ဆရာတူညီမလေး၏ လိမ္မာပါးနပ်သော အကြံစည်
Vol. 22 Ch. 252
ကျိယွမ်၏ စကားကို ကြားလိုက်ရသောအခါ မီးလျှံဧကရာဇ်သည် သက်ပြင်းတစ်ချက်ကို စိတ်သက်သာရာရစွာ ချလိုက်မိသည်။
အခြားသူများက ထိုသို့ပြောလျှင် အမှန်တကယ်လုပ်ရဲလိမ့်မည်ဟု သူမယုံကြည်ပါ ။ သို့သော် မုလနတ်ဘုရားက ပြောလျှင်တော့ မယုံ၍မရပေ ။ သူက တကယ်ပြောပြီး အဟုတ်လုပ်တတ်သူဖြစ်၏။
"မူလနတ်ဘုရား မဟာအုပ်စိုးရှင်စံပယ်က အလွန် အစွမ်းထက်တယ်။ ဒါ့အပြင် သူ့ရဲ့ ဖခင်ကြောင့် နယ်မြေသုံးခုလုံးမှာ သြဇာအာဏာလည အလွန်ကြီးမားတယ်။ စီနီယာ ပုဂ္ဂိုလ်ကြီးတွေတောင်မှ သူမကို အရိုအသေပေးကြရတာမို့ သူ့ကို အလွယ်တကူ မပြစ်မှားမိဖို့ လိုအပ်တယ်"
မီးလျှံဧကရာဇ်သည် စံပယ်၏အကြောင်းကို ပြောဆိုနေစဉ် သူ၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေခဲ့သည်။ သူက အမှန်တရားကို ပြောခြင်းပင်။ဒေသကြီးသုံးခုအတွင်း၌ စံပယ်သည် အင်အားအကြီးဆုံး မဟုတ်သော်လည်း မည်သူမျှ မထိရဲ မတို့ရဲဆုံး သောပုဂ္ဂိုလ်ဖြစ်သည်။ သူမ၏ဖခင် ချန်ထားရစ်ခဲ့သော ဒဏ္ဍာရီလာလျှို့ဝှက်ရတနာများကြောင့် သူမ၏ အနီးအနားတွင် မျက်နှာလုပ်လိုသူများ ဝိုင်းဝိုင်းလည်နေ၏။
"ဒါနဲ့ မူလနတ်ဘုရား ၊ မင်းဘယ်အချိန်တုန်းက မဟာအုပ်စိုးရှင်စံပယ်နဲ့ သွားပတ်သက်မိလိုက်တာလဲ"
ဆိုးသွမ်းအင်မော်တယ်က ထိုကိစ္စကို အလွန်သိချင်နေပုံရသည်။
"ငါ သူ့ကို မသိဘူး"
ကျိယွမ်ကလည်း နားမလည်နိုင်ဖြစ်နေ၏။သူသည် ထိုအမျိုးသမီးကို အမှန်တကယ် မသိရှိသကဲ့သို့ သူမ၏ ဒဏ္ဍာရီလာလျှို့ဝှက်ရတနာများကိုလည်း စိတ်မဝင်စားပါ ၊ သူက ရတနာ မမြင်ဖူးသူမဟုတ်ပေ ။ သူစိတ်ဝင်စားသည်က ထိုရတနာများထဲ၌ ရှိသော နည်းစနစ်များသာဖြစ်သည်။
သူ၏အဖြေကို ကြားသောအခါ မီးလျှံဧကရာဇ်က မျက်မှောင်ကြုတ်လိုက်ပြီး "ဒါဆိုရင် သူမက ဘာလို့ အဲဒီလို စကားမျိုး ပြောရတာလဲ" ဟု ရေရွတ်သည်။
"မူလနတ်ဘုရားက ရုပ်ချောလွန်းလို့နေမှာပေါ့။ ကျွန်တော်သာ မိန်းကလေးဆိုရင်လည်း သူ့ကို ချစ်မိမှာပဲ"
ဆိုးသွမ်းအင်မော်တယ်က ကျိယွမ်အား မျက်စပစ်ကာ နောက်ပြောင်လိုက်၏။
"ငါ့အနားက ထွက်သွားစမ်း"
ကျိယွမ်က ဆိုးသွမ်းအင်မော်တယ်ကို ရွံသလိုကြည့်ကာ ငေါက်လိုက်သည်။
ရေခဲတောင်သခင်မနှင့်မီးလျှံဧကရာဇ်တို့သည် ထိုမြင်ကွင်းကြောင့် သဘောကျစွာ တဟားဟားအော်ရယ်တော့သည်။ မူလနတ်ဘုရားနှင့် ဆိုးသွမ်းတို့က ယခင်ကလည်း ဆုံထားဖူးသူများမို့ သူတို့ထက်ပိုရင်းနှီးပုံရ၏။
