← Chapters

ထာဝရကျေးရွာ ရွာသူကြီးယန်ချန်

Vol. 22 Ch. 220

ထာဝရကျေးရွာ ရွာသူကြီးယန်ချန်

Vol. 22 Ch. 220

နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သည်။ ယန်ချန်၏ဘဝက သာမန်ဆန်သည့် ရွာသူကြီးဘဝကို ပြန်ရောက်သွားသည်။

ထာဝရကျေးရွာမှာ ယန်ချန်အစ ဘဝတုန်းကလိုပင် ကျင့်ကြံသူများ၏ မြင့်မြတ်နယ်မြေ ဖြစ်နေသေးပြီး အခြားလောကမှ နတ်ဘုရားများ အင်မော်တယ်များမှာ ထိုကျေးရွာ၌ ခြံဝန်းတစ်ခု ရရှိရန် စောင့်ဆိုင်းနေကြလေသည်။

“ယောက်ျား ဒီလရွာအခွန်စာရင်းကို ကျေးရွာကော်မတီဆီအပ်လိုက်ပြီ”

ရှုယင်က စကားစလာသည်။ ထာဝရကျေးရွာကို ယန်ချန်အုပ်ချုပ်ပြီးနောက် ခြံဝန်းတခုဆီက သီးသန့်ရပ်တည်ခဲ့ကြပြီး ထိုအခြေနေက တကယ့်ကျေးရွာတစ်ခုနဲ့ တူညီစေသည်။

“အင်း… အစ်မရှုလည်း ရွာကိစ္စနဲ့ အတော်ပင်ပန်းနေပြီးမဟုတ်လား လာမယ့်ရက်အနည်းငယ်အတွင်း ကျတော်တို့ ခရီးတစ်ခု ထွက်ကြတာပေါ့”

ယန်ချန်က လက်ဖက်ရည်အနည်းငယ်အား အရသာခံသောက်ရင်း တုန့်ပြန်လိုက်သည်။ ထိုစကားကိုကြားလျင် မင်ယုရှန်းက

“ဒီတခေါက် ကျွန်မတို့ဘယ်ကိုသွားမလဲ”

“ဟုတ်တယ် ကျွန်မတို့လည်ပတ်စရာ နေရာက စုံနေပြီယောက်ကျား”

လုလင်းယွဲ့ကလည်း ဝင်ရောက်ပြောဆိုသည်။ သူမက နတ်ဘုရားတစ်ပါးဖြစ်လာပြီးနောက် အင်မော်တယ်လောကကို အုပ်ချုပ်ရသော်လည်း အချိန်အများစု၌ ထာဝရကျေးရွာ၌သာ ယန်ချန်နဲ့အတူ နေထိုင်လေသည်။

“ကမ္ဘာဂြိုလ်ကိုပြန်မယ် အလည်အပတ်ပေါ့ ဒါနဲ့ ဟွမ်အာကို အခုဘယ်မှာလဲ”

ယန်ချန့်အမေးကိုကြားလျင် မင်ယုရှန်းက နှာခေါင်းရှုံ့လိုက်သည်။

“အစ်မဟွမ်က ဘိုးဘေးတွေနဲ့ ရှိနေမှာပေါ့ သူက ရှီဟွမ်လောကကို ပေါင်းစည်းဖို့ ကြိုးစားနေတာလေ”

ယန်ချန်တစ်ယောက် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ထာဝရအဆင့်ကိုရောက်ပြီးနောက် ယန်ချန့်ရဲ့စိတ်များက အချိုးကွေ့များစွာ ဖြစ်ပေါ်စေခဲ့ပြီး ထိုအဖြစ်ပျက်များက သာမန်ဘဝတစ်ခု၌ အခြေချရန် တိုက်တွန်းခဲ့လေသည်။

“ကလေးတွေကို ခေါ်မသွားတော့ဘူး သူတို့ဘာသာ လွတ်လွတ်လပ်လပ်နေကြပါစေ”

ယန်ချန့်စကားကို ဇနီးများက ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ကြသည်။ နတ်ဘုရားမများမှာ ကလေးထိန်းတာဝန်မှ လွတ်ကင်းပြီးနောက် ခင်ပွန်းဖြစ်သူကိုသာကပ်တွယ်နေကြပြီး သားသမီးများမှာ ပြင်ပလောကများ၌ လှည့်လည်သွားလာနေကြလေသည်။

ရှီဟွမ်လောကတစ်နေရာ…..။

ရှီဟွမ်မှာ သူမရှေ့ရှိ သမီးဖြစ်သူ ယန်စုကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေလေသည်။ သမီးဖြစ်သူမှာ ယန်ချန်၏ အလိုလိုက်မှုကြောင့် ဆိုးသွမ်းနေပြီး သူမက အသက်ဆယ်နှစ်ပင် မရှိသေးသော်လည်း အတော်လေး မွှေနှောက်နေလေပြီ။

