အကုန်လုံး ချေမှုန်းခံလိုက်ရခြင်းနှင့် စိတ်နေသဘောထား ပြောင်းလဲခြင်း
Vol. 19 Ch. 188
‘သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်' မှ လုပ်ကြံသတ်ဖြတ်သူများ၏ ဝိုင်းဝန်းပိတ်ဆို့မှုကို ရင်ဆိုင်နေရသော်လည်း လုချင်းသည် တည်ငြိမ်အေးဆေးစွာပင် ရှိနေလေသည်။
တိုက်ခိုက်မှုများ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လုနီးပါးအချိန်တွင်မှ သူ၏ အရှိန်အဝါသည် ရုတ်ခြည်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။
သူ၏ ခန္ဓာကိုယ်သည် ဂျင်တစ်လုံးကဲ့သို့ လျင်မြန်စွာ လည်ပတ်သွားလေသည်။
လျှပ်စီးလက်သည့်အလား လျင်မြန်သော အရှိန်အဟုန်ဖြင့် သူ၏ လက်သီးချက်များသည် ဆက်တိုက် ထွက်ပေါ်သွား၏။
ခဏအတွင်းမှာပင် မရေမတွက်နိုင်သော လက်သီးရိပ်များသည် မည်းနက်သော ကြာပန်းတစ်ပွင့် ပွင့်အာလာသကဲ့သို့ ပေါ်ထွက်လာသည်။
သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်မှ အစွမ်းထက်သော လုပ်ကြံသတ်ဖြတ်သူများသည် လုချင်း၏ လက်သီးချက်များကြောင့် ချွင်းချက်မရှိ ရင်ဘတ်များကို ထိမှန်ခံလိုက်ကြရသည်။
အရိုးကျိုးသံများ ပဲ့တင်ထပ်သွားပြီးနောက် သူတို့အားလုံးသည် သွေးများကို မှုတ်ထုတ်လျက် နောက်သို့ လွင့်စဉ်ထွက်သွားကြလေ၏။
ဝုန်း... ဝုန်း... ဝုန်း...
ကျယ်လောင်သော အသံများနှင့်အတူ လုချင်းကို ဝင်ရောက်တိုက်ခိုက်သူများသည် သူတို့၏ နောက်ကျောဘက်ရှိ နံရံများနှင့် ပြတင်းပေါက်များကို တိုက်မိကာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားကြပြီး သေသည် ၊ ရှင်သည် မကွဲပြားတော့ပေ။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ကျင်းပသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူနှင့် အခြားသော သိုင်းပညာရှင်များအား ထိုအမဲရောင်ဝတ်စုံနှင့်လူငယ်က လွင့်စဉ်ထွက်သွားအောင် ရိုက်ထုတ်လိုက်သည်ကို ကြည့်ရင်း ကျန့်မိသားစုမှ သက်တော်စောင့်သည် သူ၏ မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်နေလေသည်။
ထိုလူတစ်ယောက်ချင်းစီသည် ကိုယ်တွင်းအင်္ဂါအဆင့်သို့ ရောက်ရှိနေကြပြီး သူနှင့် မတိမ်းမယိမ်း အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြောင်း သတိပြုမိပေသည်။
ယွမ်ယန်စခန်း၏ ခေါင်းဆောင်ဆိုလျှင် ကိုယ်တွင်းအင်္ဂါအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော သိုင်းပညာရှင်တစ်ဦး ဖြစ်ပေသည်။
သို့သော် ထိုသိုင်းပညာရှင်များသည် အမဲရောင်ဝတ်စုံနှင့်လူငယ်ကို မယှဉ်နိုင်ဘဲ တစ်ကွက်တည်းဖြင့် အရေးနိမ့်သွားခဲ့ကြရသည်။
လေးယောက် ဝိုင်းဝန်း တိုက်ခိုက်ခဲ့သော်လည်း သုံးယောက်သေဆုံးကာ တစ်ယောက်မှာတော့ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့၏။
အဲ့ဒီလောက်ထိတောင် ကြောက်စရာကောင်းတဲ့ အစွမ်းခွန်အားမျိုးပါလား။
နံရံကို ကျောမှီထားလျက် ပါးစပ်မှ သွေးများ အန်ထုတ်နေသော ပိုးဖဲဝတ်စုံနှင့်လူက ထိတ်လန့်တကြား မေးလိုက်သည်။
"မင်း... မင်းက ဘယ်သူလဲ..."
