← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း။ ၁၂၁

"ဒါ... ဒါက..."

"ဒါက တကယ်ပဲ လူသားကျင့်ကြံသူတွေ ပိုင်ဆိုင်နိုင်တဲ့ တိုက်ခိုက်ရေး နည်းစနစ်မျိုးလား"

"ငါတို့ကို မူးဝေပျို့အန်စေပြီး ရိုက်ခွဲလိုက်ရင် ပြန်ရှင်လာတဲ့ ဒီခေါင်းပြတ်တစ္ဆေတွေကို သူက တစ်ချက်တည်းနဲ့ အစအနမကျန် အမြစ်ပြတ်အောင် သတ်နိုင်တယ် ဟုတ်လား"

တတိယခံစစ်လိုင်းအတွင်းရှိ ကျင့်ကြံသူများမှာ ဆွံ့အမှင်တက်နေကြသည်။ သူတို့သည် အရာအားလုံးကို ဖုန်းဖုန်းလဲအောင် တိုက်ခိုက်နေသည့် စက္ကူရုပ်စစ်တပ်ကြီးကို မျက်လုံးအပြူးသားဖြင့် ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြတော့သည်။

တုန်လှုပ်ခြင်း... အံ့သြချီးကျူးခြင်း...

ရွှီရန်၏ စစ်တပ်သည် ခေါင်းပြတ်တစ္ဆေများကိုသာမက လူသားကျင့်ကြံသူများ၏ သာမန်

အသိစိတ်ကိုပါ ရိုက်ချိုးဖျက်ဆီးလိုက်ခြင်းပင်။

"အထက်လူကြီးတွေ ပြောတာတော့ ဒီခေါင်းပြတ်တစ္ဆေ ကိုယ်ပွားတွေဆိုတာ နတ်ဘုရားတစ်ပါးရဲ့ ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်တဲ့။ အဲဒီနတ်ဘုရား အသက်ရှင်နေသရွေ့ ဒီကိုယ်ပွားတွေကို ဖျက်ဆီးလို့မရဘူးလို့ ပြောကြတယ်..."

"အခု ရောက်လာတဲ့ ဒီစွမ်းအားရှင်ကြီးက ဘယ်လိုလူမျိုးလဲ"

"သူ့ရဲ့ နတ်ဘုရားအတတ်က ဟိုနတ်ဘုရားရဲ့ စွမ်းအားထက်တောင် သာလွန်နေတာလား"

"ရှူး…"

အံ့အားသင့်လွန်း၍ လေကို ပြင်းပြင်းရှူလိုက်သံများ တစ်ယောက်ပြီးတစ်ယောက်ဆီမှ ထွက်ပေါ်လာသည်။

တတိယခံစစ်လိုင်းရှိ ကျင့်ကြံသူများသည် ရန်သူကင်းစင်သွားသော မြို့တွင်းပိုင်းကို တစ်လှည့်၊ လွတ်ထွက်နေသော ခေါင်းပြတ်တစ္ဆေများကို လိုက်လံနှိမ်နင်းနေသည့် စက္ကူရုပ်စစ်တပ်ကို တစ်လှည့် ကြည့်နေကြပြီး သူတို့၏ မျက်ဝန်းများတွင် ထူးဆန်းအံ့သြသော အရိပ်အယောင်များ ပို၍ ထင်ဟပ်လာတော့သည်။

ကျင့်ကြံသူအားလုံးမှာ အသက်ရှူဖို့ပင် မေ့လျော့နေကြသည်။

အခြားကြောင့်မဟုတ်ဘဲ စက္ကူရုပ်စစ်သူကြီးများဆီမှ ထွက်ပေါ်နေသော ဖိအားပေးလွန်းသည့် အရှိန်အဝါကြောင့်ပင်။ ထိုအရှိန်အဝါက သူတို့၏ ကျောရိုးတစ်လျှောက် ချွေးစေးများ ပြန်လာစေသည်။

စက္ကူရုပ်စစ်သူကြီး တစ်ရုပ်ချင်းစီမှာ သံနက်ဖြင့် သွန်းလုပ်ထားသည့်အလား အေးစက်ကာ မာကျောပြီး ရက်စက်ကြမ်းကြုတ်ပုံရသည်။ ကြည့်လိုက်ရုံနှင့်ပင် ခံစားချက်ကင်းမဲ့သော သတ်ဖြတ်ရေးစက်ရုပ်များနှယ် ဖိအားများ ပြည့်နှက်နေ၏။

လင်းယုန်၊ ကျား၊ သစ်ကျားနှင့် ဝက်ဝံတို့၏ ခြေသည်းများမှာ အရာအားလုံးကို ဖောက်ထွက်

နိုင်စွမ်း ရှိသည်။ မိုဓားကိုင်စစ်သူကြီးများနှင့် သံချပ်ကာစစ်သူကြီးများဆီမှ ခြိမ်းခြောက်ငွေ့များ ထွက်ပေါ်နေပြီး သူတို့၏ ဓားချက်တစ်ချက်၊ တူချက်တစ်ချက်တိုင်းမှာ ကြည့်နေသူကို ကြက်သီးထစေသည်။

