← Chapters

အထက်ဘုံမှ အဖြစ်အပျက်အချို့

Vol. 22 Ch. 249

အထက်ဘုံမှ အဖြစ်အပျက်အချို့

Vol. 22 Ch. 249

အိမ်မက်ပြန်လည်ရာမြို့တော်အတွင်း၌ မသေမျိုးအလင်းတန်းများက လေထုထဲဝယ် ပြည့်နှက်နေ၏။

ရံဖန်ရံခါတွင်မူ အခြားနေရာမှလာသောအလင်းတန်းများသည် ကောင်းကင်ယံကို ဖြတ်သန်းသွားလာကာ အိမ်မက်ပြန်လည်ရာမြို့တော်ထဲသို့ ဆင်းသက်လာကြသည်ကိုလည်း တွေ့ရ၏။

ဝိညာဉ်စွမ်းအားများ လှုပ်ခတ်နေပြီး ဝတ်ရုံနက်ကို ဝတ်ဆင်ထားသည့် ရှန်းဝူရှန်သည် လေထဲတွင် ပျံသန်းလာသည်။ သူနှင့် လမ်းတွင်တွေ့သမျှသော ကျင့်ကြံသူများဖြစ်ကြသည့် အမြုတေအဆင့် ​၊ စိတ်ဝိညာဉ်အဆင့် နှင့် ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူများပင်လျှင် ရှန်းဝူရှန်ကို မြင်သည်နှင့် လမ်းဖယ်ပေးကြ၏။

အဘယ်ကြောင့်ဆိုသော် ရှန်းဝူရှန်သည် လူချည်းသပ်သပ်ပျံသန်းလာခြင်းမဟုတ်ဘဲ တောင်ငယ်တစ်ခုသဏ္ဌာန်ရှိသော အရာပေါ်တွင် စီးနင်းလိုက်ပါလာသောကြောင့် ဖြစ်၏။ ဤတောင်ငယ်သည်ဖူထုတောင် ၏ တပည့်ရင်းတစ်ဦး ဖြစ်ကြောင်း သက်သေပြသည့် အမှတ်အသားပင် ။

ဖူထုတောင်သည် ဤဒေသတွင် အင်အားအကြီးဆုံး ဂိုဏ်းတစ်ခုဖြစ်ပြီး 'ယန်နတ်ဘုရား'တစ်ပါးကိုယ်တိုင် အုပ်ချုပ်သည့်ဒဏ္ဍာရီလာ အထူးမြတ်ဆုံး နယ်မြေတစ်ခုလည်း ဖြစ်၏။ ထိုဂိုဏ်း၏ တပည့်ရင်းတစ်ဦး၏ အဆင့်အတန်းမှာ သာမန် ယင်နတ်ဘုရားတစ်ပါးထက်ပင် မြင့်မားလေသည်။

ရှန်းဝူရှန်သည် အိမ်မက်ပြန်လည်ရာမြို့တော်တစ်နေရာသို့ ဆင်းသက်လိုက်၏။ ထိုနေရာ၌ ရှစ်ပါးရတနာနန်းဆောင် ဟု အမည်ရသော မြင့်မားသည့် အဆောက်အအုံကြီး တစ်ခုရှိလေသည်။ ဤအဆောင်သည် ဌာနခွဲတစ်ခု ဖြစ်၏။ ၎င်းတို့၏ အဓိကလုပ်ငန်းမှာ သတင်းစကားများ ပေးပို့ခြင်းဖြစ်သည်။

ကျိယွမ် ပြောဆိုခဲ့သော ကြော်ငြာလုပ်ငန်းမျုးကိုလည်း ယခုနေရာကကိုင်တွယ်ဆောင်ရွက်၏။

"ဂုဏ်သရေရှိ ဧည့်သည်တော်ကြီး၊ ကြိုဆိုနှုတ်ဆက်ဖို့ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်"

ရွှင်လန်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ရှစ်ပါးရတနာနန်းဆောင်၏ ပထမထပ်မှ အဆောင်မှူး ထွက်လာ၏။အဆောင်မှုးသည် ဆံပင်ဖြူများနှင့် သန့်ရှင်းသပ်ရပ်သော ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦး ဖြစ်ပြီး သူ၏ ဝတ်ရုံပေါ်တွင် တိမ်တိုက်များကြားမှ ပျံတက်တော့မည့် ကြိုးကြာရုပ်ကို ပန်းထိုးထားသည်။

ထိုအဆောင်မှူး၏ ကျင့်ကြံဆင့်မှာ ခရမ်းရောင်နန်းတော်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ယင်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သော်လည်း ရှန်းဝူရှန်အပေါ် အလွန်ရိုသေစွာ ဆက်ဆံနေ၏။

"ကျုပ် သတင်းစကားတစ်ခု ပို့ဖို့အတွက် ရှစ်ပါးရတနာနန်းဆောင်ကို အသုံးပြုချင်တယ်"

ရှန်းဝူရှန်က တိုက်ရိုက် စကားဆိုလိုက်သည်။ သူသည် လူမှုဆက်ဆံရေးတွင် ကျွမ်းကျင်သူမဟုတ်ပါ ၊ ကံကောင်းသည်မှာ ဤဒေသ၌ သူနှင့်တွေ့သမျှ လူများက သူ့ကို ကောင်းမွန်စွာ ဆက်ဆံကြသဖြင့် ထိုသို့ကျွမ်းကျင်ရန်လည်း မလိုအပ်ပေ။

အဆောင်မှူးက ဖောိရွေသောအပြုံးဖြင့် မေးလိုက်သည်။

"ဘယ်နေရာကို သတင်းပို့ချင်တာလဲဆိုတာ သိပါရစေ"

"လနတ်ဘုရားနန်းတော်က လနတ်သမီး 'ကျင်းလီ' ဆီကို ပို့မှာပါ"