သူသည် လုချင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
ဤလူသည် လက်ဗလာဖြင့် သူတို့၏ သေချာပြင်ဆင်ထားသော သတ်ကွက်များကို လွယ်ကူစွာ ချေဖျက်လိုက်ရုံသာမက တစ်ကွက်တည်းဖြင့် အားလုံးကို အနိုင်ယူသွားခဲ့လေသည်။
တိုက်ခိုက်သူ လေးယောက်အနက် သူတစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
သူ၏ သိုင်းပညာအဆင့်အတန်းသည် ယုံကြည်နိုင်စရာမရှိလောက်အောင် နက်ရှိုင်းလွန်းလှပေသည်။
သူ တွေ့ဖူးသမျှ သိုင်းပညာရှင် မဟာသခင်ကြီးများပင်လျှင် ဤမျှ သေသပ် သပ်ပ်ရပ်ပြီး ကြောက်မက်ဖွယ်ကောင်းသော နည်းစနစ်မျိုး မရှိခဲ့ကြပေ။
လုချင်းက ပိုးဖဲဝတ်စုံနှင့်လူ၏ ရင်ဘတ်မှ စုတ်ပြဲနေသော အဝတ်အစားများအောက်ရှိ ရွှေရောင် သံချပ်ကာအင်္ကျီကို ကြည့်ရင်း ပြောလိုက်သည်။
"ကျွန်တော် ပြောပြီးပြီလေ... ခင်ဗျားကို လာသတ်တဲ့လူပါလို့။ ကြည့်ရတာ ဒီ သံချပ်ကာအင်္ကျီအပျော့စားက ခင်ဗျားအသက်ကို ကယ်လိုက်ပုံရတယ်။"
ထိုလူမှာ ကြောင်အမ်းသွားလေသည်။
အမှန်တကယ်ပင် သူ၏ ခန္ဓာကိုယ်မှ မခွာဘဲ အမြဲဝတ်ဆင်ထားသော ဤသံချပ်ကာအင်္ကျီသာ မရှိခဲ့လျှင် သူသည်လည်း သူ၏ အပေါင်းအပါများကဲ့သို့ သေဆုံးသွားခဲ့ပြီ ဖြစ်ပေသည်။
သို့တိုင်အောင် ယခုအချိန်တွင် သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိနေပြီ ဖြစ်သည်။
သူ၏ ခွန်အားများသည် မူလရှိရင်းစွဲ၏ ဆယ်ပုံ နှစ်ပုံ၊ သုံးပုံခန့်သာ ကျန်တော့၏။
ဆန်းကြယ်သော အမဲရောင်ဝတ်စုံနှင့်လူငယ်၏ လက်သီးစွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သံချပ်ကာအင်္ကျီဖြင့် ကာကွယ်ထားသည့်တိုင် သူ၏ နှလုံးမှာ ပြင်းထန်စွာ ထိခိုက်သွားပြီး သွေးချီစွမ်းအင်များ ကစဥ့်ကလျား ဖြစ်သွားကာ လတ်တလောတွင် ပြန်လည် စုစည်းနိုင်ခြင်း မရှိတော့ပေ။
ပို၍ အရေးကြီးသည်မှာ ယခုအချိန်အထိ လုချင်း၏ ကျင့်ကြံမှုအဆင့်ကို သူ အကဲမခတ်နိုင်သေးခြင်း ဖြစ်သည်။
ပြိုင်ဘက်သည် ပေါက်ကွဲထွက်နေသော သွေးချီစွမ်းအင်များကို ပိုင်ဆိုင်ထားသော်လည်း သူ၏ အဆင့်အမှန်ကို ထူထပ်သော မြူနှင်းများကြားတွင် ဖုံးကွယ်ထားသကဲ့သို့ ရှိနေလေ၏။
ဤသူသည် မွေးရာပါအဆင့် မကောင်းဆိုးဝါးတစ်ကောင်များ ဖြစ်နေသလား။ သို့သော် သူသည် မွေးရာပါအဆင့်၏ စစ်မှန်သောချီစွမ်းအင်ကို မသုံးဘဲ သွေးချီစွမ်းအားကိုသာ အသုံးပြုခဲ့သည် မဟုတ်ပါလော။
ခဏတာမျှ ထိုလူသည် အတွေးများ ရှုပ်ထွေးကာ မည်သည်ကိုမျှ သဘောမပေါက်နိုင်အောင် ဖြစ်နေရတော့သည်။
