ခရီးစဥ်
Vol. 22 Ch. 250
ကြီးမားသောဝိညာဥ်လှေတစ်စီးပေါ်တွင် ကျိယွမ်သည် နေရောင်ခြည်ကို ခံယူရင်း ကုလားထိုင်ပေါ်၌ ပျင်းရိစွာ လှဲလျောင်းနေ၏။
သူသည် ရှန်းကွမ်းဂိုဏ်းမှ ထွက်ခွာလာပြီးနောက် ဖုန်းထျန်းနယ်မြေသို့ ခရီးနှင်လာခြင်းပင်။
ရှင်းဟွာအဖွဲ့၏ ဧကရာဇ်လေးပါး ဆုံတွေ့မည့်အချိန်သည် နီးကပ်လာပြီဖြစ်သောကြောင့် ဂိုဏ်းမှခွင့်တောင်းကာ ခရီးထွက်လာခဲ့သည်။
ဖုန်းထျန်းနယ်မြေသို့ ရောက်ရှိသောအခါ ကျိယွမ်သည် လည်ပတ်ပြီး အချိန်မဖြုန်းတော့ဘဲ ချင်းဟုန်းမြို့သို့ထွက်ခွာမည့် ယခုလှေပေါ်သို့ တန်းတက်ခဲ့၏။
လှေပေါ်၌ လူမျိုးစုံ ရောပြွမ်းနေပြီး ကျင့်ကြံသူ ထောင်ပေါင်းများစွာလည်း လိုက်ပါလာကြသည်။ ၄င်းတို့အနက် အားအနည်းဆုံးသူမှာပင် အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ၏။
သို့သော် စိတ်ဝိညာဥ်အဆင့်နှင့် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများမှာကတော့ သိပ်မပါဝင်ပါ။
ကျိယွမ်၏ ဘေးတွင် အစိမ်းရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ညှို့ဓာတ်ပါသော မျက်ဝန်းများရှိသည့် ချောမောလှပသော အမျိုးသမီးတစ်ဦး ထိုင်နေ၏။
သူမက အေးအေးလူလူရှိလှသော ကျိယွမ်ကို မကြာခဏကွက်ကြည့်ကွက်ကြည့်လုပ်နေပြီး စကားစလိုက်သည်။
"မိတ်ဆွေ... ရှင်က ဖုန်းထျန်းနယ်မြေက မဟုတ်ဘူး ထင်တယ်
ထိုလှပသော အမျိုးသမီးသည် ကျိယွမ်နှင့်အတူ ဆိပ်ကမ်းတစ်ခုတည်းမှ လှေပေါ်သို့ တက်လာခဲ့သူ ဖြစ်သည်။
လှေပေါ်တွင် အသေးစား ကုန်သွယ်မှုပွဲတစ်ခု ရှိခဲ့ပြီး ၎င်းပွဲသို့ တက်ရောက်ပြီးနောက် ကျိယွမ်သည် ကျင့်စဥ်နည်းစနစ်အတော်များများကို ဝယ်ယူခဲ့ရာမှ ဤအမျိုးသမီးနှင့် သိကျွမ်းသွားသည်။
သူမ၏ အမည်မှာ လီရော့ရှန်း ဖြစ်ပြီး သူမ၌ ရောင်းချရန် နည်းစနစ်များစွာ ရှိ၏။
ကျိယွမ်သည် သူမထံမှ နက်နဲသောအဆင့် နည်းစနစ် ခုနစ်ခုကို ဝယ်ယူခဲ့သည်။
"ဟုတ်ပါတယ်၊ ကျွန်တော် ဒီက မဟုတ်ပါဘူး"
ကျိယွမ်က အမှန်အတိုင်း ပြန်ဖြေလိုက်၏။ သူသည် ဆင်းရဲခြင်းကို မုန်းတီးသူ မဟုတ်သော်လည်း ချမ်းသာကြွယ်ဝမှုကိုမူ အမှန်တကယ် သဘောကျသူ ဖြစ်သည်။
အထူးသဖြင့် သူ၏ ချစ်သူဖြစ်လာနိုင်သော ချမ်းသာသည့် အမျိုးသမီးမျိုးများကို ပို၍ သဘောကျ၏။
"မိတ်ဆွေရဲ့ အရှိန်အဝါက ထူးခြားလှတယ်။ ဘယ်က လာတာလဲ၊ အရှေ့ပိုင်းဒေသကလား"
လီရော့ရှန်းကလည်း လှပရုံသာမက စကားပြော အလွန်ကောင်းသူ ဖြစ်သည်။
"အရှေ့ပိုင်းဒေသက ဖုန်းထျန်းနယ်မြေထက် နိမ့်ကျတယ် ဆိုပေမဲ့ ထူးချွန်တဲ့ ပါရမီရှင်တွေ အများကြီး ထွက်ပေါ်ခဲ့ပါတယ်။ မကြာသေးခင်ကပဲ 'သွေးဝတ်စုံဓားနတ်ဘုရား' ဆိုတဲ့သူက ကျွန်မတို့ ဖုန်းထျန်းနယ်မြေမှာပါ တော်တော်လေး ကျော်ကြားလာခဲ့တယ်။"
" အဲဒီ ဓားနတ်ဘုရားက ရှင်းဟွာအဖွဲ့ထဲမှာ စကားရိုင်းရိုင်းပြောတဲ့သူတွေကို ရှင်းထုတ်ခဲ့တာကြောင့် လူတော်တော်များများက သူ့ကို သဘောကျနေကြတယ်။ အခုဆို ဖုန်းထျန်းနယ်မြေက ကျင့်ကြံသူ လူငယ်လေးတွေ အများကြီးကလည်း သူ့ကို အတုယူဖို့ ကြိုးစားနေကြပြီ"
