← Chapters

ဆုငွေဖြင့် ဝတ်ပြုစေခြင်း၊ ပြည်သူတို့၏ ကောင်းချီးကို ရယူခြင်း

Vol. 20 Ch. 199

ဆုငွေဖြင့် ဝတ်ပြုစေခြင်း၊ ပြည်သူတို့၏ ကောင်းချီးကို ရယူခြင်း

Vol. 20 Ch. 199

လုချင်းက သက်ပြင်းချကာ ရေရွတ်လိုက်သည်။

"ပြည်နယ်မြို့တော်ဆိုတဲ့အတိုင်းပဲ တကယ်လည်းတော်တော်လူစည်တာပဲ။"

သူ့ရှေ့မှစည်ကားနေသော လှည်းများနှင့် လူအုပ်ကြီးကို ကြည့်ရင်း လုချင်း မနေနိုင်ဘဲ ထပ်မံ သက်ပြင်းချလိုက်မိသည်။

ခရိုင်မြို့နှင့်ယှဉ်လျှင် ဤနေရာသည် အနည်းဆုံး ဆယ်ဆမက ပိုပြီး စည်ကားဝေဆာလှသည်။

ခေတ္တမျှအံ့သြငေးမောပြီးနောက် လုချင်း စတင် လှည့်လည်ကြည့်ရှုလေတော့သည်။

သေချာသည်မှာသူ၏ လှည့်လည်မှုတွင် ရည်ရွယ်ချက် ရှိလေသည်။

မကြာမီငွေအနည်းငယ် သုံးပြီး ဈေးသည်အချို့ကို ပေးလိုက်ပြီးနောက်၌ သူ လိုချင်သော သတင်းအချက်အလက်ကို ရရှိသွားသည်။

တုတ်ထိုးသကြားလုံးရောင်းသော ဈေးသည်တစ်ဦးထံမှ လုချင်းက သကြားလုံး နှစ်ချောင်း ဝယ်ယူလိုက်ရာ ထိုဈေးသည်က သူ၏ မေးခွန်းများကို စိတ်အားထက်သန်စွာဖြင့် ဖြေကြားပေးလေသည်။

"မင်းက ကျန့်အိမ်တော်ကို ပြောတာလား။ အဲ့ဒါက ဟိုးဘက် မြို့အနောက်ဘက်ခြမ်းမှာ ရှိတယ်။ မြို့ထဲက အထင်ကရ အချမ်းသာဆုံး မိသားစုတွေရဲ့ အိမ်ကြီးအိမ်ကောင်းတွေ အကုန်လုံးက အဲ့ဒီမှာပဲ‌ ရှိကြတာလေ။ လူလေး... မင်းလည်းပဲ ကျန့်မိသားစုရဲ့ ဒုတိယသခင်လေးကို ဂါရဝပြုပြီး ဆုငွေ သွားယူမလို့လား။"

လုချင်းက နားမလည်ဟန်ဆောင်ကာ ပြန်မေးလိုက်သည်။

"ဂါရဝပြုတာဟုတ်လား... မဟုတ်ပါဘူးဗျာ။ ကျွန်တော်က ကျန့်မိသားစုက ပြည်နယ်မြို့တော်မှာ အကြီးဆုံး မိသားစုဆိုပြီး ကြားဖူးလို့ သွားကြည့်ချင်ရုံ သက်သက်ပါ။"