သို့သော် အချက်တစ်ချက်ကိုတော့ သူ ကောင်းစွာ သိရှိလိုက်သည်။
ယနေ့ သူ အကြီးအကျယ် ဒုက္ခရောက်နေပြီ ဖြစ်သည်။
အမဲရောင်ဝတ်စုံနှင့်လူငယ်သည် ‘သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်' အတွက် ရည်ရွယ်ပြီး လာခဲ့ခြင်း ဖြစ်သည်။
ဤလောကတွင် ‘သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်' ကို ရန်စရဲသူ ရှိလိမ့်မည်ဟု မယုံကြည်နိုင်သော်လည်း လက်တွေ့အခြေအနေက သူ့မျက်စိရှေ့တွင် ရှိနေသဖြင့် မယုံကြည်၍ မရတော့ပေ။
ထိုလူ မသေသေးသည်ကို မြင်သောအခါ လုချင်းသည် လက်ကို ဝှေ့ယမ်းလိုက်ရာ လက်သီးဆုပ်အရွယ်အစားရှိသော ကျောက်ခဲတစ်လုံး သူ့လက်ထဲသို့ ရောက်ရှိလာပြီး အသာအယာ မြှောက်ကာ ချိန်ဆလိုက်သည်။
ထိုအခါ၌ ထိုလူ၏ ရင်ထဲတွင် ထိတ်လန့်မှုတို့ ဖြစ်ပေါ်လာလေ၏။
လုချင်း၏ လက်နက်ပစ်ပေါက်သည့် စွမ်းရည်ကို မြင်တွေ့ထားရသဖြင့် သူ ပေါ့ဆရဲခြင်း မရှိတော့ပေ။
သူက အလျင်အမြန် ပြောလိုက်သည်။
"လူကြီးမင်း... နားလည်မှုလွဲနေတာ ဖြစ်ပါလိမ့်မယ်။ ဒီစခန်းက လူကြီးမင်းပြောတဲ့ သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်နဲ့ ဘာမှမဆိုင်ပါဘူး။ ငါက သာမန် စီးပွားရေးသမားတစ်ယောက်ပါ၊ အဲ့ဒီအဖွဲ့နဲ့ ဘာမှ မပတ်သက်ပါဘူး။ တကယ်လို့ လူကြီးမင်း ငွေလိုချင်ရင် ဒီစခန်းထဲမှာရှိသမျှ စည်းစိမ်ဥစ္စာတွေကို ပေးပါ့မယ်..."
ထိုလူ စကားမဆုံးခင်မှာပင် လုချင်း၏ လက်ထဲမှ ကျောက်ခဲသည် လွင့်ပျံထွက်လာခဲ့လေပြီ။
ပြင်းထန်သော အားအင်နှင့်အတူ ကျောက်ခဲ၏ အရှိန်မှာ အလွန်အမင်း မြန်ဆန်လှပေသည်။ နှလုံးထိခိုက်ထားပြီး သွေးချီစွမ်းအင်များ ကစဥ့်ကလျားဖြစ်နေသော ထိုလူမှာ ရှောင်တိမ်းရန် အချိန်မရလိုက်ပေ။
ဘုန်း
ကျောက်ခဲသည် ထိုလူ၏ ဦးခေါင်းတည့်တည့်ကို ထိမှန်သွားလေသည်။
ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းပညာရှင်တစ်ဦး၏ မာကျောသော ဦးခေါင်းခွံဖြစ်သော်လည်း လုချင်း ပစ်လွှတ်လိုက်သော ကျောက်ခဲ၏ ကြောက်မက်ဖွယ် စွမ်းအားအောက်တွင် ကြက်ဥတစ်လုံးကဲ့သို့ ကျိုးပဲ့လွယ်ကူသွားတော့သည်။
သူ၏ ဦးခေါင်းသည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး အနီရောင်၊ အဖြူရောင် အရာဝတ္ထုများ နေရာအနှံ့သို့ လွင့်စဉ်ထွက်ကာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ထိုလူ သေဆုံးသွားခဲ့လေပြီ။
"အား..."
