အခန်း (၁၅၇-၁၅၈)
Vol. 16 Ch. 157-158
အခန်း။ ၁၅၇
အမှန်စင်စစ် သူသည် သူငယ်ချင်းများ၏ မွေးရာပါ ကောင်းကင်ဘုံပေးစွမ်းရည်များကို တိတ်တဆိတ် လေ့လာခဲ့ဖူးသည်။
သို့သော် သူ၏ အဆင့်မြင့် သိမြင်နားလည်မှု စွမ်းရည်သည်ပင် အခြားသူတို့၏ မွေးရာပါ ကောင်းကင်ဘုံပေးစွမ်းရည်များကို အလုံးစုံ ဆုပ်ကိုင်နိုင်ခြင်း မရှိသေးပေ။ အကြောင်းမှာ ဆန်မရှိဘဲ ထမင်းချက်၍မရ သကဲ့သို့ပင်။ ရွှေရောင် အခြေခံအရိုးအဆစ်မရှိဘဲ ထိုစွမ်းရည်များကို သူ မသင်ယူနိုင်ပေ။
ယုံကြည်မှုမျိုးစေ့ သည်ပင်လျှင် အလွန်ထူးခြားသည့် အခြေအနေတစ်ခုတွင် ရန်သူ၏ လှုပ်ရှားမှုများကို တစ်ကွက်ချင်းစီ မှတ်တမ်းတင်ကာ ညစ်ညမ်းစွမ်းအင်များအစား ဝိညာဉ်စွမ်းအင်ဖြင့် အစားထိုး၍ ဖန်တီးခဲ့ရခြင်း ဖြစ်သည်။ ၎င်းကို သာမန်ဖြစ်ရပ်တစ်ခုအဖြစ် သတ်မှတ်၍မရပေ။
အခြားသူများ၏ မွေးရာပါ ကောင်းကင်ဘုံပေးစွမ်းရည်များကို လိုက်လံလေ့လာနေခြင်းမှာ အချိန်ဖြုန်းတီးရာသာ ရောက်ပေလိမ့်မည်။ ထိုသို့ပြုလုပ်မည့်အစား သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် အကိုက်ညီဆုံးဖြစ်သည့် မှော်စွမ်းရည်သစ်များကိုသာ ရှာဖွေဖော်ထုတ်ခြင်းက ပို၍ ရိုးရှင်းပြီး ထိရောက်ပေလိမ့်မည်။
အကယ်၍ အခြားသူများ၏ စွမ်းရည်များကို အမှန်တကယ် လေ့လာလိုပါက သိမြင်မှုကျွမ်းကျင်ခြင်းအဆင့်ရှိသည့် တတိယအဆင့်သို့ ရောက်ရှိသည်အထိ စောင့်ရပေဦးမည်။ ထိုအချိန်ကျမှသာ သူ၏ သိမြင်နားလည်မှု စွမ်းအားမှာ အနှိုင်းမဲ့ ဖြစ်လာပေလိမ့်မည်။
ယခုလောလောဆယ်တွင်မူ သူသည် တစ်စုံတစ်ခု လိုအပ်နေသေးသည်။
လင်းဖုန်းက “တကယ်ပဲ စမ်းမကြည့်တော့ဘူးလား” ဟု ထပ်မံမေးမြန်းလိုက်၏။
ရွှီရန်က ခေါင်းကို ခပ်ဖွဖွခါယမ်းကာ “မလိုတော့ပါဘူး... အမှန်တော့ မူကြိုကျောင်းမှာကတည်းက ကျွန်တော် စမ်းကြည့်ပြီးသားပါ။ ကျွန်တော်နဲ့ ကိုက်ညီတာဆိုရင် သင်ယူလို့ရပေမဲ့ မကိုက်ညီရင်တော့ အပိုပါပဲ။ အများကြီး လိုက်သင်နေရင်လည်း အစာမကြေဖြစ်သလို ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လာလိမ့်မယ်"
ရွှီရန်သည် အရာရာကို အမြင်ကျယ်ကျယ်ဖြင့်ပင် စဉ်းစားထားပြီး ဖြစ်သည်။
စူပါပေါက်ကွဲအားပါသောဓားချက်နှင့် ယုံကြည်မှုမျိုးစေ့တို့ကို ပေါင်းစပ်လိုက်သကဲ့သို့ပင် ၎င်းမှာ ခိုးယူသင်ယူခြင်း၏ အကောင်းဆုံး ဥပမာတစ်ခုပင်။
လင်းဖုန်းက သဘောပေါက်သွားကာ "အော်... အဲဒီလိုလား။ သိမြင်နားလည်မှု အခြေခံအရိုးအဆစ် ဆိုတာ အရာအားလုံးကို သင်ယူနိုင်တာလို့ ငါထင်နေတာ။ ကြည့်ရတာ သူနဲ့ကိုက်ညီမယ့် အမျိုးအစားရယ်လို့ ရှိပုံပဲ"
လျိုယန်က တဟားဟား ရယ်မောရင်း "ဒါက ပိုပြီးတော့တောင် ယုတ္တိရှိသေးတယ်။ လူတစ်ယောက်က အရာအားလုံးကို တကယ်ကြီး သင်ယူနိုင်နေရင် အဲဒါက လက်တွေ့မကျလွန်းဘူးလေ"
ရှောင်ရွှယ်ကလည်း "အခုတောင် သူက အနှိုင်းမဲ့နေပါပြီ။ မွေးရာပါ ကောင်းကင်ဘုံပေးစွမ်းရည်တွေ အများကြီး လိုက်သင်နေရင် ဝန်ထုပ်ဝန်ပိုးတောင် ဖြစ်နေဦးမယ်" ဟု မှတ်ချက်ပြုသည်။
