အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
အခန်း။ ၁၃၁
ရွှီရန်ကဲ့သို့ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိလွန်းသူတစ်ဦးအတွက်မူ ဝီရိယစိုက်ထုတ်ရုံဖြင့် ဖြေရှင်းနိုင်သော မည်သည့်ပြဿနာမဆိုသည် သေးငယ်သော အနှောင့်အယှက်တစ်ခုမျှသာ ဖြစ်သည်။
ဤကြိုးစားအားထုတ်မှု၏ အရှင်သခင်ရှေ့မှောက်တွင် မည်သည့်အတားအဆီးမျှ မတည်မြဲနိုင်ချေ
"သတ်ဖြတ်မှုသက်သက်ကတော့... နောက်ဆုံးမှာ အသေးအဖွဲ ပင်ပန်းမှုနဲ့ ရုန်းကန်မှုလေးတစ်ခုပါပဲ"
သူသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ထို့နောက် ရွှီရန်က အားရပါးရ ရယ်မောလိုက်တော့သည်။
ယဲ့ဖျင် က မျက်ခုံးပင့်လိုက်ရင်း "မင်း ကြည့်ရတာ အရမ်းပျော်နေပုံပဲ။ လေ့ကျင့်ရေး ပြီးသွားပြီလား သိသိသာသာ တိုးတက်လာတယ်လို့ ခံစားရလား။ ဘယ်လောက်တောင် အစွမ်းထက်လာတာလဲ"
ရွှီရန်၏ မျက်နှာတွင် ဝမ်းသာပီတိများ လွှမ်းနေသည်။
"ဘယ်လောက်ကြီးလဲဆိုတာ ဖော်ပြဖို့တောင် ခက်တယ်။ ဒါပေမဲ့ သေချာတာကတော့ အကြီးကြီးပဲဗျ"
ဒါက ရွှေရောင်အောင်မြင်မှုမှတ်တမ်းတစ်ခုလေ။
လူငယ်အရှင်သခင်ဆိုသည့် ရွှေရောင်အောင်မြင်မှုနှင့်အတူ ပေါ်ပေါက်လာခြင်းဖြစ်ရာ ၎င်းသည် ကျင့်ကြံခြင်း၏ လမ်းစသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်ခြင်းပင် အပြာရောင်ကြယ်ကမ္ဘာပေါ်
တွင် ခန္ဓာကိုယ်ကျင့်ကြံမှုဆိုသည်မှာ မရှိသလောက်ပင် လူတိုင်းမှာ မှော်ပညာရှင်များသာ။
ထို့ကြောင့် ဤတိုးတက်မှု၏ အတိုင်းအတာမှာ မည်မျှအထိ ကြီးမားလာမည်ကို ရွှီရန်ကိုယ်တိုင်ပင် ခန့်မှန်း၍မရနိုငိပေ။
မည်သို့ပင်ဖြစ်စေ စိတ်ထဲတွင် ရွှေရောင်အောင်မြင်မှု ပြီးမြောက်ကြောင်း အသိပေးချက်အသံ မြည်လာသည့်အချိန်မှာ လူ့ဘဝ၏ အကြီးမြတ်ဆုံးသော ပျော်ရွှင်မှုလေးမျိုးကို တစ်ပြိုင်နက် ခံစားလိုက်ရသကဲ့သို့ပင်။
ရွှီရန်က နောက်ထပ်တစ်ကြိမ် အားရပါးရ ရယ်မောလိုက်ပြန်ရာ အနားရှိ လူတိုင်းမှာ အံ့အားသင့်ပြီး မှင်တက်သွားကြတော့သည်။
လျိုယန်က အဖွဲ့ဝင်အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ထူးဆန်းသောအမူအရာဖြင့် "ဒီလောက်အေးဆေးတည်ငြိမ်တဲ့ ကလေးတစ်ယောက်ကို နှစ်ခါတောင် အားရပါးရရယ်မောသွားအောင် လုပ်နိုင်တယ်ဆိုရင်တော့... သူ့ရဲ့တိုးတက်မှုက တကယ်ကို ကြောက်စရာကောင်းတဲ့ အဆင့်မှာ ရှိနေမှာပဲ" ဟု ပြောလိုက်သည်။
လင်းဖုန်း: "မနေ့က သူ နက်နဲသောမျက်လုံးကို ချေမှုန်းတုန်းကလည်း တစ်ခါ အားရပါးရ ရယ်ခဲ့သေးတယ်လေ"
ရှောင်ရွှယ်: "မဖြစ်နိုင်တာ ဒီနေ့ရတဲ့ တိုးတက်မှုက နတ်ဘုရားတစ်ပါးကို သတ်လိုက်ရတဲ့ အောင်မြင်မှုနဲ့ ယှဉ်နိုင်လို့လား"
ချိုက်မြောင်: "ပြောရခက်တယ်လေ... ဘယ်လို ၈ နှစ်သားကလေးက သွေးအင်အား ၁ သိန်းကျော်ရှိတဲ့ တစ္ဆေသတ္တဝါ ၁ သောင်းကို ရူးသွပ်သလို လိုက်သတ်မှာလဲ..."
