← Chapters

ဆရာမထံ ဝန်ခံရန် ပြင်ဆင်ခြင်း

Vol. 22 Ch. 248

ဆရာမထံ ဝန်ခံရန် ပြင်ဆင်ခြင်း

Vol. 22 Ch. 248

သမီးဖြစ်သူ ကျိကျန့်ကျွင်း၏ စကားကို ကြားလိုက်ရချိန်တွင် ကျိယွမ်၏ မျက်လုံးများမှာ အရောင်တောက်သွားခဲ့၏။

"အထက်ဘုံလား"

"ဟုတ်တယ်၊ မေမေရှိတဲ့ အထက်ဘုံပါပဲ"

ကျိကျန့်ကျွင်းက တည်ငြိမ်စွာ ပြန်လည်ဖြေသည်။

ကျိယွမ်၏ အကြည့်များက ရှန်ဝူရှန်းအပေါ်ကျရောက်သွားသည် ။ သူက ရှန်းဝူရှန်းသည် ကန်းလန်လောကမှမဟုတ်မှန်းသိသော်လည်း အထက်ဘုံကလာသည်ကိုတော့ မသိပါ ။ အခြားကမ္ဘာတစ်ခုက လာသည်ဟုသာ သူ၏မျက်လုံးများက ဖော်ပြထား၏။

ယခုအချိန်၌ ထိုသူအပေါ် ကျိယွမ်၏ အမြင်မှာ ပြောင်းလဲသွားလေပြီ။

"ကျိစယ်တောင်ထွတ်ကို သွားကြရအောင်"

စိတ်ဝိညာဥ်တက်လှမ်းခြင်း အခမ်းအနားကိုမူ သူဂရုမစိုက်တော့ပါ။ ရှန်းဝူရှန်းသည် အထက်ဘုံမှ လာသူဖြစ် ဖြစ်၏။ ကျင်းလီမှာလည်း အထက်ဘုံတွင် ရှိနေဆဲဖြစ်သကဲ့သို့ ဆရာမမှာလည်း ထိုဘုံ၌ပင် ရှိနေနိုင်သည်။

ကံဆိုးသည်မှာ သူသည် ယင်နတိဘုရားမဖြစ်သေးသောကြောင့် ကန်းလန်လောက မှ ထွက်ခွာ၍ မရသေးသဖြင့် အထက်ဘုံသို့ မသွားနိုင်သေးခြင်းပင်။ ထို့အပြင် ကပ်ဘေးကြီးကလည်း မကုန်ဆုံးသေးသဖြင့် သူသည် ယင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်လျှင်ပင် အထက်ဘုံသို့ သွားနိုင်သည့် ​တယ်လီပို့အစီအရင်ကို အသုံးပြုနိုင်မည်မဟုတ်ပေ။

သို့သော် ရှန်ဝူရှန်းကတော့ အထက်ဘုံမှ လာသူဖြစ်သဖြင့် သေချာပေါက်ပြန်ရန်နည်းလမ်းရှိမှာသေချာ၏။

ကျိယွမ်၏ ဖိတ်ခေါ်မှုကိုကြားသောအခါ ရှန်းဝူရှန်းကလည်း ချက်ချင်းခေါင်းညိတ်သည်။

"အစ်ကိုကျိက ဖိတ်ခေါ်မှတော့ ကျွန်တော် ဘယ်လိုလုပ် ငြင်းပယ်နိုင်ပါ့မလဲ"

သူက လမ်းညွှန်မှုကိုခံယူရမည့်သူမို့ ကျိယွမ်အား အစ်ကိုကျိဟု ခေါ်လိုက်သည်။ ကျင့်ကြံခြင်းလောကသည် အသက်အရွယ်ကအရေးမပါဘဲ ခွန်အားကသာ အရေးပါသောနေရာဖြစ်၏။

ထို့နောက်တွင် ကျိယွမ်နှင့် ရှန်းဝူရှန်းတို့သည် အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြသည်။

ခန်းမထဲရှိ ကျန်နေသူများမှာ ကြောင်တောင်တောင်နှင့် တစ်ဦးကိုတစ်ဦးကြည့်မိကုန်သည်။

အခမ်းအနား သိမ်းပြီ။

အလင်းတန်းနှစ်ခုက ကျိစယ်တောင်ထိပ်ပေါ်သို့ ကျရောက်လာ၏။

အသစ်တည်ဆောက်ထားသည့် ကွန်ကရစ်အိမ်ရှေ့တွင် ရပ်မိသောအခါ ကျိယွမ်က မေးဆတ်ပြလိုက်သည်။

"ညီလေးရှန်း.. ငါ့ရဲ့ အိမ်အသစ်ကို ဘယ်လိုမြင်လဲ"

ရှန်ူဝူရှန်းက သူ့ကို "အစ်ကိုကျိ" ဟု ခေါ်သဖြင့် သူကလည်း "ညီလေးရှန်" ဟု ပြန်ခေါ်ခြင်းမှာ မမှားပေ။

သူ၏မဆီမဆိုင်သော မေးခွန်းကြောင့် ရှန်းဝူရှန်းမှာ အနည်းငယ် ကြောင်အသွား၏။ သို့သော် သူက ရှေ့ရှိအိမ်ကို ကြည့်ရင်း အဆင်ပြေသလို ဖြေလိုက်သည်။

