← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း။ ၁၀၇

"မင်း တောင်တန်းနယ်ပယ်ကို ရောက်တဲ့အခါကျရင်တော့ အထူးအဆင့်မြင့်လက်နက်တွေကို ကောင်းကောင်း ကိုင်တွယ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီအထူးအဆင့်မြင့်လက်နက်တွေက အစွမ်းအထက်ဆုံးတော့ မဟုတ်ဘူး။ ဒါတွေက အသွင်ကူးပြောင်းရေးကာလမှာ သုံးဖို့အတွက်ပဲ"

"အဲဒီအချိန်ကျရင် မင်းအနေနဲ့ အဆင့်မြင့်ကုန်ကြမ်းပစ္စည်း အမျိုးမျိုးကို စုဆောင်းရမယ်။ ဖြစ်နိုင်ရင် အမြုတေသားရဲတွေ၊ ရန်ငြိုးဝိညာဉ်သားရဲတွေနဲ့ သရဲတစ္ဆေ တွေဆီကနေ ပါရမီရှင် နတ်ဘုရားအရိုးတွေကို တူးဖော်ပြီး ပန်းပဲဆရာတစ်ယောက်ဆီမှာ မင်းနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် လက်နက်တစ်ခုကို သီးသန့် အပ်နှံရမှာ"

ယဲ့ဖျင်ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြကာ "ကိုယ်တိုင် အပ်နှံထားတဲ့ လက်နက်ကမှ အသုံးရအကောင်းဆုံးပဲ။ ဥပမာ ငါ့ရဲ့ ကျောက်စိမ်းပုလွေ ဆိုရင် တခြားကမ္ဘာက တိုက်ပွဲမြေပြင်မှာရှိတဲ့ ရန်ငြိုးဝိညာဉ်သားရဲတစ်ကောင်ရဲ့ အမြုတေအရိုးကနေ ရလာတာ..."

ရွှီရန်က ခေါင်းငြိမ့်လိုက်ပြီး "နားလည်ပါပြီ။ နောင်ကျရင် ကျွန်တော်လည်း ရန်ငြိုးနတ်

ဘုရားတစ်ပါးရဲ့ အမြုတေအရိုးကို တူးထုတ်ပြီး ကျွန်တော့်ရဲ့ လက်နက်ကို လုပ်မယ်။ နာမည်တောင် စဉ်းစားပြီးပြီ... နတ်ဘုရားတို့၏ ပီတိတဲ့"

ကျောင်းအုပ်ကြီးနှင့် ယဲ့ဖျင် : "..."

တခြားသူသာ ဤသို့ပြောလျှင် အကြံအဖန် လေလုံးထွားနေသည်ဟု ထင်ရသော်လည်းအသက်ခြောက်နှစ်အရွယ်တွင် အိပ်မက်ဆိုး ကလဲ့စားချေမိခင်ကို သတ်ဖြတ်ခဲ့သော ရွှီရန်အဖို့မူ ဤစကားမှာ လုံးဝပင် စိမ်းမနေတော့ချေ။

"နတ်ဘုရားတွေကို သတ်ဖြတ်ဖို့ဆိုတာ... မင်းရဲ့ ကြိုးစားမှုအပေါ်မှာပဲ မူတည်ပါတယ်... ငါ့ရဲ့ သက်တမ်းအတွင်းမှာ တစ်ကမ္ဘာလုံး ငြိမ်းချမ်းသွားတာကို မြင်ချင်ပါသေးတယ်ကွာ"

ရွှေနီရောင် အောင်မြင်မှုဘွဲ့တံဆိပ် နတ်ဘုရားတို့၏ ဆည်းဆာကို ပိုင်ဆိုင်ထားသော ရွှီရန်က နွေးထွေးစွာ ပြုံးလိုက်ရင်း "ဖြစ်လာမှာပါဗျ" ဟု ပြောလိုက်သည်။

"ကဲ... အခု မှော်အတတ်တစ်ခု ရွေးကြဦးမလား။ မင်းက ဓားရှည်ကို ရွေးထားတာဆိုတော့ ဓားသိုင်းပညာရပ်တစ်ခုကို ရွေးသင့်တာပေါ့"