မြင်ကွင်းမှာ အလွန်ပင် ခမ်းနားထည်ဝါလွန်းလှသည်။

အားလုံးမှာ အသက်ကိုအောင့်ကာ ကြည့်နေရပြီး ကြာကြာစိုက်ကြည့်နေမိလျှင် နောက်တစ်စက္ကန့်မှာပင် ဧရာမတူကြီးက သူတို့ဦးခေါင်းပေါ် ကျရောက်လာတော့မလို ခံစားနေရသည်။ ရုပ်သေးရုပ်များဆီမှ ထွက်ပေါ်နေသော ယုတ်မာညစ်ညမ်းသည့် စွမ်းအင်မှာပင် လူတို့၏ စိတ်ကို တုန်လှုပ်စေရန် လုံလောက်နေပြီဖြစ်သည်။ ၎င်းက သူတို့ကို ကြောက်ရွံ့စေသလို တစ်ချိန်တည်းမှာပင် အံ့သြချီးကျူးစိတ်ကိုလည်း ဖြစ်ပေါ်စေသည်။

ထိတ်လန့်စရာပဲ။

တကယ့်ကို ထိတ်လန့်စရာပဲ။

သူတို့သည် အားကျမနာလိုစိတ်များဖြင့် ငေးကြည့်နေကြပြီး မသိစိတ်မှ တံတွေးများကို အခါခါ မျိုချနေမိကြသည်။ သို့သော်လည်း ခေါင်းပြတ်တစ္ဆေများဖြင့် ပြည့်နှက်နေသော တတိယခံစစ်လိုင်းမှာ အပြတ်အသတ် ရှင်းလင်းခံလိုက်ရသဖြင့် သူတို့၏ ထိတ်လန့်မှုမှာ စိတ်လှုပ်ရှားဝမ်းသာမှုအဖြစ်သို့ ကူးပြောင်းသွားတော့သည်။

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

"တတိယခံစစ်လိုင်းကို ထိန်းထားနိုင်ပြီဟေ့"

တိုက်ပွဲဝတ်စုံဝတ် အမျိုးသမီးငယ်လေးက "ဒါပေမဲ့ ကျွန်မတို့မှာ..."

စကားမဆုံးမီမှာပင် အားအင်ပြည့်ဝနေသော လုပ်ကြံသတ်ဖြတ်ရေး ပုစဉ်းရင်ကွဲ ထံမှ ထွက်ပေါ်လာသော ဓားအလင်းတန်းတစ်ခုမှာ သူမ၏ ရှေ့ ၅၀ စင်တီမီတာခန့်အကွာမှ လျှပ်တစ်ပြက် ဖြတ်သန်းသွားပြီး ခေါင်းပြတ်တစ္ဆေတစ်ကောင်ကို အစအနမကျန် ချေမှုန်းပစ်လိုက်သည်။

လေတိုးသံကြောင့် တိုက်ပွဲဝတ်စုံဝတ် အမျိုးသမီးငယ်၏ ဆံပင်များ လွင့်စင်သွား၏။ သူမသည် မျက်လုံးအပြူးသားဖြင့် မျက်စိဖြင့်ပင် လိုက်မကြည့်နိုင်လောက်အောင် မြန်လွန်းသော ထိုအရိပ်ကို စိုက်ကြည့်ရင်း ရင်ထဲတွင် တုန်လှုပ်သွားတော့သည်။

"ဒီလောက် မြန်တာလား"

"ပြီးတော့... တစ်ချက်တည်းနဲ့ ခေါင်းပြတ်တစ္ဆေကို အမြစ်ပြတ် သတ်ပစ်လိုက်တာပဲ"

"ငါတို့က ဒီခေါင်းပြတ်တစ္ဆေတွေကို သေမတတ် အကြိမ်ကြိမ်အခါခါ သတ်နေရတာတောင် သူတို့ရဲ့ တိုးစစ်ကို မရပ်တန့်နိုင်ခဲ့ဘူး"

"ဒါပေမဲ့ သူကတော့ လူအင်အားငါးဆယ်ရှိတဲ့ စစ်တပ်တစ်ခုနဲ့ စစ်မြေပြင်တစ်ခုလုံးကို ရှင်းပစ်လိုက်တယ်ပေါ့"

တိုက်ပွဲဝတ်စုံဝတ် အမျိုးသမီးငယ်လေးမှာ ထိုကွာခြားချက်ကြီးကို တွေးမိရင်း အသက်ရှူပင် ကျပ်သွားရသည်။ သူမ၏ ရှေ့တွင် မည်သို့မျှ ကျော်လွှား၍မရသော မြင့်မားလှသည့် တောင်ကြီးတစ်လုံးကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။

သူမ၏ ဘေးနားရှိ အဖွဲ့သားများမှာလည်း အလားတူပင် ကြောင်အမ်းအမ်း ဖြစ်နေကြသည်။

"လူတစ်ယောက်တည်းနဲ့ စစ်တပ်တစ်ခုပဲ တစ်ယောက်တည်းနဲ့ စစ်တပ်တစ်ခု ငါသာ သူ့ရဲ့အရည်အချင်း တစ်ရာခိုင်နှုန်းလောက် ရရင်တောင် ဇိမ်ခံကားတွေစီး၊ ဗီလာတွေနဲ့နေပြီး ယွဲ့နယ်ပယ်ရဲ့ ထိပ်သီးစွမ်းအားရှင် ဖြစ်ရကျိုးနပ်ပြီကွာ"

အဖွဲ့သားတစ်ဦး: "..."

