← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း။ ၁၄၃

“အဆင့်မြင့် နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့က မင်းကို အခက်တွေ့စေလိမ့်မယ်လို့ ငါထင်တယ်... မင်း သတိထားလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

“ခေတ္တဆုတ်ခွာတာက ပိုကောင်းလိမ့်မယ်။ လူသားကျင့်ကြံသူတွေ နယ်မြေချဲ့ထွင်လာတာကို စောင့်ပြီးမှ သူတို့ကို အသွေးအသား ယဇ်ကောင်တွေအဖြစ် အသုံးချတာက ပိုစိတ်ချရတယ်။ နည်းနည်းတော့ အချိန်ကြာပြီး ရှုပ်ထွေးနိုင်ပေမဲ့ အနည်းဆုံးတော့ အန္တရာယ်ကင်းတာပေါ့”

“အခုလို ပွဲကြီးလမ်းကြီးနဲ့ စတင်ဖို့ ငါအကြံမပေးဘူး”

ကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခက အလေးအနက် အကြံပြုသည်။

ထိုစကားကို ကြားသောအခါ ခရမ်းရောင် ကလေးမိစ္ဆာသည် အလွန်အမင်း မောက်မာစွာဖြင့် လှောင်ပြုံးပြုံးလိုက်ပြီး “ဟွမ်ရှား.. မင်း ငါ့ရဲ့ အထွဋ်အထိပ် နတ်ဘုရားအတတ်တွေကို အထင်သေးနေတာလား။ သလင်းကျောက်သားရဲ ယဉ်ကျေးမှုသမိုင်းမှာ ရန်သူကို ချက်ချင်းလက်ငင်း သုတ်သင်နိုင်စွမ်းမှာ အဆင့် ၅ အတွင်း ချိတ်ခဲ့တဲ့ ဒီအတတ်ကို နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့က ဘယ်လိုလုပ်ပြီး ဟန့်တားနိုင်မှာလဲ”

“သလင်းကျောက်သားရဲ ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ အချိန်တုန်းက ငါ့ရဲ့ ဘိုးဘေးတွေက ဒီအတတ်ကို သုံးပြီး အထက်တန်းလွှာ နတ်ဘုရားအပါး ၄၀ ကို တစ်ခဏချင်းအတွင်း ပေါက်ကွဲသေဆုံးအောင် လုပ်ခဲ့ဖူးတယ်။ ငါ့ဘိုးဘေးတွေက နတ်ဘုရားတွေကိုတောင် သတ်နိုင်ခဲ့ရင် နတ်ဘုရားအဆင့်တောင် မရှိတဲ့ ဒီပုရွက်ဆိတ်လို လူသားတွေအတွက် ငါက ဘာလို့ သတိထားနေရမှာလဲ ဘာလို့ ဝေခွဲမရဖြစ်ပြီး ကြောက်နေရမှာလဲ”

ကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခက သက်ပြင်းချလိုက်ပြီး “ခေတ်ကာလတွေ ပြောင်းလဲသွားပြီ။ မင်းရဲ့ နတ်ဘုရားဘွဲ့နှင်းသဘင်ကလည်း မပြီးဆုံးသေးဘူး။ မင်းအနေနဲ့ အထွဋ်အထိပ် နတ်ဘုရားအတတ်တွေကို ကျွမ်းကျင်စွာ မသုံးနိုင်သေးဘူး။ အကယ်၍ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုခု ဖြစ်လာရင်...”

စုန်းအကြီးအကဲချုပ်က နှာခေါင်းရှုံ့လျက် “မမျှော်လင့်ထားတဲ့ အခြေအနေဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ငါ သူတို့ကို တစ်ခဏချင်းအတွင်း အပိုင်းပိုင်းဖြစ်အောင် သတ်ပစ်မယ်” ဟု ပြတ်သားစွာ ပြောလိုက်သည်။

၎င်းက ဆက်လက်၍ အောက်ဘက်သို့ စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ရာ မျက်ဝန်းများအတွင်း၌ မှောင်မိုက်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် ချွန်ထက်သော သွားများ ပြည့်နှက်နေသည့် ပါးစပ်ကြီးကို ဖြဲလျက် “သလင်းကျောက်သားရဲ ယဉ်ကျေးမှု ကျဆင်းသွားရတာက မင်းတို့လို ကြောက်တတ်ပြီး သတိထားလွန်းတဲ့ ကောင်တွေကြောင့်ပဲ။ ယုံကြည်ချက်တွေ ပျောက်ဆုံးပြီး မရုန်းကန်ရဲကြတော့လို့ပဲ”

“ဘိုးဘေးတို့ရဲ့ ဂုဏ်ရောင်ကို ပြန်လည်ဖော်ဆောင်ဖို့ဆိုရင် ဘယ်သူကမှ မယှဉ်နိုင်တဲ့ အောင်နိုင်သူ ယုံကြည်ချက် ရှိရမယ်။ ကြောက်တတ်တဲ့ စိတ်နှလုံးနဲ့ ကြောက်တတ်တဲ့ လုပ်ရပ်တွေက ငါတို့မျိုးနွယ်စုကို ထာဝရ ငရဲကျအောင် လုပ်လိမ့်မယ်”

“အဆင့်မြင့် နတ်ဘုရားသတ်တပ်ဖွဲ့ နှစ်ဖွဲ့က ငါ့လို စုန်းအကြီးအကဲချုပ်ကို ကြောက်လန့်တကြား ဆုတ်ခွာသွားအောင် လုပ်နိုင်တယ်ဆိုရင် ငါကိုယ်ငါ သတ်သေလိုက်တာကမှ ပိုကောင်းဦးမယ်”