ရှန်းဝူရှန်က ကျိယွမ်မှာကြားထားသည့်အတိုင်း ပြန်ပြောလိုက်သည်။လနတ်သမီးနနိးတော်၌ ကျင်းလီဆိုသောနတ်သမီးရှိ မရှိ သူအတိအကျ မသိသော်လည်း ကျိယွမ်၏ သတင်းစကားကို ပို့ရမည်ဖြစ်သည်။

ထိုသတင်းစကားထဲတွင် ကျိကျန့်ကျွင်း၏ နှုတ်စကားများသာမက ကျိယွမ် ကိုယ်တိုင်ဖန်တီးထားသည့် 'မင်းကို မြင်တွေ့ခြင်း' အမည်ရသော နည်းစနစ်တစ်ခုလည်း ပါဝင်၏။ ထိုအရာများကို သိုလှောင်အိတ်ငယ်တစ်ခုထဲတွင် ထည့်သွင်းထား၏။

ရှစ်ပါးရတနာနန်းဆောင်၏ ကျောထောက်နောက်ခံဖြစ်သော ကြယ်နန်းတော်သည် ဖော်သည်များ၏ပစ္စည်းများကို မည်သည့်အခါမျှ အပြင်သို့ ပေါက်ကြားစေမည် မဟုတ်ပေ။ ကြယ်နန်းတော်သည် နှစ်ပေါင်း သန်းချီ၍ ယုံကြည်မှုဖြင့် ရပ်တည်လာခဲ့သော လုပ်ငန်းစုကြီးဖြစ်ပြီး ယန်နတ်ဘုရားများနှင့်ပင် အရောင်းအဝယ် ပြုလုပ်ခဲ့ဖူး၏။ အကယ်၍ ချို့ယွင်းချက် တစ်စုံတစ်ရာ ရှိခဲ့ပါက ကြယ်နန်းတော်သည် ယခုအချိန်ထိ ရပ်တည်နိုင်မည်မဟုတ်ပေ။

အင်အားသာ အရာရာဖြစ်သော ကမ္ဘာတွင်ပင် ယုံကြည်မှုသည် အရေးကြီးဆုံး ဖြစ်သည်။ ယုံကြည်မှု ပျက်ပြားသွားပါက အရာအရာမှာ ပရမ်းပတာ အခြေအနေများသို့ ဆိုက်ရောက်သွားနိုင်​၏။

"လနတ်ဘုရားနန်းတော်လား"

အဆောင်မှူးသည် ခေတ္တမျှ တွန့်ဆုတ်သွားပြီး မြေပုံနှင့်တူသော ကျောက်စိမ်းပြားကို ထုတ်ကြည့်၏။ သူသည် ထိုအထူးမြတ်ဆုံး နယ်မြေအကြောင်းကို ကြားဖူးသော်လည်း ၎င်း၏ တိကျသော တည်နေရာကိုမူ မသိရှိပါ။

"တော်တော်လေး ဝေးတာပဲ..."

အဆောင်မှူးက လနတ်ဘုရားနန်းတော်၏ တည်နေရာကို ရှာဖွေပြီးနောက် သက်ပြင်းချကာ ပြောလိုက်၏။

"သတင်းရောက်ဖို့အတွက် သုံးနှစ်လောက် ကြာပါလိမ့်မယ်"

အထက်ဘုံသည် အလွန်တရာ ကျယ်ပြောလှ၏။ ပြောရလျှင် ကမ္ဘာများစွာကို စုစည်းပြီး ခေါ်ဝေါ်ထားခြင်း ဖြစ်သည်။ အထက်ဘုံသည် အလွန်ကြီးမားလွန်းသဖြင့် သာမန် ယန်နတ်ဘုရားတစ်ပါး တစ်သက်လုံး ခရီးနှင်ပါစေဦးတော့ ဒေသအားလုံးကို နှံ့အောင် မသွားနိုင်ပေ။ အထက်ဘုံတွင် ကမ္ဘာပေါင်း မည်မျှရှိသည်ကို ယန်နတ်ဘုရားများပင် မသိနိုင်ကြပါ။

သို့သော် အထက်ဘုံ၏ ကမ္ဘာများကို ကောင်းကင်ဘုံကိုးခုအဖြစ် ပိုင်းခြားထား၏။ ဖူထုတောင်သည် အောက်ပိုင်း ကောင်းကင်ဘုံ သုံးခုအနက် ဒုတိယမြောက် ကောင်းကင်ဘုံတွင် တည်ရှိပြီး၊ လနတ်ဘုရားနန်းတော်သည် အလယ်ပိုင်း ကောင်းကင်ဘုံ သုံးခုအနက် ဆဋ္ဌမမြောက် ကောင်းကင်ဘုံတွင် တည်ရှိပေသည်။

"နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ်"

ရှန်းဝူရှန်က ထိုသို့ပြောကာ သိုလှောင်အိတ် နှစ်အိတ်ကို ကမ်းပေးလိုက်၏။ တစ်အိတ်မှာ ပေးပို့မည့်ပစ္စည်းများ ဖြစ်ပြီး ကျန်တစ်အိတ်မှာ ဝန်ဆောင်ခ ဖြစ်သည်။ အဆောင်မှူးက ၎င်းတို့ကို လက်ခံယူကာ ရှေးဟောင်း ဆီစိမ်စက္ကူတစ်ရွက်ပေါ်တွင် ကတိကဝတ်စာချုပ် ချုပ်ဆိုလိုက်၏။ ဤသို့ဖြင့် အရောင်းအဝယ်က လျှင်မြန်စွာ ပြီးမြောက်သွားသည်။

ရှန်းဝူရှန်သည် အနည်းငယ်ပေါ့ပါးသွားသလို သက်ပြင်းတစ်ချက်ကို ချလိုက်မိ၏။ သူသည် ကျိယွမ်ပေးအပ်ထားသော အလုပ်တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် နောက်ထပ် အလုပ်တစ်ခု ကျန်ရှိနေသေးပါသည်။