ထိုစဉ် တတိယခံစစ်လိုင်း ကွပ်ကဲမှုအဖွဲ့မှူး ရောက်လာပြီး "အားလုံးပဲ... တတိယခံစစ်လိုင်းကို အောင်မြင်စွာ ထိန်းထားနိုင်ပါပြီ။ ခဏလောက် အနားယူကြပါ။ ခေါင်းပြတ်တစ္ဆေတွေ နောက်တစ်ကြိမ် ပြန်ရောက်လာနိုင်ခြေ ရှိပါသေးတယ်"

ပြောပြောဆိုဆိုဖြင့် ကွပ်ကဲမှုအဖွဲ့မှူးသည် လူစားထိုးစက္ကူရုပ်ရွှီရန်ထံသို့ ချဉ်းကပ်သွား၏။

"ကျေးဇူးတင်ပါတယ်ခင်ဗျာ။ တိုက်ပွဲပြီးတာနဲ့ ခင်ဗျားရဲ့ စွမ်းဆောင်ချက်တွေကို ခရိုင်

အုပ်ချုပ်ရေးမှူးဆီ အစီရင်ခံပြီး ထိုက်တန်တဲ့ ဆုလာဘ်တွေ ပေးအပ်သွားပါ့မယ်"

လူစားထိုး ရွှီရန် က ခေါင်းညိတ်ပြလိုက်သည်။

တစ်ချိန်တည်းမှာပင် မီတာရာနှင့်ချီ၍ ဝေးကွာသောနေရာတွင် ကိုယ်ပျောက်နေသော ရွှီရန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။

ဆုလာဘ်တွေလား။ ဘောနပ်စ်အနေနဲ့ ဆုလာဘ်တွေ ရမယ်လို့တော့ မမျှော်လင့်ထားဘူး။ မဆိုးပါဘူး။

သူ၏ မူလရည်မှန်းချက်မှာ စက္ကူရုပ်တပ်မတော်ကို တစ္ဆေစွမ်းအင်များ လုံလုံလောက်လောက် ဝါးမျိုခွင့်ပေးရန်သာ ဖြစ်ပြီး ယခုကဲ့သို့ အပိုဆုလာဘ်များ ရရှိမည်မှာ မထင်မှတ်ထားသော ဝမ်းသာစရာပင်။

အင်း... ဒီခေါင်းပြတ်တစ္ဆေတွေက တကယ်ကို ချီးကျူးဖို့ကောင်းတာပဲ။ တခြားတစ္ဆေတွေထက် သတ်ရတာရော ဝါးမျိုရတာရော ပိုလွယ်တယ်။ တကယ့်ကို အဆင်ပြေတယ်။ ငါ့ရဲ့အချိန်တွေကို နာရီဝက်လောက် သက်သာစေတယ်။

"ဒါပေမဲ့ ဒါက စက္ကူရုပ်တွေက ဝိညာဉ်စိတ်ဝိညာဉ်ကို ရရှိသွားတာနဲ့လည်း ဆိုင်လိမ့်မယ်... ဝိညာဉ်စိတ်ဝိညာဉ်ရှိနေတဲ့အတွက် စက္ကူရုပ်တပ်မတော်က တစ္ဆေသတ္တဝါတွေအပေါ်မှာ ရိုးရိုးနှိမ်နင်းရုံတင်မကဘဲ ကြမ်းတမ်းတဲ့ လုယက်ဝါးမျိုမှုမျိုးကို လုပ်ဆောင်နိုင်တာ။ တစ္ဆေစွမ်းအင်တွေကို ဆွဲဖြဲပစ်တယ်၊ လုယူပစ်တယ်၊ နောက်ကွယ်မှာ ထိန်းချုပ်တဲ့သူရှိရင်တောင် အတင်းအဓမ္မ ဝါးမျိုပစ်လိုက်တာပဲ။ သူတို့က ပိုပြီးတော့ ရက်စက်ကြမ်းကြုတ်လာပြီ"

"တစ်ဖက်မှာလည်း ဝိညာဉ်စိတ်ဝိညာဉ်တွေကို ဖမ်းဆီးထားတဲ့ စက္ကူရုပ်တွေက တိုက်ခိုက်ရေးနည်းစနစ်တွေ ပိုစုံလာတယ်"

"နောင်မှာ ပိုပြီးအစွမ်းထက်တဲ့ ဝိညာဉ်တွေကိုသာ ဖမ်းနိုင်ရင် ငါကိုယ်တိုင်တောင် မှော်အတတ်တွေကို တတ်မြောက်သွားမလား"