သွေးဝတ်ရုံဓားနတ်ဘုရားအကြောင်း ပြောသောအခါ လီရော့ရှန်း၏ မျက်ဝန်းထဲတွင် လေးစားမှုများ ရှိသကဲ့သို့ တစ်ဖက်တွင်လည်း အားကိုးရာမဲ့သည့် အရိပ်အယောင်များ ရှိနေ၏။
သူမ၏စကားကို ကြားသောအခါ ကျိယွမ် အလွန်ဂုဏ်ယူမိသွားသည်။ ကျင့်ကြံခြင်းလောကကို သန့်စင်ရန် သူ၏ကြိုးစားခဲ့မှုများက အကျိုးသက်ရောက်မှု ရှိပုံရ၏။
"ကျွန်တော်လည်း အဲဒီ ဓားနတ်ဘုရားကို အလွန်လေးစားပါတယ်။ တကယ်လို့ ကျင့်ကြံသူအားလုံးသာ သူနဲ့တူမယ်ဆိုရင် ကိုယ်ကျင့်တရား ပျက်ပြားတာတွေ ဘယ်ရှိတော့မလဲ"
ကျိယွမ်က ကုလားထိုင်ပေါ်တွင် အနည်းငယ်ပြင်ထိုင်ကာ သက်ပြင်းချရင်း ဆိုသည်။
သူ၏ ခန္ဓာကိုယ်အတွင်း၌ စိတ်ဝိညာဥ် လေးထောင်ကျော် ရှိနေသော်လည်း ၎င်းတို့သည် လူ့အဖွဲ့အစည်းငယ်လေးကဲ့သို့ တစ်ဦးနှင့်တစ်ဦး မည်သည့်အခါမျှ ရန်မဖြစ်ကြပေ။ ထိုအရာကပင် သူ၏ ကိုယ်ကျငိ့တရားက မြင့်မြတ်သော စရိုက်ရှိသူ ဖြစ်ကြောင်း သက်သေပြနေသည် မဟုတ်ပါလား။
လီရော့ရှန်းသည် သူ၏စကားကြောင့် ခဏတာ မှင်သက်သွားပြီးနောက် ထောက်ခံသလို ပြုံးလိုကသည်။
"မိတ်ဆွေ ပြောတာ မှန်ပါတယ်"
ထို့နောက် သူမက စကားလမ်းကြောင်းလွှဲကာ အခြားတစ်ခုကို စ၏။
"ရှင်က ချင်းဟုန်းမြို့ကို သူငယ်ချင်းတွေနဲ့ တွေ့ဖို့ သွားတာလား"
"ဟုတ်ကဲ့၊ အဲဒီမှာ သူငယ်ချင်းနည်းနည်း ရှိတယ်"
ထိုအချိန်မှာပင် ဝိညာဥ်လှေသည် ဆိပ်ကမ်းမြို့တစ်ခုသို့ရောက်လာသဖြင့် ခေတ္တရပ်နားပေးလိုက်၏။
ကျိယွမ်သည် ပြုံးလျက် မတ်တတ်ထရပ်လိုက်သည်။
"ကျွန်တော့် သူငယ်ချင်းတစ်ယောက် ဒီမှာ လှေပေါ်တက်လာမှာမို့ သွားကြိုလိုက်ဦးမယ်"
"ကောင်းပါပြီ"
လီရော့ရှန်းက စပ်စုလိုသော မျက်လုံးများဖြင့် ကြည့်ရင်းမှခေါင်းညိတ်သည်။
ကျိယွမ်သည် ခြေလှမ်းအနည်းငယ်သွားပြီးမှ တစ်စုံတစ်ခုကို သတိရသွားပြီး လီရော့ရှန်းဘက်သို့ လှည့်ကြည့်ပြီး၊
"ကျွန်တော့် ကုလားထိုင်ကို ခေတ္တလောက် စောင့်ပေးလို့ ရမလား။ ကျွန်တော် မရှိတုန်း တစ်ယောက်ယောက်က ကျွန်တော့်ရဲ့ နွေးထွေးတဲ့ ထိုင်ခုံကို လုယူသွားရင် စိတ်မကောင်း ဖြစ်မိမှာမို့လို့ပါ"
လီရော့ရှန်းက ကျိယွမ်၏စကားကြောင့် မနေနိုင်စွာ ရယ်မောရင်း ကတိပေးလိုက်၏။
"ရပါတယ် စိတ်ချချသွားပါ"
သူမသည် သဘောကျစွာပြုံးရင်းမှ ကျိယွမ် ထွက်ခွာသွားသည်ကို ကြည့်နေမိသည်။
ရုတ်တရက် ကြည်လင်သော အသံတစ်ခုက လီရော့ရှန်း၏ အနားတွင်ထွက်ပေါ်လာ၏။
"ဒီ ကျိယွမ်ကို အဘွားဘယ်လိုထင်လဲ"
လီရော့ရှန်းသည် အနားသို့ ရောက်လာသော မိန်းကလေးငယ်ကို ကြည့်ကာ "အားကိုးရာမဲ့စွာ ပြုံးလေသည်။
"ကလေးမလေး... နင် ဘာတွေ တွေးနေတာလဲ"
"ဒီမိတ်ဆွေက တကယ်ကို ချောမောတယ်၊ အရှိန်အဝါကလည်း ထူးခြားတယ်၊ နည်းစနစ်တွေဝယ်တာလည်း လက်ဖွာတယ်ဆိုတော့ သူက ချမ်းသာမှာ သေချာတယ်။ နောက်ပြီး အရေးကြီးဆုံးက သူကလည်း သမီးလိုပဲ သွေးဝတ်ရုံဓားနတ်ဘုရားကို ကြိုက်တာပဲ။ အမေကြီးတို့နှစ်ယောက်ကို သမီးကတော့ အပြည့်အဝ ထောက်ခံတယ်"
"နင်ကတော့လေ..."