ဈေးသည်က ချက်ချင်း သဘောပေါက်သွားပြီး ပြောလိုက်သည်။

"ဩော်...ဒါဆို လူလေးကလည်း သိုင်းပညာရှင်ပဲလား။ ဒါပေမဲ့ မင်းလာတဲ့အချိန်က သိပ်မကိုက်ဘူးကွ။ ကျန့်မိသားစုရဲ့ ဒုတိယသခင်လေးက မကြာသေးခင်ကမှ လူဆိုးတစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရလို့ သူတို့ အခု အသုဘအခမ်းအနား ကျင်းပနေကြတာလေ။ မင်းကို ဧည့်ခံဖို့ အချိန်ရကြမယ် မထင်ဘူး။ ဒါပေမဲ့ မင်းက ဂါရဝပြုဖို့ သွားတာဆိုရင်တော့ ဝင်လို့ရလောက်ပါတယ်။ ဒုတိယသခင်လေးရဲ့ အသုဘက တော်တော်ကြီးကျယ်တယ်။ ပြီးတော့ လာပြီး ဂါရဝပြု ဆုတောင်းပေးတဲ့ မြို့သူမြို့သား ဘယ်သူ့ကိုမဆို ဆုငွေအဖြစ် ကြေးဒင်္ဂါးတစ်ရာ ပေးမယ်လို့ ကျန့်မိသားစုက ကြေညာထားတယ်လေ။ ကျုပ်တောင် မနေ့က သွားပြီး ဒုတိယသခင်လေးကို ဦးနည်းနည်း ချခဲ့လို့ ဆုငွေ တကယ်ကြီး ရခဲ့သေးတယ်။"

ဈေးသည်၏ပျော်ရွှင်နေသော မျက်နှာထားကို ကြည့်ပြီး လုချင်းက အံ့သြဟန်ဆောင်ကာ ပြန်ပြောလိုက်သည်။

"ဟောဗျာ...အဲ့လောက်တောင် ကောင်းတာလား။ ဒါဆိုရင်တော့ ကျွန်တော်လည်း သွားပြီး ဂါရဝပြုဦးမှပဲ။"

ဈေးဆိုင်မှထွက်လာပြီးနောက် လုချင်း၏ မျက်နှာထားမှာ တည်ငြိမ်သွားပြီး မျက်လုံးများထဲတွင် လှောင်ပြောင်သော အရိပ်အယောင်များ ပေါ်လာလေသည်။

"ပြည်သူတွေရဲ့ကောင်းချီးကို ယူချင်တာလား။ အဲ့ဒီလူယုတ်မာက မထိုက်တန်ပါဘူးကွာ။"

ဈေးသည်၏လမ်းညွှန်မှုအတိုင်း လုချင်းသည် မြို့၏ အနောက်ဘက်ပိုင်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

ထိုနေရာရောက်သည်နှင့် ကွာခြားမှုကို သူ ချက်ချင်း သတိထားမိလိုက်သည်။

အခြားစည်ကားသောနေရာများနှင့်ယှဉ်လျှင် မြို့၏ ဤအပိုင်းသည် များစွာ ပို၍ တိတ်ဆိတ်ငြိမ်သက်နေသည်။

သို့သော် ဤနေရာရှိ အဆောက်အအုံများမှာ များစွာ ပို၍ ခမ်းနားထည်ဝါလေ၏။

အများစုမှာ အမှန်တကယ် ချမ်းသာကြွယ်ဝသူများ၏ နေအိမ်များ ဖြစ်ကြပြီး ကြီးမားသော အိမ်တော်ကြီးများ ဖြစ်ကြသည်။

ခဏမျှကြည့်ရှုပြီးနောက် အကြီးမားဆုံး အိမ်တော်များထဲမှ ကျန့်မိသားစု၏ အိမ်တော်ကို လုချင်း အလွယ်တကူ ရှာတွေ့သွားတော့သည်။

ထိုအိမ်တော်တစ်ခုတည်းသာလျှင် အဖြူရောင် ပိုးသားများဖြင့် အလှဆင်ထားပြီး ဝမ်းနည်းပူဆွေးဖွယ် ဂီတသံများ ထွက်ပေါ်နေပါ၏။

လုချင်းသည် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း အိမ်တော်သို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားလေသည်။

လမ်းတွင် ကျန့်အိမ်တော်မှ ပြန်ထွက်လာကြသော သာမန်ပြည်သူများစွာကို သူ တွေ့မြင်လိုက်ရပြီး သူတို့၏ မျက်နှာများပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်များ ရှိနေကြသည်။