ရွှီရန်သည် တိတ်ဆိတ်စွာ ခွဲခြမ်းစိတ်ဖြာနေမိသည်။ စစ်မြေပြင်တွင် လက်တွေ့သတ်ဖြတ်ပြီးနောက် သူ၏ မှော်အတတ်စွမ်းရည်များအပေါ် နားလည်မှုမှာ ပို၍နက်ရှိုင်းလာခဲ့သည်။

သူသည် အလေးအနက် စဉ်းစားနေမိသဖြင့် သူ့ကို ကာကွယ်ပေးနေသည့် လူသုံးဦးမှာ ဆွံ့အလျက်သား ဖြစ်နေသည်ကို သတိမထားမိလိုက်ချေ။

လီဝေသည် အတွေးများစွာဖြင့် ဘယ်ကစပြီး ဘာပြောရမှန်းမသိ ဖြစ်နေသည်။

"အင်း..."

ချိုက်မြောင်သည် စကားပြောရန် ကြိုးစားသော်လည်း ဝေခွဲမရဖြစ်နေသည်။

"..."

ဖူလင်: "..." အားလုံး တိတ်နေကြတာပဲ ထားလိုက်ပါတော့... ငါလည်း တိတ်တိတ်ပဲ နေတော့မယ်။

တစ်ချိန်တည်းမှာပင် ဆဋ္ဌမမြောက်ခရိုင်၏ အုပ်ချုပ်ရေးမှူး၊ ပထမခံစစ်လိုင်း၏ ရှေ့တန်းတွင်ရှိနေသော ယွဲ့နယ်ပယ် စွမ်းအားရှင် ကျန်းမန်သည် ရွှီရန်၏ စွမ်းဆောင်ချက်များကို သတိပြုမိနေသည်မှာ ကြာပြီဖြစ်သည်။

ယခုအချိန်တွင် ရှေ့တန်းရှိ အဆင့်မြင့်လွန် ခေါင်းပြတ်တစ္ဆေ ကိုယ်ပွားများသည် အရင်ကကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်ခြင်း မရှိတော့ချေ။ ထို့ကြောင့် ကျန်းမန်သည် သူ၏အာရုံကို အနည်းငယ်လွှဲကာ နောက်သို့ လှည့်ကြည့်လိုက်သည်။

သူ မြင်လိုက်ရသည်မှာ တတိယခံစစ်လိုင်း၏ ဗဟိုချက်တွင် မားမားမတ်မတ် ရပ်နေသော စစ်မြေပြင်တစ်ခုလုံးကို ဘုရင်တစ်ပါးကဲ့သို့ အပေါ်စီးမှ ကြည့်နေသည့် စက္ကူရုပ်တပ်မတော်ကြီးကိုပင်။

အရှိန်အဝါက တကယ့်ကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်စွမ်းရှိလှသည်။

ကျန်းမန် တုန်လှုပ်သွားသည်။

"ဒါ ဘယ်က ပါရမီရှင် ထိပ်သီးလေးလဲ နာရီဝက်အတွင်းမှာ ခေါင်းပြတ်တစ္ဆေတွေအားလုံးကို အပြတ်ရှင်းပစ်လိုက်တာလား"

လုဟာ: "ဟိုမှာရှိနေတာ... ယဲ့ဖျင် မဟုတ်လား သူ ဒဏ်ရာရပြီးနောက် ကလေးတွေကို ကာကွယ်ဖို့ ပြန်သွားတယ်လို့ ကြားတယ်။ အခု ဆဋ္ဌမခရိုင်ကို ရောက်လာတာလား... သူက ကျင်းပြည်နယ်ရဲ့ ပါရမီရှင် ထိပ်သီးလေးလား"

ဆဋ္ဌမခရိုင်၏ လက်ဝဲဗိုလ်ချုပ် လီလျန်: "သူ့ရဲ့ နတ်ဘုရားအတတ်က တစ္ဆေတွေကို နှိမ်နင်းနိုင်တဲ့ ရုပ်သေးရုပ်တွေပဲ။ ဒီလို ပါရမီရှင်မျိုး တစ်ခါမှ မကြားဖူးဘူး"

ဆဋ္ဌမခရိုင်၏ လက်ယာဗိုလ်ချုပ် လုဟာ: "ဒါဆို... ဒီနှစ် အသစ်တက်လာတဲ့ အသုတ်ထဲကလား"

ကျန်းမန်က ခေါင်းခါလိုက်သည်။

"မဖြစ်နိုင်တာ ဒီနှစ်အသုတ်မှာ အကြီးဆုံးကမှ ဆယ်နှစ်လောက်ပဲ ရှိဦးမှာ။ ပါရမီရှင်ပဲ ဖြစ်ဖြစ်၊ ဆယ်နှစ်သားအရွယ်နဲ့ သွေးအင်အား တစ်သိန်းရှိတဲ့ ခေါင်းပြတ်တစ္ဆေတွေကို ချက်ချင်း အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး ဒါ့အပြင် ဒီကလေးက စစ်မြေပြင်တစ်ခုလုံးကို တစ်ယောက်တည်း ရှင်းပစ်လိုက်တာလေ"