စကားပြောနေစဉ်အတွင်းမှာပင် စုန်းအကြီးအကဲချုပ်က ဖားဥကြီးကို မြှောက်ကိုင်လိုက်ရင်း “ငါ့ရဲ့ အထွဋ်အထိပ် နတ်ဘုရားအတတ်ရှေ့မှာဆိုရင် အဆင့် ၁ နတ်ဘုရားသတ်တပ်ဖွဲ့တောင်မှ ချက်ချင်း ယဇ်ပူဇော်ခံရမှာပဲ။ ငါ့ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနား ပြီးဆုံးတဲ့အထိ ငြိမ်ငြိမ်လေး စောင့်နေကြစမ်း။ တစ်မိနစ်ပဲ ကြာလိမ့်မယ်”

၎င်း၏ လေသံမှာ အေးစက်တည်ငြိမ်လှပြီး အထွဋ်အထိပ် နတ်ဘုရားအတတ်ကို ပိုင်ဆိုင်ထားသရွေ့ လောကရှိ အရာအားလုံးမှာ ၎င်းအတွက် အမှုမထားလောက်စရာ ဖြစ်နေပုံပင်။

ကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခ: “စုန်းအကြီးအကဲချုပ်... မင်းက ယုံကြည်မှု လွန်ကဲနေပြီ။ တကယ်လို့ အထွဋ်အထိပ် နတ်ဘုရားအတတ်တွေကသာ တကယ်ကို အနှိုင်းမဲ့နေမယ်ဆိုရင် ငါတို့ရဲ့ ဘိုးဘေးတွေဟာ အခုလို အခြေအနေမျိုးအထိ ကျဆင်းသွားစရာ အကြောင်းမရှိဘူး”

ထိုစကားကြောင့် စုန်းအကြီးအကဲချုပ်မှာ ခေတ္တမျှ တွေးတောသွားသည်။

“မင်းပြောတာလည်း အချက်ကျပါတယ။ ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင် ဒီလောက်ကောင်းတဲ့ ယဇ်ကောင်တွေကို ငါထပ်တွေ့နိုင်ပါဦးမလား”

ကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် “နတ်ဘုရားသတ်

တပ်ဖွဲ့ လေးဖွဲ့၊ သွေးအင်အား တောင်တန်းကြီးတွေလို မြင့်မားတဲ့ ကျင့်ကြံသူ ၁၄ ယောက် ပြီးတော့ ဟို စူပါပါရမီရှင်လေး... သူတို့အားလုံးက ထိပ်တန်းအဆင့် ယဇ်ကောင်တွေပဲ။ မင်း နတ်ဘုရားအဆင့် မတက်လှမ်းခင်မှာ ဒီလောက်အထိ ပြည့်စုံပြီး ကောင်းမွန်တဲ့ ယဇ်ကောင်မျိုးကို ထပ်ပြီး တွေ့နိုင်ဖို့ မလွယ်ဘူး”

၎င်း၏ ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီးနောက် စုန်းအကြီးအကဲချုပ်သည် လျှာရှည်ကြီးကို ထုတ်ကာ ပါးပြင်ကို လျက်လိုက်ပြီး ၎င်း၏ အပြုံးမှာ ပို၍ပင် ယုတ်မာရက်စက်လာတော့သည်။

“ဒါဆိုရင်တော့ ပြီးတာပဲလေ။ ကောင်းကင်က ပေးထားတဲ့အခွင့်အရေးကို မယူရင် ငါတို့ပဲ ဒုက္ခရောက်လိမ့်မယ်”

“ငါ့ရဲ့ နတ်ဘုရားဘွဲ့နှင်းသဘင် အခမ်းအနားကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ကြည့်လိုက်စမ်းပါ။ ဒါက မင်းဘဝမှာ အံ့ဩတုန်လှုပ်စရာအကောင်းဆုံး မြင်ကွင်းတွေထဲက တစ်ခု ဖြစ်လာလိမ့်မယ်”

“သေချာကြည့်ထား ထက်မြက်တဲ့ စွမ်းအားနဲ့ ယုံကြည်ချက်ကို သုံးပြီး သလင်းကျောက်သားရဲမျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို ငါ ပြန်လည်ဖော်ဆောင်ပြမယ်”

ဤသို့ ပြောလိုက်စဉ် စုန်းအကြီးအကဲချုပ်ထံမှ မောက်မာမှု၊ ယုံကြည်မှုနှင့် ပြင်းထန်သော စွမ်းအင်များ လျှံထွက်လာတော့သည်။

ကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခ: “ထားလိုက်ပါတော့... မင်းရဲ့ အထွဋ်အထိပ် နတ်ဘုရားအတတ်က မောက်မာဖို့အတွက် ခိုင်လုံတဲ့ အရင်းအနှီး ရှိပါတယ်။ သလင်းကျောက်သားရဲမျိုးနွယ်မှာ ဒီလိုအတတ်မျိုး မပေါ်တာ နှစ်ပေါင်း တစ်သိန်းလောက် ရှိပြီ။ မင်းဆီမှာ ဒီအတတ် ပေါ်လာတယ်ဆိုတာက ငါတို့မျိုးနွယ်စုရဲ့ ရှေးဟောင်းဂုဏ်ရောင်တွေကို ပြန်လည် ထွန်းတောက်စေမယ့် နိမိတ်ပဲ”

“ငါ မင်းရဲ့ လမ်းစဉ်ကို သစ္စာရှိရှိ ကာကွယ်ပေးမယ်”

ကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခ၏ လူမျက်နှာကြီးမှာ အလွန်ပင် တည်ကြည်လေးနက်နေတော့သည်။ စုန်းအကြီးအကဲချုပ်အနေဖြင့် ဤမျှကြီးမားသော ကိစ္စရပ်ကို လုပ်ဆောင်ရန် ယုံကြည်မှု အပြည့်ရှိနေမှတော့ ၎င်းအနေဖြင့်လည်း ကြောက်ရွံ့နေစရာ အကြောင်းမရှိတော့ချေ။