"ကြီးမြတ်လှတဲ့ ဓမ္မတရားဟာ ရိုးရှင်းမှုထဲမှာပဲ ရှိနေတာပါ"

"မင်းမှာ အမြင်ရှိသားပဲ"

ကျိယွမ်က သဘောကျစွာ ပြုံး၍ အထဲသိူ့ဖိတ်ခေါ်၏။

"လာပါ၊ အထဲဝင်ပြီး အသေးစိတ် စကားပြောကြရအောင်။"

သူတို့နှစ်ဦး အိမ်ထဲသို့ဝင်ကာ ထိုင်ခုံများတွင် ထိုင်လိုက်ကြသည်။

ကျိယွမ်က ရှန်းဝူရှန်းကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ..

"မင်းက အထက်ဘုံက လာတာလို့ ကြားတယ်"

"ဟုတ်ပါတယ်"

ရှန်းဝူရှန်းက ခေါင်းညိတ်ပြသည်။ ဤအကြောင်းအရာများကို ကျိကျန့်ကျွင်းက ပြောပြထားပြီးဖြစ်မည်ကို သူသိပါသည်။

"မင်းက အထက်ဘုံနဲ့ အောက်ဘုံကြားမှာ ကူးချည်သန်းချည် လုပ်နိုင်တာလား"

ကျိယွမ်က လေးနက်စွာမေးမြန်းသည် ။

"ခက်ခဲပါတယ်... တကယ့်ကို ခက်ခဲတာပါ။ အဖိုးအခက အများကြီး ပေးရတယ်"

ရှန်းဝူရှန်းက အမှန်အတိုင်းဖြေခြင်းပင် ။ သူသည် ဘိုးဘွားများ ချန်ထားရစ်ခဲ့သည့် ရတနာများနှင့် ဂိုဏ်း၏ အဖိုးတန်ရတနာကို အသုံးပြု၍သာ ဤလောကသို့ ရောက်ရှိလာနိုင်ခြင်း ဖြစ်သည်။ ယခုအခါ သူသည် အောက်ဘုံသို့ နောက်ထပ်တစ်ကြိမ်သာ ဆင်းသက်နိုင်တော့မည် ဖြစ်၏။

ထို့ကြောင့် သူသည် နတ်ဘုရားနည်းစနစ်များကို ကျိယွမ်၏ လမ်းညွှန်မှုနှင့် လဲလှယ်ရန် စီစဉ်ထားခြင်းပင်။

"ဖြစ်နိုင်သေးရင်ကို ရပါပြီ"

ကျိယွမ်က အားရကျေနပ်စွာ ဆို၏။

အဖိုးအခကြီးမားသည်လား။

သူ၏ ထိုးထွင်းဉာဏ်ဖြင့် ရှန်းဝူရှန်း၏ ထိုပြဿနာကို ဖြေရှင်းပေးနိုင်မည့် အသေးစိတ် အစီအစဉ်တစ်ခု ဆွဲနိုင်ပေသည်။

သူက ဆက်လက်၍ စုံစမ်းပြန်သည်။

"မင်း လနတ်ဘုရားနန်းတော်ကို သိလား။ လနတ်သမီး ကျင်းလီကိုရော ရှာပြီး တွေ့နိုင်မလား"

သူသည် ကျင်းလီနှင့် လူချင်း တစ်ခါမှမဆုံဖူးသေးပေ။ ပို၍တိကျစွာ ပြောရလျှင် သူတွေ့ခဲ့ရသူမှာ ကျင်းလီ၏ အတိတ်ဘဝဖြစ်သော လနတ်သမီးလေးယွဲ့နုသာ ဖြစ်၏။

"လနတ်ဘုရားနန်းတော်ကို သိပါတယ်။ အစ်ကို့သမီးက ကျွန်တော့်ကို အကူအညီတောင်းထားတာကတော့..."

ရှန်းဝူရှန်းသည် ယမန်နေ့က ရေကန်ဘေး၌ ကျိကျန့်ကျွင်းနှင့် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြောပြလိုက်သည်။

"ဒါပေမဲ့ ဖူထူတောင်က လနတ်ဘုရားနန်းတော်နဲ့ အရမ်းဝေးပါတယ်။ လနတ်သမီးတွေအကြောင်း ကြားဖူးပေမဲ့ ဒီကျင်းလီဆိုတာကိုတော့ ကျွန်တော်မသိဘူး။ ခရီးက အရမ်းဝေးတော့ သတင်းစကားတစ်ခု ပါးဖို့တင် သုံးနှစ်လောက် ကြာနိုင်တယ်"

ရှန်းဝူရှန်းက တွေးတွေးဆဆဆို၏။

"သုံးနှစ်တောင်လား"

