ပထမဘဝ
Vol. 22 Ch. 213
အခန်းထဲမှာတော့ ယန်ချန်တစ်ယောက် အစီရင်သစ်သားပြားအား ရှေ့၌ ချထားသည်။
ထိုသစ်သားပြားမှာ အစီရင်၏ အဓိကအစိတ်အပိုင်းဖြစ်ပြီး အစီရင်ကိုအသက်သွင်းလိုက်သည်နှင့် အခန်းတွင်း အချိန်စီးဆင်းမှုမှာ ပြင်ပနဲ့ အဆတစ်ရာကွာခြားသွားမည်ဖြစ်သည်။
“ပြင်ပအနှောင့်ယှက်မဖြစ်အောင် စနစ်ရှင်ကို ကာကွယ်ပေးထားပါမယ်”
စနစ်ထဲမှ လေးနက်သည့် လေယူလေသိမ်းအရ ယခုစမ်းသပ်မှုမှာ မည်မျှအထိ အရေးကြီးမည်ကို ယန်ချန်တွက်ဆ မိသည်။
“ကောင်းပြီ.. စမ်းသပ်မှုကို အခုပဲစတင်မယ်”
ယန်ချန့်စကားဆုံးသည်နှင့် သစ်သားပြားပေါ်မှ အစီရင်မှာ စတင်အသက်ဝင်သွားခဲ့ပြီး ထိုအချိန် အခန်းထဲတွင်လည်း ထူးခြားသည့် ခရမ်းရောင််အလင်းများ စတင်ဖြစ်ပေါ်လာကာ ထိုအလင်းများက ယန်ချန်ရဲ့အမြင်အာရုံကို စတင်ဖုံးကွယ်လိုက်ပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ယန်ချန်တစ်ယောက် မှောင်အတိကျသွားတော့သည်။
“စမ်းသပ်မှုစတာကလည်း ဒီလိုကြီးလားဟ”
အချိန်မည်မျှကြာသွားသည်တော့ မသိ။ ယန်ချန်သတိပြန်ဝင်လာချိန်မှာတော့ သူမသိတဲ့ နေရာတစ်ခုအား ရောက်ရှိနေမှန်း ချက်ချင်းသတိပြုမိသွားသည်။ သူ့အခန်းတွင်း၌ မဟုတ်တော့ပေ။
သူရောက်နေသည့်နေရာမှာ ခမ်းနားထည်ဝါသည့် အခန်းကျယ်ကြီးတစ်ခုအတွင်းဖြစ်ပြီး အခန်း၏ အပြင်အဆင်အရဖြစ်စေ အခြားပိရဘောဂများ၏ အမြင်ပိုင်းတန်ဖိုးအရဖြစ်စေ အရာအားလုံးမှာ လက်ရှိနေရာအသစ်၏ အဆင့်တန်းမြင့်မားမှုကို ဖော်ညွှန်းနေသည်။
“ဒါ..ဘယ်နေရာလဲ”
ယန်ချန့်အကြည့်က အခန်းပတ်ပတ်လည်ဆီ ရောက်သွားပြီး နောက်ထပ်မိနစ်အနည်းငယ် အကြာ၌ သူ့ကိုယ်ပေါ်မှ ပြောင်းလဲမှုအချို့ကို တင်သတိပြုမိသွားသည်။
“ဘာလဲဟ..ငါတခြားသူရဲ့ခန္ဓာကိုယ်ထဲရောက်နေတာလား”
မဟုတ်သေးဘူး။ ငါက ငါပဲဖြစ်နေသေးတယ်။ ဒါဆို.. ။
ရုတ်တရက်မြင်ကွင်းများက ပြောင်းလဲသွားသည်။ ယန်ချန်အပြင် နောက်ထပ်လူငယ်တစ်ဦး အခန်းထဲပေါ်လာပြီး ထိုလူငယ်မှာ မကျန်းမာသည့် အသွင်ပြင်ဖြင့် ကုတင်ပေါ်၌ လဲလျောင်းနေသည်။
ဖြူဖျော့တဲ့အသားအရေ ပိန်ပါးသည့်ကိုယ်ဟန်နဲ့ ထိုအသွင်အပြင်အရ လူငယ်မှာ နာတာရှည်ရောဂါတစ်မျိုး ဒါမှမဟုတ် ပို၍ပြင်းထန်သည့် ရောဂါတစ်မျိုး ခံစားရနိုင်သည်ဟု ယန်ချန်တွက်ဆလိုက်သည်။
ယန်ချန်မှာ အခန်းထဲရှိအရာအားလုံးနဲ့ လူငယ်ကိုပါ မြင်နေရပြီး ထိုအရာက ရုပ်ရှင်ဇာတ်ကားတစ်ခု ကြည့်နေရသည်နဲ့ တူညီသည်။
“ဒီလိုဝင်စားတဲ့နည်းက မဆိုးပါဘူး”
ယန်ချန်ထင်သည်က ကျင့်ကြံရေးလောကဆီ ကူးပြောင်းကာစလို ဖြစ်မည်ဟု ထင်မှတ်ထားခြင်းဖြစ်ပြီး ယခုအနေထားက ထိုသို့မဟုတ်ပဲ အခြားသူတစ်ဦး၏ ဘဝကို အစအဆုံးထိုင်ကြည့်နေရသည်နဲ့ တူသည်။
ကျွီ….