အကယ်၍ ကျရှုံးခဲ့လျှင်ပင် ၎င်းသည် စုန်းအကြီးအကဲချုပ်ကို ခေါ်ဆောင်ကာ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်စွမ်း ရှိသည်။ နောက်ပိုင်းမှ နတ်ဘုရားဘွဲ့နှင်းသဘင် အခမ်းအနားကို ပြန်လည်ကျင်းပရန်မှာလည်း မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။

“ကောင်းပြီ ငါ့နောက်ကိုသာ လိုက်ခဲ့စမ်းပါ။ မင်းက အထက်တန်းလွှာ နတ်ဘုရားတစ်ပါး၊ ဒါမှမဟုတ် တာအိုအရှင်သခင်တစ်ဦးတောင် ဖြစ်လာစေရမယ်”

ခရမ်းရောင် ကလေးမိစ္ဆာသည် အရူးအမူး ရယ်မောလိုက်ပြီး ၎င်း၏ လက်ခြောက်ဖက်ကို သားရေကွင်းအလား ဆွဲဆန့်ကာ ဖားဥကြီးကို ဦးခေါင်းထက်တွင် မြှောက်ကိုင်လိုက်သည်။

ထို့နောက် လက်ခြောက်ဖက်စလုံးက ဖားဥကို လွှတ်လိုက်သော်လည်း ဖားဥမှာ ထောက်ကန်ထားသည့် အရာမရှိဘဲ ကောင်းကင်ယံ၌ လွင့်ပျံနေကာ ဖြည်းညှင်းစွာ လည်ပတ်နေတော့သည်။

နောက်တစ်စက္ကူန့်တွင် လက်ခြောက်ဖက်စလုံးက ရုတ်တရက် ရိုက်ပုတ်လိုက်ရာ ဖားဥကြီးမှာ ကြီးမားသော စွမ်းအားဖြင့် ရိုက်ခွဲခြင်း ခံလိုက်ရသည်။

“ဒိုင်း…”

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ဖားဥအတွင်းရှိ ဦးခေါင်းမှာ သွေးမြူတိမ် မီးရှူးမီးပန်းများအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။

“ခပ်သိမ်းသော သတ္တဝါတို့ကို ယဇ်ပူဇော်စို့ ငါ့ရဲ့ အဆင့်အတန်း မြင့်မားရေးအတွက် အထောက်အပံ့ ဖြစ်စေရမယ်”

ခရမ်းရောင် ကလေးမိစ္ဆာ၏ ပါးစပ်ဖျားမှ ထူးဆန်းအံ့ဩဖွယ်ရာ မန္တန်များ ဆက်တိုက် ထွက်ပေါ်လာသည်။

မန္တန်များ ရွတ်ဆိုပြီးဆုံးသည်နှင့် မမြင်နိုင်သော စွမ်းအင်လှိုင်းများသည် ဂယက်ထသကဲ့သို့ ခရမ်းရောင်ကလေးမိစ္ဆာ၏ အကြည့်မှတစ်ဆင့် ဘေးကင်းဇုန်၏ အလွန်ပါးလွှာသော အကာအကွယ်အတားအဆီးဆီသို့ ချက်ချင်း ပျံ့နှံ့သွားတော့သည်။

မည်သူမျှ သတိမထားမိလိုက်သော အခိုက်အတန့်တွင် စုန်းအကြီးအကဲချုပ် ၏ နတ်ဘုရားဘွဲ့နှင်းသဘင် အခမ်းအနားသည် မမျှော်လင့်ဘဲ စတင်သွားခဲ့ပြီ ဖြစ်သည်။

ကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခကိုယ်တိုင်ပင်လျှင် ဘာဖြစ်သွားသည်ကို နားမလည်နိုင်ခဲ့ချေ။ ဤအခမ်းအနားသည် အလွန်ထူးဆန်းစွာ စတင်ခဲ့သည်ကိုသာ သိရှိပြီး ၎င်းကိုယ်တိုင်ပင် အံ့ဩတုန်လှုပ်နေရသည်။

၎င်း၏ အကြည့်သည် ဝါဂွမ်းသဲမြူထု အထပ်ထပ်ကို ထိုးဖောက်လျက် ဝေးကွာသော စစ်မြေပြင်ဆီသို့ ကျရောက်သွားသည်။ ထိုစစ်မြေပြင်မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ၎င်း၏ ထူးဆန်းသော လူမျက်နှာကြီးတွင် အလွန်အမင်း တုန်လှုပ်ချောက်ချားသော အမူအရာ ပေါ်ထွက်လာတော့သည်။

၎င်း၏ တစ်သက်တာတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင်။

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခသည် မယုံကြည်နိုင်အောင် ဖြစ်နေရသည်။

အဝေးမှ စစ်မြေပြင်တွင်မူ အနီးကပ် တိုက်ပွဲဝင်နေကြသည့် သလင်းကျောက်သားရဲများနှင့်

လူသားကျင့်ကြံသူများ... သဋတို့၏ သွေးအင်အားသည် အခြေခံအဆင့်ပင်ဖြစ်စေ မြင့်မားလှသော အဆင့်ပင်ဖြစ်စေ တိုက်ပွဲတွင် ပါဝင်နေသူဖြစ်စေ မပါဝင်သူဖြစ်စေ... ဘေးကင်းဇုန်၏ အကာအကွယ်အောက်တွင် မရှိသူမှန်သမျှ...