ကျန့်မိသားစု၏ ဒုတိယသခင်လေးသည် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးသဖြင့် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
ကျန့်မိသားစု သက်တော်စောင့်က ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
"သွားပြီ..."
သူသည် သခင်လေး၏ ပါးစပ်ကို လှမ်းပိတ်ရန် ကြိုးစားလိုက်သော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
လုချင်း၏ အကြည့်များသည် သူတို့ရှိရာဘက်သို့ ရောက်ရှိလာလေပြီ။
သက်တော်စောင့်က သတ္တိမွေးကာ ပြောလိုက်သည်။
"လူကြီးမင်း... ကျွန်တော်တို့က မြို့တော်ဝန်ရုံးက ကျန့်မိသားစုကပါ။ ဒီကို အပျော်သဘောသက်သက် လာခဲ့ကြတာပါ။ ကျွန်တော်တို့က ဒီလူတွေနဲ့ ဘာမှ မပတ်သက်ပါဘူး။ ကျေးဇူးပြုပြီး ခွဲခြားပေးပါဦး လူကြီးမင်း။"
တုန်ရီနေပြီး မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသော ဒုတိယသခင်လေးမှာမူ ဤလူသည် သူ တွေ့ဖူးသမျှ သိုင်းပညာရှင်များနှင့် မတူဘဲ စစ်မှန်သော လူသတ်သမားတစ်ဦး ဖြစ်ကြောင်း နားလည်လိုက်လေပြီ။
လုချင်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ သက်တော်စောင့်မှာ အလွန်အမင်း စိုးရိမ်ပူပန်လာတော့သည်။
ကျန့်မိသားစုသည် ဒေသတစ်ခုလုံးတွင် အာဏာရှိပြီး ဩဇာကြီးမားသဖြင့် ချန်ကျိုးရှိ ဂိုဏ်းကြီးများပင်လျှင် မျက်နှာသာ ပေးကြရသည်။
သို့သော် ဤမျှ ရက်စက်သော လူသတ်သမားကို ရင်ဆိုင်နေရချိန်တွင် တစ်ဖက်လူက သူတို့ကို လေးစားမှု ရှိ၊ မရှိ သူ မသေချာတော့ပေ။
လုချင်းက အက်ရှသော အသံဖြင့် အေးစက်စွာ ပြောလိုက်သည်။
"ကျန့်မိသားစု ဟုတ်လား... အဲ့တော့ ဘာဖြစ်လဲ။ မြို့တော်က ယန်မိသားစုဝင်တွေ ဖြစ်နေရင်တောင် ငါ့ကို ရန်စရင် သေရမှာပဲ။"
"မဖြစ်တော့ဘူး သခင်လေး... ပြေးတော့။"
လုချင်း ပထမဆုံး စကားလုံးကို စပြောကတည်းက သက်တော်စောင့်သည် အခြေအနေ မကောင်းတော့သည်ကို ရိပ်မိလိုက်သည်။ "သေရမယ်" ဟူသော စကားကို ကြားလိုက်ရချိန်တွင် သူသည် တွေဝေမနေတော့ဘဲ ပြတ်သားစွာ လှုပ်ရှားလိုက်တော့၏။
သူသည် ကျန့်မိသားစု ဒုတိယသခင်လေးကို အနောက်ဘက်သို့ အားပျော့ပျော့ဖြင့် တွန်းထုတ်လိုက်သည်။
ထို့နောက် သူ၏ ခါးမှ ဓားတိုတစ်ချောင်းကို ညာဘက်လက်ဖြင့် ဆွဲထုတ်လိုက်၏။