ယန်ချန်အတွေးလွန်နေစဥ်မှာပဲ တံခါးဖွင့်သံနဲ့အတူ အမျိုးသမီးနှစ်ဦး ဝင်ရောက်လာပြီး တစ်ဦးမှာ အသက်၁၃နှစ်အရွယ် မိန်းမငယ်လေးတစ်ဦးဖြစ်ကာ ကျန်တစ်ဦးကတော့ အသက်လတ်ပိုင်းအရွယ် ရင့်ကျက်တည်ငြိမ်သည့် အလှတရားတို့ဖြင့် မိန်းမတစ်ဦးဖြစ်သည်။
မိန်းမငယ်လေးမှာ လူငယ်သတိရနေသည်ကို မြင်လျင် ကုတင်နားအပြေးရောက်လာသည်။
“အစ်ကိုကြီး သတိရပြီလား တော်ပါသေးရဲ့ ဆေးသူတော်စင်ပြောတာမှန်တယ် အစ်ကိုကြီးက ပြန်သက်သာလာမှာတဲ့”
ကောင်မလေးမှာ လူငယ်၏ လက်နှစ်ဖက်အ ညင်သာစွာကိုင်တွယ်ထားပြီး ပါးစပ်မှလည်း ခရားရေလွတ်အဆက်မပြတ် ပြောဆိုနေသည်။ သို့သော်ထိုစကားများ၏ အကြောင်းရင်းမှာ သူမလူငယ့်ကို မည်မျှစိတ်ပူနေခြင်းကို ဖော်ညွန်းသည့် စကားလုံးများသာ ဖြစ်နေသည်။
လူငယ်က ကောင်မလေးအား ညှိိုးငယ်စွာ ကြည့်လိုက်သည်။ ထိုအချိန်သက်လတ်ပိုင်းအရွယ် အမျိုးသမီးကလည်း လူငယ်၏ နှာဖူးအား ညင်သာစွာငုံ့နမ်းလိုက်ပြီး စကားဆိုသည်။
“သားလေး စိတ်မပူပါနဲ့ မကြာခင်သက်သာသွားမှာပါ အမေတို့ရှိနေတယ်နော်”
ထိုစကားက လူငယ်ကို စိတ်ထိခိုက်သွားစေပုံရသည်။ လူငယ်မှာ အနည်းငယ်မျက်ရည်ဝဲသွားပြီး တဖက်အမေနဲ့ညီမဖြစ်သူတို့ သတိမပြုမိစေရန် မျက်နှာအား ဘေးဘက်သို့ လွှဲလိုက်သည်။
ယန်ချန်မှာ ထိုမြင်ကွင်းကိုကြည့်ရင်း ဇာတ်လမ်းမှာ အခုမှစတင်သလို ခံစားလိုက်ရသည်။
“နောက်ထပ် ဘယ်လိုမြင်ကွင်းတွေ ငါမြင်ရဖို့ရှိလဲ ပြီးတော့ အဲ့ဒါတွေက ငါ့အတွက် ဘယ်လိုအသုံးဝင်မှာလဲ”
ယန်ချန်တီးတိုးရေရွတ်နေစဥ် မြင်ကွင်းများက ပြောင်းလဲသွားပြန်သည်။ ယခုတကြိမ်မှာတော့ အခန်းကျယ်ကြီးတစ်ခုအတွင်းဖြစ်ပြီး ထူးခြားစွာဖြင့် ယန်ချန်က လူငယ်နဲ့ပက်သက်သည့် အကြောင်းအရာအားလုံးကို သိနေလေသည်။
“ကျုပ်တို့အတွက် ရီမိသားစုကို အမှန်တကယ် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦး လိုအပ်တယ် နောက်ပြီး အားကောင်းတဲ့ မိတ်ဖက် အင်အားစုတစ်ခုရောပေါ့”
