပါးသည်လည်း တစ်ခဏမျှပင် တောင့်မခံနိုင်ဘဲ ချက်ချင်း ရေခဲရိုက်ခံရကာ ကွဲအက်သွားလေတော့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် ရုပ်သေး၏ လက်ဝါးသည် ထိုလူ၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။ ရုပ်သေးသည် အေးစက်သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။ စောစောက သူ ရုပ်သေးကို မိုးကြည့်ခဲ့သကဲ့သို့ပင်။

ယခုအချိန်တွင် သူတို့၏ နေရာများသည် ပြောင်းပြန် ဖြစ်သွားခဲ့ပါတော့၏။

"ဝုန်း..."

ထိုလူ၏ ထိပ်တန်း ကာကွယ်ရေး ဝတ်ရုံသည် ပေါက်ကွဲထွက်သွားသည်။

"အ..."

သူသည် သွေးများနှင့် ရေခဲစများကို အန်ထုတ်လိုက်ပြီး နောက်သို့ လွင့်စဉ်ထွက်သွားသည်။

လွန်ခဲ့သော ခဏက သစ်ပင်ထိပ်ဖျားတွင် မင်းမူလျက် ရပ်နေခဲ့သော ခမ်းနားထည်ဝါသည့် ပုဂ္ဂိုလ်ကြီးသည် ယခုအခါ သွေးအန်ကာ ကြယ်ကြွေသကဲ့သို့ ပစ်လွင့်နေရလေတော့၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် မိုင်ပေါင်းများစွာ လွင့်ပါသွားပြီး နောက်ကျောဘက်ရှိ တောင်ကုန်းကြီး တစ်ခုကို ဝင်တိုက်မိလေတော့၏။

"ဂျိန်း... ဂျိန်း... ဂျိန်း..."

တောင်ကုန်းကြီး ပြိုကျသွားပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် မြေကြီးများ ကွဲအက်ကာ ပေါက်ကွဲထွက်ကုန်သည်။ ရွှံ့စေးနဂါးကြီး တစ်ကောင် ကောင်းကင်သို့ ပျံတက်သွားသကဲ့သို့ပင်။

နောက်တစ်ခဏတွင် တောင်ခြေမှနေ၍ ကြောက်မက်ဖွယ် ရေခဲစွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။

တစ်ခဏချင်း အတွင်းမှာပင် တောင်ကုန်းကြီး တစ်ခုလုံး ရေခဲရိုက်ခံလိုက်ရလေတော့၏။

အဝေးမှ လှမ်းကြည့်လျှင် တောင်ကုန်းကြီး တစ်ခုလုံးသည် ရေခဲတောင်အဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရမည် ဖြစ်သည်။ မာကျောသော ရေခဲပြင်ကြီးသည် မြက်ပင်များ၊ လေထု၊ သားရဲများနှင့် ငှက်များကိုပါမကျန် အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ ရေခဲနှင့် နှင်းကမ္ဘာကြီး တစ်ခု ဖြစ်သွားခဲ့ပါတော့၏။

လက်ဝါးတစ်ချက်တည်းဖြင့်...

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

"ရွှစ်..."

နောက်တစ်ခဏတွင် ဝိဉာဉ် ရုပ်သေး တာအို ခန္ဓာသည် တောင်ကုန်းရှေ့သို့ ရောက်ရှိလာသည်။ လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ တောင်ကုန်းပေါ်ရှိ ထူထဲသော ရေခဲပြင်ကြီး ကွဲအက်သွား၏။ တောင်ကုန်းကို ဝင်တိုက်မိသော ထိုလူကို သူ၏ ချီ စွမ်းအင်ဖြင့် ဖမ်းဆွဲလိုက်၏။ ရေခဲဝိညာဉ်ပုလဲ၏ အေးစက်သော စွမ်းအားကြောင့် ထိုလူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရေခဲတုံးကြီး တစ်တုံးကဲ့သို့ တောင့်တင်းနေသည်။

သူ၏ မျက်လုံးများသာ ခပ်မှိန်မှိန် လှုပ်ရှားနိုင်တော့၏။

သူ့ကို လွှမ်းခြုံထားသော ချီ စွမ်းအင် အလင်းဒိုင်းသည်လည်း ကြေမွပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

သူ၏ အစစ်အမှန် ရုပ်သွင် ပေါ်ထွက်လာလေတော့၏။

ထိုသူကား... အခြားသူ မဟုတ်၊ ယခင်က တွေ့ဆုံခဲ့ဖူးသော လီမိသားစု၏ ဘိုးဘေးကြီး၊ တတိယအဆင့် အဆင့်နိမ့် ဆေးပညာရှင်ကြီး "အကြီးအကဲ လီ" ပင် ဖြစ်သည်။

အမြုတေဖွဲ့စည်းခြင်း တတိယအဆင့် ပုဂ္ဂိုလ်ကြီး။

‌ဒါက ရေခဲဝိညာဉ်ပုလဲ၏ ကြောက်မက်ဖွယ် စွမ်းအားပင် ဖြစ်ချေသည်။

အသက်ချမ်းသာပေးရန် တောင်းပန်လိုသည့်အလား တုန်ယင်နေသော နှုတ်ခမ်းများနှင့် ကြောက်ရွံ့မှု အပြည့်ရှိနေသော မျက်လုံးများကို ကြည့်ရင်း... ရုပ်သေး၏ မျက်လုံးများသည် အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသည်။ လက်ညှိုးတစ်ချက် တောက်လိုက်သည်နှင့် အကြီးအကဲ လီ၏ ခေါင်းသည် ပေါက်ကွဲထွက်သွားလေတော့၏။ ဆက်လက်ပြီး ခန္ဓာကိုယ်နှင့် ဒန်တျန် တို့ပါ ပေါက်ကွဲကုန်ကြသည်။

အရာအားလုံးသည် ရေခဲအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ကျရောက်ကာ ရေခဲမှုန်များအဖြစ် ပြိုကွဲပျက်စီးသွားကြသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွားပြီး အစအနမကျန် ဖြစ်သွားလေတော့၏။

ကျောက်စိမ်းပုလဲလုံး ကဲ့သို့ စိမ်းမြမြ တောက်ပနေသော "အမြုတေ" တစ်လုံးသာ ကျန်ရစ်ခဲ့သည်။

၎င်းသည် နှစ်ပေါင်း ရာနှင့်ချီ၍ နေထိုင်ခဲ့သော အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီး တစ်ဦး၏ တာအို အသီးအပွင့် ပင် ဖြစ်သည်။

ရာစုနှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော ပုဂ္ဂိုလ်ကြီး တစ်ဦးသည် ဤကဲ့သို့သော နည်းလမ်းဖြင့် အဆုံးသတ်သွားခဲ့ရသည်။

အသက်ချမ်းသာပေးရန် တောင်းပန်မည်လော။

မဖြစ်နိုင်ပေ။ အကြီးအကဲ လီ သေကို သေရမည်။ သူ့ကို အရှင်ထားထားပါက အဆုံးမဲ့သော ပြဿနာများ တက်လာပေလိမ့်မည်။

စုယွီသည် ဆေးလုံး သွားရောက် အကူအညီတောင်းစဉ်ကတည်းက ဖြစ်နိုင်ချေရှိသော မတော်တဆမှု အားလုံးအတွက် ကြိုတင် ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ လီမိသားစု၏ မရိုးသားမှုကိုလည်း ထည့်သွင်း တွက်ချက်ထားခဲ့သည်။

ဟောင်ထျန်း ဆေးလုံးကို လုယူရန်အတွက် အကြီးအကဲ လီက သူ့ကို ခြုံခိုတိုက်ခိုက်လာနိုင်ကြောင်းကိုလည်း ကြိုတင် တွက်ဆထားခဲ့သည်။

သို့သော် သူ မကြောက်ခဲ့ပေ။

အမြုတေဖွဲ့စည်းခြင်း ပထမအဆင့် ရှိသော ရုပ်သေးဝိညာဉ်ကြောင့် သူနှင့် လီမိသားစုကြားရှိ ကွာဟချက်ကို ဖယ်ရှားနိုင်ခဲ့သည်။

လီမိသားစုတွင် "မှော်ရတနာ" မရှိသမျှ ကာလပတ်လုံး သူ ရှုံးနိမ့်စရာ အကြောင်းမရှိပေ။

ထို့အပြင် ရုပ်သေးဝိညာဉ်၏ စွမ်းအားဖြင့် ရေခဲဝိညာဉ်ပုလဲ၏ စွမ်းအားကို လှုံ့ဆော် အသုံးပြုနိုင်သည်။

အမြုတေဖွဲ့စည်းခြင်း တတိယအဆင့်သာ ရှိသော အကြီးအကဲ လီ အနေဖြင့် ကြိုတင် ပြင်ဆင်ချိန် ရခဲ့လျှင်တောင်မှ၊ မှော်ရတနာ ပိုင်ဆိုင်ထားသော "ဝိဉာဉ် ရုပ်သေး တာအို ခန္ဓာ" ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

ထိုမျှမကသေးပေ။ ရုပ်သေးသည် အားနည်းချင်ယောင်ဆောင်ပြီး အကြီးအကဲ လီ၏ အနီးကပ်ဆုံး နေရာသို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဤကဲ့သို့ အနီးကပ် ပေါက်ကွဲမှုသည် အကြီးအကဲ လီအတွက် သေစေနိုင်သော ဒဏ်ချက်ပင် ဖြစ်ချေသည်။

အကြီးအကဲ လီကို သတ်ဖြတ်ပြီးနောက် ရုပ်သေးသည် မည်သည့် စိတ်လှုပ်ရှားမှုကိုမျှ မခံစားရပေ။ သူ၏ စိတ်ထဲတွင် အာရုံထွေပြားမှု မရှိချေ။ ‌ဒါက လောဘ၏ ရလဒ်ပင် ဖြစ်၏။ အကယ်၍ လီမိသားစုသာ လောဘ မကြီးခဲ့လျှင်၊ အကြီးအကဲ လီ သေဆုံးရမည် မဟုတ်သလို ဤကဲ့သို့ အခြေအနေမျိုးနှင့်လည်း ကြုံတွေ့ရမည် မဟုတ်ပေ။

"ဒီ ကျင့်ကြံခြင်း လောကကြီးမှာ ဘယ်သူက အမဲလိုက်သူ၊ ဘယ်သူက သားကောင် ဆိုတာ ဘယ်သူမှ တပ်အပ် မပြောနိုင်ဘူး"

"အမြုတေဖွဲ့စည်းခြင်း အဆင့် ရောက်နေရင်တောင်မှ ဘယ်တော့မှ မောက်မာ ဝင့်ကြွားလို့ မဖြစ်ဘူး"

စုယွီ တည်ငြိမ်စွာ ဆင်ခြင်သုံးသပ်လိုက်မိသည်။

ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ပြီး အကြီးအကဲ လီ ကျန်ရစ်ခဲ့သော ပစ္စည်းများ ဖြစ်သည့် ဝတ်ရုံ၊ သိုလှောင်အိတ်နှင့် အမြုတေတို့ကို သိမ်းဆည်းလိုက်၏။ မြေပြင်ပေါ်တွင် လက်တစ်ဖက် တင်လိုက်ရာ ယခင်က ဖုံးလွှမ်းထားသော နှင်းခဲများသည် ချက်ချင်း ပျောက်ကွယ်သွားပြီး ရေခဲဝိညာဉ်ပုလဲ၏ အရှိန်အဝါ အားလုံးကို ပြန်လည် ရုပ်သိမ်းလိုက်၏။

သစ်ပင်များသည် စိမ်းလန်းစိုပြေသော မူလအသွင်သို့ ပြန်ရောက်သွားပြီး၊ မြေကြီးသည်လည်း အသက်ဓာတ်များ ပြည့်ဝနေဆဲ ဖြစ်ကာ မည်သည့် အပြောင်းအလဲမှ မရှိတော့ချေ။

နောက်တစ်ခဏတွင် မြေကမ္ဘာဓာတ် သိုင်းကွက်ကို အသက်သွင်းလိုက်၏။

"ဂျိန်း..."

ကျိုးပဲ့သွားသော မြေသားများ ပြန်လည် ကောင်းမွန်သွားပြီး၊ မြေပြင် အက်ကွဲကြောင်းများ ပြန်လည် ပိတ်သွားကာ၊ ပြိုကျသွားသော တောင်ကုန်းကြီးသည် မူလအတိုင်း ပြန်လည် တည်ရှိသွားသည်။

"ဝီ..."

