ဆေးနတ်ဘုရား ရီဝူထျန်း
Vol. 22 Ch. 214
အပြောင်းအလဲက ယန်ချန့်မြင်ကွင်းအောက်မှာတင် စတင်ခဲ့သည်။
ရီမိသားစု ဒုတိယခေါင်းဆောင်မှာ စုမိသားစု၏အကူညီဖြင့် လက်ရှိရီဝူထျန်းရဲ့ ဖခင်ဖြစ်သူကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
ရလာဒ်မှာ ၎င်းတို့တွက်ဆထားသည့်အတိုင်း ဖြစ်လာပြီး ရီဝူထျန်း၏ ဖခင်ဖြစ်သူအပါအဝင် သစ္စာရှိလူယုံအများအပြား သေဆုံးခဲ့ကြပြီး မိခင်နဲ့ညီမဖြစ်မှာတော့ ရီဝူထျန်းနဲ့အတူ သေဘေးမှ လက်မတင်လေး လွတ်မြောက်ခဲ့ကြသည်။
မည်သိုလွတ်မြောက်ခဲ့သနည်း။ အကြောင်းမှာ ရီဝူထျန်းတစ်ယောက် ဆေးသူတော်စင်တစ်ပါးထံ ကုသရန်သွားနေစဥ် ရီမိသားစုအတွင်းတိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်ပြီး ရီဝူထျန်းတို့သတင်းကြားချိန်၌ တိုက်ပွဲမှာ ပြီးဆုံးသွားလေပြီ။
ထိုသတင်းကြားပြီးနောက် ရီသခင်မကြီးမှာ အိပ်ရာထဲလဲသွားခဲ့သည်။ ရီရှောင်ရှောင်မှာမူ ရီဝူထျန်းကိုစောင့်ရှောက်ရင်း တဖက်တွင်လည်း စုမိသားစုနဲ့ ရီမိသားစု၏ သစ္စာဖောက်များလက်မှ လွတ်ကင်းရန် အချိန်အတော်ကြာ ပြေးလွှားခဲ့ရသည်။
ရီဝူထျန်း အသက်နှစ်ဆယ်အရွယ် သေးငယ်ပြီး ချောင်ကျသည့် ကျေးရွာတစ်ခုအရောက်မှာတော့ ဆေးနတ်ဘုရား ရီဝူထျန်း၏ ဘဝဇာတ်ကြောင်းက စတင်သည်။
“ဇာတ်လမ်းကြည့်နေရသလိုပဲကွာ”
ယန်ချန်မှာ အစမှလက်ရှိအထိ ရီဝူထျန်းရဲ့အနီးဆုံး၌နေခဲ့ပြီး အရာအားလုံးကို စောင့်ကြည့်နေခဲ့ရသည်။ ပျင်းရိညီးငွေ့စရာ ကောင်းနေသည်တော့ မဟုတ်ချေ။
ပါရမီရှင်များအတွက် ကံကောင်းခြင်းက မိုးပေါ်က ကျဆင်းလာသည့်နှယ် ရီဝူထျန်းဆီ ရောက်ရှိလာသည်။ မထင်မှတ်ထားပဲ ဇာတ်မြုတ်နေသည့် ဆေးဆရာတစ်ဦးမှာ တချိန်က ကျော်ကြားခဲ့သည့် ဆေးသူတော်စင်ဖြစ်နေပြီး ထိုလူဆီမှ ဆေးပညာနှင့်သက်ဆိုင်သည့် ပညာရပ်များစွာကို သင်ကြားခွင့်ရခဲ့သည်။
ထိုဘဝအချိန်အပိုင်းခြားကို ကြည့်ရာ၌ ယန်ချန်က အသေးစိတ်ကအစ လက်လွတ်မခံခဲ့ချေ။
ဆေးသူတော်စင်ဆရာ၏ အကူညီဖြင့် ရီဝူထျန်းရဲ့ရောဂါမှာ နှစ်အနည်းငယ်ကြာ၌ ပျောက်ကင်းစေခဲ့ပြီး အသက်၃၀ အလွန်အချိန်နှောင်းသည့် အချိန်ရောက်မှ ရီဝူထျန်းမှာ စတင်ကျင့်ကြံခဲ့ရသည်။
အသက်၄၀ အရွယ်၌ အခြေတည်ဝိဉာဥ်အဆင့်ကို စတင်ရောက်ရှိခဲ့ပြီး အသက်၅၅ နှစ်မှာတော့ သန္ဓေသားဖွဲ့စည်းခြင်းအဆင့်ထိ တိုးတက်လာသည်။