ထိုစကားကိုပြောလိုက်သူမှာ ရီမိသားစု ဒုတိယခေါင်းဆောင်ဖြစ်ပြီး ထိုသူက ရီဝူထျန်း၏ဖခင်ဖြစ်သူရဲ့ ညီအရင်းဖြစ်သည်။
(ရီဝူထျန်း=ကုတင်ပေါ်မှလူငယ်)
မကြာမီ အခန်းတွင်းဆွေးနွေးမှုများက အမြင့်ဆုံးအရှိန်ကို ရောက်ရှိလာသည်။ ထိုအထဲ၌ ရီမိသားစုအရင်းအမြစ်များကို အသုံးပြု၍ ရီဝူထျန်းအားကုသနေမှုကို ရပ်တန့်ရန်နှင့် စုမိသားစုနဲ့ပူးပေါင်းရန်အတွက် ရီရှောင်ရှောင်ကို တဖက်မိသားစုထံ ပေးပို့မည့်ကိစ္စများလည်း ပါဝင်သည်။
ရီမိသားစုခေါင်းဆောင်မှာ ထိုအဖြစ်ပျက်နှစ်ခုအား ပြတ်သားစွာ ငြင်းဆိုလိုက်သည်။ ပထမတစ်ခုဖြစ်သည့် ရီဝူထျန်းအတွက် ကုသစရိတ်ကို သူ့ဝေစုနဲ့ ကုသနေခြင်းဖြစ်ပြီး ဇနီးဖြစ်သူဘက်မှလည်း အများစုကိုစိုက်ထုတ်နေခြင်းဖြစ်ကာ ရီမိသားစုပင်မ အရင်းအမြစ်များနဲ့ လုံးဝ မသက်ဆိုင်ပေ။ နောက်တစ်ခုဖြစ်သည့် ရီရှောင်ရှောင်၏ လက်ထပ်မှုကတော့ ဖခင်ဖြစ်သူအနေဖြင့် စုသခင်လေးရဲ့ ပွေရှုပ်မှုအား သိမြင်ထားပြီးဖြစ်ကာ စုမိသားစု၏ အကျင့်စရိုက်အရ သမီးဖြစ်သူကို ပေးလိုက်ခြင်းမှာ ငရဲတွင်းထဲ ခုန်ဆင်းခိုင်းခြင်းနဲ့ တူညီသည်။
ဆွေးနွေးမှုမှာ နာရီပေါင်းများစွာကြာသည်အထိ ရလာဒ်မထွက်ခဲ့ချေ။ ရီမိသားစုခေါင်းဆောင်မှာ သူတော်စင်အဆင့်ဖြစ်ပြီး ထိုအဆင့်ကိုမီတဲ့သူ လက်ရှိရီမိသားစု၌ မည်သူမှ မရှိခြင်းကြောင့် ရီဝူထျန်း၏ဖခင်မှာ ခွန်အားအရင်းတည်၍ တောင့်ခံနေခဲ့သည်။
သို့သော်လည်း ကံကြမ္မာက ထိုမျှနဲ့မရပ်တန့်ခဲ့။ နောက်ထပ်လအနည်းငယ်အကြာမှာတော့ ရီဝူထျန်းရဲ့ဘဝအား တဆစ်ချို့ပြောင်းလဲစေမည့် အဖြစ်ပျက်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
ယန်ချန့်ရဲ့အကြည့်များက ဆွေးနွေးပွဲကို အစမှအဆုံး အလေးအနက်နားထောင်ခဲ့ပြီး ရီမိသားစုအတွင်း အကျင့်ပျက်အခြေနေများကို အတိုင်းသားမြင်တွေ့ခဲ့သည်။ သို့သော် သူဝင်ရောက်စွတ်ဖတ်ခွင့် မရှိချေ။ ကြည့်မြဲအတိုင်းသာ ကြည့်နေခဲ့ရသည်။
………………………………………………..