ခြေရာလက်ရာ အားလုံးကို ဖျောက်ဖျက်ပြီးနောက် ရုပ်သေးသည် သူ၏ နတ်ဘုရား အာရုံကို အရပ်လေးမျက်နှာသို့ ဖြန့်ကြက် စစ်ဆေးလိုက်ရာ မည်သည့် ချောင်းမြောင်းကြည့်ရှုသူကိုမျှ မတွေ့ရချေ။ ပြဿနာ ဖြစ်နိုင်ချေ အားလုံးကို ရှင်းလင်းပြီးနောက် သူ တိတ်တဆိတ် သက်ပြင်းချလိုက်၏။ ထို့နောက် သူ၏ ပုံရိပ်သည် ဝေဝါးသွားပြီး "ပြီးပြည့်စုံသော သစ်သား ကိုယ်ဖော့ပညာ" ကို အသုံးပြုကာ ထွက်ခွာသွားလေတော့၏။

အမြန်နှုန်းသည် အလွန် လျင်မြန်လှပြီး သစ်တောများကို အကာအကွယ်ယူကာ အစိမ်းရောင် အလင်းတန်း တစ်ခုအလား သိပ်သည်းသော တောအုပ်ကြီး၏ အနက်ရှိုင်းဆုံး နေရာသို့ ချက်ချင်း ပျောက်ကွယ်သွားလေတော့၏။

အခန်း (၁၈၈) - နည်းဗျူဟာအစုံ ခင်းကျင်းခြင်းနှင့် အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီး၏ ကျဆုံးခန်း

~ထိုအချိန်၊ ထိုအခိုက်အတန့်၌...

မိုင်ပေါင်းရာချီ ဝေးကွာသော လီမိသားစု၏ ကြာနီကန် အတွင်းတွင်...

လီမိသားစုခေါင်းဆောင်၊ ပထမအကြီးအကဲနှင့် အခြားသော သူများသည် စုရုံးရောက်ရှိနေကြလေ၏။ အချို့မှာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ ဟက်ဟက်ပက်ပက် ဟားတိုက်ရယ်နေကြသည်။ သူတို့သည် ခန်းမကျယ်ကြီးထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း မျက်လုံးများ အရောင်လက်လျက် ဘိုးဘေးကြီး ပြန်လာမည့်အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြခြင်း ဖြစ်ပေသည်။

"ဟားဟားဟား... ဒါ ငါတို့ လီမိသားစုအတွက် ရွှေရောင် အခွင့်အရေးပဲဟေ့... တကယ့်ကို ကောင်းကင်ဘုံက ပေးတဲ့ လက်ဆောင်ပဲ"

"ဘယ်သူ ထင်မှာလဲကွာ... ဟောင်ထျန်း ဆေးလုံး ဖော်စပ်တဲ့ ပစ္စည်းတွေက ငါတို့ အိမ်ပေါက်ဝထိ အလိုလို ရောက်လာလိမ့်မယ်လို့... ပြီးတော့ လာပို့တဲ့ကောင်က အခြေခံတည်ဆောက်ခြင်း အဆင့် ပဲ ရှိတဲ့ ကောင်လေး တစ်ယောက်တဲ့... တကယ့် ငတုံးပဲ... ငတုံးအစစ်... ဒါ တိုက်ဆိုင်တာ ဟုတ်ပါ့မလား... မဖြစ်နိုင်ဘူး... ဒါ ငါတို့ လီမိသားစု ကံကောင်းတာပဲကွ"

"ဟောင်ထျန်း ဆေးလုံး (၃) လုံး... (၃) လုံးတောင်နော်"

"ဒီဆေးလုံးတွေသာ ရရင် ငါတို့ လီမိသားစုရဲ့ အင်အားက နောက်တစ်ဆင့်ကို တက်သွားမှာ သေချာတယ်... ဘယ်သူမှ မယှဉ်နိုင်တော့ဘူး"

ဆံပင်အနက်နှင့် အကြီးအကဲ တစ်ဦးသည် လက်ခုပ်လက်ဝါးတီးပြီး တဟားဟား အော်ရယ်နေသည်။ သူ၏ မျက်နှာပေါ်မှ အပြုံးသည် ဖြီးလို့နေ၏။ စိတ်လှုပ်ရှားလွန်း၍ နေစရာ နေရာပင် မရှိတော့သည့်ဟန် ပေါ်လွင်နေသည်။

အမှန်စင်စစ် သူက စိတ်ပူပန်နေခြင်း ဖြစ်၏။

ဟောင်ထျန်း ဆေးလုံးသည် လက်ထဲသို့ မရောက်ရှိသေးချေ။

သူ၏ ကျင့်ကြံခြင်းသည် အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက်သို့ ရောက်ရှိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သို့သော် ပါရမီ မရှိသဖြင့် မိမိဘာသာ အမြုတေဖွဲ့စည်းခြင်း အဆင့် သို့ တက်လှမ်းနိုင်မည်ဟု ယုံကြည်ချက် မရှိခဲ့ပေ။

"ရွှေရောင် ယွမ်ဆေးလုံး" ရရှိရန် ကြံစည်ရအောင်လည်း လက်တွေ့မကျလှချေ။

ထို့ကြောင့် သူ့အတွက် အကောင်းဆုံးသော မျှော်လင့်ချက်မှာ ဟောင်ထျန်း ဆေးလုံးသာ ရှိပေသည်။

သို့သော် ဟောင်ထျန်း ဆေးလုံး ရရှိရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ချေ။

သူ စောင့်ဆိုင်းနေခဲ့သည်မှာ နှစ်ပေါင်း (၄၀)၊ (၅၀) ခန့် ရှိနေခဲ့ပြီ ဖြစ်၏။ ဟောင်ထျန်း ဆေးလုံး၏ အရိပ်အယောင်ကိုပင် မမြင်ဖူးခဲ့ပေ။

မထင်မှတ်ဘဲ လွန်ခဲ့သော ခဏလေးကမှ အခြေခံတည်ဆောက်ခြင်း အဆင့် ငတုံးလေးတစ်ယောက် ရောက်ရှိလာပြီး ဟောင်ထျန်း ဆေးလုံး ဖော်စပ်နည်းနှင့် ကုန်ကြမ်းများကို ယူဆောင်လာခဲ့သည်။ ထို့နောက် ဆေးဖော်ပေးရန် အကူအညီ တောင်းခံခဲ့သည်။

ဤသတင်းကို ကြားလိုက်ရသောအခါ လီမိသားစု တစ်ခုလုံး မှင်သက်သွားခဲ့ကြပြီး မကြာမီမှာပင် ဝမ်းသာအားရ ဖြစ်သွားခဲ့ကြလေတော့၏။

"ဟာ... ဘိုးဘေးကြီးက ဘာလို့ ပြန်မရောက်သေးတာလဲ"

