အခန်း (၁၄၅-၁၄၆)
Vol. 15 Ch. 145-146
အခန်း ( ၁၄၅ ) – ‘ပြန်လည်မွေးဖွားခြင်းရဲ့ ထူးခြားချက်က ဘာလဲ’
ရှန်းတန်သည် အိပ်မက်တစ်ခု မြင်မက်ခဲ့သည်။
အိပ်မက်ထဲတွင် သူမသည် ဘေးလူတစ်ယောက်လို ဘေးတိုက်ရပ်ကာ "ရှန်းတန်" ၏ ဘဝတစ်ခုလုံးကို တစ်ခဏအတွင်း မြင်တွေ့လိုက်ရသည်။
ရှန်းတန်က သတိရှိနေသော်လည်း သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်၍ မရခဲ့ပေ။
နေ့တိုင်း သူမသည် ဇာတ်ကြောင်းအတိုင်း လိုက်နာရန် အတင်းအကြပ် ခိုင်းစေခံရပြီး ဆိုးသွမ်းသောဇာတ်ကောင်ကဲ့သို့ ပြုမူကာ သူတို့ လုပ်လေ့ရှိသည့် မကောင်းမှုများကို ပြုလုပ်နေရသည်။
အိပ်မက်ထဲက ကုဟွိုင်အန်းသည်လည်း လက်တွေ့ဘဝက ကုဟွိုင်အန်းနှင့် မတူပေ။ သူသည် အလွန်အေးစက်ပြီး သူ့ရဲ့ အကြည့်တစ်ချက်ကပင် သူမကို နေရာမှာတင် အေးခဲသွားစေနိုင်သည်။
သူမသည် အိပ်မက်ထဲက "ရှန်းတန်" သည် ဆိုးရွားသော အရာမျိုးစုံကို ပြုလုပ်ပြီး နောက်ဆုံးတွင် ကြောက်မက်ဖွယ် သေဆုံးသွားသည်ကို ကြည့်နေခဲ့ရသည်။
"ရှန်းတန်" သေဆုံးပြီးနောက် သူမ၏ ဝိဉာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး တခြားကမ္ဘာတစ်ခုသို့ လွင့်မျောရောက်ရှိသွားကာ မတော်တဆ အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့သည်။
သူမသည် ဝတ္ထုတစ်ပုဒ်ထဲက ဇာတ်ကောင်တစ်ဦးမျှသာဖြစ်ပြီး သူမ၏ တည်ရှိမှုသည် နည်းမျိုးစုံဖြင့် အရှက်ရစေရန် ဖြစ်ကြောင်း၊ သူမ၏ ဘဝကို ဝတ္ထုရေးသားသူက ထိန်းချုပ်ထားကြောင်း သိခဲ့ရသည်။
"ရှန်းတန် "၏ စိတ်ဓာတ်သည် ချက်ချင်း ပြိုလဲသွားပြီး ဤကဲ့သို့သော လက်တွေ့ဘဝကို သူမ လက်မခံနိုင်ခဲ့ပေ။
ထို့နောက် မြင်ကွင်းက မှောင်မိုက်သွားသည်။
သူမ မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ "ရှန်းတန်" သည် တခြားကမ္ဘာမှ ရှန်းတန် တစ်ယောက် ဖြစ်လာခဲ့ပြီး မိဘမဲ့ကျောင်းဝတွင် နက်နဲစွာ ပေါ်လာသော မိဘမဲ့တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဘေးလူတစ်ယောက်အနေဖြင့် ရှန်းတန်သည် သူမ၏ ကိုယ်ပိုင်ဘဝကို ပြန်ကြည့်လိုက်ရသည့်အခါ အနည်းငယ် ကွဲပြားသည်ဟု ခံစားရသည်။
ကျွမ်းကျိုးသည် လိပ်ပြာအဖြစ် အိပ်မက်မက်ခဲ့သည်။ သူမသည် လိပ်ပြာအဖြစ် ပြောင်းလဲသွားသော ကျွမ်းကျိုးလား၊ ဒါမှမဟုတ် ကျွမ်းကျိုး အဖြစ် ပြောင်းလဲသွားသော လိပ်ပြာလား ဆိုတာကို မသိပေ။
သို့သော် အနည်းဆုံးတော့ သူမ အဘယ်ကြောင့် မိဘ မရှိခြင်း၊ ဘာလို့ ဘယ်သူကမှ သူမကို လာမရှာတာလဲ ဆိုတာကို နားလည်သွားသည်။
သူမက ထိုကမ္ဘာက မဟုတ်ခဲ့ခြင်းသာ ဖြစ်သည်။ သူမက "ရှန်းတန်" ဖြစ်ပြီး၊ "ရှန်းတန်"က သူမ ဖြစ်ခဲ့သည်ပင်။
သူမ အရင်ဘဝက ကုဟွိုင်အန်း အပေါ် ပြုမူခဲ့တာတွေကို တွေးမိတော့ နည်းနည်း ရှက်မိသည်။
ကံကောင်းစွာနဲ့ပဲ ကုဟွိုင်အန်းက မသိခဲ့ဘူး။