ကျိယွမ် ရေရွတ်လိုက်သည်။

သုသည် ဇူလိုင်ရေကန်နားတွင် သူပြန်အလာကိုစောင့်နေခဲ့သော လနတ်သမီးလေးယွဲ့နုနှင့် သူ့ကို နှစ်ပေါင်းထောင်ချီ စောင့်ဆိုင်းခဲ့ရသည့် ကျင်းလီအကြောင်းကို သူတွေးတောနေမိ၏။ ကျိယွမ်အတွက် ထိုအချိန်မှာ ခဏတာမျှသာ ဖြစ်သော်လည်း ကျင်းလီအတွက်မူ အလွန်ရှည်လျားခဲ့ပေလိမ့်မည်။

"ငါ စာတစ်စောင် ရေးပေးလိုက်ရင် မင်း သူ့ဆီ ပို့ပေးနိုင်မလား"

ကျိယွမ်က သိချင်စွာ မေးလိုက်၏။

ရှန်းဝူရှန်းက ချက်ချင်း ခေါင်းခါပြသည်။

"ကန်းလန်လောကက ပစ္စည်းတွေကို အထက်ဘုံကို ယူသွားလို့ မရပါဘူး"

ကန်းလန်လောကမှာ အလွန်ထူးခြားသည့် နေရာတစ်ခု ဖြစ်နေပြီး အခြားလောကများနှင့် မတူပေ။

"တကယ်လား"

ကျိယွမ်၏မျက်နှာတွင် စိတ်ပျက်မှုများ ထင်ဟပ်သွားလေသည်။ သူက များစွာမျှော်လင့်ထားခဲ့သည် မဟုတ်ပါလား။

"အစ်ကိုကျိအနေနဲ့ နှုတ်ကနေ သတင်းစကား ပါးလို့ရပါတယ်။ အထက်ဘုံကို ပြန်ရောက်ရင် ကျွန်တော်က စာအဖြစ် ပြန်ကူးပြီး လနတ်ဘုရားနန်းတော်ဆီ ပို့ပေးပါ့မယ်"

ရှန်းဝူရှန်းက အသင့်တောိဆုံးကို အကြံပြုခဲ့သည်။

"အဲဒါက သိုသိုသိပ်သိပ် မရှိလှဘူး"

ကျိယွမ်က တွေဝေစွာ ခေါင်းခါလိုက်၏။

"ဒီလိုလုပ် ငါ ကျင့်စဉ်တစ်ခု ဖန်တီးပေးမယ်၊ မင်းက အဲဒီကျင့်စဉ်ကို လနတ်သမီး ကျင်းလီဆီ ပို့ပေးလိုက်ပါ"

ကျိယွမ်၏ အကြံအစည်မှာ ရိုးရှင်း၏။ သူပြောချင်သည့် စကားများကို ထည့်သွင်းထားသည့် အစွမ်းထက် ကျင့်စဉ်တစ်ခုကို ဖန်တီးမည်ဖြစ်သည်။ ဤသို့ဖြင့် ကျင်းလီက ထိုကျင့်စဉ်ကို ရရှိသည့်အခါ ချီယွမ်၏ သတင်းစကားကို နားလည်သွားမည် ဖြစ်၏။

ကျင်းလီအား စကားအနည်းငယ် ပြောနိုင်ရန်အတွက် ကျိယွမ်သည် အစွမ်းထက်သော ကျင့်စဉ်တစ်ခုကို ဖန်တီးရန် ဆုံးဖြတ်လိုက်လေသည်။

"ပြဿနာမရှိပါဘူး"

"ငါးရက်ကြာရင် မင်းကို ကျင့်စဉ်ပေးမယ်"

အသုံးမကျသည့် နည်စနစ်တစ်ခုကို သူ မဖန်တီးလိုသဖြင့် အချိန်ယူရန် လိုအပ်သည်။

"ဒါနဲ့ လနတ်ဘုရားနန်းတော်မှာ ရွမ်ယူချမ်း ဆိုတဲ့ တစ်ယောက်ယောက်ကိုရော သိလား"

ကျိယွမ်က သူ၏ဆရာမအကြောင်းကိုပါ ထပ်မေးလိုက်၏။ဆရာမသည်လည်း လနတ်ဘုရားနန်းတော်နှင့်သေချာပေါက် ပတ်သတ်နေမည်ဟု သူယုံကြည်၏။

"မသိဘူး ၊ ဒါမှမဟုတ် ကျွန်တော်မကြားဖူးတာလည်းဖြစ်နိုင်တယ် ၊ အရမ်းဝေးနေတော့လေ"

ရှန်းဝူရှန်း၏အဖြေကြောင့် ကျိယွမ် မျက်မှောင်ကြုတ်သွား၏။ ဆရာမသည် လနတ်ဘုရားနန်းတော်နှင့် ဆက်စပ်မှု ရှိသည်မှာ သေချာသော်လည်း သူမသည် ထိုနန်းတော်၏ အစိတ်အပိုင်း ဟုတ်မဟုတ်မှာမူ မသေချာသေးပေ။

အနည်းငယ်ငြိမ်သွားပြီးမှ ကျိယွမ်က တစ်ခုခုအား ​သဘောပေါက်သွားသလို လက်ဖျစ်တီးလိုက်သည်။

"ဟုတ်ပြီ "

"အထက်ဘုံမှာ သတင်းစာတွေ ရှိလား"

"သတင်းစာ..အဲဒါက ဘာလဲ"