"မဟာအုပ်စိုးရှင်စံပယ်နဲ့ ပတ်သက်ပြီးတော့ ငါ့ရဲ့ ဂျူနီယာညီမလေးဆီကနေ အကြံဉာဏ် တောင်းကြည့်လို့ ရလောက်တယ်။ သူကလည်း ချမ်းသာတဲ့ မိန်းကလေးတစ်ယောက် ဖြစ်တာကြောင့် ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ အကြံဉာဏ် ရှိနိုင်တယ်"
ကျိယွမ်က ထိုသို့ပြောရင်း ကျောက်စိမ်းပြားကို ထုတ်ယူကာ သူ၏ညီမလေးဖြစ်သူ ကျန်းလင်းစုထံသို့ သတင်းပို့လိုက်သည်။
"ညီမလေး ... အစ်ကိုကြီး အခုတလော ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံနေရတယ်။ အစ်ကိုကြီးက သူ့ကို မမြင်ဖူးသလို သူကလည်း အစ်ကိုကြီးကို တစ်ခါမှ မတွေ့ဖူးဘူး။ ဒါပေမဲ့ သူက အစ်ကိုကြီးကို ကြိုက်တယ်လို့ လူသိရှင်ကြား ကြေညာထားတယ်။ သူ့ဆီမှာ အစ်ကိုကြီး လိုချင်တဲ့ ပစ္စည်းအချို့လည်း ရှိနေတော့။ အဲဒီပစ္စည်းတွေကို သူ့ဆီကနေ ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မင်း ဘယ်လိုထင်သလဲ"
သူ၏ ညီမလေးသည် ချမ်းသာသူဖြစ်သဖြင့် သူ့အား အရင်းအမြစ်များစွာ ပေးအပ်ဖူးရုံမျှမက အစ်မဖြစ်သူကျန်းယာ၏ နည်းစနစ်များကိုပင် တိတ်တဆိတ် ပေးခဲ့ဖူးသည်။ ကျိယွမ်၏ အစောပိုင်း အောင်မြင်မှုများသည် သူ၏ ချမ်းသာသော ညီမလေး၏ ပံ့ပိုးမှုကြောင့်ပင်။
ထို့ကြောင့် အခြားသူများထံမှ ပစ္စည်းရအောင်ယူရာတွင် ချမ်းသာသောညီမလေးဖြစ်သူကို အကြံဉာဏ်တောင်းရန်သူစိတ်ကူးမိခြင်းဖြစ်သည်။ ချမ်းသာသောမိန်းမများအကြောင်းကို ချမ်းသာသောမိနိးမအချင်းချင်းကသာ ပိုသိနိုင်၏။ရေခဲတောင်သခင်မက ချမ်းသာသော်လည်း ညီမလေးလောက်မရင်နှီးသေးသဖြင့် မေးရန်မသင့်တော်ပေ။
တစ်ချိန်တည်းတွင် ကျိစယ်တောင်ထိပ်၌ ရှိနေသော ကျန်းလင်းစုသည် အံ့အားသင့်ကာ မျက်လုံးလေးများ ဝိုင်းစက်သွားပြီး အလွန် ချစ်စရာကောင်းအောင် နှုတ်ခမ်းလှလှလေးကိုစူထား၏။ သူမသည် စိတ်ဆိုးမာန်ဆိုးဖြင့် မျက်မှောင်ကြုတ်ကာ မကျေမနပ်ရေရွတ်လိုက်သည်။
"အစ်ကိုကြီးက ရှင်းဟွာအဖွဲ့က သူငယ်ချင်းတွေနဲ့ သွားတွေ့တာ မဟုတ်ဘူးလား။ အခု ဘယ်က ချမ်းသာတဲ့ မိန်းမက ပါလာတာလဲ"
"ဘာပဲပြောပြော... အစ်ကိုကြီးကို တစ်ခါတောင် မတွေ့ဖူးဘဲနဲ့ ကြိုက်တယ်လို့ ပြောနေတာလား။ အဲဒီမိန်းကလေးက မရိုးသားတာ သေချာတယ် "