လီရော့ရှန်းသည် ရယ်လည်းရယ်ချင်သလို စိတ်လည်းတိုနေ၏။
"တွေ့တာတောင် မကြာသေးဘူး၊ နင်က ရှေ့ကို အများကြီး ရောက်နေပြီ"
"အဘွား... အဘိုး ဆုံးတာလည်း ကြာပြီလေ။ အဘွား တစ်ယောက်တည်း နေလာတာ နှစ်ပေါင်းများစွာ ရှိပြီဆိုတော့ အနာဂတ်အတွက် စဥ်းစားသင့်ပြီ"
ထိုမိန်းကလေးက ကျိယွမ်ကို တော်တော်လေးသဘောကျနေပုံရ၏။ သူမက လီရော့ရှန်းကို ဇွတ်တွန်းနေတော့သည်။
"သမီးက ဘယ်လောက် စဥ်းစားပေးလဲ ကြည့်ဦး။ အဘွားတို့ စကားပြောနေလို့ လွတ်လပ်အောင်ဆိုပြီး တစ်လမ်းလုံး သမီး ထွက်မလာဘဲ နေပေးခဲ့တာနော်"
"နင်ကတော့လေ..."
သို့သော် လီရော့ရှန်းသည် တစ်စုံတစ်ခုကို တွေးမိကာ တည်ငြိမ်သွားပြီး အနည်းငယ်မာန်ပါသောအသံဖြင့် သတိပေးလိုက်၏။
"ဒီအကြောင်း ထပ်မပြောနဲ့တော့။ ငါတို့ ချင်းဟုန်းမြို့ကို သွားတာက လမ်းစဥ်ရှာဖွေရေးနန်းတော်မှာ ရှိတဲ့ ရန်လန်ရဲ့ပစ္စည်းတွေကို သွားယူဖို့ပဲ"
ရန်လန်သည် လီရော့ရှန်း၏ တာအိုလက်တွဲဖြစ်သလို ထိုမိန်းကလေး၏ အဘိုးလည်း ဖြစ်သည်။ သူသည် စောစီးစွာကွယ်လွန်သွားခဲ့ပြီး သူ၏ပစ္စည်းများစွာကို ထိုနန်းတော်တွင် ချန်ထားခဲ့ခြင်းပင်။
ထိုစကားကို ကြားသောအခါ မိန်းကလေးငယ်သည် ထပ်၍ စကားမပြောတော့ပေ။
သူမကလည်း အဘိုးဖြစ်သူအာသတိရသွားပုံရှိ၏။
ထိုအချိန်တွင် လူနှစ်ဦးက သူတို့ရှိရာသို့လျှောက်လာကြသည်ကို သူမတို့မြင်လိုက်ရသည်။ ထိုသူများမှာ ကျိယွမ်နှင့် ဆိုးသွမ်းအင်မော်တယ်တို့ပင်။
"ဒါက လီရော့ရှန်းတဲ့ ၊ လှေပေါ်မှာ သိခဲ့တာ"
ကျိယွမ်က မိတ်ဆက်ပေးလိုက်သည်။
"ဒါကတော့ ကောင်းရှောက်ယွီ၊ ကျွန်တော့်ရဲ့ ညီအစ်ကိုအရင်းလို သူငယ်ချင်းပဲ"
ကောင်းရှောက်ယွီမှာ ဆိုးသွမ်းအင်မော်တယ်၏ အမည်ရင်း ဖြစ်သော်လည်း သူသည် သူ၏ အမည်ရင်းကို ကြားရသဖြင့် အနည်းငယ် ထူးဆန်းနေသလို ခံစားရ၏။သူက ထိုအမည်အစား ဆိုးသွမ်းအင်မော်တယ်ဟူသော အမည်ကို ပိုသဘောကျလေ၏။
လီရော့ရှန်းက ချိသာပြုံးလျက် နှုတ်ဆတ်သည်။
"နှုတ်ခွန်းဆက်ပါတယ် မိတ်ဆွေတို့"
နှုတ်ဆက်နေရင်းသူမသည် ဆိုးသွမ်းအင်မော်တယ်ကို တစ်ချက်ကြည့်လိုက်ပြီး အံ့အားသင့်သွား၏။ သူမသည် ယခင်က ကျိယွမ်၏ ကျင့်ကြံမှုအဆင့်ကို မခန့်မှန်းနိုင်ခဲ့ဘဲ သူ၏ လက်ဖွာမှုကို ကြည့်ကာ သူမကဲ့သို့ပင် ခရမ်းရောင်နန်းတော်အဆင့်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု ကျိယွမ်၏ သူငယ်ချင်းမှာ အမြုတေအဆင့်မျှသာ ရှိနေသည်ကို မြင်သောအခါ အံ့ဩသွားခြင်း ဖြစ်၏။
မိန်းကလေးငယ်မှာလည်း အံ့ဩသွားပုံရသည်။ သူမကိုယ်တိုင်ကလည်း အမြုတေအဆင့်ဖြစ်သောကြောင့် ဆိုးသွမ်းအင်မော်တယ်၏ အဆင့်ကို အလွယ်တကူ သိနိုင်ပါသည်။