နေဦး၊ ကုဟွိုင်အန်း တကယ်ပဲ မသိခဲ့ဘူးလား။
ရှန်းတန် သေချာ စဉ်းစားကြည့်တော့ ကုဟွိုင်အန်းရဲ့ သူမအပေါ်ထားတဲ့ သဘောထားက အစကတည်းက သူ့ရဲ့ အရင်ဘဝနဲ့ မတူဘူးဆိုတာ သတိပြုမိပြီး တစ်ခုခု မူမမှန်ဘူးလို့ ခံစားရသည်။
ကုဟွိုင်အန်းလည်း ပြန်လည်မွေးဖွားလာတာများလား။
စဉ်းစားကြည့်ရင် မဖြစ်နိုင်တာတော့ မဟုတ်ပေ။ သူမဟာ ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်မျိုးတွေ ကြုံတွေ့ဖူးပြီးသားဆိုတော့ ရိုးရိုးပြန်လည်မွေးဖွားခြင်းဆိုသည်က အဘယ်များ ထူးဆန်းဦးမည်နည်း။
"မိတ်ဆွေလေး၊ မိတ်ဆွေလေး။"
ရှန်းတန်သည် သူမအား တစ်စုံတစ်ယောက် ခေါ်နေသည်ကို ကြားလိုက်ရသည်။ သူမ အရမ်း စိတ်တိုပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ "ဖြန်း" ဆိုတဲ့ အသံကို ကြားလိုက်ရသည်။
"ဆရာ"
"ဘာမှ မဖြစ်ဘူး။"
ရှန်းတန်၏ အတွေးများ ပြတ်တောက်သွားသည်။ သူမ စိတ်တိုတိုဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ဆရာသခင်ကျန်းနှင့် သူ့တပည့်က သူမကို ဝိုင်းကြည့်နေတာကို မြင်လိုက်ရသည်။
ဆရာသခင်ကျန်း၏ မျက်နှာပေါ်တွင် နီရဲနေသော လက်ဝါးရာတစ်ခု ရှိနေသည်။
"ဆရာသခင်၊ တစ်ယောက်ယောက် ဆရာသခင်ကို ရိုက်လိုက်တာလား။"
ဆရာသခင်ကျန်းသည် စကားတစ်ခွန်းမှ မပြောဘဲ ရှန်းတန်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
ရှန်းတန်သည် ရင်ထဲမှာ အပြစ်ရှိသလို ခံစားရသည်။ သူမ ခုနက အိပ်မက်ထဲက ရိုက်လိုက်တဲ့ အရာကို ပြန်သတိရလိုက်တော့ ဖြစ်နိုင်မလားပင်…
အဟမ်း၊ သူမ ဘယ်လိုနည်းနဲ့မှ ဝန်ခံမည် မဟုတ်ပါ။
"ပြောရရင်တော့ ဆရာသခင့်ရဲ့ မျက်နှာက အခု ပိုပြီး လင်းလက်နေပါပြီ။"
ဆရာသခင်ကျန်း : "..."
တပည့် : "..."
သူမ ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးကို ရှက်ရကောင်းမှန်းမသိ ပြောနိုင်ရသည်လဲ။
ရှန်းတန်သည် သူမ ခေါင်းနောက်ဘက်မှ နာကျင်မှုကို ခံစားရတော့ မျက်နှာ ရှုံ့မဲ့သွားသည်။ သူမ ထရပ်လိုက်သောအခါ ခုနက ဖျာပေါ်မှာပဲ လဲလျောင်းနေသေးတာကို တွေ့လိုက်ရသည်။
သူမက အနည်းငယ် မကျေနပ်စွာဖြင့် ကြည့်လိုက်သည်၊ "ဆရာသခင်၊ ဘာဖြစ်လို့ အရင်က ကြိုတင် သတိမပေးခဲ့တာလဲ။"
သူမသာ ကြိုသိခဲ့ရင် တခြားနေရာမှာ သောက်ခဲ့မှာပင် ဖြစ်သည်။
"အဟမ်း၊ ဆရာသခင်၊ ကျွန်မ ခုနက မက်ခဲ့တဲ့ အိပ်မက်က တကယ်လား။"
ဒါဟာ ခဏတာ အိပ်မက်တစ်ခုမျှသာဖြစ်ပြီး လက်တွေ့မှာ မိနစ်အနည်းငယ်သာ ကုန်ဆုံးခဲ့သေးသည်။
ဆရာသခင်ကျန်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်သည်၊
"ဟုတ်တယ်။"
"ဒီကမ္ဘာမှာ တခြားသူတွေ၊ အမ်၊ သူတို့ရဲ့ အရင်ဘဝမှတ်ဉာဏ်ရှိတဲ့သူတွေ ရှိသေးလား။"
"ရှိတယ်။"
"ကျွန်မ သိတဲ့သူလား။"
ဆရာသခင်ကျန်း ခေါင်းညိတ်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်၊
"ငါ..."
ရှန်းတန် : "..."