ဒိုင်းကာကို ကိုင်ဆောင်လျက် သူသည် လုချင်းရှိရာသို့ အားကုန်ပြေးဝင်တိုက်ခိုက်ပြီး လုချင်းကို နောက်ဆုတ်သွားစေရန်နှင့် သူ၏သခင်လေး ထွက်ပြေးရန် အချိန်ရစေရန် ကြိုးစားလိုက်လေသည်။
သို့သော် သူ၏ တွက်ဆမှုမှာ လွန်စွာ အကောင်းမြင်လွန်းနေခဲ့သည်။
ပြင်းထန်သော ဒိုင်းကာဖြင့် ဝင်တိုက်မှုကို ရင်ဆိုင်ရသော်လည်း လုချင်းသည် ရှောင်တိမ်းခြင်း မရှိပေ။ သူ၏ လက်ချောင်းငါးချောင်းကို ဖြန့်ကားကာ လက်ဖြင့် စက်ဝိုင်းသဏ္ဌာန် ဝှေ့ယမ်းလိုက်ပြီး ကြီးမားသော အားအင်ဖြင့် ဒိုင်းကာပေါ်သို့ ဖိချလိုက်လေသည်။
ဝုန်း
ကြိတ်ခွဲလိုက်သော စွမ်းအားအောက်တွင် သံမဏိဖြင့် ပြုလုပ်ထားသော ဒိုင်းကာအထူကြီးသည် အပိုင်းပိုင်းအစစ ကွဲအက်သွားတော့၏။ ဒိုင်းကာအနောက်မှ သက်တော်စောင့်သည် သွေးများ အန်ထုတ်လိုက်ရပြီး သူ၏ အရိုးများ ကျိုးကြေသွားလေသည်။
ဘယ်လိုလုပ် ဒီလောက်တောင် သန်မာရတာလဲ။
တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားသော သက်တော်စောင့်သည် မြေကြီးပေါ်တွင် ထိုင်လျက် မျှော်လင့်ချက် ကင်းမဲ့သွားတော့သည်။
လုချင်း၏ စွမ်းအားသည် သူ၏ ထင်မြင်မှန်းဆမှုကို များစွာ ကျော်လွန်နေလေသည်။ အိမ်တော်မှ သိုင်းပညာရှင် မဟာသခင်များပင်လျှင် ဤမျှ လွှမ်းမိုးနိုင်သော ခွန်အားမျိုး မရှိကြပေ။
ဒီ ဆန်းကြယ်တဲ့လူက တကယ်တမ်း ဘယ်သူလဲ၊ ချန်ကျိုးမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ သိုင်းပညာရှင် ဘယ်တုန်းက ပေါ်လာရတာလဲ။
လုချင်းက ခေါင်းခါရင်း ပြောလိုက်သည်။
"မင်းရဲ့ သစ္စာရှိမှုကတော့ ချီးကျူးစရာပါပဲ... ဒါပေမဲ့ ကံဆိုးတာက မင်းကာကွယ်ပေးနေတဲ့လူက လူယုတ်မာတစ်ကောင် ဖြစ်နေတာပဲ။"
လုချင်းသည် ပြင်းထန်စွာ ဒဏ်ရာရထားသော သက်တော်စောင့်ကို ကျော်ခွကာ ကြောက်လန့်လွန်း၍ မပြေးနိုင်တော့သော ကျန့်မိသားစု ဒုတိယသခင်လေးရှိရာသို့ လျှောက်သွားလိုက်သည်။
ဒုတိယသခင်လေးက လုချင်း အနားကပ်လာသည်ကို မြင်သောအခါ အော်ဟစ်တောင်းပန်လိုက်သည်။
"ကျေးဇူးပြုပြီး... ကျွန်တော့်ကို မသတ်ပါနဲ့၊ တောင်းပန်ပါတယ်ဗျာ။ ခင်ဗျား ကျွန်တော့်ကို သတ်ရင် ကျွန်တော့်မိသားစုက ခင်ဗျားကို လွှတ်ထားမှာ မဟုတ်ဘူး။ ကျွန်တော့်အဖေက ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး။"