"နှုတ်ခွန်းဆက်ပါတယ်"
ဆိုးသွမ်းအင်မော်တယ်က ယဥ်ကျေးစွာ ပြန်လည် နှုတ်ဆက်လိုက်သည်။ သူ၏ အစွမ်းမှာ မကြီးမားသော်လည်း ရှင်းဟွာဖိုရမ်မှာဆိုလျင် ဧကရာဇ်လေးပါးထဲမှ တစ်ဦးပင်။
အပြန်အလှန် နှုတ်ဆက်ပြီးနောက် ကျိယွမ်နှင့် ဆိုးသွမ်းအင်မော်တယ်တို့သည် ရောက်တတ်ရာရာများပြောရင်း ခရီးစဥ်ကိုလိုက်ပါလာကြ၏။ သူတို့နှစ်ဦးမှာ ရင်းရင်းနှီးနှီးရှိလှပြီး မကြာခဏရယ်မောနေသည်။
ကျိယွမ်လို ခရမ်းရောင်နန်းတော်အဆင့်တစ်ဦးက အမြုတေအဆင့်သာရှိသောသူတစ်ဦးကို အဆင့်တူတစ်ယောက်လိုဆက်ဆံနေသည်ကို လီရော့ရှန်း သတိပြုမိသော်လည်း သူမ၏ မြေးမလေးကမူ ကျိယွမ်အပေါ် အေးစက်သွား၏။
"မီးလျှံ ဧကရာဇ်နဲ့ ရေခဲတောင်သခင်မတို့ကို တွေ့ရတော့မယ်ဆိုတော့ ငါ တကယ် စိတ်လှုပ်ရှားနေပြီ"
ဆိုးသွမ်းအင်မော်တယ်က သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ ပြောသည်။
အဖွဲ့ထဲတွင် သူတစ်ဦးတည်းသာ အစွမ်းအနိမ့်ဆုံးဖြစ်ပြီး ကျန်သူများအားလုံးက ခရမ်းရောင်နန်းတော်အဆင့်များဖြစ်၏။
"ငါလည်း စိတ်လှုပ်ရှားပါတယ်။ ဒါက ရှားပါးတဲ့ ဆုံတွေ့မှုပဲ..."
ကျိယွမ်က ထိုသို့ဆိုရင်းမှ အဝေးမှရှုခင်းများကို ကြည့်ကာ သက်ပြင်းချသည်။ အွန်လိုင်းပေါ်မှ မိတ်ဆွေများကို ဆုံတွေ့ရမည့်အကြောင်းကို တွေးမိသောအခါ ကျင်းလီကို သူ သတိရသွားမိ၏။
ယခုအချိန်တွင် ရှန်းဝူရှန်းသည် စာကို ပို့ပြီးလောက်ပြီ ဖြစ်သည်။ ရှန်းဝူရှန်း၏ အဆိုအရ စာသည် လနတ်ဘုရားနန်းတော်သို့ ရောက်ရန် သုံးနှစ်ကြာမြင့်မည် ဖြစ်ရာ အောက်ဘုံနှင့်တွက်လျှင် အနည်းဆုံးဆယ်နှစ်ခန့် ကြာမြင့်ပေမည် ။ ထိုအချိန်တွင် သူသည် ကပ်ဘေးဆိုးကြီးကို အောင်မြင်စွာ ဖြေရှင်းနိုင်ပါမလားဟု တွေးတောနေမိ၏။
"မင်း လမ်းစဥ်ရှာဖွေရေးနန်းတော်ကို သွားဖို့ စဥ်းစားနေတာလား"
ကျိယွမ်က ရုတိတရက်ငြိမ်သွားသဖြင့် ဆိုးသွမ်းအင်မော်တယ်က မေးလိုက်သည်။ကျိယွမ်သည် နည်းစနစ်များအမြဲလိုအပ်နေသူမဟုတ်ပါလား။
"ဟုတ်တယ်၊ လတ်တလော နည်းစနစ်အတော်များများ ရထားပေမဲ့ မလုံလောက်သေးဘူး။ အဲဒီနန်းတော်ကို သွားမှရမယ်"
ကျိယွမ်ကျမ်းသည် စိတ်ဝိညာဥ်အဆင့်မှ ခရမ်းရောင်နန်းတော်အဆင့်သို့ ကူးပြောင်းမည့် လမ်းစကို ရှာမတွေ့သေးပေ။ ၎င်းအတွက် ကျင့်စဥ်နည်းစနစ်များစွာ လိုအပ်နေသည်။ ထို့ပြင် အမြုတေလမ်းစဥ်သည် လည်း နည်းစနစ်များကို စဥ်ဆက်မပြတ် စားသုံးနေသဖြင့် သူသည် နည်းစနစ်အသစ်များလိုပြီးရင်း လိုနေတော့သည်။
"အို... ရှင်လည်း ကျင့်ကြံခြင်း ရှာဖွေရေးနန်းတော်ကို သွားမလို့လား"
