အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း ( ၁၁၉ ) – မင်း&*^%(@# မင်း ဟန်ဆောင်နေတာ
ညစာစားချိန်အတွင်း တန်ရှူးချင်းသည် ရှန်းတန်နှင့် စကားပြောရန် အခွင့်အရေး လုံးဝ မရခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ အာရုံစိုက်မှုသည် အစားအစာစားခြင်းတွင် လုံးလုံးလျားလျား ရှိနေခဲ့သောကြောင့် ဖြစ်သည်။
ရှန်းတန် ပြောသည့်အတိုင်းပင်၊ ကြံ့ခိုင်မှု လိုအပ်သော ခက်ခဲသည့် ဇာတ်ကောင်နေရာကို ရိုက်ကူးပြီးစီးပြီးပြီဖြစ်ရာ ဤအချိန်တွင် သူ့ကိုယ်သူ သက်တောင့်သက်သာ ဖြစ်အောင် မလုပ်လျှင် မည်သည့်အချိန်တွင် လုပ်မည်နည်း။ မည်သည့်အချိန်က ပို၍ ကောင်းမွန်မည်နည်း။
ညစာစားပြီးနောက် တန်ရှူးချင်းသည် နောက်ဆုံးတွင် အခွင့်အရေးတစ်ခုကို တွေ့ရှိခဲ့ပြီး "တန်တန်၊ စကားပြောဖို့ အခု အချိန် နည်းနည်းလောက် ရနိုင်မလား" ဟု မေးခဲ့သည်။
ရှန်းတန်က ခြေဖျားထောက်နေတာကိုမြင်တော့ တန်ရှူးချင်းသည် စိတ်လှုပ်ရှားစွာဖြင့် သူ့အသက်ရှူသံကို ထိန်းချုပ်ထားခဲ့သည်။
"တူလေး၊ မင်း ခုနတုန်းက ဘယ်လိုခေါ်လိုက်တာလဲ" ဟု ရှန်းတန်က မေးလိုက်သည်။
တန်ရှူးချင်း : "......"
သူတို့ဘေးမှ ချီယွဲ့ ရယ်မောလိုက်သည်။
ချီယွဲ့က တန်ရှူးချင်း၏ ပခုံးကို ပုတ်ကာ "တူလေး၊ အဲဒီကိစ္စတွေအားလုံးကို စိတ်မပူပါနဲ့။ ဒီလှပတဲ့ ပန်းလေးက ပိုင်ရှင်ရှိပြီးသားလေ" ဟု ပြောခဲ့သည်။
ရှန်းတန် အံ့အားသင့်သွားသည်။ ဒါဆို တန်ရှူးချင်းက သူ့ကို စိတ်ဝင်စားနေခဲ့သည်ကိုး...။
သူမသည် သူ့ကို ချီယွဲ့၏ တူလေးအဖြစ် အမြဲထင်မှတ်ခဲ့ပြီး ချီယွဲ့နှင့် ဆက်ဆံရေး ကောင်းမွန်သောကြောင့် သူနှင့် နီးကပ်နေခြင်းကို နားလည်နိုင်သည်ဟု ယူဆခဲ့သည်။ သူသည် သူမအပေါ် ထိုသို့သော အတွေးများ ရှိလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ရှန်းတန်က ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိခဲ့ပေ။
သူမသည် သူ့တူလေး၏ ခံစားချက်များကို မထိခိုက်စေသလို သူ့ကို မည်သည့် မျှော်လင့်ချက်မှ မပေးလိုခဲ့ပေ။
"အင်း၊ ကျွန်မ လက်ထပ်ပြီးပြီဆိုတာ မင်း မသိဘူးလား" ဟု သူမ ပြောခဲ့သည်။
ယခုမူ တန်ရှူးချင်း အံ့အားသင့်သွားသည်။ "ဒါက ကောလာဟလတစ်ခုပဲ မဟုတ်ဘူးလား။"
"အင်း တကယ်လက်ထပ်ပြီးတာလေ။ ဘာဖြစ်လို့ ကောလာဟလလို့ ထင်ရတာလဲ။" တန်ရှူးချင်းရော ချီယွဲ့ပါ အံ့အားသင့်သွားခဲ့သည်။
သူမ မှန်မှန်ကန်ကန်မှတ်မိသည်ဆိုလျှင် ရှန်းတန်သည် ဤကိစ္စကို ရိုက်ကူးရေးနေရာတွင် အရင်က ပြောခဲ့ဖူးကာ ထိုအချိန်က လူအများအပြား တုန်လှုပ်ခဲ့ကြသည်။
အွန်လိုင်းတွင်လည်း ကောလာဟလအချို့ ရှိခဲ့သော်လည်း အချို့က ယုံကြည်ကြပြီး အချို့က မှားယွင်းသည်ဟု ထင်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ရှန်းတန်က ငယ်သေးပြီး အသက်မွေးဝမ်းကြောင်း၏ အထွတ်အထိပ်တွင် ရှိနေသောကြောင့် ဤအချိန်တွင် လက်ထပ်ခြင်းသည် သူမအတွက် ကိုယ့်သင်္ချိုင်းကိုယ်တူးခြင်းနှင့် တူသည်ဟု ယူဆခဲ့ကြသည်။
တန်ရှူးချင်း တကယ်ပင် ဘာမှမသိခဲ့ပေ။
သူသည် ရှန်းတန် ထိုအချိန်က ရိုက်ကူးရေးနေရာတွင် ပြောခဲ့သည်ကို ကြားခဲ့ဖူးသည်။ နောက်ပိုင်းတွင် ရှန်းတန်၏ ဝေ့ပေါ်ပိုစ့်ကို မြင်သောအခါ ထိုအရာနှစ်ခုလုံးသည် အတုဟု ထင်ခဲ့သော်လည်း အမှန်ဖြစ်နေလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ...။
အခုတော့ သူ တော်တော်ရှက်နေပြီ။
ရှန်းတန်ကို သူ အရမ်းချစ်တယ်လို့တော့မဆိုနိုင်ဘူး။ သူမကို သူ သဘောကျသည့်အပြင် စွဲလမ်းနေမိတာပဲဖြစ်သည်။
