← Chapters

မူလနတ်ဘုရား မျှဝေခြင်းအသင်း

Vol. 22 Ch. 255

မူလနတ်ဘုရား မျှဝေခြင်းအသင်း

Vol. 22 Ch. 255

"မျှဝေမယ် ဟုတ်လား"

ကျိယွမ် အံ့အားသင့်သွား၏။

ထိုစကားသည် သူက မီးလျှံဧကရာဇ်ကို သင်ကြားပေးခဲ့ဖူးသော ဝေါဟာရတစ်ခု ဖြစ်၏။ ယခုအခါမှာတော့ မီးလျှံဧကရာဇ်က ၎င်းကို သူ၏ဝေါဟာရလိုလို ပြန်လည်သုံးစွဲနေသည် ။ သို့သော် သူကထိုအရာကို ကပ်တွက်မနေတော့ပါ။

"မင်းရဲ့ အကြံပြုချက်က စိတ်ဝင်စားဖို့ကောင်းတယ်... ဒါပေမဲ့ လူတွေ မျှဝေလာအောင် ဘယ်လိုလုပ်မလဲ"

ကျိယွမ်က အဓိကအချက်ကို မေးမြန်းလိုက်၏။

အရင်းအမြစ်များ မျှဝေ​ရေးပလက်ဖောင်းတစ်ခုအနေဖြင့် သူက အခြားသူများ၏ အရင်းအမြစ်များကို ပွင့်ပွင့်လင်းလင်း အခွင့်ကောင်းယူနိုင်သော်လည်း၊ အခြားသူများဘက်က မျှဝေလိုစိတ်ရှိလာစေရန် ခိုင်လုံသော အကြောင်းပြချက်တစ်ခု လိုအပ်သည်။မည်သူမဆို အကျိုးမြင်မှသာ ညောင်ရေလောင်းချင်ကြပေလိမ့်မည် ။

"ဟုတ်တယ်..တစ်ချို့က စိတ်ပါတယ်ဆိုရင်တောင် ဂိုဏ်းအများစုက သူတို့ရဲ့ အမာခံနည်းစနစ်တွေကို ထုတ်ဖော်ဖို့ ဝန်လေးကြလိမ့်မယ်"

ရေခဲတောင်သခင်မက ဖြည့်စွက်ပြောကြား၏။

ရှေးဟောင်းဂိုဏ်းကြီးအချို့အတွက် ကျင့်စဉ်နည်းစနစ်များသည် သူတို့၏ အုတ်မြစ်ပင် ဖြစ်သည်။ ဤအမွေအနှစ် ကျင့်စဉ်များကို ပြင်ပလူများထံ အလွယ်တကူ မပြသနိုင်ပေ။ အကယ်၍ ပေါက်ကြားသွားပြီး ရန်သူများက သူတို့၏ အားနည်းချက်ကို သိရှိသွားပါက ဘေးဒုက္ခဆိုးနှင့် ကြုံရနိုင်ပြီး ဂိုဏ်းတစ်ခုလုံး ပျက်သုဉ်းသည်အထိ ဖြစ်သွားနိုင်လေသည်။

ထို့ကြောင့် ဂိုဏ်းကြီးများသည် လျှို့ဝှက်ကျင့်စဉ်များ ပြန့်ပွားမှုကို တင်းကျပ်စွာ တားမြစ်ထားခြင်းပင်။ ကျိယွမ်က ကျန်းလင်းစုကို ပေးခဲ့သော ကျင့်စဉ်နည်းစနစ်များသည် ရှန်းကွမ်းဂိုဏ်းအတွက် လျှို့ဝှက်ချက်မဟုတ်သဖြင့် ထိုစဉ်က စိုးရိမ်စရာ မရှိခဲ့ပေ။

"ဂိုဏ်းတစ်ခုက သူတို့ကျင့်စဉ်တွေကို ထုတ်ပေးဖို့ဆိုတာ ကြီးမားတဲ့ အကျိုးအမြတ်မရှိရင် ဒါမှမဟုတ် အတင်းအကျပ် အကျပ်ကိုင်မခံရရင် အလွန်ခက်ခဲလိမ့်မယ်"

ဆိုးသွမ်းအင်မော်တယ်ကလည်း အကြံပြု၏။

ကျိယွမ်၏ အစွမ်းဖြင့် ဂိုဏ်းအချို့ကို အကျပ်ကိုင်၍ နည်းစနစ်များများကို တောင်းယူနိုင်သော်လည်း၊ ကန်းလန်နယ်မြေတစ်ခုလုံးရှိ ဂိုဏ်းတိုင်းကို ထိုသို့လုပ်ရန်မှာ မဖြစ်နိုင်သလို အချိန်ဖြုန်းရာလည်း ရောက်ပေလိမ့်မည်။

"ဒါကြောင့် ငါ့တို့မှာ အကြောင်းပြချက်တစ်ခု လိုအပ်တယ်။ အဲ့ဒီဂိုဏ်းတွေ ကိုယ်တိုင် သင့်တော်တဲ့နည်းစနစ်တွေ ပေးချင်လာမယ့် အကြောင်းပြချက်မျိုးပေါ့။ ကျိယွမ် ..မင်းဆီမှာ နည်းစနစ်တွေ အများကြီးရှိတယ် မဟုတ်လား ၊ မင်းရထားတဲ့ ကျင့်စဉ်တွေကို အရင်တင်ထားပြီး နည်းစနစ်တစ်ခုချင်းစီရဲ့ ရှားပါးမှုအပေါ် မူတည်ပြီး ရမှတ်စနစ်တစ်ခု ထားရှိနိုင်တယ်။"