နောက်ထပ် အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက် အကြီးအကဲ တစ်ဦးက စိုးရိမ်တကြီး ပြောဆိုလိုက်၏။ သူသည် ဆက်လက် စောင့်ဆိုင်းနိုင်စွမ်း မရှိတော့ဘဲ အပြင်လောကကို တချိန်လုံး လှမ်းမျှော်ကြည့်ရင်း တီးတိုး ရေရွတ်နေမိသည်။

"ငါ အစကတည်းက ပြောသားပဲ... အဲဒီကောင်ကို ဟောင်ထျန်း ဆေးလုံး ယူပြီး ပြန်ထွက်သွားခွင့် မပေးလိုက်သင့်ပါဘူးလို့"

"သူ့ကို ဒီမှာတင် အစပျောက်လိုက်ရင် ပြီးရောမဟုတ်လား... ဒါဆိုရင် ဟောင်ထျန်း ဆေးလုံးတွေက အေးအေးဆေးဆေး ငါတို့ လက်ထဲ ရောက်လာမှာ... ဘာပြဿနာမှ တက်စရာ မလိုဘူးလေ"

"အခုတော့ ကြည့်... ဟောင်ထျန်း ဆေးလုံးတွေ ပါသွားပြီ... ဘာဆက်ဖြစ်မလဲ မသိရတော့ဘူး... ရင်တမမ နဲ့ စောင့်နေရပြီ"

ထိပ်ဆုံးနေရာတွင် ထိုင်နေသော လီမိသားစုခေါင်းဆောင်သည် မျက်မှောင်ကို ကြုတ်လိုက်ပြီး အသံခပ်အုပ်အုပ်ဖြင့် ဆူပူလိုက်၏။

"မင်းက တုံးလိုက်တာကွာ... အခု ကျွန်းပေါ်မှာ ပြင်ပလူတွေ အများကြီး ရှိနေတယ်... ပြီးတော့ အဲဒီကောင်ကလည်း သတိအရမ်းကြီးတာ... ဆေးဖော်တဲ့ အဆောက်အဦးထဲကနေ လုံးဝ အပြင်မထွက်ဘူး"

"တကယ်လို့ ငါတို့က သူ့ကို တစ်ခုခု လုပ်လိုက်ရင် ငါတို့ မိသားစု နာမည် ဘာဖြစ်သွားမလဲ... နောက်နောင် ဘယ်သူက ငါတို့ဆီ ဆေးလာဖော်ရဲတော့မလဲ"

"တာ့ယွဲ့ပြည်နယ်မှာ ငါတို့ ဘယ်လို ဆက်ရပ်တည်ကြမလဲ... မင်း ဦးနှောက်မရှိဘူးလား"

ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် မိသားစုခေါင်းဆောင်က အသံကို နှိမ့်၍ ဆက်လက် ပြောဆိုလိုက်၏။

"အခုတော့ အခြေအနေ မတူတော့ဘူး... ဟောင်ထျန်း ဆေးလုံးတွေက ကြာနီကန်ထဲကနေ ထွက်သွားပြီ... ဒီအချိန်ကစပြီး ဘာပဲဖြစ်ဖြစ် ငါတို့ လီမိသားစုနဲ့ မဆိုင်တော့ဘူး"

"သူ့ဆေးလုံး သူ မကာကွယ်နိုင်တာက သူ့အသုံးမကျလို့ပဲ... ငါတို့ကို လာအပြစ်တင်လို့ မရဘူး"

ယခင်က ပွစိပွစိ ပြောနေသော အကြီးအကဲသည် မျက်နှာပျက်သွားပြီး အလျင်အမြန် တောင်းပန်လိုက်၏။

"တောင်းပန်ပါတယ် ခေါင်းဆောင်... ကျွန်တော် စကားမတတ်လို့ပါ... သေချာ မစဉ်းစားမိလိုက်ဘူး"

လူတိုင်း စိုးရိမ်တကြီး စောင့်မျှော်နေကြစဉ်မှာပင်... ထိတ်ထိတ်ပျာပျာ အော်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ခေါင်းဆောင်... ခေါင်းဆောင်ရေ... ဟီး... ဟီး... ပြဿနာတက်ပြီ... ပြဿနာ အကြီးကြီး တက်ပြီဗျို့"

လူရိပ်တစ်ခုသည် အဝေးမှနေ၍ ပြေးဝင်လာပြီး အော်ဟစ် ငိုယိုနေသည်။

သို့သော် သူသည် ထိုကိစ္စကို အသံကျယ်ကြီးဖြင့် ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ မိသားစုခေါင်းဆောင်ထံသို့ တန်းမတ်စွာ ပြေးသွားပြီး အသံလွှင့် စနစ်ဖြင့် သတင်းပို့လိုက်၏။

"ဘိုးဘေးကြီး... ဘိုးဘေးကြီးရဲ့ ဝိညာဉ်ကမ္ပည်းပြား ကွဲသွားပြီ... ဟီး... ဟီး... ခေါင်းဆောင်...ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

ဘာ...။

လီမိသားစုခေါင်းဆောင် မျက်လုံးများ ပြူးကျယ်သွားသည်။ သူ ထိုင်နေသော ကုလားထိုင်သည် "ခွမ်း" ခနဲ ကွဲကြေသွားပြီး သူကိုယ်တိုင်လည်း ကြမ်းပြင်ပေါ်သို့ ဒူးထောက် ကျသွားလေ၏။

ထုံထိုင်းစွာဖြင့် ဘာလုပ်ရမှန်း မသိတော့ပေ။

ဤမြင်ကွင်းကို မြင်လိုက်ရသော အကြီးအကဲများ အားလုံးသည် မှင်သက်သွားကြသည်။ အဖြစ်အပျက်ကို နားမလည်နိုင်ကြသော်လည်း ရင်ထဲတွင် ထိတ်ပျာသွားကြလေ၏။

ဘာဖြစ်တာလဲ...။

ဘာဖြစ်သွားတာလဲဟ...။

ခဏကြာမှ အသိပြန်ဝင်လာသော မိသားစုခေါင်းဆောင်၏ မျက်နှာသည် ‌ပြာနှမ်းနေသည်။ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေလေတော့၏။

'ဘိုးဘေးကြီး... သေပြီတဲ့...'

'ဆေးပညာရှင် လီမိသားစုတော့ ဘာဆက်ဖြစ်ကြမလဲ...'