အခန်း။ ၁၂၂

လုဟာ: "ဖြစ်နိုင်တာကတော့ အသက်နှစ်ဆယ်ဝန်းကျင် ပါရမီရှင် လူငယ်တစ်ယောက် ဖြစ်လိမ့်

မယ်။ သူ့ရဲ့ ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်ကို ရုတ်တရက် နိုးကြားလာပြီး ခေါင်းပြတ်တစ္ဆေတွေကို နှိမ်နင်းနိုင်စွမ်း ရှိသွားတာမျိုးပေါ့"

ယွဲ့နယ်ပယ် စွမ်းအားရှင်ကြီးများသည် အမျိုးမျိုး ခန့်မှန်းပြောဆိုနေကြသည်။

ထိုစဉ် သူတို့၏ အကြည့်များမှာ အဝေးတစ်နေရာသို့ ရုတ်ချည်း ရောက်ရှိသွားကြသည်။

မိုးကုတ်စက်ဝိုင်း၏ အစွန်းတွင် အလင်းတိုင်ကြီး အများအပြားသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော မည်းမှောင်နေသည့် တိမ်တိုက်များကို ဆွဲဖြဲပစ်လိုက်သည်။

မြေကမ္ဘာတစ်ခုလုံး တုန်ခါသွားစေသည့် တစ္ဆေများ၏ ကြေကွဲဖွယ် အော်ဟစ်သံကြီးမှာ နဂါးတစ်ကောင် လူးလွန့်နေသကဲ့သို့ပင်။ ထို့နောက်တွင် မှိုပွင့်ပုံစံ မီးတောက်မီးလျှံကြီးများမှာ တစ်ခုပြီးတစ်ခု အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သောင်းနှင့်ချီသော ခေါင်းပြတ်တစ္ဆေများသည် တစ်စုံတစ်ဦး၏ ဆင့်ခေါ်မှုကို ရရှိလိုက်သည့်အလား တိုက်ပွဲကို စွန့်လွှတ်ကာ အလျင်အမြန် ဆုတ်ခွာသွားကြသည်။ တစ်ခုခုကို ပြန်လည် ကယ်တင်ရန် သွားကြသည့်ပုံစံမျိုးပင်။

ထိုအရာကို မြင်လိုက်ရသောအခါ ကျန်းမန် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။

"ကြည့်ရတာ နတ်ဘုရားသတ်တပ်ဖွဲ့ က ခေါင်းပြတ်တစ္ဆေတွေရဲ့ ပင်မခန္ဓာကိုယ်ကို ရှာတွေ့သွားပြီ ထင်တယ်။ ပင်မခန္ဓာကိုသာ ရှာတွေ့ပြီဆိုရင်တော့ သူ့ရဲ့ ထူးဆန်းတဲ့ စွမ်းရည်တွေက ဘာမှ မဟုတ်တော့ပါဘူး"

"ကဲ... ငါတို့လည်း သွားပြီး အကာအကွယ်ပေးကြရအောင်။ တကယ်လို့ နတ်ဘုရားသတ်တပ်ဖွဲ့က လူတွေ ဒဏ်ရာရခဲ့ရင် ငါတို့က အစားဝင်တိုက်ပေးလို့ ရတာပေါ့"

ပြောပြောဆိုဆိုဖြင့် ယွဲ့နယ်ပယ် စွမ်းအားရှင် အများအပြားမှာ သူတို့၏ သွေးအင်အားများကို ထုတ်လွှတ်လိုက်ကြရာ အလင်းလုံးကြီးများအသွင် ပြောင်းလဲသွားပြီး တစ္ဆေလှိုင်းလုံးကြီးများနောက်သို့ လိုက်လံတိုက်ခိုက်ရန် ထွက်ခွာသွားကြတော့သည်။

ရှေ့မှမြင်ကွင်းမှာ တကယ့်ကို ထိတ်လန့်ခမ်းနားလှသည်။

မိုးကုတ်စက်ဝိုင်းတွင် မီတာတစ်ရာအမြင့်၊ မီတာတစ်ရာအရှည်ရှိသော မီးတောက်

အကျဉ်းထောင်ကြီးတစ်ခုမှာ မားမားမတ်မတ် ရှိနေသည်။ မီးလျှံများမှာ ပြင်းထန်စွာ တောက်လောင်နေပြီး အပူရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာပင် ကွေးညွတ်ကာ ဝေဝါးနေ၏။

ဆုတ်ခွာလာကြသည့် သောင်းနှင့်ချီသော ခေါင်းပြတ်တစ္ဆေများသည် ခရမ်းပုပ်ရောင် အလင်းတန်းများ ထုတ်လွှတ်ရင်း ထိုမီးတောက်အကျဉ်းထောင်ဆီသို့ မီးပုံထဲဆင်းသည့် ပိုးဖလံများကဲ့သို့ တိုးဝင်နေကြသည်။ သူတို့သည် ထိုမီးများကို ငြှိမ်းသတ်ရန် ကြိုးစားနေပုံရသည်။

