အခန်း (၂၂၉၅-၂၂၉၆)
Vol. 170 Ch. 2295-2296
အခန်း(၂၂၉၅)
နတ်ကုန်းမြေတိုက်၏ အရှေ့ဘက်ဒေသရှိ စန်းမင်တောင်။
အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ကျီရွမ်ရီနှင့် ဘိုးဘေး ကျီထျန်းယို့ အပါအဝင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှ အကြီးအကဲ အများအပြားသည် အစည်းအဝေးခန်းထဲတွင် စုဝေးနေခဲ့ကြသည်။
ခန်းမထဲရှိ လေထုသည် အလွန်တရာပင် လေးနက်နေခဲ့၏။
“အားလုံးပဲ.. ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက နတ်ဆိုးတားမြစ်နယ်မြေရဲ့ စည်းတံဆိပ်ကို ချိုးဖျက်ပြီး ထွက်လာခဲ့ကြပြီ.. သူတို့ရဲ့အရှိန်အဟုန်က အရမ်းကို မြန်ဆန်လွန်းတယ်.. အခုဆိုရင် ဟောင်ထျန်းဓားဂိုဏ်း တစ်ဂိုဏ်းလုံး ကျဆုံးသွားခဲ့ပြီ.. ဒါကြောင့် ငါတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုလည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုမယ်ထင်တယ်”
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် ကျီရွမ်ရီသည် ခန်းမထဲရှိ တိတ်ဆိတ်မှုကို အဆုံးသတ်တွင် ချိုးဖျက်လိုက်သည်။
“ငါတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှာ ဆုတ်စရာလမ်း မရှိဘူး ထင်တယ်.. အလယ်ပိုင်းဒေသကို ဆုတ်ခွာမယ် ဆိုရင်တောင် ငါတို့အတွက် နေရာရှိမယ် မထင်ဘူး”
အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ အကြီးအကဲတစ်ဦးက လေးနက်စွာ ပြောလိုက်သည်။
“ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက အရမ်းကို အစွမ်းထက်တဲ့အတွက် ငါတို့အနေနဲ့ ရင်ဆိုင်ဖို့မလွယ်ဘူး.. လောလောဆယ်တော့ စန်းမင်တောင်ကနေပဲ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ခုခံဖို့ ကြိုတင်ပြင်ဆင်ရမယ်.. အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့.. စစ်မိစ္ဆာမဟာမိတ်အဖွဲ့က ဒီကိစ္စကို ဒီအတိုင်းလွှတ်ထားမှာ မဟုတ်လောက်ပါဘူး”
ထိုစကားကိုကြားလျှင် တခြားသော အကြီးအကဲများသည်လည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ယင်းအခိုက်အတန့်တွင် ကျီရွမ်ရီသည် ကျီထျန်းယိုကို ကြည့်ကာ ပြောလိုက်၏။
“ဘိုးဘေးရော ဒီကိစ္စကို ဘယ်လိုမြင်လဲ”
ကျီထျန်းယိုက ကျီရွမ်ရီ၏ စကားကို ပြန်ဖြေရန် ပြင်လိုက်စဥ်မှာပင် ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး ရုတ်ခြည်းဆိုသလို အမူအရာ ပြောင်းလဲသွားခဲ့သည်။
သူ၏မျက်ဝန်းအစုံကနေ ပြင်းထန်သည့် အလင်းတန်း တစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး ခန်းမကို ထိုးဖောက်ကာ မိုင်ပေါင်းသောင်းချီ အကွာအဝေးရှိ လေထုတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
ထို့နောက်တွင်မူ ကျီထျန်းယို၏ စကားသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“ဒီကိစ္စကို ဆွေးနွေးနေစရာ မလိုတော့ဘူး.. ခဏနေ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု ရောက်လာတော့မယ်.. အားလုံးပဲ တိုက်ပွဲအတွက် ပြင်ဆင်ထားကြတော့”