လင်းဖုန်းက ခေါင်းညိတ်လျက် "ဟုတ်တာပေါ့။ ကဲ... ဒါဆိုလည်း အရင်ဆုံး သွားစားကြစို့"
လျိုယန်က "စားသောက်ပြီးရင်... မြို့တော်မှာရှိတဲ့ နတ်ဘုရားတစ်ပိုင်း မူကြိုကျောင်းကို သွားပြီး စိန်ခေါ်ကြည့်ကြမလား။ ငါတို့လည်း အခု မြို့တော်ကို ရောက်နေတာပဲဥစ္စာ"
သူသည် ရုတ်တရက်ဆိုသလို စိတ်ဝင်စားစရာကောင်းသော ပြကွက်တစ်ခုကို တွေးမိသွားခြင်းဖြစ်သည်။ မှန်သားရိပ် အရှင်သခင်၊ သန့်စင်ခြင်း မိုးကြိုးတစ်ထောင်တို့နှင့် ရွှီရန်တို့အကြား ကွာဟချက်က ဘယ်လောက်အထိ ကြီးမားမလဲ။
သူတို့သည် ရွှီရန်၏ရှေ့တွင် ဘယ်လောက်အထိ ခံနိုင်ရည်ရှိကြမလဲ။
လျိုယန်သည် မှန်သားရိပ် အရှင်သခင် နှင့် သန့်စင်ခြင်း မိုးကြိုးတစ်ထောင်တို့ အနိုင်ရလိမ့်မည်ဟုပင် မယုံကြည်တော့ချေ။
သူသည် ထိုစူပါပါရမီရှင်များနှင့် ရွှီရန်အကြားရှိ ကွာဟချက်ကိုသာ မြင်တွေ့ချင်နေခြင်း ဖြစ်သည်။
ဤကဲ့သို့သော အတွေးမျိုး သူ၏စိတ်ထဲတွင် လျှပ်ခနဲ ပေါ်လာသည့်အတွက် လျိုယန်ကိုယ်တိုင်ပင် အံ့ဩခြင်း မရှိတော့ပေ။
သူ၏နှလုံးသားထဲတွင် ရွှီရန်မှာ အငြင်းပွားဖွယ်မရှိသော နံပါတ်တစ် ဖြစ်နေပြီဖြစ်သည်။ အကြောင်းမှာ ရွှီရန်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေသောကြောင့်ပင်။
ယုံကြည်မှုမျိုးစေ့နှင့် စူပါပေါက်ကွဲအားပါသောဓားချက်တို့ကို အသုံးမပြုဘဲ စက္ကူရုပ်
စစ်သည်တော်များကိုသာ အားကိုးလျှင်ပင် သူသည် အခြားသူများထက် အဝေးကြီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရွှီရန်တွင် ကိုယ်ပျောက်စွမ်းရည်၊ ကိုယ်စားလှယ်စက္ကူရုပ်နှင့် အခြားသော ထုတ်မပြရသေးသည့် ဝှက်ဖဲများစွာ ရှိနေနိုင်သည်ကိုလည်း မေ့ထား၍မရပေ။
ဤကလေးသည် စစ်မြေပြင်တွင် မဆုတ်မနစ်သော ကောင်းကင်ဘုံဘေးဒုက္ခ၏ စွမ်းရည်ဖွဲ့စည်းပုံကို လျင်မြန်စွာ ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်း၏ မွေးရာပါ ကောင်းကင်ဘုံပေးစွမ်းရည်ကိုပင် ချေမှုန်းနိုင်ခဲ့သူ ဖြစ်သည်။
သူ၏ တိုက်ခိုက်ရေးပါရမီမှာ ဘယ်လောက်အထိ မြင့်မားနေတာလဲဆိုလျှင် နတ်ဘုရားသတ်အဖွဲ့ ကဲ့သို့သော ဝါရင့်အဖွဲ့များပင် အံ့သြချီးကျူးရသည့် အဆင့်တွင် ရှိနေသည်။
သူနှင့် ရွယ်တူများအတွက်မူ ရွှီရန်နှင့် ရင်ဆိုင်ရခြင်းက လုံးဝယှဉ်နိုင်စွမ်းမရှိသော အဆင့်အတန်းချင်း ကွာခြားလွန်းသည့် တိုက်ခိုက်မှုသာ ဖြစ်ပေလိမ့်မည်။
လျိုယန်မှာမူ ထိုပွဲကို အပျော်သဘောဖြင့် အလွန်ကြည့်ချင်နေမိသည်။
သို့သော် လျိုယန်၏ အကြံပြုချက်အပေါ် ရွှီရန်မှာ စိုးစဉ်းမျှ စိတ်လှုပ်ရှားခြင်း မရှိဘဲ "မသွားချင်ပါဘူး။ သူတို့ကို တိုးတက်လာဖို့ အချိန်နည်းနည်း ထပ်ပေးလိုက်ပါဦး။ ကျဲန်းပြည်နယ်မှာ နတ်ဘုရားသတ်အဖွဲ့ ရွေးချယ်ရေးပြိုင်ပွဲ ကျင်းပတဲ့အခါကျမှပဲ ကျွန်တော် ထွက်လာခဲ့ပါ့မယ်" ဟု တည်ငြိမ်စွာ ဆိုလိုက်၏။
လျိုယန် : "..."