သေချာသည်မှာတော့ ၎င်းတို့သည် ဈေးသည်ပြောခဲ့သလို ကျန့်အိမ်တော်သို့ သွားရောက် ဂါရဝပြုပြီး ဆုငွေ ရယူလာကြသော မြို့သူမြို့သားများ ဖြစ်ကြပေသည်။

လမ်းလျှောက်ရင်း လုချင်းသည် ပတ်ဝန်းကျင်ကို ဆက်လက် လေ့လာနေခဲ့သည်။

နောက်ဆုံးတွင်တော့ သူသည် မြို့ထဲရှိ မြင့်မားသော မျှော်စင်တစ်ခုကို သတိထားမိလိုက်ပြီး ထိုမျှော်စင်ကို အကြိမ်ကြိမ် လှမ်းကြည့်လိုက်မိသည်။

"ရပ်လိုက်စမ်း...မင်း ဒီမှာ ဘာလုပ်နေတာလဲ။"

ကျန့်အိမ်တော်၏အဝင်ဝတွင် အစောင့်တစ်ဦးက လုချင်းကို တားဆီးလိုက်သည်။

လုချင်းကသူ့ အတွက် အထောက်အထားတစ်ခုကို အလွယ်တကူပင် ဖန်တီးကာ ပြောလိုက်၏။

"ကျွန်တော့်နာမည် လင်အန်းပါ။ ကျီကျိုးကပါ။ ချန်ကျိုးကို ခရီးသွားလာရင်း ကျန့်မိသားစုရဲ့ ဒုတိယသခင်လေး လူဆိုးလက်ချက်နဲ့ ဆုံးသွားတယ်လို့ ကြားရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ အဲ့ဒါကြောင့် ဂါရဝလာပြုတာပါ။ ဝင်ခွင့်ပြုပါဦး။"

အစောင့်များက လုချင်းကို သေချာ ကြည့်ရှုစစ်ဆေးလိုက်သည်။ သူသည် ရိုးရိုးရှင်းရှင်း ပုံစံပေါက်နေသော်လည်း သိုင်းပညာရှင်တစ်ယောက်၏ အရှိန်အဝါ ရှိနေပြီး အနည်းဆုံး ချီနှင့်သွေးအဆင့် အထွတ်အထိပ်တွင် ရှိကြောင်း သူတို့ သတိပြုမိလိုက်သည်။

ထို့နောက်၌ ထပ်မံသံသယဝင်ခြင်း မရှိတော့ဘဲ သူတို့က ယဉ်ကျေးစွာပင် ဖိတ်ခေါ်လိုက်ကြသည်။

"ဩော်...သခင်လေးလင်ပါလား။ ဒုတိယသခင်လေးကို ဂါရဝပြုဖို့ လာတာဆိုတော့ ဝင်လို့ရပါတယ်။ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ။"

ဤအခြေအနေမျိုးက အကြိမ်ကြိမ် ဖြစ်ပျက်ခဲ့ပြီး ဖြစ်သည်။

ကျန့်မိသားစုသည် ထင်ရှားကျော်ကြားသော မိသားစုဖြစ်ပြီး ချန်ကျိုးတစ်ဝှမ်းလုံးတွင် နာမည်ကြီးလေသည်။

နေ့စဉ်နှင့်အမျှ မိသားစုနှင့် ပတ်သက်ဆက်နွှယ်လိုသူ မရေမတွက်နိုင်အောင် ရှိကြသည်။

ပုံမှန်အခြေအနေဆိုလျှင် လုချင်းကဲ့သို့ သာမန် ကျင့်ကြံခြင်းအဆင့်ရှိသူတစ်ယောက်သည် ကျန့်အိမ်တော်ထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

သို့သော် အသုဘအခမ်းအနားကြောင့် ဂါရဝပြုရန် လာရောက်သူ မည်သူ့ကိုမျှ ပြန်မလွှတ်ရဟု အိမ်တော်သခင်မကြီးက အမိန့်ထုတ်ထားလေသည်။

