← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း။ ၁၀၅

ကျင့်ကြံမှု စွမ်းဆောင်ရည် နှစ်ဆတိုးတာတောင် စိတ်ကူးစိတ်သန်း မကြွယ်ဝသေးဘူးလို့ ဆိုရမှာလား။

ဒါဆို နှစ်ဆထက်တောင် ပိုပြီး တိုးတက်သွားတာပေါ့။

အမှန်အတိုင်း ပြောရလျှင် ကျောင်းအုပ်ကြီးနှင့် ယဲ့ဖျင်တို့၏ ဘဝအတွေ့အကြုံအရ ကျင့်ကြံမှုစွမ်းဆောင်ရည် နှစ်ဆတိုးတက်သွားသည်ကို သူတို့မျက်စိရှေ့တွင် မြင်တွေ့ရလိမ့်မည်ဟုပင် တစ်ခါမျှ စိတ်မကူးခဲ့ဖူးချေ။

ကျောင်းအုပ်ကြီးက သံသယစိတ်ဖြင့် "မင်းရဲ့ ကိုယ်ပိုင်ကျင့်စဉ်က အခြား အဆင့်မြင့်ကျင့်စဉ်တွေထက် အဆပေါင်းများစွာ ပိုရှုပ်ထွေးတာတော့ မှန်ပါတယ်။ ဒါပေမဲ့ စွမ်းဆောင်ရည် နှစ်ဆထက် ပိုတိုးလာဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက်ပဲ"

ယဲ့ဖျင်ကလည်း လေးနက်စွာ ခေါင်းငြိမ့်လျက် ထောက်ခံနေသည်။

နှစ်ဆထက်ပိုတယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ။

ကျင့်ကြံမှုလောကတွင် ရှိနေသူများ သိကြသည်မှာ အထူးအဆင့်မြင့် ကျင့်စဉ်ကို အသုံးပြု၍ ရှစ်နှစ်အရွယ် ပါရမီရှင်တစ်ဦးသည် တစ်နေ့လျှင် သွေးအင်အားတန်ဖိုး၂၀ ခန့် တိုးတက်နိုင်ပြီး ၎င်းမှာပင် အလွန်ကောင်းမွန်သော ရလဒ်ဖြစ်သည်။

ထိုအဆင့်နှင့် နှိုင်းယှဉ်လျှင် ချန်ဖန်း၏ သီးသန့်ကျင့်စဉ်မှာ စွမ်းဆောင်ရည် ၀.၈ ဆ ပိုမိုမြင့်မားပြီး ထိုရှစ်နှစ်အရွယ် ပါရမီရှင်ကိုပင် တစ်နေ့လျှင် သွေးအင်အား ၃၆ အထိ တိုးတက်စေနိုင်ရာ ၎င်းမှာပင် ကြောက်စရာကောင်းသော အရှိန်အဟုန်ဖြစ်သည်။

ထိုသို့ဆိုလျှင် နှစ်ဆတိုးတက်သော စွမ်းဆောင်ရည်ဆိုသည်မှာ တစ်နေ့လျှင် သွေးအင်အားတန်ဖိုး ၆၀ အထိ တိုးလာမည်ဟု အဓိပ္ပာယ်ရသည်။

ကွာဟချက်မှာ သိသိသာသာ ကြီးမားလာပြီ ဖြစ်သည်။

ထိုအရာက နှစ်ဆတိုးတက်မှုကိုသာ ဆိုလိုခြင်းဖြစ်ပြီး ရွှီရန်၏ လေသံအရဆိုလျှင် ကွာဟချက်မှာ ထိုထက်ပင် ပိုမိုကြီးမားနေဦးမည်ပင်။

ယဲ့ဖျင်မှာ မအောင့်နိုင်တော့ဘဲ "အတိအကျ ဘယ်လောက်လဲကွာ ၂.၅ ဆ လောက်များလား" ဟု မေးလိုက်တော့သည်။

ရွှီရန် : "အရမ်းကို အားနည်းသေးတာပဲဗျာ နည်းနည်းလောက် ထပ်တိုးကြည့်ပါဦး"

ကျောင်းအုပ်ကြီး : "ဒါဆို ၃ ဆတောင် ရောက်သွားတာလား"

ရွှီရန်က နောက်ဆုံးတွင် ပြုံးလျက် ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်ကဲ့ ၃ ဆ နီးပါးလောက် ရှိပါတယ်"

ယဲ့ဖျင်မှာ တုန်လှုပ်သွားပြီး "၃ ဆ စွမ်းဆောင်ရည် ဟုတ်လား။ မင်းသေချာရဲ့လား တစ်ခုခု မှားယွင်းပြီး ခံစားမိတာ မဟုတ်ဘူးလား"

ရွှီရန် : "ကျွန်တော် ခံစားမိတာ မမှားပါဘူး အတိအကျကို ၃ ဆ ပါပဲ"

ကျောင်းအုပ်ကြီးနှင့် ယဲ့ဖျင်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း မျက်စိသူငယ်အိမ်များမှာ သိသိသာသာ တုန်လှုပ်သွားကြသည်။