" မင်းရဲ့ နည်းစနစ်တွေကို ကြည့်ချင်တဲ့သူက သူတို့ဆီကအသစ်တစ်ခု ပြန်တင်ပြီး ရမှတ်ရှာရမယ်။ မင်းဆီမှာ အဆင့်မြင့်နည်းစနစ်တွေ ရှိနေရင် ဘယ်သူမဆိုကြည့်ချင်မှာပဲ ၊ အဲဒီအခါ တခြားဂိုဏ်းတွေက သူတို့ရဲ့ လျှို့ဝှက်မဟုတ်တဲ့ နည်းစနစ်တွေကို လာတင်ကြလိမ့်မယ်။ ဒါဆိုရင် မင်းအတွက် နည်းစနစ်တွေ အများကြီး ရလာမှာပေါ့"

မီးလျှံဧကရာဇ်က သူ၏ အစီအစဉ်ကို အပြည့်အစုံ ရှင်းပြလိုက်၏။

ကျိယွမ် ခေါင်းညိတ်လိုက်သည်။

"ဒီနည်းလမ်းက နည်းလမ်းတွေ အများကြီး ရနိုင်တာ မှန်ပေမဲ့...ငါ့ရဲ့ အလိုဆန္ဒက အလွန်ကြီးမားတယ်လေ။"

အမှန်တွင် ကျိယွမ်က လောဘကြီးလွန်း၍ မဟုတ်ဘဲ ကျိယွမ်ကျမ်း၏ အမြုတေလမ်းစဥ်မှာ အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။ ကြယ်တစ်ပွင့်သည် ကန်းလန်နယ်မြေတွင် အားကောင်းနိုင်သော်လည်း စကြဝဠာကြီးနှင့် နှိုင်းယှဉ်ပါက သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ရှိသည်။

ထို့ကြောင့် စကြဝဠာတစ်ခုလုံးကို ဝါးမြိုရန်အတွက် ကျိယွမ်ကျမ်း သွားရမည့်လမ်းက အလွန်အင်မတန်မှ ဝေးလွန်းနေသေးသဖြင့် နည်းစနစ်များများ ရလေလေ ကောင်းလေလေပင် ။

"နှမြောစရာပဲ၊ အခုလောလောဆယ် အထက်ဘုံကို သွားလို့ မရသေးဘူး၊ မဟုတ်ရင်တော့..."

ကျိယွမ်က မျှော်လင့်တကြီး ရေရွတ်လိုက်၏။

သူသည် ရှန်းဝူရှန်းထံမှ ရရှိထားသော နည်းစနစ်များကြောင့် တော်တော်လေး ချမ်းသာနေပြီ ဖြစ်သည်။ ရှန်းဝူရှန်းက ယခုတစ်ခေါက် အထက်ဘုံမှ မည်သည့်နည်းစနစ်သစ်များ ယူဆောင်လာမည်ကိုလည်း သူ စိတ်ဝင်တစား စောင့်ဆိုင်းနေမိ၏။

ပြီးခဲ့သည့်အကြိမ်က ရှန်းဝူရှန်းထံမှ နတ်ဘုရားအဆင့်နည်းစနစ်တစ်ခု ရရှိခဲ့သော်လည်း ၎င်းကို အခြားသူများအား လက်ဆင့်ကမ်း၍ မရပေ။ မဟုတ်ပါက ထိုနတ်ဘုရားကျင့်စဉ်ကို တင်ပေးလိုက်လျှင် ကန်းလန်နယ်မြေတစ်ခုလုံး တုန်လှုပ်သွားပေလိမ့်မည်။ အကြောင်းမှာ ကန်းလန်နယ်မြေတွင် နတ်ဘုရားအဆင့်ကျင့်စဉ် မရှိဘဲ အမြင့်ဆုံးမှာ ကောင်းကင်အဆင့်ကျင့်စဉ်သာ ရှိသောကြောင့် ဖြစ်သည်။

အကယ်၍ သူနှင့် မီးလျှံဧကရာဇ်တို့က မျှဝေခြင်းအဖွဲ့အစည်းတစ်ခုကို တည်ထောင်ပြီး နတိဘုရားအဆင့်နည်းစနစ်တစ်ခုဖြင့် ကြော်ငြာလိုက်မည်ဆိုလျှင် လူအများကို ဆွဲဆောင်နိုင်မည်မှာ သေချာပါသည်။

ရှန်းဝူရှန်းရေ၊ ငါ မင်းကိုပဲ အားကိုးရတော့မယ်။

"မျှဝေရုံသက်သက်နဲ့တော့ နည်းစနစ်အမြောက်အမြားရဖို့ ခက်လိမ့်မယ်၊ ငါတို့မှာ လမ်းညွှန်မူဝါဒတစ်ခု လိုအပ်တယ်"

ရေခဲတောင်သခင်မက တွေးတွေးဆဆပြောသည်။

"ငါသိပြီ၊ ငါတို့မှာ ဆွဲဆောင်မှုရှိတဲ့ ဆောင်ပုဒ်တစ်ခု လိုတယ်။ ' ကန်းလန်ကို တစ်ကျော့ပြန် ကြီးကျယ်စေရမည်' ( Canglan Great Again) ဆိုရင် ဘယ်လိုလဲ၊ မင်းတို့ ဘယ်လိုထင်လဲ"

ကျိယွမ်က အားတက်သရောမေးလိုက်သည်။ ယခုတစ်ခေါက်တွင် သူသည် အခြားသူတစ်ယောက်၏ စိတ်ကူးကို ချေးငှားလိုက်ခြင်းဖြစ်သည်ကိုတော့ အခြားသူများ မသိပေ။

"အဲဒါက နည်းနည်း ဝေဝါးလွန်းတယ်"

ဆိုးသွမ်းအင်မော်တယ်က အနေခက်သော အပြုံးဖြင့် ထောက်ပြသည်။ ကန်းလန်နယ်မြေ ကြီးကျယ်သည်ဖြစ်စေ၊ မကြီးကျယ်သည်ဖြစ်စေ ကျင့်ကြံသူများအတွက် မည်သို့အရေးပါမည်နည်း။အားလုံးက မိမိကိုယ်တိုင် သို့မဟုတ် မိမိနှင့်သက်ဆိုင်သော မိသားစု အဖွဲ့အစည်း စသည်တို့ ကြီးကျယ်စေဖို့ကိုသာ အဓိက မဟုတ်ပါလား ။