ခေါင်းပြတ်တစ္ဆေတစ်ကောင်စီသည် မီးတောက်နှင့် ထိမိသည်နှင့် ပြာအဖြစ်သို့ လောင်ကျွမ်းသွားပြီး စူးရှသော အော်ဟစ်သံများကို ထုတ်လွှတ်ကြသည်။ သို့သော် ထိုအော်ဟစ်သံများကြားမှာပင် သူတို့သည် အလျင်အမြန် ပြန်လည်စုစည်းကာ တစ်ဖန်ရှင်သန်လာကြပြန်သည်။

သို့သော်လည်း မီးတောက်အကျဉ်းထောင်မှာ ငြိမ်းသွားခြင်းမရှိဘဲ ပို၍ပင် ပြင်းထန်စွာ တောက်လောင်လာသည်။ သောင်းနှင့်ချီသော ခေါင်းပြတ်တစ္ဆေများ၏ ပြူးထွက်နေသော မျက်လုံးများသည် ရူးသွပ်မှုများဖြင့် ပြည့်နှက်လာပြီး အကျဉ်းထောင်အတွင်းဘက်သို့ မရမက ထိုးဖောက်ဝင်ရောက်နေကြတော့သည်။

ဘာကြောင့် ဒီခေါင်းပြတ်တစ္ဆေတွေက ဒီမီးတောက်အကျဉ်းထောင်ကို အသည်းအသန် တိုက်ခိုက်နေကြတာလဲ။

အကြောင်းမှာ ထိုမီးတောက်အကျဉ်းထောင်အတွင်း၌ အလွန်လှပသော အမျိုးသမီးတစ်ဦး၏ ဦးခေါင်းကို အကျဉ်းချထားသောကြောင့်ပင်။

ထိုအမျိုးသမီး၏ ဦးခေါင်းမှာ တောင်တစ်လုံးကဲ့သို့ ကြီးမားလှပြီး သူမ၏ လည်ပင်းဖြတ်တောက်ရာမှာ အခြားခေါင်းပြတ်တစ္ဆေများကဲ့သို့ပင် ချောမွေ့လှသည်။ သွေးရောင်လွှမ်းကာ ပြူးထွက်နေသော သူမ၏ မျက်လုံးများမှ သွေးမျက်ရည်များ စီးကျနေ၏။

ရွှေရောင်သံကြိုးခုနစ်ချောင်းသည် ထိုအမျိုးသမီး၏ မျက်လုံး၊ နားနှင့် နားထင်များကို ထိုးဖောက်ကာ သူမကို မလှုပ်နိုင်အောင် တင်းကျပ်စွာ ချည်နှောင်ထားသည်။

ထိုအမျိုးသမီးဦးခေါင်းမှာ နာကျင်မှုများကြောင့် တုန်ရီနေပြီး အကျဉ်းထောင်အတွင်းမှ အော်ဟစ်ရုန်းကန်နေသည်။

"တောက် ငါ့ရဲ့သားသမီးတို့... အထဲကို အတင်းဝင်ခဲ့ကြ ဒီအကျဉ်းထောင်ရဲ့ စွမ်းအင်တွေကို ငြှိမ်းသတ်ပစ်ကြစမ်း"

သောင်းနှင့်ချီသော ခေါင်းပြတ်တစ္ဆေများသည် အကျဉ်းထောင်၏ မီးတောက်တံတိုင်းများကို အဆက်မပြတ် ဝိုင်းဝန်းတိုက်ခိုက်နေကြရာ မီးတံတိုင်းကြီးမှာ ပြင်းထန်စွာ တုန်ခါနေတော့သည်။

"အခုမှ လောနေတာလား အခုနက မင်းရဲ့ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ မောက်မာမှုတွေ ဘယ်ရောက်ကုန်ပြီလဲ"

"ဟဲဟဲ..."

မီးတောက်အကျဉ်းထောင်၏ အထက်ကောင်းကင်ယံ၌ နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့သည် တိတ်ဆိတ်စွာ ပျံဝဲလျက် ရှိနေကြသည်။ အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်ခုနစ်ဦးမှာ မီးလျှံလေကာအင်္ကျီများကို ဝတ်ဆင်ထားကြပြီး ကျန်အဖွဲ့ဝင်ခုနစ်ဦးမှာမူ ရွှေရောင်လေကာအင်္ကျီများကို ခန့်ညားထည်ဝါစွာ ဝတ်ဆင်ထားကြသည်။

အဆိုပါ ၁၄ ဦးတို့၏ ဝတ်စုံများသည် လေထဲတွင် တလွင့်လွင့်နှင့် အလွန်ပင် အားကိုးထိုက်သော အသွင်ကို ဆောင်နေကြသည်။

"ကြည့်စမ်း... နောက်တန်းခံစစ်မှာ ပညာရှင်တွေ ပါလာပုံပဲ။ ခေါင်းပြတ်တစ္ဆေ ကိုယ်ပွားတွေကို အမြစ်ပြတ်အောင် ချေမှုန်းနိုင်တဲ့ နည်းလမ်းကို ရှာတွေ့ဖို့ နာရီဝက်ပဲ ကြာတယ်ပေါ့။ ငါကတော့ အနည်းဆုံး တစ်လလောက် တိုက်ခိုက်ရဦးမယ် ထင်နေတာ"