သူတို့၏ ဦးခေါင်းများသည် အစောပိုင်းက ဖားဥကြီးကဲ့သို့ပင် တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပင် သွေးမြူတိမ်များအဖြစ် ချက်ချင်း ပေါက်ကွဲထွက်သွားတော့သည်။

“ဒိုင်း…”

“ဒိုင်း…”

“ဒိုင်း…”

ထိုပေါက်ကွဲသံများသည် အလွန်ပင် ပြတ်သားလှသည်။ မမြင်နိုင်သော နတ်ဘုရားလက်ပေါင်း တစ်သောင်းက သုတို့၏ ဦးခေါင်းများကို ကြောက်မက်ဖွယ် စွမ်းအားဖြင့် တပြိုင်နက် ထိုးနှက်လိုက်သကဲ့သို့ပင်။ ဦးခေါင်းများမှာ သွေးမြူတိမ်များအဖြစ် ကြေမွသွားပြီး ဦးခေါင်းခွံအရိုးများမှာလည်း သွေးများနှင့်ရောကာ အမှုန့်ဖြစ်လျက် အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားတော့သည်။

ဦးခေါင်းပေါင်း တစ်သောင်းကျော်သည် တစ်ပြိုင်နက်တည်း သွေးမြူတိမ်များအဖြစ် ပေါက်ကွဲသွားသည့် မြင်ကွင်းက ဘယ်လာက်ထိတောင် ကြောက်စရာ ကောင်းမလဲ။

အခန်း။ ၁၄၄

ကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခသည် ဆွံ့အလျက် မှင်သက်သွားရပြီး ၎င်း၏ လူမျက်နှာကြီးတွင် တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့ အတိုင်းသား ပေါ်လွင်နေသည်။

“ဒါ... ဒါက... ”

“ဒါက မင်းရဲ့ အထွဋ်အထိပ် နတ်ဘုရားအတတ်လား ဒါက... အဲဒါကြီးလား...”

၎င်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလျက် ရင်ထဲမှ တုန်လှုပ်မှုကို အနိုင်နိုင် ထိန်းချုပ်လိုက်ရသည်။ ကြိုတင်မျှော်လင့်ထားခဲ့သည်ပင် ဖြစ်စေကာမူ ဤမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့လိုက်ရချိန်တွင်မူ ကြောက်မက်ဖွယ်ကောင်းလှသည်မှာ အမှန်ပင်။

၎င်းသည် သူ့ကိုယ်သူ ပြန်လည်မေးခွန်းထုတ်မိသည်။ ၎င်းသည် လက်ရှိတည်ရှိနေသော နတ်

ဘုရားများထဲတွင် အစွမ်းထက်သူတစ်ဦးဖြစ်ပြီး အဆင့်နိမ့် နတ်ဘုရားတစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သို့သော်လည်း စုန်းအကြီးအကဲချုပ်၏ အထွဋ်အထိပ် နတ်ဘုရားအတတ်နှင့် နှိုင်းယှဉ်ပါက အဆင့်နိမ့် နတ်ဘုရားတစ်ပါး၏ စွမ်းအားမှာ အဖိုးမတန်သည့် ပုရွက်ဆိတ်တစ်ကောင်ပမာ ဖြစ်နေတော့သည်။

“ငါတို့ရဲ့ ဘိုးဘေးတွေ ဘာကြောင့် ဒီလောက်အထိ ဘုန်းတန်ခိုး ကြီးမားခဲ့သလဲဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး...”

ကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခ၏ အသံများမှာ တုန်ယင်နေတော့သည်။

ထိုသို့သော တုန်လှုပ်ချောက်ချားမှုများကို ဂရုမထားဘဲ စုန်းအကြီးအကဲချုပ်သည် ပါးစပ်ကို ဟလျက် ယုတ်မာသော ကလေးငယ်တစ်ဦး၏ ရယ်မောသံကို ကျယ်လောင်စွာ ထုတ်ဖော်လိုက်သည်။

“အခု နားလည်သွားပြီလား ဟွမ်ရှား... ဒါက အထွဋ်အထိပ် နတ်ဘုရားအတတ်ပဲ။ ဒါက သလင်းကျောက်သားရဲမျိုးနွယ်ရဲ့ ဘုန်းကျက်သရေ ထွန်းတောက်ခဲ့တဲ့ ခေတ်ကာလပေါ့... အထွဋ်

အထိပ် နတ်ဘုရားအတတ်တွေထဲမှာ အဆင့် ၅ ချိတ်ခဲ့တာ။ အထက်တန်းလွှာ နတ်ဘုရားအပါး ၅၀ ရဲ့ ဦးခေါင်းတွေကို တစ်ခဏချင်းအတွင်း အပိုင်းပိုင်းဖြစ်အောင် ရိုက်ခွဲနိုင်ခဲ့တာ မင်းက ဒါကို ရယ်စရာလို့ ထင်နေတာလား”

စကားပြောနေစဉ်အတွင်း ခရမ်းပုတ်ရောင် ကလေးမိစ္ဆာ၏ ကျဉ်းမြောင်းသော မျက်ဝန်းများသည် စစ်မြေပြင်တစ်ခုလုံးရှိ အရာအားလုံးကို အေးစက်စွာ ဝေ့ဝဲကြည့်ရှုလိုက်သည်။

ကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခမှာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ ရှေ့တွင် မြင်တွေ့နေရသော မြင်ကွင်းမှာ အလွန်ပင် ပြင်းထန်လွန်းလှသဖြင့် စိတ်ကို ပြန်လည်စုစည်း၍ မရနိုင်သေးချေ။ စစ်မြေပြင်ရှိ လူသားကျင့်ကြံသူများနှင့် သလင်းကျောက်သားရဲများမှာ ရုတ်တရက် ဦးခေါင်းများ ပေါက်ကွဲထွက်သွားပြီး အသက်မဲ့သော အလောင်းများအဖြစ် မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားကြသည်။

ဤစွမ်းအားသည် အချိန်နှင့် ဟင်းလင်းပြင်ကို ကျော်လွန်၍ တိုက်ရိုက် သုတ်သင်လိုက်သော အတိုင်းအဆမဲ့ တိုက်ခိုက်မှုပင်။ နတ်ဘုရားအဆင့်ရှိသော ၎င်းကိုယ်တိုင်ပင် ကျောချမ်းသွားရလျှင် လူသားကျင့်ကြံသူများအတွက်မူ….