"တကယ်ပဲ"

ကျိယွမ် စိတ်ပျက်သွားပြီး ပို၍အလေးအနက် စဉ်းစားလိုက်သည်။

"ကပ်ဘေးကြီးက နီးကပ်လာနေပြီ၊ ပုန်းအောင်းနေတဲ့ အရှင်သခင်တွေနဲ့ အင်အားကြီးပုဂ္ဂိုလ်တွေအားလုံးက သူတို့ကိုယ်တိုင် ရှင်သန်ရေးကိုပဲ အာရုံစိုက်နေကြတာ။ ကန်းလန်နယ်မြေ ကြီးကျယ်တာ မကြီးကျယ်တာကို ဘယ်သူမှ ဂရုမစိုက်ကြဘူး"

မီးလျှံဧကရာဇ်ကလည်း တည်ငြိမ်စွာ ​ထောက်ပြသည်။

ကျိယွမ်က လက်ထဲမှ လက်ဖက်ရည်ခွက်ကို ပွတ်သပ်ရင်း အတွေးနက်နေရာမှ မျက်လုံးများ တောက်ပလာသည်။

"ငါရပြီ— ငါ တကယ့်ကို ကောင်းတဲ့ ဆောင်ပုဒ်တစ်ခု စဉ်းစားမိပြီ"

"ဘာဆောင်ပုဒ်လဲ"

မီးလျှံဧကရာဇ်၊ ရေခဲတောင်သခင်မနှင့် ဆိုးသွမ်းအင်မော်တယ်တို့ သုံးယောက်စလုံးက ကျိယွမ်ကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။

ကျိယွမ်က တည်ကြည်သောမျက်နှာဖြင့် ဆောင်ပုဒ်အသစ်ကို ​ပြောလိုက်၏။

"ကျင့်ကြံရေးနည်းစနစ်တွေက... အဆိပ်တွေပဲ"

"ဘာ"

သူတို့ သုံးယောက်စလုံး မှင်တက်သွားကြသည်။

ရေခဲတောင်သခင်မက မယုံနိုင်စွာမေးလိုက်သည်။

"ဘယ်ကျင့်စဉ်နည်းစနစ်တွေက အဆိပ်ဖြစ်နေတာလဲ"

ထို့နည်းစနစ်များကို ရှောင်ကျဥ်ရန်လ်ုအပ်သည်မဟုတ်ပါလား

"ကန်းလန်နယ်မြေထဲမှာရှိတဲ့ ကျင့်စဉ်နည်းစနစ်အားလုံးဟာ... အဆိပ်တွေပဲ။ အစ်မကြီးတို့ကျင့်ကြံနေတဲ့ နည်းစနစ်တွေတင်မကဘူး မင်းတို့ရဲ့ တာအိုကျင့်စဉ်တွေတောင် အဆိပ်တွေပဲ။ အဲဒါတွေကို တစ်ခါကျင့်ကြံမိတာနဲ့ မင်းတို့ဟာ ကန်းလန်နယ်မြေထဲမှာ ပိတ်မိနေပြီး စားစရာတွေ ဖြစ်လာလိမ့်မယ်"

ကျိယွမ်က သူ မြင်တွေ့ခဲ့ရသည်များကို

မယုံကြည်သလို ကြည့်နေသော အဖော်များကို ထုတ်ဖော်ပြောပြလိုက်သည်။

ယခုတစ်ခေါက်တွင် သူသည် လုံလောက်အောင် အင်အားတောင့်တင်းနေပြီဖြစ်သောကြောင့် ဘာမှ ဖုံးကွယ်မထားတော့ပေ။ ကပ်ဘေးကြီးနှင့် တိုက်ရိုက် ရင်မဆိုင်ရသရွေ့ သူသည် ကန်းလန်နယ်မြေတွင် မိမိစိတ်ကြိုက် လုပ်ဆောင်နိုင်သည်။

"ဘာ"

သုံးယောက်စလုံး တုန်လှုပ်သွားကြကုန်၏။

ထို့သို့သော အကြောင်းအရာကို သူတို့၏သက်တမ်းတစ်လျောက် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

"ကပ်ဘေးကြီး နီးကပ်လာလို့ ကျင့်စဉ်တွေက အဆိပ်ဖြစ်လာတာ ဖြစ်နိုင်တယ်။ လွန်ခဲ့တဲ့ အချိန်အတော်ကြာက အတုမဲ့ပါရမီရှင်တစ်ယောက်ဟာ ကပ်ဘေးကြီးကို စိန်ခေါ်ခဲ့ပြီး ကျဆုံးသွားခဲ့တယ်။ သူကျဆုံးခဲ့ရတဲ့ အကြောင်းရင်း နှစ်ချက်ရှိတယ်လို့ ငါ ခန့်မှန်းတယ်။"

" ပထမအချက်က ကပ်ဘေးကြီးက အစွမ်းထက်တဲ့သူတွေကို အများကြီး ဆင့်ခေါ်ခဲ့တာဖြစ်ပြီး၊ ဒုတိယအချက်ကတော့ သူ့ရဲ့ကျင့်စဉ်မှာ ချို့ယွင်းချက်ရှိနေပြီး သဘာဝအတိုင်း ထိန်းချုပ်ခံလိုက်ရတာပဲ။ သူဟာ အတုမဲ့ဖြစ်နေရင်တောင် ဝမ်းနည်းစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ရတယ်"

ကျိယွမ်က မြင့်တက်ခြင်းနန်းဆောင်သခင် ပြောပြခဲ့သည်များကို သူ၏ ကိုယ်ပိုင်ကျိုးကြောင်းဆင်ခြင်မှုဖြင့် ပေါင်းစပ်ကာ ရှင်းပြလိုက်သည်။

