အခန်း (၁၅၃-၁၅၄)
Vol. 15 Ch. 153-154
အခန်း ( ၁၅၃ ) – “တိုက်ဆိုင်တာပဲ ငါလည်းမင်းကို ကြိုက်ပါတယ်”
ကလေးများကို ရသစုံရှိုးသို့ ခေါ်လာခြင်းကြောင့် ရှန်းတန်သည် တစ်ဖန် လူကြိုက်များလာခဲ့သည်။
အန်းရန်နဲ့ ဝူယန်တို့က သူမကို အမြဲ အစ်မဟု ခေါ်သောကြောင့် သူမသည် "နိုင်ငံတော်၏အစ်မ" ဟူသော ဘွဲ့ကိုလည်း ရရှိခဲ့သည်။
ဟုတ်ပါသည်၊ အန်းရန်နဲ့ ဝူယန်တို့လည်း အလွန် လူကြိုက်များသည်။ အလွန်လှပသော ရုပ်ရည်နှင့် လိမ္မာပါးနပ်သော စရိုက်လက္ခဏာများကြောင့်ကလေးများကို ပြန်ပေးဆွဲချင်သူ အများအပြား ရှိခဲ့သည်။
တခြားသူတွေအကြောင်း မပြောတော့ပါဘူး။ ရှန်းတန်ပင် သူတို့ကို အလွန် ချစ်သည်။
သူမ ရင်ထဲမှာ ကလေးတစ်ယောက်လောက် ယူချင်စိတ်ပင် ပေါ်လာခဲ့ပြန်သည်။
ကုဟွိုင်အန်းနဲ့ ပြန်သင့်မြတ်သွားပြီဖြစ်တာကြောင့် ရှန်းတန်သည် သူမ၏ ပစ္စည်းအချို့ကို ကုမ္ပဏီအနီးရှိ တိုက်ခန်းသို့ ပြန်ရွှေ့ပြီး နေရာနှစ်ခုကြား ကူးပြောင်းနေခဲ့သည်။
ရှန်းမိသားစုက ရှန်းတန်နှင့် ကုဟွိုင်အန်းတို့ အစကတည်းက အတူတူရှိနေခြင်းကို အပြည့်အဝ သဘောမတူခဲ့ကြပေ။ သို့သော် သူတို့က ရှန်းတန်ကို ပျော်ရွှင်စေချင်စိတ်က ပိုများခဲ့သည်။
ဒါကြောင့် အခုဆိုရင် ရှန်းမိသားစုမှာ ဖိအားအများဆုံး ခံနေရသူက ရှန်းယွီ ဖြစ်သည်။ မိသားစု တစ်စုလုံးက သူ့ကို အရင်လူထက် ပိုကောင်းဖို့၊ ကုဟွိုင်အန်းကို ဖျက်ဆီးပြီး ရှန်းတန်ကို ထောက်ပံ့ဖို့ သူ့ကို အားကိုးနေကြသည်။
ရှန်းယွီ : "..."
ဒါက ကောင်းကင်ဘုံကို ရောက်အောင်သွားတာထက်တောင် ပိုခက်ခဲသည်။
ထိုနေ့က ကုဟွိုင်အန်းသည် ညဉ့်နက်သည်အထိ အလုပ်လုပ်နေဆဲဖြစ်သည်။
တံခါးကို ရုတ်တရက် ခေါက်သံကြားလိုက်ရသည်။
ရှန်းတန်က သူ့ကို ခိုးကြည့်ပြီး တိုးတိုးလေး မေးသည်၊ "ကုဟွိုင်အန်း၊ ရှင် မပြီးသေးဘူးလား။"
"ပြီးခါနီးပါပြီ။"
"အမ်... ကျွန်မ ရှင်နဲ့ ပြောစရာ တစ်ခု ရှိတယ်၊ ဒါပေမဲ့ မစောင့်နိုင်တာတော့ မဟုတ်ဘူး။ ရှင် အရင် အလုပ်လုပ်လို့ ရတယ်။"
သူမရဲ့ စိတ်ထဲက အတွေးတွေ ပေါ်လာမှာ စိုးရိမ်တာကြောင့် ရှန်းတန်က အလွန်အကျွံ မတွေးမိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ ကြိုးစားသည်။
"ဘာလဲ" ဟု ကုဟွိုင်အန်းက ထရပ်ရင်း မေးသည်။
ရှန်းတန်က သူ့ကို အလျင်အမြန် တားလိုက်သည်၊ "လောဖို့ မလိုပါဘူး၊ လောဖို့ မလိုပါဘူး။ အမ်... ရှင် အရင် အလုပ်လုပ်လို့ ရတယ်။"
ထိုသို့ပြောပြီးနောက် သူမ တံခါးကို တိုက်ရိုက်ပိတ်လိုက်သည်။