ထိုအရာကို တွေးမိသောအခါ သူအနည်းငယ် တွန့်ဆုတ်သွား၏။ ကျန်ရှိနေသော အလုပ်မှာ သတင်းပို့ခြင်းထက် ပို၍ ဒုက္ခများလှသည် မဟုတ်ပါလား။ လနတ်ဘုရားနန်းတော်သည် ကြီးမားသော်လည်း လနတ်သမီး အရေအတွက်မှာ အနည်းငယ်သာ ရှိသဖြင့် သတင်းပို့ရန်မှာ မခက်ခဲလှပေ။

သို့သော် 'ရွမ်ယူချမ်းကို ချစ်ခွင့်ပန်ခြင်း' ကိစ္စမှာမူ ပို၍ ရှုပ်ထွေးလှသည်။ ၎င်းအတွက် ကျိယွမ် အကြံပေးသကဲ့သို့ နယ်မြေတစ်ခုလုံး သိအောင် ကြေညာပေးရန် လိုအပ်၏။

၎င်းအတွက် ကုန်ကျစရိတ်မှာလည်း အဆမတန် မြင့်မားပေလိမ့်မည်။

ထို့အပြင် သူသည် ကျိယွမ်အတွက် နည်းစနစ်အချို့ကို လဲလှယ်ရန်လည်း ငွေအမြောက်အမြား လိုအပ်နေသေး၏။ အောက်ဘုံသို့ဆင်းရန်လည်း ငွေကြေး လိုအပ်နေသလို ၎င်းသည်လည်း ကြီးမားသော အသုံးစရိတ် ဖြစ်နေသည်။

ကံဆိုးသည်မှာ ယခုအခါ သူသည် လက်ဗလာဖြစ်နေလေပြီ ။ ငွေရှာရန် တစ်ခုတည်းသော နည်းလမ်းမှာ ကျိယွမ်အကြံပေးထားဂိုဏ်းတာဝန်များကို လုပ်ဆောင်ရန်သာ ရှိတော့သည်။

သို့သော် ရှန်းဝူရှန်သည် မျှော်လင့်ချက် အများကြီး မထားပေ။ ကျိယွမ် အနေဖြင့် တာဝန်ဆယ်ခုတွင် နှစ်ခု သုံးခုခန့်ကို ဖြေရှင်းနိုင်ပါကပင် အမြတ်ထွက်ပြီဟု ယူဆထား၏။ ထိုမျှလောက်ဆိုလျှင်ပင် အနည်းဆုံးတော့ အရှုံးမပေါ်နိုင်ဟု သူ တွေးနေသည်။

ထိုသို့တွေးရင်း သူ ထွက်ခွာတော့မည့် ဆဲဆဲတွင် အလွန်လှပသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသဖြင့် သူ၏ ခြေလှမ်းများ ရပ်တန့်သွားရ၏။ ထိုအမျိုးသမီးသည် ကျောက်စိမ်းရောင် ဝတ်စုံဖြင့် အေးချမ်းစွာ လမ်းလျှောက်လာပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။

"နတ်သမီးလျန်မေလား.. နတ်သမီးလျန်မေကို အနီးကပ် မြင်တွေ့ခွင့်ရတာ တကယ် ကံကောင်းတာပဲ"

"ဒဏ္ဍာရီထဲကထက်တောင် ပိုလှသေးတယ်"

"ဒီလို နတ်သမီးမျိုးကို ဘယ်သူကများ ပိုင်ဆိုင်ခွင့်ရမလဲ မသိဘူး"

"ဖူထုတောင်ရဲ့ သူတော်စင် သားတော်တောင်မှ သူမကို တွဲဖက်ကျင့်ကြံသူအဖြစ် လိုချင်ပေမဲ့ မရခဲ့ဘူးလို့ ကြားတယ်"

နတ်သမီးလျန်မေသည် ဖူထုတောင်၏ တပည့်ရင်းတစ်ဦး ဖြစ်ပြီး စိတ်ဝိညာဥ်အဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်၏။ ဖူထုတောင်၏ တပည့်ရင်းများထဲတွင် သူမသည် ထိပ်ဆုံးဆယ်ဦး စာရင်းဝင်သည်။

ထိုအချိန်တွင် လျန်မေ၏ အကြည့်များသည် ရှန်းဝူရှန်ပေါ်သို့ ကျရောက်သွား၏။ သူမကို မလွတ်တမ်း စိုက်ကြည့်နေသော ရှန်းဝူရှန်၏ အကြည့်ကို သူမ သတိပြုမိသောကြောင့်ဖြစ်သည်။

"စီနီယာလျန်မေ၊ ကျွန်တော်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ သဘောတူမလား"

ရှန်းဝူရှန်က ရုတ်တရက် တောင်းဆိုလိုက်ပြီး သူ၏ ကိုယ်မှ တိုက်ခိုက်လိုသော စိတ်ဓာတ်များ ထွက်ပေါ်လာ၏။ သူသည် ထူးခြားသော ပြိုင်ဘက်ကောင်းတစ်ဦးကို တွေ့ရှိသွားသည့်အလား မျက်လုံးများ တောက်ပနေသည်။

ရှန်းဝူရှန်သည် အထက်ဘုံဖြစ်စေ အောက်ဘုံဖြစ်စေ ပြိုင်ဘက်ကောင်းကို တွေ့လျှင် ယှဉ်ပြိုင်လိုက်ရမှ အိပ်ပျော်စားဝင်သူဖြစ်သည်။

နတ်သမီးလျန်မေက ပေါ့ပါးစွာပြုံးလိုက်ပြီး အဖြေပေး၏။

"ဘာလို့ မရရမှာလဲ"

ရှန်းဝူရှန်၏ တိုက်ခိုက်ရေးရူးသွပ်မှုမှာ ဖူထုတောင်တွင် ကျော်ကြားလှသည်။ ပြီးခဲ့သော တစ်ခေါက်ကလည်း သူသည် သူမကို စိန်ခေါ်ခဲ့ပြီး လွယ်လွယ်ကူကူပင် ရှုံးနိမ့်ခဲ့ဖူး၏။