ဘုရားရေ... သူကတော့ တကယ့်ကို လူစွမ်းပြနေပြီပဲ။
သူသည် မှန်သားရိပ် အရှင်သခင်နှင့် သန့်စင်ခြင်း မိုးကြိုးတစ်ထောင်တို့ကို လုံးဝဂရုမစိုက်ရုံသာမက ထိုစူပါပါရမီရှင်များကိုပင် အထက်စီးမှ ငုံ့ကြည့်နေသည့်အလားပင်။
ဒါပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ။ သူ့မှာ အခုလို ပြောနိုင်လောက်တဲ့ အစွမ်းအစ အမှန်တကယ် ရှိနေတာလေ။
လျိုယန်မှာ ဆွံ့အသွားရတော့သည်။
လင်းဖုန်းကမူ ရယ်မောရင်း "သူတို့ကို တိုးတက်လာဖို့ အချိန်ပေးလိုက်မယ် ဟုတ်လား"
"ငါ့အထင်တော့ မင်းရဲ့ တိုးတက်မှုအရှိန်က ပိုပြီးတော့တောင် ကြောက်စရာကောင်းနေမှာ မဟုတ်လား"
"နောက်တစ်နှစ်လောက်ဆိုရင် မင်းနဲ့ သူတို့ကြားက ကွာဟချက်က ပိုပြီးတော့တောင် အံ့ဩစရာကောင်းလာမှာပဲ"
ရွှီရန်က အားရပါးရ ရယ်မောလိုက်ပြီး "အဲဒါတော့ မသေချာပါဘူး။ မှန်သားရိပ် အရှင်သခင် က မွေးရာပါ ကောင်းကင်ဘုံပေးစွမ်းရည် အမျိုးပေါင်း နှစ်ဆယ်ကျော်လောက်ကို တုပနိုင်ထားပြီးသားလေ။ နောက်ပြီး သူက ကျွန်တော့်ထက် နှစ်နှစ်တောင် ကြီးတာ။ သူ့ရဲ့ ကျင့်ကြံမှုနဲ့ စွမ်းအားတိုးတက်မှု အရှိန်ကလည်း ပိုပြီး မြန်လာဦးမှာပါ"
"ဒါ့အပြင် မွေးရာပါ ကောင်းကင်ဘုံပေးစွမ်းရည် တိုင်းမှာ သူ့ထူးခြားချက်နဲ့သူ ရှိကြတယ်... ကျွန်တော်ကတော့ အဖျက်စွမ်းအား ပြင်းပြင်းထန်ထန် ထုတ်ဖော်တဲ့နေရာမှာပဲ ထိရောက်တာပါ။ ထူးဆန်းတဲ့ အစွမ်းတွေဘက်မှာဆိုရင် အဏုကြည့် မရေမတွက်နိုင်သော အခြေအနေတွေ လောက်တောင် မဆန်းကြယ်သေးပါဘူး..."