---

ရုပ်သေးကိုယ်ပွားသည် ဆေးပညာရှင် လီမိသားစု နယ်မြေနှင့် ဝေးကွာသော နေရာသို့ ရောက်ရှိသွားမှသာ ရုပ်သေးဝိညာဉ်၏ စွမ်းအားကို ပြန်လည် ရုပ်သိမ်းလိုက်၏။ အမြုတေဖွဲ့စည်းခြင်း ပထမအဆင့် ရှိသော ကြောက်မက်ဖွယ် အရှိန်အဝါကြီးသည် ဒီရေကျသွားသကဲ့သို့ လုံးဝ ပျောက်ကွယ်သွားတော့၏။

ရုပ်သေးကိုယ်ပွားသည် သိပ်သည်းသော တောအုပ်ထဲတွင် ရပ်တန့်လိုက်ပြီး သူ၏ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်ရှုလိုက်၏။

အမြုတေဖွဲ့စည်းခြင်း အဆင့်နှင့် ယှဉ်လိုက်လျှင် အခြေခံတည်ဆောက်ခြင်း (၈) ဆင့်မြောက် ဆိုသည်မှာ တကယ်ကို အားနည်းလွန်းလှပေသည်။

ခန္ဓာကိုယ်တွင် ကြီးကြီးမားမား ထိခိုက်မှု မရှိသော်လည်း၊ ရုပ်သေးဝိညာဉ်နှင့် ရေခဲဝိညာဉ်ပုလဲတို့၏ စွမ်းအား ပေါက်ကွဲမှုကြောင့် အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက်အထိ ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားသော ခန္ဓာကိုယ်ပေါ်တွင် အက်ရာလေးများ ပေါ်လာခဲ့သည်။

ရုပ်သေး၏ အခြေအနေကို ခံစားမိသောအခါ စုယွီ သက်ပြင်းချလိုက်မိသည်။

'ကံကောင်းလို့ တတိယအဆင့် သတ္တုရိုင်း ဖြစ်တဲ့ တောက်ပသော ရွှေဝိညာဉ်ကျောက်တုံး အနှစ်သာရတွေကို အများကြီး စုပ်ယူထားခဲ့လို့ပေါ့... ဒါကြောင့် ရုပ်သေးရဲ့ မာကျောမှုနဲ့ ခံနိုင်ရည်က အများကြီး တက်လာတာ... မဟုတ်ရင် ဒီတိုက်ပွဲအပြီးမှာ ရုပ်သေးက မသန်မစွမ်း ဖြစ်သွားလောက်ပြီ'

အမြုတေဖွဲ့စည်းခြင်း အဆင့်၏ စွမ်းအားသည် တကယ်ကို ကြောက်စရာ ကောင်းလှပေသည်။

လီမိသားစု ဘိုးဘေးကြီး၏ သေးငယ်သော မှော်သိုင်းကွက်လေး တစ်ခုတည်းဖြင့်ပင် သူ လုံးဝ မလှုပ်နိုင်အောင် ချုပ်နှောင်ခံလိုက်ရသည်ကို ပြန်လည် တွေးတောမိပြီး ရုပ်သေးကိုယ်ပွား၏ ရင်ထဲတွင် ကြောက်စိတ်များ ဝင်ရောက်လာသည်။ ပြန်တွေးမိတိုင်း ကြက်သီးထစရာ ကောင်းလှ၏။

'တကယ် ကြောက်စရာကြီးပါလား...'

'အခြေခံတည်ဆောက်ခြင်း အဆင့်နဲ့ အမြုတေဖွဲ့စည်းခြင်း အဆင့်ကြားက ကွာဟချက်က ပုရွက်ဆိတ်က သစ်ပင်ကို လှုပ်သလိုပါပဲလား'

သူ အစွမ်းကုန် ထုတ်သုံးပြီး ထွက်ပြေးခဲ့သော်လည်း အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီး၏ မှော်သိုင်းကွက်လေး တစ်ခုကို မယှဉ်နိုင်ခဲ့ချေ။

ရုပ်သေးကိုယ်ပွားသည် အစွမ်းကုန် ရုန်းကန်ခဲ့သော်လည်း အမြုတေ ချီ စွမ်းအင် ဖြင့် ဖွဲ့စည်းထားသော သစ်မြစ်များကို ဖြတ်တောက်နိုင်ခြင်း မရှိခဲ့ပေ။

သူ လွတ်မြောက်လာနိုင်ခြင်း၊ ပြီးနောက် လီမိသားစု ဘိုးဘေးကြီးကို ပြန်လည် သတ်ဖြတ်နိုင်ခဲ့ခြင်းတို့သည် ရုပ်သေးဝိညာဉ်နှင့် ရေခဲဝိညာဉ်ပုလဲတို့ကြောင့်သာ ဖြစ်ပေသည်။

ဤ ဝှက်ဖဲနှစ်ခုသာ မရှိခဲ့လျှင် ဒီတစ်ခါ သူ သေချာပေါက် မိသွားမည်မှာ အသေအချာပင်။

ဒါပေါ့လေ...

ဤ ဝှက်ဖဲနှစ်ခု မရှိခဲ့လျှင်လည်း သူသည် ဟောင်ထျန်း ဆေးလုံး ကုန်ကြမ်းများကို ထုတ်ပြပြီး လီမိသားစုကို အကူအညီ တောင်းမည့် မိုက်မဲသော အလုပ်မျိုး လုပ်ခဲ့မည် မဟုတ်ချေ။

လီမိသားစုက သူ့ကို သားကောင်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်၏။ တကယ်တမ်းတွင်မူ သူကလည်း လီမိသားစုကို ငါးစာချပြီး မျှားနေခဲ့ခြင်း ဖြစ်သည်ကို သူတို့ မသိရှာကြပေ။

သို့သော် ဤကဲ့သို့သော ကိစ္စမျိုးကို မဆင်မခြင် လုပ်ဆောင်၍ မရချေ။ တကယ်လို့များ ရုပ်သေးဝိညာဉ်နှင့် မှော်ရတနာ ရှိနေကြောင်းကို လူသိသွားခဲ့လျှင် တာ့ယွဲ့ပြည်နယ် တစ်ခုလုံးရှိ အမြုတေဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူများ အကုန်လုံး ရောက်ရှိလာကြပေလိမ့်မည်။ တာ့ယွဲ့နန်းတော် မှ "အခြေတည် ဝိညာဉ် အဆင့်" အရှင်သခင်ကြီး ကိုယ်တိုင်တောင် ဆင်းလာနိုင်ပေသည်။

အခန်း (၁၈၉) - နည်းဗျူဟာအစုံ ခင်းကျင်းခြင်းနှင့် အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီး၏ ကျဆုံးခန်း (အပိုင်း၂)

~“မှော်ရတနာတွေ ဆိုတာ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးတွေနဲ့ သင့်တော်တဲ့ လက်နက်တွေ ဖြစ်မှန်း သိထားသင့်တယ်”

“ဟူး...”