သူက ရှန်းတန်နှင့် အတူတူရှိချင်တာကြောင့် သူမကို အမြဲ အစ်မတန်တန်ဟု ခေါ်ဝေါ်ခဲ့သည်။ ဒါကလည်း သူ့အတွေးလေးတစ်ခုသက်သက်ပါပဲ။
သူမသည် အိမ်ထောင်ပြုခြင်းကဲ့သို့သော အချုပ်အနှောင်ထဲသို့ ခြေချနှင့်ပြီးပြီဟု သူ လုံးဝ မမျှော်လင့်ခဲ့ပေ...။
"အန်တီလေး၊ ဘာဖြစ်လို့ ဒီလောက် အဆင်အခြင်မဲ့တာလဲ..." ဟု တန်ရှူးချင်းက မေးခဲ့သည်။
ရှန်းတန်က ပခုံးတွန့်လိုက်သည်။ "ငါလည်း ဘာမှ မတတ်နိုင်ဘူး။ သူက အများကြီး ကမ်းလှမ်းခဲ့တာကိုး။"
ဘီလီယံများစွာ မဟုတ်ခဲ့လျှင် သူမသည် သူမကိုယ်သူမ ထိန်းချုပ်နိုင်ခဲ့ပေလိမ့်မည်။
ရုတ်တရက် ရှန်းတန်သည် ကုဟွိုင်အန်း သူ့ဆီ လွှဲပြောင်းပေးခဲ့သော ဘီလီယံများစွာကို သတိရမိသည်။ အဟမ်း၊ တကယ်ကို များပြားလှသည်။
သူတို့နှစ်ဦးစလုံး နည်းနည်း အဆင်မပြေဖြစ်နေသည်ကို မြင်သောအခါ ချီယွဲ့က ကြားဝင်ပြီး စကားလမ်းကြောင်းပြောင်းကာ "ကောင်းပြီ၊ အချိန်လင့်နေပြီ။ စောစောပြန်ကြရအောင်။ ဒီအဖြစ်အပျက် ဘယ်တော့မှ မဖြစ်ခဲ့ဘူးလို့ ဟန်ဆောင်ကြစို့" ဟု ပြောခဲ့သည်။
မဖြစ်ခဲ့ဘူးဟု ဟန်ဆောင်ရန် မဖြစ်နိုင်ပေ၊ ရှန်းတန်က တန်ရှူးချင်းနှင့် နောင်တွင် အကွာအဝေး ထားရန် ဆုံးဖြတ်ခဲ့သည်။ ဘာလို့လဲဆိုတော့ သူက အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက် ဖြစ်သည် မဟုတ်လား။
တန်ရှူးချင်းလည်း ဤသည်မှာ ရလဒ်ဖြစ်လိမ့်မည်ဟု သိခဲ့သော်လည်း သူ၏ ပထမဆုံး လျှို့ဝှက်အချစ်သည် အချည်းနှီး ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ အနည်းငယ် ဝမ်းနည်းခဲ့သည်။
သို့သော်လည်း လူတိုင်းသည် အပြင်ပန်းတွင် ပုံမှန်အတိုင်း ပေါ်လွင်နေအောင် ထိန်းထားခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် လူကြီးများ ဖြစ်လာသောအခါ ပထမဆုံး သင်ယူရသည်မှာ ဟန်ဆောင်နည်း ဖြစ်သည်။
ဟိုတယ်သို့ ပြန်ရောက်သောအခါ ရှန်းတန်သည် သူ့ပစ္စည်းများကို ထုပ်ပိုးကာ ငွေရှင်းပြီး ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။
ဤမျှကြာမြင့်စွာ နေခဲ့ရသဖြင့် သူ့တွင် ပစ္စည်းများစွာ ရှိနေပြီး အရာအားလုံးကို ထုပ်ပိုးရန် ခရီးဆောင်အိတ်ကြီးများစွာ လိုအပ်ခဲ့သည်။
ယွမ်ယွမ်သည် ပင်ပန်းနွမ်းနယ်နေခဲ့သည်။ "တန်တန်၊ မင်း ပစ္စည်းတွေ ဒီလောက် များနေတာလဲ၊ ဘယ်လိုဖြစ်သွားတာလဲ" သူမတို့ ဒီကို စရောက်လာတုန်းက ဒီလောက် မများမှန်း သူမ မှတ်မိနေသည်။
ရှန်းတန်က အပြစ်ရှိသလို သူ့နှာခေါင်းကို ထိကြည့်လိုက်သည်။ သူမ အွန်လိုင်းရှော့ပင်းဝယ်ယူတာ စွဲလမ်းနေခဲ့သောကြောင့် မဟုတ်ပါလား။
"ကျွန်မလည်း မသိဘူးလေ။ ကားရောက်ပြီလား" ဟု ရှန်းတန်က မေးခဲ့သည်။
ယွမ်ယွမ်က ယာဉ်မောင်းအကြောင်း မေးမြန်းရန် ဖုန်းခေါ်နေစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။ သူမ တံခါးဖွင့်ကြည့်လိုက်တော့ သူမတွေ့လိုက်ရသည်မှာ ကုဟွိုင်အန်း ဖြစ်သည်။
"ရှင်က ဘာလို့ ဒီရောက်နေတာလဲ" ရှန်းတန်၏ အသံတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
ကုဟွိုင်အန်းသည် ရှန်းတန်ကို သူ့ရင်ခွင်ထဲသို့ ဆွဲခေါ်ကာ သူ့မျက်နှာကို သူမ၏ လည်ပင်းတွင် နှစ်မြှုပ်ပြီး နက်ရှိုင်းစွာ ရှူရှိုက်လိုက်သည်။
"မင်းကို အရမ်းလွမ်းနေခဲ့တာ" ဟု သူက ပြောခဲ့သည်။
ရှန်းတန်သည် ကုဟွိုင်အန်း၏ ခိုင်မာပြီးအားကောင်းသော နှလုံးခုန်သံကို ခံစားရသည်။
သူမသည် သူ့ခါးကို ပြန်ပြီး ပွေ့ဖက်လိုက်သည်။ "ကျွန်မလည်း ရှင့်ကို လွမ်းပါတယ်။"
ယွမ်ယွမ်သည် ဖုန်းချလိုက်သည်နှင့် ဤမြင်ကွင်းကို မြင်လိုက်ရပြီး သူ့နှလုံးခုန်နှုန်း တစ်ချက် လွတ်သွားမတတ် ဖြစ်သွားသည်။ သူမ သူတို့ကို တကယ်ကို မေးချင်မိသည်။ "ဟိုတယ်အခန်းတံခါးမှာတောင် ဖက်နေကြရလား၊ အထဲဝင်ပြီး တံခါးပိတ်လို့ မရဘူးလား၊ ခဏလေးတောင် မစောင့်နိုင်တော့ဘူးလား။"
