လုချင်
Vol. 22 Ch. 216
ကျူးလင်လောကမှာ တုန့်လော လောကထက်ပိုကြမ်းတမ်းသည်ကို လုချင်ရဲ့မှတ်ဉာဏ်များမှတဆင့် ယန်ချန်သိလိုက်ရသည်။
ကျူးလင်မှာ အချိန်အများစုကို လူသားများမှာ နတ်ဆိုးများနဲ့ ရင်ဆိုင်နေကြရပြီး ထိုတိုက်ပွဲများမှတဆင့် လူသားသန်းနဲ့ချီ သေဆုံးကြရသည်။
လုချင်ရဲ့ ဇာတ်လမ်းက ဤမျှရိုးရှင်းသည်လား။ လုံးဝမဟုတ်ပါ။
ပြင်းထန်တဲ့အဆိပ်ကို ကုသနိုင်ခဲ့သော်လည်း အဆိပ်ရဲ့နောက်ဆက်တွဲဒဏ်ကြောင့် အဆင့်နိမ့်ကျသွားရသည့် လုချင်ရဲ့ကံက အပြောင်းအလဲကြီးတစ်ခုကို ထပ်မံသယ်ဆောင်လာပြန်သည်။
ထိုအရာမှာ နတ်ဆိုးတိုက်ပွဲဖြစ်ပြီး လုချင်နေထိုင်သည့် မြို့ငယ်လေးအား နတ်ဆိုးများ ကျူးကျော်လာခြင်းမှ စတင်ခဲ့သည်။ လုချင်မှာ ချီသန့်စင်ခြင်း အဆင့်၌သာရှိနေသောကြောင့် ရှေ့ဆုံးစစ်မျက်နှာပြင်မှ တိုက်ခိုက်ခဲ့ရပြီး ထိုကံဆိုးမှုကပဲ ကံကောင်းခြင်းကို ဖြစ်စေခဲ့သည်။
ထိုအရာက ဤသို့ဖြစ်သည်။ စစ်ပွဲ၌ လုချင်သတ်ဖြတ်ခဲ့သည့် နတ်ဆိုးများမှ နတ်ဆိုးအမြူတေများကို ရရှိခဲ့ပြီး ပုံမှန်အားဖြင့်ဆိုလျှင် ထိုအမြူတေများမှာ လူသားများအတွက် အသုံးမဝင်ပေ။
သို့သော် လုချင်ရဲ့စမ်းသပ်မှုက မထင်မှတ်စွာဖြင့် အောင်မြင်သွားသည်။
“ဟက် အမြူတေက အသုံးဝင်မယ်လို့ ငါမထင်ထားခဲ့ဘူး ဟူး”
လုချင်ရဲ့ ကိုယ်တွင်းအပြောင်းအလဲများက ထိုအချိန်မှစ၍ ပြောင်းလဲလာသည်။ အဆိပ်ကြောင့် ပိတ်ဆို့သွားသည့် သွေးကြောများ ပွင့်ဟလာသည်။ ထို့အပြင် သွေးစွမ်းအင် တိုးတက်မှုက လုချင်ရဲ့ ကျင့်ကြံဆင့်များကိုပင် တဟုန်ထိုးတိုးတက်သွားစေပြီး မထင်မှတ်ထားစွာဖြင့် လကုန်ရက်မရောက်မီမှာပဲ ရွှေအမြူတေအဆင့်ထိ ခုန်တက်သွားတော့သည်။
ငါက နတ်ဆိုးအမြူတေကို အစီရင်နဲ့ရောပြီး စမ်းသပ်တာ အောင်မြင်ခဲ့တယ်။
လုချင်ရဲ့အတွေးက ရိုးစင်းသော်လည်း နုံအသူတော့မဟုတ်ပေ။ ထိုကိစ္စကို အခြားသူများသာ သိရှိသွားပါက လုချင်အတွက် ကြီးမားသည့် အန္တရာယ်ကို လက်ယပ်ခေါ်ဆောင်လာနိုင်ပြီး လုံလောက်သည့် ခွန်အားမရှိသရွေ့ နတ်ဆိုးအမြူတေနဲ့ဆက်စပ်သည့် အရာများအား မဖော်ထုတ်ဟု ဆုံးဖြတ်လိုက်သည်။
ပင်မတပည့်ပြိုင်ပွဲကိုရောက်လာသည်။ ထိုရက်များ၌ လုချင်နည်းတူ ယန်ချန်သည်လည်း အစီရင်ပညာရပ်ကို လေ့လာခဲ့ပြီး ထိုပညာရပ်များက ယန်ချန့်ကို အထောက်ကူပြုစေခဲ့သည်။ ထို့အပြင် ရှားပါးသည့် အမြူတေများအတွက် လုချင်မှာ အန္တရာယ်များတဲ့ တောနက်များကိုပင် ထွက်သွားလေ့ရှိပြီး ထိုအဖြစ်ပျက်များမှတဆင့် အမြူတေများစွာ ရရှိလာခဲ့သည်။