ရှန်းဝူရှန်းမှာ ဇဝေဇဝါ ဖြစ်သွားပြီး သေသေချာချာစဥ်းစားကြည့်သော်လည်း ထိုအမည်မျိုးကို သူမကြားဖူးပါ။

"လင်ထျန်းခန်းမကို သိလား။ ဝိညာဉ်ကျောက်တုံးတွေ ပေးရင် သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးတဲ့ ဝန်ဆောင်မှုမျိုးလေ"

ကျိယွမ်က ကန်းလန်လောကနှင့်ယှဥ်ကာ ရှင်းပြသည်။

"သိပါတယ်။ အထက်ဘုံမှာလည်း အလားတူတစ်ခု ရှိပါတယ်၊ ဒါပေမဲ့ လနတ်ဘုရားနန်းတော်ကလူတွေ မြင်အောင် ထုတ်ပြန်ဖို့ဆိုရင်တော့ အဖိုးအခက တော်တော်ကြီးလိမ့်မယ်"

ရှန်းဝူရှန်းက တော်တော်လေးအဆင်မပြေသလို ထောက်ပြ၏။

"လနတ်ဘုရားနန်းတော်က ရွမ်ယူချမ်းကို ချစ်ခွင့်ပန်တဲ့ သတင်းစကား ထုတ်ပြန်မယ်ဆိုရင် ဘယ်လောက်ကုန်မလဲ"

ကျိယွမ်၏ ရည်ရွယ်ချက်မှာ ရှင်းလင်း၏။ သူသည် ကျင်းလီကို သတိရနေရင်းမှပင် သူ၏ ဆရာသခင် ရွမ်ယူချမ်းကို ဝန်ခံရန် အစီအစဉ် ဆွဲနေခြင်းပင် ။

"အဲဒါက..."

ရှန်းဝူရှန်းက ခေတ္တစဥ်းစားနေ၏။ပြီးမှ သူ၏ထင်မြင်ချက်ကို ဖြေသည်။

"မှတ်တမ်းမတင်ရသေးတဲ့ နတ်ဘုရားအဆင့်နည်းစနစ်တစ်ခု ပေးရလိမ့်မယ်"

ရှန်းဝူရှန်းက ကျိယွမ်ကို ပေးထားသည့် နည်းစနစ်များမှာ မှတ်တမ်းတင်ပြီးသားများ ဖြစ်သဖြင့် တန်ဖိုး သိပ်မရှိလှပေ။

သူ၏အဖြေကြောင့် ကျိယွမ် မျက်မှောင်ကြုတ်သွားသည်။

"ဒါကတော့ ခက်ပြီ"

သူ့တွင် နတ်ဘုရားအဆင့်နည်းစနစ်များ မရှိပါ။ ထို့ပြင် ကန်းလန်လောကတွင်လည်း ထိုကဲ့သို့သော နည်းစနစ်များ ရှိပုံမရပေ။

သူ ခဏမျှ စဉ်းစားပြီးနောက် ရှန်းဝူရှန်းကို ကြည့်သည်။

"မင်း ပုံမှန်ဆိုရင် ပိုက်ဆံ ဘယ်လိုရှာလဲ"

အောက်ဘုံသို့ ဆင်းသက်ရန် အဖိုးအခ အလွန်ကြီးသည်ဟု ဆိုထားသဖြင့် ရှန်းဝူရှန်းတွင် ငွေရှာသည့် နည်းလမ်းရှိရမည်ဖြစ်သည်။

"ဂိုဏ်းရဲ့ တာဝန်တွေကို ထမ်းဆောင်ပြီး ရှာတာပါ"

"နည်းစနစ်တွေကို ပြုပြင်တာ၊ ဆေးလုံးသန့်စင်နည်းတွေကို ပြီးပြည့်စုံအောင် လုပ်တာ ဒါမှမဟုတ် မပြည့်စုံတဲ့ နည်းစနစ်တွေကို ပြုပြင်ပေးရတဲ့ တာဝန်တွေရော ရှိလား"

ကျိယွမ်က မျက်လုံးများတောက်ပလာပြီး မေးလိုက်၏။

"ရှိပါတယ်"

ရှန်းဝူရှန်းက နားမလည်နိုင်စွာ ပြန်ဖြေသည်။

"ဒါဆိုရင် ဒီလိုလုပ်ရအောင်။ အဲဒီတာဝန်တွေ အကုန်လုံးကို မင်းယူခဲ့၊ ငါ့ဆီ ယူလာပေးရင် ငါ အားလုံးကို ကူပြီး ဖြေရှင်းပေးမယ်။ ပြီးရင် အဲဒီကရတဲ့ ဆုလာဘ်တွေကို ငါ့အတွက် အထက်ဘုံရဲ့ နတ်ဘုရားနည်းစနစ်တွေနဲ့ လဲလှယ်ပေး"

ကျိယွမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။သူ့ကိုယ်သူလည်း အထင်ကြီးသွားသည်။

ပါရမီရှင်လူငယ်ပီပီ သူ၏ ဦးနှောက်မှာ ထက်မြက်လှပေသည်။ အထက်ဘုံကို အသုံးချနိုင်မည့် နည်းလမ်းကို သူ ချက်ချင်း ရှာတွေ့ခဲ့၏။ ဤနည်းဖြင့် သူ့ထံသို့ အထက်ဘုံမှနည်းစနစ်များ အဆက်မပြတ် ရောက်ရှိလာပေတော့မည်။

"ဒါကတော့..."