ကျီထျန်းယို၏ စကားကြောင့် ကျီရွမ်ရီနှင့် အကြီးအကဲများသည် သိသိသာသာပင် မျက်နှာပျက်ယွင်းသွားခဲ့သည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ဤမျှလောက်အထိ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။
ကျီရွမ်ရီက အချိန်ဆွဲမနေတော့ဘဲ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ရာ စန်းမင်တောင်၏ အထက် ကောင်းကင်ယံတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
ထို့နောက်တွင် ကျီရွမ်ရီ၏ ကျယ်လောင်သော အမိန့်ပေးသံသည် ကျီမျိုးနွယ်စု တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။
“သိပ်မကြာခင် ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုတွေ ငါတို့ကျီမျိုးနွယ်စုဆီ ရောက်လာတော့မယ်.. နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူတွေ အားလုံး ငါနဲ့အတူ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ခုခံဖို့ အသင့်ပြင်ထားကြပါ”
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ကျီရွမ်ရီ၏ အမိန့်ပေးသံ အဆုံးသတ်သည်နှင့်အမျှ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ နယ်မြေနတ်ဘုရားအဆင့်အကြီးအကဲများနှင့် တပည့်များသည် မျိုးနွယ်စုထဲကနေ ကောင်းကင်ယံသို့ ပျံသန်းကာ ထွက်လာခဲ့ကြသည်။
တစ်ခဏအတွင်း ကျီရွမ်ရီ၏ နောက်တွင် ပုံရိပ်ပေါင်း ထောင်ချီ စုဝေးသွားခဲ့သည်။
တစ်ဦးချင်းစီ၏ အရှိန်အဝါသည် နယ်မြေနတ်ဘုရား အဆင့်ထက် မနိမ့်ကျပေ။
ကျီရွမ်ရီက ကျီမျိုးနွယ်စု၏ အဓိက အင်အားများကို စုစည်းလိုက်ပြီး အခြေအနေကို အလေးအနက်ထား စောင့်ကြည့်နေခဲ့သည်။
စန်းမင်တောင်၏ အပြင်ဘက်ရှိ အဝေးတစ်နေရာတွင် ကောင်းကင်နှင့် မြေကြီးကိုပင် ဖုံးလွှမ်းနိုင်လောက်သည့် အနက်ရောင် မှော်စွမ်းအင်များသည် ကျီမျိုးနွယ်စု ရှိရာဘက်သို့ တလိမ့်လိမ့် တက်လာခဲ့သည်။
ထို့နောက်တွင် အနက်ရောင် နတ်ဆိုးအရှိန်အဝါများသည် လေထုထဲတွင် အလျင်အမြန် ပျံ့နှံ့လာခဲ့၏။
သိပ်မကြာခင်မှာပင် ကြောက်မက်ဖွယ်ရာကောင်းသည့် နတ်ဆိုးစွမ်းအင်များသည် စန်းမင်တောင်နှင့် ပေတစ်ထောင်ခန့်သာ ဝေးသည့် လေထုထဲတွင် ပေါ်လာခဲ့သည်။
ကျီမျိုးနွယ်စုမှ လူများက အသေအချာ အကဲခတ်လိုက်ရာ အနက်ရောင် မှော်စွမ်းအင်ထဲတွင် အင်အား ထောင်ချီသော ဟင်းလင်းပြင် နတ်ဆိုးများကို တွေ့လိုက်ရသည်။
၎င်းတို့ကို ဦးဆောင်လာသည့် နတ်ဆိုးသုံးပါးသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူများထက် သိသိသာသာပင် မနိမ့်ကျပေ။
အထူးသဖြင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အရပ်ရှည်ရှည်နှင့် နတ်ဆိုး၏ အရှိန်အဝါသည် အလွန်တရာပင် အားကောင်းလှ၏။
ကျီရွမ်ရီ၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ထိုအနက်ရောင်ဝတ်စုံဝတ် နတ်ဆိုး၏ အရှိန်အဝါ ဖိအားအောက်တွင် အသက်ရှူရကြပ်သလို ခံစားလိုက်ရသည်။
“ဝုန်း..”