လီဝေက ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး "ငါကြားဖူးတာတော့ တစ်ချို့ ရန်ငြိုးဖွဲ့သားရဲ တွေ၊ သလင်းကျောက်သားရဲတွေနဲ့ တစ္ဆေတွေဟာ သူတို့ကိုယ်သူတို့ နတ်ဘုရားအဖြစ် ပြောင်းလဲဖို့အတွက် နတ်ဘုရားဘွဲ့နှင်းသဘင်ကျင်းပလေ့ရှိကြတယ်တဲ့။ အဲဒီအခမ်းအနားပြီးမှပဲ သူတို့က နတ်ဘုရားအဖြစ် အသွင်ပြောင်းနိုင်ကြတာ။ တူလေး... မင်းမှာရော မင်းကိုယ်ပိုင် နတ်ဘုရားအဆင့်တက်လှမ်းတဲ့ အခမ်းအနားမျိုး ရှိနေတာလား"
ရွှီရန်: "အဲဒါက..."
"ဒါကို အဆင့်တက်လှမ်းတဲ့ အခမ်းအနားလို့တော့ ခေါ်လို့မရဘူး။ ခင်ဗျားတို့ကို ရှင်းပြဖို့လည်း ခက်တယ်။ ဘာပဲဖြစ်ဖြစ် ရလိုက်တဲ့ အကျိုးကျေးဇူးကတော့ အများကြီးပါပဲ"
ပြောပြောဆိုဆိုဖြင့် ကိုယ်ပျောက်နေဆဲဖြစ်သော ရွှီရန်သည် သတ်ဖြတ်ခြင်းနှလုံးသားကို ထုတ်ယူလိုက်သည်။
[အောင်မြင်စွာ လက်ခံရရှိပါပြီ]
အသိပေးသံဆုံးသည်နှင့် တပြိုင်နက် ရွှေရောင်တောက်ပပြီး ခန့်ညားထည်ဝါလှသော နှလုံးသားတစ်ခုသည် ရွှီရန်၏ရှေ့၌ လေဟာနယ်ထဲမှ ပေါ်ထွက်လာသည်။ ၎င်းသည် ရွှေဖြင့် သွန်းလုပ်ထားသယောင် ထင်ရသော်လည်း တကယ့်ကြွက်သားများကဲ့သို့ သန်မာမှုနှင့် စွမ်းအားများ ပြည့်နှက်နေသည်။ အချိန်မြစ်ရေ စီးဆင်းမှု ရပ်တန့်သွားလျှင်ပင် ဤနှလုံးသားသည် ကမ္ဘာကုန်ဆုံးသည်အထိ ထာဝရခုန်ခုန်နေတော့မည့်အတိုင်းပင်။
၎င်းသည် အနုပညာဆန်မှု၊ လက်တွေ့ကျမှုနှင့် အိပ်မက်ဆန်မှုတို့ ပေါင်းစပ်ထားသဖြင့် ယုံနိုင်ရဲစရာမရှိအောင် လှပလွန်းလှသည်။ သတ္တုတစ်မျိုးကဲ့သို့ ရှိနေသလို ရွှေရောင်မီးလျှံများ တောက်လောင်နေသကဲ့သို့လည်း ခံစားရသည်။ လက်သီးဆုပ်ခန့်သာ ရှိသော်လည်း ၎င်း၏ ခန့်ညားထည်ဝါမှုမှာ တောက်ပနေသော နေမင်းကြီးနှင့်ပင် ယှဉ်ပြိုင်နိုင်သည်။
သို့သော်လည်း...