လူတိုင်းက ဝိုင်းဝန်းစဉ်းစားကြပြီး "ဟုတ်တော့လည်း ဟုတ်ပါတယ်။ တချို့လူတွေရဲ့ မွေးရာပါ ကောင်းကင်ဘုံပေးစွမ်းရည်တွေက တကယ့်ကို ထူးဆန်းလွန်းတော့ ရုတ်တရက် အငိုက်မိသွားတတ်ကြတယ်။ ဒါပေမဲ့ ငါတို့ကတော့ မင်းပဲ ချန်ပီယံဖြစ်မယ်လို့ တစ်ထစ်ချ ထောက်ခံနေမှာပါ"
လင်းဖုန်းက "ကဲ... သွားစားကြစို့။ စားသောက်ပြီးရင် ဘေးကင်းဇုန်ထဲက အပြာရောင်အလင်းတန်း ထွက်နေတဲ့ မိန်းကလေးကို ရှာဖို့ ရွှီရန်နဲ့အတူ လိုက်သွားပေးကြတာပေါ့... အမှန်အတိုင်း ပြောရရင် ဘေးကင်းဇုန်ထဲမှာ အပြာရောင်အလင်း ထွက်နေတဲ့ မိန်းကလေးအကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး"
ယဲ့ဖျင်ကလည်း "ကျွန်တော်လည်း မကြားဖူးဘူး"
အခြားအဖွဲ့ဝင်များ "ကျွန်တော်တို့လည်း မသိကြဘူး"
လျိုယန် "နောက်မှ တခြား နတ်ဘုရားသတ်အဖွဲ့တွေကို လိုက်မေးကြည့်ဦးမယ်။ သူတို့ထဲက တစ်ယောက်မှ မတွေ့ဖူးဘူးဆိုရင်တော့ ဒါက တကယ့်ကို ထူးဆန်းနေပြီ"
ရွှီရန်က ခိုင်မာသော အမူအရာဖြင့် "ကျွန်တော် မြင်တာ လုံးဝ မမှားပါဘူး။ ဘေးကင်းဇုန်ထဲမှာ အပြာရောင်အလင်းတွေ ထွက်နေတဲ့ မိန်းကလေးတစ်ယောက် ရှိနေတာ အမှန်ပဲ။ သူက အဆောက်အဦးတွေကိုလည်း လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားနိုင်တယ်။ သူက သရဲတစ္ဆေတွေနဲ့လည်း လုံးဝမတူဘူး..."
လင်းဖုန်းက အလေးအနက် ပြောလိုက်သည်။
"တကယ်လို့ အဲဒီလို ထူးဆန်းတဲ့ မိန်းကလေးသာ တကယ်ရှိနေမယ်ဆိုရင် ဒါက ဘေးကင်းဇုန်ရဲ့ လျှို့ဝှက်ချက်တွေနဲ့ သက်ဆိုင်နေလိမ့်မယ်။ ဘေးကင်းဇုန်ရဲ့ မြစ်ဖျားခံရာနဲ့တောင် ဆက်စပ်နေမလားပဲ"
ရှောင်ရွှယ်က မျက်မှောင်ကြုတ်လျက် "ဘေးကင်းဇုန်ရဲ့ အနာဂတ်နဲ့တောင် ဆက်စပ်နေနိုင်မလား ဘေးကင်းဇုန်က နောက်ထပ် ၃ နှစ်ကနေ ၅ နှစ်အထိပဲ ခံတော့မယ်လို့ ပြောကြတယ် မဟုတ်လား။ ဒါဆိုရင်..."
လျိုယန် "အရာရှိချန်ကတော့ အတွင်းရေးတွေကို သိနိုင်ပေမယ့် သူ အိပ်ပျော်နေတာ အနှစ်
နှစ်ဆယ် ရှိပြီလေ... ကောင်းကင်ဘုံ တောင်ထိပ်နန်းတော်မှာ သိတဲ့သူ ရှိမလား။ သွားမေးကြည့်ရမလား"
လင်းဖုန်းက ခေါင်းခါပြလိုက်ပြီး "သူတို့လည်း သိမှာမဟုတ်ဘူး။ ငါတို့ဘာသာ ငါတို့ပဲ စုံစမ်းဖော်ထုတ်ကြတာပေါ့ ငါကတော့ ပဟေဠိတွေကို အဖြေရှာရတာ ဝါသနာပါပြီးသား"
"ရွှီရန်မှာလည်း သိမြင်နားလည်မှု အခြေခံအရိုးအဆစ် ရှိတာဆိုတော့ လျှို့ဝှက်ချက်တွေကို အဖြေရှာရတာ ပိုတောင် ကြိုက်ဦးမှာ မဟုတ်လား"
ရွှီရန်က ပြုံးလိုက်ရင်း "အဖြေရှာရတာလား အဲဒီလောက်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ အပြာရောင်အလင်းတန်းနဲ့ မိန်းကလေးရဲ့ အထောက်အထားကိုတော့ ကျွန်တော် တကယ်ပဲ သိချင်နေမိတယ်..."
"သူ့ကို ကျွန်တော်တစ်ယောက်တည်းပဲ မြင်နိုင်တယ်ဆိုတော့ ပိုပြီးတော့တောင် စိတ်ဝင်စားဖို့ ကောင်းနေပြီလေ..."