ရှန်းတန်သည် သူမ၏ အလွန်မြန်ဆန်စွာ ခုန်နေသော နှလုံးသားကို ထိရင်း သက်ပြင်းကို ပေါ့ပေါ့ပါးပါး ချလိုက်သည်။
ယုန်က ထောင့်စွန်းရောက်ပြီး လူကို ပြန်ကိုက်တော့တာပဲ ဟုတွေေလိုက်မိသည်။
ကုရုံ၏ ပြန်လည်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ကုဟွိုင်အန်းမှာ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်နေသော်လည်း လုံးဝ ထိတ်လန့်ခြင်း မရှိပေ။
သူသည် အခြေအနေအားလုံးကို ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ စောစောစီးစီး ပြုလုပ်ထားခဲ့သည်။
ကိစ္စများကို ညွှန်ကြားပြီးနောက် ကုဟွိုင်အန်း အခန်းသို့ ပြန်လာရာ တံခါးမပိတ်ထားသည်ကို တွေ့ရသည်။
သူက တံခါးကို ဖွဖွလေး ခေါက်ရင်း ခေါ်လိုက်သည်၊ "တန်တန်"
"အင်း၊ ဝင်ခဲ့။"
တံခါးကို တွန်းဖွင့်လိုက်ရာ အခန်းထဲမှာ မှောင်မည်းနေသည်။
ကုဟွိုင်အန်း မီးဖွင့်ရန် ပြင်လိုက်စဉ် ရှန်းတန်၏ စကားကို ကြားလိုက်ရသည်၊
"မဖွင့်နဲ့၊ မီးမဖွင့်နဲ့။"
"တန်တန်၊ ဘာဖြစ်တာလဲ။"
"ကျွန်မဆီ ခဏလာခဲ့လို့ ရမလား၊ တံခါးပိတ်လိုက်။"
ကုဟွိုင်အန်းက အနည်းငယ် စိတ်မလုံခြုံသလို ခံစားရကာ အလွန်စိုးရိမ်ပူပန်နေသည်။
သူ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး အနီးကပ် ကြည့်ရှုရန် ပြင်လိုက်စဉ် ကြီးမားသော အင်အားဖြင့် ဆွဲချခံလိုက်ရသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး အိပ်ရာပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူ့ကို အနောက်မှ ပြင်းထန်စွာ ဖက်ထားခြင်း ခံလိုက်ရသည်။
"တန်တန်။"
ကုဟွိုင်အန်း၏ ရင်ခုန်သံများ စည်တီးသကဲ့သို့ ခုန်နေပြီး သူ အာရုံထွေပြားစွာ စတင် တွေးတောမိသည်။ တန်တန် ဒီလိုလုပ်တာ ဘာအဓိပ္ပာယ်လဲ။
"ဒီည တစ်ညလုံး နေသွား။"
ကုဟွိုင်အန်းသည် ဒီလိုကောင်းတဲ့အရာ ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ နောက်ဆုံးမှာ သူတို့နှစ်ယောက် ပြန်လည်ပွေ့ဖက် အိပ်နိုင်တော့မည် ဖြစ်သည်။
သူက မယုံကြည်နိုင်စွာဖြင့် ပြန်မေးမိသည်၊ "တကယ်လား။"
"တကယ်။ ရှင် ရေချိုးပြီးပြီမလား။"
"ပြီးပြီ။"
ရှန်းတန်က အနည်းငယ် လှုပ်ရှားပြီး စောင်ကို မတင်လိုက်သည်၊ "မြန်မြန် ဝင်၊ အပြင်မှာ အရမ်းအေးတယ်။"
ကုဟွိုင်အန်းက တစ်ခုခု မှားနေသည်ဟု ခံစားရသော်လည်း သူက ညအိပ်ဝတ်အင်္ကျီ ဝတ်ထားပြီးသား ဖြစ်၍ အဝတ်လဲရန် မလိုတော့ပေ။
စောင်အောက်သို့ ရောက်သည်နှင့် ရှန်းတန်က သူ့ကို နောက်မှ ဖက်လိုက်သည်။ ထိုရင်းနှီးသော ထိတွေ့မှုကြောင့် ကုဟွိုင်အန်း၏ ဦးနှောက် လုံးဝ ရှော့ဖြစ်သွားသည်။