ရှိနေသော လူများမှာမူ ၎င်းကို လုံးဝမမြင်နိုင်သလို ခံစားလို့လည်း မရကြချေ။ ၎င်းသည် ပိုမိုမြင့်မားသော နယ်ပယ်မှ အရာဝတ္ထုတစ်ခုကဲ့သို့ပင် အောက်ခြေနယ်ပယ်မှ လူများအတွက် မမြင်နိုင်၊ မခံစားနိုင်၊ စိတ်ကူးပင် မယဉ်နိုင်သော အရာဖြစ်နေသည်။
ရွှီရန်သည် ဤကမ္ဘာဦးရတနာကို ကြည့်ရှုရင်း အံ့သြကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။ ၎င်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူ၏စိတ်မှာ တည်ငြိမ်သွားပြီး အတွေးအခေါ်များမှာလည်း အေးချမ်းကြည်လင်သွားတော့သည်။
"ဒါက စိတ်ကို သန့်စင်ပေးပြီး တည်ငြိမ်အောင် လုပ်ပေးတာလား သန့်စင်သော ဝိညာဉ်ခန္ဓာနဲ့ ဆင်တူနေတာလား"
"မဟုတ်ဘူး လုံးဝကို ကွဲပြားတဲ့ ခံစားချက်မျိုးပဲ... သန့်စင်သော ဝိညာဉ်ခန္ဓာက ပိုပြီး စင်ကြယ်တယ်။ အတွင်းပိုင်းက ညစ်ညမ်းမှုတွေကို မောင်းထုတ်ဖို့ သက်သက်ပဲ မွေးဖွားလာတာ"
"ဒီ သတ်ဖြတ်ခြင်းနှလုံးသားကတော့ မတူဘူး။ သူက နည်းနည်း ရှုပ်ထွေးတယ်။ သန့်စင်ပေးရုံတင်မကဘူး။ သတ်ဖြတ်ခြင်းလည်း ပါဝင်နေတယ်။ သတ္တဝါပေါင်း ကုဋေကုဋာကို သတ်ဖြတ်ပြီးတဲ့နောက် ရရှိလာတဲ့ ပညာရှိမုဒ်ထဲ ရောက်သွားသလိုမျိုးပဲ"
"ဒါကလည်း သိပ်တော့ မမှန်သေးဘူး။ ပိုပြီး တိတိကျကျ ပြောရရင် ငရဲဘုံရဲ့ ဟင်းလင်းပြင်ကြီးလိုပဲ... ဘေးဒုက္ခတွေကတစ်ဆင့် သန့်စင်ပြီးတော့ ကြည်လင်မှုနဲ့ ကရုဏာတရားတွေ ပြည့်နှက်နေတဲ့ သူတော်စင် တစ်ယောက်လို ဖြစ်သွားတာမျိုး"
သူ့ဘာသာ တိုးတိုးလေး ရေရွတ်ရင်း ရွှီရန်၏ မျက်နှာသွင်ပြင်မှာ တဖြည်းဖြည်း လင်းလက်တောက်ပလာသည်။ သူသည် လက်ကိုဆန့်ထုတ်ကာ သတ်ဖြတ်ခြင်းနှလုံးသားကို ဆုပ်ကိုင်လိုက်သည်။
"ငါ့ရဲ့ စစ်မှန်တဲ့ကိုယ်နဲ့ ပေါင်းစပ်လိုက်စမ်း"
ရွှီရန်၏ လက်ဖဝါး အပူချိန်ကို ထိတွေ့လိုက်သည်နှင့် သတ်ဖြတ်ခြင်းနှလုံးသားမှာ လျင်မြန်စွာ အရည်ပျော်သွားပြီး ရွှေရောင်အရည်များအဖြစ် ပြောင်းလဲကာ ရွှီရန်၏ လက်တစ်ပြင်လုံးကို လွှမ်းခြုံသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်အလင်းတန်းများသည် ရွှီရန်၏ ကိုယ်ပေါ်သို့ ပျံ့နှံ့သွားပြီး သူသည် ရွှေရောင်ရုပ်ထုလေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ထိုတောက်ပသော ရွှေရောင်အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားပြီး ဆန်းကြယ်လှသော မြင့်မားသည့် နယ်ပယ်မှ စွမ်းအားများသည် သူ၏ အရေပြားထဲသို့ စိမ့်ဝင်သွားကြသည်။
တဟုန်ထိုး စီးဝင်လာသော စွမ်းအင်များသည် သူ၏ နှလုံးသားဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီး ထူးခြားသော ပုံရိပ်ယောင်တစ်ခုကို ဖန်တီးလိုက်သည်။ ၎င်းမှာ သူ၏ စစ်မှန်သောခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဝိညာဉ်သဏ္ဌာန်တစ်ခုအလားပင်။
ထိုပုံရိပ်ယောင် ကိုယ်ထည်သည် အောင်မြင်စွာ ပေါင်းစပ်ပြီးဆုံးသွားသောအခါ...
ရွှီရန်၏ နှလုံးသားမှာ စစ်သူရဲများ စည်တီးလိုက်သကဲ့သို့ "ဒုန်း... ဒုန်း..." ဆိုသည့် အသံကြီးဖြင့် ပြင်းထန်စွာ ခုန်တက်လာတော့သည်။ ဘေးမှ ကြည့်နေသော လူတိုင်းမှာ အံ့အားသင့်ကာ မှင်တက်သွားကြတော့သည်။
သူတို့အားလုံးမှာ ရွှီရန်ကိုယ်ပျောက်နေသည့် နေရာဆီသို့ စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။
"ဒါကတော့..."
