← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း။ ၁၅၃

လင်းဖုန်းက "မြို့တော်နဲ့ကတော့ အလှမ်းဝေးသေးတယ်ဗျ။ မြို့တော်ကိုရောက်ဖို့ နောက်ထပ် တစ်နာရီခွဲလောက် သွားရဦးမယ်။ ဒီနေရာကတော့ မြို့ပြင်အစွန်အဖျားပဲ ရှိသေးတာ။ ဒါပေမဲ့ မြို့ပြင်ဆိုပေမဲ့လည်း တော်တော်လေးတော့ စည်ကားလှပါတယ်။ ပုံမှန်အားဖြင့် ကျင့်ကြံသူ သုံးသိန်းလောက်ရှိပြီး နတ်ဘုရားသတ်အဖွဲ့ပေါင်း သုံးဆယ်ကျော်လောက်က ဘယ်အချိန်မဆို အသင့်ဖြစ်နေအောင် ဒီမှာ အခြေစိုက်ထားကြတယ်" ဟု ပြောလိုက်သည်။

ရွှီရန်က အံ့အားသင့်သွားပြီး "အဲဒီလောက်တောင် များတာလား" ဟု မေးလိုက်၏။

လင်းဖုန်း၏ မျက်နှာမှာ တည်ကြည်လေးနက်သွားပြီး "မတတ်နိုင်ဘူးလေ။ ဘေးကင်းလုံခြုံရေးဇုန်က ခဏခဏ တိုက်ခိုက်ခံနေရတာဆိုတော့ အဖောက်ခံရလို့ မဖြစ်ဘူး။ တစ်ခါ အဖောက်ခံရတိုင်း လုံခြုံရေးဇုန်ရဲ့ ခံနိုင်ရည်က ကျဆင်းသွားတာပဲ။ ကြားမိသလောက်ဆိုရင်တော့ ဒီဘေးကင်းလုံခြုံရေးဇုန်က နောက်ထပ် သုံးနှစ်ကနေ ငါးနှစ်လောက်ပဲ ခံတော့မယ်တဲ့"

"နောက်ထပ် သုံးနှစ်ကနေ ငါးနှစ်ကြာပြီးရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာက အပြာရောင်ဂြိုဟ်ကို ဖျက်ဆီးခဲ့တဲ့ အကြီးစား ကပ်ဘေးဆိုးကြီးနဲ့ လူသားတွေ ထပ်ပြီး ရင်ဆိုင်ရနိုင်တယ်"

ရွှီရန် တုန်လှုပ်သွားကာ "သုံးနှစ်ကနေ ငါးနှစ်ပဲ ဟုတ်လား" ဟု ရေရွတ်မိသည်။

လင်းဖုန်းက ခေါင်းညိတ်ပြရင်း "ဟုတ်တယ်။ ဒါက အလွန်လျှို့ဝှက်တဲ့ သတင်းအချက်အလက်မို့လို့ အပြင်ကိုတော့ မဖြန့်လိုက်ပါနဲ့။ ဟွာရှားမှာရှိတဲ့ ငါတို့ ကျင့်ကြံသူတွေအားလုံးက လုံခြုံရေးဇုန်ရဲ့ သက်တမ်းကို တိုးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေကြတာပဲ... ကံမကောင်းတာက အခုထိတော့ ဘာသဲလွန်စမှ ရှာမတွေ့သေးဘူး"

ရွှီရန်က "ဒါနဲ့... လုံခြုံရေးဇုန်ထဲမှာ အပြာရောင်အလင်းတန်း မိန်းကလေးငယ်လေးတစ်ယောက် ရှိတယ်လေ။ အဲဒီအကြောင်း မင်းတို့ သိကြလား" ဟု မေးလိုက်သည်။

လင်းဖုန်းက မျက်မှောင်ကြုတ်သွားပြီး "ဘာအပြာရောင်အလင်းတန်း မိန်းကလေးလဲ" ဟု ပြန်မေး၏။

ရွှီရန်က "အဲဒါက... ကျွန်တော် လုံခြုံရေးဇုန်ထဲမှာ နံရံတွေကို စိတ်ကြိုက် ဖြတ်သန်းသွားလာနိုင်တဲ့ အပြာရောင်အလင်းတန်း မိန်းကလေးငယ်လေးတစ်ယောက်ကို မြင်ခဲ့တာ"

လူတိုင်း အံ့အားသင့်သွားကြပြီး "ဟင်... အဲဒီလိုမျိုးလည်း ရှိတာလား။ မင်း သေချာလို့လား" ဟု ဝိုင်းမေးကြတော့သည်။

ရွှီရန်က ပုခုံးတွန့်ပြရင်း "ကျွန်တော် သေချာပါတယ်" ဟု ပြောလိုက်သည်။

ရှောင်ရွှယ်က "မောင်လေးရာ... မမတို့ကို မခြောက်ပါနဲ့။ မမတို့လည်း အဲဒီလို မိန်းကလေးငယ်လေးအကြောင်း တစ်ခါမှ မကြားဖူးပါဘူး... နားထောင်ရတာ တကယ့်ကို ကြောက်စရာကြီး" ဟု ပြောလိုက်သည်။