နူးညံ့သော လက်ဖဝါးလေးများက သူ့ရင်ဘတ်ပေါ်တွင် ကလိကလိလုပ်နေသဖြင့် ကုဟွိုင်အန်း၏ အသက်ရှူသံမှာ မူမမှန်တော့ပေ။
သူက ရှန်းတန်၏ လက်များကို တစ်ချက်တည်း ဆုပ်ကိုင်လိုက်ပြီး နက်နဲသော လေသံဖြင့် "ဒီ့ထက်ပိုပြီး စိတ်မထိန်းနိုင်အောင် မလုပ်နဲ့" ဟု ပြောလိုက်သည်။
"ကျွန်မ ဘာလုပ်နေတာမလို့လဲ။"
"ဟဲဟဲ၊ ကျွန်မ ထိရုံပဲ ထိတာပါ၊ တခြားဘာမှ မလုပ်ပါဘူး။"
ကုဟွိုင်အန်း : "..."
ဒါက လူလိမ်လူမိုက်တွေရဲ့ အမှိုက်ပမာ စကားတွေနဲ့ အတူတူပဲ ဟုတွေးမိသည်။
သူမရဲ့ အတွင်းစိတ်အတွေးတွေကို သူ မကြားခဲ့ဘူးဆိုရင် သူ တကယ် ယုံသွားခဲ့မှာပင်။
သူ ဘာပြောရမှန်းလည်း မသိတော့ပေ။ တန်တန် သူ့ကို အရမ်း ယုံကြည်လွန်းသည်လား။
ဘာပဲဖြစ်ဖြစ် သူက ယောက်ျားတစ်ယောက်ပေ။
ခဏအကြာတွင် ကုဟွိုင်အန်းက အရှုံးပေးလိုက်ပြီး သည်းခံကာ ပြောသည်၊ "တန်တန်၊ ထပ်မထိနဲ့တော့..."
ရှန်းတန်သည် သူ့ဝမ်းဗိုက်ပေါ်တွင် လျှောက်ပတ်ပြေးနေသော လက်ကလေးများကို ပြန်ရုပ်လိုက်ပြီး ကုဟွိုင်အန်း၏ လည်ပင်းကို လှည့်၍ ဖက်လိုက်သည်။
"ရှင် ဘယ်လိုတောင် သည်းခံနိုင်တာလဲ။"
အခုချိန်ထိတောင် သူက သစ်သားလူသားလိုပဲ။
"တန်တန်၊ မင်း..."
"အိုး၊ ကျွန်မကတောင် ဒီလို ဖြစ်နေပြီ ဆိုပေမဲ့ ရှင် မလုပ်နိုင်ဘူးဆိုရင် ကျွန်မ… ဟင်း…"
ကုဟွိုင်အန်းသည် မတုန်မလှုပ် နေနိုင်သော သူတော်စင်တစ်ပါး မဟုတ်ပေ။ သူ့ချစ်ရသူက ဒီလို ဆက်ဆံလာတာကို ခံရတော့ သူ အတော်ကြာကတည်းက ထိန်းချုပ်မရ ဖြစ်ချင်နေခဲ့သည်။
ထို့အပြင် ယောက်ျားတစ်ယောက်က မလုပ်နိုင်ဘူးလို့ မပြောနိုင်ပေ။
ကုဟွိုင်အန်းက သူ့ခေါင်းကို ဖြည်းဖြည်းချင်း နှိမ့်ချလိုက်သည်။ နဖူးမှစ၍ ပါးပြင်၊ နားရွက်ဖျား၊ လည်ပင်းအထိ ညင်သာစွာ နမ်းရှိုက်သွားသည်။
ရှန်းတန်က မျက်လုံးမှိတ်ထားပြီး သူ့ကိုယ်သူ ဒီပုံစံလေးအတိုင်း မျောပါခွင့်ပေးလိုက်သည်။
ဒါက သူမ တစ်ခါမှ မကြုံဖူးတဲ့ ခံစားချက်ဖြစ်ပြီး သူမကို အနည်းငယ်သော မျှော်လင့်စိတ်နဲ့အတူ ကြောက်စိတ်များ ဖြစ်ပေါ်စေသည်။
ရှန်းတန်၏ အတွင်းစိတ်အတွေးများကို ကြားနိုင်ခြင်းက ကုဟွိုင်အန်း အတွက် သဘာဝလွန် အကူအညီ ရရှိသကဲ့သို့ ဖြစ်နေသည်။
မြို့ကို သိမ်းပိုက်ခါနီးတွင် ကုဟွိုင်အန်း ရုတ်တရက် ရပ်တန့်လိုက်သည်၊ "တန်တန်၊ မင်း…"
သူ တစ်ကြိမ်ထပ် အတည်ပြုချင်ခဲ့သော်လည်း ရှန်းတန်က သူ့ခေါင်းကို တိုက်ရိုက်ဖိချလိုက်သည်၊ "မပြောနဲ့။"
ကုဟွိုင်အန်း : "..."