ရှန်းဝူရှန်း တွန့်ဆုတ်သွားသည်။သူ၏အမြင်အရ ကျိယွမ်၏ အကြံပြုချက်မှာ မဖြစ်နိုင်သလောက်ပင်။ လွယ်ကူသည့် တာဝန်များကို အခြားလူများက လုပ်ဆောင်ပြီးသား ဖြစ်ပြီး ကျန်ရှိနေသည်မှာ အလွန်ခက်ခဲသည့် တာဝန်များသာ ဖြစ်သည်။

ဥပမာအားဖြင့် စာလုံးရေ (၇၂) လုံးရှိသော်လည်း (၃) လုံး ပျောက်ဆုံးနေသည့် မူလကျမ်းကို ဖြည့်စွက်ရမည့် တာဝန်မျိုး ဖြစ်၏။

ထိုကျမ်းအစစ်ကို မမြင်ဖူးဘဲနှင့် မည်သူက လိုအပ်နေသည့်စာလုံးကို ဖြည့်စွက်နိုင်မည်နည်း။အခြားတာဝန်များကလည်း ခက်ခဲကြသည်ချည်းပင်။

"မင်း ငါ့ကို မယုံဘူးလား"

ကျိယွမ်က လက်မလျော့ပါ ။

"မင်းမှာ အဲဒီလို တာဝန်မျိုး ရှိရင် ငါ့ကို ပြကြည့်၊ ဘယ်လို ဖြေရှင်းရမလဲဆိုတာ ငါပြမယ်"

ကျိယွမ်၏ ယုံကြည်ချက်ရှိလှသော အမူအရာကြောင့် ရှန်းဝူရှန်း ခဏမျှ တိတ်ဆိတ်သွားသော်လည်း ကျိယွမ်၏ အစွမ်းအစကို သတိရကာ တစ်ခါလောက်တော့ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။

"ကျွန်တော် ပြန်သွားတဲ့အခါ တာဝန်တွေကို ယူပြီး အစ်ကို့ဆီ ယူလာပေးပါ့မယ်"

ရှန်းဝူရှန်းက လက်ခံလိုက်သဖြင့် ကျိယွမ် အလွန်ကျေနပ်သွားလေ၏။

"မင်းက ပူးပေါင်းဆောင်ရွက်ပေးမှတော့ ငါ မင်းကို ကြိုတင်ပြီး လမ်းညွှန်မှုတချို့ ပေးပါ့မယ်"

သူတို့၏ မူလသဘောတူညီချက်မှာ ရှန်းဝူရှန်းက နည်းစနစ်သစ်များပေးမှသာ ကျိယွမ်က လမ်းညွှန်မှုပေးရန် ဖြစ်သော်လည်း ယခုအခါ ကျိယွမ်က ကြိုတင်၍ လမ်းညွှန်ပေးရန် သဘောကောင်းသွားသည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကျိ"

ရှန်းဝူရှန်းမှာ အလွန်ကျေးဇူးတင်သွားခဲ့သည်။

"ပြောပါဦး၊ မင်းရဲ့ ကျင့်ကြံခြင်းမှာ ကြုံတွေ့နေရတဲ့ အကြီးမားဆုံး ပြဿနာက ဘာလဲ"

ကျိယွမ်က ပေါ့ပေါ့ပါးပါး မေးလိုက်၏။

သူ့အတွက်လမ်းညွှန်မှုပေးခြင်းမှာ အလွန်လွယ်ကူသော ကိစ္စဖြစ်၏။ နည်းစနစ်ကို ပြုပြင်ခြင်းမှာမူ အချိန်ပိုပေးရပေရသဖြင့် တစ်ထိုင်တည်းနှင့် မပြီးပေ။

ကျိယွမ်၏ မေးခွန်းကြောင့် ရှန်းဝူရှန်း၏ အမူအရာမှာ တည်ကြည်သွားခဲ့သည်။

"ကျွန်တော် အမြုတေဖွဲ့စည်းတုန်းက အလျင်စလို လုပ်ခဲ့မိလို့ ပြဿနာတချို့ ရှိခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော့်ရဲ့ ဝိညာဉ်စွမ်းအားက တခြားသူတွေထက် နည်းနေတယ်။ စောစောက တိုက်ပွဲမှာ အစ်ကိုကျိက ဝိညာဉ်စွမ်းအား အနည်းငယ်ပဲ သုံးပြီး ကျွန်တော့်ကို အနိုင်ယူခဲ့တာ တွေ့လိုက်ရတယ်။ ဝိညာဉ်စွမ်းအားကို အဲဒီလိုဖြစ်အောင် ဘယ်လိုသုံးရမလဲဆိုတာ သင်ပေးနိုင်မလား"

"မှန်းစမ်း..."