ယဲ့ဖျင် : "၃ ဆ ဆိုတာ မယုံနိုင်စရာ ကိန်းဂဏန်းပဲ အကယ်၍သာ တကယ် ၃ ဆ စွမ်းဆောင်ရည် တိုးတက်သွားတာဆိုရင် ဒီကိုယ်ပိုင်ကျင့်စဉ်ဟာ တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးကျင့်စဉ် ဖြစ်သွားပြီ"

ကျောင်းအုပ်ကြီး၏ ဘယ်ဘက်မျက်ခွံမှာ သိသိသာသာ လှုပ်ခတ်နေသည်။

"၃ ဆ စွမ်းဆောင်ရည်ဆိုတာ ကျင့်ကြံရုံတင်နဲ့တင် တစ်နေ့ကို သွေးအင်အားတန်ဖိုး၈၀ လောက် တိုးလာမယ်လို့ ဆိုလိုတာပဲ။ တစ်နှစ်အတွင်းမှာတင် သွေးအင်အား ၃၀,၀၀၀ ကျော်ကို အလွယ်တကူ စုဆောင်းနိုင်လိမ့်မယ်။ ဒါက အစောပိုင်းအဆင့်မှာပဲ ရှိသေးတာနော် နောက်တစ်နှစ်ကြာရင် တစ်နေ့ကို ၁၆၀ လောက်အထိ တိုးလာနိုင်တယ်... ဒါက နှင်းလုံးလိမ့်သလိုပဲ တဖြည်းဖြည်းနဲ့ အရှိန်အဟုန်က ပိုပြီး ကြောက်စရာကောင်းလာလိမ့်မယ်"

"အခြေခံအားဖြင့် ပြောရရင် မင်းက မှန်ရိပ်အရှင်သခင်ထက် ကျင့်ကြံချိန် နှစ်နှစ် နောက်ကျနေတယ်ဆိုတဲ့ အချက်ကို ဒီကိုယ်ပိုင်ကျင့်စဉ်နဲ့ ပြန်ပြီး ခြေဖျက်ပစ်လို့ ရသွားပြီ"

"ကွာဟချက်က တစ်နှစ်လောက်ပဲ ကျန်တော့မယ်ဆိုရင်တော့ ဒီလို ရွှေရောင်ခေတ်ဦးကာလမှာ ကျင်းပမယ့် ရွေးချယ်ပွဲမှာ မင်းတကယ်ပဲ ထိပ်ဆုံးငါးယောက်စာရင်းဝင်ဖို့ ယှဉ်ပြိုင်နိုင်လိမ့်မယ်"

ကျောင်းအုပ်ကြီး၏ မျက်ဝန်းများမှာ ပိုမိုဝင်းလက်လာခဲ့သည်။ ကျင်းပြည်နယ်ပြန်လည် ထွန်းကားလာမည့် မျှော်လင့်ချက်များမှာ သူ၏ရင်ထဲတွင် တစ်ဖန် ပြန်လည်ရှင်သန်လာပြန်သည်။

"တကယ့်ကို ဉာဏ်အလင်းပွင့်မှု အမြုတေအရိုး နဲ့ ထိုက်တန်ပါပေတယ်။ အရမ်းကောင်းတယ်"

ကျောင်းအုပ်ကြီးသည် နွေးထွေးစွာ ပြုံးရင်း ရွှီရန်၏ ပခုံးကို ပုတ်ကာ အားပေးလိုက်သည်။

"မင်းမှာ ၃၃၀ ရက် ကျန်သေးတယ် မင်းအနေနဲ့ အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ဒီနေ့ကစပြီး ငါမင်းကို အံ့ဖွယ်အမြုတေအရိုးလို့ပဲ ခေါ်တော့မယ်"

ကျောင်းအုပ်ကြီးက "မင်းကိုယ်တိုင် ဖန်တီးလိုက်တဲ့ ဒီကျင့်စဉ်ရဲ့ နာမည်ကတော့... ရွှီမျိုးနွယ်ရဲ့ သွေးအင်အားကျင့်စဉ်ဖြစ်ရမယ်" ဟု ပြောလိုက်သည်။

ရွှီရန် : "..."

ဒီနာမည်ပေးစွမ်းရည် လုံးဝမရှိတဲ့ ကျောင်းအုပ်ကြီးကတော့ နာမည်တွေ လျှောက်ပေးနေပြန်ပြီ

အံ့ဖွယ်အမြုတေအရိုး ဆိုတာကလည်း ဘာကြီးလဲ... လုံးဝကို မမိုက်ဘူး။ ရွှီမျိုးနွယ်ရဲ့ သွေးအင်အားကျင့်စဉ်ဆိုတာက ပိုတောင်ဆိုးသေး...။

ရွှီရန်က လက်ယမ်းပြလိုက်ရင်း "ကျောင်းအုပ်ကြီး... အဲဒီအစား နတ်ဘုရားတစ်ပိုင်း ကျင့်စဉ်လို့ပဲ ခေါ်ရင် ဘယ်လိုလဲဗျာ"

ကျောင်းအုပ်ကြီးက ခေတ္တမျှ စဉ်းစားပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

"ငါ့ရဲ့ နှစ်ပေါင်း နှစ်ရာနီးပါး အတွေ့အကြုံအရတော့ ရွှီမျိုးနွယ်ကျင့်စဉ်ဆိုတဲ့ နာမည်က ပိုပြီးတော့ အရှိန်အဝါရှိသလိုပဲကွ"

ရွှီရန် : "..."