ရွှီရန်က အားကိုးရာမဲ့သလို ပြုံးလိုက်ရင်း "ကျွန်တော် မြင်တာ မမှားနိုင်ပါဘူး။ နောက်လာမယ့် ညအနည်းငယ်မှာ လုံခြုံရေးဇုန်ထဲ လမ်းလျှောက်ကြည့်ကြတာပေါ့။ ဖြစ်နိုင်ရင် သူမနဲ့ ထပ်ပြီး ဆုံချင်သေးတယ်။ သူမရဲ့ နောက်ကြောင်းကို ကျွန်တော် သိချင်နေလို့ပါ" ဟု ပြောလိုက်သည်။

လျိုယန်က "မင်းပြောမှပဲ ငါတို့လည်း သူမက ဘယ်သူလဲဆိုတာ သိချင်လာပြီ။ သူမကို ရှာဖို့ ငါတို့လည်း ကူညီပေးပါ့မယ်" ဟု ပြောလိုက်သည်။

ရွှီရန် : "ကောင်းပြီလေ"

စကားတပြောပြောဖြင့် ထွက်လာခဲ့ကြသော ထိုအဖွဲ့သည် သားရဲတိုက်ခိုက်ရေးကွင်းသို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

မြင့်မားသော ပွဲကြည့်စင်ပေါ်မှ လှမ်းကြည့်လိုက်လျှင် အောက်ဘက်ရှိ တိုက်ခိုက်ရေးကွင်းမှာ ပန်းကန်လုံးအကြီးကြီးတစ်ခုနှင့်ပင် တူလှသည်။

မီးငရဲအဖွဲ့နှင့် ဝိညာဉ်သန့်စင်အဖွဲ့တို့၏ တောက်ပသော တူညီဝတ်စုံများကို မြင်လိုက်ရသည်နှင့် တောင်ကုန်းနယ်မြေ၏ အထွက်အထိပ် အုပ်ချုပ်ရေးမှူးမှာ ခပ်သုတ်သုတ် ပြေးလာခဲ့သည်။

"ဘာများ ကူညီပေးရမလဲခင်ဗျာ။ နတ်ဘုရားသတ်အဖွဲ့ဝင်တွေအနေနဲ့ စည်းမျဉ်းအရ အမြင့်ဆုံးအဆင့် အထူးအခွင့်အရေးတွေကို ရရှိမှာပါ"

လင်းဖုန်းက ရွှီရန်ကို ကြည့်ကာ "ဘယ်အဆင့်ရှိတဲ့ သလင်းကျောက်သားရဲကို လိုချင်တာလဲ။ သွေးစွမ်းအား တစ်သိန်းခွဲလောက်လား" ဟု မေးလိုက်၏။

ရွှီရန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် "နှစ်သိန်းလောက်ဗျာ။ စိန်ခေါ်မှု အနည်းငယ်ရှိတာကို ကျွန်တော် စမ်းကြည့်ချင်တယ်" ဟု ပြန်ပြောလိုက်သည်။

လူတိုင်းမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ဆွံ့အသွားကြသည်။

ဘုရားရေ... ပိုပိုပြီးတော့ သတ္တိတွေ ကောင်းလာပါလား။

အသက် ရှစ်နှစ်အရွယ် ရောက်ကာစရှိသေးသော်လည်း သွေးစွမ်းအား နှစ်သိန်းရှိသည့် သလင်းကျောက်သားရဲကို စိန်ခေါ်ရန် ကြံစည်နေသည်မှာ တကယ့်ကို ထူးဆန်းထူးကဲသော ပါရမီရှင်တစ်ဦးပင်။

ဒါက တကယ်ပဲ ရှစ်နှစ်ကလေးလား။

ခေါင်းပြတ်သရဲနှင့် မဆုတ်မနစ်သော ကောင်းကင်ဘုံဘေးဒုက္ခတို့၏ မွေးရာပါ ကောင်းကင်ဘုံပေးစွမ်းရည်များကို ချိုးဖျက်နိုင်ခဲ့သည့်အပြင် လျှို့ဝှက်ဆန်းကြယ်သော မျက်လုံးကိုပင် တိုက်ရိုက် ချေမှုန်းနိုင်ခဲ့သည်နှင့် ယှဉ်လျှင်မူ...

ရှစ်နှစ်အရွယ်တွင် သွေးစွမ်းအား နှစ်သိန်းရှိသော သားရဲကို စိန်ခေါ်ခြင်းမှာ ဖြစ်နိုင်ချေရှိသည်ဟုပင် ထင်မှတ်ရသည်။

အုပ်ချုပ်ရေးမှူးက ရွှီရန်ကို တစ်ချက်ကြည့်လိုက်ပြီး "သွေးစွမ်းအား နှစ်သိန်းရှိတဲ့ သလင်းကျောက်သားရဲ ဟုတ်လား။ ဘယ်လောက်အကျယ်အဝန်းရှိတဲ့ ကွင်းမျိုးကို လိုချင်လို့လဲ" ဟု မေးသည်။