ရွှီရန်က ထိုလျှို့ဝှက်ဆန်းကြယ်သော မိန်းကလေးသည် ဘေးကင်းဇုန်ကဲ့သို့သော နတ်ဘုရားအဆင့် ပစ္စည်းများနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေမလား။ ထို့ပြင် ကြက်သွေးရောင်ရတနာများအတွင်းရှိ မြူနှင်းများကို ဖယ်ရှားနိုင်မည့် နည်းလမ်းကို သိမလားဟုပင် တွေးတောနေမိသည်။
ထို့ကြောင့် သူသည် အပြာရောင်အလင်းတန်း မိန်းကလေး၏ မည်သူမည်ဝါဖြစ်ကြောင်းကို အလွန် သိချင်နေခြင်း ဖြစ်သည်။
ရှောင်ရွှယ်က ရွှီရန်ကို ကြည့်လိုက် အားလုံးကို ကြည့်လိုက်ဖြင့် "စဉ်းစားရမှာ ပျင်းတဲ့ ဒီအဒေါ်ကြီးကိုတောင် မင်းတို့က စိတ်ဝင်စားလာအောင် လုပ်နိုင်ကြတယ်နော်။ ကဲ... မြန်မြန်စားကြ၊ ပြီးရင် ဘေးကင်းဇုန်ကို ပြန်ပြီး အဲဒီမိန်းကလေးကို သွားရှာကြစို့"
အခန်း။ ၁၅၈
"စကားတွေပဲ များနေပြီး ဘာမှလည်း အကောင်အထည်မဖော်သေးဘူး။ တကယ် စိတ်တိုဖို့ကောင်းလိုက်တာ"
လူတိုင်းက တဟားဟား ရယ်မောလိုက်ကြပြီး "ကဲ... သွားကြစို့" ဟု ဆိုကာ မြို့တော်ရှိ အဆင့်မြင့်ဆုံး စားသောက်ဆိုင်သို့ သွားရောက်ကာ ကောင်းမွန်စွာ စားသောက်ခဲ့ကြသည်။ ထို့နောက် ဆဋ္ဌမမြောက် ဘေးကင်းဇုန် သို့ ရောက်ရှိလာကြ၏။
ရင်းနှီးပြီးသား နေရာတစ်ခုသို့ ရောက်သည့်အခါ ရွှီရန်က ထိုမိန်းကလေးကို တွေ့ခဲ့သည့် နေရာအား လက်ညှိုးညွှန်ပြလျက် "ဒီနေရာမှာတင်ပဲ အဲဒီ ထူးဆန်းတဲ့ အပြာရောင်အလင်းတန်းနဲ့ မိန်းကလေး နံရံထဲကနေ ထွက်လာတာကို ကျွန်တော် မြင်လိုက်တာ။ ပြီးတော့ တခြားနံရံတစ်ခုထဲကို ထပ်ဝင်သွားပြီး ဘာအစအနမှ မကျန်အောင် ပျောက်ကွယ်သွားတာပဲ" ဟု ရှင်းပြလိုက်သည်။
ရှောင်ရွှယ်က ဇဝေဇဝါဖြင့် "ဒါဆို ငါတို့က သူပေါ်လာမှာကိုပဲ ဒီမှာ ထိုင်စောင့်နေရမှာလား ဒါမှမဟုတ် ဘေးကင်းဇုန်တစ်ခုလုံးကို လိုက်ရှာရမှာလား။ ဆဋ္ဌမဘေးကင်းဇုန်က အတော်လေး ကျယ်တာနော်။ နောက်ပြီး ငါတို့က အဲဒီ အပြာရောင်မိန်းကလေးကို မြင်မှမမြင်ရတာ။ ရွှီရန် တစ်ယောက်တည်းပဲ ရှာနိုင်မှာဆိုတော့... ဒါက တကယ့်ကို ခက်ခဲတဲ့ အလုပ်ပဲ" ဟု ပြောလိုက်သည်။
လျိုယန်က သက်ပြင်းချရင်း "ဟုတ်တယ်... သူ့ကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ" ဟု ထောက်ခံလိုက်သည်။
ရွှီရန်ကမူ ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ကာ "အမှန်တော့ အဲဒီလောက် မခက်ခဲပါဘူး။ တကယ်လို့ သူက ဒီဆဋ္ဌမမြောက် ဘေးကင်းဇုန်ထဲမှာ နောက်တစ်ခါ ထပ်ပေါ်လာမယ်ဆိုရင် ကျွန်တော် ချက်ချင်း မြင်နိုင်မှာပါ..."