တာအိုရုပ်သေးသည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး၊ နောက်ကျိနေသော လေများကို ပါးစပ်မှ ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်၏။ အနည်းငယ် မှေးမှိန်သွားသော ရုပ်သေးဝိညာဉ်၏ စွမ်းအားကို သူ စစ်ဆေးကြည့်လိုက်သည်။

ရတနာ တစ်ပါး ဖြစ်သော "ရေခဲဝိညာဉ် ပုလဲ"အား အစွမ်းကုန် ထုတ်သုံးလိုက်ခြင်းက ရုပ်သေးဝိညာဉ်၏ စွမ်းအားကို သိသိသာသာ ကုန်ခန်းသွားစေသည်။ ရုပ်သေးဝိညာဉ်၏ စွမ်းအား ပြန်လည် ပြည့်ဝလာစေရန် အချိန်အတန်ကြာ ယူရပေလိမ့်မည်။

သို့သော်လည်း...

သူသည် လီမိသားစု ဘိုးဘေးကြီး ချန်ထားရစ်ခဲ့သော သိုလှောင်အိတ် ကို ထုတ်ယူလိုက်၏။

ဒီသိုလှောင်အိတ်ပေါ်တွင် ခတ်နှိပ်ထားသော အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင် တစ်ပါး၏ တံဆိပ်ခတ်နှိပ်မှုသည်၊ လီမိသားစု နယ်မြေမှ ထွက်ပြေးစဉ်က ရုပ်သေးဝိညာဉ်၏ စွမ်းအားကြောင့် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ သူ၏ နတ်ဘုရား အာရုံ လှုပ်ရှားလိုက်ရုံဖြင့် လွယ်ကူစွာ စစ်ဆေးကြည့်ရှုနိုင်ပြီ ဖြစ်သည်။

“ရှူး...”

တာအိုရုပ်သေး၏ မျက်လုံးများ ပြူးကျယ်သွားပြီး၊ မတ်တတ်မရပ်မိအောင် မနည်း ထိန်းလိုက်ရသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် သူ့ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာ တုန်ယင်နေသည်။

“ငါတော့ ရွှေအိုးကြီး တိုးပြီဟေ့...”

ဒီသိုလှောင်အိတ်ထဲရှိ နေရာလွတ်သည် အလွန် ကျယ်ဝန်းလှသည်။ တတိယအဆင့် "ရေခဲနှင့် မီး ဂူစံအိမ်" ထဲရှိ နေရာလွတ်ထက်ပင် ပိုမို ကြီးမားသေးသည်။

အတွင်းထဲတွင် ဆေးဖော်စပ်ရာ၌ အသုံးပြုသော ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။ အနိမ့်ဆုံး အဆင့်သည် ဒုတိယအဆင့် ဝိညာဉ်ဆေးပင်များ ဖြစ်ပြီး၊ အခြေခံတည်ဆောက်ခြင်း ဆေးလုံး ဖော်စပ်သည့် ပစ္စည်းများ၊ တတိယအဆင့် ဝိညာဉ်ဆေးပင် ပစ္စည်းများ၊ ဟောင်ထျန်း ဆေးလုံး နှင့် ရွှေရောင်ယွမ် ဆေးလုံးဖော်စပ်သည့် ပစ္စည်းများပင် ပါဝင်သည်။ ထိုပစ္စည်းအချို့ကို သူ မြင်တွေ့လိုက်ရသည်။

အနည်းဆုံးတော့ ဒုတိယအဆင့် ဆေးလုံး ဖော်စပ်သည့် ပစ္စည်းအစုံ တစ်ထောင်ခန့် ပုံထားသည်ကို တွေ့ရသည်။

အသင့်ဖော်စပ်ပြီးသား ဆေးလုံး အရေအတွက်လည်း မနည်းလှပေ။ ဆေးလုံးများကို ကျောက်စိမ်းပုလင်းများထဲတွင် ထည့်ကာ သိုလှောင်အိတ်၏ ထောင့်တစ်နေရာတွင် စီထားသည်။

ဒါတင်မကသေးဘဲ၊ စုယွီသည် ထိပ်တန်းအဆင့် မှော်လက်နက် တစ်ခု ဖြစ်သော ဆေးပေါင်းအိုး တစ်လုံးကိုလည်း တွေ့လိုက်ရသည်။

မှတ်တမ်း ကျောက်စိမ်းပြား အချို့လည်း ရှိနေသည်။

ထို့ပြင် အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများ ပုံထားသည်ကိုလည်း တွေ့ရသည်။ သူ၏ ခန့်မှန်းချက်အရ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းခန့်နှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အနည်းဆုံး တစ်သိန်းခန့် ရှိလောက်သည်။

အခြား ပစ္စည်းများကိုလည်း စုယွီ စစ်ဆေးကြည့်လိုက်၏။

အရည်အသွေးမြင့် ဒုတိယအဆင့် အဆောင်လက်ဖွဲ့ (၂၀) ကျော်နှင့် အဆင့်နိမ့် တတိယအဆင့် အဆောင်လက်ဖွဲ့ (၄) ခုကို တွေ့ရှိခဲ့သည်။

ရုပ်သေး သားရဲ အနေဖြင့်၊ ဒီသိုလှောင်အိတ်ထဲတွင် တစ်ကောင် ပါလာသည်။

၎င်းသည် မိစ္ဆာဝံပုလွေ ပုံသဏ္ဍာန်ရှိသော ထိပ်တန်း ဒုတိယအဆင့် ရုပ်သေး သားရဲ တစ်ကောင် ဖြစ်သည်။ ၎င်း၏ အရှိန်အဝါသည် အလွန် အစွမ်းထက်ပြီး၊ အနည်းဆုံးတော့ သာမန် အခြေခံတည်ဆောက်ခြင်း အဆင့် (၉) ကျင့်ကြံသူ တစ်ယောက်ထက် ပိုမို သန်မာသည်။

စုယွီ၏ အမြင်တွင်တော့ လီမိသားစု ဘိုးဘေးကြီး ကဲ့သို့သော အမြုတေဖွဲ့စည်းခြင်း အဆင့် အရှင်သခင် တစ်ပါးအတွက် ဤပိုင်ဆိုင်မှု ပမာဏသည် ကြွယ်ဝသည်ဟု မသတ်မှတ်နိုင်ပေ။