ယွမ်ယွမ်သည် မိခင်အိုကြီးတစ်ဦးကဲ့သို့ စိုးရိမ်ပူပန်နေသည်။ သူတို့ကို လူမြင်ခံရပြီး နာမည်ကြီးစာရင်းတွင် ပါဝင်သွားမည်ကို ကြောက်သောကြောင့် ဖြစ်သည်။
ကံကောင်းစွာဖြင့် ကုဟွိုင်အန်းသည် ခဏအကြာတွင် လွှတ်ပေးလိုက်သည်။ "အားလုံး ထုပ်ပိုးပြီးပြီလား၊ ကိုယ် မင်းကို အိမ်ပြန်ပို့ပေးမယ်။"
"အားလုံး ထုပ်ပိုးပြီးပြီ၊ နည်းနည်းများသွားတာလေးပဲ ရှိတယ်။"
"ကိစ္စမရှိပါဘူး၊ ကိုယ့်ကားက ကျယ်တယ်။"
ရှန်းတန်သည် သူတို့သုံးယောက်သား ဒီလောက် များပြားတဲ့ ခရီးဆောင်အိတ်တွေကို ဘယ်လိုမျိုး အောက်ထပ်သို့ သယ်သွားကြမလဲဟု တွေးတောနေဆဲတွင် တံခါးဝတွင် ပုံရိပ်နှစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ အိုး မဟုတ်သေးဘူး၊ တကယ်တော့ ခေါင်းနှစ်လုံး ဖြစ်နေသည်။
"မင်္ဂလာပါ၊ မရီး။" စမ်စုန့်ပိုင်နှင့် ဖူကျွန်းရှိန်တို့က ကျယ်လောင်စွာ နှုတ်ဆက်ကြပြီး ရှန်းတန်ကို ဂိုဏ်းခေါင်းဆောင်၏ ဇနီးဖြစ်သည်ဟု ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။
ယွမ်ယွမ်၏ မျက်နှာအမူအရာသည်လည်း အနည်းငယ် ရှုပ်ထွေးနေသည်။ သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး လန့်သွားပုံရသည်။
ရှန်းတန်က လျင်မြန်စွာ ရှင်းပြသည်။ "မကြောက်ပါနဲ့၊ သူတို့က လူကောင်းတွေပါ။"
ထိုသို့ ပြောပြီးနောက် သူမ တစ်ခုခု မှားယွင်းနေသည်ကို သဘောပေါက်သွားသည်။ သူမ အသုံးပြုခဲ့သော စကားလုံးများတွင် "အပြစ်မရှိတဲ့လူက အေးအေးဆေးဆေး နေတတ်ပြီး အပြစ်ရှိတဲ့လူကတော့ ဘယ်သူမှ မလိုက်ဖမ်းဘဲ နေပေမဲ့လည်း ကြောက်ရွံ့ပြီး ထွက်ပြေးဖို့ ကြိုးစားတတ်တယ်" ဟူသော ခံစားချက်မျိုး ပါဝင်နေသည်။
သို့သော် ဤနှစ်ဦးသည် အနည်းငယ် ရိုးသားသူများသာ ဖြစ်ပြီး ၎င်းတို့၏ အကျင့်စရိုက်မှာ ကောင်းမွန်ဆဲ ဖြစ်သည်။
အစပိုင်းတွင် ယွမ်ယွမ်သည် အနည်းငယ် ရှက်ရွံ့နေခဲ့သော်လည်း မကြာမီပင် ထိုနှစ်ဦးနှင့် အဆင်ပြေသွားခဲ့သည်။ သူတို့သည် ချမ်းသာကြွယ်ဝသော်လည်း ကုဟွိုင်အန်းလိုမျိုး မဟုတ်ပေ။ ယွမ်ယွမ်သည် ကုဟွိုင်အန်းကို ကြောက်ရွံ့သော်လည်း စမ်စုန့်ပိုင်၊ ဖူကျွန်းရှိန်တို့နှင့် စကားပြောရာတွင် ပို၍ သက်သောင့်သက်သာ ခံစားရသည်။
သူတို့ တစ်ယောက် တစ်အိတ်စီ ဆွဲကိုင်ကာ အောက်ထပ်သို့ အတူတကွ ဆင်းလာကြသည်။ ကားပါကင်သို့ ရောက်သည်နှင့် ရှန်းယွီက ဘေးမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သူက တကယ်ပင် ဘယ်နေရာကမှန်း မသိဘဲ ပေါ်လာခြင်း ဖြစ်သည်။
လူအချို့ လန့်သွားကြသည်။
"အစ်မ၊ ကျွန်တော် အစ်မကို အိမ်လိုက်ပို့ပေးမယ်" ဟု ရှန်းယွီက ကုဟွိုင်အန်းအား မခံချင်စိတ်ဖြင့် ကြည့်ရင်း ပြောခဲ့သည်။
ကုဟွိုင်အန်း သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်စွာဖြင့် "တန်တန်၊ မင်း သူနဲ့ လိုက်သွားချင်လား" ဟု မေးခဲ့သည်။
ရှန်းယွီက လက်ခုပ်တီးပြီး သူ့ရှေ့တွင် လက်ဝှေ့ယမ်းလိုက်သည်။ "အစ်မတန်တန်၊ ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ပါ။ အဖေ၊ အမေ၊ အဘွားတို့အားလုံး အိမ်မှာ အစ်မကို စောင့်နေကြတယ်။"
ကုဟွိုင်အန်းက သူ့နှုတ်ခမ်းကို တင်းတင်းစေ့ပြီး တိတ်ဆိတ်စွာပင် ရှိနေခဲ့သည်။ ရှန်းတန်ကို သူ့မျက်လုံးထဲတွင် ပြင်းပြသော မကျေနပ်မှုဖြင့်သာ ကြည့်နေခဲ့သည်။
ရှန်းတန် သူ့ကို ထိုသို့ မြင်ရသည်ကို မခံမရပ်နိုင် ဖြစ်ခဲ့သည်။
[ဘာလုပ်ရမလဲ၊ ဆုံးဖြတ်ဖို့ အရမ်းခက်ခဲတာပဲ...]