ထိုအချိန်မှာပင် ကျီထျန်းယိုသည် ကျီရွမ်ရီတို့၏ ရှေ့ရှိ လေထုထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုး၏ အရှိန်အဝါဖိအားကို ခုခံပေးလိုက်သည်။
သူက ရှေ့ဆုံးကနေ ဦးဆောင်လာသည့် အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုးကို အေးစက်စက် စိုက်ကြည့်ကာ ခနဲ့လိုက်သည်။
“မင်းတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ထာဝရဟင်းလင်းပြင်မှာ မနေဘဲ နတ်ကုန်းမြေတိုက်ဆီ လာပြီး ရမ်းကားရဲတယ်လား”
“ဟားဟား ငါတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ဘာလို့ နတ်ကုန်းမြေတိုက်ကို မလာရဲရမှာလဲ.. ကျန်းချင်းထျန်းသာ နတ်ကုန်းမြေတိုက်မှာ ပေါ်ထွက်မလာခဲ့ရင် ဒီနတ်ကုန်းမြေတိုက်က ဟိုးအရင်ကတည်းက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ ကမ္ဘာကြီး ဖြစ်နေလောက်ပြီ”
အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုးက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ နက်မှောင်သော မျက်ဝန်းအစုံဖြင့် ကျီထျန်းယိုကို စိုက်ကြည့်လိုက်သည်။
“အဘိုးကြီး.. အခုချိန် မင်းရဲ့ မျိုးနွယ်စုနဲ့အတူ ငါ့ဆီမှာ အညံ့ခံမယ်ဆိုရင် အချိန်မီပါသေးတယ်”
ကျီထျန်းယို၏ အမူအရာက အေးစက်နေခဲ့သည်။
သူ၏ နတ်ဘုရင် စတုတ္ထအဆင့် အထွတ်အထိပ် အရှိန်အဝါသည် တစ်ခဏအတွင်း အစွမ်းကုန် ပေါက်ကွဲထွက်လာခဲ့သည်။
“ဂုဏ်သိက္ခာကြီးမားတဲ့ ငါတို့ ကျီမျိုးနွယ်စုက မင်းတို့လို ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု ဆီမှာ ဘာလို့ အညံ့ခံရမှာလဲ အပိုစကားတွေပြောမနေနဲ့.. တိုက်ချင်ရင် တိုက်လို့ရပြီ”
ကျီထျန်းယို၏ စကားကိုကြားလျှင် အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုး၏ မျက်ဝန်းများသည် ရုတ်တရက် အေးစက်သွားခဲ့သည်။
“အဘိုးကြီး မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေမှတော့လည်း ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့”
ထိုစကားကို ပြောပြီးသည်နှင့် အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုးသည် နေရာမှာပင် ပျောက်ကွယ်သွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကျီထျန်းယို၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုးသည် ကျီထျန်းယို၏ ရှေ့ရှိ လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျီထျန်းယိုကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ကျီထျန်းယိုက မျက်မှောင်ကြုတ်သွားခဲ့ပြီး မဟာလမ်းစဥ်၏ ခမ်းနားသော စွမ်းအားများကို ဧရာမ လက်ဖဝါးအဖြစ် ပြောင်းလဲကာ အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုး၏ လက်သီးချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
စန်းမင်တောင်၏ အထက်ကောင်းကင်ယံတွင် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းတစ်ခုသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ရိုက်ခတ်သွားခဲ့ကာ ကောင်းကင်ယံ တစ်ခုလုံးကို ရှုပ်ထွေးသွားစေခဲ့သည်။