ရွှီရန်က လုံးဝ အလျင်မလိုဘဲ "မရွေးသေးဘူး မရွေးသေးဘူး... ဓားအရင်ရောက်လာအောင် စောင့်လိုက်ဦးမယ်။ လောလောဆယ်တော့ အလယ်အလတ်အဆင့် ဓားတစ်လက်နဲ့ အရင်

ကျင့်ကြည့်မယ်။ တကယ်လို့ ကျွန်တော့်ဘာသာ ကျွန်တော် ကိုယ်ပိုင်ဓားသိုင်းကို ဖန်တီးနိုင်ခဲ့ရင်တော့ တခြား အထူးအဆင့်မြင့် မှော်အတတ်တွေကိုပဲ သင်ယူတော့မယ်။ ဒါမှ အမြတ်အစွန်း အများဆုံးရမှာလေ"

ကျောင်းအုပ်ကြီး : "မင်းက မင်းရဲ့ ကိုယ်ပိုင်ဓားသိုင်းကို ဖန်တီးချင်တာလား"

ရွှီရန်က ဘာမှမဟုတ်သလိုမျိုး အေးအေးဆေးဆေးပင် "ဒါပေါ့ဗျ။ ကျွန်တော် မှော်

အတတ်တွေ မဖန်တီးဖူးတာမှ မဟုတ်ဘဲ။ လျှို့ဝှက်ခြေလှမ်းတို့၊ ကိုယ်ဖျောက်အတတ်တို့ဆိုတာ..."

ကျောင်းအုပ်ကြီး : "တခြားသူသာ ဒီလိုပြောရင် ငါအကြီးအကျယ် ငြင်းခုံမိမှာပဲ။ ဒါပေမဲ့ မင်းပြောတော့ ငါဘာမှ ပြန်မပြောနိုင်တော့ဘူးကွာ..."

ရွှီရန်က သိမ်မွေ့စွာ ပြုံးလိုက်ရင်း "ကျောင်းအုပ်ကြီး... ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဓားသိုင်း ဖန်တီးနိုင်ရေးအတွက် ခင်ဗျားဆီမှာရှိတဲ့ အလယ်အလတ်အဆင့် ကွင်းပါဓားရှည် တစ်လက်နဲ့တော့ ထောက်ပံ့ပေးရမယ်နော်"

ကျောင်းအုပ်ကြီး : "အဲဒါက ပြဿနာမရှိပါဘူး။ ငါ့ဆီမှာ အလယ်အလတ်အဆင့် လက်နက်တွေ အများကြီးရှိတယ်။ ငါ့နောက်ကို လိုက်ခဲ့"

"ဒါနဲ့... မင်း သွေးအင်အား မီးအိမ်ထွန်းညှိခြင်း နည်းစနစ်ရော လိုအပ်တယ် မဟုတ်လား"

ရွှီရန် : "ဟုတ်ပါတယ်ဗျ"

ရွှီရန်သည် ခေါင်းငြိမ့်ပြကာ ကျောင်းအုပ်ကြီးနောက်သို့ လိုက်၍ လျှို့ဝှက်အခန်းတစ်ခုအတွင်း ဝင်ရောက်သွားခဲ့သည်။

သူသည် သွေးအင်အား မီးအိမ်ထွန်းညှိခြင်း နည်းစနစ်နှင့် အလယ်အလတ်အဆင့် ကွင်းပါဓားရှည် တစ်လက်ကို ရယူလိုက်သည်။ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ဘဲ ရွှီရန် တစ်ယောက် နှုတ်ဆက်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး ကျွန်တော် ကျင့်ကြံဖို့ သွားတော့မယ်ဗျာ"

ကျောင်းအုပ်ကြီး : "ကောင်းပြီလေ"

သူ့ရှေ့တွင် အသစ်စက်စက် ဆန်းကြယ်သော မှော်အတတ်တစ်ခု ပေါ်ပေါက်လာတော့မည်ကို ကြိုတင်သိမြင်နေသော ရွှီရန်သည် မိုးကြိုးခြေလှမ်း သုံးထောင်ကို အသုံးပြုကာ လျှပ်စီးတန်းတစ်ခုအလား ကျင့်ကြံရေးခန်းမဆီသို့ ပျော်ရွှင်စွာ ပြေးထွက်သွားတော့သည်။

အရာအားလုံးက အစီအစဉ်တကျ ရှိနေပြီ အောင်မြင်မှုကတော့ လက်တစ်ကမ်းမှာပဲ...