[အာ အာ အာ အာ အာ အာ အာ]
[တစ်ဖက်က ကျွန်မမိသားစု၊ နောက်တစ်ဖက်ကတော့...]
ရှန်းတန်သည် ခဏတာမျှ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။
ရှန်းတန်သည် ကုဟွိုင်အန်းက မျက်လွှာချသွားပြီး သူ့အသံမှာ စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသည်ကို ကြားလိုက်ရသည်။ "ကိစ္စမရှိပါဘူး၊ တန်တန်။ မင်း သူနဲ့ လိုက်သွားလို့ ရပါတယ်။ ကိုယ် ကိုယ့်ဘာသာ ကိုင်တွယ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့က မင်းမိသားစုလေ။ မင်း သူတို့နဲ့ ဒီလောက် အကြာကြီး နေခဲ့ပြီးပြီ။ ဒါပေမယ့် ကိုယ် မင်းကို မတွေ့ရတာ ကြာပြီ။ ကိစ္စမရှိဘူး၊ ကိုယ် သည်းခံနိုင်ပါတယ်။"
ရှန်းယွီ၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားသည်။ ဒါက ဘယ်လိုတောင် လှည့်စားတဲ့ လက်နက်မျိုးပါလိမ့်။
"မင်း အရမ်း အလွန်အကျွံပြောနေတာပဲ။ အစ်မတန်တန်၊ ဒီလူကို အစ်မကို လှည့်စားခွင့် မပြုပါနဲ့။"
စမ်စုန့်ပိုင်နှင့် ဖူကျွန်းရှိန်တို့ပင် နောက်ကွယ်မှ တိတ်တဆိတ် လက်မထောင်ပြခဲ့ကြသည်။
ဝိုး၊ ကုဟွိုင်အန်းမှာ ဒီလိုဘက်ခြမ်းမျိုး ရှိနေလိမ့်မယ်လို့ သူတို့ မမျှော်လင့်ခဲ့ကြဘူး။
ရှန်းတန်သည်လည်း အံ့အားသင့်သွားသည်။
[ဝိုး၊ ဒီလက်ဖက်ရည်နံ့က အရမ်းပြင်းတာပဲ၊ လျှံကျတော့မတတ်ပဲ။ သူ မလာခင် ဘယ်နှစ်ခွက် သောက်ခဲ့တာလဲ။]
[ဒါပေမဲ့ ဒီကုဟွိုင်အန်းက အရမ်းချစ်ဖို့ကောင်းတယ်၊ ဒီလိုမျက်နှာလေးနဲ့က ရွေးချယ်ဖို့ တကယ်ခက်ခဲစေတာပဲ။]
ရှန်းတန်တစ်ယောက် ဆုံးဖြတ်ချက်ချရန် အချိန်ကြာနေသည်ကို မြင်သောအခါ ရှန်းယွီ စိုးရိမ်စိတ်ဝင်လာသည်။ သူက လျှောက်သွားပြီး ကုဟွိုင်အန်းကို တွန်းလိုက်ကာ သူတို့နှစ်ဦးကြားတွင် ဝင်ရပ်ချင်ခဲ့သည်။
မမျှော်လင့်ဘဲ ကုဟွိုင်အန်းက မြေပေါ်သို့ လဲကျသွားပြီး သူ့လက်ဖဝါးက မြေကြီးနှင့် ခြစ်မိကာ သွေးထွက်သွားသည်။
ရှန်းယွီက "ဖာ့ခ်၊ ငါလည်း အားသိပ်မသုံးလိုက်ပါဘူး" ဟု အော်လိုက်သည်။
မင်း&*^%(@# မင်း ဟန်ဆောင်နေတာ။
အခန်း ( ၁၂၀ ) – ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ
ကုဟွိုင်အန်းက အနည်းငယ် မျက်ခုံးတွန့်သွားပြီး "ကျွန်တော် သတိမထားမိတာပါ၊ အိုး…" ဟု ပြောလိုက်သည်။
သူ၏ နုနယ်သော ပုံပန်းသဏ္ဍာန်က သူ့နောက်က ရိုးအတဲ့ ညီအစ်ကိုနှစ်ယောက်ကို မျက်လုံးပြူးသွားစေခဲ့သည်။
အသံနည်းနည်းတောင် မထွက်ဘဲ ဘယ်သူက ဒဏ်ရာရသွားခဲ့တာလဲ။
အခု သူက ဘယ်လိုလုပ်ပြီး ဒီလောက် နုနယ်နေရတာလဲ။
ဟုတ်ပါတယ်၊ တကယ်ကို နုနယ်နေတာပဲ။
ရှန်းယွီ၏ မျက်လုံးများပါ ပြူးကျယ်လာတော့မတတ် ဖြစ်နေသည်။
သူသည် "ဖာ့ခ်၊ မင်းအမေ..." ဟု စတင်သော စကားလုံးပေါင်း တစ်ရာကို ပြောချင်နေခဲ့သည်။