ဤတစ်ကြိမ်တွင်လည်း သူက သူမကို ထပ်မံစိန်ခေါ်ပြန်ရာ နတ်သမီးလျန်မေကလည်း လက်ခံလိုက်သည်။

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက မနာလိုစွာဖြင့် ကြည့်နေကြ၏။

"ငါလည်း နတ်သမီးလျန်မေနဲ့ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ချင်လိုက်တာ"

"မင်းကတော့ ရူးနေတာပဲ၊ မင်းက သူနဲ့ ယှဉ်ပြိုင်ချင်တာ မဟုတ်ဘူး၊ သူ့အလှကို မက်မောနေတာမလား"

"ဟိုကောင်က ဘာမှနားမလည်ဘူး။ တိုက်ပွဲဝင်မယ့်အစား နတ်သမီးလျန်မေဆီက တခြားတစ်ခုခု တောင်းဆိုပါလား"

"ရှန်းဝူရှန်းက သန်မာပါတယ်၊ ဒါပေမဲ့ လျန်မေနတ်သမီးရဲ့ အဆင့်ကို ရောက်ဖို့တော့ အဝေးကြီး လိုသေးတယ်"

တိုက်ပွဲအဖြေကိုခန့်မှန်းမိနေသော်ငြားကျင့်ကြံသူများသည် စပ်စုချင်သောဗီဇအရ စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြဆဲရှိသည်။

လျန်မေနတ်သမီးက ရှန်ဝူရှန်းကို ပြုံးလျက် ကြည့်လိုက်သည်။

"ဂျူနီယာရှန်း၊ နင့်ရဲ့ ကမ္ဘာအနှံ့ ခရီးစဉ်ကနေ အကျိုးအမြတ်တွေ အများကြီး ရခဲ့ပုံပဲနော်"

"ဟုတ်ပါတယ်၊ ကျွန်တော့်ကို လမ်းညွှန်မှုပေးခဲ့တဲ့ ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်နဲ့ တွေ့ခဲ့တယ်၊ အဲဒါက ကျွန်တော့်ခွန်အားကို အများကြီး တိုးတက်စေခဲ့ပါတယ်"

ရှန်းဝူရှန်းကလည်း ဖုံးကွယ်မနေဘဲ ရိုးသားစွာ ပြန်ဖြေသည်။အထက်ဘုံမှကျင့်ကြံသူက အောက်ဘုံမှကျင့်ကြံသူထံ၌ တပည့်ခံရသည်ကို နိမ့်ကျသည်ဟု သူ မယူဆပါ ။

လျန်မေနတ်သမီး၏ အပြုံးက ပိုမိုနက်ရှိုင်းသွားသည်။

"နင်အခု ငါ့ကို စိန်ခေါ်ရဲတဲ့အထိ ယုံကြည်မှုရှိနေတာကိုကြည့်ရင် သိသာပါတယ်"

ပင်မတပည့်များထဲတွင် လျန်မေ့မှာ ပထမတန်းအဆင့်တွင် ရှိပြီး ရှန်းဝူရှန်းမှာ ဒုတိယတန်းအဆင့်တွင်သာ ရှိသည်။

"အဲဒီပါရမီရှင်နဲ့ နှိုင်းယှဉ်ရင်တော့ ကျွန်တော် မမီသေးပေမဲ့၊ စီနီယာအစ်မနဲ့ နှိုင်းယှဉ်ရင်တော့ ကျွန်တော် နိုင်မယ်လို့ ယုံကြည်ပါတယ်"

ရှန်းဝူရှန်းက ယုံကြည်ချက်ပြင်းစွာ ရင်ကော့ကြေညာလိုက်သည်။

လျန်မေနတ်သမီးက ခပ်ဖွဖွ ပြုံးလိုက်ပြီး ။

"မောင်လေး၊ နင်ကတော့ အမြဲတမ်း ပွင့်လင်းလွန်းတာပဲ"

(တစ်နည်းအားဖြင့် ပြောရလျှင် "နင်ကတော့ ဘာမှမစဉ်းစားဘဲ ပြောချင်ရာပြောတာပဲ" ဟု ဆိုလိုခြင်း ဖြစ်သည်။)

တိုက်ပွဲက ထိုခဏ၌ပင် စတင်လေတော့သည်။

ကြည့်ရှုနေသူအားလုံး မျက်လုံးအပြူးသားဖြင့် အသက်ရှူပင်မဝံ့ဘဲ စောင့်ကြည့်နေကြ၏။

တိုက်ပွဲက သူတို့ထင်ထားသည်ထက် အဆပေါင်းများစွာ ပြင်းထန်နေသောကြောင့်ပင်။

"ဒီကောင်က တကယ်ကြီးကြမ်းတမ်းနေတာပဲ"

"ကြမ်းလည်းအပိုပါပဲ နတ်သမီးလျန်မေပဲ နိုင်မှာ"

အားလုံးကသဘာဝအတိုင်း မိန်းမလှလေးကိုသာ အားပေကြ၏။

သို့သော် သူတို့အံ့သြသွားသည်မှာ တိုက်ပွဲက မြန်မြန်ဆန်ဆန် စတင်ခဲ့သလို ပို၍ပင် မြန်မြန်ဆန်ဆန် ပြီးဆုံးသွားခဲ့ခြင်းပင်။

ထွက်သက်ဝင်သက် ဆယ်ကြိမ်ပင် မပြည့်သေးမီ လျန်မေ့နတ်သမီး၏ သွယ်လျသောကိုယ်လုံးလေးမှာ ကောင်းကင်ပေါ်မှ ပြုတ်ကျလာလေသည်။

သူမ၏ ဖြူစင်လှသော ရင်ဘတ်ပေါ်တွင် တောက်ပသော အနီရောင် ခြေရာတစ်ခု ထင်ကျန်နေပြီး၊ ပါးစပ်ထောင့်မှ လည်း သွေးစများ စီးကျနေကာ သူမ၏ အမူအရာမှာလည်း ရှုပ်ထွေးနေသည်။