ကျိယွမ် ချက်ချင်းမပြောသေးဘဲ ရှန်းဝူရှန်း၏ ဝိညာဉ်စွမ်းအားကို စစ်ဆေးကြည့်လိုက်၏။

သူက ရှန်းဝူရှန်းကို ချီးမွမ်းသလိုကြည့်ကာ မှတ်ချက်ချသည်။

"မင်းရဲ့ ဝိညာဉ်စွမ်းအားက ငါတို့ကူမုဂိုဏ်းချုပ်ကြီးထက် အဆပေါင်း ၈၀၊ ၉၀ လောက် များနေတာတောင် နည်းသေးတယ်လို့ ထင်နေတာလား

စိတ်ဝိညာဥ်အဆင့်တွင် ရှန်းဝူရှန်း ပြိုင်ဘက်ကင်းနေသည်မှာ ထိုက်တန်ပါသည်။ သို့သော် ကျိယွမ်၏အဆင့်နှင့် ယှဉ်လျှင်တော့ နည်းပါးသည်မှာ အမှန်ပင်။

အကြောင်းမှာ ကျိယွမ်၏ ဝိညာဉ်စွမ်းအားမှာ ကြယ်တစ်စင်းကဲ့သို့သော အမြုတေကိုပပင် လည်ပတ်စေနိုင်သောကြောင့် ဖြစ်သည်။

ရှန်းဝူရှန်း၏ဝိညာဥ်က မည်မျှသန်မာပါစေ စကြဝဠာထဲမှ ကြယ်ကြီးတစ်လုံးကိုတော့ မလည်ပတ်စေနိုင်ပါ။

"ဒီပြဿနာကို ဖြေရှင်းဖို့က လွယ်ပါတယ်။ ငါ့မှာ ဖြေရှင်းနည်းပေါင်း (၁၇၂၈) နည်း ရှိတယ်"

ကျိယွမ်က အေးအေးလူလူ ဆိုလိုက်၏။

ရှန်းဝူရှန်းမှာ မှင်တက်သွားခဲ့သည်။ သူသည် ဤပြဿနာအတွက် သူ၏ ဆရာသခင်နှင့် တိုင်ပင်ခဲ့ဖူးသော်လည်း ဆရာသခင်ပင်လျှင် ကောင်းမွန်သော ဖြေရှင်းနည်း မပေးနိုင်ခဲ့ပေ။

ယခုမူ ကျိယွမ်၌ (၁၇၂၈) နည်းပင် ရှိသည်တဲ့။

"အလွယ်ဆုံးနည်းလမ်းကတော့ မင်းရဲ့စိတ်ဝိညာဥ်ကို အမြုတေအဖြစ် ပြောင်းလဲလိုက်ပြီး မူလဒဏ်ရာကို ကုသလိုက်ဖို့ပဲ။ ဒါဆိုရင် ပြဿနာက အမြစ်ပြတ်သွားလိမ့်မယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ဒုတိယ စိတ်ဝိညာဥ်တစ်ခုကို ဖွဲ့စည်းလိုက်သလို ဖြစ်သွားပြီး မင်းရဲ့ ဝိညာဉ်စွမ်းအားကလည်း အနည်းဆုံး နှစ်ဆလောက် တိုးလာလိမ့်မယ်"

ကျိယွမ်က လေးနက်စွာ ရှင်းပြလိုက်သည်။

ရှန်းဝူရှန်းမှာ ထပ်မံ၍ဆွံ့အသွား၏။ တခြားသူက ပြောလျှင် သူသည် ပေါက်ကရတွေဟု ထအော်မိမှာ သေချာသော်လည်း ယခုပြောနေသူမှာ သူ့ကို အလွယ်တကူ အနိုင်ယူခဲ့သည့် ကျိယွမ်ဖြစ်နေသည်။ ထို့ပြင် ကျိယွမ်၌ မည်သူထံမှာမှ မရှိနိုင်သော စိတ်ဝိညာဥ်တစ်ခုထက်မက ရှိနေခြင်းကလည်းသူ၏နည်းလမ်းကို ပို၍ယုံကြည်စိတ်ချရစေသည်။

တွေးရင်း တွေးရင်းမှ ရှန်းဝူရှန်း အလွန်စိတ်လှုပ်ရှားလာ၏။သူသည်လည်း ကျိယွမ်လို မတစ်ထောင်တစ်ကောင်ဘွား ရှာမှရှားတဲ့ ကျင့်ကြံသူ ဖြစ်လာပေတော့မည် ။

သူက ဝမ်းသာအားရ မေးလိုက်၏။

"အဲဒီလို စိတ်ဝိညာဥ်ကနေ အမြုတေကို ပြန်ပြောင်းတဲ့နည်းစနစ် အစ်ကိုကျိမှာ ရှိလား"

"မရှိဘူး "

"ဂိန်..."

ရှန်းဝူရှန်းခမျာ ငိုရမလိုလို ရီရမလိုလိုဖြစ်သွားသည်။ မရှိဘဲနဲ့ တကယ်ကြီးလိုလို ပြောနေရလား။

"ဒါပေမဲ့ ..ခဏနေရင် ရှိလာလိမ့်မယ်။ အမွှေးတစ်တိုင်စာလောက် စောင့်ဦး၊ ငါ တစ်ခုလောက် ဖန်တီးပေးမယ်"

"ဗျာ ...."