လုံးဝ မဟုတ်တာ...

ယဲ့ဖျင်က ရွှီရန်ဘက်မှ ကူပြောပေးလိုက်သည်။

"ကျွန်တော် ထင်တာတော့ နတ်ဘုရားတစ်ပိုင်း ကျင့်စဉ် ဆိုတာက ပိုပြီးတော့ သင့်တော်ပါတယ်။ သုံးဆတောင် တိုးတက်တဲ့ စွမ်းဆောင်ရည်ဆိုတာ နတ်ဘုရားအဆင့် မဟုတ်ရင် ဘာဖြစ်ဦးမှာလဲ"

ရွှီရန် : "ဟုတ်တယ် ဟုတ်တယ် အဲဒါပဲ"

ကျောင်းအုပ်ကြီး : "...ဟူး မင်းတို့က အခု အရွယ်ရောက်ခါစ ပုန်ကန်ချင်တဲ့အရွယ်တွေ ဖြစ်နေလို့ပါကွာ။ ကောင်းပြီလေ မင်းက ဖန်တီးသူဆိုတော့ မင်းမှာ နာမည်ပေးပိုင်ခွင့် အပြည့်အဝ ရှိပါတယ်"

ရွှီရန် သက်ပြင်းတစ်ချက် အသာချလိုက်ရင်း "ဒါဆိုရင် ကျွန်တော် ဒီ နတ်ဘုရားတစ်ပိုင်း ကျင့်စဉ်ကို နိုင်ငံတော်ကို တင်ပြလိုက်ရင် အထူးအဆင့်မြင့် ရတနာတစ်ခုနဲ့ လဲလှယ်လို့ ရမလား"

ကျောင်းအုပ်ကြီး၏ မျက်လုံးများမှာ အနည်းငယ် မှေးစပြုသွားပြီး "သေချာတာပေါ့ အထူးအဆင့်မြင့် ကျင့်စဉ်တစ်ခုကို သုတေသနပြုပြီး နိုင်ငံတော်ကို တင်ပြတာက အထူးဂုဏ်ပြုမှတ်တမ်းဝင် အကျိုးဆောင်မှုကို ရရှိစေနိုင်တယ်။ ဒါက သိပ်ကို အရေးကြီးတဲ့ ကိစ္စပဲ"

"ငါ့ရုံးခန်းကို လိုက်ခဲ့ကြ ငါကိုယ်တိုင် လျှောက်ထားပေးမယ်။ ယဲ့ဖျင်... မင်းလည်း လိုက်ခဲ့ဦး"

ယဲ့ဖျင် : "ဟုတ်ကဲ့ပါ"

မကြာမီမှာပင် သူတို့သုံးဦး ရုံးခန်းအတွင်းသို့ ဝင်ရောက်လာကြသည်။ ကျောင်းအုပ်ကြီးသည် ကွန်ပျူတာကို ဖွင့်ကာ အလုပ်ရှုပ်သွားတော့သည်။ နတ်ဘုရားတစ်ပိုင်း ကျင့်စဉ်ကို ဗီဒီယိုမှတ်တမ်းတင်ခြင်း၊ အသေးစိတ် အချက်အလက်များကို ရေးသားခြင်းများ ပြုလုပ်ရုံတင်မက ဖုန်းအချို့ကိုလည်း ဆက်သွယ်ပြောဆိုခဲ့သည်။ ထို့နောက် ဦးလေးယဲ့ကို ထောက်ခံစာတစ်စောင် ရေးခိုင်းပြီး ရွှီရန်ကိုလည်း ပုံစံတစ်ခု ဖြည့်စွက်ခိုင်းလိုက်သည်။

အဆင်သင့်ဖြစ်ပြီဆိုသည်နှင့် ကျောင်းအုပ်ကြီးသည် လျှောက်လွှာကို ပေးပို့လိုက်တော့သည်။ သူသည် ကုလားထိုင်နောက်သို့ မှီချလိုက်ပြီး လက်ဖက်ရည်ကြမ်း တစ်ငုံကို အားရပါးရ သောက်လိုက်ရင်း…

"အခုတော့ လျှောက်ထားပြီးပြီ။ ဒါပေမဲ့ ကောင်းကင်ထိပ်သီး နန်းဆောင်က ယွဲ့နယ်ပယ်စစ်သည်တော်တွေနဲ့ သိပ္ပံပညာရှင်တွေက အချိန်တစ်ခုယူပြီး အတည်ပြုရဦးမယ်။ စွမ်းဆောင်ရည် ၃ ဆ တကယ်တိုး မတိုးဆိုတာကိုပေါ့။ အဲဒါပြီးမှ ဆုလာဘ်ကို တရားဝင် ထုတ်ပေးမှာ"