“စုအာ သမီးဘာလို့ ဘိုးဘေးရဲ့ သေရည်တွေကို ခိုးရတာလဲ”

ယန်စုက မိခင်ဖြစ်သူ၏ လေသံမှ တင်းမာမှုကို ခံစားမိလိုက်ပြီး မျက်နှာပျက်သွားသည်။

“သမီးမခိုးပါဘူး အဲ့ဒါက အစ်ကိုဝေ ခိုးတာပါ သမီးက အဖော်လိုက်ရုံပဲ”

ယန်စု၏ စကားအဆုံး၌ ထျန်းဟွမ်လောကတစ်နေရာရှိ ကြီးမားသည့် လေလံပွဲ၌ ပါဝင်နေတဲ့ ယန်ဝေမှာ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားရသည်။

“ငါ့အကြောင်း ဘယ်သူပြောနေတာလဲ ခံစားရတာ သိပ်မကောင်းသလိုပဲ”

ရှီဟွမ်မှာ သက်ပြင်းချလိုက်ပြီး အလွန်ဆိုးပေနေသည့် သမီးဖြစ်သူရဲ့ ဦးခေါင်းအား ညင်သာစွာပွတ်သပ်လိုက်သည်။

“စုအာ သမီးကြောင့် အမေ ဘိုးဘေးတွေကို မနည်းတောင်းပန်လိုက်ရတယ် နောက်အဲ့လိုမလုပ်နဲ့ သမီးလိုချင်ရင် အမေ့ဆီကတောင်း ဟုတ်ပြီလား”

“ဟမ့် အမေက အချိန်ပြည့်အဖေ့နား ကပ်ဖို့ပဲစဥ်းစားနေတာ သမီးတို့ဘာလိုလဲ ဘယ်တုန်းကဂရုစိုက်တာကျလို့”

“ဒီကောင်မလေးကတော့…”

ယန်ချန်တစ်ယောက် ထိုအဖြစ်များကို မသိပေ။ မင်ယုရှန်း၏ ဒုတိယသားဖြစ်သူကို ချီပိုးထားပြီး ခြံဝန်းထဲ လမ်းလျှောက်နေလေသည်။

“သခင် ကျတော့်ကိုပေးချီပါ”

ယန်ပိုင်က ယန်ချန်ရဲ့ခြေထောက်များကို တို့ထိရင်းတောင်းဆိုလာသည်။

“မင်းက ချီချင်လို့လား ကောင်းပြီ ခဏစောင့် မကြာခင် မင်းတဝကြီးချီရမယ်”

ယန်ချန်က ညင်သာစွာပြုံးပြီး တုန့်ပြန်လိုက်သည်။ မကြာမီ ဇနီးများကိုခေါ်ဆောင်လျက် ကမ္ဘာဂြိုလ်ဆီ အလည်ပတ်ထွက်မည်ဟု တွေးထားပြီး ထိုခရီးစဥ်အား မည်သည့်သားသမီးများကိုမှ အသိပေးထားခြင်း မရှိချေ။

“သခင် ခရီးထွက်ဦးမလို့လား”

ယန်ချန့်စကားထဲမှ အကြောင်းအရာအနည်းငယ်ကို ယန်ပိုင်ဖမ်းဆုပ်မိသွားသည်။ ယန်ပိုင်မှာ ယန်ချန်နဲ့နှစ်ပေါင်းများစွာ အတူရှိပြီးနောက် အတော်များများအား အကဲဖတ်တတ်နေလေပြီ။

“မင်းသိရင် မင်းစိတ်ထဲမှာထားလိုက် အေး မင်းဆီကနေ တခုခုပေါက်ကြားလို့ကတော့..”

ယန်ချန်က လေသံကိုသိသိသာသာပဲ တင်းမာလိုက်သည်။

“မဖြစ်စေရပါဘူး လုံးဝမဖြစ်စေရပါဘူး”

ထိုအချိန် စကြာဝဋာကြီး၏ နေရာအနှံ့မှာတော့ ယင်ယင်၏ အကြောင်းများက ကျော်ကြားနေသည်။ ယင်ယင်မှာ အချိန်အများစုအိမ်မကပ်ပဲ မောင် ညီမများကို လှည့်ပတ်ထိန်းကျောင်းရင်း တဖက်တွင်လည်း စကြာဝဋာအနှံ့ ခြေဆန့်နေလေသည်။

“မေမေကတော့ အခုချိန်ပျော်နေလောက်ပြီ အင်း ငါလည်းနည်းနည်းခြေဆန့်ဦးမှပါပဲ”

ဤနေရာ၌ နတ်ဘုရားရွာသူကြီးမှာ အဆုံးသတ်ပါပြီ။

မူလက အပိုင်းများစွာရေးသားချင်သော်လည်း အားနည်းချက်များ အခြားကိစ္စများစွာတို့ကြောင့် စာစဥ်ကို အတိုချုံ့ပစ်ခဲ့ရသည်ကို နားလည်ပေးကြပါခင်ဗျာ…။

……………………………………………

All Chapters