ရွှီရန်က "အကျယ်ဆုံး အချင်းဝက်ရှိတဲ့ ကွင်းကိုပဲ ပေးပါ" ဟု ဖြေလိုက်သည်။

သူသည် သူစွမ်းရည်၏ အကန့်အသတ်ကို စမ်းသပ်လိုသဖြင့် အကျယ်ဆုံးကွင်းကိုသာ လိုချင်ခြင်းပင်။

အုပ်ချုပ်ရေးမှူး : "အချင်း မီတာ ၂၀၀၀ ရှိတဲ့ အကျယ်ဆုံးကွင်း အားနေတာ ရှိပါတယ်"

ရွှီရန်က ခေါင်းညိတ်လိုက်ပြီး "အတော်ပဲ ကျေးဇူးပြုပြီး လမ်းပြပေးပါ" ဟု ပြောလိုက်သည်။

အုပ်ချုပ်ရေးမှူး : "ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ လူကြီးမင်းတို့"

မိနစ်အနည်းငယ်ကြာ လမ်းလျှောက်ပြီးနောက် ရွှီရန်သည် အုပ်ချုပ်ရေးမှူးနောက်မှ လိုက်ပါသွားပြီး အလွန်ကျယ်ဝန်းသည့် တိုက်ခိုက်ရေးကွင်းကြီးသို့ ရောက်ရှိလာခဲ့သည်။

အုပ်ချုပ်ရေးမှူး : "ဘယ်လိုအမျိုးအစား သလင်းကျောက်သားရဲကို အလိုရှိပါသလဲ။ တိုက်စစ်ပြင်းတာလား၊ ခံစစ်ကောင်းတာလား၊ ဒါမှမဟုတ် အလျင်နှုန်းမြန်တာလား... ဒါမှမဟုတ်..."

ရွှီရန် : "ခံစစ်ရော အလျင်နှုန်းရော ကောင်းတာမျိုးပဲ ပေးပါ"

အုပ်ချုပ်ရေးမှူးက ခေါင်းညိတ်ပြကာ "နားလည်ပါပြီ" ဟု ပြောလိုက်သည်။

ထို့နောက် သူသည် စကားပြောစက်ကိုထုတ်ကာ "သွေးစွမ်းအား နှစ်သိန်းရှိတဲ့ ဝံပုလွေပြေးသားရဲတစ်ကောင် လွှတ်ပေးလိုက်" ဟု အမိန့်ပေးလိုက်၏။

"ကောင်းပါပြီ"

တစ်ဖက်မှ ခပ်အက်အက်အသံဖြင့် ပြန်လည်ဖြေကြားလာသည်။

ရှစ်မိနစ်ခန့် ကြာပြီးနောက် တိုက်ခိုက်ရေးကွင်း၏ သံတံခါးကြီးသည် မြည်ဟည်းလျက် ပွင့်သွားပြီး အမြင့် သုံးမီတာခန့်ရှိသော ဝံပုလွေသဏ္ဌာန် သလင်းကျောက်သားရဲတစ်ကောင်မှာ ထိတ်လန့်တကြား ပြေးထွက်လာခဲ့သည်။ ထိုသားရဲ၏ တစ်ကိုယ်လုံးတွင် သလင်းကျောက်ချပ်ဝတ်တန်ဆာများ ဖုံးလွှမ်းနေပြီး ဦးခေါင်းမှာ အပြာရောင်သန်းနေကာ ထိပ်တွင်မူ တောက်ပနေသော သတ္တုဦးချိုချွန်တစ်ခု ပါရှိသည်။

၎င်းသည် စက်ဝိုင်းပုံ တိုက်ခိုက်ရေးကွင်းအတွင်း ပျာပျာသလဲ ပြေးလွှားနေပြီး တစ်ခါတစ်ရံတွင် မြင့်မားလှသော ကွင်းနံရံများကို ဦးချိုဖြင့် အရှိန်ပြင်းပြင်း တိုက်ခိုက်သည်။

သို့သော်လည်း အလွန်မြင့်မားပြီး ဖျက်ဆီး၍မရနိုင်သော နံရံကြီးများကိုမူ ထိုသားရဲအနေဖြင့် လုံးဝ မကျော်ဖြတ်နိုင်ခဲ့ပေ။

လင်းဖုန်းက ရွှီရန်ကို ကြည့်ပြီး "သားရဲတော့ ရောက်ပြီ။ မင်းကို အောက်ဆင်းဖို့ ကူညီပေးရမလား။ တစ်ယောက်တည်း ရင်ဆိုင်နိုင်ပါ့မလား" ဟု မေးလိုက်၏။

ရွှီရန်က ယုံကြည်မှုအပြည့်ဖြင့် လက်ကာပြရင်း "ရပါတယ် ပြဿနာမရှိဘူး" ဟု ပြောလိုက်သည်။

ပြောပြောဆိုဆိုနှင့်ပင် သူသည် တိုက်ခိုက်ရေးကွင်းထဲသို့ ခပ်ဖွဖွလေး ခုန်ဆင်းလိုက်ရာ သူ၏ခြေဖဝါးအောက်တွင် မမြင်နိုင်သော လေထုတံတိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ဝေဟင်အလယ်၌ပင် တည်ငြိမ်စွာ လမ်းလျှောက်သွားသည်။

ယဲ့ဖျင် : "..."