ရွှီရန်၏ ရင်ခုန်သံများမှာ ထိန်းမနိုင်သိမ်းမရ ပြင်းထန်နေတော့သည်။

အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ သူ၏ ခန္ဓာကိုယ်ထဲသို့ အထူးနတ်ဘုရားအဆင့် အတတ်ပညာတစ်ခု ပေါင်းစပ်ဝင်ရောက်လာသကဲ့သို့ သူ ခံစားနေရသည်။ သူ၏ သွေးများမှာ ဆူပွက်နေပြီး အသက်ရှူသံများမှာလည်း မြန်ဆန်နေ၏။

ချလန်…..

ဓားအိမ်ထဲမှ ဓားရှည်ကို ဆွဲထုတ်လိုက်သံမှာ ကြည်လင်ပြတ်သားလှပြီး လေထဲတွင် ပဲ့တင်ထပ်သွားသည့် ထိုအသံမှာ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ပင်။

"တကယ့်ကို ပီတိဖြစ်စရာကောင်းတဲ့ အသံပဲ"

ရွှီရန်သည် ထင်းရှူးပင်တစ်ပင်ကဲ့သို့ တည်ငြိမ်စွာ ရပ်လိုက်ပြီး သူ၏ စိတ်ထဲတွင် တိုက်ခိုက်ရေးနည်းလမ်းများကို လျင်မြန်စွာ ပုံဖော်လိုက်သည်။

ထိုးချက်၊ ပင့်ချက်၊ခုတ်ချက်၊ လွှဲခုတ်ချက်၊ လှီးချက်၊ ယမ်းချက်…..

သူ့ရှေ့ရှိ ကျောက်သားရုပ်တုမှာ ဓားချက်များကြောင့် တစ်လွှာပြီးတစ်လွှာ ကွာကျလာကာ ကြမ်းပြင်ပေါ်သို့ တုတ်... တုတ်... ဟု မြည်ကာ ကျဆင်းသွားတော့သည်။ မကြာမီမှာပင် ကျောက်ရုပ်မှာ မြေပြင်ပေါ်တွင် အပိုင်းအစပုံတစ်ခု ဖြစ်သွားခဲ့၏။

ရွှီရန်၏ နည်းစနစ်များမှာ ပိုမိုသေသပ်ကောင်းမွန်လာသော်လည်း ဆန်းကြယ်အတတ်ပညာမှာမူ ပေါ်ထွက်လာခြင်း မရှိသေးပေ။

"ဟင် ဘာလို့ ပေါ်မလာတာလဲ ငါ့ရဲ့ နည်းစနစ်တွေက တော်တော်လေးကို ကောင်းနေပြီပဲဥစ္စာ"

သူသည် လျှို့ဝှက်ခြေလှမ်းကို အသုံးပြုကာ အခြားကျောက်ရုပ်တစ်ခုဆီသို့ အရှိန်အဟုန်ဖြင့် သွားရောက်ပြီး ထပ်မံ၍ ခုတ်ထစ်တိုက်ခိုက်ပြန်သည်။ သူ၏ စွမ်းရည်မှာ ပိုမိုထက်မြက်လာသော်လည်း စိတ်ထဲတွင် မည်သည့် အသိပေးချက်မျှ ပေါ်မလာခဲ့ချေ။

"တစ်ခုခုတော့ မှားနေပြီ။ ငါ့ရဲ့ နည်းစနစ်ကလည်း ချီးကျူးစရာကောင်းသလို တိုက်ခိုက်ရေးစွမ်းရည်ကလည်း မဆိုးပါဘူး။ ဘာလို့ ဓားနဲ့ပတ်သက်တဲ့ ဆန်းကြယ်အတတ်ပညာကို လှုံ့ဆော်လို့မရတာလဲ"

ရွှီရန်သည် လေးနက်စွာ စဉ်းစားနေမိသည်။ ထို့နောက် ရုတ်တရက်ဆိုသလို သူ၏ ဦးနှောက်ထဲသို့ ဉာဏ်အလင်းတစ်ခု ဖြတ်ပြေးသွားပြီး ဝေဝါးနေသည့် အတွေးများကို ရှင်းလင်းသွားစေခဲ့သည်။

"ငါ ဘာကြောင့်လဲဆိုတာကို သိသွားပြီ ထင်တယ်..."