အစ်ကိုကြီးကို တွေ့ဖူးသွား၍ ကြိုက်မိသွားသည်ဆိုလျှင် ထိုအချက်ကို သူမ လက်ခံနိုင်၏။အဘယ့်ကြောင့်ဆိုသော် ဆရာတူအစ်ကိုကြီး၏ ချောမောမှုကို သူမအသိဆုံးဖြစ်သောကြောင့်ပင်။သေချာကြည့်လေ အစ်ကိုကြီးက ခန့်ညားလေပင်။
ငါ့အစ်ကိုကြီးက စကားမပြောသရွေ့ ပြိုင်ဘက်ကင်းအောင် ချောမောခန့်ညားတာ။
သူမက ထို့သို့တွေးတောရင်းမှ အစ်ကိုကြီးအား အကြောင်းပြန်ရန် စဉ်းစားလိုက်သည်။
"အစ်ကိုကြီး ... သူက အစ်ကိုကြီးကို ကြိုက်တယ်လို့ ပြောတယ်မလား။ ဒါဆိုရင် သူ့ဆီ တိုက်ရိုက်သွားပြီး တောင်းကြည့်လိုက်လေ။ အမှန်တကယ် ကြိုက်တာဆိုရင် အစ်ကိုကြီး လိုချင်တာကို သူ ပေးမှာပဲ။ ပေးရင်တော့ အစ်ကိုကြီး လိုချင်တာ ရတာပေါ့။ မပေးဘူးဆိုရင်တော့ သူက အစ်ကိုကြီးကို ကစားနေတာပဲ "
ကျိယွမ်သည် ကျန်းလင်းစု၏ အကြောင်းပြန်ချက်ကို ဖတ်ပြီးနောက် အားရပါးရ ပြုံးလိုက်သည်။
"ငါ့ညီမလေးက ရုပ်လည်းလှသလို ဉာဏ်လည်း ကောင်းတယ်။ သူရဲ့ ပညာက ပညာရှိကြီးတွေနဲ့တောင် ယှဉ်လို့ရတာပဲ"
ညီမလေး၏အကြံဉာဏ်မှာ ကျိုးကြောင်းဆီလျော်လှသည် ။
မဟာအုပ်စိုးရှင်စံပယ်နှင့် တိုက်ရိုက်တွေ့ဆုံရန် သူအချိန်ရှာရမည်။ အကယ်၍ သူမကသာ သူ့ကို တကယ်ချစ်သည်ဟု ဆိုပါက လျှို့ဝှက်ရတနာများကို ပေးရန် ဝန်လေးနေမည် မဟုတ်ပေ။ အကယ်၍ ပေးကမ်းခြင်းကို လက်ဆောင်အဖြစ် သတ်မှတ်ခဲ့ပါက နောင်တစ်ချိန် တရားရုံးရောက်လျှင်ပင် ပြန်ပေးစရာ မလိုတော့ပါ။
ဤအစီအစဉ်သည် လက်ထပ်ခြင်းထက် ပိုမိုရိုးရှင်းပြီး ထိရောက်သည်ဟု သူက ယူဆ၏။
အခြား ဧကရာဇ်သုံးပါးမှာမူ ကျန်းလင်းစုက မည်သို့ အကြံပေးလိုက်သည်ကို မသိရှိသဖြင့် နားမလည်နိုင်သော မျက်နှာများဖြင့် ကြည့်နေကြသည်။
"စံပယ်ရဲ့ ကိစ္စအတွက် အဖြေရပြီ။ အခုတော့ လမ်းစဥ်ရှာဖွေရေး နန်းတော် နည်းစနစ်တွေကို ဘယ်လိုရအောင် ယူမလဲဆိုတာ ဆွေးနွေးကြစို့"
ကျိယွမ်က မူရင်းကိစ္စကို ပြန်သွားလိုက်သည်။သူ၏လာရင်းရည်ရွယ်ချက်ထဲတွင် ထိုကိစ္စကသည်အဓိကဖြစ်ပြီး စံပယ်၏အချစ်ရေးက လမ်းကြုံပေါ်လာခြင်းသာဖြစ်၏။
ထိုအချိန်တွင် ဝမ်ရှန်းမျှော်စင် အတွင်းသို့ တစ်ခေါင်းလုံးနီးပါးဖြူနေသော အဘိုးအိုတစ်ဦးပေါ်လာခဲ့သည်။ သူ၏မျက်လုံးများထဲတွင် မရမကထိန်းချုပ်ထားသော ဒေါသတရားများ ပြည့်လျှံနေ၏။
"ဖုန်းရှဲ့ဆိုတဲ့ကောင် ဒီအဆောက်အအုံထဲမှာ ရှိနေလား"
ထိုဆံပင်ဖြူအဖိုးအိုမှာ အခြားသူမဟုတ်၊ အကြီးအကဲ ရှန့်ယွန်ပင် ဖြစ်သည်။