ပြောပြောဆိုဆိုနှင့်ပင် သူ၏ လက်ဝါးထက်တွင် စက္ကူခေါက် လင်းနို့တစ်ကောင် ပေါ်လာသည်။ လင်းနို့ အမှတ် ၁ သည် အတောင်ပံများကို ခတ်လျက် ဝေဟင်ထက်သို့ ပျံတက်သွားတော့သည်။
ထိုအချိန်မှာပင် ရွှီရန်၏ ဘယ်ဘက်မျက်စိမှ မြင်ကွင်းသည် လင်းနို့အမှတ် ၁ ထံသို့ လျင်မြန်စွာ ကူးပြောင်းသွားသည်။
အတွင်း၌ ထည့်သွင်းထားသော ဝိညာဉ်စွမ်းအားကြောင့် ထိုလင်းနို့သည် သီအိုရီအရ မီတာ ၁၀၀၀ အထိ ပျံတက်နိုင်ပြီး ဘေးကင်းဇုန်တစ်ခုလုံးကို ငှက်မျက်စိမြင်ကွင်းဖြင့် အပေါ်စီးမှ ကြည့်ရှုနိုင်သည်။ သို့သော် လက်တွေ့တွင်မူ ဘေးကင်းဇုန်တစ်ခုလုံးကို တစ်ချက်တည်းနှင့် မြင်ကွင်းအတွင်း အကျုံးဝင်စေရန်အတွက် ၃၂၅ မီတာထက် ပို၍ မြင့်အောင် ပျံရန်ပင် မလိုအပ်ပေ။
ကြည်လင်ပြတ်သားလှသော အထက်စီးမြင်ကွင်းကြောင့် အပြာရောင်မိန်းကလေးသာ ပေါ်လာခဲ့လျှင် ရွှီရန် ချက်ချင်းမြင်နိုင်မည်မှာ အသေအချာပင်။
လူတိုင်းက စူးစမ်းလိုစိတ်ဖြင့် "သူ ဘာလုပ်နေတာလဲ" ဟု မေးမြန်းကြသည်။
လင်းဖုန်းက ရုတ်တရက် အာမေဍိတ်သံဖြင့် "မင်းက အဲဒီအရုပ်နဲ့ မြင်ကွင်းချင်း မျှဝေခံစားလို့ရတာလား... မပြောနဲ့ဦးနော်"
ရွှီရန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး "ဦးလေး ခန့်မှန်းတာ မှန်ပါတယ်"
"လင်းနို့ အမှတ် ၁ က ကောင်းကင်မှာ ဝဲပျံနေသရွေ့ သူမြင်ရတာတွေကို အသုံးပြုပြီး ဘေးကင်းဇုန်ထဲက အရာအားလုံးကို ကျွန်တော် အပေါ်စီးကနေ ကြည့်လို့ရပါတယ်"
"တစ်ခုရှိတာက ကွပ်ကဲမှုတပ်ဖွဲ့က ခေါင်းဆောင်တွေက သူ့ကို တိုက်ခိုက်ဖို့ မကြိုးစားရင်ပေါ့"
လျိုယန်က "အဲဒါ ပြဿနာမရှိဘူး။ ငါ သူတို့ကို အကြောင်းကြားလိုက်မယ်"
ထိုသို့ပြောရင်း လျိုယန်က နတ်ဘုရားသတ်အဖွဲ့ ခေါင်းဆောင်တံဆိပ်ကို ထုတ်ယူလိုက်ကာ "အာလျန်... ဘေးကင်းဇုန်အပေါ်မှာ စက္ကူခေါက်လင်းနို့တစ်ကောင် ပျံနေလိမ့်မယ်။ အဲဒါ ငါတို့ဟာ မပစ်ချနဲ့ဦး" ဟု အမိန့်ပေးလိုက်သည်။
အာလျန်က ရှက်ကိုးရှက်ကန်းလေသံဖြင့် "အော်... အဲဒါ လူကြီးမင်းတို့ဟာလား။ ကျွန်တော်က ခုလေးတင် ဖမ်းဖို့ လုပ်နေတာ"
လျိုယန်က စကားကို ဖြတ်လိုက်ပြီး ရွှီရန်အား မျက်စိတစ်ချက် မှိတ်ပြလိုက်ကာ "ကဲ... အခုတော့ အားလုံး အဆင်ပြေသွားပြီ" ဟု ပြောလိုက်သည်။
ရွှီရန်က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး "ဒါဆိုရင်တော့ ငါတို့ လက်ဖက်ရည်သောက်ရင်း စောင့်ဖို့ နေရာတစ်ခု ရှာကြတာပေါ့။ အဲဒီ အပြာရောင်မိန်းကလေး ပေါ်လာမလား ပေါ်လာခဲ့ရင်ရော သူနဲ့ စကားပြောလို့ရမလားဆိုတာပဲ မသိတာ"
အကယ်၍ စကားပြောဆို၍ မရခဲ့ပါက အခြေအနေမှာ အတော်လေး အခက်တွေ့ပေလိမ့်မည်။
လူတိုင်းက ဝိုင်းဝန်းစဉ်းစားကြပြီး "ပြောရခက်ပေမဲ့ မင်းတစ်ယောက်တည်းပဲ သူ့ကို မြင်ရတာဆိုတော့ မင်းနဲ့တော့ စကားပြောလို့ရနိုင်လောက်မှာပါ" ဟု မှတ်ချက်ပြုကြသည်။
ရွှီရန်က သက်ပြင်းတစ်ချက်ချလျက် "မျှော်လင့်ရတာပဲလေ..."