လီရော့ရှန်းက မေးလိုက်သည်။သူမဘေးမှ မိန်းကလေးကလည်း ဝင်ပြော၏။
"အဲဒီနန်းတော်က ဝင်ရတာ မလွယ်ဘူးနော်"
"ဟုတ်လား"
ကျိယွမ်က အံ့ဩသွားပြီး သူမတို့အားကြည့်လာသည်။
"ဖုန်းထျန်းနယ်မြေက လမ်းစဥ်ရှာဖွေရေးနန်းတော်မှာ ဒေသသုံးခုကလာတဲ့ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတွေနဲ့ ပြည့်နေတာ။ ယင်နတ်ဘုရားမရှိပေနဲ့ အဲဒီနန်းတော်က ဒေသသုံးခုလုံးမှာ အစွမ်းအထက်ဆုံး အဖွဲ့အစည်းပဲ။ သာမန် ခရမ်းရောင်နန်းတော်အဆင့်တောင် အလွယ်တကူ မဝင်နိုင်တာ၊ အမြုတေအဆင့်ဆိုရင်တော့..."
မိန်းကလေးက ဆိုးသွမ်းအင်မော်တယ်ကို တစ်ချက်ကြည့်လိုက်သည်။
လီရော့ရှန်းက မျက်မှောင်ကြုတ်ကာ သူမကို အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်၏။
ကျိယွမ်ကမူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဆိုးသွမ်းအင်မော်တယ်အား စလေသည်။
"ကောင်းရှောင်ယွီ... ကြားလား။ မင်းရဲ့ အမြုတေအဆင့်ကို အထင်သေးခံနေရပြီ"
ဆိုးသွမ်းအင်မော်တယ်က ဘာမှမပြောဘဲ မတတ်သာသလို သွားလေးသာဖြီးပြရှာ၏။
ကျိယွမ်က ဆက်ပြော၏။
"ငါကတော့ မတူဘူး။ ငါက စိတ်ဝိညာဥ်အဆင့် စစ်မှန်အရှင်သခင်ဖြစ်ပြီး သာ့ရှန်းတိုင်းပြည်ရဲ့ နံပါတ်တစ်စိတ်ဝိညာဥ်အဆင့်ပဲ။ အဲဒီနန်းတော်က ငါ့ကိုတော့ လေးစားမှု ပေးမှာပါ"
ထိုသို့ပြောပြီး လီရော့ရှန်းကို ကြည့်ကာ မေးဆပ်ပြသည်။
"ဟုတ်တယ်မလား"
မြေးမလေးက တစ်စုံတစ်ခု ပြောရန် ပြင်သော်လည်း သူမအဘွား၏ ပြင်းထန်သော အကြည့်ကြောင့် ပြန်ငြိမ်သွား၏။ လီရော့ရှန်းက ပြုံးကာ ကျိယွမ်အား ကမ်းလှမ်းလိုက်သည်။
"စိတ်ဝိညာဥ် ပါရမီရှင်တစ်ယောက်ကတော့ နန်းတော်ကို ဝင်ခွင့်ရှိပါတယ်။ ရှင် သွားချင်ရင် ကျွန်မနဲ့အတူ သွားမလား။ ကျွန်မလည်း အဲဒီကို သွားဖို့ ရှိတယ်"
"တကယ်လား"
ကျိယွမ်၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွား၏။ မီးလျှံဧကရာဇ်သည် ဖုန်းထျန်းနယ်မြေမှ အိမ်ရှင်ဖြစ်သော်လည်း သူ၏ အဘိုးဖြစ်သူ ဖုန်းကျွင်းသည် ထိုနန်းတော်နှင့် ဆက်ဆံရေး မကောင်းဟု သိရသည်။ ကျိယွမ်သည် နည်းစနစ်များ ဝယ်ယူရန် သွားခြင်းဖြစ်ပြီး ပြဿနာရှာရန် မဟုတ်သဖြင့် မိတ်ဆက်ပေးမည့်သူ ရှိနေခြင်းက ပို၍ ကောင်းမွန်၏။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျိယွမ်က လေးစားစွာ ဆိုသည်။
"ကိစ္စမရှိပါဘူး"
"ဒါက ကျွန်တော့်ရဲ့ ဆက်သွယ်ရေး ကျောက်စိမ်းပြားပါ။ အဆက်အသွယ် လုပ်ထားကြတာပေါ့။ တကယ်လို့ တစ်ခုခု အခက်အခဲရှိရင် ကျွန်တော့်ကို ပြောပါ၊ ကျွန်တော် ကူညီပါ့မယ်"