သူနှင့် မီးလျှံဧကရာဇ်တို့၏ ဆက်ဆံရေးမှာ အမြဲတမ်းဆိုးဝါးခဲ့ပြီး တစ်ဦးကိုတစ်ဦး သတ်ဖြတ်ရမည့် ရန်သူများအဆင့်အထိပင် ရောက်နေလေပြီ။
အကယ်၍ သူသည် ဖုန်းကျွင်းကို ကြောက်ရွံ့မနေရလျှင် ၊ နန်းဆောင်သခင်မစံပယ်၏ သဘောထားအမှန်ကို သိရလျှင် မီးလျှံဧကရာဇ်ဆိုသောကောင်ကို ဟိုးယခင်ကတည်းကပင် အပိုင်းပိုင်းခုတ်ထစ်ပစ်ခဲ့ပြီးသား ဖြစ်ပေလိမ့်မည်။
သူ နောက်ဆုံးအကြိမ် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာစဉ်က သူငယ်ချင်းများထံမှ မက်ဆေ့ချ်များစွာ လက်ခံရရှိခဲ့သည်။
ထိုသူငယ်ချင်းများက သူသည် နှစ်ပေါင်း ၃၀၀ ကြာအောင် တရားထိုင်နေလျက်နှင့် အဘယ့်ကြောင့် အသက် ၁၈ နှစ်အရွယ် သားတစ်ယောက်ကို ရရှိခဲ့သနည်းဟု ဝိုင်းဝန်းမေးမြန်းခဲ့ကြ၏။
ထိုအချိန်ကဆိုလျှင် သူသည် အလွန်ဒေါသထွက်ခဲ့ပြီး သူ၏ကိုယ်လုပ်တော်တစ်ဦးက သူတံခါးပိတ်ကျင့်နေတုန်း သူ့အပေါ် ဖောက်ပြန်ခဲ့သည်ဟုပင် ထင်မှတ်ခဲ့မိသည်။
သို့သော် နောက်ပိုင်းတွင် ၎င်းမှာ ကောလာဟလသက်သက်သာဖြစ်ကြောင်း သူ သိရှိခဲ့ရပြီး
ထိုကောလာဟလ၏ အရင်းအမြစ်မှာမီးလျှံဧကရာဇ်ဟု လူသိများသော ဖုန်းရှဲ့ ဖြစ်ပြီး သူက ရှင်းဟွာဖိုရမ်တွင် ဤသို့ ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။
"ပြောလိုက်ရင်လန့်သွားမယ် ၊ နှစ်ပေါင်း ၃၀၀ ကြာ တရားထိုင်အပြီးမှာ အကြီးအကဲ ရှန့်ယွန်းမှာ အသက် ၁၈ နှစ်အရွယ် သားတစ်ယောက် ရှိနေပြီ"
၎င်းမှာ ကောလာဟလဖြစ်သော်လည်း ကျင့်ကြံသူအများအပြားကမူ သူသည် သိက္ခာဆယ်ရန်အတွက် ထို "သား" ကို သတ်ပစ်လိုက်ပြီဟုပင် သတင်းများထပ်လွှင့်နေသဖြင့် လူအများက ပို၍ပင်ယုံကြည်သွားတော့သည်။
ဤကိစ္စက အကြီးအကဲ ရှန့်ယွန်း၏ ရင်ထဲတွင် မီးလျှံဧကရာဇ်အပေါ် နက်ရှိုင်းသော အမုန်းတရားများကို မွေးဖွားစေခဲ့၏။
ကံမကောင်းစွာဖြင့် ထိုဖြစ်ရပ်အပြီးတွင် မီးလျှံဧကရာဇ်သည် ဖုန်းကျွင်း၏ ကာကွယ်မှုအောက်တွင် တံခါးပိတ်ကျင့်ကြံသွားခဲ့သဖြင့် အကြီးအကဲ ရှန့်ယွန်းအနေဖြင့် လက်စားချေရန် အခွင့်အရေး လုံးဝမရရှိခဲ့ပေ။
သို့သော် ယခုအခါမှာတော့ မီးလျှံဧကရာဇ်သည် တရားထိုင်ရာမှ ထွက်လာပြီး သူငယ်ချင်းများကို စုဝေးရန် ဖိတ်ကြားထားသည်ဆိုသဖြင့် လက်စားချေရန် အကောင်းဆုံးအခွင့်အရေး ဖြစ်လာခဲ့လေပြီ။
"သူက ကိုးလွှာက နံပါတ် ၁၂ အခန်းထဲမှာပါ"
လက်ထောက်တာဝန်ခံက ဝန်လေးစွာ ပြန်ဖြေခဲ့သည်။