လူသားကျင့်ကြံသူများ၏ မျှော်လင့်ချက်ကင်းမဲ့မှုမှာ ပို၍ပင် ကြီးမားပေလိမ့်မည်။

ကန္တာရ ကောင်းကင်ဘုံ ဘေးဒုက္ခ၏ ခန့်မှန်းချက်မှာ မှန်ကန်ခဲ့သည်။

ယခုအချိန်တွင် ဘေးကင်းဇုန်အတွင်း၌ ရှိနေသော လူသားကျင့်ကြံသူများသည် တိုက်ပွဲဝင်ရန် အပြင်သို့ ထွက်ခွာရန် ပြင်ဆင်နေကြစဉ် ဘေးကင်းဇုန် အပြင်ဘက်ရှိ စွမ်းအားရှင်အားလုံးနှင့် သလင်းကျောက်သားရဲအားလုံး၏ ဦးခေါင်းများမှာ သွေးမြူတိမ်များအဖြစ် ပေါက်ကွဲထွက်သွားသည်ကို ထိတ်လန့်ဖွယ် မြင်တွေ့လိုက်ရခြင်းပင်။

ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြပြီး ကောင်းကင်ယံမှ ပြုတ်ကျသူကကျ၊ ခြေထောက်များ မခိုင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်ကာ ရွှံ့စေးတုံးများပမာ မြေပြင်ပေါ်သို့ ပုံရက်သား လဲကျကုန်ကြသည်။ ပြန်လည်ထရပ်ရန်ပင် အစွမ်းအစ အနည်းငယ်မျှ မရှိတော့ချေ။

မျှော်လင့်ချက်မဲ့ခြင်းနှင့် အသက်ရှူကျပ်ခြင်းဟုခေါ်သော ခံစားချက်တို့သည် သူတို့၏ စိတ်နှလုံးကို ဝါးမြိုသွားပြီး မည်သို့မျှ မောင်းထုတ်၍ မရနိုင်တော့ပေ။

“ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ”

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ငါတို့ဘက်က ကျင့်ကြံသူတွေရော သလင်းကျောက်သားရဲတွေပါ အကုန်လုံး ဦးခေါင်းတွေ ပေါက်ကွဲပြီး သေကုန်ကြပြီ”

“အရမ်း ကြောက်စရာကောင်းပြီး ထူးဆန်းတဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားတစ်ပါး ဆင်းသက်လာတာလား”

“ဒါက အရမ်းကို ထူးဆန်းလွန်းတယ် မဟုတ်လား ငါတို့ရဲ့ စွမ်းအားရှင်တွေ အကုန်လုံး အမြစ်

ပြတ်သွားပြီ။ ဘာမှတောင် ပြန်မခုခံနိုင်ကြဘူး”

“ဒါက ကပ်ဘေးအဆင့်ထက်တောင် ကျော်လွန်နေတဲ့ ဘေးဒုက္ခကြီးပဲ”

“အဆင့် ၁၁၊ အဆင့် ၁၃၊ အဆင့် ၁၀၃ နဲ့ အဆင့် ၈၀ ရှိတဲ့ နတ်ဘုရားသတ်တပ်ဖွဲ့တွေ ချက်ချင်း ကျဆုံးသွားပြီ။ ယွဲ့ကျင့်စဉ်နယ်ပယ် စွမ်းအားရှင် ၁၃ ယောက်လည်း ပါသွားပြီ... ပြီးတော့...”

ဘေးကင်းဇုန်အတွင်းရှိ တပ်မှူးသည် မြေပြင်ပေါ်၌ ဒူးထောက်ကျလျက် မျက်ရည်များ ဝိုင်းနေတော့သည်။

“ပြီးတော့ စူပါကြယ်ပွင့်လေး လည်း ပါသွားပြီ မနေ့တစ်နေ့ကတင် ဆဌမမြောက်ဇုန်မှာ တစ်ကိုယ်တော် စစ်တပ်တစ်ခုအသွင်နဲ့ ပျံလွှားခေါင်းပြတ်တစ္ဆေ တစ်သောင်းကို သုတ်သင်ခဲ့တဲ့သူကလည်း ဒီဘေးဒုက္ခထဲမှာ ဆုံးပါးသွားရပြီ”

“ဟွာရှတစ်နိုင်ငံလုံး အထိနာသွားပြီ သူတို့ရဲ့ မိသားစုတွေကို ငါ ဘယ်လိုရှင်းပြရမလဲ ကောင်းကင်ဘုံ အထွတ်အထိပ် နန်းဆောင်ကိုကော ဘယ်လို အစီရင်ခံရမလဲ”

“ဒါက မဖြစ်နိုင်ဘူး ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ စွမ်းအားရှိတဲ့ ရန်ငြိုးဖွဲ့သားရဲကို ငါတို့ လူသားတွေ ဘယ်လိုလုပ်ပြီး အန်တုနိုင်မှာလဲ”

ကျင့်ကြံသူတစ်ဦးသည် လုံးဝဥဿုံ မျှော်လင့်ချက်မဲ့စွာဖြင့် အားကိုးရာမဲ့သော ဒေါသကို အက်ရှရှအသံဖြင့် အော်ဟစ်လိုက်သည်...