ရှောင်ရွှယ်: "နှလုံးခုန်နှုန်းက အရမ်းမြန်လာပြီ။ သူဘဝရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ပြီး အဆင့်တက်လှမ်းနေပြီ ထင်တယ်"
လျိုယန်: "ဒါဆို... သတ်ဖြတ်ခြင်းကတစ်ဆင့် ဘဝအဆင့်အတန်းကို မြှင့်တင်နိုင်တဲ့လူ တကယ်ရှိတာပေါ့"
လင်းဖုန်းက မျက်မှောင်ကြုတ်လျက် "ဉာဏ်အလင်းပွင့်မှု အမြုတေအရိုး၊ လူစားထိုးစက္ကူရုပ်၊ ကိုယ်ပျောက်အတတ်၊ သတ်ဖြတ်ခြင်း... ငါ့ရဲ့ ဆင်ခြင်တုံတရားက ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော ဒီကောင်လေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုတော့ လုံးဝ နားမလည်နိုင်တော့ဘူး။ သူ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေက များလွန်းတယ်"
ယဲ့ဖျင်ကတော့ သာသာယာယာပင် ပြုံးနေသည်။
"ဘယ်လိုလဲ ရွှီရန်လေး... မင်း ခံနိုင်ရည်ရှိရဲ့လား ဘာမှ အမှားအယွင်း မဖြစ်နိုင်ဘူးမလား"
ရွှီရန်: "ဘာမှ စိုးရိမ်စရာမရှိပါဘူး တကယ်ကို နေလို့ကောင်းနေတယ်"
ထိုခဏ၌ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပူလောင်နေသည်။ သူ၏ ခန္ဓာကိုယ်အတွင်း ပုန်းအောင်းနေသော မကောင်းဆိုးဝါး အငွေ့အသက်များ၊ အပျက်သဘောဆောင်သော ခံစားချက်များကို အတင်းအဓမ္မ ဆွဲထုတ်လိုက်ပြီး နှလုံးသားဆီသို့ စုစည်းသွားစေကာ ထိုနေရာရှိ ပုံရိပ်ယောင် စစ်မှန်သောခန္ဓာကိုယ် က ဝါးမျိုခြေမွှပစ်လိုက်သည်။
[ဘေးဒုက္ခမီးတောက် ဆယ်စက်ကို အောင်မြင်စွာ သန့်စင်ပြီးပါပြီ]
စွမ်းအင်အစစ်အမှန်များ ပါဝင်နေသော အမည်းရောင် မီးလျှံစက် ဆယ်စက်မှာ သတ်ဖြတ်ခြင်းနှလုံးသား အတွင်း၌ ငြိမ်သက်စွာ ပျံလွင့်နေသည်။ ၎င်းတို့သည် တစ်ခါတစ်ရံတွင် သီးခြားစီ ကွဲထွက်သွားကာ အမည်းရောင် မီးပွင့်လေးများ ဖြစ်သွားတတ်ပြီး တစ်ခါတစ်ရံတွင်မူ အချင်းချင်း ရိုက်ခတ်ကာ ပျက်စီးနေသော အမည်းရောင် ကြာပန်းတစ်ပွင့်အဖြစ် ပြောင်းလဲသွားကြသည်။
ရွှီရန်က အာရုံစိုက်ကာ စစ်ဆေးကြည့်လိုက်သည်။
"ဒါက ဘေးဒုက္ခမီးတောက်လား။ ခန္ဓာကိုယ်ကို နိဗ္ဗာန် အဆင့်အထိ ရောက်အောင် လုပ်ပေးနိုင်တဲ့ ရတနာကို ငါက တစ်ခါတည်း ဆယ်စက်တောင် ရလိုက်တာပေါ့..."
"ဒီနေရာမှာတင် သူ့ရဲ့ အာနိသင်ကို စမ်းကြည့်ရမလား ဘာပဲဖြစ်ဖြစ် နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့လုံးက ငါ့ကို ကာကွယ်ပေးထားတာပဲ လုံးဝ ဘေးကင်းပါတယ်"
သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။ မွတ်သိပ်နေသော ဆန္ဒကို မထိန်းချုပ်နိုင်တော့ဘဲ ရွှီရန်သည် ထိုအမည်းရောင် ကြာပန်း၏ ကြာဖတ်တစ်ဖတ်ကို သတ်ဖြတ်ခြင်းနှလုံးသား ထဲမှ ဆွဲထုတ်လိုက်သည်။
ထိုအမည်းရောင် ကြာဖတ်မှာ ရွှီရန်၏ စစ်မှန်သောခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည့် အခိုက်အတန့်မှာပင်...