"ကန်းလန်နယ်မြေရဲ့ အဆိပ်ရှိတဲ့ ကျင့်စဉ်တွေကို ကျင့်ကြံခြင်းအားဖြင့် ယင်နတ်ဘုရားတွေဖြစ်လာရင်တောင် ဟင်းလင်းပြင်မှာ မခရီးနှင်နိုင်ဘူး၊ အခြားနယ်မြေတွေကို မစူးစမ်းနိုင်သလို အထက်ဘုံကိုလည်း မတက်လှမ်းနိုင်ဘူး။ သူတို့ဟာ စားစရာတွေပဲ ဖြစ်လာနိုင်တယ်"

မီးလျှံဧကရာဇ်၏ မျက်နှာ ဖြူဖျော့သွားသည်။

ကျိယွမ်၏ စကားများက သူတို့အဖို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ။

ရေခဲတောင်သခင်မလည်း မှင်တက်နေပြီး ဤလက်တွေ့ဘဝကို လက်ခံရန် ရုန်းကန်နေရသည်။

"မူလနတ်ဘုရား မင်းပြောတာ ၊ အမှန်တွေပဲလား"

ဆိုးသွမ်းအင်မော်တယ်က တိုးတိုးလေးမေးလိုက်သည်။ သူက စိတ်နင့်လူပင်မကပ်တော့ဘဲ တွေဝေနေ၏။

ထိုအရာက အမှန်မဟုတ်ပါစေနှင်ဟု ဆုတောင်းနေမိသည်။

"ဟုတ်တယ်၊ အမှန်ပဲ။ မင်းတို့ကို လိမ်ညာဖို့ ငါ့မှာ အကြောင်းပြချက်မရှိဘူး။ ငါ့ရဲ့ကျင့်စဉ်က ကိုယ်တိုင်ဖန်တီးထားတာမို့လို့ ဘာပြဿနာမှမရှိလို့ ငါကတော့ စားစရာဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ စမ်းကြည့်ပြီးပြီ၊ လူတိုင်းက ငါ့လောက် ပါရမီမပါကြဘူးလေ။ အခြားသူတွေက သူတို့ကိုယ်ပိုင်ကျင့်စဉ်တွေ ဖန်တီးတဲ့အခါမှာလည်း အဲဒါတွေက အဆိပ်ဖြစ်ကုန်ကြတာပဲ"

ကျိယွမ်က အလေးအနက် ပြောသည်။

"တကယ်လို့ အဲဒါမှန်တယ်ဆိုရင်၊ ငါသာ ယင်နတ်ဘုရားအထိ ကျင့်ကြံပြီးရင် တစ်ယောက်ယောက်အတွက် စားစရာ ဖြစ်သွားမှာပေါ့။ အဲဒီလိုဆိုရင် မကျင့်ကြံတာကမှ ပိုကောင်းဦးမယ်"

ရေခဲတောင်သခင်မက ဤလက်တွေ့ဘဝကို လက်ခံလိုက်ရင်း စိတ်တိုတိုဖြင့် မှတ်ချကိချ၏။နှစ်ပေါင်းများစွာ အရင်းများမြှုပ်နှံပြီး ကျင့်ကြံခဲ့ခြင်းက အခြားသူအတွက် အစာဖြစ်လာရန်တဲ့ ၊ မည်မျှ စိတ်နာဖွယ်ကောင်းလိုက်သနည်း။

"အဲဒီလောက် စိတ်တိုနေစရာ မလိုပါဘူး။ ကျင့်စဉ်တွေက အဆိပ်ဖြစ်နေတာကို မင်းတို့ မသိခဲ့ရင်တောင် ကပ်ဘေးကြီးက ဆက်ရှိနေဦးမှာပဲ မဟုတ်ဘူးလား"

ကျိယွမ်က သူတို့ကို နှစ်သိမ့်ပေးလိုက်သည်။

ဧကရာဇ်သုံးပါးမှာ ခါးသီးသော အပြုံးများကို ပြုံးလိုက်ကြ၏။

ကျိယွမ်ပြောသည်မှာ မှန်ပါသည်။

ကျင့်စဉ်တွေက အဆိပ်ဖြစ်နေမှန်း သိသွားရင်ကော ဘာထူးမှာလဲ။ သူတို့က ကပ်ဘေးကြီးကို မဖြေရှင်းနိုင်ဘူးဆိုတဲ့ အချက်က ပြောင်းလဲသွားမှာလား။

ကပ်ဘေးကြီး စတင်ပြီဆိုလျှင် ကန်းလန်နယ်မြေတစ်ခုလုံး ပျက်စီးရပေလိမ့်မည်။

"မူလနတ်ဘုရား ၊ ကျွန်တော် အခု အချိန်မီသေးတုန်း ကျင့်စဉ်ပြောင်းသင့်တယ်လို့ မင်း ထင်လား"

ဆိုးသွမ်းအင်မော်တယ်က အားကိုးတကြီး မေးလိုက်သည်။

သူတို့ထဲတွင် သူက အားအနည်းဆုံးဖြစ်ပြီး အမြုတေအဆင့်မှာပဲ ရှိသေးသောကြောင့် ကျင့်စဉ်ပြောင်းရန် အခွင့်အရေးရှိနိုင်သည်ဟု သူမျှော်လင့်မိ၏

ရေခဲတောင်သခင်မနှင့် မီးလျှံဧကရာဇ်တို့လည်း ဖြေရှင်းချက်တစ်ခုကို မျှော်လင့်ရင်း ကျိယွမ်ကို ကြည့်လိုက်မိကြသည်။

သို့သော် ကျိယွမ်က ခေါင်းခါလိုက်သည်။

"မလိုအပ်ပါဘူး။ မင်းတို့က ကပ်ဘေးကြီးကို တိုက်ခိုက်မှာမှ မဟုတ်တာ၊ ဘာလို့ ဒုက္ခခံမှာလဲ"