ကျိယွမ်သည် အခြားသူအပေါ် အမြတ်ထုတ်လိုသူ မဟုတ်ဘဲ အမြဲတမ်း ပွင့်လင်းရိုးသားစွာ ပြုမူတတ်သူ ဖြစ်၏။
"ကောင်းပါပြီ"
လီရော့ရှန်းကလည်း တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။ ထိုအချိန်တွင် မြေးမလေးက မထင်မှတ်သောစကားကို စလာသည်။
"ရှင်တို့က အရှေ့ပိုင်းဒေသက ဆိုတော့ သွေးဝတ်ရုံဓားနတ်ဘုရားနဲ့ တွေ့ဖူးလား။ သူက တကယ်ပဲ ဒဏ္ဍာရီထဲကလို ခန့်ညားတာလား"
သူမသည် သွေးဝတ်စုံဓားနတ်ဘုရားကို အားကျသူဖြစ်ပြီး သူ၏ လုပ်ရပ်များကို အမြဲ အတုယူလေ့ရှိသည်။ ထို့ကြောင့်ပင် လီရော့ရှန်းနှင့်ကျိယွမ်က ဓားနတ်ဘုရားအကြောင်း ပြောသောအခါ ထူးဆန်းသော အမူအရာ ဖြစ်ခဲ့ခြင်း ဖြစ်၏။
သူမ၏မေးခွန်းကိုကြားသောအခါ ဆိုးသွမ်းအင်မော်တယ်က ကျိယွမ်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။ထိုကိစ္စကို ကာယကံရှင်သဘောအတိုင်းသာ လွှတ်ပေးထားလိုက်သည်။
ကျိယွမ်က ဂုဏ်ယူအမူအယာအပြည့်ဖြင့် ဝင်ကြွားစွာပြန်ဖြေ၏။
"နင့်ရဲ့ အမြင်က တကယ်ကို ကောင်းတာပဲ။ ငါ သူနဲ့ တွေ့ဖူးတယ်၊ သူက အရမ်းခန့်ညားတယ် ၊ ပြောရရင် ငါ့လောက်ပေါ့"
မြေးမလေးသည် ရုတ်တရက် မှင်သက်သွား၏။
"ရှင်က အဲဒီလောက်တောင် ယုံကြည်မှု ရှိတာလား"
သူမအမြင်၌ ကျိယွမ်သည် အလွန်ချောမောသူ ဖြစ်သော်လည်း စိတ်ဝိညာဥ်အဆင့်မျှသာ ဖြစ်သဖြင့် အဘွား၏ ကျင့်ကြံဖော်အဖြစ် မသင့်တော်သော်လည်း အလှကြည့်ရန်အတွက်တော့ လုံလောက်သည်ဟု ယူဆထား၏။
"လူဆိုတာ ယုံကြည်မှု ရှိရမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ သာမန်ယောက်ျားတစ်ယောက်ဖြစ်တာ ဘာမှမမှားဘူး။ ပြီးတော့ ငါက ချောမောပြီး ယုံကြည်မှုရှိတဲ့သူလေ"
ကျိယွမ်ကတော့ တစ်ပြားသားမှမလျှော့ပေးပါ။လီရော့ရှန်းပင် ကျိယွမ်၏ကြွားဝါမှုကို အံ့သြသွားမိသည်။
ယုံကြည်မှုရှိတာက ကောင်းပါတယ် ၊ ဒါပေမဲ့ သူရဲ့ယုံကြည်မှုကတော့ နည်းနည်းများ လွန်ကဲနေသလားလို့။
ဆိုးသွမ်းအင်မော်တယ်ကလည်း ဝင်ရောက်ထောက်ခံ၏။
"ကျွန်တော် အာမခံပါတယ်။ ကျိယွမ်က ဓားနတ်ဘုရားလိုပဲ ချောတာ၊ သူတို့နှစ်ယောက်က အမွှာတွေအတိုင်းပဲ"
"ရှင်တို့တော့ ဒုက္ခရောက်ပြီ။ အခု ပြောတာတွေကို သမီး အကုန် မှတ်တမ်းတင်ထားတယ်"
မြေးမလေးက အားရစွာရယ်ရင်း သူတို့အားခြိမ်းခြောက်လိုက်သည်။
"သမီးကို ဝိညာဥ်ကျောက်တုံးတွေနဲ့ လာဘ်မထိုးရင်တော့ ရှင်းဟွာအဖွဲ့အစည်းမှာ ဒါတွေကို ချပြမှာနော်"
"နင်ကလည်း အဲဒီအဖွဲ့ထဲမှာ ပါတာလား"
"ပါတာပေါ့ ၊ သွေးဝတ်စုံဓားနတ်ဘုရားရဲ့စာတွေဆို သမီးအမြဲမှတ်ချက်ပေးနေကြ"
"နင်က မြေခွေးမလေးပဲ"