ရီမိသားစုမှာမူ ရီဝူထျန်းတို့ကို သေလူများဟု သက်မှတ်ခဲ့ပုံရသည်။ သို့သော်ရီဝူထျန်းက အကြွေးများကို မေ့လျော့ထားသူမဟုတ်။ သူ့နည်းတူ ညီမဖြစ်သူ ရီရှောင်ရှောင်ကလည်း အသက်၅၀ အရွယ်မှာတင် သန္ဓေသားဖွဲ့စည်းခြင်းအဆင့်ထိ တက်လှမ်းခဲ့ပြီး ထိုအချိန်၌ ရီဝူထျန်း၏ ဆေးပညာမှာ သူတော်စင်အဆင့်ရောက်လုနီးပါး ဖြစ်နေလေပြီ။
“အဲ့ခေတ်က ဆေးပညာရပ်တွေက တကယ်ထူးခြားတယ် နတ်သမီးသစ်ပင်မလိုပဲ ရုပ်ပိုင်းဆိုင်ရာ ထိန်းသိမ်းဆေးကို ဖော်စပ်နိုင်ခဲ့တာဆိုတော့ တကယ်အဆင့်မြင့်တာပဲ”
ယန်ချန်တစ်ယောက် ထိုနှစ်အပိုင်းအခြားကာလကို တည်းဖြတ်ထားသည့် ဇာတ်လမ်းတွဲတစ်ခုအလား ကြည့်ရှုလေ့လာခဲ့ရပြီး ရီဝူထျန်းနည်းတူ သူသည်လည်း အပတ်တကုတ်ကြိုးစားကာ ဆေးပညာကိုလေ့လာနေခဲ့သည်။
ရီဝူထျန်းအသက်၇၀ မှာတော့ စစ်မှန်တဲ့သူတော်စင်တစ်ပါးဖြစ်လာခဲ့ပြီး ထိုအချိန်ရီမိသားစုမှာတော့ စုမိသားစု၏ အလုံးစုံထိန်းချုပ်ခြင်းအား ခံထားရလေသည်။
“ဟမ့် စုမိသားစု မင်းတို့က ရီမိသားစုကို သွေးခွဲသပ်လျှိုပြီး ဝါးမြိုခဲ့တာပေါ့”
ရီဝူထျန်းက လက်သီးကိုကျစ်နေအောက်ဆုပ်ထားရင်း စုမိသားစုရှိရာ မြို့တော်အား အချိန်အတော်ကြာ စူးစိုက်ကြည့်နေခဲ့သည်။
“အစ်ကိုကြီး ညီမတို့သွားကြတော့မလား”
ထိုအချိန်ရီရှောင်ရှောင်မှာ အနားရောက်လာပြီး သူမနဲ့အတူ မိခင်ဖြစ်သူလည်း ပါလာခဲ့သည်။ ရီမောင်နှမမှာ ပါရမီထူးသော်လည်း ရီသခင်မကြီးမှာတော့ အခြေတည်ဝိဉာဥ်အဆင့်နဲ့ ရပ်တန့်သွားရသည်။
“အမေ ကျတော်တို့မောင်နှမ အကြွေးတွေအကုန်ရှင်းပြီးရင် အမေ့အတွက် သင့်လျော်တဲ့ဆေးဝါးတချို့ ဖော်စပ်ပေးပါမယ်”
ရီဝူထျန်းက မိခင်ဖြစ်သူ၏ လက်အစုံအား ညင်သာစွာဆုပ်ကိုင်ရင်း နှစ်သိမ့်သည်။
“ကိစ္စမရှိပါဘူး သားရယ် အမေ့အတွက်တော့ သားတို့မောင်နှမ အခုလိုကြီးပြင်းလာတာကို မြင်ရတာနဲ့တင် လုံလောက်ပါပြီ”
အချိန်အနည်းငယ်ကြာ စကားစမြည်းပြောပြီးနောက် ရီမောင်နှမ၏ ကလဲ့စားချေခရီးစဥ်မှာ စတင်ခဲ့သည်။
ပထမဆုံး ရီမိသားစုဆီသွားခဲ့ပြီး ထိုအချိန်၌ လက်ရှိခေါင်းဆောင်ဦးလေးဖြစ်သူကို ပြတ်သားစွာတုန့်ပြန်ခဲ့သည်။
“ရီဝူထျန်း မင်း..မင်းဘယ်လိုလုပ်ပြီး”
ရီရှောင်ရှောင်၏ ပြင်းထန်တဲ့တိုက်ကွက်များက ရီမိသားစု သစ္စာဖောက်များကို အချိန်တိုအတွင်း အဆုံးသတ်ပစ်ခဲ့ပြီး ခေါင်းဆောင်ဦးလေးဖြစ်သူမှာတော့ နောက်ဆုံးထွက်သက်အထိ ရီဝူထျန်တို့မောင်နှမရဲ့ အပြောင်းအလဲများအား မယုံနိုင်ဖွယ် မှင်သက်နေလေသည်။