မျက်စိရှေ့တွင်ပင် နည်းစနစ်အသစ်တစ်ခုကို ဖန်တီးပေးမည်တဲ့။ငါတော့ ဆရာတင်မိတာ မှားပြီလား ။

သို့သော် ကျိယွမ်က ခနစောင့်ဟုဆိုထားသဖြင့် စောင့်ရုံသာရှိတော့သည်။

သူသည် တိတ်ဆိတ်စွာပင် ကျိယွမ်ကို စောင့်ကြည့်နေလိုက်၏။

ထိုအချိန်တွင် ကျိယွမ်သည် မျက်လုံးမှိတ်ထားပြီး စတင်လုပ်ဆောင်နေသည်။ သူ၏ စိတ်ထဲတွင် သတင်းအချက်အလက်ပေါင်းများစွာ လည်ပတ်နေပြီး သူ၏အမူအယာက ကျင့်ကြံခြင်းတွင်နစ်မြုပ်နေသလို တည်ငြိမ်လှသည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်ခန့်တွင် ကျိယွမ်​၏ မျက်လုံးများပြန်ဖွင့်လာခဲ့သည်။

"ရပြီ ..ဒီနည်းစနစ်က ရိုးရှင်းတယ်၊ အဆင့်သိပ်မမြင့်တော့ ဖန်တီးရတာ လွယ်သားပဲ"

ရှန်းဝူရှန်းက မယုံနိုင်စွာ တံတွေးမျိုချ၏။ သူက စိတ်မချသလို တိုက်တွန်းလ်ုက်သည်။

"အစ်ကို​ကျိ... အချိန်နည်းနည်းလောက် ထပ်ယူပြီး သေချာလေး လုပ်ပေးရင် မကောင်းဘူးလား"

အမွှေးတိုင်တစ်တိုင်စာအတွင်း ဖန်တီးထားသည့် နည်းစနစ်ကို သူ သုံးရန် အနည်းငယ် ကြောက်ရွံ့နေခြင်း ဖြစ်သည်။

ငါတော့ လှချင်လွန်းလို့သွားချောင်တိုက် ရေစီးကမ်းပြိုလိုက်တော့ ဖြစ်တော့မှာပဲ ၊ သူ့ဟာက ဟုတ်ပါ့မလား ။

"မင်း ငါ့ကို နတ်ဘုရားအဆင့် နည်းစနစ်တွေ ထပ်ပေးရင် ငါ အချိန်ပိုယူပေးမယ်။ နောက်ဆိုရင် မင်းရဲ့စိတ်ဝိညာဥ်ကို သုံးပြီး ယင်နတ်ဘုရားတွေကိုတောင် သတ်နိုင်လာလိမ့်မယ်"

ကျိယွမ်က ယုံကြည်မှုအပြည့်နှင့်ပြုံး၍ ဆို၏။အချိန်ပိုယူလျှင် ပိုအဆင့်မြင့်သော နည်းစနစ်ရမည်ကို သူသိပါသည်။ သိူ့သော် အဘယ့်ကြောင့် လုပ်ပေးရမည်နည်း။

သူက နည်းစနစ်ကို ကျောက်စိမ်းပြားတစ်ခုပေါ်တွင် မှတ်တမ်းတင်လိုက်သည်။

"ဒီနည်းစနစ်ကို 'ရွှေဝိညာဉ်နည်းစနစ်' လို့ ခေါ်တယ်၊ အခု မင်းအတွက်ပဲ။"

"ဟုတ်...ဟုတ်ကဲ့ "

ရှန်းဝူရှန်းသည် ကျောက်စိမ်းပြားကို မဝံ့မရဲဖြင့်ယူလိုက်သည်။သူက ချက်ချင်းပင် စိတ်စွမ်းအားဖြင့် နည်းစနစ်အား ဖတ်ကြည့်လိုက်၏။မကောင်းရင်နေပါ ရေစီးကမ်းပြိုမလိုက်ရင်ပဲ တော်ပါပြီ။

သို့သော် နည်းစနစ်ကို သေချာကြည့်မိသောအခါ သူ၏မျက်လုံးများ အရောင်ဖိတ်ဖိတ်တောက်သွား၏။

"ဒီလို နည်စနစ်မျိုး တကယ်ရှိတာလား.. ဘယ်လောက်တော် အံ့သြစရာလဲ ၊၊ငါ ဘာလို့ အရင်က ဒါကို မစဉ်းစားမိခဲ့ပါလိမ့်။"

"ကောင်းတယ် အရမ်းကောင်းတယ်..."