လင်းဖုန်း : "..."

နတ်ဘုရားသတ်အဖွဲ့မှ အခြားအဖွဲ့ဝင်များမှာလည်း မှင်သက်လျက် ကျောက်ရုပ်များသဖွယ် ဖြစ်သွားကြသည်။

လျိုယန်က "ဒါက သူ့ရဲ့ နောက်ထပ်စွမ်းရည်တစ်ခုလား။ ဝေဟင်မှာ လမ်းလျှောက်တာလား။ အံ့ဩဖို့ကောင်းလိုက်တာ။ ငါ တောင်တန်းအဆင့်တုန်းကတောင် ဒီလောက်အထိ အစွမ်းပြနိုင်ခဲ့တာ မဟုတ်ဘူး" ဟု ရေရွတ်လိုက်၏။

အားဟောင်က "ယွဲ့အဆင့်ကျင့်ကြံသူတွေမှပဲ ဒီလောက်အထိ တည်ငြိမ်နိုင်တာ မဟုတ်လား" ဟု ထောက်ခံလိုက်သည်။

ယွဲ့အဆင့် ကျင့်ကြံသူများသည်သာ ဝေဟင်တွင် ပျံဝဲနိုင်ပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းလမ်းလျှောက်နိုင်ကြခြင်း ဖြစ်သော်လည်း ရွှီရန်မှာမူ….

ယဲ့ဖျင်က သက်ပြင်းချရင်း "တကယ့်ကို အထင်ကြီးစရာကောင်းတယ်လို့ပဲ ပြောရတော့မယ်" ဟု ပြောလိုက်သည်။

ခဏမျှ အံ့အားသင့်ပြီးနောက် လူတိုင်း၏မျက်လုံးများသည် ရွှီရန်ထံ၌သာ စူးစိုက်သွားကြသည်။ ယဲ့ဖျင်ဆိုလျှင် ရွှီရန်ကို အချိန်မရွေး ကာကွယ်ပေးနိုင်ရန်အတွက် အနိမ့်ဆုံးပွဲကြည့်စင်သို့ပင် ခုန်ဆင်းသွားသည်။

တိုက်ခိုက်ရေးကွင်းအတွင်း၌မူ ရွှီရန် ရောက်ရှိလာခြင်းကြောင့် ဝံပုလွေပြေးသားရဲမှာ ဦးခေါင်းကို ရုတ်ချည်းလှည့်လာပြီး ၎င်း၏အစွယ်များကို ဖြဲပြလျက် ခြိမ်းခြောက်လာသည်။

၎င်းသည် ရှည်လျားလှသော ဝံပုလွေဟောင်သံကို လွှတ်လိုက်ရာ ထိုအသံမှာ စိတ်မသက်မသာဖြစ်စေသည့် အာနိသင်ပါရှိသော်လည်း ရွှီရန်မှာမူ တုန်လှုပ်ခြင်းမရှိပေ။

ရွှီရန်က သူ၏လက်ညှိုးကို ကွေးကာ "လာလေ... ငါ့ကို တိုက်ခိုက်စမ်းပါ" ဟု ခေါ်လိုက်သည်။

ရန်စခံလိုက်ရသဖြင့် ဝံပုလွေပြေးသားရဲမှာ ၎င်း၏စောင်းထွက်နေသော မေးရိုးများကို ဖြဲလျက် ရွှီရန်ထံသို့ ပြေးဝင်လာတော့သည်။ ၎င်း၏ ဦးချိုမှာ အပြာနုရောင် အလင်းတန်းများ တောက်ပနေပြီး ရွှီရန်၏ ရင်ဘတ်ကို အပေါက်ဖောက်တော့မည့်အလား ရှိနေ၏။

ရွှီရန်က အေးစက်စွာ ပြုံးလိုက်သည်။

ဝိညာဉ်စွမ်းအား၊ ယုံကြည်မှုစွမ်းအားနှင့် ဝိညာဉ်စွမ်းအင်တို့သည် လျင်မြန်စွာပင် ယုံကြည်မှုမျိုးစေ့ အဖြစ် ပေါင်းစပ်သွားကြသည်။

အကြိမ်ပေါင်း ၄၃၉၆ ကြိမ်တိုင်တိုင် ကျရှုံးခဲ့ဖူးသဖြင့် ရွှီရန်မှာ အလွန်တရာ ကျွမ်းကျင်နေပြီဖြစ်သည်။ သူသည် ရန်သူ၏ခန္ဓာကိုယ်ကို ထိတွေ့ရန်မလိုဘဲ ဝေဟင်ထက်၌ပင် ယုံကြည်မှုမျိုးစေ့ကို ဖန်တီးနိုင်နေပြီဖြစ်ရာ ၎င်းမှာ ယုံကြည်မှုမျိုးစေ့ ပြုလုပ်ပုံနည်းစနစ်၏ တော်လှန်ရေးတစ်ရပ်ပင်။

ရွှေရောင်တောက်ပနေသော စွမ်းအင်မျိုးစေ့တစ်ခုမှာ ရွှီရန်၏ လက်ထိပ်တွင် ပေါ်ပေါက်လာခဲ့သည်။