…
ဘယ်အချိန်ကမှန်းမသိ၊ အပြင်မှာ မိုးဖွဲဖွဲလေး စတင်ရွာနေသည်။
စကားပုံတစ်ခု ရှိသည်။ တစ်ကြိမ်မိုးရွာ တစ်ကြိမ်အေး၊ ဆယ်ကြိမ်မိုးရွာ ဂွမ်းစောင်ခြုံ။
အပြင်လေက အလွန်အေးနေသော်လည်း အခန်းထဲက ပူနွေးပြီး ချွေးတွေ ထွက်နေသည်။
ကောင်းကင် တဖြည်းဖြည်း လင်းလာသည်၊ လနိမ့်ကျပြီး နေထွက်လာကာကမ္ဘာပေါ်ရှိ မှောင်မိုက်ခြင်းကို ဖယ်ရှားပေးသည်။
ရှန်းတန် အိပ်ရာထဲ လှဲလျောင်းနေသည်၊ ခါးက အရမ်းနာနေသည်။
သူမ ရုတ်တရက် အနည်းငယ် နောင်တရမိသော်လည်း ပြန်စဉ်းစားကြည့်လျှင် ကုဟွိုင်အန်းရဲ့ စွမ်းရည်က မဆိုးဘူးဟု ထင်သည်။
အဟမ့်၊ သူမ၏ အတွေးများ လမ်းလွဲနေသည်ကို သတိပြုမိတော့ သူမ အလျင်အမြန် ဆက်မတွေးတော့ပေ။
သူမ ကုဟွိုင်အန်းကို ဘေးသို့ တွန်းလိုက်သည်၊ "ဒါနဲ့ အခုချိန်ထိ ကျွန်မရဲ့ အတွင်းစိတ်အတွေးတွေကို ရှင် ကြားနိုင်သေးလား။"
ကုဟွိုင်အန်း ဂရုတစိုက် နားထောင်ပြီး ခေါင်းခါသည်၊ "မကြားနိုင်တော့ဘူး။"
"ဆရာသခင် ပြောတာ မှန်နေတာပဲ"
ရှန်းတန်က အရမ်းစိတ်လှုပ်ရှားလွန်းလို့ ထခုန်မတတ်ဖြစ်သွားပြီး တစ်ခုခုကို မတော်တဆ ဆွဲမိသဖြင့် အလျင်အမြန် ပြန်လှဲချလိုက်သည်။
သူမ သူ့ကို နာကြည်းစွာ ကြည့်သည်၊"အားလုံး ရှင့်ကြောင့်ပဲ။"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အားလုံးကိုယ့်ကြောင့်ပါ။ မင်း လှဲနေ၊ ကိုယ် ဆေးသွားဝယ်ပေးမယ်။"
ပြင်ဆင်မှုများစွာ မရှိဘဲ ပထမဆုံးအကြိမ် ဖြစ်တာကြောင့် နောက်ဆုံးမှာ သူမကို ထိခိုက်စေခဲ့သည်။ ကုဟွိုင်အန်းက အရမ်း အပြစ်ရှိသလို ခံစားရသည်။
"မဟုတ်ဘူး၊ ကျွန်မ အဆင်ပြေပါတယ်။"
ဆေးသွားဝယ်တဲ့ မြင်ကွင်းကို စဉ်းစားရုံနဲ့ ရှန်းတန် ခြေချောင်းလေးတွေ စိုးရိမ်တကြီး လှုပ်ခါလာပြီး အလွန်အမင်း နေရခက်နေလိမ့်မည်။
ကုဟွိုင်အန်း ရှန်းတန်ရဲ့ နဖူးကို ဖွဖွလေး နမ်းပြီး "ဒါဆို မင်း ကောင်းကောင်း နားနားနေနေ နေဦး၊ ကိုယ် ထမင်းချက်ပေးမယ်" ဟု ပြောသည်။
"ကောင်းပါပြီ။"
ရှန်းတန်၏ မျက်နှာသည် စောင်ထဲတွင် တစ်ဝက်တစ်ပျက် မြှုပ်နှံထားပြီး ညက ရူးသွပ်မှုများကို ပြန်တွေးမိရင်း မျက်နှာနီမြန်းလာသည်။