ကျိယွမ် အမှန်အတိုင်း ပြောလိုက်ခြင်းဖြစ်သည်။

ကန်းလန်နယ်မြေတွင် ယန်နတ်ဘုရာများ ပေါ်ထွက်လာနိုင်သည့် အလားအလာ ရှိ၏။

ကျင့်စဉ်များ အဆိပ်ဖြစ်နေခြင်း၏ ရည်ရွယ်ချက်မှာ အရင်းအမြစ်များကို ရိတ်သိမ်းရန် ပိုမိုလွယ်ကူစေရန်နှင့် အတုမဲ့ပါရမီရှင်များက ကန်းလန်နယ်မြေ၏ မျှခြေကို မဖျက်ဆီးနိုင်စေရန် ဖြစ်နိုင်သည်။

ကျိယွမ်အနေဖြင့် ဆိုးသွမ်းအင်မော်တယ်သည် စားစရာဖြစ်ရန်ပင် အရည်အချင်းမပြည့်မီကြောင်း ယုံကြည်ချက်ရှိရှိ ပြောနိုင်၏။

"မကြာခင်မှာ ငါတစ်ယောက်တည်းနဲ့ ကပ်ဘေးကြီးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်မှာပါ။ ကပ်ဘေးကြီး သေသွားပြီဆိုရင် ကျင့်စဉ်တွေနဲ့ပတ်သက်တဲ့ ပြဿနာလည်း ပြေလည်သွားလိမ့်မယ်"

ကျိယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

သူ အမြုတေအဆင့်မှာပဲ ရှိနေစဉ်တုန်းက ကပ်ဘေးကြီးကို အတော်လေး ကြောက်ရွံ့ခဲ့သည်။ သို့သော် ယခုအခါ သူ ယုံကြည်မှုရှိနေပြီ ဖြစ်သော်လည်း အလုံးစုံတော့ မသေချာသေးပေ။

အကြောင်းမှာ အကယ်၍ ကပ်ဘေးကြီးက အစွမ်းထက်သော ယန်နတ်ဘုရားတစ်ပါးကို ဆင့်ခေါ်လိုက်ပါက သူ၏ စိတ်ဝိညာဥ်များအားလုံးမနိုးထနိုင်သေးသဖြင့် ရင်ဆိုင်ရန်ခက်ခဲသွားမည်ဖြစ်လေသည်။

"ဒါကြောင့် ဘာမှမဖြစ်ခဲ့သလိုပဲ ဆက်ပြီးကျင့်ကြံနေကြပါ။ ငါ ကပ်ဘေးကြီးကို ရင်ဆိုင်နိုင်လောက်အောင် အင်အားတောင့်တင်းလာတဲ့အထိ စောင့်နေဖို့ပဲ လိုတယ်"

ကျိယွမ်က ရဲရဲဝံ့ဝံ့ ကြေညာလိုက်သည်။

ဆိုးသွမ်းအင်မော်တယ်မှာ အဘယ့်ကြောင့်မှန်းမသိသော်လည်း လုံခြုံမှုရှိသည်ဟု ခံစားလိုက်ရ၏။ယခင်ကဆိုလျှင် ကပ်ဘေးဆိုးကြီးဟူသော အသံကြားသည်နှင့် စိတ်ပျက်အားငယ်ခြင်းများကသာ သူ့အားစိုးမိုးသွားတတ်သည်။ ယခုတော့ ထိုသို့မဟုတ်တော့ပေ။

သူက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်သည်။

"စောင့်ကြည့်တာကတော့ ငါအကျွမ်းကျင်ဆုံး အလုပ်ပဲ"

"မင်း ကပ်ဘေးကြီးကို ဖျက်ဆီးတဲ့အခါ ငါကတော့ မင်းအတွက် ဆိုနာ (တရုတ်နှဲ) တီးပေးမယ်"

မီးလျှံဧကရာဇ်က ဖြည့်စွက်ပေးလိုက်သည်။

ရေခဲတောင်သခင်မကတော့ ကျိယွမ်ကို အားကျအတုယူသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

"ရဲရင့်ပြီး အစွမ်းထက်လိုက်တာ"

"ကျင့်စဉ်နည်းစနစ်တွေက အဆိပ်ဖြစ်နေတယ်လို့ ငါ သတင်းလွှင့်လိုက်ပြီး အဆိပ်မရှိတဲ့ နည်းစနစ်တချို့ကို ကမ်းလှမ်းလိုက်မယ်ဆိုရင် ဒါက ဟိုးလေးတကျော်ဖြစ်သွားပြီး ဂိုဏ်းအသီးသီးက သူတို့ရဲ့ ကျင့်စဉ်တွေကို မျှဝေလာအောင် ဆွဲဆောင်နိုင်လိမ့်မယ်လို့ မင်းတို့ ထင်လား"

ကျိယွမ်က တက်ကြွစွာ မေးလိုက်သည်။

အဆိပ်မရှိသော ကျင့်စဉ်များထဲတွင် ကျိယွမ်ကျမ်းကို ပထမဆုံး ထည့်သွင်းမည်ဖြစ်သော်လည်း ၎င်းကို သူ အလွယ်တကူ မျှဝေမည်မဟုတ်ပေ။

ထို့အပြင် ထူးခြားစွာပင် ရှန်းဝူရှန်း ယူဆောင်လာခဲ့သော နည်းစနစ်များအားလုံးနီးပါးကလည်း အဆိပ်ကင်းသော ကျင့်စဉ်များ ဖြစ်နေကြသဖြင့် တင်ပေးစရာကျင့်စဥ်မရှားပါ။

မီးလျှံဧကရာဇ်က ခေါင်းညိတ်သည်။

"အဲဒီလိုကျင့်စဉ်မျိုးတွေကို ငါတောင် စိတ်ဝင်စားတယ်။ ငါကိုယ်တိုင် မပြောင်းလဲရင်တောင် ငါ့ရဲ့ မျိုးဆက်သစ်တွေ အဲဒါတွေကို ရစေချင်တယ်လေ။ ဒါကြောင့် အဲဒီလိုကျင့်စဉ်တွေသာ ပေါ်လာရင် လူအများက သေချာပေါက် အလုအယက် လိုချင်ကြမှာပဲ"