ရွှီရန်၏ နှလုံးခုန်သံမှာ ရုတ်ချည်းပင် ရပ်တန့်သွားတော့သည်။
အခန်း။ ၁၃၂
အမည်းရောင် မီးလျှံများသည် နှလုံးသားတစ်ပြင်လုံးကို တစ်ခဏချင်းအတွင်း လွှမ်းခြုံသွားပြီး သွေးကြောများနှင့် အကြောအခြင်များတစ်လျှောက် တဟုန်ထိုး စီးဆင်းကာ ခန္ဓာကိုယ်၏ အစွန်းအဖျားများအထိ ရောက်ရှိသွားသည်။
စက္ကန့်တစ်ဆယ်ပုံ တစ်ပုံမျှသာ ရှိသော အချိန်အတွင်းမှာပင် ထိုအမည်းရောင် ကြာပန်းမီးလျှံများသည် ရွှီရန်၏ ခန္ဓာကိုယ်ရှိ ဆဲလ်ပေါင်း သန်း ၆၀,၀၀၀ ကျော်အတွင်း၌ ပြင်းထန်စွာ လောင်ကျွမ်းတော့သည်။
စက္ကန့်နှင့်အမျှ အချိန်များ ကုန်ဆုံးသွားသည်။ ရွှီရန်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများမှာ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာနေသည်ကိုသာ ခံစားနေရသည်။
စက္ကန့် ၃၀ ကြာပြီးနောက်...
ဘေးဒုက္ခပေါင်းသောင်းခြောက်ထောင် မီးလျှံစွမ်းအင် တစ်စက်မှာ လုံးဝဥဿုံ ကုန်ဆုံးသွားသည်။ သို့သော် ရွှီရန်သည် အားမရသေးဘဲ ဤမျှလောက်နှင့် မထိရောက်သေးဘူးဟု ယူဆနေမိသည်။
"ဒါက ၃ ကြိမ်တိုင်တိုင် ကြုံခဲ့ရတဲ့ သန့်စင်ခြင်းကြောင့် ဖြစ်ရမယ်။ ဒီမီးလျှံတစ်စက် လောင်ကျွမ်းနေတာတောင် နာကျင်မှု တစ်စက်မှ မရှိဘဲ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေ တိုးလာတဲ့ အရသာကိုပဲ ခံစားနေရတယ်"
အကယ်၍ ၃ ကြိမ်မြောက် သန့်စင်ခြင်းက သွေးကြောများ၊ အကြောအခြင်များနှင့် ကိုယ်တွင်းအင်္ဂါများကို သန့်စင်ပေးပြီး ဘဝကန့်သတ်ချက်ကို မြှင့်တင်ပေးခဲ့သည်ဆိုလျှင်...
ယခုဤ ဘေးဒုက္ခပေါင်းသောင်းခြောက်ထောင် မီးလျှံကမူ ခန္ဓာကိုယ်တစ်ခုလုံးကို တကယ်တမ်း သန်မာ အောင် လုပ်ဆောင်ပေးခြင်းပင်။
မီးလျှံစွမ်းအင် တစ်စက်လုံး ကုန်ဆုံးသွားချိန်တွင် ရွှီရန်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ သိသိသာသာ မြင့်တက်သွားသည်ကို ခံစားလိုက်ရသည်။
"အခုဆိုရင် သွေးအင်အား ၁၀,၀၀၀ ရှိတဲ့ တစ္ဆေတွေ၊ သလင်းကျောက်သားရဲတွေနဲ့ ရန်ငြိုးဖွဲ့သားရဲတွေရဲ့ တိုက်ခိုက်မှုကို လက်ဗလာနဲ့တင် ခုခံနိုင်လောက်ပြီ..."
"ဒါဆိုရင် ဘေးဒုက္ခပေါင်းသောင်းခြောက်ထောင် မီးလျှံတစ်စက်က ရုပ်ပိုင်းဆိုင်ရာ သွေးအင်အား ၁၀,၀၀၀ လောက်ကို မြှင့်တင်ပေးတာပေါ့။ တိုးတက်မှုက တကယ်ကို သိသာလွန်းတယ်"
"နှမြောစရာကောင်းတာက... ငါ့ရဲ့ လက်ရှိကျင့်ကြံမှု အဆင့်အတန်းအရ ဒီမီးလျှံ ၁၀ စက်ရဲ့ နိဗ္ဗာန် အကျိုးသက်ရောက်မှုကိုပဲ ခံနိုင်ရည်ရှိဦးမယ်။ ဒါပေမဲ့ ဒါကလည်း အံ့သြစရာပဲ။ ဒီ ၁၀ စက်လုံးကို သုံးပြီးသွားရင် သွေးအင်အား ၁ သိန်းရှိတဲ့ သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို လက်ဗလာနဲ့တင် ခုခံနိုင်တော့မှာ"
ထိုသို့တွေးရင်း ရွှီရန်သည် သာယာစွာ ပြုံးလိုက်ပြီး ကျန်ရှိနေသော မီးလျှံ ၉ စက်လုံးကို တစ်ပြိုင်နက်တည်း သုံးစွဲလိုက်တော့သည်။ အမည်းရောင် ကြာပွင့်ချပ်လေးများသည် ရွှီရန်၏ နှလုံးသားစစ်စစ်ထဲသို့ လွင့်ပျံဝင်ရောက်သွားပြီး သူ၏အတွင်းပိုင်း၌ အမည်းရောင် မီးလျှံများ တဟုန်းဟုန်း တောက်လောင်လာသည်။
ထိုသို့ လောင်ကျွမ်းသန့်စင်နေစဉ်အတွင်း သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာလည်း မှန်မှန်ကြီး မြင့်တက်လာနေတော့သည်။
မကြာမီမှာပင်...