အနည်းဆုံးတော့ ရတနာ ပိုင်ဆိုင်မှု အပိုင်းမှာ သူက တော်တော် ဆင်းရဲသည်။ သူ့မှာ ထိပ်တန်း ဆေးပေါင်းအိုး တစ်လုံးပဲ ရှိသည်။

အဆင့်နိမ့် တတိယအဆင့် အဆောင်လက်ဖွဲ့ (၄) ခုတည်းတဲ့လား... တကယ့်ကို ဆင်းရဲတာပဲ။

ပြီးတော့ ရုပ်သေး သားရဲ... အမြုတေဖွဲ့စည်းခြင်း အဆင့် (၃) အရှင်သခင် တစ်ပါး၊ ပြီးတော့ တတိယအဆင့် အဆင့်နိမ့် ဆေးပညာရှင် တစ်ယောက် ဖြစ်ပါရက်နဲ့၊ ထိပ်တန်း ဒုတိယအဆင့် ရုပ်သေး သားရဲ တစ်ကောင်ပဲ ရှိတယ် ဆိုတာ ယုံနိုင်စရာတောင် မကောင်းဘူး။

စုယွီ စိတ်ပျက်သွားသည်။

တတိယအဆင့် ရုပ်သေး သားရဲ တစ်ကောင်လောက် ပါလာရင် သိပ်ကောင်းမှာပဲ။

သို့သော်လည်း...

တကယ်လို့သာ လီမိသားစု ဘိုးဘေးကြီးဆီမှာ အဆင့်နိမ့် တတိယအဆင့် ရုပ်သေး သားရဲ တစ်ကောင် ရှိနေခဲ့လျှင်၊ သူ့အနေနဲ့ လီမိသားစု ဘိုးဘေးကြီးကို အနိုင်ယူဖို့ မရေရာမှုတွေ ဖြစ်လာနိုင်စရာ ရှိသည်။

ထိုသို့သာ ဆိုလျှင် အရင်ကလို ချောချောမွေ့မွေ့ ဖမ်းဆီးနိုင်ပါ့မလား ဆိုတာ ပြောဖို့ ခက်သည်။

“ငါ လောဘကြီးလွန်းနေမိပြီ...”

စုယွီ မ်ိမိကိုယ်ကို သတိပေးလိုက်ပြီး သူ့စိတ်ကို အမြန် ပြန်လည် တည်ငြိမ်အောင် လုပ်လိုက်၏။

အခြေခံတည်ဆောက်ခြင်း အဆင့် (၄) သာ ရှိသေးသော စုယွီအတွက်၊ လီမိသားစု ဘိုးဘေးကြီး ချန်ထားရစ်ခဲ့သော အမွေအနှစ် ပမာဏသည် များပြားလှပါသည်။ မေပယ်မြို့တော် က ပိုင်မိသားစု ပိုင်ဆိုင်မှုပေါင်း ဒါဇင်နှင့်ချီ ရှိတာနှင့် ညီမျှသည်။

“ထိပ်တန်း ဆေးပေါင်းအိုး... ငါ အခု မသုံးနိုင်သေးဘူး...”

စုယွီသည် ဆေးပေါင်းအိုးကို ကြည့်ရင်း သက်ပြင်းချလိုက်၏။

သူ့ကျင့်ကြံခြင်းက အခြေခံတည်ဆောက်ခြင်း အဆင့် (၄) သာ ရှိသေးသည်။ ထိပ်တန်း ဆေးပေါင်းအိုးကို အသုံးပြုခြင်းသည် ကလေးလေးကို ဓားမကြီး ကိုင်ခိုင်းထားသလို ဖြစ်နေလိမ့်မည်။

သူ့ချီစွမ်းအင်က အိုးကို ထောက်ပံ့ပေးနိုင်မှာ မဟုတ်သည့်အတွက် အကျိုးထက် အဆိုးက ပိုများလိမ့်မည်။

ကံကောင်းသည်မှာ...

ထိုထိပ်တန်း ဆေးပေါင်းအိုး အပြင်၊ လီမိသားစု ဘိုးဘေးကြီး၏ သိုလှောင်အိတ်ထဲတွင် အနည်းငယ် နိမ့်ကျသော အခြား ထိပ်တန်းအဆင့် ဆေးပေါင်းအိုး တစ်လုံး ပါလာသေးသည်။

ဒါက အရည်အသွေးမြင့် ဆေးပေါင်းအိုး မရခင်တုန်းက သူ အသုံးပြုခဲ့သည့် လက်နက် ဖြစ်လောက်သည်။

တာအိုရုပ်သေးသည် လီမိသားစု ဘိုးဘေးကြီး စုဆောင်းထားသော ကျောက်စိမ်းပြားများနှင့် ရှေးဟောင်း စာအုပ်များကို ဆက်လက် စစ်ဆေးကြည့်ရှုလိုက်၏။

အများစုမှာ လီမိသားစု ကျင့်ကြံသူများ အသုံးပြုသော ကျင့်စဉ်များ ဖြစ်ပြီး၊ အားလုံးက အမြုတေဖွဲ့စည်းခြင်း အဆင့်နှင့် အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်စဉ်များသာ ဖြစ်သည်။

မူလဝိညာဉ် အဆင့် ကျင့်စဉ် တစ်ခုမှ မပါဝင်ပေ။

“ယွင်ကျန်းဂိုဏ်းနဲ့ ယှဉ်လိုက်ရင်၊ လီမိသားစုရဲ့ ဆေးပညာရှင် အုတ်မြစ်က လိုအပ်ချက် ရှိနေတုန်းပဲ... ယွင်ကျန်းဂိုဏ်းရဲ့ သမိုင်းမှာ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး မွေးထုတ်ပေးနိုင်ခဲ့ဖူးတယ်... သူက စောစောစီးစီး ကျဆုံးသွားပြီး ယွင်ကျန်းဂိုဏ်းကို မြင့်တက်လာအောင် မစွမ်းဆောင်နိုင်ခဲ့တာ နှမြောစရာ ကောင်းတယ်...”

“လီမိသားစုမှာတော့ အခုအချိန်ထိ မူလဝိညာဉ် အဆင့် ကျင့်စဉ် တစ်ခုမှ မရှိသေးဘူး... ကွာခြားချက်က တကယ် ကြီးမားတာပဲ...”