"ငါသာဆိုရင်လည်း အဲဒီကျင့်စဉ်တွေကို ကိုယ်တိုင်မကျင့်ကြံနိုင်ရင်တောင် ငါ့လက်ထဲရှိအောင် လုပ်မှာပဲ"

ရေခဲတောင်သခင်မကလည်း ထိုအစီအစဥ် သဘောတူသည်။

ကျိယွမ် ခုံကိုစိတ်လှုပ်ရှားစွာ ပုတ်ပြီး လောဆော်၏။

"အခု ငါတို့မှာ ဆောင်ပုဒ်လည်းရှိပြီ၊ အစီအစဉ်လည်းရှိပြီ၊ ဈေးကွက်လည်းရှိပြီ ၊ လိုအပ်တာတွေ အကုန်စုံပြီဆိုတော့ အကောင်အထည်ဖော်ဖို့ပဲ လိုတော့တယ်"

"နာမည်တစ်ခုတော့ လိုသေးတယ်လေ"

ဆိုးသွမ်းအင်မော်တယ်ကလည်း စိတ်လှုပ်ရှားစွာ ပြောသည်။

"ငါတို့ တည်ထောင်မယ့် အဖွဲ့အစည်းကို နာမည်ကောင်းကောင်းလေးပေးရမှာပေါ့ "

"အတူယှဉ်တွဲနေထိုင်ရေး အသင်ဆိုရင် ဘယ်လိုလဲ"

ကျိယွမ်က အားတက်သရောအကြံပြုသည်။ရေခဲတောင်သခင်မ ချက်ချင်းခေါင်းခါ၏။

"အဲဒါက ရိုးလွန်းတယ်"

ထိုနာမည်ကို မည်သူက သဘောကျမည်နည်း ။ ရည်ရွယ်ချက်နှင့် မသက်ဆိုင်သလို ခန့်ညားခြင်းလည်း ကင်းမဲ့သည်ဟု ခံစားရသည်။

"မူလနတ်ဘုရားအသင်းဆိုရင် ဘယ်လိုလဲ"

ဆိုးသွမ်းအင်မော်တယ်က စိတ်အားထက်သန်စွာ အဆိုပြုသည်။

"ငါ သဘောတူတယ်"

မီးလျှံဧကရာဇ်က ထောက်ခံသည်။

"မဖြစ်ဘူး..."

ကျိယွမ်က ချက်ချင်းပင် ဗီတိုအာဏာသုံး၍ ပယ်ချလိုက်၏။

အကယ်၍ သူသာ အဖွဲ့အစည်းကို မူလနတ်ဘုရားဟု နာမည်ပေးလိုက်လျှင် သူက ကြွားဝါနေသူတစ်ယောက်လို ဖြစ်မသွားပေဘူးလား။

"ဒီနာမည်က အကောင်းဆုံးပဲ"

ရေခဲတောင်သခင်မက ကျိယွမ်အား နောက်ပြောင်သလို အပြုံးဖြင့် ထောက်ခံသည်။

ကျိယွမ်က အဘယ့်ကြောင့် ငြင်းဆန်နေသည်ကို သူမ မသိသော်လည်း သူ ငြင်းဆန်နေသည်ဆိုလျှင် ၎င်းမှာ ကောင်းသောနာမည် ဖြစ်ရမည်ဟု သူမ ခံစားမိသည်။

"ဆိုးသွမ်းအင်မော်တယ်ဆီက ဒီလို အကြံကောင်းမျိုး ရခဲပါတယ်၊ ဒီနာမည်ကိုပဲ ယူရအောင်"

သူမက ထပ်မံ တိုက်တွန်းသည်။

မီးလျှံဧကရာဇ်က ပြုံးလျက် ရှင်းပြ၏။

" မူလ ဆိုတဲ့ စကားလုံးက မူလနတ်ဘုရားဖြစ်တဲ့ မင်းကို ကိုယ်စားပြုတယ်၊ နတ်ဘုရား ကတော့ မင်းရဲ့ စွမ်းအားနဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုတယ်။တကယ်လို့ မင်းမကြိုက်ဘူးဆိုရင် နတ်ဘုရားမူလအသင်း ဆိုရင်ရော ဘယ်လိုလဲ "

ကျိယွမ်က မျက်မှောင်ကျုံ့၏။ မူလနတ်ဘုရား နဲ့ နတ်ဘုရားမူလက ဘာထူးမည်နည်း။

သို့သော်သူငြင်းလျှငိ မူလဝက်ဝံ ၊ မူလဓားသခင်တွေ ဖြစ်လာနိုင်၏။

"တော်ပြီ၊ မူလနတ်ဘုရားမျှဝေခြင်းအသင်းလို့ပဲ ခေါ်ကြတာပေါ့"

သူက စကားနှစ်လုံးထပ်ထည့်ကာ လက်လျှော့လိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ အဖွဲ့အစည်းတစ်ခုအတွက် နာမည်ထက် အလုပ်နှင့်ရည်ရွယ်ချက်ကသာ ပိုအရေးကြီးသည်ဖြစ်သောကြောင့် ထိုကိစ္စက အလွန်အမင်း အရေးမကြီးပေ။

ဆိုးသွမ်းအင်မော်တယ်က အောင်မြင်မှုကြီးတစ်ခု ရရှိသွားသကဲ့သို့ ကျေနပ်နေသည်။

"တစ်နေ့မှာ မူလနတ်ဘုရားအသင်းက ကန်းလန်နယ်မြေမှာ အစွမ်းအထက်ဆုံး အဖွဲ့အစည်း ဖြစ်လာရင် ငါ့ရဲ့ မျိုးဆက်တွေကို ဒီနာမည်ကို ငါပေးခဲ့တာလို့ ပြောလို့ရပြီ"

ကျိယွမ်က အကဲပိုနေသောကောင်ကို မျက်စောင်းထိုးလိုက်၏။

ထို့နောက် သူတို့အဖွဲ့သည် ဝမ်ရှန်းမျှော်စင်တွင် နောက်ထပ် နာရီဝက်ခန့် ဆွေးနွေးပြီးနောက် မူလနတ်ဘုရားမျှဝေခြင်းအသင်းအတွက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို အတည်ပြုလိုက်ကြသည်။

