← Chapters

အခုတော့ တစ်ဘီလီယံဖြစ်သွားပြီနော်

Vol. 51 Ch. 763

အခုတော့ တစ်ဘီလီယံဖြစ်သွားပြီနော်

Vol. 51 Ch. 763

"မင်းက ဘယ်သူတုန်း"

ကျောင်းအုပ်ပိုဒေါ့က သူ့ထံသို့ ပျံဝဲလာသော ဇွန်ဘီတစ်ကောင်ကို မီးတောက်ဖြင့် ရိုက်ထုတ်လိုက်သည်။

"ဦးဦး... သမီးက ဒီကျောင်းက ဒုတိယတန်း ကျောင်းသူလေးပါ။ နာမည်က ချန်ရှောင်ယွမ်လို့ ခေါ်ပါတယ်ရှင့်။ ဦးဦးတို့ကိုလာကယ်ဖို့ သမီးရဲ့ကိုကိုက ခိုင်းလိုက်တာ"

"ဒီကျောင်းမှာ ဒီလောက်ငယ်တဲ့ကျောင်းသားတွေလည်း ရှိတာလား"

"ဟွန်း... ငါတို့က ကလေးတစ်ယောက် ကယ်ပေးတာကို လိုနေလို့လား။ ဟာသလုပ်နေတာလား"

ထိုမှော်ပညာရှင်များနှင့် စိတ်စွမ်းအားရှင်များအားလုံးက သူတို့၏အသက်ထက် ဂုဏ်သိက္ခာကို ပိုတန်ဖိုးထားကြသည်။ ထို့ပြင် သူတို့ကြုံတွေ့နေရသော အခြေအနေမှာ အနည်းငယ်ပြဿနာများရုံသာရှိပြီး မျှော်လင့်ချက်မဲ့နေသည့်အခြေအနေမျိုး မဟုတ်သေးပေ။

"အာ... ဦးဦးတို့ အားကုန်တာပဲအဖတ်တင်မှာ။ ဒီကောင်တွေကို ပြာဖြစ်သွားတဲ့အထိ မီးရှို့ရင်တောင် သေမှာမဟုတ်ဘူး။ ဒဏ်ရာ ဘယ်လောက်ပြင်းပြင်း ပြန်ကောင်းလာမှာ။ စီနီယာအစ်ကိုတွေက ဒီကောင်တွေကို အကောင်တစ်ထောင်ကျော်တောင် ဖန်တီးထားတာနော်"

"ဘာ"

ချန်ရှောင်ယွမ်၏ စကားကို ကြားလိုက်ရသောအခါ သူတို့ခမျာ ရုတ်တရက် လက်မှိုင်ချချင်သွားကြသည်။

သူတို့အနေနှင့် ဤအရာများကို ဖြေရှင်းနိုင်သည်မှာ အမှန်ပင်။ အခြားသူများကို ထားလိုက်ဦး။ ကျောင်းအုပ်ပိုဒေါ့၏ တားမြစ်မီးကျိန်စာတစ်ခုတည်းဖြင့် ဤအရာအားလုံးကို ပြာကျသွားအောင် လုပ်နိုင်စွမ်းရှိ၏။

သို့သော် သူ့မှော်စွမ်းအင်ပမာဏမှာ တားမြစ်နည်းပညာသုံးခုကိုသာ အများဆုံးထုတ်သုံးနိုင်သည်။ အကယ်၍ ဤနေရာ၌ စွမ်းအင်အများအပြား သုံးစွဲလိုက်ပါက ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ကျောင်းအုပ်ကျန်းမုန့်လောင်နှင့် ဆရာများကို ရင်ဆိုင်ရချိန်တွင် အခက်တွေ့နိုင်ချေရှိ၏။

"ဘယ်လိုလုပ်ကြမလဲ။ သူ့နောက် လိုက်သွားကြမလား"

"မဖြစ်နိုင်တာ... ထူးရှယ်နတ်ဘုရားကျောင်းတော်က လူတွေထဲမှာ လူကောင်းတစ်ယောက်မှ မရှိဘူး။ သူတို့က ငါတို့ကို ပိုအန္တရာယ်များတဲ့နေရာကို ခေါ်သွားတာလည်း ဖြစ်နိုင်တယ်"

"ကလေးမလေး တစ်ယောက်ပဲဟာ... သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိမှာမဟုတ်ပါဘူး"