အကြီးအကဲ ရှန့်ယွန်း၏ လေသံအရ ကောင်းကျိုးတစ်ခုမှ ဖြစ်လာမည်မဟုတ်ကြောင်း သူ သိနေသော်လည်း မလွန်ဆန်နိုင်သဖြင့် ဖြေလိုက်ရ၏။
"ဟွန်း... အပေါ်တက်ပြီး သူ့ကို အပြင်ကန်ထုတ်လိုက်စမ်း။ အဲဒီအခန်းကို ငါ လိုချင်တယ်။ သူက ဧည့်သည်တွေကို ဧည့်ခံနေတာ မဟုတ်လား ၊ သူ့သူငယ်ချင်းတွေရှေ့မှာ အရှက်ကွဲသွားပါစေ"
အကြီးအကဲ ရှန့်ယွန်းက အဆိပ်ပြင်းစွာ ပြောလိုက်သည်။
အထက်လူကြီးများ၏ သဘောထားကို မသေချာသဖြင့် ဖုန်းရှဲ့ကို မသတ်ရဲသော်လည်း၊ သူ့ကို အရှက်ခွဲရန်မှာမူ သူ၏အတိုင်းအတာထဲ၌ ရှိနေသည်။
"ဒါက... သိပ်မကောင်းဘူး ထင်တယ်ဗျ။ နောက်ပြီး သူတို့ထဲက တစ်ယောက်က နောက်ခံမသိရတဲ့ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပုံရတယ်။ သူတို့ကို သွားစော်ကားမိရင်..."
လက်ထောက်တာဝန်ခံက တွန့်ဆုတ်နေမိသည်။
၎င်းမှာ သူ မလုပ်ချင်ဆုံး အလုပ်တစ်ခုပင်။
"ဖုန်းထျန်းနယ်မြေ ထဲမှာ ဖုန်းနန်းတော်က မစော်ကားရဲတဲ့သူ ရှိလို့လား"
အကြီးအကဲ ရှန့်ယွန်းက မောက်မာစွာ ပြောလိုက်ပြီး တာဝန်ခံအားဖိအားပေးလိုက်သည်။ ဖုန်းနန်းတော်မှာ ဖုန်းထျန်းနယ်မြေတွင် နံပါတ်တစ် အင်အားကြီးအဖွဲ့အစည်းဖြစ်သလို ၎င်း၏ အရှင်သခင်မှာ အခြားသူမဟုတ်ပါ ။ မဟာအုပ်စိုးရှင်စံပယ်ပင် ဖြစ်သည်။
ဖုန်းနန်းတော်ကို မဟာအုပ်စိုးရှင် စံပယ်၏ ဖခင်ဖြစ်သူ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းသိန်းချီသော သမိုင်းကြောင်းရှိကာ အုတ်မြစ်ခိုင်မာလှ၏။ ပြောရလျှင် ဖုန်းနန်းတော်မှာ ဖုန်းထျန်းနယ်မြေ၏ အငြင်းပွားဖွယ်မရှိသော ထိပ်တန်းအရှင်သခင်ဖြစ်လေသည်။
ဒဏ္ဍာရီလာပုဂ္ဂိုလ်များပင်လျှင် ဖုန်းနန်းတော်၏ အရှင်သခင်ဟောင်းကို မျက်နှာထောက်ထားကြရပြီး၊ ထိုမှတစ်ဆင့် မဟာအုပ်စိုးရှင်စံပယ်ကိုလည်း လေးစားကြရသည်။
အကြီးအကဲ ရှန့်ယွန်း၏ ဖခင်မှာ ဖုန်းနန်းတော်မှ ယင်နတ်ဘုရားတစ်ဦးဖြစ်သဖြင့် သူသည် ပို၍ မောက်မာရဲတင်းနေလေတော့သည်။
ထို့အပြင် မီးလျှံဧကရာဇ်ကို နှိပ်ကွပ်ခြင်းကလည်း ဖုန်းနန်းတော်ဘက်မှကြည့်လျှင် နိုင်ငံရေးအရ မှန်ကန်သော လုပ်ရပ်တစ်ခုဖြစ်နေသည်။ မီးလျှံဧကရာဇ်၏ ဖခင်ဖြစ်သူ ဖုန်းကျွင်းမှာ ဖုန်းနန်းတော် အရှင်သခင်ဟောင်း၏ တရားမဝင်သားဖြစ်ပြီး သခင်မစံပယ်၏ ဖခင်တူမောင်နှမ ဖြစ်သည်ဟု ကောလာဟလများ ရှိနေ၏။ သို့သော် သခင်မစံပယ်သည် ထိုမောင်ဖြစ်သူကို မနှစ်သက်ဟုလည်း ဆိုကြသည်။