ရွှီရန်သည် ပူနွေးသော အသက်ရှူသံတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ သူ၏ မျက်နှာထက်တွင် အားရကျေနပ်မှုများ အပြည့်ရှိနေသည်။
"အခုဆိုရင် သွေးအင်အား ၁ သိန်းရှိတဲ့ သားရဲတွေရဲ့ တိုက်ခိုက်မှုကို လက်ဗလာနဲ့ ခုခံလို့ရပြီ တကယ်လို့ ဒဏ်ရာရသွားရင်တောင် တတိယအဆင့်ရဲ့ ကိုယ်လက်အင်္ဂါ ပြန်လည်ဖြစ်ပေါ်
ခြင်းစွမ်းရည်နဲ့ လျင်မြန်စွာ ကုသနိုင်တယ်။ ဒါက တောင်တန်းနယ်ပယ်ရဲ့ အမြင့်ဆုံး ရုပ်ပိုင်းဆိုင်ရာ ခွန်အားပဲ တစ်ဖက်လူရဲ့ ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်တွေကို လက်ဗလာနဲ့သွားပြီး မစမ်းသပ်သရွေ့တော့ တောင်တန်းနယ်ပယ် ကျင့်ကြံသူတွေနဲ့ တိုက်ပွဲမှာ ငါ့ကို ဘယ်သူမှ အနိုင်မတိုက်နိုင်တော့ဘူး"
"ဒါကြောင့်လည်း ဒါကို ရွှေရောင်အောင်မြင်မှုလို့ ခေါ်တာကိုး..."
"ကြည့်ရတာ... ဒီအောင်မြင်မှုနဲ့အတူ တစ်ပြိုင်နက် ပွင့်လာတဲ့ လူငယ်အရှင်သခင်ကနေ ရလာမယ့် အရှင်သခင် ရွှေသွေးကလည်း ဒီလောက်ပဲ ကြောက်စရာကောင်းတဲ့ အာနိသင်မျိုး ရှိမှာ သေချာတယ်"
ယနေ့ ရရှိခဲ့သော တိုးတက်မှုနှုန်းနှင့် လူငယ်အရှင်သခင်မှ ရလာမည့် အလားအလာရှိသော ခွန်အားများကို တွေးတောရင်း ရွှီရန်၏ အပြုံးကို ထိန်းချုပ်ရန်မှာ AK47 သေနတ်တစ်လက်ကို ထိန်းချုပ်ရသည်ထက်ပင် ခက်ခဲနေတော့သည်။
ပြောရမည်ဆိုလျှင် ဤလေ့ကျင့်ရေးခရီးစဉ်မှာ မထင်မှတ်ထားသော လက်ဆောင်မွန်များစွာကို ပေးအပ်ခဲ့သည်။ နတ်ဘုရားအနှစ်သာရ ၃ စက် ရရှိခဲ့ရုံတင်မကဘဲ၊ သတ်ဖြတ်လိုစိတ် တောက်လောင်ခြင်းတာဝန်ကို အောင်မြင်ပြီးနောက် သတ်ဖြတ်ခြင်းနှလုံးသားနှင့် ပေါင်းစပ်ခွင့်ရခဲ့ကာ ဘေးဒုက္ခမီးတောက် ၁၀ စက်ကိုပါ တစ်လက်စတည်း ရရှိခဲ့သည်။ ၎င်းက သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို လက်ရှိကန့်သတ်ချက်၏ အမြင့်ဆုံးအထိ တိုက်ရိုက်တွန်းတင်ပေးလိုက်ခြင်းပင်။
ဤအောင်မြင်မှုကြောင့် ရွှီရန်အတွက် ရက်သတ္တပတ် နှစ်ပတ်စာခန့် ပြင်းပြင်းထန်ထန် ကြိုးစားရမည့် အချိန်များကို သက်သာသွားစေခဲ့သည်။
ဤအချက်များကို တွေးတောရင်း ရွှီရန်အလွန်ကျေနပ်သွားသည်။
"ကဲ... ပထမဆုံး တာဝန်တော့ ပြီးသွားပြီ"
"နောက်ထပ် ဒုတိယ တာဝန်ကတော့ သွေးအင်အား ၁၅၀,၀၀၀ ကျော်ရှိတဲ့ သလင်းကျောက်သားရဲအကောင် ၅၀ ကို သတ်ဖို့ပဲ"
မီးတောက်အကျဉ်းထောင်နှင့် ဝိညာဉ်သန့်စင် တပ်ဖွဲ့ဝင်များအားလုံးက လူစားထိုး စက္ကူရုပ် ရွှီရန်ကို ဝိုင်းကြည့်လိုက်ကြသည်။