အားလုံးနားမလည်သလိုကြည့်နေစဥ်မှာပင် အဖြူရောင် ပိုးသားစတစ်ခုက သူမ၏ ရင်ဘတ်ကို အလျင်အမြန် ဖုံးအုပ်သွားသည်။

သူမ ရင်ဘတ်ကို ဖိထားရင်း ရှန်ဝူရှန်းကို ခံစားချက်ပေါင်းစုံဖြင့် ကြည့်ပြီး ဝန်ခံ၏။

"ငါ ရှုံးသွားပြီ"

အကယ်၍ ဘေးတွင် ကြည့်နေသူများသာ မရှိပါက၊ ရှန်းဝူရှန်း၏ ကန်ချက်ကြောင့် ထိခိုက်သွားခြင်း ရှိမရှိ ထိုနေရာကို သူမ ချက်ချင်းစစ်ဆေးမိမည် ဖြစ်သည်။

"ယှဉ်ပြိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ယခင်က မကျော်ဖြတ်နိုင်ခဲ့သော လျန်မေ့ကို အနိုင်ယူလိုက်နိုင်သဖြင့် ရှန်းဝူရှန်းမှာ အလွန်ဝမ်းသာနေသည်။

ယခုအခါ ဖူတူတောင်၏ ပင်မတပည့်များထဲတွင် သူသည်လည်း ပထမတန်းအဆင့်သို့ ရောက်ရှိသွားလေပြီ။

ရှန်းဝူရှန်း အလွန်ပျော်ရွှင်နေသည်ကို မြင်သောအခါ လျန်မေ၏စိတ်ထဲ၌ တစ်မျိုး ဖြစ်သွားသည်။

"ဒီကောင်ကတော့... တကယ်ပဲ ရိုမန့်တစ် မဆန်လိုက်တာ"

"ကြမ်းတမ်းမိသွားလို့ တောင်းပန်ပါတယ်" လို့ တစ်ခွန်းလောက်တော့ ပြောသင့်တာ မဟုတ်လား"

သို့သော် ရှန်းဝူရှန်း၏အကျင့်ကို သိနေသဖြင့် သူမ ဘာမှမပြောတော့ပေ။

သို့သော် သူမ တစ်ခုခုကို သတိရသွားပြီး မေးလိုက်သည်။

"မောင်လေ တခြားကမ္ဘာမှာ တွေ့ခဲ့တဲ့ ပါရမီရှင်က တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ ထူးချွန်သူ ဖြစ်ပုံရတယ်နော်"

ယခင်ကလျှင် ရှန်ဝူရှန်း၏ခွန်အားမှာ သူမထက် အများကြီး နိမ့်ကျခဲ့သည်မဟုတ်ပါလား ၊ ယနေ့မှတော့ ကြောက်မတ်ဖွယ်တိုးတက်နေပြီး သူမကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်ခဲ့သည်။

ဝန်ခံရလျှင် သူ၏ ခွန်အားမှာ သူတော်စင်သားတော်များ၏ အဆင့်နှင့် မဝေးတော့ဟု သူမခံစားမိသည်။

"သူက ကျွန်တော် မြင်ဖူးသမျှထဲမှာ အသန်မာဆုံး စိတ်ဝိညာဥ်ကျင့်ကြံသူပဲ"

ရှန်းဝူရှန်း၏ မျက်လုံးများ၌ လေးစားအားကျသောအမူအယာပေါ်လာပြီး ကျိယွမ်ကို ချီးမွမ်းလိုက်၏။

"အို... အဲဒီလောက် အစွမ်းထက်တဲ့ ကျင့်ကြံသူကို ငါတို့ ဖူတူတောင်ထဲ ဝင်ဖို့ မောင်လေးက ဘာလို့ မခေါ်ခဲ့တာလဲ"

လျန်မေ့နတ်သမီးကလည်း ထိုပါရမီရှင်ကို စိတ်ဝင်စားသွား၏။

သူ့ဆီက လမ်းညွှန်မှု အနည်းငယ်ကတင် ရှန်းဝူရှန်းကို လုံးဝ ပြောင်းလဲသွားစေခဲ့ပြီး ရှန်းဝူရှန်း စကားအရဆိုလျှင် သူနှင့် ကျိယွမ်ကြားမှ ကွာဟချက်မှာ အလွန်ကြီးမားနေသည်ဟုဆိုထားသည်။

ရှန်းဝူရှန်းက သူတော်စင်သားတော်တွေနဲ့တောင် ယှဥ်လို့ရနေပြီ ၊ အဲဒီလူက ရှန်းဝူရှန်းထက်အများကြီး သာနေတော့ သူတော်စင်သားတော်တွေတောင်မှ မနိုင်တဲ့သူပေါ့။

"သူက... အထက်ဘုံကို လာလို့ မရဘူး"

ရှန်းဝူရှန်းက ထိုအကြောင်းကို အကျယ်တဝင့် မပြောလိုသဖြင့် တိုတိုတိတိသာဖြေလိုက်သည်။

ထိုအခြေအနေကို မြင်သောအခါ လျန်မေနတ်သမီးကလည်း ထပ်မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် ရှန်းဝူရှန်း စိတ်ထဲ၌ အကြံတစ်ခု ရလာသည်။

"စီနီယာအစ်မ၊ မှတ်တမ်းမတင်ရသေးတဲ့ နတ်ဘုရားအဆင့်နည်းစနစ်တစ်ခုလောက် ကျွန်တော့်ကို ငှားလို့ ရမလားလို့ပါ"

လျန်မေ့တွင်နတ်ဘုရားအဆင့်နည်းစနစ်တစ်ခု ရရှိထားဖူးသည်ကို ရှန်းဝူရှန်း မှတ်မိနေသည်။

ယခု သူက လျန်မေ့ကို အနိုင်ယူခဲ့ပြီဖြစ်ရာ သူမက သူ့ကို ကူညီလိမ့်မည် မဟုတ်ပါလား။

လျန်မေ့၏ အပြုံးမှာ တန့်သွားသည်။

အကယ်၍ သူမကို မညှာမတာတိုက်ခိုက်ပြီး ရင်ဘတ်ကို အားပြင်းပြင်းကန်ခဲ့သည့် တခြားတစ်ယောက်ယောက်ကသာ နတ်ဘုရားအဆင့်နည်းစနစ်လာငှားမည်ဆိုလျှင်...