နာကျင်သော်လည်း အိပ်ရာမှ မထနိုင်သည်အထိတော့ မဟုတ်ပေ။
သူမ ဖြည်းဖြည်းချင်း အဝတ်အစားများ ဝတ်ဆင်ပြီး မီးဖိုချောင်သို့ သွားရာ ကုဟွိုင်အန်း ဆန်ပြုတ်ချက်နေသည်ကို တွေ့ရသည်။
အိုး မဟုတ်သေးဘူး၊ သူ ခုနကကိုယ့်ဘာသာကိုယ် တဟဲဟဲ ရယ်နေခဲ့တာ ဟုတွေးလိုက်သည်။
ရှန်းတန် သူ့ကျောပေါ် တိုက်ရိုက် ခုန်တက်လိုက်သည်။
ကုဟွိုင်အန်းက အနည်းငယ် လန့်သွားသော်လည်း လူကို ဖမ်းမိရန် အလွန်မြန်ဆန်စွာ တုံ့ပြန်လိုက်သည်။
"မနာတော့ဘူးလား။"
"မနာဘူး။"
"ဒါဆို နောက်တစ်ချီ ထပ်သွားကြမလား။"
ကုဟွိုင်အန်းက ထိုသို့ပြောရင်း သူမကို ပွေ့ချီကာ လျှောက်သွားသည်။
ရှန်းတန် အလျင်အမြန် စကားပြောင်းလိုက်သည်၊ "မလုပ်ဘူး၊ မလုပ်ဘူး၊ နာသေးတယ်။"
တော်တော်လေး ကောင်းတယ်လို့ ခံစားရပေမဲ့ ပင်ပန်းသည်ကတော့ အမှန်ပေ။
ရှန်းတန်က ကုဟွိုင်အန်းရဲ့ လည်ပင်းကို တင်းတင်းဖက်ပြီး သူ့ကို လည်ပင်းညှစ်လိုက်သလိုပင် ဖြစ်သွားသည်။
"ကုဟွိုင်အန်း။"
"ဟုတ်ကဲ့။"
"ကျွန်မ အရင်က မပြောဖူးဘူးလို့ ထင်တယ်၊ ဒါပေမဲ့ ကျွန်မ ရှင့်ကို တကယ် တကယ် ကြိုက်တယ်..."
သူမကိုပဲ အရိပ်တကြည့်ကြည့်ရှိနေတဲ့ ဒီလိုလူမျိုးနဲ့ တွေ့ရတာ တကယ် ကံကောင်းတာပဲ။
ကုဟွိုင်အန်း ဘာမှ မပြောဘဲ ရှန်းတန်ကို သူ့ကျောပေါ်ကနေ သူ့ရင်ဘတ်ဆီသို့ ရွှေ့လိုက်သည်။
နဖူးချင်း ထိကပ်ရင်း ကုဟွိုင်အန်း တဟဲဟဲရယ်ပြီး "တိုက်ဆိုင်လိုက်တာ၊ ကိုယ်လည်း မင်းကို ကြိုက်တယ်" ဟု ပြောသည်။
ဇာတ်လမ်း ပြီးပါပြီ။
***
အခန်း ( ၁၅၄ ) – “မင်း ဘာလုပ်နေတာလဲ” အခန်းပို
ရှန်းတန်နှင့် ကုဟွိုင်အန်းတို့ နောက်ဆုံးစည်းကို ဖြတ်ကျော်ပြီးနောက် နှစ်ဦးသား ပိုမို ခွဲခွာ၍ မရအောင် ဖြစ်လာကြပြီး ပတ်ဝန်းကျင်ကလူတွေတောင် မကြည့်နိုင်လောက်အောင် ဖြစ်လာသည်။
ရှန်းတန်သည် စိတ်ဖတ်နိုင်စွမ်း ပျောက်ကွယ်သွားပြီဖြစ်တာကြောင့် ပိုမိုရဲရင့်လာပြီး အရင်လို နောက်မဆုတ်တော့ဘဲ လုပ်ရဲကိုင်ရဲ ရှိလာသည်။
ကုဟွိုင်အန်း : "???"