ခရီးဆက်လာရင်းမှ သူတို့အုပ်စုသည် ပျော်ရွှင်စွာ စကားပြောခဲ့ကြပြီး မည်သည့် မသာယာဖွယ် ကိစ္စမျှ မရှိခဲ့ပါ ။ ဤသို့ဖြင့် အချိန်သည် လျင်မြန်စွာကုန်ဆုံးသွားပြီး တစ်ရက်နှင့် နေ့တစ်ဝက်ခန့်အကြာတွင် ဝိညာဥ်လှေသည် ကွင်းပြင်တစ်ခု၌ ဆင်းသက်လိုက်၏။
ဝိညာဥ်လှေဆိုက်ရောက်သည်ကို ကြည့်နေကြပြီး အဝေးတွင် လူအုပ်စုတစ်စုကလည်း တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေကြလေသည်။
ကျိယွမ်၊ ဆိုးသွမ်းအင်မော်တယ်နှင့် လီရော့ရှန်းတို့က စကားတပြောပြောနှင့် အတူတူ ဆင်းလာကြ၏။
မြေးမလေးက ကျိယွမ်အား စနောက်နေသည်။
"နောက်တစ်ခါ ဓားနတ်ဘုရားနဲ့ တွေ့ရင် မှတ်တမ်းတင် ကျောက်တုံးလေးနဲ့ ဖမ်းယူလာပေးဦးနော်"
ကျိယွမ်က မေးစေ့ကို ပွတ်ရင်းမှ မယုံသလိုပြန်မေးသည်။
"ဒီ ဓားနတ်ဘုရားက ဖုန်းထျန်းနယ်မြေမှာ ဒီလောက်တောင် နာမည်ကြီးတာလား"
"ဟုတ်တယ်၊ သမီး သူငယ်ချင်းတွေ အများကြီးက သူ့ကို အားကျကြတာ။ သူ့ရဲ့ မှတ်တမ်းတင် ကျောက်တုံးကို ရရင် ငွေအများကြီးနဲ့ ပြန်ရောင်းလို့ ရတယ်"
မိန်းကလေးက စိတ်လှုပ်ရှားစွာပြန်ဖြေသည်။ ၎င်းမှာ ဓားနတ်ဘုရား၏ လုပ်ရပ်များကြောင့်သာမက မကြာသေးမီက ဖြစ်ပွားခဲ့သော ရယ်စရာကောင်းသော ကိစ္စတစ်ခုကြောင့်လည်း ဖြစ်၏။
"အင်း...ငါတောင် စိတ်ဝင်စားလာပြီ။ ငါ့ကိုယ်ငါ မှတ်တမ်းတင်ပြီး ရောင်းရရင် ကောင်းမလားပဲ"
သို့သော် ကျိယွမ်က သက်ပြင်းချကာ ချက်ချင်းခေါင်းယမ်းသည်။ ထိုသို့လုပ်ခြင်းက ငွေရှာရန် မဆိုးသော နည်းလမ်း ဖြစ်သော်လည်း သူ၏ သိက္ခာကိုမူ အထိပါး မခံနိုင်ပေ။
"ရှင်က ဓားနတ်ဘုရားအဖြစ် အယောင်ဆောင်မလို့လား။ မလုပ်နဲ့နော်၊ သူသိရင် ရှင် အသတ်ခံရလိမ့်မယ်"
မြေးမလေးက တိုးတိုးလေး သတိပေးရင်းမှ ထပ်မံဖြည့်စွတ်၏။
"နောက်တစ်ခုက လမ်းစဥ်ရှာဖွေရေးနန်းတော်ကို သွားရင် ဓားနတ်ဘုရားအကြောင်း လုံးဝ မပြောနဲ့"
"ဘာလို့လဲ"
ကျိယွမ်က နားမလည်နိုင်ဖြစ်သွားသည်။ သူနှင့် ထိုနန်းတော်က တစ်ကြိမ်မျှပင် မပတ်သတ်ဖူးပါ ။ အဘယ့်ကြောင့် ရန်သူလိုဖြစ်နေရသနည်း။
"မကြာသေးခင်က ဖြစ်သွားတဲ့ ကိစ္စကို ရှင် မသိဘူးလား။ အရှင်သခင်ဝူကျွင်းက အရှင်မစံပယ်ကို သူ့ရဲ့ ကျင့်ကြံဖော်ဖြစ်ဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ အရှင်မစံပယ်က သူမရဲ့ နှလုံးသားထဲမှာ လူတစ်ယောက် ရှိနေပြီ၊ အဲဒါက သွေးဝတ်ရုံဓားနတ်ဘုရားပဲလို့ ပြန်ပြောလိုက်တယ်။ အဲဒါကြောင့် ဝူကျွင်းက အရမ်းစိတ်တိုသွားခဲ့တာ။ အဲဒီ ဝူကျွင်းက ကျင့်ကြံခြင်း ရှာဖွေရေးနန်းတော်ရဲ့ နောက်ကွယ်က အာဏာရှိသူပဲ"
ကျိယွမ် မှင်သက်သွား၏။
စံပယ်ဆိုတာက ဘယ်သူလဲ။ ငါလည်း တစ်ခါမှမကြားဖူးပါဘူး ။