ဆရာသခင်၊ ဆရာသခင်က တော်တော် မျက်နှာပြောင်တိုက်တဲ့လူပဲဟု ရှန်းတန် တွေးမိသည်။
ထားလိုက်ပါလေ၊ သူမ အသေးစိတ် သိဖို့ ကြိုးစားစရာ မလိုတော့ဘူးပင်။
ဒီအကြောင်းကို တကယ် သိချင်ရင် ကုဟွိုင်အန်းကို တိုက်ရိုက်မေးလိုက်ရုံပင်။ သူ သူမကို လိမ်ပြောမှာ မဟုတ်ဘူးလို့ သူမ ယုံကြည်သည်။
ဒါပေမဲ့ ရှန်းတန်က အတွင်းစိတ်ဖတ်ရှုနိုင်တဲ့ ကိစ္စကို ဆက်မေးချင်သေးသည်။
"ဆရာသခင်၊ ဆရာသခင်ပြောတဲ့ ယင်-ယန် သဟဇာတဖြစ်ခြင်း အကြောင်းက…"
"ဖွီး..."
ရှန်းတန်၏ ပြောစကား မဆုံးခင်မှာပင် ဆရာသခင်ကျန်း၏ တပည့်က သူ သောက်နေသော ရေနွေးကို ပန်းထုတ်ပစ်လိုက်သည်။
"အဆင်ပြေလား။"
"အဆင်ပြေပါတယ်၊ အဟွတ်၊ အဟွတ်၊ အလောတကြီး သောက်မိသွားလို့ပါ။"
ဆရာသခင်ကျန်းသည်လည်း ထိုမေးခွန်းကို ဖြေချင်ပုံမရပေ။ သူက စာအုပ်ငယ်လေး တစ်အုပ်ကို တိုက်ရိုက် ပစ်ပေးလိုက်သည်၊ "ဒါကို ယူပြီး အိမ်မှာ ဖတ်။ မင်း အခု နိုးပြီဆိုတော့ ပြန်တော့။"
သူမကို မောင်းထုတ်ချင်သည့် သူ၏ ရည်ရွယ်ချက်က အလွန် ထင်ရှားသည်။
ရှန်းတန်မှာ မေးစရာ မေးခွန်းတချို့ ရှိနေသေးသော်လည်း သူမသည် ဆရာသခင်ကျန်းက အတွင်းခန်းထဲသို့ အလျင်အမြန် ဝင်သွားသည်ကို မြင်လိုက်ရသည်။
"နေပါဦး၊ ဆရာသခင် ကျွန်မ ဝီချက်မှာ ဆရာသခင်ကို အပ်လို့ ရမလား။"
ဆရာသခင်ကျန်းက ပြန်လှည့်လာပြီး သူ့ဝတ်ရုံထဲက အသစ်စက်စက် ဘနားနားဖုန်းတစ်လုံးကို ထုတ်ယူလိုက်သည်၊ "မင်း ငါ့ကို scan လုပ်မလား၊ ငါက မင်းကို scan လုပ်ရမလား။"
ရှန်းတန်က တော်ပါသေးရဲ့ဟု တွေးမိသည်၊ သူမ မေးလိုက်တာ ကောင်းတယ်။ ဆရာသခင်ဆီမှာ တကယ်ပဲ ဝီချက် ရှိနေလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။
ရှန်းတန်သည် တာအိုဘုရားကျောင်းမှ ထွက်လာသည့်အခါတွင်ပင် သူမ၏ နှုတ်ခမ်းထောင့်များ အပေါ်သို့ ကွေးညွတ်နေသည်။
သူမ၏ သံသယအားလုံးကို တစ်ပြိုင်တည်း ဖြေရှင်းနိုင်ခဲ့သည်။ ဒီခရီးက တကယ်ကို တန်ဖိုးရှိလှပေသည်။
ဆရာသခင်ကျန်းက သူမကို ဘယ်လို စာအုပ်ငယ်မျိုး ပေးခဲ့လဲဆိုတာ တွေးမိပြီး ဖွင့်ကြည့်လိုက်ရာ ချက်ချင်း ပြန်ပိတ်လိုက်ရသည်။
ရှန်းတန်၏ မျက်နှာသည် သွေးများစိမ့်ထွက်လုမတတ် နီရဲသွားသည်။ ကောင်းကင်ဘုံက ကူညီပါ ဘုရား၊ ဆရာသခင်ကျန်း ပေးခဲ့သော စာအုပ်မှာ လိင်ပိုင်းဆိုင်ရာ ရုပ်ပုံများပါသော စာအုပ်တစ်အုပ် ဖြစ်နေသည်။
နည်းနည်း ဝါကြင်ကြင်ဖြစ်နေပြီး ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာတဲ့ စာအုပ်တစ်အုပ်လိုပါပဲ။ အကြောင်းအရာက အလွန် ရဲတင်းသည်။ ဒီလိုမျိုးကို ရှန်းတန် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ဘယ်သူမှ သူမကို မကြည့်နေတာ သတိပြုမိတော့ သူမ ခိုးကြောင်ခိုးဝှက် ထပ်ကြည့်လိုက်သည်။