“လူသားမျိုးနွယ်တွေ သွားပြီ... သွားပါပြီ... ပြန်မခုခံကြနဲ့တော့... ဒီလို ရန်ငြိုးဖွဲ့သားရဲမျိုးကို ငါတို့ ဘယ်လိုမှ မယှဉ်နိုင်ဘူး...”

ရာနှင့်ချီသော ကျင့်ကြံသူများသည် ခြေထောက်များ ပျော့ခွေကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျကုန်ကြသည်...

ယခုအခိုက်အတန့်တွင် သူတို့၌ ရန်ငြိုးဖွဲ့နတ်ဘုရားကို တိုက်ခိုက်လိုသော စိတ်ဓာတ်များ လုံးဝပျောက်ဆုံးသွားပြီး စိတ်ထဲတွင် မျှော်လင့်ချက်မဲ့ခြင်းနှင့် အသက်ရှူကျပ်ခြင်းတို့သာ ကျန်ရှိတော့သည်။

သူတို့သည် အလွန်အမင်း စိတ်ဓာတ်ကျသွားသဖြင့် အမြင်အာရုံများပင် မှောင်မိုက်သွားကာ ဘာကိုမျှ မမြင်ရတော့ဘဲ နားထဲတွင်လည်း စူးရှသော ဆူညံသံများသာ မြည်ဟည်းနေတော့သည်။

အချို့မှာ သတိလစ်သွားကြကာ အချို့မှာ မြေပြင်ပေါ်၌ ဒူးထောက်ကာ အန်နေကြသည်။ အချို့မှာမူ နှလုံးရပ်တော့မည့်အလား မျက်နှာများ ဖြူဖျော့လျက် တုန်လှုပ်ချောက်ချားနေကြသည်။

တစ်ချိန်တည်းမှာပင် ဘေးကင်းဇုန်၏ အပြင်ဘက် တတိယကာကွယ်ရေးတန်းတွင် စက္ကူရုပ်

တပ်မတော်၏ သုတ်သင်မှုကို စောင့်ကြည့်နေသော ရွှီရန်မှာလည်း ဆွံ့အလျက် မှင်သက်နေသည်။

သူသည် စစ်မြေပြင်တစ်ခုလုံးရှိ ရန်သူနှင့် မိတ်ဆွေအားလုံး၏ ဦးခေါင်းများ သွေးမြူတိမ်များအဖြစ် ပေါက်ကွဲသွားသည့် ထိတ်လန့်ဖွယ် မြင်ကွင်းကို ကြည့်ရှုနေမိသည်။

သူ၏ နှလုံးခုန်သံမှာ ပြင်းထန်လာသည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် ကျောက်ရုပ်ပမာ တောင့်တင်းသွားပြီး ပတ်ဝန်းကျင်ကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် လှည့်ပတ်ကာ ကြည့်ရှုနေမိတော့သည်။

“ဦးလေးယဲ့...”

“ဦးလေးဖုန်း...”

“ဦးလေးယန်...”

“အန်တီရွှယ်...”

“ဦးလေးအားဟောင်...”

“ပြီးတော့ နတ်ဘုရားသတ်တပ်ဖွဲ့က တခြားအဖွဲ့ဝင်တွေ... သူတို့ ငါ့ကို ရက်အတော်ကြာ ကာကွယ်ပေးခဲ့တယ်။ ငါနဲ့အတူ စားသောက်ခဲ့တယ်... ငါတို့တွေ နေ့ရောညပါ အတူတူ ဖြတ်သန်းခဲ့ကြတာလေ...”

“ပြီးတော့ ငါ့ရဲ့ စက္ကူရုပ်တပ်မတော်ကြီး...”

“ပြီးတော့ ခုနတင်ကမှ ငါ့ကို ဘေးကနေ အားကျတဲ့အကြည့်တွေနဲ့ ကြည့်နေခဲ့ကြတဲ့ ကျင့်ကြံသူတွေ...”

“သူတို့ရဲ့ ဦးခေါင်းတွေက ဘာလို့ ရုတ်တရက်ကြီး သွေးမြူတိမ်တွေအဖြစ် ပေါက်ကွဲသွားရတာလဲ ငါ နားမလည်နိုင်တော့ဘူး”

ခဏချင်းမှာပင် ရွှီရန်၏ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲစိုသွားတော့သည်။ သူသည် အံကို တင်းတင်းကြိတ်ထားပြီး သူ၏ ကိုယ်ပျောက်အခြေအနေကို မပျက်ပျက်အောင် ထိန်းထားသည်။

“ဒါက အလွန်အမင်း ကြောက်စရာကောင်းတဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားတစ်ပါးလား။ ယန္တရားနတ်ဘုရားတစ်ပါး ဆင်းသက်လာပြီး သက်ရှိအားလုံးရဲ့ ဦးခေါင်းတွေကို တစ်ခဏချင်းအတွင်း ရိုက်ခွဲပစ်လိုက်တာလား။ ဒီလောက်တောင် အစွမ်းထက်ပြီး အနှိုင်းမဲ့နေရတာလား”

ရွှီရန်သည် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။ သူသည် သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းအကျပ် ကြိုးစားနေသော်လည်း သူ၏ နှလုံးသားကမူ ထိုသို့မဟုတ်ဘဲ စည်တီးနေသကဲ့သို့ ပြင်းထန်စွာ ခုန်လှုပ်နေသည်။ အမှန်အတိုင်း ပြောရလျှင် ယခုအချိန်တွင် သူသည် အတန်ငယ် ထိတ်လန့်နေမိပြီဖြစ်သည်။

တောက်... စည်းကမ်းတကျ နေထိုင်လာခဲ့တဲ့ ပထမဆုံးနေ့မှာတင် ဒီလောက် ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်မျိုးနဲ့ တိုးရတယ်လို့ ဘယ်သူက မထိတ်လန့်ဘဲ နေမှာလဲ။