"သူ့ရဲ့ စွမ်းအင်တွေကို အရင်ဆုံး ဆွဲထုတ်ပစ်မယ် ပြီးမှ ကျန်တာတွေကို ဆက်လက်ဆွေးနွေးကြတာပေါ့။ ဘာအမှားအယွင်းမှ အဖြစ်မခံနိုင်ဘူး... သူ့စွမ်းအင်တွေကို အကုန်ဆွဲထုတ်

ပစ်လိုက်မှ သူက နောက်ထပ် ဆယ်နှစ်လောက်အထိ ပြန်လည်အစွမ်းပြနိုင်မှာ မဟုတ်တော့ဘူး"

ရွှေရောင်နတ်ဘုရားသတ်တပ်ဖွဲ့၏ ခေါင်းဆောင် လင်းဖုန်းသည် ရှေ့သို့တစ်လှမ်းတိုးလိုက်ရာ သူ၏ ခန္ဓာကိုယ်ထက်တွင် မီးဒိုင်းတစ်ခု ချက်ချင်း ပေါ်ပေါက်လာသည်။

"မီးဒိုင်းက မင်းအတွက်ပဲ။ သွားပြီး အဆုံးသတ်လိုက်တော့ အစ်ကိုဖုန်း"

လင်းဖုန်းက ခေါင်းညိတ်ပြလျက် မီးဒိုင်းကို အသုံးပြုကာ မီးတောက်အကျဉ်းထောင်အတွင်းသို့ ခုန်ဝင်သွားတော့သည်။ သူသည် ရွှေရောင်နှင့် အမည်းရောင် ရောယှက်နေသော စွမ်းအင်လုံးကြီးတစ်ခုကို လက်အတွင်း၌ ဖန်တီးလိုက်ပြီး အဆိုပါ အမျိုးသမီးတစ္ဆေကြီး၏ နဖူးထက်သို့ ဖိချလိုက်သည်။

"စွမ်းအင် ဆွဲထုတ်ခြင်း"

လင်းဖုန်း၏ ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်ကို ခံစားလိုက်ရသည့်အခါ အမျိုးသမီးဦးခေါင်းကြီးမှာ ထိတ်လန့်တုန်လှုပ်သွားပြီး သူမ၏ အစွယ်များပြည့်နှက်နေသော ပါးစပ်ကြီးကို ဟကာ စူးရှစွာ အော်ဟစ်လိုက်သည်။

ရွှေရောင်သံကြိုးများမှာ တင်းခနဲ ဖြစ်သွားပြီး လင်းဖုန်းက နောက်သို့ အနည်းငယ် ပြန်လည်ဆုတ်ခွာလိုက်သည်။

"သေခါနီးတောင် ကြောက်စရာကောင်းနေသေးတာပဲ မဆိုးဘူး"

သူ၏ မျက်လုံးများမှာ ရုတ်ချည်း အေးစက်သွားပြီးနောက် ရွှေရောင်နှင့် အမည်းရောင် ရောယှက်နေသော စွမ်းအင်များသည် ထိုအမျိုးသမီး၏ ဦးခေါင်းအတွင်း၌ ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ လှည့်ပတ်နေတော့သည်။

အတိုင်းအဆမဲ့သော တစ္ဆေစွမ်းအင်များမှာ အပြင်သို့ ဆွဲထုတ်ခံလိုက်ရပြီး ကောင်းကင်ယံသို့ ပန်းပွင့်များ ပွင့်အာထွက်လာသကဲ့သို့ ပျံ့နှံ့သွားသည်။ အမျိုးသမီး၏ ဦးခေါင်းမှာလည်း ချက်ချင်းပင် တွန့်လိမ်ခြောက်ကပ်သွားပြီး ဖြူဖွေးသော အရိုးစုပုံကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မီးတောက်အကျဉ်းထောင်၏ အပြင်ဘက်ရှိ သောင်းနှင့်ချီသော ခေါင်းပြတ်တစ္ဆေများသည်လည်း အရည်ပျော်ကျနေသော ဖယောင်းတိုင်များကဲ့သို့ ဖြစ်သွားကြပြီး ညစ်ညမ်းသော စွမ်းအင်အိုင်များအဖြစ်သို့ ကူးပြောင်းသွားကြသည်။ ခေါင်းပြတ်တစ္ဆေ၏ ပင်မခန္ဓာကိုယ် စွမ်းအင်များကို ဆွဲထုတ်လိုက်ခြင်းမှာ နယ်ပယ်တစ်ခုလုံး ပျောက်ကွယ်သွားခြင်းနှင့် အလားတူပင်။

သို့သော် ထိုဖြူဖွေးသော အရိုးစုများကြားမှ ချေဖျက်၍မရသော ယုတ်မာသောမျက်လုံးတစ်လုံးက လွင့်မြောကာ ထွက်ပေါ်လာ၏...