လူတိုင်းက စိတ်ရှည်လက်ရှည်ပင် ရှိနေကြသည်။
"အလောတကြီး မလုပ်ပါနဲ့။ တကယ်လို့ ဆက်သွယ်လို့ မရဘူးဆိုရင်တောင် သူက ဟွာရှနိုင်ငံအတွက် အန္တရာယ်မရှိသရွေ့ ငါတို့ဘက်က သူ့ကို နှောင့်ယှက်စရာမလိုပါဘူး"
"ဒါပေမဲ့ သူ့ရဲ့တည်ရှိမှုက ဘေးကင်းဇုန်ရဲ့ သက်တမ်းကို တိုတောင်းစေတာမျိုးဆိုရင်တော့ သူ့ကို ဖမ်းဖို့ နည်းလမ်းရှာရမှာပဲ"
လူတိုင်း၏ သဘောထားမှာ အံ့ဩစရာကောင်းလောက်အောင် တစ်ညီတစ်ညွတ်တည်း ဖြစ်နေကြသည်။
သို့သော် သူတို့သည် ည ၁၀ နာရီအထိ စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းခဲ့ကြ၏။
လင်းနို့ အမှတ် ၁ မှာလည်း အချိန်အတော်ကြာ ပျံသန်းနေရသဖြင့် စွမ်းအင်ပင် ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။
သို့သော် အပြာရောင်မိန်းကလေး၏ အရိပ်အယောင်ကိုမူ လုံးဝမတွေ့ရသေးချေ။
လျိုယန်က အိပ်ချင်မူးတူးဖြင့် "ည ၁၀ နာရီတောင် ရှိပြီ။ ဘာအရိပ်အယောင်မှ မရှိသေးဘူးလား။ သူ ဆဋ္ဌမခရိုင်ကနေ ထွက်သွားတာများလား"
ရွှီရန်မှာ မကောင်းသော အတိတ်နိမိတ်ကို ခံစားလိုက်ရသည်။
"ဒုက္ခပဲ သူ တကယ်ပဲ ဆဋ္ဌမခရိုင်မှာ မရှိတော့တာ ဖြစ်နိုင်တယ်"
လင်းဖုန်းက မျက်မှောင်ကြုတ်လိုက်ကာ "တကယ်လို့ သူက ဆဋ္ဌမခရိုင်မှာ မရှိဘူးဆိုရင်တော့ ငါတို့ ရှာတွေ့ဖို့ ခက်သွားပြီ။ ငါတို့က ပထမဘေးကင်းဇုန်ကို သွားတဲ့အချိန် သူက ကိုးခုမြောက် ဘေးကင်းဇုန်ကို ရောက်နေတာမျိုး ဒါမှမဟုတ် ငါတို့က ကိုးခုမြောက်ကို သွားတဲ့အချိန် သူက တတိယဘေးကင်းဇုန်မှာ ရှိနေတာမျိုးဆိုရင်... ဘယ်တော့မှ ဆုံစည်းခွင့်မရတဲ့ ကြယ်နှစ်ပွင့်လို ဖြစ်နေတော့မှာ"
ရှောင်ရွှယ်ကလည်း "ဒါမှမဟုတ် ရွှီရန် သူ့ကို လိုက်ရှာနေတာ သိသွားလို့ တမင်တကာ ပုန်းနေတာလည်း ဖြစ်နိုင်တယ်" ဟု ဖြည့်စွက်ပြောလိုက်သည်။
လျိုယန် "ဒါဆိုရင် သူ့ရဲ့ လျှို့ဝှက်ချက်က ထာဝရ ဖုံးကွယ်နေတော့မှာလား"
ရွှီရန်က ပုခုံးတွန့်ရင်း ရယ်မောလိုက်ကာ "ထားလိုက်ပါတော့ဗျာ။ ရှာမတွေ့ဘူးဆိုရင်လည်း ရေစက်မပါလို့ပဲ ဖြစ်မှာပါ။ အတင်းအကျပ် လုပ်နေဖို့ မလိုပါဘူး။ ကျွန်တော့်အထင်တော့ သူက မကောင်းတဲ့ ရည်ရွယ်ချက် ရှိပုံမရပါဘူး။ ဘေးကင်းဇုန် သက်တမ်းတိုတာကလည်း သူနဲ့ ဘာမှမဆိုင်လောက်ပါဘူး"
အပြာရောင်မိန်းကလေးအပေါ် စိတ်ဝင်စားမှု ရှိနေသော်လည်း သူမ၏ လျှို့ဝှက်ချက်များကို အတင်းအဓမ္မ ဖော်ထုတ်ရန်မှာမူ မလိုအပ်ဟု သူခံယူထားသည်။
နတ်ဘုရားသတ်အဖွဲ့နှစ်ဖွဲ့မှ အဖွဲ့ဝင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ထိုမိန်းကလေးနှင့် ပတ်သက်မှု ရှိမရှိ မည်သူမျှ မသိနိုင်ပေ။ မူလက သူမကို ရှာဖွေတွေ့ရှိပါက မေးမြန်းနိုင်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း သူမ၏ အတည်တကျမရှိသော သွားလာမှုများကြောင့် ဘာမှမတတ်နိုင်တော့ချေ။