မင်း ကိုယ့်ကိုယ်ကိုယ် နားလည်မှု လွဲနေတာလားဟု တွေးနေသည်။
ရှန်းယွီက သူ့အစ်မကို ခေါ်သွားတဲ့ ယောက်ဖကြောင့် နည်းနည်း စိတ်တိုနေသော်လည်း သူ ရရှိတဲ့ ပမာဏများစွာကို မတောင့်ခံနိုင်ဘဲ ငွေကြေးအရ အလွန်အမင်း ထိုးစစ်ဆင်တာကို လက်မခံဘဲ မနေနိုင်တော့ပေ။
မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါက လုံးဝ ငွေကြေးထိုးစစ်ဆင်တာ မဟုတ်ဘူး၊ ဒါက ချစ်ခြင်းမေတ္တာကို ရှင်းရှင်းလင်းလင်း ပြသချင်းပေ။
သူ့အစ်မကို ချစ်တဲ့အတွက် သူ့ရဲ့ ညီလေးကိုပါ အတူတူ ချစ်တာသာ ဖြစ်သည်။
ဟုတ်တယ်၊ အဲဒီလိုပဲ ဟုတွေးနေသည်။
ကုဟွိုင်အန်းက သူမရဲ့ မိသားစုကို ဒီလို ဆက်ဆံတာကို မြင်တော့ ရှန်းတန်လည်း အရမ်းပျော်ရွှင်မိသည်။
သူမ ကုဟွိုင်အန်းရဲ့ လက်မောင်းကို ဖက်ပြီး သူ့ကို မှီလိုက်သည်၊
"ကုဟွိုင်အန်း၊ ကျွန်မ ရှင့်ကို အရမ်း အရမ်း ကြိုက်တယ်..."
"အင်း။"
ကုဟွိုင်အန်းက ပေါ့ပေါ့ပါးပါး ပြန်ပြောပုံရသော်လည်း သူ့နားရွက်နီတာက သူဘာဖြစ်နေလဲ ဆိုတာကို ဖော်ထုတ်လိုက်သလိုပင်။
ရှန်းတန် သူ့ကို ဒီလိုလေးဆို ပိုချစ်စရာကောင်းသည်ဟု ထင်မိသည်။ သူမ သူ့မျက်နှာကို ခပ်ဖွဖွလေး နမ်းလိုက်သည်။
ပြီးတော့ သူမ တွေ့လိုက်ရသည်က နားရွက်တွေတင်မကဘဲ သူ့မျက်နှာတစ်ခုလုံး နီရဲနေတာကိုပင်။
သူမ ပါးစပ်ကို ဖုံးပြီး တဟဲဟဲ ရယ်မောလိုက်သည်၊ "မဟုတ်သေးပါဘူး၊ ကျွန်မ နည်းနည်းလေးပဲ နမ်းတာကို..."
သူတို့ ဒီထက် ပိုရင်းနှီးတဲ့ ကိစ္စတွေ မလုပ်ဖူးတာ မဟုတ်ဘဲနဲ့ ကုဟွိုင်အန်း ဘယ်လိုလုပ် အရင်ကထက်တောင် ပိုရှက်လာရတာလဲ ဟုတွေးလိုက်သည်။
ရှန်းတန် ထပ်ပြောရန် ပြင်လိုက်စဉ် ရုတ်တရက် လေထဲ မြှောက်တင်ခံလိုက်ရသည်။ ကုဟွိုင်အန်းက သူမကို ပွေ့ချီလိုက်ခြင်းဖြစ်ပြီး သူမ၏ ခြေထောက်များက သူ့ခါးကို ပတ်ထားကာ သူ့လည်ပင်းကို တင်းတင်းဖက်တွယ်ထားသည်။
"ဘာလုပ်နေတာလဲ။"
"မင်းကို လုပ်နေတာ။"
ရှန်းတန် : "???"