ကျူရစ်က ဒူးထောက်ချပြီး ချန်ရှောင်ယွမ်၏ ခေါင်းကို ပုတ်လိုက်သည်။

"မင်းက ငါတို့ကို အပြင်ခေါ်ထုတ်ပေးမှာမလား။ မလိမ်ဘူးမလား"

"လိမ္မာတဲ့ကလေးတွေက လိမ်မပြောရဘူးလို့ ဖေဖေနဲ့မေမေက မှာထားတယ်။ သမီးက ဦးဦးတို့လူကြီးတွေလို နေ့တိုင်းလိမ်ပြောမှာ မဟုတ်ပါဘူးနော်"

ချန်ရှောင်ယွမ်က ပြောင်စပ်စပ်မျက်နှာပေးမျိုး လုပ်လိုက်သည်။

ဖြူစင်ပြီး ချစ်စရာကောင်းသော ဤအမူအရာကြောင့် သူတို့၏သတိများလည်း အလျင်အမြန် လျော့ကျသွားတော့သည်။ ဤမိန်းကလေးငယ်မှာ သူတို့ကိုလမ်းပြရန် ရောက်လာခြင်းဖြစ်ပုံရသည်။

"ဒါဆိုရင် ငါတို့ကို အပြင်ရောက်အောင် လမ်းပြပေးဦး"

"အင်း"

ချန်ရှောင်ယွမ်က ခေါင်းညိတ်ပြလိုက်သော်လည်း လမ်းမပြသေးပေ။ ထိုအစား သူ(မ)က သူတို့ကို မျှော်လင့်တကြီး ကြည့်နေပေသည်။

"ကလေးမလေး... ဘာလို့မသွားသေးတာလဲ"

ထိုလူအုပ်စုမှာ ခံစစ်စည်းဝိုင်းကို စတင်ကျုံ့လိုက်ကြပြီး အားကုန်သုံး၍ ဖောက်ထွက်ရန်ပင် ပြင်လိုက်ကြသည်။

"ဦးဦးတို့ကို လမ်းပြပေးစေချင်ရင် သမီးကို အရင်ဆုချရမယ်လေ"

ချန်ရှောင်ယွမ်က ဖောင်းအိနေသော လက်ကလေးကိုဖြန့်ကာ တောင်းဆိုလိုက်၏။

"ဒါလေးရှိတယ်"

မာလင်မှော်ကျောင်းတော်မှ ဆရာမတစ်ယောက်က ဝတ်ရုံထဲရှိ စုပ်လုံးချိုချဉ်တစ်ချောင်းကို ချက်ချင်း ထုတ်လိုက်သည်။ မာလင်မှော်ကျောင်းတော်တွင်လည်း ဤအရွယ်ရှိသော ကလေးအများအပြား ရှိပြီး အဆော့မက်ကြသဖြင့် သကြားလုံးပေးမှသာ စကားနားထောင်တတ်ကြသည်။

သကြားလုံးမှာ ဤအရွယ်ကလေးများအတွက် ဆွဲဆောင်မှုပြင်းထန်သည်။

"ဒါ မလိုချင်ပါဘူး"

အံ့သြစရာကောင်းသည်မှာ ချန်ရှောင်ယွမ်က သူတို့ပေးသည်ကို လက်မခံပေ။

"သမီးကိုကိုက ပြောတယ်။ ဦးဦးတို့က ချမ်းသာတယ်တဲ့။ သမီးက လမ်းပြပေးရမှာဆိုတော့ လမ်းပြခပေးရမှာပေါ့"

"ဟားဟားဟား... ငွေမက်တဲ့ ကလေးမလေးပဲ"

ထိုမှော်ပညာရှင်အမျိုးသမီးက ရယ်လိုက်ပြီးနောက် အိတ်ကပ်ထဲရှိ ယူရိုငွေစက္ကူတစ်ရွက်ကို ထုတ်လိုက်သည်။

"ဒါက ယူရိုတစ်ရာတန်နော်။ ဒါနဲ့ မုန့်တွေအများကြီး ဝယ်စားလို့ရတယ်။ ကဲ... ငါတို့ကို လမ်းပြပေးတော့"

"အန်တီကလည်း ကပ်စေးကုပ်လိုက်တာ"