ရှန်းတန်သည်လည်း ကုဟွိုင်အန်း ဟန်ဆောင်နေသည်ဟု သံသယရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အလွန်ပင် စွမ်းဆောင်နိုင်သူ ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် သူ့လက်ဖဝါးပေါ်က ဒဏ်ရာကတော့ အမှန်ပင်။ သူမက သူ့ကို ဆွဲထူပြီး ရှန်းယွီအား "အစ်မ သူ့နောက် အရင်လိုက်သွားမယ်၊ နောက်နှစ်ရက်လောက်နေမှ အိမ်ကို ပြန်လာခဲ့မယ်" ဟု ပြောခဲ့သည်။
ကုဟွိုင်အန်း၏ နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် ကော့ညွတ်သွားသည်။
ရှန်းယွီက ထိုမြင်ကွင်းကို မြင်လိုက်ပြီး သူ့ကို လက်ညှိုးထိုးကာ "အစ်မတန်တန်၊ ကြည့်စမ်း၊ သူ ပြုံးနေတယ်၊ သူ ဟန်ဆောင်နေတာ သေချာတယ်" ဟု အော်ပြောလိုက်သည်။
ရှန်းတန်သည် သူမ၏ မျက်ခုံးနှစ်ဖက်ကြားကို ဖိညှစ်လိုက်သည်။ ဒီလိုနေ့မျိုး ရောက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
"စကားနားထောင်လေ"
ရှန်းတန်က ဒီလိုပြောနေပြီဆိုကတည်းက ရှန်းယွီမှာ ရွေးစရာမရှိတော့ပေ။ သူသည် ကုဟွိုင်အန်းကို မျက်လုံးလှန်ကြည့်လိုက်ပြီး "လက်ဖက်စိမ်းခွေးကောင်*" ဟု ပြောခဲ့သည်။
ထို့နောက် ရှန်းယွီက ဒေါသတကြီး လှည့်သွားသည်။
ရှန်းတန်က ကုဟွိုင်အန်းကို လှည့်ကြည့်ပြီး "အဆင်ပြေလား" ဟု မေးခဲ့သည်။
"ကိုယ် အဆင်ပြေပါတယ်၊ နည်းနည်းပဲ နာတာပါ။"
ရှန်းတန် : "......"
မဖြစ်နိုင်ဘူး၊ ကုဟွိုင်အန်း ရှင်က လူတွေရဲ့ အထက်မှာ မြင့်မြင့်မားမား တည်ရှိနေတဲ့ တည်ငြိမ်ပြီး အေးတိအေးစက် နေတတ်တဲ့သူတစ်ယောက် မဟုတ်လား။ အခု ဘာဖြစ်လို့ ဒီလိုဖြစ်သွားတာလဲ၊ ရှင့်ရဲ့ ဇာတ်ကောင်ပုံရိပ်ကို ထိခိုက်စေတယ်လို့ မခံစားရဘူးလား။
ကုဟွိုင်အန်းက သူ ထိုသို့ မထင်ကြောင်း ညွှန်ပြခဲ့သည်။
ရှန်းတန်နှင့် ကုဟွိုင်အန်းတို့သည် ခရီးဆောင်အိတ်များကို ထည့်ပြီးနောက် ကားပေါ်တွင် ဝင်ထိုင်လိုက်ကြသည်။ ယွမ်ယွမ်ကပါ ကားထဲဝင်ရန် ပြင်နေစဉ် စမ်စုန့်ပိုင်က ဆွဲထားပြီး "လာ၊ လာ၊ ယွမ်ယွမ် မင်း ငါတို့ကားနဲ့ လိုက်လေ" ဟု ပြောခဲ့သည်။
ဒီကောင်မလေး ဘယ်လောက်တောင် အသိဉာဏ်နည်းရတာလဲဟု သူ တွေးမိသည်။ သူမက တတိယလူ ဖြစ်ချင်သေးတာလား။
ဒီနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တွယ်ကပ်နေတဲ့ပုံစံမျိုးနဲ့ သူတို့ရဲ့ ခွေးစာကြောင့် အသက်ရှူကျပ်ပြီး သေမှာ မကြောက်ဘူးလား။
ယွမ်ယွမ်လည်း သဘောပေါက်သွားပြီး "ကျွန်မ ကားနဲ့ မလိုက်တော့ဘူး၊ ရှင်တို့ သွားနှင့်လေ၊ ကျွန်မ နောက်မှ တက္ကစီနဲ့ အိမ်ပြန်လိုက်မယ်" ဟု လျင်မြန်စွာ ပြောခဲ့သည်။
"မင်း မြို့ရဲ့ ဘယ်နေရာမှာ နေလဲ၊ ငါတို့ လိုက်ပို့ပေးမယ်။"
"ဟုတ်တယ်၊ ငါတို့လည်း အားနေတာပဲ။"
ယွမ်ယွမ် နည်းနည်း တွေဝေသွားသည်။
"ဘာလဲ၊ ငါတို့ မင်းကို စားမှာ ကြောက်နေတာလား" ဟု စမ်စုန့်ပိုင်က ပြောလိုက်ပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
ယွမ်ယွမ် : "......"