အခန်း။ ၁၀၈

"အခုလေးတင် ငါဓားသိုင်းကျင့်နေတုန်းက နည်းစနစ်တွေအပေါ်မှာပဲ အာရုံစူးစိုက်မှု လွန်ကဲသွားခဲ့တာပဲ"

"ဒါက ငါအနှစ်သက်ဆုံး အကြမ်းဖက်မှု အနုပညာနဲ့ လုံးဝ လွဲချော်နေတယ်"

"ငါ့ရဲ့ စစ်မှန်တဲ့ စိတ်ဆန္ဒအတိုင်း အကြမ်းတမ်းဆုံးနဲ့ အားအကောင်းဆုံး ဓားခုတ်ချက်တွေကိုပဲ သုံးပြီး ငါ့ရဲ့ ဆန်းကြယ်အတတ်ပညာကို နှိုးဆော်ရမယ်"

ရွှီရန် ရုတ်တရက် သဘောပေါက်သွားသည်။ သူသည် သူ၏ စိတ်အခြေအနေကို ချက်ချင်း ပြောင်းလဲလိုက်တော့သည်။

အာရုံစူးစိုက်ကာ အသက်ကို ပြင်းပြင်းရှူပြီး သူ၏ သွေးကြောများအတွင်းတွင် နတ်ဘုရားတစ်ပိုင်း ကျင့်စဉ် စွမ်းအင်များ တိုးဝှေ့စီးဆင်းလာပြီး ခဏချင်းမှာပင် သူ၏ အကြည့်များမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားခဲ့သည်။

"တစ်ချက်တည်းနဲ့ သတ်နိုင်ရင် နှစ်ချက်မသုံးနဲ့"

"တကယ်လို့ တစ်ချက်တည်းနဲ့ ရန်သူကို မသတ်နိုင်ဘူးဆိုရင် အဲဒါ ငါ့ရဲ့ စွမ်းအားက အနှိုင်းမဲ့ မဖြစ်သေးလို့ပဲ။ ငါ့ရဲ့ ကြိုးစားမှု မလုံလောက်သေးလို့ပဲ ငါ ပိုပြီး ကြိတ်မနိုင်ခဲမရ ကြိုးစားရမယ်"

"အနှိုင်းမဲ့သူတွေဆိုတာ တစ်ချက်တည်းနဲ့ အပြတ်ရှင်းနိုင်ဖို့ပဲ ရည်ရွယ်ရမယ်"

ရွှီရန်သည် သူ့ဘာသာ တီးတိုးရေရွတ်ရင်း မြင့်မားသော တံတိုင်းတစ်ခုကို အရှိန်အဟုန်ဖြင့် တိုးဝင်လိုက်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ အငွေ့အသက်တစ်ခုလုံးမှာ ရူးသွပ်သော အနေအထားဖြင့် ခိုင်မာလာပြီး မည်သူမျှ မတားဆီးနိုင်သော ထက်ရှသည့် စွမ်းအင်အဖြစ် ပြောင်းလဲသွားတော့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ရွှီရန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ စူးရှတောက်ပသော အနီရောင်

အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်ပထမဆုံး နှလုံးသားနေရာမှ စတင်ကာ ထို့နောက် မျက်ဝန်းများ၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ လက်ဖဝါးများနှင့် နောက်ဆုံးတွင် ခန္ဓာကိုယ်တစ်ခုလုံး...

သူ၏ အနှစ်သာရ၊ စွမ်းအင်၊ စိတ်ဝိညာဉ်၊ ရုပ်ခန္ဓာနှင့် ကံကြမ္မာတို့သည် ဤအခိုက်အတန့်တွင် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး တောက်ပသော အနီရောင်မီးလျှံများအဖြစ် အပြင်ဘက်သို့ လျှံထွက်လာတော့သည်။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်း မြူနှင်းများကြား၌ ငြိမ်သက်စွာရှိနေသော အနီရောင်

ရတနာပုလဲသည်ပင် ထိုအနီရောင်မီးလျှံများ၏ ကူးစက်မှုကို ခံလိုက်ရသကဲ့သို့ အလွန်တရာ ပူပြင်းလာခဲ့သည်။