"မင်း အဆင့်တက်သွားပြီလား"
ရွှီရန်: "ပြီးပြည့်စုံအောင် ပြီးသွားပါပြီ။ အခု ဒုတိယ တာဝန်ကို ဆက်လုပ်ဖို့ပဲ လိုတော့တယ်"
လျိုယန် က စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး "ဒုတိယ တာဝန်က သလင်းကျောက်သားရဲတွေကို အမဲလိုက်ဖို့လား။ ဒီအနီးအနားက ဆဌမမြောက် ဘေးကင်းဇုန် တစ်ခုလုံးကို တစ္ဆေသတ္တဝါတွေကပဲ ကြီးစိုးထားတာ။ သလင်းကျောက်သားရဲတွေက ဒီမှာ အရမ်းရှားတယ်။ သူတို့ကို ရှာဖို့ဆိုရင် သတ္တမမြောက် ဘေးကင်းဇုန်ဘက်ကို သွားမှရမယ်"
ရွှီရန်: "ဦးလေးတို့ အားကြရဲ့လား အားတယ်ဆိုရင် ကျွန်တော် သတ္တမမြောက် ဘေးကင်းဇုန်ကို သွားချင်ပါတယ်။ တကယ်လို့ အလုပ်များနေတယ်ဆိုရင်လည်း ရပါတယ်။ ဦးလေးယဲ့ဖျင် ကျွန်တော်နဲ့ လိုက်ခဲ့ပေးလို့ ရတာပဲ"
လင်းဖုန်း က ပြုံးလျက် "မင်းကျေးဇူးကြောင့် ငါတို့မှာ အားလပ်ချိန် နည်းနည်း ထွက်လာတာပါ"
"တကယ်တော့ ဒီဘေးကင်းဇုန် ကိုးခုမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ငါတို့ရဲ့ ဆဌမမြောက်ဇုန်က ခေါင်းပြတ်တစ္ဆေ ဟာ ပထမဇုန်က သွေးဗူးသီးနဲ့ တတိယဇုန်က ပုပ်စပ်သွေးတံတိုင်းယန္တရားနတ်ဘုရားတွေထက်တောင် ပိုပြီး လက်ပေါက်ကပ်တာ။ အရင်ကဆိုရင် သူတို့ကို ပြန်တိုက်ထုတ်ဖို့ နောက်ထပ် လဝက်လောက် ကြာဦးမယ်လို့ ခန့်မှန်းထားတာ"
"ငါတို့တွေက နောက်ထပ် လဝက်လောက်အထိ စစ်ကူတွေကို စောင့်ရင်း တိုက်ပွဲဝင်ရမယ်လို့ ထင်ထားတာ။ ဒါပေမဲ့ မထင်မှတ်ဘဲ မင်းရောက်လာပြီး ခေါင်းပြတ်တစ္ဆေရဲ့ ကောင်းကင်ဘုံပေး နတ်ဘုရားအတတ်ကို ဖျက်ဆီးပေးလိုက်တော့မှ သူ့ရဲ့ အားနည်းချက်ကို သိပြီး ခန္ဓာကိုယ်အစစ်ကို ထောင်ဖမ်းနိုင်ခဲ့တာလေ"
လင်းဖုန်း စကားမဆုံးခင်မှာပင် နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့စလုံးမှာ အားရပါးရ ရယ်မောလိုက်ကြတော့သည်။
"တခြား ဘေးကင်းဇုန်တွေကသာ စစ်ကူတောင်းမယ်ဆိုရင် ငါတို့ အပြေးအလွှား သွားကူရမှာပဲ။ ဒါပေမဲ့ အခုတော့ သူတို့ဘာသာသူတို့ ကိုင်တွယ်နိုင်နေကြပြီဆိုတော့ ငါတို့ အကူအညီ မလိုတော့ဘူးပေါ့"
နတ်ဘုရားမ ရှောင်ရွှယ်: "ဟုတ်တယ် အဲဒါကြောင့်လည်း မနေ့ညက ငါတို့ အဝအိပ်နိုင်ခဲ့တာပေါ့"
ရွှီရန်: "ဒါဆိုရင်တော့ ကျွန်တော် မနက်ဖြန် သတ္တမမြောက် ဘေးကင်းဇုန်ကို သွားချင်ပါတယ်။ သလင်းကျောက်သားရဲတွေကို အမဲလိုက်ဖို့ပါ"
"ပြဿနာမရှိပါဘူး။ အဲဒီမှာ အခုလေးတင် သားရဲလှိုင်းတက်နေတာပဲ"