အူး...ဟူး...၊ ရှေးခေတ်လူတွေက ဒီလောက်တောင် ပွင့်လင်းကြပါလား။
"မင်း ဘာကြည့်နေတာလဲ။"
အသံကြားတော့ ရှန်းတန်သည် စာအုပ်လေးကို အလျင်အမြန် သိမ်းပြီး လှည့်ကြည့်လိုက်တော့ ထိုလူက သူမကို စကားပြောနေတာ မဟုတ်ဘူးဆိုတာ သတိပြုမိသည်။
ရှန်းတန်သည် သူမ ရင်ဘတ်ကို ပွတ်သပ်လိုက်မိသည်။ သူမရဲ့ နှလုံးခုန်နှုန်းက တော်တော်လေးကို မြန်ဆန်နေပြီး တရားမဝင်တာ တစ်ခုခု လုပ်ခဲ့သလိုပင်။
သူမသည် စာအုပ်လေးကို အိတ်ထဲ ထည့်ပြီး အိမ်ပြန်ရောက်မှ သေသေချာချာ လေ့လာဖို့ စီစဉ်ထားသည်။
တောင်အောက်ဆင်းရန် ကေဘယ်ကား ရရှိနိုင်သောကြောင့် သူမ တစ်ထစ်ချင်း ဆင်းစရာ မလိုတော့ပေ။ ဒီအချက်ကြောင့် ရှန်းတန် အများကြီး စိတ်အေးသွားသည်။ တောင်ပေါ်တက်ရတာ လွယ်ပေမဲ့ တောင်အောက်ကို ပြန်ဆင်းရတာ ခက်ခဲသောကြောင့် ဖြစ်သည်။ သူမ တစ်ထစ်ချင်း ပြန်ဆင်းဖို့ လုံးဝ မလိုချင်ပေ။
ကေဘယ်ကားပေါ်ကနေ ဆင်းပြီး တောင်ခြေရင်းရောက်တော့ ရှန်းတန်သည် ကုချင်အန်း စိုးရိမ်တကြီး လျှောက်လာသည်ကို တွေ့သည်။
"အဆင်ပြေလား။"
ရှန်းတန်က "အဆင်ပြေတယ်" ဟူသော လက်ဟန်သင်္ကေတပြလိုက်သည်၊ "အရမ်း အဆင်ပြေတယ်။ တစ်ယောက်ယောက်နဲ့ တွေ့ခဲ့ပြီး သူ့ရဲ့ contact information တောင် ရခဲ့တယ်။"
"ဟဲဟဲ၊ အစ်မက ကျွန်မကို ဒီမှာ ခက်ခက်ခဲခဲ စောင့်နေခဲ့ရတာပေါ့။"
"ကျွန်မအတွက် ဘာမှ မခက်ခဲပါဘူး။ တောင်တက်တာက မင်းအတွက် ပိုပင်ပန်းမှာပါ။"
ကုချင်အန်းသည် ထိုမပြီးဆုံးနိုင်သော လှေကားထစ်များကို ကြည့်ရုံဖြင့်ပင် ပင်ပန်းနေသည်။
ရှန်းတန်က လက်ဝှေ့ယမ်းလိုက်သည်၊ "လုံးဝ မပင်ပန်းဘူး။ ဒီခရီးစဉ်က လုံးဝ တန်ဖိုးရှိတယ်။ အခုတော့ အိမ်ပြန်ကြရအောင်။"
ရှန်းတန်သည် ကုချင်အန်း၏ လက်မောင်းကို ချိတ်ကာ ပျော်ရွှင်စွာ ခုန်ဆွခုန်ဆွ ရှေ့သို့ သွားသည်။ သူမ၏ ကျောပြင်ကပင် ပျော်ရွှင်မှုကို ဖော်ပြနေသည်။
ဟဲဟဲ၊ အရမ်းပျော်တယ်။
***
အခန်း ( ၁၄၆ ) – ‘ဘုရားရေ၊ ဒါ တကယ်ကို မိုက်တာပဲ။’
ရှန်းတန်က ဘယ်လောက်ပဲ စိတ်ပူပန်နေပါစေ၊ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ လူနာတစ်ယောက်ကို ဘယ်လိုမှ သွားပြီး အတင်းအကြပ် ခိုင်းစေလို့ မဖြစ်ဘူးဟု တွေးနေမိသည်။
ကုဟွိုင်အန်းလည်း ဒီနည်းလမ်းက ဒီလောက် ရိုးရှင်းပြီး ကြမ်းတမ်းလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ သူဟာ သူ့ကိုယ်ပိုင် အသုံးမကျတဲ့ ခြေထောက်ကို တစ်ချက်ကြည့်ပြီး ချက်ချင်းဆိုသလို သက်သာချင်စိတ် ပေါက်သွားသည်။
"တကယ်တော့ ကိုယ်..."