သူမ ဥပေက္ခာပြုထားလိုက်မည် ဖြစ်သည်။

သို့သော်... ဤသူကား ရှန်းဝူရှန်း ဖြစ်နေသည်။

ယခုအခါ ရှန်းဝူရှန်း၏ အခြေခံမှာ သူတော်စင်သားတော်များကဲ့သို့ ခိုင်မာနေပြီ။ သူ့ကို အနည်းငယ် ရင်းနှီးမြှုပ်နှံထားခြင်းက ထိုက်တန်နိုင်သည်။

"ဒီနည်းစနစ်ကိုမောင်လေးကို ငှားလို့ကရပါတယ်၊ ဒါပေမဲ့ အဲဒီအတွက်မောင်လေးက ဘယ်တော့ပြန်ပေးမှာလဲ"

နတ်သမီးလျန်မေက ပြုံးလျက်မေးသည်။

ရှန်းဝူရှန်း၏မျက်နှာက စဥ်းစားသွားပုံဖြင့် ​ခေတ္တတနိ့သွားခဲ့သည်။

"ပြန်မပေးခင်အထိ စီနီယာအစ်မက ကျွန်တော်နဲ့ လေ့ကျင့်ချင်တယ်ဆိုရင် ကျွန်တော် အမြဲတမ်း အသင့်ရှိနေမှာပါ"

ရှန်းဝူရှန်းက အတည်ပေါက် ပြောလိုက်သဖြင့် လျန်မေ့ အံ့အားသင့်သွားပြီး ထူးဆန်းစွာကြည့်၏။

"တခြားတစ်ယောက်သာ အဲဒီလို ပြောရင်တော့ သူ ငါ့အပေါ် တစ်မျိုး ကြံနေတယ်လို့ ငါထင်မိမှာပဲ ၊ ဒါပေမဲ့ နင်ကတော့ အဲလိုမဟုတ်ဘူးမှတ်လား"

သူမသည် ထိုအဖြေကိုသဘောမကျသော်လည်း ဟန်ဆောင်မနေတော့ဘဲ နတ်ဘုရားနည်းစနစ်ကို ရှန်ဝူရှန်းထံ ပေးလိုက်သည်။

"ဒီနည်းစနစ်ရဲ့မူရင်းက နင်လို့ပဲထားလိုက်တော့ ။ ငါ ဒါကို ထပ်ပြီး သုံးတော့မှာ မဟုတ်ဘူး"

"ကျေးဇူးတင်ပါတယ် စီနီယာအစ်မ"

ယခုမှ ရှန်းဝူရှန်း သက်ပြင်းချနိုင်တော့သည်။

နောက်ဆုံးတွင် သူသည် ရှာဖွေရခက်သော နတ်ဘုရားအဆင့်နည်းစနစ်ကို ရရှိခဲ့လေပြီ၊ ၎င်းကို ရတနာရှစ်ပါး နန်းတော်သို့ ရောင်းချနိုင်၏။

"နှုတ်ဆက်ပါတယ် စီနီယာအစ်မ"

ရှန်းဝူရှန်း လုပ်စရာများစွာရှိနေသဖြင့် ထိုမျှသာပြောကာ ချက်ချင်းထွက်သွားတော့သည်။

လျန်မေမှာ ငုတ်တုပ်မေ့ကာကျန်ခဲ့၏။

"ဘယ်လို လူစားလဲ၊ ငါ့နည်းစနစ်ကို ယူပြီး ဒီအတိုင်း ထွက်သွားတာလား"

ကာယကံရှင်မဆိုထားနှင့် ဘေးမှရပ်ကြည့်နေသူများပင် ရှန်းဝူရှန်ကို ကျိန်ဆဲမိကြကုန်၏။

"ဒီကောာင်ကတော့..."

ထိုအချိန်တွင် ရှန်းဝူရှန်းသည် ရတနာရှစ်ပါးနန်းတော်သို့ ပြန်ရောက်သွားခဲ့လေသည်။

အဘိုးအိုက သူ့ကို ထပ်မံကြိုဆိုပြီး ဤတစ်ကြိမ်တွင် အပြုံးက ပိုမိုတောက်ပနေ၏။

ရှန်းဝူရှန်းသည် တိုက်ပွဲတွင် လျန်မေနတ်သမီးကို အလွယ်တကူ အနိုင်ယူခဲ့သည်ဟူသော သတင်းကို သူကြားပြီးဖြစ်သည်။

"တာဝန်ခံကြီး ခင်ဗျားကို အကူအညီတောင်းစရာ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်"

ရှန်းဝူရှန်းက အချိန်မဖြုန်းတော့ဘဲ ကျိယွမ်၏ တောင်းဆိုချက်ကို သေသေချာချာရှင်းပြပြီး

သူသည် မူရင်းနတ်ဘုရားနည်းစနစ်ကို တာဝန်ခံထံ တစ်ခါတည်းပေးလိုက်သည်။

"ဒါက... အခကြေးငွေပဲ"

သူသည် ထိုနည်းစနစ်ကို အလွတ်မှတ်ထားပြီးဖြစ်သဖြင့် ကျိယွမ်အတွက် ပြန်လည်ကူးရေးပေးနိုင်၏။