တခြားသူသာဆိုလျှင် ဤမျှ တုန်လှုပ်ဖွယ်မြင်ကွင်းကို မြင်လိုက်ရသည်နှင့် ယုံကြည်မှုများ လုံးဝပျောက်ဆုံးကာ တာအိုကျင့်စဉ်များ ပြိုကွဲလျက် ထွက်ပြေးသွားကြပေလိမ့်မည်။ သို့သော် ရွှီရန်မှာမူ ထိုသို့မဟုတ်ပေ။ သူသည် အခြေအနေတစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရသဖြင့် ဟန်ချက်ပျက်သွားမည်ကို စိုးရိမ်ကာ ငြိမ်သက်စွာ ရပ်နေမိသည်။

“လက်ရှိ အချက်အလက်အရဆိုရင်... ငါ့ခေါင်းကတော့ ပေါက်ကွဲမသွားသေးဘူး။ ငါ့ရဲ့ စက္ကူရုပ်တွေကျတော့ ခေါင်းတွေ ကြေမွသွားပေမဲ့ သွေးမြူတိမ်တွေအဖြစ်တော့ ပေါက်ကွဲမထွက်သွားဘူး...”

ရွှီရန်က အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် အပူတပြင်း ခွဲမ်းခြမ်းစိတ်ဖြာတော့သည်။

“အခု အခြေအနေမှာ ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်။ ပထမတစ်ခုက တကယ်ပဲ အလွန်အမင်း ကြောက်စရာကောင်းတဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားတစ်ပါးနဲ့ ရင်ဆိုင်နေရတာ”

“ဒုတိယတစ်ခုကတော့ အရမ်းကြီးမားတဲ့ မျက်လှည့်အာရုံချောက်ခြားမှု နယ်ပယ်တစ်ခုခုထဲကို ဆွဲသွင်းခံလိုက်ရတာ”

“ပထမဖြစ်နိုင်ခြေကို... လောလောဆယ် ဖယ်ထားလိုက်မယ်။ အကယ်၍ ဒါက အရမ်းကြောက်စရာကောင်းတဲ့ နတ်ဘုရားတစ်ပါးသာဆိုရင် ငါ့ကို လွတ်သွားစရာ အကြောင်းမရှိဘူး။ ငါ့ရဲ့ ကိုယ်ပျောက်အတတ်က သူ့ကို လှည့်စားနိုင်လောက်အောင် မမြင့်မားသေးဘူး။ လူပေါင်းများစွာရဲ့ ဦးခေါင်းကို ရိုက်ခွဲနိုင်တဲ့သူက ငါ့ရဲ့ ကိုယ်ပျောက်အတတ်လေးကိုမှ မမြင်ဘဲ ကျော်သွားလိမ့်မလား”

“ဒါဆို ဒုတိယဖြစ်နိုင်ခြေ... ဒါက အလွန်ကြီးမားတဲ့ မျက်လှည့်အာရုံချောက်ခြားမှု အတတ် တစ်ခုခု ဖြစ်နေမလား”

“အကယ်၍ ဒါက အာရုံချောက်ခြားမှုဆိုရင် ငါက ဘာလို့ ထိခိုက်မှုမရှိတာလဲ။ ငါ့ရဲ့ ကိုယ်ပွားစက္ကူရုပ်က ငါ့ကိုယ်စား ခုခံပေးလိုက်တာလား ဒါမှမဟုတ် အခု ငါမြင်နေ ကြားနေရတာတွေကပါ အာရုံချောက်ခြားမှုရဲ့ အစိတ်အပိုင်းတွေပဲလား”

ရွှီရန်၏ ဦးနှောက်မှာ အလင်းနှုန်းနီးပါး မြန်ဆန်စွာ အလုပ်လုပ်နေသည်။ သူ၏ အဆင့်မြင့် နားလည်သဘောပေါက်မှုစွမ်းရည်နှင့် မျက်ဝန်းနက် ရတနာအတတ်တို့ကို အသုံးပြုကာ အသေးစိတ်အချက်အလက်တိုင်းကို အရူးအမူး လေ့လာစောင့်ကြည့်နေမိသည်။

“အလောင်းတွေက အစစ်အမှန်တွေပဲ”

“သွေးနံ့ကလည်း အစစ်ပဲ”

“တကယ်လို့ ဒါက အာရုံချောက်ခြားမှုဆိုရင်လည်း အလွန်အမင်း လက်တွေ့ကျလွန်းနေတယ်...”

ရွှီရန်၏ နှလုံးသားမှာ မငြိမ်မသက် ခုန်လှုပ်နေသည်။ ရုတ်တရက် သူ၏ ဦးခေါင်းမှာ တဖြည်းဖြည်း နာကျင်လာပြီး ဖောင်းကြွလာကာ သွေးမြူတိမ်များအဖြစ် ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရသည်။

“မကောင်းတော့ဘူး ငါ့ဦးခေါင်းကိုပါ စတင်သက်ရောက်လာပြီလား တကယ်ပဲ ကြောက်စရာကောင်းတဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားတစ်ပါး ဆင်းသက်လာတာလား”

ရွှီရန် သံသယဝင်မိသွားသည်။ သို့သော် နောက်တစ်စက္ကန့်တွင်ပင် ထိုအတွေးကို ချက်ချင်း ပြန်လည်ပယ်ဖျက်လိုက်ပြီး သူ၏စိတ်ထဲတွင် အဖြေ၏ လမ်းစကို ထိတွေ့လိုက်ရသည်။