ကျီထျန်းယို၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားခဲ့ပြီး ကောင်းကင်ယံထက်တွင် မိုင်ပေါင်းထောင်ချီ နောက်ဆုတ်သွားခဲ့ရ၏။
သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ်ဖြစ်နေသော စွမ်းအားများကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက်တွင် အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုးကို ကြည့်နေသည့် အကြည့်သည် တစ်ခဏအတွင်း ပို၍ လေးနက်သွားခဲ့သည်။
“ပဉ္စမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားပါလား”
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုးသည် နတ်ဘုရင် ပဉ္စမအဆင့်ထက်ပင် ပို၍ သန်မာသည့် ပဉ္စမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဖြစ်နေခဲ့၏။
သူ၏ အင်အားဖြင့်ဆိုလျှင် ထိုနတ်ဆိုးကို အနိုင်ယူဖို့အသာထား၊ ထိန်းထားနိုင်ဖို့ပင်လျှင် လွယ်ကူသောကိစ္စမဟုတ်ပေ။
ယင်းအပြင် ဤတစ်ကြိမ် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို လာရောက် တိုက်ခိုက်သည့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုထဲတွင် သူ့ရှေ့မှ တစ်ယောက် အပြင် အခြား နတ်ဆိုးနတ်ဘုရား နှစ်ပါးလည်း ရှိနေသေး၏။
ထိုနတ်ဆိုးနတ်ဘုရား နှစ်ပါးလုံးသည် ကျီရွမ်ရီ၏ ခွန်အားထက် မနိမ့်ကျပေ။
ဆိုရလျှင် ယနေ့တိုက်ပွဲတွင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် အမှန်တကယ်ပင် အန္တရာယ်များနေခဲ့၏။
“အားလုံးပဲ အမြစ်ပြတ်သုတ်သင်ကြ”
ထိုအချိန်မှာပင် ကျန်နတ်ဆိုးနတ်ဘုရား နှစ်ပါးသည် တုံ့ဆိုင်းမနေဘဲ ဟင်းလင်းပြင်နတ်ဆိုးများကို ဦးဆောင်ကာ ကျီရွမ်ရီတို့ ဆီသို့ ပြေးဝင်လာခဲ့ကြသည်။
ကျီရွမ်ရီ၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး အရှေ့ဘက်ဒေသကျီမျိုးနွယ်စု၏ အကြီးအကဲ အများအပြားနှင့်အတူ စန်းမင်တောင်၏ ကာကွယ်ရေးအစီအရင်ကို အလျင်အမြန်ပင် လှုံ့ဆော်ကာ ဟင်းလင်းပြင်နတ်ဆိုးများ၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။
ဆရာသခင်စန်းမင် ကိုယ်တိုင် စီရင်ထားသည့် အကာအကွယ်အစီအရင်ဖြင့် ကျီရွမ်ရီ တို့သည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ တိုက်ခိုက်မှုကို တစ်ခဏမျှ တားဆီးထားနိုင်သော်လည်း အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ အင်အားသည် အရေအတွက်ရော၊အရည်အသွေးအရပါ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုထက် များစွာ နိမ့်ကျနေခဲ့သည်။
ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် စန်းမင်တောင်၏ ကာကွယ်ရေး အစီအရင်သည် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကြောင့် ပျက်စီးသွားရန် အချိန်တစ်ခုသာ လိုအပ်တော့၏။
ကာကွယ်ရေးအစီအရင် ပျက်စီးသွားသည်နှင့်အမျှ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် လုံးဝကို အဆုံးသတ်သွားပေလိမ့်မည်။
ဤအခိုက်အတန့်တွင် ကျီထျန်းယို၏ အမူအရာသည် အလွန်တရာပင် လေးနက်နေခဲ့သည်။