ထို့ကြောင့် အကြီးအကဲ ရှန့်ယွန်းသည် ဖုန်းရှဲ့အပေါ် ပုဂ္ဂိုလ်ရေးအရ လက်စားချေနေသယောင် ထင်ရသော်လည်း၊ အမှန်တကယ်တွင် ဖုန်းရှဲ့၏ဘဝကို ခက်ခဲအောင်လုပ်ရန် အထက်လူကြီးများ၏ ဆန္ဒကို အကောင်အထည်ဖော်နေခြင်းဟုလည်း ဆိုနိုင်၏။
လက်ထောက်တာဝန်ခံမှာ ငြင်းဆန်၍မရတော့သည့်အဆုံး၌ သက်ပြင်းချကာ လက်ခံလိုက်ရတော့သည်။
"ခင်ဗျား သဘောအတိုင်းပါပဲ"
ဖုန်းနန်းတော်နှင့် ပတ်သက်လာလျှင် သူ မည်သို့ ငြင်းဆန်နိုင်မည်နည်း။
"ဒါနဲ့ အဲဒီကောင်နဲ့အတူရောက်နေတဲ့သူတွေက ဘယ်သူတွေလဲ"
အကြီးအကဲရှန်ယွန်းက မေးလိုက်သည်။သူကစိတ်ဝင်စားလှသည် မဟုတ်သော်လည်း မလိုအပ်သောပြဿနာများ မနွယ်လာစေရန် သတိထားခြင်းသည် အကောင်းဆုံးဖြစ်၏။
"ဖုန်းထျန်းနယ်မြေက မဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်က ခရမ်းရောင်နန်းတော် အဆင့်ကျင့်ကြံသူ၊ ဝတ်စားပုံအရဆိုရင် အထက်တန်းလွှာနောက်ခံရှိပုံရတယ်။ နောက်တစ်ယောက်ကတော့ အရှေ့ပိုင်းဒေသ လူငယ်ပါရမီရှင်စာရင်းထဲက ကောင်းရှောက်ယွီ တဲ့၊ ခရမ်းရောင်နန်းတော်အဆင့် ဂိုဏ်းတစ်ခုကပဲ။"
" တတိယတစ်ယောက်ကတော့... မသိရဘူး၊ ဒါပေမဲ့ သူ့ဝတ်ရုံက ကောင်းရှောက်ယွီထက်တောင် ပိုပြီးသာမန်ကာလျှံကာနိုင်တယ်။ အလွန်ဆုံးရှိလှ ခရမ်းရောင်နန်းတော်အဆင့် ဂိုဏ်းတစ်ခုကပဲ ဖြစ်မှာပါ"
လက်ထောက်တာဝန်ခံမှာ အမှန်တကယ်ပင် သတင်းအချက်အလက် စုံလင်သူဖြစ်သည်။
သူသည် မထင်ရှားလှသော ဆိုးသွမ်းအင်မော်တယ်ကိုပင် အရှေ့ပိုင်းဒေသ လူငယ်ပါရမီရှင်စာရင်းဝင်အဖြစ် မှတ်မိခဲ့သည်။
"အရှေ့ပိုင်းဒေသ လူငယ်ပါရမီရှင်စာရင်းဝင် ဟုတ်လား"
အကြီးအကဲ ရှန့်ယွန်း အံ့အားသင့်သွားသည်။
"ဖုန်းရှဲ့က ဒီလောက် အသုံးမကျတဲ့ အဆင့်တွေနံ့ ပေါင်းနေတာလား"
သူသည် အရှေ့ပိုင်းဒေသ ပါရမီရှင်စာရင်းကြီးမှ ထိပ်တန်း အယောက် ၂၀ ကိုသာ အာရုံစိုက်ပြီး ကျန်သူများကို အမှုမထားပေ။ လူငယ်ပါရမီရှင်စာရင်းဆိုသည်မှာမူ သူ့အတွက် အမှိုက်ထဲက အမှိုက်သာ ဖြစ်သည်။
"ဟုတ်ပြီ ...အဲဒီနှစ်ယောက်က ဒီလောက် အသုံးမကျဘူးဆိုရင်... ငါ သူတို့ကို နမူနာအဖြစ် အပြစ်ပေးပြမယ်"
အကြီးအကဲရှန့်ယွန်း၏ မျက်လုံးများထဲတွင် အေးစက်သော အရောင်များ လက်ခနဲ ဖြစ်သွားသည်။
သူသည် မီးလျှံဧကရာဇ်ကို မသတ်နိုင်သော်လည်း ဘာမဟုတ်သည့် လူနှစ်ယောက်ကို ရှင်းပစ်ရန်မှာ ပြဿနာမဟုတ်ပေ။ ဖုန်းနန်းတော်က သိသွားလျှင်ပင် အထက်လူကြီးများက သူ့ကို ချီးမွမ်းကြလိမ့်မည်။