လင်းဖုန်းက "ကဲ... အနားယူကြတော့စို့။ မနက်ဖြန်မှ တွေ့ကြတာပေါ့" ဟု ပြောလိုက်သည်။
သူတို့အားလုံး အဆင့်မြင့် ဇိမ်ခံအခန်းများတွင် တည်းခိုခဲ့ကြသည်။ ရွှီရန်သည်လည်း ရေချိုးပြီးနောက် ကုတင်ပေါ်တွင် လှဲလျောင်းရင်း အိပ်ပျော်သွားခဲ့သည်။
သူ့ဘက်ကကြည့်လျှင် ထိုညသည် ထူးထူးခြားခြား ဘာမျှမရှိဘဲ ကုန်ဆုံးသွားခဲ့သော်လည်း
အွန်လိုင်းပေါ်တွင်မူ တစ်ကိုယ်တော်စစ်တပ်ဟူသော အမည်က ဒဏ္ဍာရီတစ်ခု ဖြစ်နေခဲ့ပြီဖြစ်သည်။
မျက်မြင်သက်သေများက တစ်ကိုယ်တော်စစ်တပ်၏ သူရဲကောင်းဆန်သော လုပ်ရပ်များကို အွန်လိုင်းတွင် ရေးသားဖော်ပြနေကြပြီး စာလုံးတိုင်းတွင် ကြည်ညိုလေးစားမှုများ အပြည့်ပါဝင်နေသည်။ ယခင်နေ့က ဆဋ္ဌမခရိုင်တွင် ပြသခဲ့သည့် အံ့မခန်း တိုက်ပွဲစွမ်းရည်များအပါအဝင် တစ်ကိုယ်တော်စစ်တပ်အကြောင်း ဆွေးနွေးမှုများသည် မီးရှူးမီးပန်းများ ဖောက်နေသကဲ့သို့ တက်ကြွနေသည်။
ဤကဲ့သို့သော ခေတ်ကာလတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၊ ထူးကဲသော ပါရမီနှင့် လူအများ၏ အာရုံစိုက်မှုသည် ကုဋေပေါင်းများစွာသော ချမ်းသာကြွယ်ဝမှုထက်ပင် သာလွန်သည်။ ပါရမီရှိလေလေ လူအများက ပို၍ ချီးမြှောက်ကာ ကိုးကွယ်ပြီး အာရုံစိုက်လေလေ ဖြစ်သည်။
"သူပဲလား နတ်ဘုရားအဆင့် သတ္တဝါတွေရဲ့ နည်းဗျူဟာတွေကို နှစ်ခါဆက်တိုက် ဖော်ထုတ်ပြနိုင်တာ... ဒီလိုလူမျိုးက အရင်က နာမည်မရှိဘဲ နေမှာမဟုတ်ဘူး။ ငါ ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ"
"ဟား... ဆရာကြီးက မျက်နှာဖုံးကို မျက်နှာမှာ ဂဟေဆော်ထားတာပဲ။ မင်းက သူဘယ်သူလဲဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ"
"အရင်က ဘယ်လောက်ပဲ နာမည်ကြီးခဲ့ပါစေ။ မျက်နှာဖုံးပြောင်းထားရင် မင်းမှတ်မိမှာ မဟုတ်ဘူး"
"နွားမျက်နှာဖုံးနဲ့ သူရဲကောင်းက ဘယ်တော့မှ မျက်နှာဖုံးချွတ်မှာ မဟုတ်ဘူးဟ"
Black Mass: "စုံထောက်ကြီး ရောက်ပါပြီ။ ကျွန်တော် တစ်ကိုယ်တော်စစ်တပ်ရဲ့ လက်ပုံစံအားလုံးကို စုစည်းပြီးပါပြီ။ ကျွန်တော့်ရဲ့ ကျယ်ပြန့်တဲ့ ဆေးပညာဗဟုသုတနဲ့ ဆင်ခြင်တုံတရားအရ သက်သေပြနိုင်တာကတော့ ဒီလက်က အသက် ၈ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ လက်ပဲ ဖြစ်ရမယ်"
"ရယ်စရာကောင်းတဲ့ ကောက်ချက်ပဲ။ သူက လက်အိတ်စွပ်ထားရင်ရော မင်းကို တမင် လှည့်စားနေတာဆိုရင်ရော"
"အမှန်တရားနဲ့ မာယာ၊ မာယာနဲ့ အမှန်တရား... ဘယ်သူက တကယ် သိနိုင်မှာလဲ"