ကျီထျန်းယိုက လက်ဟန်များကို ပြုလုပ်လိုက်ရာ ရှီဝမ်စည်းတံဆိပ်သည် သူ၏လက်ထဲတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
ထို့နောက်တွင် ကျီထျန်းယိုသည် ရှီဝမ်စည်းတံဆိပ်ကို အစွမ်းကုန် အသုံးပြုကာ အနက်ရောင်ဝတ်စုံဝတ် နတ်ဆိုးကို တိုက်ခိုက်လိုက်၏။
အနက်ရောင်ဝတ်စုံဝတ် ဟင်းလင်းပြင် နတ်ဆိုးသည် အနည်းငယ်မျှပင် ကြောက်ရွံ့မှုမရှိဘဲ ကျီထျန်းယိုကို ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်လိုက်သည်။
စန်းမင်တောင်၏ ကာကွယ်ရေး အစီအရင်က ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုအောက်တွင် ယိုင်နဲ့လာသည်ကို မြင်လိုက်ရလျှင် ကျီထျန်းယို၏ မျက်ဝန်းထဲ၌ စိုးရိမ်မှုများ ပြည့်နှက်လာခဲ့သည်။
ကျီထျန်းယိုက ရှီဝမ် စည်းတံဆိပ်၏ စွမ်းအားဖြင့် သူ့ရှေ့မှ ပဉ္စမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို ယှဥ်ပြိုင်နိုင်သော်လည်း ကျီရွမ်ရီတို့ အတွက်မူ ဘာမှ မတတ်နိုင်ခဲ့ပေ။
ယခုပုံအတိုင်းသာဆိုလျှင် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုသည် ယနေ့တွင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ လက်ထဲတွင် သေချာပေါက် မျိုးဖြုတ်ခံရတော့မည်မဟုတ်ပါလော။
အခန်း(၂၂၉၅)ပြီး၏။
အခန်း(၂၂၉၆)
ကျီထျန်းယိုသည် အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့သည်။
သူက ရှီဝမ်စည်းတံဆိပ်ကို အသုံးပြုကာ အနက်ရောင်ဝတ်စုံဝတ် ဟင်းလင်းပြင်နတ်ဆိုးကို နောက်ဆုတ်စေပြီး အောက်ဘက်ရှိ ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား တစ်ပါးကို သတ်ဖြတ်၍ ကျီရွမ်ရီတို့ အပေါ်တွင် ကျရောက်နေသည့် ဖိအားများကို လျှော့ချပေးချင်ခဲ့သည်။
သို့သော်လည်း အနက်ရောင်ဝတ်စုံဝတ် ဟင်းလင်းပြင်နတ်ဆိုးသည် ကျီထျန်းယို၏ အတွေးကို သိရှိနေခဲ့ပြီး ကျီထျန်းယိုကို ထွက်သွားခွင့်မပေးဘဲ ပိတ်ဆို့ထား၏။
သူတို့နှစ်ဦး စန်းမင်တောင်၏ အထက်ကောင်းကင်ယံတွင် အဆက်မပြတ် တိုက်ခိုက်နေကြစဥ် အောက်ဘက်ကနေ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်သံသည် အဆုံးသတ်တွင် ထွက်ပေါ်လာခဲ့သည်။
ယင်းမှာ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ အရူးအမူးတိုက်ခိုက်မှုအောက်တွင် စန်းမင်တောင်၏ ကာကွယ်ရေးအစီအရင်သည် အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီး “ဝုန်းခနဲ”မြည်ဟည်းကာ ပေါက်ကွဲထွက်သွားခဲ့ခြင်းပင်။
စန်းမင်တောင်၏ ကာကွယ်ရေးအစီအရင် ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ကျီရွမ်ရီသည် ညီးညူလိုက်ရပြီး မျက်နှာသည်လည်း တစ်ခဏအတွင်း ဖြူဖျော့သွားခဲ့၏။
ကျီရွမ်ရီ၏ နံဘေးရှိ ကျီမျိုးနွယ်စုမှ အကြီးအကဲအများအပြားသည်လည်း သွေးတစ်လုတ်ဆီ အန်ထုတ်လိုက်ကြရသည်။
“သတ်ကြ”
စန်းမင်တောင်၏ ကာကွယ်ရေးအစီအရင် ပျက်စီးသွားသည်နှင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားနှစ်ပါး ဦးဆောင်သော ဟင်းလင်းပြင် နတ်ဆိုးများသည် စန်းမင်တောင်ထဲသို့ အတင်းပင် ပြေးဝင်လာခဲ့ကြသည်။
