← Chapters

တတိယဘဝ လီထန်း

Vol. 22 Ch. 217

တတိယဘဝ လီထန်း

Vol. 22 Ch. 217

ယန်ချန်တစ်ယောက် လုချင်ရဲ့ ဇာတ်ကြောင်းကို ပြန်လည်ဆန်းစစ်နေစဥ်မှာပဲ စနစ်မှ အခြားဘဝတစ်ခုဆီ တွန်းပို့လိုက်တော့သည်။

ထိုဘဝပိုင်ရှင်ကတော့ လီထန်း။ သူက အိမ်ခြေရာမဲ့ ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ငယ်စဥ်တည်းကပင် မိဘများမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

အသက်၈နှစ် အရွယ်မှာတင် မိမိကိုယ်ကို ထိန်းကျောင်းခဲ့ရပြီး ကြမ်းတမ်းသည့် ကျင့်ကြံရေးလောက၌ အသက်ရှင်ရပ်တည်ရေးအတွက် ကောက်ကျစ်ခဲ့ရသည်။ ယုတ်မာခဲ့ရသည်။

ထိုအရာများက လီထန်း၏ တကယ့်စိတ်ရင်းတော့မဟုတ်။ အခြေနေများက လီထန်းကိုထိုမျှအထိ တွန်းပို့စေခဲ့ခြင်းသာ ဖြစ်သည်။

လီထန်းရဲ့ပုံစံက ဂျစ်ကန်ကန် ဆယ်ကျော်သက် ထောင်လွှားသည့် သခင်လေးတစ်ပါးနဲ့ တူညီသော်လည်း အများမသိတာက လီထန်းမှာ ကျင့်ကြံရေးကို တစိုက်မက်မက်လိုက်စားသူ ဖြစ်သည်။

လီထန်းအသက် ၁၂ နှစ်အရွယ်မှာတင် ရန်သူကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ပြီး ထိုသတ်ဖြတ်မှုက လီထန်းကို သတ်ဖြတ်ရေးနတ်ဘုရား အဖြစ် စတင်စေသည်။

“မြို့တော်မှာ ငါ့အတွက် ဘာအခွင့်အလမ်းတွေများ ရှိမလဲ”

လီထန်းက ကြီးမားသည့် မြို့တံတိုင်းကြီးအား အသာမော့ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။ ထိုမြို့ကြီးမှာ ဧကရာဇ်၏ အုပ်ချုပ်မှုအောက်၌ တည်ရှိသောကြောင့် အတော်လေး လုံခြုံသည်ဟု ကျော်ကြားပြီး လီထန်းမှာ ရန်သူများ၏လက်မှ ပုန်းခိုရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အိတ်ကပ်ထဲမှ ငွေစသောင်းဂဏန်းကို ညင်သာစွာ ထိတွေ့လိုက်သည်။ ထိုငွေများက အင်အားကြီးမိသားစုတစ်ခုကို လီထန်းလိမ်လည် လှည့်ပတ်ခြင်းမှ ရလာသည့် အကျိုးအမြတ်များဖြစ်သည်။

“အရင်ဆုံး အိမ်တလုံးရှာရမယ် ပြီးရင်တော့ ဂိုဏ်းတစ်ခုခုထဲဝင်ရမယ် မဟုတ်ရင် ငါရပ်တည်ဖို့ ခက်ခဲနိုင်တယ်”

လီထန်းက စီစဥ်ထားသည့်အတိုင်း မြို့တော်၌ အိမ်တစ်လုံးဝယ်ယူသည်။ ထို့နောက် အစေခံအချို့ ခန့်အပ်၍ မြို့တော်၏ ထိပ်တန်းအင်အားစုများမှ တပည့်ခေါ်ယူမှုသတင်းအား အဆက်မပြတ် စောင့်ကြည့်နေခဲ့ပြီး မကြာမီ ဂိုဏ်းကြီးတစ်ခုမှ အပြင်စည်းတပည့် ခေါ်ယူမှု စတင်ချိန်မှာတော့ ထိုစစ်ဆေးမှုကို လီထန်းပါဝင်ခဲ့သည်။

လီထန်းဆိုသည်ကား မည်သူနည်း။ သတ်ဖြတ်ရခြင်းကို အနည်းငယ်မျှပင် ထိတ်လန့်နေသူမဟုတ်။ ဘဝရပ်တည်ရေးအတွက် မည်သည့်နည်းလမ်းကိုမဆို သုံးဝံ့သူအတွက် သာမန်ဆန်သည့် စစ်ဆေးမှုးက အတားအဆီးမဖြစ်ခဲ့ပေ။

ပါရမီအရဖြစ်စေ စိတ်ဓာတ်ကြံ့ခိုင်မှုအရဖြစ်စေ လီထန်းမှာ ထိုဂိုဏ်း၏ ထိပ်တန်းအပြင်စည်းတပည့်အဖြစ် စာရင်းဝင်ခဲ့သည်။

အချိန်က နှစ်အနည်းငယ် ကုန်လွန်သွားသည်။ လီထန်းမှာလည်း ဓားသဘောတရားလမ်းစဥ်ကို တစိုက်မက်မက် လေ့လာခြင်းမှ ဓားဆန္ဒကို ထိတွေ့ပြီးနောက် အတွင်းစည်းတပည့်ဖြစ်ကာ ဆယ်စုနှစ်တခုအတွင်းမှာပဲ ဂိုဏ်း၏ ပင်မတပည့်အဖြစ် တိုးမြင့်သွားတော့သည်။