ရွှီရန်က သိမ်မွေ့စွာ ပြုံးလိုက်ပြီး "ရပါတယ် ဆုလာဘ်ရဖို့က အဓိကပဲ။ သူတို့ စိတ်ကြိုက်သာ စစ်ဆေးပါစေဗျာ"

အမှန်စင်စစ် သူ၏ အဓိကပန်းတိုင်မှာ သူ၏ ကျင့်ကြံမှု စွမ်းဆောင်ရည်ကို မြှင့်တင်ရန်ဖြစ်ပြီး ဆုလာဘ်မှာမူ မတော်တဆ ထီပေါက်သကဲ့သို့ ရရှိလာသည့် အပိုဆုတစ်ခုသာ ဖြစ်သည်။ တွေးကြည့်ရုံနှင့်ပင် ကျေနပ်စရာပင်။

ကျောင်းအုပ်ကြီးမှာ ပြုံးပျော်နေပြီး "ကဲ... အားလုံး အဆင်ပြေသွားပြီ။ အိမ်ပြန်ပြီး သတင်းကောင်းကို စောင့်နေလိုက်တော့ ဒီနေ့ကစပြီး ၃၃၀ ရက်အကြာမှာ ကျင်းပမယ့် နတ်ဘုရားသတ်တပ်ဖွဲ့ ရွေးချယ်ပွဲအတွက်ပဲ အပြည့်အဝ ပြင်ဆင်တော့"

ရွှီရန် : "မရသေးဘူး ကျောင်းအုပ်ကြီး။ ခင်ဗျား တစ်ခု မေ့နေတယ်။ အိပ်မက်ဆိုး ကလဲ့စားချေမိခင်ကို သတ်ဖြတ်ခဲ့တဲ့ ဆုလာဘ် ကျွန်တော် မရသေးဘူး။ အဲဒါက အထူးအဆင့်မြင့် မှော်အတတ်တစ်ခုနဲ့ အထူးအဆင့်မြင့် လက်နက်တစ်ခု ဖြစ်ရမှာလေ"

ကျောင်းအုပ်ကြီးက မျက်ခုံးပင့်လိုက်ပြီး "အဲဒါလည်း ဟုတ်သားပဲ။ ဒါပေမဲ့ မင်းရဲ့ လက်ရှိ သွေးအင်အားတန်ဖိုးနဲ့ဆိုရင် အထူးအဆင့်မြင့် လက်နက်တစ်ခုကို အပြည့်အဝ အသုံးချနိုင်မှာ မဟုတ်ဘူး။ ၁၀ ရာခိုင်နှုန်းလောက်ပဲ စွမ်းအားပြနိုင်လိမ့်မယ်"

"ဒါကြောင့် တစ်ဖက်က ကြည့်ရင် ငါပေးမယ့် အလယ်အလတ်အဆင့် လက်နက်ကို ရွေးတာက ပိုပြီး လက်တွေ့ကျလိမ့်မယ်"

"မှော်အတတ်ပိုင်းမှာတော့ မင်းရဲ့ အံ့ဖွယ်အမြုတေအရိုး နဲ့ဆိုရင် မြန်မြန်တတ်မှာပဲ။ အထူးအဆင့်မြင့် မှော်အတတ် နှစ်ခုလောက် ရွေးမလား။ အဲဒါဆိုရင် ရွေးချယ်ပွဲမှာ မင်း ပိုပြီး ယုံကြည်ချက်ရှိရှိ ယှဉ်ပြိုင်နိုင်မှာ"

ရွှီရန်က ပြတ်ပြတ်သားသားပင် "ကျွန်တော် အထူးအဆင့်မြင့် လက်နက်တစ်ခုနဲ့ မှော်အတတ် တစ်ခုပဲ ယူပါ့မယ်။ အထူးအဆင့်မြင့် လက်နက်ကို ကျွန်တော် စမ်းကြည့်ချင်လို့ပါ"

ကျောင်းအုပ်ကြီးက သဘောကောင်းစွာဖြင့် "ကောင်းပြီလေ။ တကယ်လို့ အထူးအဆင့်မြင့် လက်နက်က မင်းအတွက် အဆင်မပြေဘူးဆိုရင် ငါ့ဆီမှာ အလယ်အလတ်အဆင့် လက်နက်တွေ အများကြီး ရှိပါသေးတယ်" ဟု ပြောလိုက်တော့သည်။

အခန်း။ ၁၀၆

ကျောင်းအုပ်ကြီးက စကားပြောနေရင်း သော့တွဲတစ်ခုကို ထုတ်ယူကာ သူ၏နောက်ကွယ်ရှိ လုံခြုံရေးသေတ္တာကို ဖွင့်လိုက်ပြီး ထူးခြားသည့် တက်ဘလက်တစ်လုံးကို ထုတ်ယူလိုက်သည်။