ကျီရွမ်ရီက သွားကို အံတင်းတင်းကြိတ်ကာ ခုခံရန်အတွက် အလျင်အမြန်ပင် ရှေ့တက်လာခဲ့၏။
သို့သော်လည်း သူ့ရှေ့ရှိ နှစ်ဦးစလုံးသည် ဒုတိယအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားများ ဖြစ်ကြသည်။
၎င်းတို့ထဲမှ တစ်ဦးကိုပင် သူ့အတွက် ခုခံရန် မလွယ်ကူချေ။
သို့ဖြစ်ရာ နှစ်ဦးပေါင်း တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော အချိန်တွင် ကျီရွမ်ရီသည် ချက်ချင်းဆိုသလိုပင် အောက်စည်းသို့ရောက်ရှိသွားခဲ့သည်။
ယင်းမြင်ကွင်းသည် အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စု၏ မရေမတွက်နိုင်သော တပည့်များ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်ကင်းမဲ့သော အမူအရာများ ဖြစ်ပေါ်စေခဲ့၏။
ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ ခွန်အားသည် အလွန်တရာ ကြီးမားလွန်းပြီး သူတို့ အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုအနေဖြင့် ခုခံနိုင်စွမ်းမရှိခဲ့ပေ။
“ပုရွက်ဆိတ်လေးတွေကများ ငါတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို တားဆီးချင်နေသေးတယ်ပေါ့.. သွားသေလိုက်ကြတော့”
ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား တစ်ပါးက အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုမှ တပည့်များကို အေးစက်စက် ငုံ့ကြည့်လိုက်သည်။
ထို့နောက်တွင် သူက နတ်ဆိုးစွမ်းအားများဖြင့် ဧရာမ ခြေထောက်ကို ဖန်တီးလိုက်၏။
ထိုဧရာမခြေထောက်ကြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ နေရာလွတ်များသည် ပြိုလဲသွားခဲ့ပြီး နေနှင့်လပင် ဗြောင်းဆန်မတတ် ဖြစ်သွားခဲ့သည်။
“ဝုန်း..”
ထိုဧရာမခြေထောက်၏ စွမ်းအားသည် ကျီမျိုးနွယ်စုဝင်အများအပြား၏ မျက်ဝန်းထဲတွင် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။
သူတို့အားလုံးက သူတို့ဆီသို့ ကောင်းကင်ယံကနေ ကျဆင်းလာသည့် ဧရာမ ခြေထောက်ကြီးကို ထိတ်လန့် တုန်လှုပ်စွာ ကြည့်နေခဲ့ကြသည်။
ထိုဧရာမခြေထောက်ကြီး သူတို့ထံ ရောက်မလာခင်မှာပင် ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအင် အရှိန်အဝါသည် သူတို့၏ စိတ်နှလုံးကို နက်နက်ရှိုင်းရှိုင်းပင် တုန်လှုပ်စေခဲ့သည်။
ကျင့်ကြံခြင်းအဆင့် နိမ့်ကျသော ကျီမျိုးနွယ်စုမှ တပည့်အချို့ဆိုလျှင် ထိုကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအား အရှိန်အဝါ ဖိအားအောက်တွင် တိုက်ရိုက် လဲကျသွားခဲ့ပြီး နေရာမှာတင် သေဆုံးသွားခဲ့ကြသည်။
ယင်းအချိန်တွင် ကျီရွမ်ရီသည် အလွန်အမင်း စိုးရိမ်နေခဲ့သည်။
အကယ်၍သာ ဧရာမခြေထောက်ကြီး အောက်ဘက်သို့ ကျရောက်လာခဲ့လျှင် ကျီမျိုးနွယ်စုမှ တပည့် အများအပြားသည် ထိုခြေထောက်အောက်တွင် ကျဆုံးသွားကြမည်ကို သူစိုးရိမ်နေမိသည်။
ထိုအခိုက်အတန့်တွင် ကျီရွမ်ရီသည် သူ၏ အစွမ်းရှိသမျှကို ထုတ်သုံးကာ ထို ဧရာမခြေထောက်ကြီးကို တားဆီးရန် ကြံရွယ်လိုက်သည်။