အိုး ဘုရားရေ... သူ့မျက်လုံးတွေ တိုက်ခိုက်ခံရသလို ခံစားလိုက်ရသည်။
ယွမ်ယွမ်က ငယ်ရွယ်သေးသော်လည်း သူမသည် အင်အားကြီးသူများကို မြှောက်ပင့်ပြီး အားနည်းသူများကို နှိမ့်ချသည့်နေရာတစ်ခုဖြစ်သည့် ဖျော်ဖြေရေးလောကမှာ နေထိုင်ခဲ့ရသည့်အတွက် အများကြီး နားလည်ခဲ့သည်။
ရိုးရိုးသားသားပြောရရင် သူကဲ့သို့ တစ်စုံတစ်ယောက်သည် ရိုးရိုးရှင်းရှင်းပင် မြေပိုင်ရှင်ရဲ့ သားမိုက်တစ်ယောက်လိုပဲ။ တီဗီဒရမ်မာထဲမှာဆို တစ်ပိုင်းစာတောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။
"ကျေးဇူးပါပဲ၊ မလိုပါဘူး၊ ကျွန်မနေတာ ဒီနေရာနဲ့ နီးတယ်" ဟု ယွမ်ယွမ်က ယဉ်ကျေးစွာ ငြင်းဆန်ခဲ့သည်။
သူမသည် ထိုကားပေါ် တကယ်ပင် မလိုက်လိုခဲ့ပေ။
တခြားအကြောင်းပြချက် မရှိဘဲ ကားက အလွန်အမင်း တကယ့်ကို တောက်ပလွန်းနေသောကြောင့် ဖြစ်သည်။
ထိုပန်းရောင်ဆန်သောအားကစားကားသည် စိန်ပွင့်များဖြင့် ပတ်လည်ဝိုင်းရံထားပြီး ယွမ်ယွမ်ကို ယခင်က အရောင်တောက်တော်များ ခေတ်စားခဲ့သည့် နေ့ရက်များဆီသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရစေသည်။
နောက်တစ်ချက်မှာ ထိုနှစ်ယောက်၏ ထူးခြားစွာ တောက်ပသော ဆံပင်အရောင်များ ဖြစ်ပြီး သူမသည် သူတို့နှစ်ယောက်နှင့်ကပ်လျက် မလိုက်ချင်ခဲ့ပေ။
စမ်စုန့်ပိုင်က သူမ ရှက်နေသည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် သူကပင် ဦးဆောင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။
ယွမ်ယွမ်တစ်ယောက် မတုံ့ပြန်နိုင်မီ သူမကို ကားပေါ်သို့ တွန်းတင်လိုက်ပြီး ခါးပတ်ပတ်ပေးလိုက်သည်။
နေပါဦး။
"အားမနာပါနဲ့၊ ဒီမှာတော့ ကျွန်တော်တို့အားလုံးက သူငယ်ချင်းတွေပါ။ သွားကြတာပေါ့၊ ဘယ်မှာ နေလဲ။"
"ခဏနေပါဦး၊ ကျွန်မ မဟုတ်ဘူး…"
“သေချာလေး ကိုင်ထား၊ ကားထွက်တော့မယ်။"
ထို့နောက် ကားသည် အမြန်မောင်းထွက်သွားပြီး ဖုန်မှုန့်များသာ ကျန်ရစ်ခဲ့သည်။
ဖူကျွန်းရှိန်တစ်ယောက် ကားနောက်တွင် မှင်သက်စွာ ရပ်နေခဲ့သည်။
ဒါက အလှလေးကြောင့် သူငယ်ချင်းဖြစ်သူကို မေ့လျော့သွားတဲ့ နောက်ထပ် အရူးတစ်ယောက်လား။
သူသည် မထွက်ခွာသေးသော ကုဟွိုင်အန်း၏ ကားဘက်သို့ ကြည့်လိုက်ပြီး မျှော်လင့်ချက်ဖြင့် "အစ်ကိုကု..." ဟု ပြောလိုက်သည်။
ကုဟွိုင်အန်းက အနည်းငယ် ချောင်းဟန့်လိုက်ပြီး "ငါ့ကားမှာ နေရာမရှိဘူး၊ မင်း တက္ကစီခေါ်ပြီး ပြန်လိုက်ပါ" ဟု ပြောခဲ့သည်။
ထိုသို့ပြောပြီးသည်နှင့် သူ့ကားကို လျင်မြန်စွာ မောင်းထွက်သွားခဲ့သည်။ ဖူကျွန်းရှိန်တစ်ယောက် သူ့ကားပေါ်တက်လာမှာကို ကြောက်နေသကဲ့သို့ပင်။
ဖူကျွန်းရှိန်သည် သူ့ရင်ဘတ်ကို ဖိကိုင်ကာ နေရာတွင် ရပ်နေခဲ့သည်။
ငါတို့ လမ်းခွဲပြီ၊ မင်းတို့အားလုံးနဲ့ လမ်းခွဲပြီ။ မင်းတို့ထဲမှာ လူကောင်း တစ်ယောက်မှ မရှိဘူး။
နေရာမရှိဘူးတဲ့၊ မင်းက ဘယ်လောက်တောင် ၀နေလို့လဲ၊ နေရာ အများကြီး ရှိတာပဲကို။
မျက်တောင်တစ်ချက်မခတ်ဘဲ လိမ်ညာနေတာပဲ။
ကားထဲတွင် ရှန်းတန်က နောက်ကို အကြိမ်အနည်းငယ် ပြန်ကြည့်လိုက်ပြီး "သူ့ကို ဒီလိုပဲ ထားခဲ့တာ တကယ် အဆင်ပြေရဲ့လား" ဟု ပြောခဲ့သည်။
"စိတ်မပူပါနဲ့၊ အဲဒီကောင်က သူ့ဘာသာသူ အိမ်ပြန်လမ်းကို မပျောက်ဘဲ ရှာနိုင်တယ်။"
ရှန်းတန်သည် တစ်ခုခု ပြောချင်သော်လည်း ချုပ်တည်းထားလိုက်သည်။
မဖြစ်နိုင်ဘူး၊ သူတို့ရဲ့ ညီအစ်ကိုသံယောဇဉ်တွေအားလုံးက အပေါ်ယံသက်သက်ပဲလား...။
ကုဟွိုင်အန်းသည် အရင်ကလည်း ဒီထက်ပိုကောင်းတာ မဖြစ်ဘူး၊ အဲဒီနှစ်ယောက်ကို အများကြီး အနိုင်ကျင့်ခဲ့တာ ဖြစ်နိုင်တယ်လို့တောင် သူမ သံသယရှိခဲ့သည်။
ကုဟွိုင်အန်းက အနည်းငယ် ထပ်ချောင်းဟန့်လိုက်သည်၊ "တန်တန်၊ မင်း နောက်ကျရင် တခြားအလုပ်တွေ မရှိဘူး မဟုတ်လား။"
"မသေချာဘူး၊ အခြေအနေပေါ် မူတည်တယ်။ နောက်မှ ရုပ်ရှင်အတွက် ကြော်ငြာတွေ လုပ်ရနိုင်တယ်။"
သူမသည် ခေါင်းဆောင်မင်းသမီး မဟုတ်သော်လည်း သူမ၏ ဇာတ်ကောင်သည် အတော်လေး အရေးကြီးသည်။
အချိန်ကျရောက်သောအခါ သူမ လုံးဝ ထွက်ပြေးနိုင်မည် မဟုတ်ပေ။
"အိုး..."