မဟုတ်ဘူးနော်၊ ကုဟွိုင်အန်း ရှင် အရမ်းဆိုးလွန်းတယ်။
သို့သော် သူမ စိတ်ထဲမှာသာ ဒီလိုတွေးနိုင်သည်၊ ဘာလို့လဲဆိုတော့ သူမရဲ့ ပါးစပ်က ပိတ်ထားခံရပြီး ဖြစ်လို့ပေ။
ရူးသွပ်မှုတစ်ခုပြီးနောက် ရှန်းတန် အိပ်ရာထဲ လဲလျောင်းနေရင်း ကုဟွိုင်အန်းကို ဘာလို့ သွားစမိပါလိမ့်လို့ နောင်တရနေသည်။
သူ့ဘေးနားမှာ အင်္ကျီကြယ်သီး တပ်နေတဲ့ သူ့ကို ကြည့်ရင်း ရှန်းတန် နှုတ်ခမ်းဆူသည်၊ "ရှင် လုံးဝ မပင်ပန်းဘူးလား။"
ကုဟွိုင်အန်းကိုယ်ကိုင်းပြီး ရှန်းတန်ရဲ့ နှုတ်ခမ်းကို ဖွဖွလေး နမ်းလိုက်သည်၊ "တန်တန်က ကိုယ့်အရည်အချင်းကို မေးခွန်းထုတ်နေတာလား။"
ရှန်းတန် : "..."
ယောက်ျားတွေက ကိုယ့်ကိုယ်ကိုယ် အမြင်မတော်အောင် ယုံကြည်မှု လွန်ကဲတတ်တာလား။
အထူးသဖြင့် တချို့နေရာတွေမှာပေါ့ဟု တွေးနေသည်။
ဒဏ်ရာတွေ ပျောက်သွားလို့ နာကျင်မှုတွေ မေ့သွားပြီလား ဆိုတော့လည်း… ဪ မဟုတ်ဘူး၊ ဒဏ်ရာတွေက အခုထိ မပျောက်သေးဘူး ဟုဆက်တွေးလိုက်သည်။
ရှန်းတန်က မျက်လုံးလှန်လိုက်သည်၊ "တကယ်တော့ ကျွန်မလည်း မပင်ပန်းပါဘူး၊ ဘာမှ မခံစားရဘူး။"
ကုဟွိုင်အန်းက သူ့အင်္ကျီကြယ်သီး တပ်နေတာ ခဏရပ်လိုက်ပြီး မျက်ခုံးတစ်ဖက် ပင့်ကာ ပြန်မေးသည်၊ "ဘာမှ မခံစားရဘူးလား။"
ရှန်းတန်သည် ကုဟွိုင်အန်း၏ အကြည့်ပြောင်းလဲသွားသည်ကို သတိပြုမိပြီး မကောင်းသော နိမိတ်တစ်ခု ရလိုက်သည်။ ကောင်းကောင်းမရှင်းပြလျှင် အကျိုးဆက်က ဆိုးရွားလိမ့်မည်။
"အိုး၊ အိုး... ကျွန်မ ခါးရုတ်တရက် အရမ်းနာလာတယ်၊ မထနိုင်ဘူး ထင်တယ်..."
ကုဟွိုင်အန်းက ဖွဖွလေး ရယ်မောလိုက်သည်၊ "တန်တန်၊ ဒီညကိုယ့်ကို စောင့်နေ။"
ရှန်းတန် : "..."