ချန်ရှောင်ယွမ်က သူတို့ကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

"ဒါက ဂိမ်းစက်ဝယ်ဖို့တောင် မလောက်ဘူး။ သမီးက ပိုကောင်းတဲ့ဂိမ်းစက်လိုချင်တာ။ ပြီးတော့ နောက်ဆုံးပေါ်ဖုန်းနဲ့ ကွန်ပျူတာလည်း လိုချင်သေးတယ်။ အရုပ်တွေလည်း အများကြီးလိုချင်တာ"

"ဒါက ဘယ်သူ့ကလေးလဲဟ"

ကလေးတစ်ယောက်နှင့် အချိန်ဖြုန်းနေရသဖြင့် တော်တော်များများမှာ သည်းမခံနိုင်တော့ပေ။

"ကလေးတစ်ယောက်ကို အဲ့ဒီလိုမပြောပါနဲ့"

ထိုမှော်ပညာရှင်အမျိုးသမီးမှာမူ စိတ်ရှည်နေဆဲပင်။

"ဒါဆိုရင် ပြောကြည့်လေ။ အန်တီတို့ကို ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲကို လိုက်ပို့ဖို့ လမ်းပြခ ဘယ်လောက်တောင်းချင်တာလဲ"

ချန်ရှောင်ယွမ်က လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်၏။

"ယူရိုတစ်ထောင်လား"

မှော်ပညာရှင်အမျိုးသမီးက ရယ်မောရင်း ပိုက်ဆံတစ်ထပ်ကို ထုတ်ယူလိုက်သည်။ သူတို့ကျောင်း၏ ကြွယ်ဝမှုနှင့်ယှဉ်လျှင် ဤပမာဏမှာ ပါးပါးလေးသာ ဖြစ်၏။

"ဒါဆိုရင် ဂိမ်းစက်ရော ဖုန်းအသစ်ရော ဝယ်လို့ရပြီမလား"

"မလောက်သေးဘူး"

ချန်ရှောင်ယွီက နှုတ်ခမ်းစူလိုက်သည်။

"သမီးက 1TB storageပါတဲ့ဖုန်းကို လိုချင်တာ။ ဒီပိုက်ဆံနဲ့ 512GBတောင် ဝယ်လို့မရဘူး"

"ဖုန်းအကြောင်းတောင် နားလည်နေတာလား။ ဒါဆို သမီးလိုချင်တာက ယူရိုတစ်သောင်းလား"

"မဟုတ်ဘူး... မဟုတ်ဘူး"

ချန်ရှောင်ယွမ်က ဖြူစင်စွာ ခေါင်းခါပြလိုက်သည်။

"သမီးလိုချင်တာက ဆယ်သန်း... ယူရိုနဲ့နော်။ တစ်ယောက်ကို ဆယ်သန်းပေးရမှာ"

ထိုစကားကို ကြားလိုက်ရသောအခါ မှော်ပညာရှင်အမျိုးသမီးခမျာ နေရာတွင်ပင် လဲသေတော့မတတ် ဖြစ်သွားချေသည်။ ဤသည်မှာ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ သင်ကြားပေးထားသော ကလေးဆိုးတစ်ယောက်ဖြစ်ကြောင်း သေချာသွားလေပြီ။ ဆယ်သန်းကို ဘာမှမဟုတ်သလို ပေါ့ပေါ့ပါးပါး တောင်းဆိုရဲသတဲ့။ ထို့ပြင် တစ်ယောက်ချင်းစီက ယူရိုငွေဖြင့် ပေးရမည်ဟုလည်း ပြောနေသေးသည်။

ဤနေရာတွင် လူအယောက်တစ်ရာနီးပါးရှိလေရာ စုစုပေါင်း ယူရိုတစ်ဘီလီယံဖြစ်နေချေပြီ။ သူ(မ)က လမ်းပြဖို့လာလေသလား၏ သို့မဟုတ် ဓားပြတိုက်ဖို့ လာလေသလား။

"ဒီကောင်မလေးက လူလည်မလေးပဲ။ သူ့ကြောင့် အချိန်မဖြုန်းကြနဲ့တော့"

"ဟုတ်တယ်။ ဒီမြူခိုးတွေကို ဖြတ်လိုက်ရင် ထွက်ပေါက်ကို ကိုယ့်ဘာသာရှာတွေ့မှာပါ"