အခန်း။ ၁၅၄

ဝံပုလွေပြေးသားရဲ၏ မျက်နှာမှာ ပိုမိုရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ပြုံးယောင်သန်းနေသည်။

၎င်း၏ ရှေ့မှ မိုက်မဲသော လူသားသည် ကြောက်လန့်လွန်း၍ မရှောင်တိမ်းနိုင်တော့ဟု ထိုသားရဲက ထင်မှတ်နေခြင်း ဖြစ်သည်။

သူရဲ့ လက်ထဲမှာ ဘာကို စုစည်းနေပါလိမ့်။

ကြည့်ရသည်မှာ မည်သည့် ခြိမ်းခြောက်မှု သို့မဟုတ် သေစေနိုင်လောက်သည့် အန္တရာယ်မှ ရှိပုံမရသဖြင့် ဂရုစိုက်စရာ မလိုဟု တွေးတောနေပုံရသည်။

ဝံပုလွေပြေးသားရဲ၏ ရက်စက်ကြမ်းကြုတ်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။

ရွှီရန်က သူ၏လက်ချောင်းကို ခပ်ဖွဖွလေး တောက်လိုက်ရာ ယုံကြည်မှုမျိုးစေ့သည် ဝံပုလွေပြေးသားရဲ၏ မျက်ခုံးနှစ်ခုကြား ဗဟိုတည့်တည့်သို့ ထိမှန်သွားတော့သည်။ ဝိညာဉ်ဓာတ်နှင့် ယုံကြည်မှုဓာတ်တို့ ပေါင်းစပ်ထားသော စွမ်းအင်များသည် ဝံပုလွေ၏ ဦးနှောက်အတွင်းသို့ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

လွန်ခဲ့သော တစ်စက္ကန့်ကပင် ဝံပုလွေပြေးသားရဲမှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်ကာ သွေးဆာနေခဲ့သော်လည်း ယခုမူ မသိစိတ်အတွင်းမှ ဦးရေပြားများ တစစ်စစ်တောက်လာပြီး ထိတ်လန့်တုန်လှုပ်မှုများက လွှမ်းမိုးသွားတော့သည်။

၎င်း၏ မျက်နှာအမူအရာမှာ သွေးဆာနေသော ဝံပုလွေဘုရင်အသွင်မှ ဟတ်စကီး ခွေးတစ်ကောင်ကဲ့သို့ ချက်ချင်း ပြောင်းလဲသွား၏။ အဘယ်ကြောင့် ဤမျှအထိ ကြောက်လန့်နေရသည်ကို ၎င်းကိုယ်တိုင်ပင် မသိရှိတော့ဘဲ ခဏချင်းအတွင်း၌ ၎င်း၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။

ငါ့ရှေ့က ရန်သူက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တယ်။ ဘယ်လိုမှ မအောင်နိုင်ဘူး။

ထိုကြောက်မက်ဖွယ်အတွေးသည် မှိုမျှင်များကဲ့သို့ ၎င်း၏ ဦးနှောက်တစ်ခုလုံးသို့ ပြန့်နှံ့သွားပြီး သားရဲဗီဇနှင့် တိုက်ခိုက်လိုစိတ်များကို ပျော့ဖတ်သွားစေတော့သည်။

ဝံပုလွေပြေးသားရဲသည် အရှိန်ကို အရေးပေါ် ရပ်တန့်လိုက်သဖြင့် ၎င်း၏ခြေသည်းများမှာ မြေပြင်ကို ကုတ်ခြစ်မိသွားသည်။ ရှေ့သို့ အရှိန်ပြင်းပြင်း ပြေးဝင်နေသော်လည်း ယခုမူ ခန္ဓာကိုယ်မှာ နောက်သို့ လန်ထွက်သွားပြီး အမြီးကုပ်ကာ ထွက်ပြေးတော့သည်။ အမြီးနင်းခံလိုက်ရသော ခွေးကလေးတစ်ကောင်ကဲ့သို့ပင် တအိအိနှင့် ညည်းတွားသံများပါ ထွက်ပေါ်နေတော့သည်။

၎င်းသည် တိုက်ခိုက်ရေးကွင်း၏ အစွန်ဆုံးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလွှားသွားတော့သည်။

ရွှီရန်က မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း "အာနိသင်က ဒီလောက်တောင် ပြင်းထန်တာလား။ ငါ့ကို မယှဉ်နိုင်ဘူးလို့ ချက်ချင်း ခံစားသွားရတာပေါ့။ ဒီယုံကြည်မှုမျိုးစေ့ကတော့ တကယ့်ကို ကောင်းကင်ဘုံပေးတဲ့ စွမ်းရည်ပဲ။ သူက ငါ့ထက် သိသိသာသာ အစွမ်းထက်နေပေမဲ့ တကယ်လို့သာ ရှေ့ကို တိုးလာရင် ငါလည်း ဒဏ်ရာရနိုင်တယ်။ ဒါပေမဲ့ အခုတော့ သူက ကြောက်ရွံ့တုန်လှုပ်သွားပြီ" ဟု ရေရွတ်လိုက်၏။