တာဝန်ခံအဘိုးအိုက ခေတ္တဆွံ့အသွားသည်။

"လနတ်သမီးနန်းတော်နဲ့ ပတ်သက်တဲ့ ဒီလိုကိစ္စမျိုးကိုတော့... အထက်လူကြီးတွေကို အရင်တင်ပြရပါမယ်။ အဖြေရဖို့ ရက်အနည်းငယ် ကြာနိုင်ပါတယ်"

သူက အနည်းငယ်စိုးရွံ့စွာရှင်းပြ၏။

လနတ်သမီးနန်းတော်တစ်ခုလုံးကို ကြေညာပေးရမည့် ကိစ္စဖြစ်သောကြောင့် ယခုကိစ္စကသာမန် သတင်းစကားပို့ခြင်းနှင့် မတူပါ။ လနတ်သမီးနန်းတော်သည်လည်း သာမန်နေရာတစ်ခု မဟုတ်ဘဲ ထူးခြားမြင့်မြတ်သည့် နေရာတစ်ခု ဖြစ်နေ၏။

ထိုသို့သော အရောင်းအဝယ်ကို အထူးသတိထား ကိုင်တွယ်ရန်လိုသည်။

အကယ်၍ ရွမ်ယူချမ်းဆိုသူမှာ လနတ်သမီးနန်းတော်၏ အရေးကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပါက၊ လူသိရှင်ကြား ဝန်ခံခိုင်းခြင်းက သူမ၏ အမျက်ဒေါသနှင့် လနတ်သမီးနန်းတော်တစ်ခုလုံး၏ မကျေနပ်မှုကို ဖိတ်ခေါ်သလို ဖြစ်နေလိမ့်မည်။

ထို့ကြောင့် နန်းတော်တာဝန်ခံ၏ အမြင်တွင် အထက်လူကြီးများက ဤတောင်းဆိုချက်ကို ငြင်းပယ်ဖို့ များသည်။စီးပွားရေးသမားများအတွက် မလိုအပ်သော ပြဿနာများကို ရှောင်ကြဉ်ခြင်းက ပိုကောင်းသည် မဟုတ်ပါလား။

"ကောင်းပါပြီ"

ရှန်းဝူရှန်းက စောဒကမတက်ဘဲ ပြန်ဖြေကာ ချက်ချင်း ထွက်ခွာသွားသည်။ ကျိယွမ်အတွက် ခက်ခဲသောတာဝန်အချို့ ယူပေးရန် ဖူတူတောင်သို့ ပြန်သွားခြင်းပင်။

.........

ဖူတူတောင်တစ်နေရာတွင် မဟာအုပ်စိုးရှင်ဟွားတုသည် မျက်လုံးမှိတ်လျက် ထိုင်နေသည်။

လှပဆန်းပြားသော ဂူအတွင်း၌ ဘောလုံးအရွယ်အစားရှိသော ပုလဲလုံးကြီးတစ်ခုရှိပြီး ထိုပုလဲပေါ်၌အဘိုးအိုတစ်ဦး၏ ပုံရိပ်ကို ထင်ဟပ်နေပြီး အဘိုးအိုမှာ မြေပြင်ပေါ်တွင် ဝပ်တွားလျက် အလွန်ရိုသေသော မျက်နှာထားဖြင့် ရှိနေသည်။

"မထိုက်တန်တဲ့ မြေးတပည့် ၊ ရွှမ်ထျန်းဂိုဏ်းရဲ့ ၃၁ ယောက်မြောက် ဂိုဏ်းချုပ် တိမ်တိုက်ကြိုးကြာက ဘိုးဘေးရဲ့ ကောင်းချီးကို ရိုသေစွာ တောင်းခံပါတယ်"

မဟာအုပ်စိုးရှင်ဟွားတုက မျက်လုံးဖွင့်ကာ ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။

"အင်း....၃၁ ယောက်မြောက် မျိုးဆက်ထိတောင် ရောက်နေပြီလား"

သူသည် တစ်ချိန်က အောက်ဘုံမှ ရွှမ်ထျန်းဂိုဏ်း၏ တတိယမြောက် ဂိုဏ်းချုပ် ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် အထက်ဘုံသို့ တက်လှမ်းလာခဲ့သည်မှာ နှစပေါင်းများစွာပင် ကြာညောင်းခဲ့လေပြီ။ ယခုအခါ ရွှမ်ထျန်းဂိုဏ်းနှင့် သူ၏ ဆက်သွယ်မှုမှာ မရှိသလောက်ပင်။

ရွှမ်ထျန်းဂိုဏ်း၏ လက်ရှိ အခြေအနေက လုံးဝနိမ့်ကျနေပြီး ဂိုဏ်းချုပ်ပင်လျှင် ခရမ်းရောင်နန်းတော်အဆင့်၌သာ ရှိတော့သည်။

၃၁ ယောက်မြောက် ဂိုဏ်းချုပ်၏ ဆုတောင်းချက်အရ ဂိုဏ်းသည် ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ထိုနေရာတွင် ကျင့်ကြံရန်နှင့် အရင်းအမြစ်များ ရယူရန် ဝင်ရောက်လိုသော်လည်း၊ ရွှမ်ထျန်းဂိုဏ်းမှာ အလွန်အားနည်းနေသဖြင့် လုံလောက်သော အရည်အချင်း မရှိဖြစ်နေခဲ့သည်။

ထို့ကြောင့် ဂိုဏ်းချုပ်က ဘိုးဘေးထံမှ ကောင်းချီးကို တောင်းခံနေခြင်းဖြစ်သည်။

"အတိတ်က သံယောဇဉ်တွေ..."

