Chapters

စီနီယာလု သို့မဟုတ် ပန်းချီဆရာလု

Vol. 22 Ch. 215

စီနီယာလု သို့မဟုတ် ပန်းချီဆရာလု

Vol. 22 Ch. 215

ယန်ချန်ရဲ့ မြင်ကွင်းများက နောက်ထပ်တကြိမ် ပြောင်းသွားသည်။

ဒီတကြိမ်မှာတော့ မြို့ငယ်လေးတစ်ခုကို မြင်လိုက်ရပြီး ထိုမြင်ကွင်း၌ အသက်၂၀ အရွယ် လူငယ်တစ်ဦးက စျေးလမ်းမဘေးတစ်နေရာ၌ သေးငယ်တဲ့ ဆိုင်လေးတစ်ခု ခင်းကျင်းပြီး ပန်းချီကားအချို့ ရောင်းချနေလေသည်။

“ဟေး စီနီယာလု ဂိုဏ်းကိုမပြန်သေးဘူးလား လကုန်ရင် အတွင်းစည်းတပည့်တွေအတွက် ပင်မတပည့်တက်လှမ်းခွင့် ပြိုင်ပွဲရှိတယ်နော်”

စီနီယာလုဆိုသည့်လူငယ်က စကားပြောသူကို တချက်လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။ စီနီယာလုမှာ ဂိုဏ်းအတွင်းအခေါ်ဖြစ်ပြီး အမည်ရင်းက လုချင် ဖြစ်သည်။

လုချင်က အစီရင်ဂိုဏ်းတစ်ခု၌ ကျင့်ကြံရေးလမ်းစဥ်ကို လျှောက်လှမ်းခဲ့ပြီး မြင့်မားသည့်ပါရမီက သူ့ကိုအချိန်တိုအတွင်း အတွင်းစည်းတပည့်အဖြစ်ကို ရောက်သွားစေသည်။

သို့သော်ကံဆိုးသည်က အတွင်းစည်းတပည့်ဖြစ်ပြီး မကြာခင်မှာပဲ ပြင်းထန်တဲ့ အဆိပ်တစ်မျိုးဖြင့် လုပ်ကြံခံခဲ့ရပြီး ကျင့်ကြံဆင့်များမှာ တနေ့ထက်တနေ့ လျော့ကျလာသည်။ ထို့အပြင် အစီရင်ပညာရပ်များတွင်လည်း ထူးဆန်းစွာဖြင့် ရှေ့ဆက်လို့မရတော့ပေ။

“လု ချင်ရဲ့ဇာတ်လမ်းက နည်းနည်းထူးခြားတယ် ဒါနဲ့ သူ့ကိုဘယ်သူကအဆိပ်နဲ့ လုပ်ကြံတာလဲ”

ယန်ချန်တစ်ယောက် လုချင်ရဲ့မှတ်ဉာဏ်များကို စစ်ဆေးနေစဥ်မှာပဲ မိန်းကလေးတစ်ယောက်ရဲ့အမည်အား တွေ့သွားသည်။ ထိုမိန်းကလေးက ရှင်းလင် ဖြစ်သည်။

ရှင်းလင်က လုချင်ရဲ့ရည်းစားဖြစ်ခဲ့ပြီး လုချင်တစ်ယောက် အဆိပ်ဖြင့်လုပ်ကြံခံရပြီးနောက် အဆက်သွယ် ဖြတ်သွားခဲ့သည်။

“နည်းနည်း မသင်္ကာစရာပဲ”

လုချင်တစ်ယောက် ပန်းချီကားချပ်များအာယ သိမ်းဆည်းလိုက်သည်။ အနည်းငယ် မှောင်စပြုလာချိန်ရောက်နေပြီး လမ်းသွားလမ်းလာများမှာလည်း ကျဲပါးသွားသည်။

“ညစာအတွက် အသားဆန်ပြုတ်အနည်းငယ် ဝယ်သွားရမယ်”