ရီမိသားစု သုတ်သင်ခံရသည့်သတင်းမှာ စုမိသားစုဆီ အချိန်တိုအတွင်း ရောက်ရှိသွားသည်။
“ဘာ..ရီဝူထျန်း ရီရှောင်ရှောင် ဟုတ်လား”
“ဟုတ်ပါတယ် ရီမောင်နှမပါ မျက်မြင်တွေရဲ့ ပြောပြချက်အရ သူတော်စင်အဆင့်ကို ကျော်လွန်နေပါပြီတဲ့”
သတင်းပေးရဲ့စကားလုံးများက စုမိသားစုဝင်များကို တုန်လှုပ်ခြောက်ခြားသွားစေသည်။ သူတော်စင်အဆင့်ကိုကျော်လွန်ခြင်းဆိုသည်က တုန်လော့ လောက၌ မရှိခဲ့ဖူးပဲ သူတော်စင်အဆင့်၌ သက်တမ်းကုန်ဆုံးသွားကြရကာ မသေမျိုးအင်မော်တယ်အဆင့်ထိ တက်ရောက်နိုင်ခြင်း မရှိကြပေ။
စုမိသားစုဝင်များ တုန်လှုပ်နေကြစဥ်မှာပဲ ရီဝူထျန်းတို့မှာ စုမိသားစု၏ ခြံဝထိရောက်ရှိလာပြီ ဖြစ်သည်။
“မကောင်းတော့ဘူး ရီမောင်နှမရောက်လာပြီ”
ပွက်လောရိုက်သွားသည့် စုမိသားစုဝင်များမှာ မည်သို့ဆက်လုပ်ရမည်မှန်း မသိနိုင်အောင်ဖြစ်နေချိန် ရီမောင်နှမ၏ သတ်ဖြတ်မှုများက စတင်တော့သည်။
“အား.. ကယ်ကြပါဦး”
“မဟုတ်ဘူး သခင်လေးရီ ကျုပ်ကိုခွင့်လွှတ်ပါ”
တချိန်က ရီမိသားစုဝင်များကို သတ်ဖြတ်ခဲ့သည့် ကျင့်ကြံသူများမှာလည်း ငိုယိုတောင်းပန်ကြပြီး အသက်တချောင်းအတွက် ပြောဆိုကြသေးသည်။ သို့သော် ရီမောင်နှမ၏ ပြတ်သားမှုက လက်ဖျားခါစရာပင်။
“ ရှောင်အာ.. တစ်ယောက်မှ မလွတ်စေနဲ့”
“ဟုတ်ကဲ့”
စုမိသားစုသတ်ဖြတ်ပွဲက တရက်သာကြာမြင့်ခဲ့ပြီး ရီမောင်နှမမှာလည်း အပြင်းအထန်တိုက်ခိုက်ခဲ့ရသည်။
အဆုံးမှာတော့ တုန်လော့ လောကတစ်ခုလုံး တုန်လှုပ်သွားစေသည့် တိုက်ပွဲသတင်းနဲ့အတူ ရီမောင်နှမ၏ ဂုဏ်သတင်းမှာ ကျော်ကြားလာသည်။ သို့ပေမင့် အများစုမှာ ရီဝူထျန်း၏ ဆေးပညာကို မသိကြချေ။
နောက်ပိုင်းနှစ်များ၌ ရီဝူထျန်းက အင်မော်တယ်လမ်းစဥ်ကို ဆေးပညာရပ်ဖြင့် ဖောက်ထွက်ခဲ့ပြီး အသက်တစ်ရာ့နှစ်ဆယ်၌ အင်မော်တယ်တစ်ပါးဖြစ်လာခဲ့သည်။
ထိုမှတဆင့် မိခင်ဖြစ်သူကို ကုသပေးခြင်း ဆေးသူတော်စင်ဆရာကို အင်မော်တယ်အဆင့်ထိ တိုးတက်ရန်ကူညီခြင်း စသည်တို့နဲ့အတူ ဆေးလမ်းစဥ်က ရီဝူထျန်းကို အဆုံးထိ ခေါ်ဆောင်သွားတော့သည်။
ယန်ချန်ရဲ့ အကြည့်များက လေးနက်နေပြီး ရီဝူထျန်း၏ ဘဝဇာတ်ကြောင်းမှာ ရိုးစင်းသော်လည်း ဆေးပညာရပ်များ လေ့လာချိန်များကတော့ ယန်ချန်အတွက် အဖိုးတန်အချိန်များ ဖြစ်ခဲ့သည်။
“ရီဝူထျန်း နတ်ဘုရားဖြစ်သွားပြီ စမ်းသပ်မှုက မပြီးသေးဘူးလား”
ယန်ချန်တီးတိုး ရေရွတ်နေစဥ်မှာပဲ အရာအားလုံး မှောင်အတိကျသွားတော့သည်။
……………………………………………….