အနီရောင်အလင်းတန်းများသည် ဓားရှည်ပေါ်သို့ တိုးဝှေ့တက်လာပြီး အလယ်အလတ်အဆင့် ဓားရှည်မှာ တုန်ခါလျက် ရှည်လျားလှပသော ဓားသံလွင်ကို ထုတ်လွှတ်နေတော့သည်။

"ခုတ်စမ်း"

ရွှီရန်သည် သူ့ရှေ့ရှိ ကျောက်သားရုပ်တုကို စူးစိုက်ကြည့်လိုက်သည်။

ထို့နောက် ရုတ်တရက် ခုတ်ချလိုက်၏။

ဤခုတ်ချက်မှာ အလွန်ပင် ထူးဆန်းလှသည်; ဓားကို ခုတ်ချလိုက်သည့်အချိန်တွင် မည်သည့်ဓားအလင်းတန်းမျှ ထွက်ပေါ်မလာဘဲ အနီရောင်အလင်းများမှာ ရုတ်တရက် ကျုံ့ဝင်သွားကာ ရွှီရန်၏ ခန္ဓာကိုယ်အတွင်းသို့ အကုန်ပြန်လည် စုစည်းသွားသည်။ အလင်းတိုင်များ ငြိမ်းသတ်သွားပြီး အချိန်များ နောက်ပြန်ဆုတ်သွားသကဲ့သို့ပင်...

တစ်ချိန်တည်းမှာပင် နူးညံ့သော လေပြေညင်းတစ်ခုက ကျောက်ရုပ်ဆီသို့ ပွတ်တိုက်သွားခဲ့သည်။

လေပြေညင်း ဖြတ်သန်းသွားသော်လည်း ကျောက်ရုပ်မှာ မလှုပ်မယှက်ဘဲ မူလအတိုင်း ရပ်မြဲရပ်နေဆဲပင်

ရွှီရန် : "ဟင်"

မဖြစ်နိုင်တာ အခုနက အရှိန်အဝါတွေက အဲလောက်အထိ လန်းနေပြီးတော့ ဘာမှမဖြစ်ဘူးလား။

"မှားနေပြီ သေချာပေါက် မှားနေပြီ ငါ့အမှား မဟုတ်ဘူး။ အဲဒီကျောက်ရုပ်က သေချာပေါက် အပိုင်းပိုင်း ပြတ်သွားရမှာ"

ရွှီရန် ခဏတာ ကြောင်အသွားသော်လည်း နောက်တစ်စက္ကန့်တွင် သူ၏မျက်ဝန်းများမှာ ပြတ်သားလာပြန်သည်။

"ငါ အခုနက ခုတ်လိုက်တဲ့ ခုတ်ချက်မှာ အတိုင်းအဆမရှိတဲ့ ဖျက်ဆီးအား ပါရမယ်။

ဆယ်စက္ကန့်ခန့်အကြာတွင် ကျောက်ရုပ်၏ အတွင်းပိုင်းမှနေ၍ အနီရောင်ဓားသွားအစွန်းများ ရုတ်တရက် အပြင်ဘက်သို့ ထိုးထွက်လာတော့သည်။

ထိုအနီရောင်ဓားသွားများနှင့်အတူ တစ်ဆက်တည်းမှာပင် ကျောက်ရုပ်အတွင်း၌ အနီရောင်လေဆာတန်းများကဲ့သို့သော ဓားချက်ပေါင်း ရာနှင့်ချီ၍ ပေါ်ပေါက်လာပြီး ကျောက်ရုပ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့သည်။ ထို့နောက်တွင်မူ ကျောက်ရုပ်ကြီးမှာ မြေပြင်ပေါ်၌ အလွန်သေသပ်စွာ လှီးဖြတ်ထားသော ကျောက်တုံးအပိုင်းအစလေးများအဖြစ် ပြိုကျပျက်စီးသွားတော့သည်။

"အဟမ်း... ဒါက တကယ်ပဲ ငါ့ရဲ့ဓားသိုင်းလား"

"ငါ တစ်ချက်ပဲ ခုတ်လိုက်တာ သေချာပါတယ်... ဒါပေမဲ့ ဒါက ငါကိုယ်တိုင်တောင် မယုံနိုင်လောက်အောင် လန်းလွန်းနေပြီ..."