"ကောင်းတယ် တကယ့်ကို ကောင်းတယ်။ အရေးကြီးတဲ့ အချိန်မျိုးမှာဆိုရင် ဒီကောင်းကင်ဘုံပေးစွမ်းရည်က အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ လုံလောက်တယ်။ ဒါက ရန်သူကို အသေသတ် ထိန်းချုပ်လိုက်နိုင်တာနဲ့ အတူတူပဲ"

"နောက်တစ်ဆင့်ကတော့ အဝေးဆုံး အကွာအဝေးကို စမ်းသပ်ဖို့ပဲ။ တကယ်လို့ ဓားချက်က မီတာ ၅၀၀ ထက် ကျော်လွန်သွားမယ်ဆိုရင် ငါ့ရဲ့ စူပါပေါက်ကွဲအားပါသောဓားချက်အတွက် ငါးဆသော အကွာအဝေး တိုးမြှင့်မှု ရရှိသွားတာနဲ့ အတူတူပဲ။ တကယ်လို့ မီတာ ၁၀၀၀ အထိ ရောက်သွားမယ်ဆိုရင်တော့ ဒါက ဒဏ္ဍာရီလာ အဆင့်မြှင့်တင်မှုပဲ"

ရွှီရန်က သူ့ဘာသာ ရေရွတ်ရင်း ပြုံးလိုက်ပြီး တိုက်ခိုက်ရေးကွင်း၏ ထောင့်တစ်နေရာသို့ ထွက်ပြေးသွားသော ဝံပုလွေပြေးသားရဲကို ကြည့်နေလိုက်သည်။

သူသည် တိုက်ခိုက်ရေးကွင်း၏ အလယ်ဗဟိုတည့်တည့်တွင် ရပ်နေခြင်း ဖြစ်သည်။

ဤနေရာမှ ဝံပုလွေပြေးသားရဲရှိရာသို့ အကွာအဝေးမှာ မီတာ ၁၀၀၀ တိတိ ရှိသည်။

"မီတာ ၁၀၀၀ အကွာအဝေးမှာတောင် ငါစိုက်ပျိုးထားတဲ့ ယုံကြည်မှုမျိုးစေ့ကို ငါအသေအချာ အာရုံခံနိုင်နေတုန်းပဲ ငါသာ ဓားကို ဝှေ့ယမ်းလိုက်ရင် အဲဒီကောင် သေမှာပဲ။ စူပါပေါက်ကွဲအားပါသောဓားချက်က မူလက မီတာ ၁၀၀ အတွင်းမှာရှိတဲ့ ရန်သူကိုပဲ ခုတ်ပိုင်းနိုင်တာ။ အခုတော့ ဆယ်ဆရှိတဲ့ အကွာအဝေး တိုးမြှင့်မှုကို ရရှိသွားပြီ"

ရွှီရန်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်၏။

ဤအရာမှာ သဘာဝတရား၏ အတိုင်းအတာထက် ကျော်လွန်နေသည်ကို သူ သိမြင်လိုက်သည်။

"ငါ နောက်ထပ် ခြေလှမ်းအနည်းငယ် ဆုတ်ကြည့်ရမလား"

"အင်း... တစ်မီတာလောက် နောက်ဆုတ်လိုက်တာနဲ့တင် အာရုံခံစားမှု ပျောက်သွားပြီ။ ဒါဆို အဝေးဆုံး အကွာအဝေးက မီတာ ၁၀၀၀ ပေါ့။ တကယ့်ကို ကြောက်စရာကောင်းလှချည်လား"

ရွှီရန်က အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်သည်။

ယုံကြည်မှုမျိုးစေ့ကို စိုက်ပျိုးရန်အတွက် သူသည် ရန်သူကို မျက်စိဖြင့် မြင်နေရမည် ဖြစ်သည်။ အဝေးဆုံး စိုက်ပျိုးနိုင်သည့် အကွာအဝေးမှာလည်း မီတာ ၁၀၀၀ ဖြစ်သည်။ ရန်သူကို မမြင်ရပါက ယုံကြည်မှုမျိုးစေ့ကို စိုက်ပျိုး၍ မရနိုင်သေးပေ။ သို့သော် ဤအဆင့်မှာပင် ၎င်းက မယုံနိုင်စရာ ကောင်းနေပြီ ဖြစ်သည်။

စူပါပေါက်ကွဲအားပါသောဓားချက်ကို အသုံးပြုရာတွင်မူ ရန်သူကို မြင်တွေ့နေရရန် မလိုအပ်တော့ပေ။ မီတာ ၁၀၀၀ အချင်းဝက်အတွင်း ရှိနေသရွေ့ ဓားတစ်ချက်ဝှေ့ယမ်းရုံဖြင့် အပြတ်ရှင်းပစ်နိုင်ပြီ ဖြစ်သည်။

ရွှီရန်သည် သူ၏ဓားကို ဆွဲထုတ်ကာ ခုတ်ပိုင်းလိုက်သည်။

ထောင့်တစ်နေရာတွင် တုန်တုန်ရင်ရင်ဖြင့် ပုန်းအောင်းနေသော ဝံပုလွေပြေးသားရဲမှာ ရုတ်တရက်ဆိုသလို ဦးနှောက်အတွင်း တစ်စုံတစ်ခု၏ မွှေနှောက်ဖျက်ဆီးခြင်းကို ခံလိုက်ရတော့သည်။