"ဟင့်အင်း၊ ရှင် လုပ်လို့ မရဘူး။"
ရှန်းတန်က ကုသဆောင်ထဲမှာ သူ့နဲ့အတူ အဲလို လုပ်ဖို့ လုံးဝ မလိုချင်ဘူး။
ကုဟွိုင်အန်း သက်ပြင်းချသည်၊ "ကောင်းပါပြီ၊ ဒါဆို ကိုယ် သက်သာလာတဲ့အထိ စောင့်ရမှာပေါ့။"
ရှန်းတန်က ဒီခေါင်းစဉ်ကို နေ့ခင်းဘက်မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရတာ နည်းနည်း ထူးဆန်းတယ်လို့ ခံစားမိတယ်။
သူမက ခေါင်းစဉ်ပြောင်းပြီး "ဒါဆို ကျွန်မတို့ ဒီမှာပဲ နေမလား၊ ဒါမှမဟုတ် ပြန်ကြမလား" ဟု မေးလိုက်သည်။
သူမ သင်တန်းကြေး တချို့ ရချင်သည်။ တစ်ချိန်တည်းမှာပင် လမ်းကြမ်းသည်မှာ ကုဟွိုင်အန်းရဲ့ ကျန်းမာရေးအတွက် မကောင်းမှာကိုလည်း စိုးရိမ်သည်။
သူမရဲ့ အတွေးတွေကို ကြားနေနိုင်သေးသောကြောင့် ကုဟွိုင်အန်းက "ပြန်ကြစို့။ လေယာဉ်နဲ့ သွားလို့ရတယ်" ဟု ပြောလာသည်။
သီးသန့်လေယာဉ်တစ်စီးက သူတို့ကို ကုမိသားစု ဆေးရုံကို တိုက်ရိုက် ပျံသန်းပို့ဆောင်ပေးနိုင်သည်။
ကုဟွိုင်အန်း တကယ်ပဲ ဒီမှာ မနေချင်တော့ပေ။ ရှဲ့ရွှမ်က ပီကေတစ်ခုလိုပဲ သူ့ကို စိတ်အနှောင့်အယှက်ပေးခြင်းဟာ အဆုံးမရှိပေ။
ထိုသို့ပြော၍မပြီးခင်မှာပင် ထိုလူ ပေါ်လာခဲ့သည်။
သူက ရှဲ့ရွှမ်ကို တွေးလိုက်ရုံပဲရှိသေး၊ သူမ တံခါးဝမှာ အကျယ်ကြီး တတွတ်တွတ် ပြောနေတာကို ကြားလိုက်ရသည်။
"အစ်မတန်တန်၊ အစ်မကို ညီမ လာတွေ့တယ်။"
ဟုတ်ပေသည်၊ ရှဲ့ရွှမ်က ကုဟွိုင်အန်းကို မကြိုက်တော့ဘဲ ရှန်းတန်ကို ကြိုက်ရန် ဆုံးဖြတ်ပြီးကတည်းက သူမ၏ ခေါ်ဝေါ်ပုံ ပြောင်းသွားသည်။
ဒီမျှသာမက သူမသည် ရှန်းတန်၏ ပရိသတ်အဖွဲ့ထဲသို့လည်း ဝင်ရောက်ခဲ့ပြီး ငွေကုန်ကြေးကျခံကာ စီမံခန့်ခွဲသူ တစ်ဦး ဖြစ်လာခဲ့သည်။
ရှန်းတန်ကတော့ ဒီအကြောင်းတွေကို ဘာမှ မသိခဲ့ဘူး၊ အဘယ့်ကြောင့်ဆိုသည်မှာ သူမ ဖုန်းကို သိပ်မကြည့်ဖြစ်ခဲ့လို့ပါ။
ရှန်းတန်က ရှဲ့ရွှမ်ရဲ့ အသံကို ကြားလိုက်ရသည်နှင့် ခေါင်းကိုက်သလို ဖြစ်လာသည်၊ "ဘာ လာလုပ်တာလဲ။"
သူမ တကယ်မေးချင်တာက ဘာလို့ ထပ်လာတာလဲဆိုတာပဲပင်၊ သို့သော် ရှဲ့ရွှမ် စိတ်ဆိုးမည့် အရေးကို စိုးရိမ်မိသည်။
"အစ်မကို လာတွေ့တာ။ အစ်မတန်တန်၊ ဒီမှာ အစားအသောက် မကောင်းတာနဲ့ နေထိုင်ရတာ ခက်ခဲမှာပဲ။ ဘာလို့ ကျွန်မ အိမ်မှာ လာမနေတာလဲ။ ကျွန်မမိသားစုရဲ့ စားဖိုမှူးက ဟင်းအမျိုးမျိုး ချက်ပြုတ်ရာမှာ အရမ်း ကောင်းတယ်။"
ရှန်းတန်၏ ပါးစပ်ထဲ တံတွေးများ ပြည့်လာသည်။
မျှတစွာ ပြောရလျှင် ဆေးရုံအစားအစာတွေက တကယ်ပဲ အရသာ မရှိလှပေ။ ရှန်းတန်လို အကောင်းကြိုက်တတ်တဲ့သူအတွက်တော့ မြိုချရတာ နည်းနည်း ခက်ခဲသည်။
ကုဟွိုင်အန်း၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။ သူတို့ ခုနက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အလွန်ကျေးဇူးတင်မိသွားသည်။
"တန်တန်..."