ကွန်ပျူတာကို ဖွင့်ပြီး လက်ဗွေဖြင့် အတည်ပြုပြီးနောက် လက်ဝါးပြင်ဖြင့် ထပ်၍ အတည်ပြုကာ မျက်လုံးဖြင့် အတည်ပြုသည်။

ငြီးငွေ့စရာကောင်းလှသည့် လုပ်ထုံးလုပ်နည်းများစွာကို ဖြတ်ကျော်ပြီးနောက်တွင်မှ တက်ဘလက်၏ မျက်နှာပြင်ကို နောက်ဆုံးတွင် ဖွင့်နိုင်ခဲ့တော့သည်။

"ကဲ... ငါ ကောင်းကင်ထိပ်သီး နန်းဆောင်ရဲ့ ရတနာတိုက်ထဲကို ဝင်လိုက်ပြီ။ ငါ့ဘေးမှာ လာထိုင်ပြီး မင်းမျက်စိကျမယ့် ရတနာအချို့ကို ရွေးလိုက်တော့"

"ရွေးပြီးသွားရင်တော့ နောက်ထပ် နှစ်ရက်လောက်အတွင်းမှာ လေကြောင်းကနေ ပို့ပေးလိမ့်မယ်"

"မင်း ကောင်းကင်ထိပ်သီး နန်းဆောင် အကြောင်း သိတယ်မဟုတ်လား"

ရွှီရန် : "သိတာပေါ့"

ကောင်းကင်ထိပ်သီး နန်းဆောင်ဆိုသည်မှာ ဟွာရှနိုင်ငံ၏ ဗဟိုအကျဆုံးသော အဖွဲ့အစည်းဖြစ်ပြီး ၎င်းကို ယှဉ်နိုင်သည့် အဖွဲ့အစည်း မရှိချေ။ ထိုအဖွဲ့အစည်းသည် ကျင့်ကြံသူအားလုံးကို စီမံခန့်ခွဲရုံတင်မကဘဲ အထွေထွေသန့်စင်ရေးဌာန၊ စုံစမ်းစစ်ဆေးရေးဌာန၊ အခွန်ဌာန၊ စစ်ဆေးရေးဌာန... စသည့် ဌာနပေါင်းစုံကို ကြီးကြပ်ကွပ်ကဲသည်။

ဦးလေးယဲ့၏ စစ်ဆေးရေးမှူးရာထူးမှာပင် ကောင်းကင်ထိပ်သီး နန်းဆောင်၏ လက်အောက်ရှိ စစ်ဆေးရေးဌာနတွင် ပါဝင်လေသည်။

ထို့အပြင် ပြည်နယ်အသီးသီးရှိ နတ်ဘုရားတစ်ပိုင်း ရင်သွေးငယ်ကျောင်းများသည် ကောင်းကင်ထိပ်သီး နန်းဆောင်နှင့် တိုက်ရိုက်ဆက်နွယ်နေသည်။

၎င်းမှာ ကောင်းကင်ထိပ်သီး နန်းဆောင်က အစွမ်းအထက်ဆုံး ပါရမီရှင်များကို ပြုစုပျိုးထောင်ရန်အတွက် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဟု ဆိုနိုင်သည်။ ဆိုလိုသည်မှာ ရွှီရန်၏ နောက်ခံအင်အားသည် ဟွာရှနိုင်ငံ၏ အင်အားအကြီးဆုံးအဖွဲ့အစည်းနှင့် တိုက်ရိုက်ဆက်စပ်နေခြင်းပင်။ သူတို့ အရွယ်ရောက်လာချိန်တွင် ကောင်းကင်ထိပ်သီး နန်းဆောင်၏ အဓိက မဏ္ဍိုင်ကြီးများ ဖြစ်လာကြပေလိမ့်မည်။

ကျောင်းအုပ်ကြီးသည် တက်ဘလက်ပေါ်တွင် ခေတ္တမျှ စီစဉ်ဆောင်ရွက်ပေးပြီးနောက် ရွှီရန်

ထံသို့ ကမ်းပေးလိုက်သည်.

"ငါ မင်းအတွက် တစ်ချက် စစ်ထုတ်ပေးထားတယ်။ ဒီမှာရှိတဲ့ ရတနာတွေကို ကြည့်လိုက်ဦး အိမ်ပြန်ရောက်ရင်လည်း ရက်အနည်းငယ်လောက် သေချာစဉ်းစားပြီးမှ မင်းလိုချင်တဲ့ဆုကို အတည်ပြုလိုက်တော့"

ရွှီရန် : "ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး။ ဟဲဟဲ"

ဤအခိုက်အတန့်တွင် သူ၏ရင်ထဲ၌ အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရသည်။

တက်ဘလက်ကို လက်ခံရရှိသည်နှင့် သူ၏အကြည့်မှာ ရတနာတိုက်၏ မျက်နှာပြင်ဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။ ထိုစနစ်မှာ တကယ့်ပြခန်းတစ်ခုကို အပေါ်စီးမှ ကြည့်နေရသကဲ့သို့ အလွန်အဆင့်မြင့်လှသည်။ ဖန်ဗီဒိုများစွာ စနစ်တကျ စီတန်းထားပြီး ၎င်းတို့အတွင်း၌ အထူးအဆင့်မြင့် လက်နက်များမှာ တလက်လက် တောက်ပနေကြသည်။

ကျောင်းအုပ်ကြီးက ဘေးမှနေ၍ စိတ်ရှည်လက်ရှည် လမ်းညွှန်ပေးသည်.