စုယွီ တိတ်တဆိတ် တွေးတောလိုက်၏။

သို့သော် သူ့ စိတ်အာရုံက ကျောက်စိမ်းပြား တစ်ခုကို ထိုးဖောက် ဝင်ရောက်ပြီး၊ အထဲမှ အချက်အလက် အမွေအနှစ်ကို ရရှိလိုက်သည့် အချိန်၌၊ စုယွီ ဝမ်းသာအားရ ဖြစ်သွားသည်။

“တတိယအဆင့် အလယ်အလတ်တန်းစား ဆေးပညာရှင် အမွေအနှစ်ပဲ...”

ကျောက်စိမ်းပြားများကို စစ်ဆေးနေစဉ် တစ်လျှောက်လုံး သူ ရှာဖွေနေခဲ့သည်မှာ ဤအမွေအနှစ်ပင် ဖြစ်သည်။

တာ့ယွဲ့ နယ်မြေ၏ ထိပ်တန်း ဆေးပညာရှင် ကျင့်ကြံသူ မိသားစု ဖြစ်သည့် လီမိသားစုတွင်၊ တတိယအဆင့် ဆေးပညာရှင် တစ်ဦး ရှိခဲ့ဖူးသည်။

သဘာဝကျစွာပင် ထိုတတိယအဆင့် ဆေးပညာရှင်၏ အမွေအနှစ်သည် မရှိမဖြစ် ပါဝင်နေသင့်သည်။

“ဟူး...”

စုယွီ အသက်ပြင်းပြင်း ရှူလိုက်၏။ ဤအမွေအနှစ်သာ ရှိလျှင်၊ တတိယအဆင့် ဆေးပညာရှင် ဖြစ်လာရန် သူ့လမ်းကြောင်းပေါ်ရှိ အတားအဆီးများ ရှင်းလင်းသွားပေလိမ့်မည်။

အဟဲ၊ ဒီတစ်ခေါက် ငါးမျှားထွက်ရတာ အကြီးအကျယ် အမြတ်ထွက်သွားပြီ..

“ဟောင်ထျန် ဆေးလုံး သုံးလုံးတောင် ရှိတာပဲ...”

စုယွီသည် ဆက်လက် တွေးတောမနေတော့ဘဲ၊ အမွှေးနက် သိန်းငှက်ကို ချက်ချင်း ဆင့်ခေါ်လိုက်၏။

*

ထို့နောက် သိန်းငှက်ကြီး၏ ကျောပေါ်သို့ တက်ရောက်ကာ ကောင်းကင်ယံသို့ ပျံတက်ပြီး၊ ယွီမိသားစု ရှိရာသို့ ဦးတည် ထွက်ခွာသွားလေသည်။

အရင်တုန်းက ဟောင်ထျန်း ဆေးလုံး ဖော်စပ်ရာတွင် အသုံးပြုခဲ့သော အထောက်အကူပြု ဆေးဖက်ဝင် ပစ္စည်းများ၏ သုံးပုံနှစ်ပုံကို ယွီမိသားစု၏ ဘဏ္ဍာတိုက်မှ ရယူခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယခုအခါ သူသည် ဟောင်ထျန်း ဆေးလုံး တစ်လုံးကို အသုံးပြုပြီး ယွီမိသားစုနှင့် အရောင်းအဝယ် လုပ်ရန် စီစဉ်လိုက်၏။

ဤသို့ ပြုလုပ်ခြင်းသည် ဆေးဖက်ဝင် ပစ္စည်းများအတွက် ကျေးဇူးကြွေးကို ပြန်ဆပ်ရာ ရောက်သလို၊ ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်း ဖြစ်ပေါ်လာနိုင်သော

မတည်ငြိမ်မှုများ အတွက် ကြိုတင် ပြင်ဆင်ခြင်းလည်း ဖြစ်သည်

အကယ်၍ ယွင်ကျန်းဂိုဏ်း၏ ပထမ အကြီးအကဲသာ ရှုံးနိမ့်သွားခဲ့လျှင်၊ ယွင်ကျန်းဂိုဏ်း လက်အောက်ရှိ နံပါတ်တစ် ကျင့်ကြံသူ မိသားစု ဖြစ်သော ယွီမိသားစုသည်၊ သူတို့ စုမိသားစုအတွက် ဤနေရာ၌ အားအကိုးရဆုံး မဟာမိတ် ဖြစ်လာပေလိမ့်မည်။

ထိုအခြေအနေမျိုးတွင် မိမိ၏ မဟာမိတ်ကို တတ်နိုင်သမျှ စွမ်းအားကြီးမားစေလိုသည်မှာ သဘာဝကျပေသည်။

ဒါပေါ့လေ...

ယွီမိသားစုကလည်း အတော်လေး သာမန် ဆန်လွန်းနေသည်။ နှစ်တွေ အများကြီး ကြာခဲ့ပြီ ဖြစ်သော်လည်း၊ အမြုတေဖွဲ့စည်းခြင်း အဆင့်အား တက်လှမ်းနိုင်မည့် အလားအလာရှိသူ တစ်ယောက်တောင်

မမွေးထုတ်နိုင်သေးပေ။

သူကပဲ နည်းလမ်း ရှာပေးရတော့မည့် ပုံပင်။

*

ရက်အနည်းငယ် ကြာပြီးနောက်…

“ကျီ...”

ကျယ်လောင် စူးရှသော အော်မြည်သံနှင့်အတူ၊ အမွှေးနက် သိန်းငှက်ကြီးသည် ကျောက်မဲတောင်တန်းရှိ ယွီမိသားစု နယ်မြေ ဝင်ပေါက်ရှေ့သို့ ဆင်းသက်လိုက်၏။

ဝင်ပေါက်တွင် စောင့်ကြပ်နေသော တံခါးစောင့် နှစ်ဦး၏ ရိုသေစွာ ဂါရဝပြု နှုတ်ဆက်ခြင်းကို ခံယူပြီးနောက်၊ စုယွီ၏ ပုံသဏ္ဍာန် ဖန်တီးထားသော တာအိုရုပ်သေးသည် ယွီမိသားစု၏ ဂူစံအိမ် အတွင်းသို့ ဝင်ရောက်သွားလေသည်။

ယွီမိသားစု၏ တတိယ နေအိမ် ဝိညာဉ်တောင်သို့ ရောက်ရှိပြီး ယွီပိုင်ဟယ်နှင့် တွေ့ဆုံသောအခါ၊ စုယွီက တိုးညှင်းစွာ ပြောလိုက်၏။

“မိသားစု ခေါင်းဆောင်ကြီး နဲ့ ဘိုးဘေးကြီးကို တွေ့ချင်ပါတယ်...”

All Chapters