သူသည် ဘုမသိဘမသိဖြင့် ရန်သူတစ်ယောက်တိုးလာရခြင်းကို စဥ်းစားမရဖြစ်နေ၏။
"စံပယ်က ဖုန်းထျန်းနယ်မြေမှာ အလှဆုံးပဲ။ သူမကတောင် ဓားနတ်ဘုရားကို ချစ်နေတယ်ဆိုတော့ သူက ဘယ်လောက်တောင် ခန့်ညားမလဲ စဥ်းစားသာ ကြည့်တော့"
မြေးမလေးက ဂုဏ်ယူစွာဆက်ပြောလေသည်။
ကျိယွမ်ကလည်း "ငါက တကယ်ပဲ အဲဒီလောက် ချောတာလား။ ငါနဲ့ မတွေ့ဖူးဘဲနဲ့တောင် ချစ်သွားတယ်ပေါ့" ဟု တွေးနေမိသည်။ သို့သော် အမှန်တရားကို မသိသေးသဖြင့် သူသည် ထပ်၍ မစဥ်းစားတော့ပေ။
လမ်းလျှောက်ရင်း စကားပြောလာကြပြီးနောက် လီရော့ရှန်းက သူတို့အား အသိပေးလိုက်သည်။
"ကျွန်မကို လာကြိုတဲ့သူ ရောက်နေပြီ။ နောက်မှ ပြန်တွေ့ကြတာပေါ့"
နွမ်းပါးသောဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးကြီးတစ်ဦး သူတို့ဆီသို့ လျှောက်လာ၏။
"ကောင်းပါပြီ၊ နောက်တစ်ခါကျရင် ကျွန်တော့်ကို နန်းတော်ဆီ ခေါ်သွားပေးဦးနော်"
ကျိယွမ်က ထိုသို့ပြောနေရင်းမှ အဝေးတွင် ရပ်နေသော မီးလျှံဧကရာဇ်နှင့် ရေခဲတောင်သခင်မတို့ကို မြင်လိုက်ရ၏။
ဧကရာဇ်လေးပါး နောက်ဆုံးတွင် ဆုံစည်းနိုင်ခဲ့လေပြီ။
တစ်ဖက်တွင်လည်း မြေးမလေးသည် ထိုအဘိုးကြီးကို ကြောက်ပုံရပြီး စကားတစ်ခွန်းမျှ မပြောဘဲ လိုက်သွား၏။ သူတို့မြေးအဘွားသည် တိမ်ယုန်ဆွဲသော ရထားလုံးပေါ်သို့ တက်လိုက်ကြလေသည်။
အဘိုးကြီးက ရထား၏လိုက်ကာကို မကာ ကျိယွမ်တို့ဘက်ကို ကြည့်ပြီး မှတ်ချက်ချ၏။
"စိတ်ဝင်စားစရာပဲ၊ အဲဒီလူငယ်လေးက ဖုန်းကျွင်းရဲ့ မြေးနဲ့ အတူရှိနေတာပဲ"
လီရော့ရှန်းသည် အဘိုးအို၏စကားကြောင့် အံ့သြသွားပြီး လိုက်ကာကိုဖွင့်ကြည့်လိုက်မိသည်။
"ဖုန်းကျွင်းရဲ့ မြေးလား"
ဖုန်းကျွင်းနှင့် လမ်းစဥ်ရှာဖွေရေးနန်းတော်သည် ပြင်းထန်သော ပဋိပက္ခ ရှိခဲ့ဖူး၏။ ပို၍ အရေးကြီးသည်မှာ ကျိယွမ်သည် ချမ်းသာသော သာမန်စိတ်ဝိညာဥ်အဆင့်သ ခင်လေးတစ်ဦးမျှသာဟု သူမ ထင်မှတ်ခဲ့သော်လည်း ယခုအခါ သူ၏ နောက်ခံမှာ သူမ ထင်ထားသည်ထက် ပိုမို ရှုပ်ထွေးနိုင်သည်ဟု သိလိုက်ရခြင်း ဖြစ်၏။
မြေးမလေးမှာလည်း အံ့အားသင့်သွားပြီး ဆိုးသွမ်းအင်မော်တယ်ကို ဆိုးဆိုးရွားရွားအထင်မသေးမိ၍ တော်သေးသည်ဟု တွေးမိသည်။
"နောက်တစ်ခါ သူ့ကို နန်းတော်ကို ခေါ်သွားရင် ယွမ်ချန်း တာဝန်ကျတဲ့အချိန်ကို ရှောင်ပါ"
အဘိုးကြီးက သတိပေးလိုက်၏။
"ကျေးဇူးတင်ပါတယ် "
လီရော့ရှန်းက ရိုးသားစွာ ပြန်ပြောသည်။
"နောက်တစ်ခုက ရန်ချွေရဲ့ ပစ္စည်းတွေထဲက ခြောက်ဆယ်ရာခိုင်နှုန်းပဲ ယူခွင့်ရှိမယ်ဆိုတာကိုလည်း မှတ်ထားပါ"
"နားလည်ပါပြီ"
-----------------