သို့သော် ဘဝက လီထန်းကို သက်တောင့်သက်သာ ဘဝဖြင့် ဖြတ်သန်းစေရန် ခွင့်မပြုချေါ လီထန်း အခြေတည်ဝိဉာဥ်အဆင့်ရောက်ချိန်၌ ပြင်ပလောက ကျူးကျော်မှုများ စတင်လာပြီး ထိုကျူးကျော်မှုက လီထန်းကို နောက်တဆင့်ထိ တိုးတက်သွားစေသည်။

“ပါရမီဆိုတာ အမည်ခံပဲ ကိုယ်တိုင်ကြိုးစားအားထုတ်ဖို့လည်း လိုသေးတယ်”

ထိုအတွေးမှာ လီထန်းကိုအစအဆုံး စောင့်ကြည့်နေသည့် ယန်ချန်ရဲ့အတွေးဖြစ်ပြီး ထိုပါရမီရှင်များမှာ စနစ်မရှိလျင် သာမန်သာဖြစ်နေသည့် ယန်ချန့်ထက် အဆများစွာ သာလွန်ပေသည်။

ကျူးကျော်မှုစစ်ပွဲက လောကနှစ်ခုပို ပိုနီးကပ်စေခဲ့သည်။ ထိုမျှသာမက ကျင့်ကြံရေးနည်းစနစ်အသစ်များ ဓားလမ်းစဥ်အသစ်များကို လီထန်းထိတွေ့ခွင့်ရခဲ့ပြီး မူလစိတ်ကူးအတိုင်း ကောင်းကင်ကို ဓားတလက်ဖြင့် ဖွင့်ထုတ်နိုင်ခဲ့သည်။

“ဧကရာဇ်လီ ကျူးကျော်သူတွေ ဝင်ရောက်လာပါပြီ”

ငယ်သားတစ်ဦးက လီထန်းကို လာရောက်သတင်းပေးပို့လာသည်။ ထိုသတင်းပေးချက်အရ လက်ရှိစစ်ပွဲမှာ အဆုံးသတ်လုနီးပါးဖြစ်နေပြီး နောက်ဆုံးတိုက်ပွဲဟု မှတ်ယူနိုင်သည်။

“ကောင်းပြီ စီစဥ်ထားတဲ့အတိုင်း စတော့”

တိုတုတ်ပြီး ထိရောက်သည့်စကားလုံးအနည်းငယ်ဖြင့် သူတော်စင်လီထန်းရဲ့ နောက်ဆုံးတိုက်ပွဲမှာ စတင်လေသည်။

“ကျူးကျော်သူတွေကို သတ်ဖြတ်ကြ”

များပြားသည့် ထိပ်သီးကျင့်ကြံသူများမှာ လီထန်း၏ ကြွေးကြော်မှုအောက်၌ အသက်ပင်သေသေ စိတ်သွင်း၍ လောကနှစ်ခုစစ်ပွဲကို စတင်ခဲ့ကြသည်။

ရွှီး…

ဓားအလင်းတစ်ခုက ကောင်းကင်ကို ထက်ခြမ်းခွဲဖြတ်သွားပြီး လမ်းတလျှောက် ရန်သူများကိုတော့ တို့ဟူးတုံးများနှယ် ပိုင်းဖြတ်သွားလေသည်။

“မင်းတို့အတွက် အပြန်လမ်းက သေခြင်းတရားပဲ”

မောက်မာသည့်စကားလုံးများဖြစ်သော်လည်း ရန်သူများမှာ လီထန်းကိုတိုက်ရိုက် ရင်ဆိုင်ရန် ကြောက်ရွံနေကြပြီး ရက်စက်မှု၌ ဧကရာဇ်တစ်ပါး လီထန်း၏ သတ်ဖြတ်မှုက လောကနှစ်ခုရဲ့ စစ်ပွဲကို အဆုံးသတ်သွားစေသည်။

“ဓားလမ်းစဥ်က ဘာလဲ..”

ဓားဆိုတာ ခုတ်ပိုင်းဖို့ ပြီးတော့…။

ဓားသမားများစွာ ရှိခဲ့သော်လည်း စစ်မှန်သည့် ဓားသမားမှာမူ နည်းပါးသည်။ ထိုအထဲ၌ လီထန်းမှာ ထိပ်ဆုံးစာရင်းဝင်သူ ဖြစ်သည်။

ယန်ချန်က စစ်ပွဲကြီးကို ကြည့်ရင်း ရှေးနှစ်သောင်းဂဏန်းတည်းမှစ လောကစစ်ပွဲများ စတင်ခဲ့ကြသည်ကို လက်ခံလိုက်ရသည်။

ထိုစစ်ပွဲများက ကျင့်ကြံရေးလောက၏ အပြောင်းအလဲများစွာကို ယူဆောင်လာပေးပြီး ထိုစစ်ပွဲထဲမှ ထူးချွန်သူ စစ်ပွဲနတ်ဘုရားများကို မွေးထုတ်ပေးခဲ့သည်။

…………………………………..

All Chapters