သို့သော်လည်း ထိုအချိန်မှာပင် အဝေးရှိ ကောင်းကင်ယံကနေ တောက်ပသော ရွှေရောင်ဓားအလင်း တစ်ခုသည် နေရာလွတ်ကို ဖြတ်ကျော်လာခဲ့ပြီး ဧရာမ ခြေထောက်ကြီးကို ပိုင်းဖြတ်သွားခဲ့သည်။
"ဝုန်း"
ဧရာမ ခြေထောက်ကြီးသည် ရွှေရောင်ဓားအလင်း၏ လက်ချက်ဖြင့် ပေါက်ကွဲထွက်သွားခဲ့၏။
ရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် ကျီရွမ်ရီတို့သာမက ဧရာမ ခြေထောက်ကို ထုတ်ဖော်လိုက်သည့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ အမူအရာသည်လည်း ပြောင်းလဲသွားခဲ့သည်။
သူက ချက်ချင်းဆိုသလိုပင် ရွှေရောင်ဓားအလင်း ထွက်ပေါ်လာသည့် အရပ်မျက်နှာ ဆီသို့ လှမ်းကြည့်လိုက်၏။
ထိုအခါ ရှေးဟောင်းရွှေရောင်ဓားကို ကိုင်ဆောင်ထားသော အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် စန်းမင်တောင်ဆီသို့ လှမ်းလာနေသည်ကို မြင်လိုက်ရသည်။
“ကျန်း.. ကျန်းချန်လား”
စန်းမင်တောင်ဘက်သို့ လှမ်းလာနေသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မြင်လျှင် ကျီရွမ်ရီသည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
ထို့နောက်တွင် သူ၏ မျက်ဝန်းထဲ၌ အလွန်အမင်း ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
နတ်ဆိုးတားမြစ်နယ်မြေ၏ စည်းတံဆိပ်ကို ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စု ထိုးဖောက်ခဲ့သောအချိန်တွင် ကျီရွမ်ရီသည် ကျန်းချန်ကို ချက်ချင်းဆိုသလို အကြောင်းကြားခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် အရှေ့ဘက်ဒေသသို့ ဤမျှမြန်မြန်ဆန်ဆန် ရောက်လာနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကျီရွမ်ရီသည် အရှေ့ဘက်ဒေသတွင်သာ နေထိုင်သော်လည်း အလယ်ပိုင်းဒေသ၏ ကိစ္စများကို မသိဘဲ မနေခဲ့ပေ။
အထူးသဖြင့် ကျန်းချန်သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် လုံကျိုးဟန်ကို အနိုင်ယူခဲ့မှန်း ကျီရီရွမ် ကောင်းစွာ သိရှိထားခဲ့သည်။
ကျန်းချန်၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် သူတို့၏ ဘိုးဘေးကျီထျန်းယို ထက် အနည်းငယ်မျှပင် မနိမ့်ကျပေ။
ကျန်းချန် ရောက်ရှိလာပြီ ဖြစ်သောကြောင့် အရှေ့ဘက်ဒေသကျီမျိုးနွယ်စုသည် ကယ်တင်ခြင်း ခံရပေတော့မည် မဟုတ်ပါလော။
“ဟမ့်.. မလောက်လေးမလောက်စား ကောင်လေးကများ ငါတို့ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုရဲ့ကိစ္စမှာ ဝင်ရှုပ်ရဲတယ်.. သေမင်းကို လက်ယပ်ခေါ်ချင်နေတဲ့ပုံပဲ”
ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားက ကျန်းချန်ကို မထီမဲ့မြင်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် နတ်ဆိုးစွမ်းအားများကို စုစည်းကာ ဧရာမ လက်တစ်ဖက် အဖြစ်သို့ ပြောင်းလဲ၍ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
“ဟားဟား မင်းလို ဒုတိယအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား တစ်ပါးက ငါ့ရဲ့ရှေ့မှာ ပုရွက်ဆိတ်တစ်ကောင် သာသာပဲ.. ငါ့ရှေ့မှ လူပါးဝဖို့ မင်းကို ဘယ်သူက သတ္တိပေးလိုက်တာပဲ”