ရှန်းတန်က စိတ်ဝင်တစား မေးလိုက်သည်၊ "ရှင် ဘာကိစ္စရှိလို့လဲ။"
"သိပ်မရှိပါဘူး။"
ရှန်းတန်က နှုတ်ခမ်းမဲ့လိုက်သည်။ ဘယ်သူ့ကို လိမ်နေတာလဲ၊ ဘာမှမရှိရင် မမေးဘူး မဟုတ်လား။
ကုဟွိုင်အန်းက ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ရှန်းတန် သူ့ဦးနှောက်မှာ တစ်ခုခုမှားနေပြီဟု ထင်မိသည်။
ကုဟွိုင်အန်း၏ နှုတ်ခမ်းထောင့်စွန်းက အဆက်မပြတ် ကော့ညွတ်နေပြီး ပျော်စရာကောင်းတဲ့ တစ်ခုခုကို တွေးနေသလိုပင်။ ရှန်းတန်က အနည်းငယ် စိတ်ဆိုးသွားသည်။ သူ၏ ကားမောင်းနေတဲ့ လက်ကို ကြည့်လိုက်ပြီး "ရှင့်လက်က မနာတော့ဘူးလား" ဟု မေးခဲ့သည်။
"မနာပါဘူး။"
ထိုသို့ပြောပြီးသည်နှင့် ကုဟွိုင်အန်းက နာကျင်နေဟန် လုပ်ပြလိုက်သည်။ "တကယ်တော့ နည်းနည်းနာသေးတယ်၊ ဒါပေမဲ့ ကိုယ် သည်းခံနိုင်ပါတယ်။"
"အိုး၊ ဟန်ဆောင်တာ ရပ်တော့။ ရှင့်ခေါင်း ထိခိုက်တုန်းက အသံတစ်ချက်မှ ထွက်တာ မတွေ့လိုက်ပါဘူး။"
ရှန်းတန်သည် လှောင်ပြောင်သံဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ခုနကတော့ သူမ စိုးရိမ်လွန်သွားတာကြောင့် မထုတ်ဖော်လိုက်မိတာပင်။ ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ သူက ဒီလောက် နုနယ်တာ မဖြစ်နိုင်ဘူး။
"အဟမ်း၊ မင်း ကိုယ့်ရဲ့ ဒီလိုပုံစံကို မကြိုက်ဘူးလား။"
ရှန်းတန်၏ အကြည့်က ဟိုဟိုဒီဒီ လျှောက်ကြည့်နေသည်။
သူမ ဖတ်ဖူးသည့် စာကြောင်းတစ်ကြောင်းကို သတိရမိသည်။ လူတွေက လှည့်စားတတ်သူတွေကို မကြိုက်ရတဲ့ အကြောင်းရင်းက သူ့ရဲ့ ချစ်ခြင်းမေတ္တာက မင်းအတွက် မဟုတ်လို့ပဲ။
အဲဒါက တကယ့်ကို မှန်ကန်သည်။
သူမ ဝန်ခံရလျှင် အစောပိုင်းက စိတ်ရှုပ်ထွေးမှုတွေနဲ့အတူ လျှို့ဝှက်ပျော်ရွှင်မှု အနည်းငယ် ပါဝင်ခဲ့သည်။ သို့သော် ထိုကဲ့သို့သောအရာကို ထုတ်ဖော်ပြောဆိုနိုင်ပါ့မလား။
သူမ ဒါကို ကုဟွိုင်အန်းအား လုံးဝ မပြောသင့်ပေ။
ရှန်းတန်သည် သူမရဲ့ မျက်နှာကို တည်ထားပြီး လျစ်လျူရှုဟန်ဖြင့် "ကိစ္စမရှိပါဘူး" ဟု ပြောခဲ့သည်။
"ကိုယ် နားလည်ပါပြီ၊ ဒါဆို နောက်ဆို ဒီလို မလုပ်တော့ပါဘူး။"
ကုဟွိုင်အန်းက ထိုသို့ တုံ့ပြန်ခဲ့သည်။
ရှန်းတန် သူ့ဘက်သို့ ချက်ချင်း ခေါင်းလှည့်လိုက်သည်။ "ကျွန်မ ကိစ္စမရှိဘူးလို့ပဲ ပြောခဲ့တာ၊ နောက်ဆို ဒီလိုမလုပ်ဖို့ မပြောခဲ့ပါဘူး။"
“’ကောင်းပြီ’ ဆိုတာ သိပ်မကောင်းတာကိုပြောတာပဲ။ မင်း တွန့်ဆုတ်နေတာနဲ့တင် ကိုယ် နားလည်ပါတယ်။ စိတ်မပူပါနဲ့၊ နောက်ဆို ကိုယ် မင်းကို စိတ်မသက်မသာဖြစ်အောင် မလုပ်တော့ဘူး။”
ရှန်းတန် : "......"