ဖုန်းကျွင်းနှင့်မီးလျှံဧကရာဇ်တို့ကို အခက်ခဲတွေ့အောင် လုပ်ဆောင်ခြင်းမှာ ဖုန်းနန်းတော်အတွင်းရှိ အားလုံး၏ တူညီသော ရည်မှန်းချက် ဖြစ်နေသောကြောင့်ပင်။
လက်ထောက်တာဝန်ခံကတော့ တွန့်ဆုတ်နေ၏။
အကြီးအကဲ ရှန့်ယွန်း ဘာလုပ်ချင်နေသည်ကို သူကောင်းကောင်း နားလည်လေသည်။
ထိုအဖွဲ့ထဲတွင် အမျိုးသမီးကျင့်ကြံသူ၏ နောက်ခံမှာ ယင်နတ်ဘုရားတစ်ပါးပါးနှင့် ပတ်သက်နေနိုင်သဖြင့် သူမကို မစော်ကားရဲပေ။
နောက်ခံအင်အားကောင်းသော မီးလျှံဧကရာဇ်ကိုလည်း တိုက်ရိုက်မသတ်နိုင်ပြန်။
အကောင်းဆုံး ပစ်မှတ်များမှာ အင်အားနှင့် နောက်ခံမရှိသော ကောင်းရှောင်ယွီ နှင့်အမည်မသိလူငယ်တို့ပင် ဖြစ်သည်။
သူတို့ကို အပြစ်တစ်ခုခုဖြင့် စွပ်စွဲပြီး ဝမ်ရှန်းမျှော်စင်အပြင်သို့ လွှင့်ပစ်ကာ အစောင့်များဖြင့် ရိုက်သတ်ခိုင်းလိုက်လျှင် ရသည်။
ဤသို့လုပ်ခြင်းဖြင့် မီးလျှံဧကရာဇ်ကို အထိရောက်ဆုံး အရှက်ခွဲနိုင်ပေလိမ့်မည်။
"ဒါကို ငါ့အတွက် လုပ်ပေးရင် မင်းကို ဆုလာဘ်ပေးမယ်။ မင်း ရန်လီရဲ့ မြေးမလေးကို မျက်စိကျနေတာ မဟုတ်လား ၊ ဒါကို သေချာလုပ်ပေး၊ ဒီည အဲဒီကောင်မလေး မင်းရဲ့ အိပ်ရာပေါ် ရောက်လာအောင် ငါ စီစဉ်ပေးမယ်"
ဤစကားကို ကြားသောအခါ တွနိ့ဆုတ်နေသော လက်ထောက်တာဝန်ခံ၏ မျက်လုံးများမှာ လောဘဖြင့် တောက်ပလာပြီး တံတွေးကို မသိမသာ မျိုချလိုက်မိသည်။
"လုပ်ပေးပါ့မယ်"
အကြီးအကဲ ရှန့်ယွန်းက အားရပါးရ ရယ်မောလိုက်သည်။
သူက မျှော်စင်ပေါ်သို့ မော့ကြည့်ပြီး အငြှိုးကြီးစွာ ရေရွတ်၏။
"ဖုန်းရှဲ့... ငါ့ကို ရန်သူအဖြစ် သတ်မှတ်ခဲ့တာဟာ မင်းဘဝရဲ့ အမိုက်မဲဆုံး ဆုံးဖြတ်ချက်ပဲ"
ပထမတွင်တော့ သူသည် ဖုန်းနန်းတော် အထက်လူကြီးများ၏ ဆန္ဒအရ မီးလျှံဧကရာဇ်ကို နှိပ်ကွပ်ရန် အမြဲတိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် မီးလျှံဧကရာဇ်က သူ့ကို ပြန်လည်တိုက်ခိုက်ရဲပြီး အကြိမ်ကြိမ် ဒဏ်ရာရအောင် လုပ်လိမ့်မည်ဟုတော့ ထင်မထားခဲ့ပါ။
အကြီးအကဲရှန့်ယွန်းက လက်သီးများကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
"ပြောလိုက်ရင် လန့်သွားမယ်ဆိုတဲ့ကောင် ၊ အခု ဘယ်သူလန့်သွားမလဲဆိုတာ သိသွားစေရမယ် .. ဟားဟား ဟားဟားဟား "
ထိုအချိန်တွင် ဝမ်ရှန်းမျှော်စင် အတွင်း၌..။
.