အိုး… မဖြစ်ဘူး။
ကုဟွိုင်အန်း ထွက်သွားပြီးနောက် ရှန်းတန် ခါးနာနေတာတောင် ငါးတစ်ကောင်လို ကုန်းထလိုက်သည်။ သူမ အမြန် ကမန်းကတန်း ပြင်ဆင်ပြီး ရှန်အိမ်သို့ ကားမောင်းပြန်လာသည်။
သူမ အခန်းထဲမှာ ဂိမ်းဆော့ပြီး နေ့လယ်ပိုင်းမှာ အိပ်ငိုက်နေခဲ့သည်။
ဗိုက်ဆာလာတော့ ရှန်းတန် ညှပ်ဖိနပ်စီးပြီး အောက်ထပ်ဆင်းလာရာ ကုဟွိုင်အန်းက သူမ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေသည်ကို တွေ့ရသည်။
သူမ ရပ်တန့်သွားသည်၊ ဒီလူ ဘာဖြစ်လို့ သူမနောက် ထပ်လိုက်လာတာလဲ။
"အိပ်ရာက နိုးလာပြီလား တန်တန်။"
ရှန်းတန် ကခေါင်းကုတ်ပြီး သူမ၏ အဒေါ်ဘေးတွင် ဝင်ထိုင်လိုက်သည်၊ "ဟုတ်ကဲ့၊ အမ်... ကုဟွိုင်အန်း၊ ရှင် ဒီမှာ ဘာလုပ်နေတာလဲ။"
သူမ၏ အဒေါ်က သူမကို စူးစိုက်ကြည့်သည်၊ "တန်တန်၊ မင်း သူ့ကို ဒီလိုပဲ ပြောရသလား။"
ပြီးတော့ ကုဟွိုင်အန်းကို ပြုံးပြပြန်သည်၊ "ဟွိုင်အန်း၊ ဒါကလည်း မင်းအိမ်ပဲ၊ ဘယ်အချိန်မဆို အိမ်ကနေ ကြိုဆိုပါတယ်။"
"အင်း။"
ကုဟွိုင်အန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။ ရှန်းတန်ကို ကြည့်ရင်း သူ့အကြည့်မှာ ကျေနပ်မှု အရိပ်အယောင်လေး ပေါ်လာသည်။
ရှန်းတန် တော်တော်လေး စိတ်ရှုပ်ထွေးသွားသည်၊ မင်းတို့ ကုဟွိုင်အန်းကို အရင်က တော်တော်လေး ဆန့်ကျင်ခဲ့ကြတာ မဟုတ်ဘူးလား။ အခု ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲဟု မကျေမနပ် ဖြစ်နေသည်။
ကုဟွိုင်အန်း သူ့နာရီကို ကြည့်လိုက်သည်၊ "ဦးလေး၊ ဒေါ်လေး၊ ညဉ့်နက်လာပြီ၊ ကျွန်တော် တန်တန်ကို အရင် ပြန်ခေါ်သွားပြီး မနက်ဖြန်မှ ပြန်လာပါ့မယ်။"
"ကောင်းပြီ၊ ကောင်းပြီ။"
ရှန်းတန်က သူမအဒေါ်ရဲ့ လက်မောင်းကို ဖက်ပြီး ခေါင်းခါသည်၊ "ကျွန်မ မပြန်ဘူး၊ ဒီမှာပဲ ညအိပ်လိုက်မယ်။"
အချိန်ကောင်းကိုက်ပင် ကုဟွိုင်အန်းရဲ့ မျက်နှာမှာ စိတ်ပျက်အားငယ်မှု ပေါ်လာသည်။
အဒေါ်က အလျင်အမြန် ပြောသည်၊ "ဟွိုင်အန်း၊ မင်းလည်း ဒီမှာပဲ ညအိပ်လိုက်ပါလား။"
"ဒါက... အဆင်မပြေ မဖြစ်စေဘူးလား။"
"လုံးဝ မဖြစ်ပါဘူး၊ လုံးဝ မဖြစ်ပါဘူး။"
အဒေါ်က တစ်ဖန် ပြုံးနေသည်။
"အရမ်း အဆင်မပြေဘူး။"
သို့သော် ရှန်းတန် ပြောတာကို ဘယ်သူမှ နားမထောင်ကြပေ။
"ဒါဆို ကျေးဇူးတင်ပါတယ်၊ အဒေါ်။"
ထိုသို့နှင့် နောက်ဆုံးတွင် ကုဟွိုင်အန်းက နေခဲ့သည်။
သူတို့ ညကို ဘယ်လို ကုန်ဆုံးခဲ့လဲဆိုတာကတော့ ရှန်းတန်က ပြောချင်စိတ် မရှိဘူးလို့ ပြောခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူမ ဘယ်တော့မှ ဒုက္ခထပ်ရှာရဲတော့မည် မဟုတ်ပေ။ ဝူးဝူးဝူး...။
***
ဇာတ်လမ်းပိုလည်း ပြီးပါပြီ။
***