မဖြစ်နိုင်ဘူး၊ သူမ ဆိုလိုတာ ဒီလိုမျိုး လုံးဝ မဟုတ်ဘူးလေ။
သေစမ်း၊ အခု ဘယ်လိုရှင်းပြရမလဲ။
သူမ တကယ်သဘောကျတယ်လို့ ပြောရမလား။ မဟုတ်ဘူး၊ လုံးဝ ထုတ်မပြောသင့်ဘူး။
ကုဟွိုင်အန်းသည် ရှန်းတန်၏ စိတ်ထဲမှ ရှုပ်ထွေးနေသော အတွေးအကုန်လုံးကို ကြားလိုက်ရပြီး ပျော်ရွှင်စွာ ရယ်မောခြင်းကို မထိန်းချုပ်နိုင်တော့ပေ။
မင်းရဲ့ ထောင်ချောက်ထဲမှာ မင်းပဲ ပိတ်မိနေပြီ။
တကယ်ပင် ရှန်းတန်သည် စိုးရိမ်စိတ်ဖြင့် ပိတ်မိနေပြီး ကုဟွိုင်အန်း အစောပိုင်းက သူ့ကို ဘာမေးချင်ခဲ့တာလဲဆိုတာကို အလွန်သိချင်နေခဲ့သည်။ တစ်ဝက်တစ်ပျက်သာ ပြောပြီး ဆွပေးခြင်းသည် အဆိုးဆုံး လှောင်ပြောင်ခြင်းမျိုး ဖြစ်သည်။
ရှန်းတန်၏ အတွေးများထဲက သူ မည်မျှ ဒေါသထွက်ပြီး သူ့ကို ဆဲဆိုခဲ့သည်ကို မြင်ရပြီးနောက် ကုဟွိုင်အန်းက ကူကယ်ရာမဲ့စွာ "ခုနက ဘာလို့ ဒီလိုမေးခဲ့တာလဲဆိုတာ သိချင်လား" ဟု ပြောခဲ့သည်။
ရှန်းတန် ခေါင်းကို အမြန်ငြိမ့်လိုက်သည်။ "တကယ်သိချင်တယ်၊ အရမ်းကို သိချင်တယ်။"
"ဒါဆို မင်း ကိုယ့်ကို နမ်းရင် ပြောပြမယ်။"
ရှန်းတန် : "......"
မျှတစွာဖြင့်ပြောရလျှင် သူတို့ အရင်က အကြိမ်များစွာ နမ်းရှိုက်ခဲ့ဖူးသည်။ သို့သော် ရှန်းတန်က စတင်နမ်းခဲ့သည်မှာ လက်ချိုးရေတွက်နိုင်ပေသည်...။
"ရှင်နော်၊ အခု ရှင် ကားမောင်းနေတယ်ဆိုတာရော သတိထားမိသေးတယ်မလား။"
"ရတယ်၊ ကိုယ် အိမ်ရောက်တဲ့အထိလည်း စောင့်နိုင်ပါတယ်။"
ရှန်းတန်သည် မူလက သူ့တောင်းဆိုချက်ကို ပြောင်းလဲစေလိုခဲ့သည်။ သို့သော် သူက အိမ်ရောက်ရင်တောင် နမ်းချင်သေးတယ်ဆိုတော့ အခုပဲ နမ်းလိုက်တာ ပိုကောင်းတယ်။ အနည်းဆုံးတော့ သူ ဘာမှ ထပ်မလုပ်နိုင်တော့ဘူး။
သို့သော် ရှန်းတန်အတွက် ဦးဆောင်နမ်းခြင်းသည် နည်းနည်းတော့ ရှက်စရာကောင်းနေဆဲဖြစ်ပြီး ရှန်းတန်သည် သူမကိုယ်သူမ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရန် အတွင်းစိတ်ထဲတွင် အတော်လေး ရုန်းကန်အချိန်ယူခဲ့ရသည်။
သူမ သူ့အနားသို့ ကပ်သွားစဉ် ကုဟွိုင်အန်းက ခေါင်းကို အနည်းငယ် လှည့်လိုက်ရာ သူတို့၏ နှုတ်ခမ်းများ ထိပြီး ချက်ချင်း ပြန်ခွာသွားသည်။
ရှန်းတန်သည် မယုံကြည်နိုင်စွာဖြင့် သူမ၏ ပါးစပ်ကို ဖုံးအုပ်လိုက်သည်။
သူမက သူ့ပါးကို နမ်းချင်ခဲ့ရုံသာဖြစ်သော်လည်း ဘာကြောင့် သူ့နှုတ်ခမ်းကို နမ်းမိသွားတာလဲ။
"ဘာလို့ ခေါင်းလှည့်လာတာလဲ။"
"ကိုယ် လမ်းဘေးမှာ တစ်ခုခု လျှပ်ခနဲ မြင်လိုက်ရသလိုပဲ။"
ရိုးရိုးသားသားပြောရလျှင် ရှန်းတန် သိပ်မယုံကြည်ခဲ့သော်လည်း သူမထံတွင် သက်သေလည်း မရှိခဲ့ပေ။
ဒီလိုတိုက်ဆိုင်မှုမျိုးက ဘယ်လိုဖြစ်နိုင်မှာလဲ။
ပြောရရင် ကုဟွိုင်အန်းရဲ့ နှုတ်ခမ်းတွေက အရမ်းနူးညံ့တယ်၊ ဂျယ်လီလေးလိုပဲ၊ ပူစီနံလေးတောင် သင်းနေသေးတယ်။
အား၊ ဒီလူ နှုတ်ခမ်းအဆီတော့ မလိမ်းထားဘူးမလား။