ကျန်းချန်က ခပ်ထေ့ထေ့ ရယ်မောလိုက်ပြီး ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။
ထိုဓားချက်က အလွန်ပင် ရိုးရှင်းပြီး လေထဲတွင် လှိုင်းထန်ခြင်းပင် မရှိခဲ့ပေ။
သို့သော်လည်း ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ လက်ဖဝါးသည် ဘာမှမကျန်ရှိတော့သည်အထိ ချေမှုန်းခံလိုက်ရသည်။
နောက်ထပ် တစ်ခဏတွင် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး ၎င်း၏ မျက်ခုံးနှစ်ခုကြားတွင် အလွန်ဆန်းကြယ်သော ဓားဒဏ်ရာ တစ်ခု ပေါ်လာခဲ့၏။
ထိုဓားဒဏ်ရာသည် သူ၏ မျက်ခုံးနှစ်ခုကြားကို ဗဟိုပြုကာ ပင့်ကူအိမ် ကဲ့သို့ ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်တစ်ခုလုံးဆီ ပျံ့နှံ့သွားခဲ့သည်။
“မင်း.. မင်း”
ဤအခိုက်အတန့်တွင် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။
သို့သော်လည်း သူ၏ စကားမဆုံးမီမှာပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လေထဲတွင် “ဝုန်းခနဲ”မြည်ကာ ပေါက်ကွဲထွက်သွားခဲ့၏။
ယင်းမြင်ကွင်းသည် ကျန်ရှိသော ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို ထိတ်လန့်သွားစေခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ သာမန်ဟုသာ ထင်ရသော ဓားချက်သည် ဒုတိယအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား တစ်ပါးကို သုတ်သင်ပစ်လိုက်သည် မဟုတ်ပါလား။
ထိုလူငယ်၏ စွမ်းရည်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။
သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲတော့ဘဲ ထိတ်လန့်နေသော ယုန်တစ်ကောင် ကဲ့သို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ကံဆိုးစွာဖြင့် ကျန်းချန်သည် သူ့ကို ထွက်ပြေးခွင့်မပေးဘဲ ရှေးဟောင်း ရွှေရောင်ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်၏။
ထို့နောက်တွင်မူ ထိတ်လန့်တကြား ထွက်ပြေးနေသော ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် ကျန်းချန်၏ ဓားချက်ဖြင့် ခုတ်ပိုင်းခံလိုက်ရပြီး လေထဲတွင် သွေးတိမ်တိုက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်၏ လက်ရှိ အင်အားဖြင့်ဆိုလျှင် ဒုတိယအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို သတ်ဖြတ်ခြင်းသည် ကြက်သတ်သကဲ့သို့ပင် လွယ်ကူလှ၏။
“ကျီမျိုးနွယ်စုက တပည့်တွေ င့ါအမိန့်ကို နားထောင်ကြ.. ငါနဲ့အတူ ဒီဟင်းလင်းပြင် နတ်ဆိုးတွေကို ချေမှုန်းကြစို့”
ကျန်းချန်က ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားအား သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ကျီရွမ်ရီသည် ချက်ချင်းဆိုသလိုပင် ကျီမျိုးနွယ်စုဝင်များကို အမိန့်ပေးလိုက်သည်။
ယင်းနောက်တွင် ကျီရွမ်ရီသည် ကျီမျိုးနွယ်စုဝင် အများအပြားကို ဦးဆောင်ကာ ဟင်းလင်းပြင်နတ်ဆိုးများကို သတ်ဖြတ်ရန် တိုးဝင်သွားခဲ့သည်။
အခန်း(၂၂၉၆)ပြီး၏။