ရှန်းတန်က ခက်ခက်ခဲခဲ တံတွေးမြိုချပြီး စိတ်မကောင်းစွာဖြင့် ကမ်းလှမ်းချက်ကို ပယ်ချသည်၊ "မင်းကို ဒုက္ခမပေးတာ ပိုကောင်းပါတယ်။ ကျွန်မ မကြာခင် ပြန်တော့မှာပါ။"
"ပြန်တော့မယ် ဟုတ်လား၊ ဘယ်ကို သွားမှာလဲ"
ရှဲ့ရွှမ်က ထိတ်လန့်တကြား ရှန်းတန်ရဲ့ လက်မောင်းကို ဆွဲကိုင်ရင်း မေးခွန်းထုတ်သည်။
"အိမ်ကိုလေ။ ကျွန်မမှာလည်း အလုပ်ရှိသေးတယ်။"
"ညီမလည်း လိုက်မယ်" ရှဲ့ရွှမ်က တုံ့ဆိုင်းမှု မရှိဘဲ ပြောလာခဲ့သည်။
ကုဟွိုင်အန်း : "..."
"မရဘူး။"
သူ သဘောမတူပေ။
ရှဲ့ရွှမ်က သူ့ကို လုံးဝ လျစ်လျူရှုပြီး ရှန်းတန်ကို တောင်းပန်သည်၊ "အစ်မတန်တန်၊ ညီမ အစ်မနဲ့အတူ ပြန်လိုက်လို့ ရမလား။ ကျွန်မ ခုမှ တိုင်းပြည်ကို ပြန်လာတာ၊ သူငယ်ချင်းတွေလည်း မရှိဘူး။ တစ်ယောက်တည်း အရမ်းပျင်းနေတာ..."
ကဲ… လုပ်ပြန်ပါပြီ။
ရှန်းတန်တစ်ယောက် ရှဲ့ရွှမ်ဆီက ဒီလို စကားမျိုးကို ကြားရတဲ့အခါ သူမရဲ့ မိခင်မေတ္တာတွေ ပိုလျှံလာပြီး မိန်းကလေးတစ်ယောက်ကို ဘယ်တော့မှ စိတ်မာမာနဲ့ မဆက်ဆံနိုင်ပေ။
ရှန်းတန်က သဘောတူတော့မယ်ဆိုတာကိုမြင်တော့ ကုဟွိုင်အန်းက အလျင်အမြန် ဝင်ပြောသည်၊ "ရှဲ့ရွှမ်၊ မင်း လိုက်ချင်တယ်ဆိုတာကို မင်းအစ်ကို သိလား။"
သူတော့ မသိလောက်ပေ။
ရှဲ့ရွှမ်က ကုဟွိုင်အန်းကို မျက်လုံးလှန်ကြည့်ပြီး "ရှင်က အရမ်း စိတ်အနှောင့်အယှက်ပေးတာပဲ။ ကျွန်မတို့ချင်း စကားပြောနေတုန်း ကြားဖြတ်မပြောဘဲ နေပေးပါလား" ဟု ပြောလိုက်သည်။
"ဖွီး..."
ရှန်းတန် အကျယ်ကြီး အော်ရယ်မိတော့မလို ဖြစ်သွားသည်။
ဒါဆို ဒါက အချစ်သစ်နဲ့ အချစ်ဟောင်းကြားက ကွာခြားချက်လားပင်။
ထို့နောက် သူမက ရှဲ့ရွှမ်ကို "မင်းအစ်ကိုရဲ့ ခွင့်ပြုချက် လိုသေးတယ်လို့ ငါထင်တယ်။ ပြီးတော့ ငါပြန်ရောက်ရင် အလုပ်တွေနဲ့ ရှုပ်နေမှာမို့ မင်းနဲ့ ဆော့ကစားဖို့ အချိန်ရှိမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
ရှဲ့ရွှမ်သည် နှင်းရိုက်ခံရသည့် ခရမ်းချဉ်သီးတစ်လုံးလို ချက်ချင်း ညှိုးကျသွားသည်။
"ဒါပေမဲ့ ညီမ အစ်မနဲ့ တကယ် လိုက်ချင်တယ်..."