"ငါ တစ်ခါ စစ်ထုတ်ပေးပြီးသားနော်"

"ဒီထဲမှာ အထူးအဆင့်မြင့် လက်နက်တွေချည်းပဲ။ ညာဘက်အပေါ်ထောင့်က စစ်ထုတ်တဲ့နေရာကို တွေ့လား အဲဒီမှာ လက်နက်အမျိုးအစား၊ အလေးချိန်၊ အထူးပြုစွမ်းရည်... စတာတွေကို စိတ်ကြိုက်ပြောင်းလဲပြီး ရှာလို့ရတယ်"

"ဒါပေမဲ့ ငါကတော့ အထူးအဆင့်မြင့် လက်နက်အားလုံးကို တစ်ချက်လောက် အကုန်လှန်ကြည့်ဖို့ အကြံပေးချင်တယ်။ မင်းစိတ်ဝင်စားတာကို ရွေးပေါ့။ ဘာပဲဖြစ်ဖြစ် ရတနာတိုက်ထဲမှာ အထူးအဆင့်မြင့် လက်နက်က အများကြီးမရှိပါဘူး။ ၃၄၅ ခုပဲ ရှိတာ"

ရွှီရန် : "ဟုတ်ကဲ့"

သူသည် အာရုံစူးစိုက်ကာ သေချာကြည့်ရှုနေမိသည်။ ရတနာတိုက်အတွင်းရှိ လက်နက်များမှာ စုံလင်လှသည်။ သေနတ်၊ ဓားရှည်၊ တုတ်၊ ပုဆိန်၊ လှံရှည်၊ ရွှေရောင်ဖရဲသီးပုံ တူထုကြီးများ... လက်နက် အမျိုး ၁၈ ပါးလုံး စုံလင်စွာ ရှိနေပြီး တစ်ခုချင်းစီမှာ တန်ဖိုးဖြတ်မရနိုင်သော အေးစက်စက် အလင်းတန်းများကို ထုတ်လွှတ်နေကြသည်။

အထူးအဆင့်မြင့် လက်နက်များ၏ တန်ဖိုးမှာ ကောင်းကင်ဘုံအဆင့်ဖြစ်ပြီး ငွေရှိရုံနှင့် ဝယ်ယူရန် မလွယ်ကူလှပေ။ စစ်တပ်အတွင်း၌ပင် မယုံနိုင်လောက်အောင်များပြားသည့် ရမှတ်များ သို့မဟုတ် ပထမတန်းစား ဂုဏ်ပြုဆု များ ရရှိထားမှသာ ပိုင်ဆိုင်ခွင့်ရှိသည့် အရာများ ဖြစ်သည်။

"ရိုးတံရှည် ရွှေရောင်ဖရဲသီးပုံ တူထုကြီး... လက်ကိုင်ရိုးက နှစ်မီတာရှည်ပြီး တူခေါင်းက လူ့ဦးခေါင်းခွံအရွယ်လောက် ရှိတယ်။ အကောင်းဆုံး သေမင်းရွှေနဲ့ ပြုလုပ်ထားပြီး အလေးချိန်က ပေါင် ၅၀၀ တောင် ရှိတာလား"

ယခုလို ကြောက်စရာကောင်းသည့် လက်နက်ကြီးကို မြင်လိုက်ရသောအခါ ရွှီရန် တစ်ယောက် စိတ်လှုပ်ရှားသွားရသည်။

ရန်သူတွေကို ရစရာမရှိအောင် ရိုက်ခြေပစ်နိုင်မဲ့ တစ်ချက်တည်းနဲ့တင် အရိုးတွေကို အမှုန့်

ဖြစ်စေပြီး ဦးနှောက်တွေ လွင့်စင်သွားစေမယ့် ဒီလိုလက်နက်မျိုးက ငါ့အတွက်တော့ တကယ့် အနုပညာတစ်ခုလိုပဲ။

"ဒါပေမဲ့ စိတ်ထဲမှာ အရမ်းကြီး လိုချင်တာမျိုးတော့ မဖြစ်သေးဘူး။ ခဏတော့ ချန်ထားဦးမယ်"

"တခြားဟာတွေကို ဆက်ကြည့်ရအောင်... အကုန်လုံးကို တစ်ခုချင်းစီ ဖတ်ကြည့်ပြီးမှ ဆုံးဖြတ်မယ်"

ရွှီရန်က သူ့ဘာသာ တီးတိုးရေရွတ်နေမိသည်။

ယဲ့ဖျင်က ရွှီရန်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ကာ "မင်းက ဒီရိုးတံရှည် တူထုကြီးကို စိတ်ဝင်စားနေတာလား။ ဒီလောက်အထိ ကြမ်းတမ်းတဲ့ လက်နက်ကြီးကိုလား။ မင်းရဲ့ ကိုယ်ဖျောက်အတတ် နဲ့ စက္ကူရုပ်လူစားထိုးအတတ်တွေနဲ့ ကြည့်ရင် မင်းရဲ့ ပုံစံက ဒီလောက်အထိ ကြမ်းတမ်းမယ်လို့ မထင်ရဘူး"