မီးလျှံဧကရာဇ်၏ အဖိုးဖြစ်သူ ဖုန်းကျွင်းက ၎င်းကို အဓိပတိအဖြစ်စီမံခန့်ခွဲရန် တာဝန်ယူမည်ဖြစ်၏။ အကြောင်းမှာ ယင်နတ်ဘုရား အဆင့်ရှိသော စွမ်းအားမပါဘဲ ထိုကဲ့သို့ အဖွဲ့အစည်းတစ်ခုကို စီမံခန့်ခွဲခြင်းက ပြဿနာများစွာ ဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်သည်။

မီးလျှံဧကရာဇ်နှင့် ဆိုးသွမ်းအင်မော်တာ်တို့ကလည်း အသင်းတွင် ကိုယ်တိုင် ပါဝင်ကူညီကြမည်ဖြစ်သည်။ ပုံမှန်အားဖြင့် ပျင်းရိတတ်သော ရေခဲတောင်သခင်မကမူ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူကာ သူမ၏ နေရပ်အနီးရှိ ဂိုဏ်းများမှ အဖွဲ့ဝင်စုဆောင်းခြင်းကို ကြီးကြပ်မည်ဖြစ်၏။

အရေးအကြီးဆုံးမှာ မူလနတ်ဘုရားမျှဝေခြင်းအသင်း၏ ဖွံ့ဖြိုးတိုးတက်မှုသည် လမ်းကြောင်းနှစ်ခုအတိုင်း သွားမည်ဖြစ်သည်။

ပထမလမ်းကြောင်းမှာ ရှင်းဟွာအဖွဲ့၏ ဖိုရမ်မှတစ်ဆင့် ဖြစ်သည်။ ထိုနေရာတွင် ကျင့်စဉ်များသည် အဆိပ်ဖြစ်နေကြောင်းနှင့် လူတိုင်း ကပ်ဘေးကြီးကို ဆန့်ကျင်ရန် စည်းလုံးသင့်ကြောင်း ဆောင်ပုဒ်ကို ကြေညာရမည်။

ဒုတိယလမ်းကြောင်းမှ လမ်းစဥ်ရှာဖွေရေး နန်းတော်ကို အသုံးချ၍ အသင်း၏ ဂုဏ်သတင်းကို တည်ဆောက်ခြင်းဖြစ်သည်။

မည်မျှပင် ကောင်းမွန်သော ဝန်ဆောင်မှုဖြစ်စေကာမူ တည်ထောင်စအချိန်တွက် လူသိရန် လိုအပ်၏။လူများများသိလေကောင်းလေဖြစ်သည်။

ထိုအတွက် နာမည်ကြီးပြီးသားဖြစ်သော ရှင်းဟွာဖိုရမ်ကို ထိရောက်စွာအသုံးပြုရမည်ဖြစ်သည်။

ထိုအရာက နာမည်အလွန်ကြီးနေသော ချန်နယ်တွင် အခပေးစရာမလိုဘဲ အလကား​ကြော်ငြာထည့်ခွင့်ရသလိုပင်။

ထိုသို့ မဟုတ်ပါက မည်သူမျှသိမည်မဟုတ်ပေ ။ ထိုအခါ သူတို့အသင်းသည် မည်မျှပင်ကြိုးစားပြီး ပြိုင်ဆိုင်ပါစေ၊ မည်သူမှ မသိပါက အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

"အရင်ဆုံး ကြေညာချက်ကို ငါ တင်လိုက်မယ်၊ ပြီးရင် မင်းရဲ့အဖိုးဆီကို သွားကြတာပေါ့"

ကျိယွမ်က မီးလျှံဧကရာဇ်ကို ပြောလိုက်သည်။

မူလနတ်ဘုရားမျှဝေခြင်းအသင်း၏ အခြေခံအုတ်မြစ်ကို ချမှတ်ပြီးနောက်၊ ကျိယွမ်သည် ကန်းလန်နယ်မြေကြီးတွက် ကျင့်နေသမျှ ၊ ရှိရှိသမျှသော ကျင့်စဉ်များက အဆိပ်ဖြစ်နေကြောင်း ရှင်းဟွာဖိုရမ်တွင် ကြေညာရန်နှင့် မီးလျှံဧကရာဇ်၏ အဖိုး ဖုန်းကျွင်းကို အသင်းအား စီမံခန့်ခွဲပေးရန် တောင်းဆိုရန် အဆင်သင့်ဖြစ်နေလေပြီ။

သူက စီစဥ်ပြီဆိုလျှင် အရေးကြီးဆုံးနေရာက စကိုင်တတ်သူမဟုတ်ပါလား။

ကျိယွမ်သည် သွေးဝတ်စုံဓားနတ်ဘုရားဟူသော အမည်ဝှက်ကို အသုံးပြု၍ အခြားအကောင့်တစ်ခုသို့ ပြောင်းလိုက်၏။

ခေတ္တစဉ်းစားပြီးနောက် သူသည် စာတစ်စောင်ကို စတင်ရေးသားလိုက်သည်။

"ပြောလိုက်ရင် လန့်သွားမယ်"

"ကန်းလန်နယ်မြေရှိ တုန်လှုပ်ဖွယ်ရာ ရှာဖွေတွေ့ရှိမှု - ကျွန်ုပ်တို့ ကျင့်ကြံနေသော ကျင့်စဉ်များသည် ထောင်ချောက်များဖြင့် ပြည့်နှက်နေသည်"

"ကျွန်ုပ် သွေးဝတ်စုံဓားနတ်ဘုရား၊သွေးဝတ်စုံမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်သည် ကန်းလန်နယ်မြေရှိ ကျင့်ကြံသူအားလုံး၏ ဘေးကင်းလုံခြုံရေးနှင့် သက်ဆိုင်သော ကြောက်မက်ဖွယ်ရာ အမှန်တရားတစ်ခုကို ထုတ်ဖော်ပြောပြရန် ကျွန်ုပ်၏ အသက်ကို စွန့်စားနေပါသည်"