ရှန်းတန်သည် သနားစဖွယ်ပုံစံဖြင့် ပြောနေသည့် ရှဲ့ရွှမ်ကို ကြည့်ပြီး သူမ သဘောတူမိတော့မလိုပင်။
ထိုကဲ့သို့ သနားစဖွယ် အမူအရာက အလွန်အမင်း ထိန်းချုပ်ရခက်လှသည်။
"အဟမ်း၊ ကောင်းပြီ၊ ငါ မကြာခင် အလုပ် သိပ်မရှိတော့ဘူး။ အဲဒီအခါ မင်း လာခဲ့ရင် ငါဧည့်ခံပြီး မင်းကို သေသေချာချာ လိုက်ပြပေးပါ့မယ်။"
ရှဲ့ရွှမ်၏ မျက်လုံးများ ဝမ်းသာအားရ တောက်ပလာသည်။
"တကယ်လား။ အစ်မတန်တန်၊ အစ်မက အကောင်းဆုံးပဲဆိုတာ ကျွန်မ သိတယ်၊ တခြားလူထက် အများကြီး ပိုကောင်းတယ်။"
"တကယ်။"
ရှန်းတန်သည် ကုဟွိုင်အန်းကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
မြင်လား၊ ရှင်က အခုဆိုရင် နံရံပေါ်က ယင်ကောင်တစ်ကောင်လောက်တောင် အရေးမပါတော့ဘူး။
အတွင်းစိတ်ဖတ်ရှုနိုင်သည့်စွမ်းရည်တွင် အချို့သော ကောင်းကျိုးများ ရှိနေသေးသည်။ စကားလုံးများ ဖလှယ်စရာ မလိုဘဲ အရာအားလုံးကို နားလည်နိုင်ခြင်းပင်။
ကုဟွိုင်အန်းမှာ မောပန်းစွာ သူ့နဖူးကို နှိပ်နယ်လိုက်သည်။ နံရံပေါ်က ယင်ကောင်လား၊ သူ အဲလိုကောင်မျိုး မဖြစ်ချင်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် အဲဒီအခန်းကဏ္ဍကို ယူချင် ယူနိုင်သည်။
ရှဲ့ရွှမ်သည် ရှဲ့ယွမ်၏ ညီမသာ မဟုတ်ခဲ့လျှင် သူမကို နှင်ထုတ်လိုက်တာကြာလှပြီ ဖြစ်သည်။
ရှဲ့ရွှမ်၏ လာရောက်လည်ပတ်မှုကြောင့် ကုဟွိုင်အန်းသည် နေ့လယ်ပိုင်းတွင် လေယာဉ် တစ်စင်း စီစဉ်ပြီး ထိုညတွင်ပင် သူတို့နှစ်ဦး ထွက်ခွာခဲ့ကြသည်။
ပြန်ရောက်ပြီးနောက် ကုဟွိုင်အန်း ဆေးရုံတွင် ဆက်လက် အနားယူခဲ့သော်လည်း သူ၏ အလုပ်များမှာမူ လုံးဝ နောက်ကျကျန်ရစ်ခြင်း မရှိခဲ့ပေ။
ရှန်းတန်သည် သူမ၏ အလုပ်များကို ပုံမှန်အတိုင်း လုပ်ကိုင်ခဲ့ပြီး ဆေးရုံ၊ ရှန်းမိသားစု၊ စတူဒီယိုနှင့် ဒုတိယသခင်လေးကျိုး၏ မိသားစုတို့ကြားတွင် နေ့စဉ် သွားလာနေခဲ့သည်။
သူမသည် လုံးဝ မပင်ပန်းသလိုပင်။ အထူးသဖြင့် သူမ ရရှိနေသည့် များပြားလှသော ငွေကြေးပမာဏများကြောင့် ဖြစ်သည်။
ပျမ်းမျှအားဖြင့် သူမ၏ နေ့စဉ်ဝင်ငွေမှာ ဂဏန်း ၆ လုံး ဝန်းကျင်ရှိရာ မည်သို့မျှ ညည်းညူစရာ မရှိခဲ့ပေ။
ထူးဆန်းစွာပင် ကျိုးကျင်း၏ ရှန်းတန် အပေါ်ထားရှိသည့် သဘောထားမှာလည်း တိုးတက်လာခဲ့သည်။ သူသည် သင်တန်းများအတွင်း အလွန်ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ရှန်းတန်မှာ အကြောင်းရင်းကို မသိသော်လည်း ဤသို့ဖြစ်ခြင်းက ပိုမိုကောင်းမွန်ပြီး သူမအတွက် ငွေရှာရန် ပိုမိုလွယ်ကူစေခဲ့သည်။
တစ်လ မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားပြီး ကုဟွိုင်အန်းသည် လုံးဝ ပြန်လည်ကောင်းမွန်လာခဲ့သည်။
ယနေ့သည် သူ ဆေးရုံမှ ဆင်းရမည့်နေ့ဖြစ်သည်။
ရှန်းတန်သည် ပန်းစည်းကြီးတစ်စည်းကို ကိုင်ဆောင်ကာ ဆေးရုံသို့ ရောက်လာခဲ့သည်။ အခန်းထဲသို့ ဝင်တော့မလို လုပ်နေစဉ် နာကျင်မှုနှင့် ပျော်ရွှင်မှု ရောယှက်နေသကဲ့သို့ ထူးဆန်းသောအသံများကို ကြားလိုက်ရသည်။
သူမ အခန်းမှားဝင်မိပြီလားဟုပင် သံသယဝင်မိသည်။
သို့သော် အခန်းနံပါတ်က မှန်ကန်နေခဲ့သည်။
"ထွက်သွား" အခန်းတွင်းမှ ဒေါသတကြီး အော်သံ တစ်သံ ထွက်ပေါ်လာသည်။
ရှန်းတန်သည် ခဏတာမျှ တောင့်ခဲသွားသည်။ သူမ တံခါးကို တွန်းဖွင့်တော့မလို ရှိစဉ် ကျိုးချင်းလျန့်သည် ဖရိုဖရဲ အဝတ်အစားများဖြင့် မျက်လုံးများ နီရဲကာ ယိုင်ထိုးကာ ထွက်လာခဲ့သည်။
ရှန်းတန်ကို မြင်သောအခါ ကျိုးချင်းလျန့်မှာ တုန်လှုပ်သွားပြီး သူမကို ပြင်းထန်စွာ စိုက်ကြည့်ကာ ပြေးထွက်သွားလေသည်။
ရှန်းတန် : "..."