ရွှီရန်က လက်ဝါးနှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး "တကယ်တော့ ကျွန်တော့်ရဲ့ စိတ်ထဲမှာ ဒီလိုမျိုး တိုက်ရိုက်ကျတဲ့ အကြမ်းပတမ်း တိုက်ခိုက်မှုတွေကို ပိုပြီး နှစ်သက်တာဗျ"

ယဲ့ဖျင် : "..."

"ငါတော့ မမြင်မိပါဘူး။ မင်းက ကြည့်ရတာ အေးအေးဆေးဆေးနဲ့ သပ်သပ်ရပ်ရပ်ရှိလှတယ်။ တိကျတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ သတင်းအချက်အလက် စုဆောင်းတဲ့နေရာမှာ ပိုပြီး ကျွမ်းကျင်မယ့်ပုံပဲ"

ရွှီရန်က ရယ်မောလိုက်ပြီး "တကယ်လား ကျွန်တော့်ရဲ့ ပုံရိပ်က ဒီလောက်အထိ အသိဉာဏ်ရှိပြီး သပ်ရပ်နေမယ်လို့ မထင်ထားဘူး။ ချီးမွမ်းပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။ ဒါပေမဲ့ တကယ့် ယောက်ျားတစ်ယောက်ရဲ့ တိုက်ပွဲဆိုတာ တစ်ဦးနဲ့တစ်ဦး ထိထိမိမိနဲ့ တိုက်ရိုက်ခုတ်ထစ် သတ်ဖြတ်ရတာကမှ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာ မဟုတ်လား"

ယဲ့ဖျင် : "သဘောပေါက်ပြီ မှော်ဆရာတိုင်းက သူတို့ရဲ့ စိတ်ထဲမှာ အနီးကပ်တိုက်ခိုက်ရေးကို ဝါသနာပါကြတာပဲကိုး"

ရွှီရန်က သိမ်မွေ့စွာ ပြုံးလိုက်ရင်း "ကျွန်တော်က မှော်ဆရာ မဟုတ်ပါဘူးဗျာ..."

စကားပြောနေရင်းနှင့်ပင် သူ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် တက်ဘလက်ပေါ်ရှိ ရတနာတိုက်၏ စာမျက်နှာကို အောက်သို့ ဆွဲချလိုက်ပြီး နောက်ထပ် ရတနာများကို အာရုံစိုက်ကာ ဆက်လက်ကြည့်ရှုနေတော့သည်။

"စိတ်ဝိညာဉ်ကျင့်ကြံသူတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အရည်ပျော် အတောင်ပံတစ်ထောင်ဓား... စိတ်စွမ်းအားနဲ့ ထိန်းချုပ်ပြီး အတောင်ပံအမွေးအမျှင်ပေါင်း တစ်ထောင်အဖြစ် ခွဲထုတ်ကာ ရန်သူတွေကို သတ်ဖြတ်နိုင်တယ်... ကြည့်ရတာ တော်တော်လေးတော့ သပ်သပ်ရပ်ရပ် ရှိသားပဲ"

ယဲ့ဖျင် : "ဒါက စိတ်ဝိညာဉ် အမြုတေအရိုးရှိတဲ့သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ အထူးအဆင့်မြင့်လက်နက်ပဲ။ မင်းမှာ စိတ်စွမ်းအား အမှတ် ၆၀,၀၀၀ လောက် မရှိရင် ဒီအရာကို လှုပ်နှိုးလို့တောင် ရမှာမဟုတ်ဘူး။ မင်းရွေးဖို့အတွက်တော့ သိပ်မသင့်တော်ဘူး ထင်တယ်"

ရွှီရန်က သိမ်မွေ့စွာ ပြုံးလိုက်ပြီး "နားလည်ပါပြီ။ ကျွန်တော် ရွေးချယ်ချင်တဲ့ လက်နက်ကလည်း ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေး အမျိုးအစားထဲကပါပဲ"

ယဲ့ဖျင် : "ဒါဆို... ရိုးတံရှည် ရွှေရောင်ဖရဲသီးပုံ တူထုကြီးလား"

ရွှီရန် : "အဲဒါက... ကျွန်တော့်ရဲ့ စိတ်ကို ပြင်းပြင်းပြပြ ဆွဲဆောင်နိုင်ခြင်း မရှိသေးဘူးဗျ"

"ကျွန်တော် ထင်တာတော့ ကွင်းပါတဲ့ ဓားရှည်က ကျွန်တော်နဲ့ ပိုပြီး လိုက်ဖက်မယ်ထင်တယ်"

ရွှီရန်၏ အကြည့်မှာ ထိုဓားရှည်ဆီသို့ ကျရောက်သွားချိန်တွင် သူ အကြည့်မလွှဲနိုင်တော့ချေ။