မဟာအုပ်စိုးရှင်ဟွားတုက ရေရွတ်ကာသက်ပြင်းချ၏။

သူက လက်ချောင်းကို တစ်ချက် လှုပ်လိုက်ရုံဖြင့် အဆောင်လက်ဖွဲ့တစ်ခုက ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ပုလဲလုံးကို ဖြတ်၍ အောက်ဘုံသို့ ဆင်းသက်သွားလေသည်။

"ငါ့ရဲ့ အတိတ်နဲ့ ပတ်သက်တဲ့ အစအနတွေအားလုံး ပြတ်တောက်သွားပြီ။ ငါရော ဘယ်တော့မှ... ဒဏ္ဍာရီလာအဆင့်ကို ရောက်ပါ့မလဲ"

မဟာအုပ်စိုးရှင်ဟွားတု၏ မျက်နှာတွင် လွမ်းမောဖွယ်ရာများ ပြည့်နေသည်။

သူသည် ကောင်းကင်လမ်းစဉ်၏ ဆဋ္ဌမအဆင့်တွင် နှစ်ပေါင်းတစ်သောင်းနီးပါး ပိတ်မိနေခဲ့ခြင်းပင်။

အကယ်၍ သူသာ ဒဏ္ဍာရီလာအဆင့်သို့ တက်လှမ်းနိုင်ပါက ဖူတူတောင်၏ အဓိက ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။ ထိုအခါ သူ၏ အားထုတ်မှု လုံလောက်ပါက တောင်သခင်ထံမှ သူ၏ ကိုယ်ပိုင်ကြယ်စင်ကို ထင်ဟပ်ခွင့် တောင်းဆိုနိုင်သည်။

ထိုသို့ တွေးတောနေရင်း သူ၏ အာရုံကို ကျောက်စိမ်းပြားတစ်ခုဆီသို့ ပို့လိုက်၏။ချက်ချင်းလိုလိုပင် မျက်လုံးများထဲတွင် အံ့သြရိပ်များ ထင်ဟပ်သွားသည်။

"အဲဒီတာဝန်ကို... တစ်ယောက်ယောက် ယူသွားပြီလား"

"ရှန်ဝူရှန်းတဲ့.. ပင်တိုင်တပည့် တစ်ယောက်လား"

မဟာအုပ်စိုးရှင်ဟွားတု အလွန်အံ့သြသွားသည်။ သူထုတ်ပြန်ထားသော တာဝန်မှာ ကျင့်စဉ်နည်းစနစ်များနှင့် ပတ်သက်ပြီး သူ၏ ကျင့်စဉ်တိုးတက်ရေးအတွက် အလွန်အရေးကြီးသည်။

ထိုတာဝန်ကို သူ တင်ထားသည်မှာ နှစ်ပေါင်း ခုနစ်ထောင်ရှိပြီ ဖြစ်သော်လည်း မည်သူမျှ မယူဖူးချေ။

ထိုတာဝန်မှာ အလွန်ခက်ခဲပြီး ဖြေရှင်းနိုင်ရန်အတွက် သူနှင့် လမ်းစဉ်တူသော ဒဏ္ဍာရီလာ ကျင့်ကြံသူတစ်ဦး ဖြစ်မှသာ အခွင့်အလမ်း အနည်းငယ် ရှိမည်ဖြစ်သည်။ သို့သော် ဖူတူတောင်တွင် သူနှင့် လမ်းစဉ်တူသော ဒဏ္ဍာရီလာ ကျင့်ကြံသူ မရှိပေ။

"ရှန်ဝူရှန်းရဲ့ ဆရာက... မဟာအုပ်စိုးရှင်ဝမ်ချောင်ပဲ။ သူက ဒဏ္ဍာရီလာအဆင့်ပေမဲ့ ငါနဲ့ လမ်းစဉ်မတူဘူး"

"ထူးဆန်းလိုက်တာ၊ ဘာလို့ စိတ်ဝိညာဥ်အဆင့်တပည့်လေးတစ်ယောက်က ငါ့တာဝန်ကို ယူရတာလဲ"

သူသည် ဘာကြောင့်မှန်း စဉ်းစားမရဖြစ်နေသည်။ သို့သော် သူက ထိုအကြောင်းကို ထပ်မတွေးတော့ဘဲ မျက်လုံးမှိတ်ကာ ဆက်လက် ကျင့်ကြံနေတော့သည်။

တစ်ဖက်တွင်မူ ရှန်းဝူရှန်းသည် တစ်နေ့ကုန် မမောနိုင်မပန်းနိုင် ဂိုဏ်း၏ တာဝန်မှတ်တမ်းများကို လိုက်ရှာကာ ကျိယွမ်အတွက် တာဝန်အမြောက်အမြားကို ယူခဲ့လေ၏။

"ဒါတွေထဲက တစ်ခု နှစ်ခုလောက်အောင်မြင်ရင်ပဲ ကြီးမားတဲ့အောင်မြင်မှုလို့ခေါ်နိုင်ပါပြီ။"

ဤသို့ဖြင့် ရက်အနည်းငယ် ကြာသောအခါ ရတနာရှစ်ပါး နန်းတော်မှ သတင်းရရှိသဖြင့် သူ ထိုနေရာသို့ ထပ်မံသွားရောက်ခဲ့သည်။

နန်းတော်တာဝန်ခံအဘိုးအိုက ယခင်လိုအင် ဝမ်းသာအားရ ကြိုဆို၏။

"သခင်လေးရှန်း အထက်လူကြီးတွေက အရင်က တောင်းဆိုချက်ကို ခွင့်ပြုလိုက်ပါပြီ"

အမှန်ဆိုရလျှင် နန်းတော်တာဝန်ခံ ကိုယ်တိုင်လည်း အံ့သြနေမိသည်။ ပုံမှန်ဆိုလျှင် ထိုသို့သော တောင်းဆိုချက်မျိုးက ပယ်ချခံရမည် ဖြစ်သော်လည်း ယခုမူ ခွင့်ပြုချက် ရခဲ့သည်။

ရှန်းဝူရှန်း သက်ပြင်းချကာ စိတ်အေးသွား၏။

"ကျေးဇူးတင်ပါတယ် နန်းတော်တာဝန်ခံ"

သူသည် ကျိယွမ်၏ တာဝန်ကို အချိန်မီ ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။

---------------

All Chapters