ဖူလင်၊ လီဝေ နှင့် ချိုက်မြောင်: "တူလေး... ဦးလေးတို့ကတော့ ဒီ ဆဌမမြောက်ဇုန်ကို စောင့်ရှောက်ဖို့ တာဝန်ရှိလို့ မင်းနဲ့ လိုက်မလာနိုင်တော့ဘူး။ ဒါပေမဲ့ နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့လုံးက မင်းကို ကာကွယ်ပေးမှာဆိုတော့ ငါတို့ စောင့်ရှောက်တာထက်တောင် ပိုပြီး ဘေးကင်းပါသေးတယ်"
ရွှီရန်: "ဟုတ်ကဲ့ပါ ဘာပဲဖြစ်ဖြစ် ကျေးဇူးအများကြီးတင်ပါတယ် အန်တီမြောင်၊ ဦးလေးဝေနဲ့ ခပ်ချောချောဦးလေး"
သူတို့ သုံးယောက်စလုံးက လက်ယမ်းပြလိုက်ကြသည်။
"အို... ငါတို့က ဘာမှ သိပ်မကူညီနိုင်ပါဘူး။ မင်း ချန်ပီယံဆု ရတဲ့အခါကျရင်တော့ ငါတို့ အချိန်ပေးပြီး ကျင့်ကျိုးပြည်နယ်ဆီ မင်းကို လာတွေ့မယ်"
ရွှီရန်က တောက်ပစွာ ပြုံးလိုက်သည်။
"ဟုတ်ကဲ့ပါခင်ဗျာ"
အားလုံး စကားတပြောပြောနှင့် ဘေးကင်းဇုန်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသည်။
ဝန်ဆောင်မှုဧရိယာအတွင်းရှိ နတ်ဘုရားသတ်တပ်ဖွဲ့ဝင်များအတွက် သီးသန့်ဖြစ်သော အစားအသောက်ဟိုတယ်ထန်ခန်းမတွင် လူစုံတက်စုံ ထိုင်လိုက်ကြသည်။ ဟင်းလျာများ မထွက်လာမီ အချိန်ကလေးတွင် အားလုံးက ရွှီရန်ကို စူးစမ်းကြည့်နေကြသည်။ သူ၏ စွမ်းရည်များ မည်မျှအထိ တိုးတက်လာသည်ကို သိချင်နေကြခြင်းပင်။
သို့သော် ရွှီရန်တွင်မူ တတိယအဆင့်ဖြစ်သော သာမန်လှည့်ဖြားမှုနှင့် အရိပ်ကဲ့သို့ ခန့်မှန်းရခက်ခြင်းစွမ်းရည်များ ရှိနေသည်။ ၎င်းက သူ့အား မည်းမှောင်သော တိမ်တိုက်များက ဖုံးကွယ်ထားသည့် နေနှင့်လကဲ့သို့ ခန့်မှန်းရခက်စေသည်။ သူတို့အနေဖြင့် ရွှီရန်၏ အရှိန်အဝါကို ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း မြင်နိုင်မှာလဲ။
လျိုယန် တစ်ယောက် တကယ်ကို ဇဝေဇဝါ ဖြစ်နေသည်။
"ငါ အကြာကြီး စောင့်ကြည့်နေတာ မင်းရဲ့ လူစားထိုးစက္ကူရုပ်တွေက မနေ့ညနေကတည်းက တိုက်ခိုက်ရေးစွမ်းအား သိသိသာသာ တက်မလာတော့ဘူး ဟုတ်တယ်မလား သွေးအင်အား ၁ သိန်းရှိတဲ့ တစ္ဆေဆိုရင် ဓားတစ်ချက်တည်းနဲ့ ရှင်းနိုင်ပေမဲ့ ၁ သိန်း ၂ သောင်းဆိုရင် ၅ ချက်လောက် ခုတ်နေရတယ်။ ၁ သိန်း ၅ သောင်းအထက် သားရဲတွေကိုဆိုရင်တော့ သူတို့ လုံးဝ မဖြတ်နိုင်တော့ဘူး"
ရွှီရန်က တည်ငြိမ်စွာ ခေါင်းညိတ်ပြသည်။
"ဟုတ်ပါတယ် လူစားထိုးစက္ကူရုပ်တွေက အခုတော့ သူတို့ရဲ့ အမြင့်ဆုံး ကန့်သတ်ချက်ကို ရောက်နေပါပြီ။ သူတို့ကို ပိုပြီး အစွမ်းထက်လာအောင် လုပ်ဖို့ တခြားနည်းလမ်းတစ်ခု လိုအပ်နေတယ်"