"ဒါပေါ့။ ကိုယ့်လမ်းကိုယ်ရှာကြမယ်။ ငါတို့က ရှေ့တည့်တည့်က ဝင်လာတာဆိုတော့ ရှေ့ဆက်သွားရင် သေချာပေါက်ထွက်လို့ရမှာပဲ"

"ဦးဦးတို့ ဒေါ်ဒေါ်တို့ရေ... ရှေ့မှာ အရမ်း အန္တရာယ်များတယ်နော်"

ချန်ရှောင်ယွမ်က ပြောလိုက်၏။

"ဒါက ကိုကို့ရဲ့ မဟာကြယ်တာရာအစီအရင်နှစ်ဆယ့်ရှစ်မျိုးလေ။ ဦးဦးတို့က ဒုတိယအဆင့်ပဲရောက်သေးတာ။ ရှေ့မှာ အစီအရင်မျက်လုံးနှစ်ဆယ့်ခြောက်ခုတောင် ကျန်သေးတယ်။ သတိမထားရင် တကယ်သေသွားလိမ့်မယ်နော်"

ချန်ရှောင်ယွမ်က ဆက်ပြောလိုက်၏။

"တစ်ယောက်ကို ယူရိုဆယ်သန်းဆိုတာ တော်တော် ဈေးပေါနေပါပြီ။ ဦးဦးတို့ နောက်မှဒုက္ခရောက်ရင် ဈေးက နှစ်ဆဖြစ်သွားနိုင်တယ်နော်"

"သူ့ကို ဂရုမစိုက်နဲ့"

ဆိုင်ရယ်က ချန်ရှောင်ယွမ်ကို စိုက်ကြည့်လိုက်သည်။

"ဘာကို မဟာကြယ်တာရာအစီအရင်နှစ်ဆယ့်ရှစ်မျိုးလဲ။ နာမည်ကသာ ကြီးကျယ်နေတာ။ ဘာမှမဟုတ်လောက်ပါဘူး"

"သွားကြစို့"

မှော်ပညာရှင်များနှင့် စိတ်စွမ်းအားရှင်များမှာ အစီအစဉ်သစ်ရေးဆွဲကာ ရှင်းလင်းပြီးသား ဇွန်ဘီအုပ်စုကြားမှ သွေးစွန်းသောလမ်းတစ်ခုကို အတင်းဖောက်ထွက်လိုက်ကြသည်။ သို့သော် ဤသတ္တဝါများမှာ သတ်၍မသေနိုင်ဘဲ အဆုံးအစမရှိလောက်အောင် များလှသဖြင့် သူတို့၏ သဘာဝလွန်စွမ်းအင်များနှင့် မှော်စွမ်းအင်များကို သိသိသာသာ ကုန်ဆုံးစေသည်။ ကျောင်းအုပ်ကြီးများနှင့် ကျောင်းခေါင်းဆောင်အချို့မှလွဲ၍ ထိပ်တန်းကျောင်းသားများအားလုံး အမောဆို့နေကြပြီ ဖြစ်၏။

တတိယမြောက်အတားအဆီးတွင် ကြောက်မက်ဖွယ် ကောင်းသော ဆွဲငင်အားနယ်ပယ်တစ်ခု ရှိနေချေသည်။ စတုတ္ထမြောက်အတားအဆီးတွင်မူ ဓားချီစွမ်းအင်များကို အဆက်မပြတ် ပစ်လွှတ်နေသော ရှေးဟောင်းဓားသုံးလက်ကို ချိတ်ဆွဲထားသည်။ ဤအရာက ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကို ဖြစ်စေရုံသာမက သူတို့ခန္ဓာကိုယ်မှ စွမ်းအင်များကိုပင် ခိုးယူနိုင်စွမ်းရှိ၏။

ရှစ်ခုမြောက် အတားအဆီးသို့ ရောက်သောအခါ ကျောင်းအုပ်ကြီးများပင် ပင်ပန်းနွမ်းနယ်နေကြချေပြီ။

…

"တောက်... သူတို့က ဒီလောက်တောင်အားနည်းတာလား။ လေးငါးနာရီလောက်တော့ ခံမယ်ထင်ထားတာ။ အခုတော့ ရှစ်ခုမြောက်အတားအဆီးမှာတင် ကိစ္စပြတ်နေပြီ"