သက်တော်စောင့်က နာကျင်မှုကို ကြိတ်မှိတ်သည်းခံရင်း ပြောလိုက်သည်။
"လူကြီးမင်း... ကျွန်တော်တို့က ဒီစခန်းနဲ့ တကယ် ဘာမှ မပတ်သက်ပါဘူး။ ကျေးဇူးပြုပြီး ကျန့်မိသားစုကို ထောက်ထားတဲ့အနေနဲ့ ကျွန်တော့်သခင်လေးကို လွှတ်ပေးပါဗျာ။ ဒီနေ့ကိစ္စကို ဘယ်တော့မှ ထုတ်မပြောဘူးလို့ ကျိန်ဆိုပါ့မယ်။"
လုချင်းက ခြေလှမ်းကို ရပ်တန့်လိုက်ပြီး သိချင်စိတ်ဖြင့် လှည့်ကြည့်ကာ မေးလိုက်သည်။
"ငါက ဒီလူယုတ်မာကို နှုတ်ပိတ်ဖို့ သတ်မယ်လို့ မင်းထင်နေတာလား။"
သက်တော်စောင့်မှာ အံ့အားသင့်သွားလေသည်။ ထိုအကြောင်းပြချက်မှလွဲ၍ အခြား အကြောင်းပြချက်ကို သူ စဉ်းစားမရပေ။
"ဒါက လူ့အသက်ကို မြက်ပင်လေးတွေလို သဘောထားတတ်တဲ့ မင်းတို့လို သူကောင်းမျိုးတွေရဲ့ ထုံးစံအတိုင်း တွေးတာပဲလေ။ ငါမင်းကို ပြောပြမယ်... ငါ သူ့ကို သတ်ရတာက သူ မုဒိမ်းကျင့်ပြီး သတ်ခဲ့တဲ့ မိန်းကလေးတွေအတွက် တရားမျှတမှု ပြန်ယူပေးမလို့ကွ။"
သက်တော်စောင့်၏ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားပုံ ရလေသည်။
သို့သော် နောက်တစ်ခဏတွင် လုချင်း၏ လက်မှ ကျောက်ခဲတစ်လုံး ပျံထွက်သွားသည်ကို မြင်လိုက်ရ၏။
ထို့နောက် ဒုတိယသခင်လေး၏ ဦးခေါင်းသည် ပုပ်သိုးနေသော ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွားတော့သည်။
"သခင်လေး..."
သက်တော်စောင့်က ဝမ်းနည်းပက်လက် အော်ဟစ်လိုက်သည်။
လုချင်းက ပြောလိုက်သည်။
"တကယ်တော့ မင်းကို လွှတ်ပေးမလို့ စိတ်ကူးထားတာ... ဒါပေမဲ့ မင်းက ငါ့ကို သွားသတိပေးလိုက်တာကိုး။"
ဒုတိယသခင်လေးကို ပေါ့ပေါ့ပါးပါးပင် သတ်ဖြတ်ပြီးနောက် လုချင်းက လှည့်ကြည့်လိုက်သည်။
"ဒီလူယုတ်မာက အဲ့ဒီမိန်းကလေးတွေကို နှိပ်စက်ပြီး သတ်တုန်းက မင်းလည်း ဘေးမှာ ရှိနေခဲ့တယ် မဟုတ်လား။"
သက်တော်စောင့်က တုန်လှုပ်စွာဖြင့် မေးလိုက်သည်။
"လူကြီးမင်း... အဲ့ဒီ အဆင့်နိမ့် ပြည့်တန်ဆာမလေးတွေကြောင့် ကျွန်တော့်သခင်လေးကို သတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုလိုချင်တာလား။"
"အေးလေ... အဲ့ဒီအကြောင်းပြချက်က မလုံလောက်ဘူးလား။"
သက်တော်စောင့် တိတ်ဆိတ်သွားလေသည်။
သူ့စိတ်ထဲတွင်တော့ 'ဒါပေါ့ မလုံလောက်ဘူး' ဟု အော်ပြောချင်နေမိသည်။