ရွှီရန် အံ့အားသင့်သွားရသည်။ သူ ထိုအရာကို ထပ်မံစစ်ဆေးရန် ပြင်လိုက်စဉ်မှာပင် သူ၏စိတ်ထဲ၌ ကြည်လင်ပြတ်သားသော အသိပေးသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။

[ဂုဏ်ယူပါသည်။ သင်သည် အဆုံးစွန်သော အကြမ်းဖက်ဓားသိုင်းကို နားလည်

သဘောပေါက်သွားပြီဖြစ်၍ စွမ်းရည်အသစ်တစ်ခုကို ရရှိသွားပါပြီ စူပါပေါက်ကွဲအားပြင်း ခုတ်ချက်။ သင်၏ ခုတ်ချက်တိုင်းတွင် ဖြတ်တောက်ခြင်းအာနိသင် ပါဝင်မည်ဖြစ်ပြီး ခုတ်

ပြီးသည်နှင့် အလိုအလျောက် အစွမ်းပြပါမည်]

[အကယ်၍ ရန်သူ၏ ကာကွယ်ရေးသည် ထိုဖြတ်တောက်မှုအာနိသင်ကို ဓာတ်ပြယ်အောင်မလုပ်နိုင်ပါက ရန်သူသည် နှစ်ပိုင်း၊ လေးပိုင်း၊ ရှစ်ပိုင်း... စသည်ဖြင့် ဆက်တိုက် ကွဲအက်သွားမည်ဖြစ်သည်။ အဆင့်ဆင့် တိုးတက်မှု စူပါပေါက်ကွဲအားပြင်း ခုတ်ချက်၊ အတိုင်းအဆမဲ့ ခုတ်ချက်၊ ယုံကြည်ချက်ဖြင့် သတ်ဖြတ်ခြင်း]

>

[လက်ရှိ စူပါပေါက်ကွဲအားပြင်းခုတ်ချက် တိုးတက်မှု: ၀/၁၀၀၀၀...]

ရွှီရန် : "ဟင် အဆင့်တွေက ဒီလောက်တောင် ကြမ်းတာလား"

စူပါပေါက်ကွဲအားပြင်း ခုတ်ချက်၊ အတိုင်းအဆမဲ့ ခုတ်ချက် နှင့် ယုံကြည်ချက်ဖြင့် သတ်ဖြတ်ခြင်းတို့၏ အသေးစိတ်ဖော်ပြချက်များကို မြင်လိုက်ရသောအခါ ရွှီရန်၏ ဘယ်ဘက်မျက်ခွံမှာ သိသိသာသာ လှုပ်ခတ်သွားတော့သည်။

"ဒါက အကြမ်းဖက်မှု သက်သက်ကြီး မဟုတ်လား"

"ရှောင်ရွှီရဲ့ ပစ်ဓား၊ နတ်ဘုရားလက်နက် လွှင့်ပစ်ခြင်း၊ ခန္ဓာသုံးပါး ရေစက်... အဲဒါတွေက အနည်းဆုံးတော့ ရုပ်ပိုင်းဆိုင်ရာ နိယာမတွေပေါ်မှာ အခြေခံသေးတယ်။ ဒီစူပါပေါက်ကွဲအားပြင်း ခုတ်ချက်တို့၊ အတိုင်းအဆမဲ့ ခုတ်ချက်တို့ကျတော့ လုံးဝကို စိတ်ကူးယဉ်ဆန်တဲ့ နတ်ဘုရားအဆင့် စွမ်းအားတွေ ဖြစ်မနေဘူးလား"

"ယုံကြည်ချက်ပေါ်မှာ မူတည်တယ်ဆိုတော့... ဒါက လုံးဝကို အနှိုင်းမဲ့တဲ့ အနေအထားပဲ"

ရွှီရန်သည် သူ၏ဓားကို မြှောက်လိုက်ရင်း ရင်ထဲတွင် တိတ်တဆိတ် ဝမ်းသာပီတိဖြစ်နေမိသည်။

"ဘာပဲဖြစ်ဖြစ်... ဒီလိုမျိုး ဆန်းကြယ်ပြီး စိတ်အစွမ်းကို အခြေခံတဲ့ သေနတ်ချက် မျိုးတွေက ငါ့အတွက်တော့ အကျိုးရှိတာချည်းပဲ။ ဒါကို ရင်ဆိုင်ရမှာက ငါမှမဟုတ်ဘဲ။ ကြောက်လို့ တုန်နေရမှာက ရန်သူတွေပဲလေ"