“ဟားဟား... ဒါက ကြောက်စရာကောင်းတဲ့ နတ်ဘုရားတစ်ပါး ဖြစ်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မင်းရဲ့ လှည့်ကွက်ထဲမှာ ငါ ပါသွားတော့မလို့ပဲ”

“အတိတ်က အိပ်မက်ဆိုး ကလဲ့စားချေမိခင်လိုပဲ။ အထိအတွေ့မရှိလို့ အစွမ်းထက်နေပုံရပေမဲ့ တကယ်တော့ သူ့မှာ သေစေနိုင်တဲ့ အားနည်းချက် ရှိနေတယ်”

“ဒါမှမဟုတ်ရင် ငါ့ဦးခေါင်းကို ဘာလို့ တိုက်ရိုက် ပေါက်ကွဲအောင် မလုပ်နိုင်တာလဲ”

“ဒါက အထူးသတ်မှတ်ချက်တွေနဲ့ အလုပ်လုပ်တဲ့ ယန္တရားမိစ္ဆာတစ်မျိုးမျိုး ဖြစ်ရမယ်။ ဒါကြောင့်လည်း အမှောင်ထဲမှာ ပုန်းအောင်းပြီး အာရုံချောက်ခြားမှုဆိုတဲ့ လှည့်ကွက်တွေကို ကစားနေတာ”

ရွှီရန်သည် တစ်ဆင့်ချင်း ခွဲခြမ်းစိတ်ဖြာနေသည်။ အမှန်တရားကို သိရှိလာသည်နှင့်အမျှ သူ၏ တစ်ကိုယ်လုံးရှိ ချွေးများမှာလည်း စီးကျခြင်း ရပ်တန့်သွားတော့သည်။

“ဒီအာရုံချောက်ခြားမှုဟာ စစ်မြေပြင်မှာရှိတဲ့ သက်ရှိအားလုံး၊ သလင်းကျောက်သားရဲအားလုံးကို ပစ်မှတ်ထားတာပဲ။ သတ္တဝါတိုင်းက အလားတူ အာရုံချောက်ခြားမှုတွေကို မြင်ကြရမယ်။ အကယ်၍ လူတိုင်းက ဒါကိုသာ ယုံကြည် သွားမယ်ဆိုရင်... လူတိုင်းရဲ့ ဦးခေါင်းတွေ တကယ်ပဲ ပေါက်ကွဲသွားလိမ့်မယ်”

“အခုဆိုရင် အများစုက ဒီအာရုံချောက်ခြားမှုကို ယုံကြည်သွားကြပြီ ထင်တယ်”

“ဒါကြောင့်လည်း ငါ့ဦးခေါင်းက နာကျင်လာပြီး ပေါက်ကွဲလုနီးပါး ဖြစ်နေတာ အကယ်၍ ငါကပါ ဒီအာရုံချောက်ခြားမှုကို ယုံကြည်ပြီး ငါ့ရဲ့ ရဲဘော်ရဲဘက်တွေ၊ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေဟာ ဦးခေါင်းတွေ ပေါက်ကွဲသေဆုံးကုန်ပြီလို့ လက်ခံလိုက်မယ်ဆိုရင်... ငါ့ဦးခေါင်းကလည်း မီးရှူးမီးပန်းတွေလို ချက်ချင်း ပေါက်ကွဲသွားမှာပဲ”

“တကယ့်ကို အထင်ကြီးစရာကောင်းတဲ့ အာရုံချောက်ခြားမှုအတတ်ပဲ။ ဒါက ကောင်းကင်ဘုံက ပေးသနားတဲ့ နတ်ဘုရားအတတ်တစ်ခုခု ဖြစ်ရမယ် မဟုတ်လား”

အသိဉာဏ်များ ပိုမိုပွင့်လင်းလာသည်နှင့်အမျှ ရွှီရန်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ ပေါ်ထွက်လာပြီး လှောင်ပြုံးတစ်ခုနှင့်အတူ ရေရွတ်လိုက်သည်။

“သွားစမ်းပါကွာ တော်တော်လေးတော့ ခြောက်လှန့်နိုင်သားပဲ”

“ဒါက စိတ်ကူးစိတ်သန်းပေါ် အခြေခံတဲ့ စိတ်ဝိညာဉ်စွမ်းအင်နတ်ဘုရားအတတ်တစ်ခုပဲ မဟုတ်လား။ ဘယ်သူက ကြောက်မှာလဲ”

အကြောင်းရင်းအားလုံးကို နားလည်သွားပြီးနောက် ရွှီရန်၏ မျက်နှာတွင် ကြင်နာသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

“ငါနားလည်သွားပြီ။ ငါကိုယ်ငါ ယုံကြည်နေသရွေ့ ငါ့ဘေးနားက ရဲဘော်တွေ ဘာမှမဖြစ်ဘူးလို့ ယုံကြည်နေသရွေ့ မင်းရဲ့ နတ်ဘုရားအတတ်က ငါ့ကို သေစေနိုင်တဲ့ ယန္တရားကို အစပျိုးနိုင်မှာ မဟုတ်ဘူး”

“ဒါဆိုရင် ငါ့ရဲ့ ရဲဘော်ရဲဘက်တွေကိုရော ဘယ်လိုမျိုး ယုံကြည်မှုတွေ ပြန်လည်ပေးရမလဲ”

ရွှီရန် စဉ်းစားခန်း ဝင်နေသည်။ သူ၏ ဦးခေါင်းမှာ ပို၍ဖောင်းကြွလာပြီး ပေါက်ကွဲခါနီး ဆဲဆဲဖြစ်နေသော်လည်း... ဤအကြပ်အတည်းကို ဖြိုခွဲရန်အတွက် ရွှီရန်၏ စိတ်မှာ ပို၍ပင် ကြည်လင်ပြတ်သားလာတော့သည်။

All Chapters