"ကျင့်စဥ်နည်းစနစ်တွေဟာ အဆိပ်တွေပဲ ၊ ကျွန်ုပ်တို့ တစ်ဘဝလုံးကျင့်ကြံနေတဲ့ နည်းစနစ်တွေဟာ အဆိပ်အတောက်တွေ ဖြစ်နေပြီး ကျွန်ုပ်တို့ရဲ့ အင်အားကြီးမားလာတာနဲ့အမျှ ကျွန်ုပ်တို့ဟာ တချို့သော ဖြစ်တည်မှုတွေအတွက် စားစရာတွေ တဖြည်းဖြည်း ဖြစ်လာပါလိမ့်မယ်။"

"ဒါက ဘယ်လိုမျိုး ပူးပေါင်းကြံစည်မှုလဲဆိုတာ ကျွန်ုပ် စိတ်တောင် မကူးရဲပါဘူး..."

"ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကျွန်ုပ်ဟာ စိတ်တူကိုယ်တူ ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းပြီး မူလနတ်ဘုရားမျှဝေခြင်းအသင်းကို တည်ထောင်လိုက်ပါတယ်။"

"မူလနတ်ဘုရား မျှဝေခြင်းအသင်းမှာတော့ အဆိပ်မရှိတဲ့ နည်းစနစ်တွေ ရှိပါတယ်..."

ထိုကဲ့သို့ စာမျိုးကို ရေးသားခြင်းမှာ ကျိယွမ်အတွက် စိန်ခေါ်မှုမဟုတ်ပေ။

ပထမဦးစွာ ပြောလိုက်ရင်လန့်သွားမယ်ခေါင်းစဉ်ဖြင့် အာရုံစိုက်မှုကို ရယူသည်၊ ထို့နောက် ကြောက်ရွံ့မှုကို ဖန်တီးသည်၊ ပြဿနာကို တင်ပြသည်၊ ထို့နောက် ခိုင်မာသော အရေးယူဆောင်ရွက်မှုများဖြင့် ဖြေရှင်းချက်ကို ပေးသည်။

ဖြေရှင်းချက်မှာ မူလနတ်ဘုရား မျှဝေခြင်းအသင်းကို တည်ထောင်ခြင်းဖြစ်ပြီး၊ အဆိပ်မရှိသော နည်းစနစ်များနှင့် လဲလှယ်ရန် လူများကို သူတို့၏ကျင့်စဉ်များ အပ်နှံလာအောင် ဆွဲဆောင်ခြင်းဖြစ်သည်။

နောက်ဆုံးတွင် ကျိယွမ်သည် မူလနတ်ဘုရားမျှဝေခြင်းအသင်း စတင်မည့် အနီးစပ်ဆုံးအချိန်ကို ဖော်ပြကာ လူတိုင်းကို ပါဝင်ရန် ဖိတ်ခေါ်လိုက်သည်။

စာအဆုံးတွင် ချီယွမ်က ဤသို့ ရေးသားခဲ့၏။

"မထိတ်လန့်ကြပါနဲ့၊ ကျွန်ုပ် သွေးဝတ်စုံဓားနတ်ဘုရားက ရှေ့ကနေ ဦးဆောင်ပြီး ကန်းလန်နယ်မြေကို ကာကွယ်ဖို့ ကျွန်ုပ်ရဲ့ အသက်နဲ့ ရင်းပြီး ကတိပြုပါတယ်"

ဤစာသည် ထုတ်ဝေလိုက်သည်နှင့် တပြိုင်နက် မုန်တိုင်းတစ်ခုကဲ့သို့ ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။

"ဒါ တကယ်ပဲလား"

"ငါတို့ရဲ့နည်းစနစ်တွေက အဆိပ်ဖြစ်နေတာလား။ ငါ ဘာလို့ ဘာမှ သတိမထားမိတာလဲ"

"စားစရာ ဖြစ်လာမှာလား။ အဲဒါက ကြောက်စရာကြီးပဲ၊ တကယ်လို့ ဒါသာ အမှန်ဆိုရင် ငါတို့ကန်းလန်နယ်မြေက ဝက်မွေးမြူရေးခြံတစ်ခုလို ဖြစ်မနေဘူးလား"

"ဒါက အဓိပ္ပာယ်မရှိတာတွေပဲ မဟုတ်လား"

"ဟေ့၊ အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့... နေဦး ၊ ဒါ သွေးဝတ်စုံဓားနတ်ဘုရား ပြောနေတာပဲ။ သူပြောတာဆို မှန်တယ်၊ နည်းစနစ်တွေက အဆိပ်တွေပဲ"

"ဓားနတ်ဘုရားက ယင်နတ်ဘုရား အရှင်သခင်တစ်ပါးပဲ။ သူသာ ဒါကို ပြောနေတယ်ဆိုရင် အမှန်ဖြစ်နိုင်မလား"

"ဒါပေမဲ့ နည်းစနစ်တွေက ဘယ်လိုလုပ် အဆိပ်ဖြစ်နိုင်မှာလဲ"

ရှင်းဟွာဖိုရမ်ထဲမှ ထောင်နှင့်ချီသောသူများသည် ထိုစာကို မြင်တွေ့သွားကြပြီး တုန်လှုပ်ချောက်ခြားကာ သတင်းက အတုလားအစစ်လားဟု သံသယဝင်ကုန်သည်။

အကယ်၍ အခြားသူတစ်ယောက်က ပြောခဲ့လျှင် သူတို့ ယုံကြည်ကြမည်မဟုတ်ပေ။ သို့သော် ယခုပြောနေသူမှာ ယင်နတ်ဘုရားတစ်ပါးဖြစ်သော သွေးဝတ်စုံဓားနတ်ဘုရား ဖြစ်နေသည်။

သူက ငါတို့ကို ဘာလို့လိမ်မှာလဲ။

----------

All Chapters