"အတိုချုပ်ပြောရရင်... အသေအလဲ ကျင့်ပြီးတော့ အောင်မြင်အောင် လုပ်ဖို့ပဲ ရှိတော့တယ်"

"ဒါ့အပြင် ဒီကမ္ဘာမှာ ရန်ငြိုးနတ်ဘုရားတွေ၊ သရဲတစ္ဆေ တွေ၊ အမြုတေသားရဲ တွေ ရှိနေသလို နောက်ထပ် ဘာတွေပေါ်လာဦးမလဲဆိုတာ ဘယ်သူမှမသိဘူး။ သူတို့ရဲ့ စွမ်းရည်တွေက အရမ်းကို ထူးဆန်းနေတာပဲ။ ငါ့ရဲ့ စွမ်းရည်က နည်းနည်းလေး ဆန်းကြယ်နေတာက ဘာဖြစ်လဲ သူတို့တောင် ဖြစ်နိုင်သေးတာပဲ ငါလည်း ဖြစ်နိုင်တာပေါ့"

ရွှီရန်သည် အသာအယာ ရယ်မောလိုက်ပြီး ဓားသွားပေါ်သို့ သူ၏လက်ချောင်းဖြင့် အသာအယာ တောက်လိုက်သည်။

တောင်..တောင်…..

ကွင်းပါဓားရှည်ဆီမှ တုန်ခါသံလေး ထွက်ပေါ်လာသည်။ သပ်ရပ်လှပသော်လည်း အန္တရာယ်အငွေ့အသက်များ ပြည့်နှက်နေ၏။

"သိပ်ကို မိုက်တာပဲ"

"ဒါဆိုရင် ငါက သိုင်းပညာတွေထဲက ဆန်းကြယ်အတတ်ပညာတွေကို နှိုးဆော်ဖို့အတွက် ဒီလိုမျိုး ပြင်းထန်ကြမ်းတမ်းတဲ့ လမ်းစဉ်ကိုပဲ လိုက်ရမှာလား"

"ဒါဆို လက်သီးသိုင်းတွေကလည်း နည်းနည်းလောက် ပိုပြီး ကြမ်းတမ်းသင့်တာပေါ့"

အတွေးရသည်နှင့် လက်တွေ့ချက်ချင်း အကောင်အထည်ဖော်တတ်သော ရွှီရန်သည် ဓားကို ဘေးချထားလိုက်သည်။ တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် အလွန်တရာ ပြင်းထန်သော လက်သီးချက်များ၊ ခြေကန်ချက်များနှင့် တံတောင်ဆစ် ရိုက်ချက်များကို မရပ်မနား လေ့ကျင့်တော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် ရွှီရန်သည် ဓားကို ပြန်လည်ကောက်ကိုင်လိုက်သည်။

"ဓားကို သုံးရတာကမှ တကယ့်ကို အမြင့်ဆုံးပဲ။ လက်သီးသိုင်းတွေ၊ ခြေသိုင်းတွေ၊ တံတောင်ဆစ်သိုင်းတွေဆိုတာ အမှိုက်တွေပဲ"

"မဟုတ်သေးပါဘူး... ဒါမှမဟုတ် ငါ့ရဲ့ ခန္ဓာကိုယ်ကို ကပ်ဆိုးပေါင်းသောင်းခြောက်ထောင် မီးလျှံနဲ့ မသန့်စင်ရသေးလို့ ဒီလောက်အထိ ပြင်းထန်တဲ့ အားကို မထုတ်နိုင်တာလား..."

"အနည်းဆုံးတော့ ငါ့ရဲ့ လက်ရှိရုပ်ခန္ဓာက ဓားသွားတွေကို တိုက်ရိုက်ခုခံနိုင်စွမ်း မရှိသေးဘူး"

သူ့ဘာသာ တီးတိုးရေရွတ်ရင်း ရွှီရန်သည် ထိုနိယာမကို နားလည်သွားပုံရကာ အသာအယာ ရယ်မောလိုက်သည်။

"စူပါပေါက်ကွဲအားပြင်း ခုတ်ချက်ကတင် အနှိုင်းမဲ့နေပြီ။ ဓားကိုပဲ အာရုံစိုက်ပြီး ကျင့်တော့မယ်"

All Chapters