လုချင်က အိတ်ကပ်ထဲမှ ငွေစအနည်းငယ်ကို ထုတ်ယူကာ စစ်ဆေးလိုက်သည်။ ငွေစများမှာ အတွင်းစည်းတပည့်အဖြစ်ရောက်ချိန် လစဥ်အရင်းအမြစ်များမှ ကျန်ရှိနေတာဖြစ်ပြီး ဂိုဏ်းမှပြင်ပထွက်လာပြီးနောက် သူ့၌ ဝင်ငွေမရှိတော့ပေ။

ထို့ကြောင့် ကျန်ရှိသည့် ငွေစအနည်းငယ်ဖြင့် ရပ်တည်နေရလေသည်။

“ကောင်လေး ထုံးစံအတိုင်းပဲလား”

“ဟုတ်ကဲ့”

ဆန်ပြုတ်ဆိုင်မှ အဖိုးကြီးမှာ လုချင်မှာယူနေကြ အတိုင်း ဆန်ပြုတ်တပွဲ ထည့်ကာ ကမ်းပေးသည်။

“ ငွေမပေးနဲ့တော့ မင်းလည်း စျေးမရောင်းရတော့ ခက်ခဲနေမှာ ငါသိတယ်”

လုချင်က လက်မခံပေ။

“မလုပ်ပါနဲ့ဗျာ ဆန်ပြုတ်ဖိုးတော့ ယူလိုက်ပါ”

လုချင်မည်သို့ပင် ပေးစေကာမူ အဖိုးကြီးက မယူချေ။ ထို့ကြောင့် လုချင်မှာ မတတ်နိုင်တော့ပဲ ပန်းချီကားများထဲမှ ဆိုင်အတွင်းချိတ်ဆွဲရန် သင့်တော်မည်ထင်ရသည့် ပန်းချီကားတစ်ချပ်

ထုတ်ယူကာ ပေးလိုက်သည်။

“ဆန်ပြုတ်ဖိုးလို့ သက်မှတ်ပြီးယူပါ ဒါမှမယူရင် ကျတော်လည်းဆန်ပြုတ်ကို မယူတော့ဘူး”

လုချင်၏ ပြတ်သားမှုကိုမြင်လျင် အဖိုးကြီးက ပန်းချီကားအား ယူလိုက်ရသည်။

“ဂရုစိုက်ပြန်ပါ ကောင်လေး ဒီရက်ထဲ နတ်ဆိုးတွေ မြိုထဲမှာ လှုပ်ရှားနေတယ်လို့ သတင်းကြားတယ်”

လုချင်က ခေါင်းတချက်ညိတ်ပြလိုက်ပြီး ဆန်ပြုတ်ဆိုင်ထဲမှ ထွက်လာခဲ့သည်။ နတ်ဆိုးများမှာ လူသားမြို့ထဲ အကြိမ်များစွာ ဝင်ရောက်သတ်ဖြတ်လေ့ရှိပြီး ကျင့်ကြံသူများမှာလည်း အကြိမ်ကြိမ်တိုက်ပွဲများ ကြုံတွေ့ကြရသည်။

“ငါက အခုချီသန့်စင်ခြင်းအဆင့်ကို ကျသွားပြီ ပြီးတော့ အစီရင်ပညာကလည်း အခြေခံပဲ ရှိတော့တယ်”

လုချင်၏ စိတ်မသက်မသာစရာ တီးတိုးရေရွတ်မှုက ယန်ချန့်ကိုပင် အနည်းငယ် ကူးစက်သွားစေသည်။

“ကျင့်ကြံရေးလမ်းကြောင်းက ဘယ်လောကမှာမဆို ခက်ခဲတာပဲ”

တုန့်လောဖြစ်စေ ထျန်းဟွမ်ဖြစ်စေ ကျူးလင်ဖြစ်စေ ကျင့်ကြံရေးဆိုသည်က ကောင်းကင်ကိုဆန့်ကျင်ရခြင်း ဟူသည်မှာ အမှန်တကယ်ပင် ဖြစ်လေသည်။

………………………………………………