ထို အဆင့်နိမ့်လူတန်းစားတွေ ဘယ်လောက်များများ သေပါစေ၊ သူ့သခင်လေး၏ တန်ဖိုးကို မယှဉ်နိုင်ပါပေ။
သို့သော် လုချင်း၏ လေသံကို နားထောင်ခြင်းအားဖြင့် ဤအကြောင်းပြချက်သည် လုံလောက်သည်ဟု လုချင်း ယုံကြည်ထားကြောင်း သူ သိလိုက်သည်။
ထို့ကြောင့် သူ တိတ်ဆိတ်နေလိုက်သည်။
သူ ဘာမျှမပြောသော်လည်း လုချင်းသည် သူ့မျက်နှာပေါ်မှ အဖြေကို မြင်လိုက်ရပေသည်။
လုချင်းက လှောင်ပြောင်သရော်သော အပြုံးဖြင့် ပြောလိုက်သည်။
"ထင်တဲ့အတိုင်းပါပဲ... ဒါဆိုရင်လည်း မင်းရဲ့ သခင်လေး အဖော်ရအောင် လိုက်သွားလိုက်ပါဦး။"
လေကို ခွင်းသွားသော ကျောက်ခဲသံ တစ်ဖန် ထွက်ပေါ်လာပြီး သက်တော်စောင့်၏ ဦးခေါင်းဆီသို့ တည့်မတ်စွာ ပျံသန်းသွားလေတော့၏။
မွန်းကျပ်သော အသံတစ်သံနှင့်အတူ သက်တော်စောင့်၏ နဖူးတွင် သွေးစက်ပေါက်တစ်ခု ပွင့်သွားပြီး ခန္ဓာကိုယ် တုန်ခါသွားကာ အသက်ဝိညာဉ် ချုပ်ငြိမ်း၍ လဲကျသွားလေတော့သည်။
သက်တော်စောင့်ကို ရှင်းလင်းပြီးနောက် လုချင်းသည် အချိန်ဆွဲမနေတော့ဘဲ အဆောက်အဦထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
သေဆုံးနေသည်ဟု ထင်ရသော လုပ်ကြံသတ်ဖြတ်သူ အလောင်းတစ်လောင်းဘေးမှ ဖြတ်သွားစဉ် သူသည် ရုတ်တရက် ထိုအလောင်း၏ နားထင်ကို ကန်ထည့်လိုက်လေသည်။
ထိုအလောင်းသည် သူ၏ ဟန်ဆောင်မှု ပေါ်သွားသည်ကို မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်လျက် ပွင့်လာတော့သည်။
လုချင်းသည် တည်ငြိမ်စွာပင် ရှိနေလေသည်။
ထိုလုပ်ကြံသတ်ဖြတ်သူ၏ 'လိပ်အသက်ရှူခြင်းနည်းစနစ်' သည် နက်ရှိုင်းသော်လည်း လုချင်း၏ 'ဝိညာဉ်အာရုံခံနိုင်စွမ်း' အောက်တွင် နေ့ခင်းကြောင်တောင်ကဲ့သို့ ထင်ရှားနေပေသည်။ သူ၏ နတ်မျက်စိစွမ်းရည်ကိုပင် ထည့်ပြောစရာ မလိုပေ။
မွေးရာပါအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် သူ့ရှေ့တွင် အရှိန်အဝါကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ရာ သာမန် ကိုယ်တွင်းအင်္ဂါအဆင့်လောက်က ပြောပလောက်စရာ မရှိပေ။
အသေဟန်ဆောင်နေသော လုပ်ကြံသတ်ဖြတ်သူကို သတ်ပြီးနောက် လုချင်း အဆောက်အဦထဲသို့ ဝင်သွားလိုက်သည်။
စခန်းတစ်ခုလုံးရှိ ကိုယ်တွင်းအင်္ဂါအဆင့် သိုင်းပညာရှင်အားလုံး သတ်ဖြတ်ခံလိုက်ရလေပြီပင်။
…