“အစ်ကိုလု ရှင်ဘယ်လိုလုပ်ရောက်လာတာလဲ”
ရှင်းလင်က ခန့်ညားသည့် သခင်လေးတစ်ယောက်နဲ့အတူ လုချင်အနားရောက်လာသည်။ သူမအမူအရာက လုချင်ကို လှောင်ပြောင်လိုဟန်ရှိနေသည်။ လုချင်မှာ အဆိပ်ခတ်သူနဲ့ဆက်စပ်သည့် ရှင်းလင်ကိက သံသယရှိနေသော်လည်း ကိုင်တွယ်ရန် ခွန်အားမရှိခြင်းကြောင့် သည်းခံနေရသော်လည်း ယခုတော့ သူ့၌ လုံလောက်သည့် ခွန်အားရှိလာပြီ ဖြစ်သည်။
“ မတွေ့တာကြာပြီ ရှင်းလင် ပြိုင်ပွဲမှာ ကံကောင်းပါစေ”
ရိုးရှင်းပြတ်သားသည့် စကားသံနဲ့အတူ လုချင်၏ မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိသွားသည့် ရှင်းလင်မှာ တုန်လှုပ်သွားရသည်။
နောက်အဖြစ်ပျက်ကတော့ သာမန်အတိုင်း ဆက်လက်ဖြစ်ပွားခဲ့ပြီး ပြိုင်ပွဲ၌ လုချင်မှာ ပခမဆုရခဲ့ပြီး ခန့်ညားသည့် သခင်လေးနဲ့ ရှင်းလင်တို့ကို ပြင်းထန်တဲ့ ဒဏ်ရာများဖြင့် ကလဲ့စားချေနိုင်ခဲ့သည်။
သို့သော် ကံဆိုးသည်က ဂိုဏ်းရဲ့အကြီးကဲများက လုချင်ထံမှ နတ်ဆိုးအငွေ့သက်များ ရသည်ဟူသည့် အကြောင်းပြချက်ဖြင့် ပထမဆုလာဒ်ကို မပေးသည့်အပြင် ဖမ်းဆီးကာ စစ်ဆေးရန်ကြိုးစားတော့သည်။
“အတော်ဆိုးတဲ့လူတွေပဲ”
ယန်ချန်တစ်ယောက် ခေါင်းယမ်းလိုက်မိသည်။ ထိုလူများ၏ မသိနားမလည်မှုက လုချင်ကို ပေါက်ကွဲထွက်လာစေပြီး လုချင်မှာ ပြိုင်ပွဲကွင်းမှ ဒဏ်ရာအပြင်းအထန်ဖြင့် ထွက်ပြေးခဲ့ရသည်။
လုချင် အသက်၃၀ အရွယ်မှာတော့ သူတော်စင်အဆင့်ထိ တိုးတက်သွားပြီး လုချင်ရဲ့အသွင်ပြင်ကတော့ နတ်ဆိုးတစ်ပါးနဲ့ တူညီနေသည်။ သို့သော် လုချင်၏ အသိစိတ်က နတ်ဆိုးစိတ်မဟုတ်ပေ။
မြင့်မားလာသည့် အစီရင်ပညာကြောင့် လုချင်မှာ နတ်ဆိုးလမ်းစဥ်မှ ရှောင်လွှဲထွက်လာနိုင်ခဲ့ပြီး ခွန်အားကိုသာ အရူးအမူး မြင့်တင်တော့သည်။
နောက်နှစ်အနည်းငယ်အကြာမှာတော့ လုချင်နဲ့ ဂိုဏ်းများအကြား ပြင်းထန်တဲ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လုချင်မှာ တစတစ တိုးတက်သွားပြီး အစီရင်လမ်းစဥ်မှတဆင့် နတ်ဆိုးအမြူတေများကို အသုံးချရင်း အင်မော်တယ်အဆင့်ထိ တက်လှမ်းသွားသည်။
လုချင်ရဲ့ တိုးတက်မှုက ထိုမျှနဲ့ အဆုံးမသတ်ပေ။ နတ်ဆိုးလောကကို ချေမှုန်းပြီးနောက် များပြားသည့် အရင်းအမြစ်များက လုချင်ကို နတ်ဆိုးနတ်ဘုရားတစ်ပါးထိ ရောက်ရှိသွားစေသည်။
“ဘဝတစ်ခုဆီက ငါ့အတွက် အကျိုးရှိတယ် ဒါပေမယ့် ငါ့အဆင့်က အခုဆိုဘယ်အဆင့်မှာလဲ”
ထိုအရာက ယန်ချန်အမြဲသိလိုသည့် အရာဖြစ်ပြီး လုချင် ရီဝူထျန်းတို့၏ ကျင့်စဥ်များ ပညာရပ်များအားလုံးကို ယန်ချန်တစ်ယောက် ရရှိခဲ့လေသည်။
…………………………………………….