ထိုမျက်လုံးမှာ ခရမ်းရင့်ရောင်ရှိပြီး ဝဲဂယက်တစ်ခုကဲ့သို့လည်းကောင်း ကြယ်စုတန်းတစ်ခုကဲ့သို့လည်းကောင်း ထင်မှတ်ရသည်။ ၎င်းသည် အမြင်အာရုံကို တွန့်လိမ်စေပြီး ဟင်းလင်းပြင်၊ အလင်းတန်းနှင့် ဝိညာဉ်စွမ်းအားများကိုပင် ပုံပျက်သွားစေသည်။ ၎င်းမျက်လုံးသည် ထူးဆန်းသော အကြည့်ဖြင့် လင်းဖုန်းကို စိုက်ကြည့်နေသည်။

လင်းဖုန်းက သူ၏ လေကာအင်္ကျီကို တင်းကျပ်စွာ စည်းလိုက်ရင်း ရက်စက်သော အပြုံးဖြင့် "ငါ့ကို စိုက်မကြည့်နဲ့။ ငါသာ မင်းကို ရိုက်ခွဲလို့ရရင် အကြမ်းတမ်းဆုံးနည်းလမ်းကို သုံးမှာပဲ မင်းကို ဆယ်နှစ်လောက်ပဲ ငြိမ်သွားအောင် လုပ်ရတာ ငါ့အတွက်တော့ အားမရသေးဘူး"

သူ၏ စကားအဆုံးတွင် မီးတောက်အကျဉ်းထောင်မှာ ပျောက်ကွယ်သွားတော့သည်။ အခြားသော အဖွဲ့ဝင်များမှာလည်း လင်းဖုန်း၏ အနားသို့ ဆင်းသက်လာကြပြီး ထို ယုတ်မာသောမျက်လုံးကို ကြည့်လိုက်ကြသည်။

မီးလျှံလေကာအင်္ကျီ အဖွဲ့မှ စိတ်တိုတတ်သော အဖွဲ့ဝင်တစ်ဦးက "ဒီလို မျက်လုံးမျိုး နောက်တစ်လုံး ထပ်တွေ့ပြန်ပြီ။ ဒါကို ဘယ်တော့မှ နှိမ်နင်းနိုင်မလဲ ဒီမျက်လုံးကို ကြည့်ရတာတင် တကယ့်ကို ရွံစရာကောင်းတယ်"

ခြေတံရှည်ရှည်နှင့် ရင့်ကျက်သောအလှရှိသည့် အမျိုးသမီးစွမ်းအားရှင် တစ်ဦးကလည်း မကျေမနပ်ဖြစ်ကာ သူမ၏လက်ကို မြှောက်ပြီး ထိုမျက်လုံးဆီသို့ အပြာရောင်မီးတောက်တန်း တစ်ခုကို မိနစ်ဝက်ခန့် ပစ်လွှတ်လိုက်သည်။ သို့သော် ယုတ်မာသောမျက်လုံးမှာ မည်သို့မျှ မထိခိုက်ဘဲ တစ်လက်မမျှပင် ရွေ့လျားသွားခြင်း မရှိချေ။

"ရန်ငြိုးဖွဲ့နတ်ဘုရားတွေ၊ နတ်ဘုရားအဆင့် တစ္ဆေတွေနဲ့ နတ်ဘုရားအဆင့် သလင်းကျောက်သားရဲတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီလို ယုတ်မာတဲ့မျက်လုံးတွေ ပုန်းကွယ်နေတတ်ကြတယ်။ ဒါက သူတို့ရဲ့ နတ်ဘုရားဖြစ်လာမယ့် လမ်းစလည်း ဖြစ်နိုင်တာပဲ..."

"ဘယ်သူသိမှာလဲ။ ဒီလိုမျက်လုံးတွေက နားလည်ရခက်လောက်အောင် ထူးဆန်းလွန်းတယ်။ ပိုပြီး မြင့်မားတဲ့ စွမ်းအင်အဆင့်တစ်ခု ဖြစ်မှာပေါ့"

"အင်း... အဲဒါက ကောင်းကင်ဘုံဘေးဒုက္ခ ညစ်ညမ်းဇုန်ဆီကို တဖြည်းဖြည်း ပျံသွားပြီ"

"တောက် ငါတို့ ဒါကို အပြတ်မရှင်းနိုင်သလို တားလည်း မတားနိုင်ဘူး။ နောက်ဆယ်နှစ်ကြာရင် အဲဒါက အင်အားတွေအပြည့်နဲ့ ပြန်လာပြီး ငါတို့ကို ထပ်တိုက်ဦးမှာပဲ"

လင်းဖုန်းက အလေးအနက်ထားကာ "ရပါတယ်။ တစ်နေ့တော့ ဒါတွေကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းကို ငါတို့ ရှာတွေ့မှာပါ။ အခုလောလောဆယ်တော့ အချိန်ဆွဲထားဖို့ပဲ လိုတယ်။ ဂြိုဟ်သားတွေ ဘေးကင်းဇုန်တွေကို ထပ်ပြီး ဖျက်ဆီးခွင့် မပေးနိုင်တော့ဘူး"

All Chapters