၎င်း၏ မျက်စိ၊ နား၊ နှာ၊ ပါး စသည့် အပေါက်ခုနစ်ပေါက်မှ သွေးများ ပန်းထွက်လာပြီး မြေပြင်ပေါ်တွင် အလူးအလဲ ခံစားရကာ သေဆုံးသွားတော့သည်။

ပွဲကြည့်စင်ပေါ်တွင်မူ ယဲ့ဖျင်၏ သူငယ်အိမ်များမှာ တုန်လှုပ်သွားပြီး တိုးတိုးလေး ရေရွတ်နေမိသည်မှာ "စောစောက သူသိမြင်သွားတဲ့ ရွှေရောင်အလင်းစက်လေးကို သလင်းကျောက်သားရဲရဲ့ ဦးနှောက်ထဲ ထည့်လိုက်တာပဲ။ အဲဒါက သူ့ရဲ့ စူပါပေါက်ကွဲအားပါသောဓားချက် တိုက်ခိုက်နိုင်တဲ့ အကွာအဝေးကို ပြောင်းလဲပေးလိုက်တာပဲ။ အရင်ကဆိုရင် မီတာ ၁၀၀ အတွင်းမှာပဲ ခုတ်နိုင်တာ အခုတော့ မီတာ တစ်ထောင်နီးပါးအထိ ရောက်သွားပြီ"

"ဒါဆို သူက ဒါကို မဆုတ်မနစ်သော ကောင်းကင်ဘုံဘေးဒုက္ခဆီကနေ သင်ယူခဲ့တာလား။ အတိုင်းအတာကြီးမားတဲ့ လှည့်စားမှုစွမ်းရည်တွေကို ဖန်တီးနိုင်တဲ့ မဆုတ်မနစ်သော ကောင်းကင်ဘုံဘေးဒုက္ခကလည်း စစ်မြေပြင်ရဲ့ အဝေးကြီးကနေ စောင့်ကြည့်နေတတ်တာမျိုးလေ"

"တကယ့်ကို ကြောက်စရာကောင်းတဲ့ သင်ယူနိုင်စွမ်းပါလား။ သိမြင်နားလည်မှု အခြေခံအရိုးအဆစ်ပိုင်ရှင်ပီသပါပေတယ်။ တကယ်လို့သာ နျူကလီးယားစွမ်းအင်မြင့် အမြုတေသာ ရှိနေမယ်ဆိုရင် ဒီနတ်ဘုရားဆန်တဲ့ အခြေခံအရိုးအဆစ်ကြောင့် လျိုလီလေးထက်တောင် ပိုပြီး ကြောက်စရာကောင်းတဲ့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ခံရမှာ အသေအချာပဲ"

"ကံကောင်းတာက သူ့မှာ အဲဒီအမြုတေ မရှိတာပဲ"

ယဲ့ဖျင်သည် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ သိမြင်နားလည်မှု အခြေခံအရိုးအဆစ်က ပေးစွမ်းသည့် အံ့အားသင့်စရာများနှင့် တုန်လှုပ်စရာများမှာ တစ်ခုပြီးတစ်ခု လှိုင်းလုံးများပမာ ရိုက်ခတ်နေသဖြင့် သူပင် မခံမရပ်နိုင် ဖြစ်လာရသည်။

ယခုအခါတွင်မူ သူ ၁၀၀ ရာခိုင်နှုန်း သေချာသွားသည်မှာ ရွှီရန်သည် လူသားစခန်း၏ စွမ်းရည်ဖွဲ့စည်းပုံများကို ဖောက်ထွင်းသိမြင်နိုင်သည့် ပါရမီရှင်တစ်ဦး အမှန်ပင်။

စစ်မြေပြင်တွင် သူသည် သူ၏ အခြေခံအရိုးအဆစ်ကို အသုံးပြု၍ ရန်သူ၏ အားနည်းချက်ကို လျင်မြန်စွာ ရှာဖွေနိုင်ပြီး ထူးဆန်းသော သတ္တဝါများ၏ စွမ်းရည်ဖွဲ့စည်းပုံများကို တိုက်ရိုက် ချေမှုန်းပစ်နိုင်သည်။

တိုက်ပွဲပြီးဆုံးသွားသည့်တိုင် သူသည် ရန်သူ၏ စွမ်းရည်များကို ခိုးယူသင်ယူနိုင်သေးသည်။

နတ်ဘုရားတို့ထက် သာလွန်သည့် နတ်ဘုရား အနှိုင်းမဲ့စွမ်းအားရှင်ပင်။

ယဲ့ဖျင်၏ ရင်ခုန်သံများမှာ အရှိန်ပြင်းလာတော့သည်။ လူသားမျိုးနွယ်စုမှာ နှစ်ပေါင်း ၂၀၀ တိုင်တိုင် ဖိနှိပ်ခံခဲ့ရရာမှ သမိုင်းကြောင်းကို ပြောင်းလဲပေးနိုင်မည့် ထူးကဲသာလွန်သော ပါရမီရှင်တစ်ဦးကို အမှန်တကယ်ပင် စောင့်မျှော်နေခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။