"မပြောတတ်ဘူးလေ။ ချန်ဖန်းယွမ်... နင်က တတိယနှစ်ကျောင်းသား ဖြစ်ခါနီးနေပြီ။ အဲ့ဒီဓားသုံးလက်ကို ဘယ်ကရလာတာလဲ။ နင် လက်နက်သွန်းလုပ်နည်း မသင်ထားဘူးမလား"

ဘေးနားရှိ ချန်ပင်းယွီက ဝင်ပြောလိုက်သည်။

"ဟီးဟီး ဝမ်းကွဲအစ်မ... ကျိုးမိသားစုက ကျိုးကျယ်ဆီက ငှားလာတာလေ။ အဲ့ကောင်က လက်နက်သွန်းလုပ်တဲ့နေရာမှာ ဆရာကြီးဗျ"

"မြန်မြန်ကြည့်လိုက်။ ရှောင်ယွမ် ပြန်ထွက်လာပြီ"

…

လူတိုင်း မြေပြင်ပေါ်တွင်ထိုင်ကာ အနားယူနေကြသည်။ သူတို့ခမျာ သူခိုးလှေပေါ် တက်မိလိုက်သလို ခံစားလိုက်ရသည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ဝင်ပေါက်ကို မမြင်ရသေးခင်မှာပင် ဤကဲ့သို့သောအခြေအနေမျိုး ဖြစ်သွားလိမ့်မည်ဟု မည်သူကများ ထင်ထားမည်နည်း။

"သိပ်စိတ်ပူမနေပါနဲ့။ ဒီအစီအရင်က စွမ်းအားကြီးပေမဲ့ သူတို့ရဲ့အင်အားတွေလည်း အများကြီးကုန်သွားလောက်ပါပြီ။ ငါတို့ဆီမှာ အရင်းအမြစ် လုံလောက်သရွေ့ ငါလည်း ဒီလိုမှော်အစီအရင်ကို တည်ဆောက်နိုင်တယ်။ ထူးရှယ်နတ်ဘုရားကျောင်းတော်က ငါတို့ထင်ထားသလောက် ကြောက်စရာမကောင်းလောက်ပါဘူး"

"ဒါပေမဲ့ ငါတို့ရဲ့ခွန်အားတွေက တော်တော်ကုန်ခမ်းနေပြီနော်"

"ဆယ်သန်းဆိုလည်း ဆယ်သန်းပေါ့ကွာ။ ဒီနေရာက မြန်မြန်ထွက်သွားကြစို့။ ဒီလောက်ပိုက်ဆံပမာဏက အများကြီးမှမဟုတ်တာ"

"ကလေးမလေး"

လူအချို့က ချန်ရှောင်ယွမ်ကို လက်လှမ်းပြလိုက်ကြသည်။

"ဦးဦးတို့ ဒေါ်ဒေါ်တို့က သမီးကို လမ်းပြစေချင်လို့လား"

ချန်ရှောင်ယွမ်က လက်လေးဖြန့်ကာ ချိုသာစွာ ပြုံးပြလိုက်သည်။

ကျောင်းအုပ်ကြီးအချို့မှာ မတတ်သာသည့်အဆုံး ချက်လက်မှတ်ကိုထုတ်ကာ ဂဏန်းတစ်ခုချရေးပြီး လက်မှတ်ထိုးလိုက်ကြ၏။

"ဒါဆို ရပြီမလား"

ချန်ရှောင်ယွမ်က ချက်လက်မှတ်ကို ပြုံးရွှင်စွာယူလိုက်သော်လည်း သူ(မ)၏မျက်ဝန်းများမှာ ရုတ်တရက် စိတ်ပျက်သွားပုံပေါက်သွားသည်။

"ဒီပမာဏက မမှန်တော့ဘူးလေ။ စောစောက လမ်းပြခမပေးရင် နောက်မှ ဈေးတက်မယ်လို့ ပြောထားသားပဲ"

"ငါတို့ကလည်း နှစ်ဆတောင် ပေးထားတာလေ"

"တစ်ယောက်ကို ယူရိုသန်းနှစ်ဆယ်ဆိုတာက ဒုတိယအတားအဆီးတုန်းက ဈေးနှုန်းလေ။ အခု ကိုးခုမြောက်အတားအဆီးကို ရောက်နေပြီဆိုတော့ ဒီအဆင့်က တစ်ယောက်ကို ယူရိုတစ်ဘီလီယံကျတယ်"

All Chapters