ထိုဓားသွားမှာ အလွန်ပင် သပ်ရပ်လှပသော်လည်း တစ်ဖက်တွင်လည်း အလွန်ပင် ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်ကို ပေးစွမ်းနေသည်။ ထိုအရာက ရွှီရန်၏ ရင်ခုန်သံကို မထိန်းချုပ်နိုင်လောက်အောင် လှုံ့ဆော်ပေးလိုက်၏။ သူ၏ စိတ်ထဲတွင် ထိုဓားကို ကိုင်စွဲကာ ရန်သူများကို အပိုင်းပိုင်းပြတ်အောင် ခုတ်ထစ်နေသည့် သူ၏ ပုံရိပ်ကို မမြင်ချင်မှအဆုံး မြင်ယောင်လာခဲ့သည်။

ထိုဓားကို လက်ဖြင့် မကိုင်ရသေးခင်မှာပင် ရွှီရန် အာရုံခံမိလိုက်ပြီသူ့အတွက် ထူးခြားဆန်းပြားသော ဓားသိုင်းပညာရပ်တစ်ခုမှာ စောင့်ကြိုနေသည်ဆိုသည်ကိုပင်။

ရွှီရန် သက်ပြင်းတစ်ချက်ကို လေးနက်စွာ ရှူသွင်းလိုက်ရင်း "ကျွန်တော်က ဓားသမားတစ်

ယောက် ဖြစ်လာဖို့ ကံပါလာတာပဲ။ ဒါကြောင့်လည်း သံမဏိတောင်ကုန်းမှီ အားပြုနည်းနဲ့ တခြားလက်သီးသိုင်းတွေမှာ မအောင်မြင်ခဲ့တာကိုး။ ငါ လမ်းမှားသွားခဲ့တာပဲ"

အဆိုအမိန့်တစ်ခု ရှိသည်။ ငယ်စဉ်ကတည်းက ဓားတစ်လက်ကို ပထမဆုံးအကြိမ် ကိုင်စွဲလိုက်သည့် ခဏမှာပင် ငါသည် ဓားအပေါင်းတို့၏ ခေါင်းဆောင်၊ လောကတွင် နံပါတ်တစ် ဓားသမား ဖြစ်လာမည်ကို သိခဲ့ရသည် ဆိုသကဲ့သို့ပင်။

ရွှီရန်က နွေးထွေးစွာ ပြုံးလိုက်ရင်း "ဒါကိုပဲ ကျွန်တော် ရွေးလိုက်မယ်ကျောက်သားဝိညာဉ် ကွင်းပါဓားရှည်"

ကျောင်းအုပ်ကြီး : "မင်း သေချာရဲ့လား အိမ်ပြန်ပြီး ရက်အနည်းငယ်လောက် ထပ်စဉ်းစားဦးမလား"

ရွှီရန်က ပြတ်သားစွာဖြင့် "မလိုတော့ပါဘူး ဒါပဲဗျာ။ ကျွန်တော့်အတွက် အကောင်းဆုံး လက်နက်က ဓားပဲ"

ကျောင်းအုပ်ကြီး : "ကောင်းပြီလေ။ မင်းက ဓားသိုင်းပညာကို တကယ် စိတ်ဝင်စားပုံရတာပဲ။ အမှန်တော့ ဒီနေ့ခေတ် တိုက်ပွဲတွေမှာ ဓားရှည်တွေက တကယ်ကို ခေတ်စားပါတယ်။ ဒါပေမဲ့ ဒါက အထူးအဆင့်မြင့် လက်နက်ဖြစ်တဲ့အတွက် မင်းရဲ့ လက်ရှိ သေးငယ်လှတဲ့ သွေးအင်အားတန်ဖိုးနဲ့ဆိုရင် ဓားသွားရဲ့ အစွမ်းကို အပြည့်အဝ ထုတ်ဖော်နိုင်ဦးမှာ မဟုတ်ဘူး"

"ဓားရောက်လာတဲ့အခါ မင်း ရက်အနည်းငယ်လောက် စမ်းကိုင်ကြည့်ပေါ့။ အဲဒီနောက်မှာတော့ ငါပဲ ရတနာတိုက်ထဲမှာ သိမ်းပေးထားလိုက်မယ်"

ကျောင်းအုပ်ကြီးက ကျွမ်းကျင်သူပီပီ ဆက်လက် စီစဉ်ပေးသည်။

"လက်နက်ကိစ္စဆိုတာက ဘယ်နယ်ပယ်မှာ ဘယ်လက်နက်က သင့်တော်တယ်ဆိုတာ သိဖို့လိုတယ်။ အခု မင်း ဒီအထူးအဆင့်မြင့် လက်နက်ကို ပိုင်ဆိုင်ခွင့်ရတာက အိပ်မက်ဆိုး ကလဲ့စားချေမိခင်ကို သတ်ဖြတ်ခဲ့တဲ့ မင်းရဲ့ စွမ်းဆောင်ရည်ကြောင့်ပဲ"

All Chapters