ကျိယွမ်က လက်ကာပြလိုက်သည်။
"ငါတို့အားလုံးက ညီအစ်ကိုတွေပဲ။ မင်းရဲ့ ပြဿနာက ငါ့ပြဿနာပေါ့ ၊ ဟိုးတုန်းက အလင်းနန်းတော် က ငါ့ကို ဖိနှိပ်တုန်းက မင်းတို့အားလုံးပဲ ငါ့ဘက်ကရပ်တည်ပြီး အားပေးခဲ့ကြတာ မဟုတ်လား"
မီးလျှံဧကရာဇ်မှာ ကျေးဇူးတင်သော အမူအရာ ဖြစ်သွားသည်။ သူ၏ အခက်အခဲကို ကျိယွမ်အား လိုလိုမယ်မယ် ပြောပြခဲ့ပြီးဖြစ်၏။
သူကျင့်ကြံရာမှထွက်ကာ အပြင်သို့ရောက်လာခြင်းက ရှန့်ယွန်းအတွက် လက်စားချေရန် အခွင့်အရေးပေးလိုက်သလိုဖြစ်သွားမည်ကို သူအလွန်စိုးရိမ်နေသည်။
ယခုလို အဝေးမှမိတ်ဆွေများလာခိုက် ထိုသို့ဖြစ်သွားလျှင် အလွန်မျက်နှာပူစရာကောင်းပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ် မူလနတ်ဘုရား"
မီးလျှံဧကရာဇ်က သက်ပြင်းချရင်း ပြောလိုက်သည်။
အကြီးအကဲရှန့်ယွန်း ပြဿနာရှာလာလျှင် ကျိယွမ်၏ အင်အားကို အသုံးချရန်အတွက် သူက သူငယ်ချင်းများကို တမင်တကာဖိတ်ခေါ်ခဲ့သည်ဟု အထင်လွဲသွားမည်ကိုလည်း သူအလွန် စိုးရိမ်၏။
"ပွင့်ပွင့်လင်းလင်းပဲ လုပ်စမ်းပါ။ ငါ့ရဲ့ ကြယ်အမြုတေ နဲ့ ငါ ပေါင်းစပ်ထားတဲ့ စိတ်ဝိညာဥ်လေးထောင်ကျော်အကြောင်း မင်းကို ပြောပြတုန်းကလည်း ငါ ဘာမှ မဖုံးကွယ်ခဲ့ဘူး မဟုတ်လား"
ကျိယွမ်က မီးလျှံဧကရာဇ်နှင့်စကားစပ်မိစဥ်က ထိုကိစ္စအား ကြွားဝါဖူးလေသည်။
"စိတ်ဝိညာဥ် လေးထောင်ကျော်လား"
ဆိုးသွမ်းအင်မော်တယ်က ကြောက်လန့်တကြား တံတွေးမျိုချလိုက်မိသည်။
"မင်းမှာ အဲဒီလောက်အများကြီး ရှိနေရင် ငါ့ကို တစ်ခုလောက် ပေးလို့မရဘူးလား"
ရေခဲတောင်သခင်မလည်း မျက်လုံးပြူးသွား၏။ သူမ၏ သူငယ်ချင်းသည် အဘယ့်ကြောင့် သာမန်လူများလို မကျင့်ကြံရလေသနည်း ။
"မူလနတ်ဘုရား ၊ နင် ကလေးတွေအများကြီး ယူဖို့များ စဉ်းစားနေတာလား "
ထိုအခိုက်အတန့်တွင် သီးသန့်ခန်း၏ တံခါးမှာ ရုတ်တရက် ပွင့်ထွက်သွား၏။
---------------