ယဲ့ဖျင်သည် ရွှီရန်၏ ကျောပြင်ကို ကြည့်ရင်း ရင်ထဲတွင် တက်ကြွလှုပ်ရှားသော ခံစားချက်များ စီးဆင်းလာသည်ကို ခံစားနေရ၏။

သူ၏ ဘေးနားရှိ နတ်ဘုရားသတ်အဖွဲ့ဝင်များမှာမူ လုံးဝ မှင်သက်သွားကြသည်။

လျိုယန် : "ဘာကြီးလဲဗျာ ဒါက ဟိုစွမ်းရည်ဖွဲ့စည်းပုံ မာယာသတ္တဝါတွေနဲ့ အတူတူပဲ မဟုတ်လား"

လင်းဖုန်းက သက်ပြင်းအရှည်ကြီး ချလိုက်ရင်း "နားလည်လိုက်ပြီ။ ဒီကလေးက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ ရန်သူဘက်က စွမ်းရည်ဖွဲ့စည်းပုံ အထူးသတ္တဝါတွေဆီကနေ စွမ်းရည်တွေကို သင်ယူနိုင်တယ်ဆိုတာကတော့..."

ယဲ့ဖျင်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး "အားလုံးပဲ... သိမြင်နားလည်မှု အခြေခံအရိုးအဆစ် ဆိုတာ ဘာလဲဆိုတာကို ကျွန်တော် ရှင်းပြပါရစေဦး။ အဲဒါကတော့ နတ်ဘုရားဆန်တဲ့ နားလည်နိုင်စွမ်း၊ နတ်ဘုရားဆန်တဲ့ သင်ယူနိုင်စွမ်း၊ နတ်ဘုရားဆန်တဲ့ တီထွင်ဖန်တီးနိုင်စွမ်း... ဒါ့အပြင် တခြားသော..."

လူအုပ်ကြီး : "တော်ပြီ တော်ပြီ သိပါပြီဗျာ။ အထပ်ထပ်အခါခါ ကြွားမနေပါနဲ့တော့"

ယဲ့ဖျင်၏ မျက်နှာမှာ ဝင်းပနေ၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက ကျောင်းအုပ်ကြီးသည် အဘယ်ကြောင့် ဤမျှ ကြွားဝါရသည်ကို နှစ်သက်ခဲ့မှန်း သူ ယခုမှပင် ကောင်းကောင်းနားလည်သွားတော့သည်။ ထိုသို့ ကြွားဝါရသည့် အရသာမှာ စိတ်ကူးယဉ်ကြည့်ရသည်ထက်ပင် ပို၍ ထူးကဲလှသည်။

ယခင်ကဆိုလျှင် သူသည် အဆင့် ၁၁ နှင့် အဆင့် ၁၃ ရှိသော နတ်ဘုရားသတ်အဖွဲ့များကို မော့ကြည့်ရုံသာ တတ်နိုင်ခဲ့သူ ဖြစ်သည်။ သို့သော် ယခုမူ သူတို့၏ မျက်နှာရှေ့မှောက်မှာတင် တဝင့်တကြွား လူစွမ်းပြနိုင်ခဲ့သည်။

ဘယ်လောက်တောင် ကျေနပ်စရာကောင်းတာလဲ။

အတိုင်းထက်အလွန် ကျေနပ်စရာပင်။

ယဲ့ဖျင်က အသက်ကို ဝဝရှူလိုက်ရင်း "အာ... ဒါကတော့ ကျွန်တော်တို့ ကျဲန်းပြည်နယ် မူကြိုကျောင်းက သိမြင်နားလည်မှု အခြေခံအရိုးအဆစ် ပိုင်ရှင်လေးပေါ့... မင်းတို့ဆီမှာရော ဒီလို အခြေခံအရိုးအဆစ်မျိုး ရှိလို့လား"

လျိုယန် : "တော်တော့ဖျင်လေးရာ မင်း နောက်တစ်ခါ ထပ်ကြွားရင်တော့ အဲဒီကလေးကို မြို့တော်မူကြိုကျောင်းဆီ ငါတို့ လုသွားမှာနော်"

ထိုအချိန်တွင် တိုက်ခိုက်ရေးကွင်းအတွင်းရှိ ရွှီရန်မှာမူ သူ၏ဓားကို အိမ်ထဲသို့ ပြန်ထည့်ကာ လက်ခုပ်တီးလိုက်သည်။

"သားရဲလှောင်အိမ်ထဲကို ဝင်ပြီး ငါအခုလေးတင် သိမြင်သွားတဲ့ နည်းစနစ်လေးကို ထပ်ပြီး စမ်းသပ်ကြည့်လို့ ရမလား"

လူတိုင်းက သူ၏အနားသို့ ဝိုင်းအုံလာကြသည်။

လင်းဖုန်း : "ဘယ်လိုမျိုး စမ်းသပ်ဖို့ စိတ်ကူးထားတာလဲ။ မင်း ဘာပဲလိုအပ်လိုအပ် ပြောပါ။ မင်းရဲ့ တိုက်ကွက်တွေကို အသေအချာ သိထားတာက အကောင်းဆုံးပဲလေ"

All Chapters