နေပါဦး၊ ဒါက သူမနဲ့ ဘာဆိုင်လို့လဲဟု တွေးလိုက်မိသည်။
သူမ ခဏလောက် စဉ်းစားပြီး လက်ချောင်းကို ကွေးကာ တံခါးကို ဖွဖွလေး ခေါက်လိုက်သည်။
"အမ်၊ ကျွန်မ ဝင်လာလို့ ရမလား။"
ကုဟွိုင်အန်း လျှောက်လာသည့် ခြေသံများကို ကြားလိုက်ရပြီး ကုဟွိုင်အန်းက ရှန်းတန်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
"တန်တန်၊ ကိုယ် အမြတ်ထုတ်ခံရတော့မလို ဖြစ်သွားတယ်..."
ကုဟွိုင်အန်းမှာ အလွန်မကျေမနပ်ဖြစ်နေသည့် အသံဖြင့် ပြောလာသည်။
"ကျိုးချင်းလျန်၊ သူက..."
"သူက ကိုယ့်ကို အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ ကိုယ့်ရဲ့ တုံ့ပြန်မှုက မြန်ခဲ့တယ်။"
ရှန်းတန်မှာ အစောပိုင်းက ထိုအသံများကို ကြားရခြင်းကြောင့် တကယ်တမ်း နားလည်မှုလွဲခြင်း မရှိဘဲ အနည်းငယ်သာ အနေရခက်သွားခဲ့သည်။
ရိုးရိုးသားသားပြောရလျှင် သူမ ကျိုးချင်းလျန့်၏ တည်ရှိမှုကိုပင် မေ့နေပြီဖြစ်သည်။ ကျိုးချင်းလျန့်မှာ အခုထိ အရှုံးမပေးသေးလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။
ကျိုးချင်းလျန့်က သူ့ကို အသားယူဖို့ ကြိုးစားတာလား။
ဝိုး...၊ ကုဟွိုင်အန်းလို အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ကို သူမ တစ်ယောက်တည်းအားဖြင့် ချုပ်နှောင်နိုင်မယ်လို့ တကယ်ထင်နေတာလားဟုပင် သူမ တွေးမိသည်။
ကုဟွိုင်အန်း ဒဏ်ရာပြင်းထန်နေတုန်းက မလာဘဲ သူ သက်သာလာတဲ့အချိန်အထိ ဘာလို့ စောင့်နေတာလဲ။
သူမက သိပ်ထက်မြက်ပုံမပေါ်ဘူး။
ကုဟွိုင်အန်းမှာ အနည်းငယ် မကျေမနပ်ဖြစ်နေသည်။ သူ့ခေါင်းကို ရှန်းတန်၏ ပခုံးပေါ်မှာ မှီထားပြီး တိုးတိုးလေး ပြောသည်၊ "တန်တန်၊ ကိုယ့်ခန္ဓာကိုယ် သက်သာသွားပြီ။"
"အင်း၊ ရှင့်ကို အိမ်ပြန်ခေါ်ဖို့ လာတာ။"
"ဗီလာကို ပြန်မသွားချင်ဘူး။"
"ကောင်းပြီ၊ ဒါဆို မသွားဘူး။"
သူမအတွက်ကတော့ အတူတူပင်။ သို့သော် သူမ အစ်မထောင်ကို အနည်းငယ် လွမ်းနေမိသည်။ အစ်မထောင်ကို မတွေ့ရတာ ကြာပြီ။
နှစ်ယောက်သား ကုဟွိုင်အန်း၏ ကုမ္ပဏီအနီးအနားရှိ သူ၏ နေအိမ်သို့ ပြန်သွားကြသည်။ အတွင်းစိတ်ဖတ်ရှုနိုင်သည့် စွမ်းရည်မှာ ရှိနေသေးသည်ကို သတိပြုမိသဖြင့် ရှန်းတန်သည် လမ်းတစ်လျှောက်လုံး သူမ၏ ဦးနှောက်ကို ထိန်းချုပ်ကာ မသင့်လျော်သည့် အရာများကို မတွေးမိအောင် ကြိုးစားခဲ့သည်။ သို့သော် ကုဟွိုင်အန်း ဖိနပ်လဲရန် ခေါင်းငုံ့လိုက်သည့်အခါ သူ၏ တင်းတင်းရင်းရင်း တင်ပါးကို မကြည့်မိအောင် မထိန်းနိုင်ခဲ့ပေ။
[သေစမ်း၊ အရမ်းကို တင်းကျစ်နေတာပဲ။]
ရှန်းတန်သည် သူ့အလိုလို လက်ဆန့်ထွက်လာပြီး ရိုက်လိုက်မိတော့မလို ဖြစ်သွားသော်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းချုပ်နိုင်ခဲ့သည်။
ကုဟွိုင်အန်း : "???"
ဘယ်လိုအလေ့အထမျိုးလဲ။
မင်း အရင်က ဘယ်သူ့ကို သွားရိုက်ခဲ့ပြီးပြီလဲ။