သူသည် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။ ဤနည်းစနစ်က သူ၏ ပြဿနာကို ဖြေရှင်းပေးနိုင်ရုံသာမက အစွမ်းကိုလည်း နှစ်ဆ တိုးစေမည်ဖြစ်ကြောင်း သူလုံးဝယုံကြည်သွား၏။

"ဒီမှာ စိတ်လွတ်မနေနဲ့တော့၊ ပြန်တော့။ ငါ လုပ်စရာတွေ ရှိသေးတယ်"

ကျိယွမ်က ကိစ္စပြီးသည်နှင့် ရှန်ဝူရှန်းကို နှင်ထုတ်လိုက်သည်။ သူသည် ကျင်းလီအတွက် ကျင့်စဉ်တစ်ခုကို သေချာဖန်တီးပေးရန် လိုအပ်နေ၏။

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကျိ"

ရှန်းဝူရှန်းသည် ရိုသေစွာ ဂါရဝပြုပြီး အလျင်အမြန် ထွက်ခွာသွားခဲ့သည်။သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏ တပည့် ရှန်းကျိဖုန်းကိုပင် ခေါ်ရန်မေ့သွားလေသည်။

ကွန်ကရစ်အိမ်ထဲတွင် ကျိယွမ် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

သူက ကောင်းကင်မှ နေနှင့်လကို ကြည့်ရင်း စိတ်ပျက်စွာ ညည်းညူလိုက်၏။

"ကပ်ဘေးဆိုးကြီးကြောင့် ငါ အထက်ဘုံကို အခုထိ မတက်လှမ်းနိုင်သေးဘူး"

ပုံမှန်ဆိုလျှင် ယင်နတ်ဘုရား အဆင့်သို့ ရောက်ရှိပါက အထက်ဘုံသို့ တက်လှမ်းနိုင်ပေသည်။ သို့သော် ကန်းလန်လောက၏ ကပ်ဘေးကြောင့် ယင်နတ်ဘုရားများသည် အထက်ဘုံသို့ မသွားနိုင်သကဲ့သို့ သူတို့၏ ဝိညာဉ်များသည်လည်း ခန္ဓာကိုယ်မှ ထွက်ခွာ၍ ဟင်းလင်းပြင်တွင် မလှည့်လည်နိုင်ကြပေ။

"အတိတ်က တစ်ယောက်..."

ကျိယွမ် စကားစုတစ်ခုကို အမှတ်တမဲ့ရေရွတ်လိုက်၏။ သူ၏ နည်းစနစ်အတွက် အကြံတစ်ခု ရရှိသွားပြီဖြစ်သည်။ ယခင်က သူသည် "မင်းကို တွေ့ရသလိုမျိုး" ဟူသော သတင်းစကားကို ပါးခဲ့ဖူးသည်။

ယခု သူဖန်တီးမည့် နည်းစနစ်မှာမူ "မင်းကို တွေ့ခြင်း" ဟု အမည်ရပေလိမ့်မည်။

သူ၏ဘဝခရီး၌ ကျင့်ကြံခြင်းအစပိုင်းတွင် အချိန်နှင့် ဟင်းလင်းပြင်၏ အတားအဆီးများကြောင့် သူသည် ခွန်အားမဲ့ကာ ဇဝေဇဝါ ဖြစ်ခဲ့ရ၏။ သို့သော် ယခုအခါ သူသည် သက်ငယ်အိမ်တွင် နေထိုင်သည့် ကျင့်ကြံသူလေး မဟုတ်တော့ဘဲ ကွန်ကရစ်အိမ်တွင် နေထိုင်သည့် စိတိဝိညာဥ်အဆင့် အရှင်သခင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

သူက ကောင်းကင်မှ ကြယ်များကို ကြည့်ရင်း သက်ပြင်းချကာ သူကိုယ်သူ တိုးတိုးလေးအားပေးလိုက်သည်။

"သိပ်မဝေးတော့ပါဘူးလေ..."

အထက်ဘုံရှိ ဖူထူတောင်ဂိုဏ်းတွင်ဖြစ်သည်။

ရှန်းဝူရှန်းသည် သူ၏ ဂူစံအိမ်အတွင်း ပေါ်လာခဲ့သည်။ သူ၏ မျက်လုံးများတွင် ထက်မြက်သည့် အလင်းတန်းများ တောက်ပနေပြီး သူ၏ စွမ်းအားမှာလည်း ယခင်ကထက် နှစ်ဆကျော် ပိုမိုအားကောင်းလာခဲ့၏။

ယခုဆိုလျှင် သူသည် မိမိနှင့် အဆင့်တူသည့် သူတော်စင်သားတော်များကိုပင် ယှဉ်ပြိုင်ရန် ရဲဝံ့နေလေပြီ ။ ပြောရလျှင် ယှဥ်ပြိုင်ယုံသာမက ပါးများပင် ဖြတ်ရိုက်နိုင်လေပြီ။

သို့သော် တစ်ခုခုကို သတိရကာ သူ မျက်မှောင်ကြုတ်လိုက်၏။

"ဒါတောင်မှ ငါက ကျိယွမ်နဲ့ ယှဉ်ရင် အရမ်းအားနည်းနေသေးတာပဲ။"

သူသည် ဂူထဲမှ ထွက်ခွာကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ ဂိုဏ်းအပြင်ဘက်သို့ ဦးတည်သွားခဲ့သည်။ သူသည် ကျိယွမ်အတွက် သတင်းစကားတစ်ခု သို့မဟုတ် နည်းစနစ်တစ်ခုကို ပေးပို့ရန် တာဝန်ရှိနေသည်။

------------------

All Chapters