သူမက သူမ၏ သားဖြစ်သူကို ပြည်သူများ၏ ကိုးကွယ်မှုနှင့် အမွှေးတိုင် ပူဇော်မှုများကို ခံယူစေလိုပြီး ယင်းကုသိုလ်များကို စုဆောင်းကာ တမလွန်ဘဝတွင်ပင် ဘုန်းကြီးစေလိုသောကြောင့် ဖြစ်သည်။

ကျန့်မိသားစုသည် သခင်မကြီး၏ အမိန့်ကို မဖီဆန်ရဲကြပေ။

သူမ၏ဆန္ဒ ပြည့်ဝစေရန်အတွက် လာရောက်ဂါရဝပြုကြသော မြို့သူမြို့သားများကို ငွေပင် ပေးကမ်းခဲ့ကြသည်။

ထို့ကြောင့် လုချင်းသည် ကျန့်အိမ်တော်ထဲသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အစေခံများ၏လမ်းညွှန်မှုနောက်သို့ လိုက်ပါရင်း သူသည် ဝမ်းနည်းခြင်းခန်းမဆောင်သို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် ခန်းမထဲ၌ လူများစွာ ရှိနေကြပြီး အများစုမှာ ဆုငွေ လိုချင်သော မြို့သူမြို့သားများ ဖြစ်ကြသည်။

သူ့အလှည့်ကို စောင့်ဆိုင်းနေရင်း လုချင်းသည် ဝမ်းနည်းခြင်းခန်းမဆောင်ကို တိတ်တဆိတ် အကဲခတ်နေလိုက်သည်။

အထင်ရှားဆုံးအရာမှာ အလယ်တွင် ထားရှိသော ရွှေနှင့် ကျောက်စိမ်းများဖြင့် စီခြယ်ထားသည့် ကြီးမားပြီး ဇိမ်ကျလှသော ခေါင်းတလားကြီးပင် ဖြစ်သည်။

ကျန့်မိသားစုသည် ကျန့်ယွီကို တမလွန်ဘဝတွင်ပင် ချမ်းသာကြွယ်ဝမှုကို ခံစားစေလိုကြောင်း ထင်ရှားနေသည်။

ခေါင်းတလားအနီးတွင် စွမ်းအားကြီးသော အရှိန်အဝါ အများအပြား ရှိနေပြီး ၎င်းကို ကာကွယ်ရန် ကျန့်မိသားစုက စီစဉ်ထားသော အစောင့်များ ဖြစ်ကြောင်း သိသာလှသည်။

သို့သော် လုချင်းက သူတို့ကို ဂရုမစိုက်ပေ။ သူ့ကို အမှန်တကယ် စိုးရိမ်စေသော အရာမှာ ခေါင်းတလားဘေးတွင် ထိုင်နေသော ပုံရိပ်ပင် ဖြစ်သည်။

သစ်ခေါက်ကဲ့သို့ တွန့်လိမ်နေပြီး အားနည်းပုံရသော အဖွားအိုတစ်ဦးသည် သစ်တုံးတစ်တုံးကဲ့သို့ မျက်နှာသေဖြင့် ထိုင်နေလေသည်။

သူမ၏ပုံပန်းသဏ္ဍာန်က မည်သို့ပင် ရှိစေကာမူ လုချင်းသည် သူမထံမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကို အာရုံခံမိနေသည်။

သူက စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။

"ဒါက ကျန့်မိသားစုရဲ့ သခင်မကြီး ဖြစ်ရမယ်။"

လုချင်းသည် တိတ်တဆိတ်ပင် သူ၏ နတ်မျက်စိစွမ်းရည်ကို အသက်သွင်းလိုက်ပြီး သူမကို သိုသိပ်စွာ စောင့်ကြည့်လိုက်သည်။

မကြာမီ မှိန်ဖျော့သော ရွှေရောင်အလင်းတန်းတစ်ခုက အဖွားအိုထံမှ ထွက်ပေါ်လာပြီး လေပေါ်တွင် စာလုံးအချို့ ပေါ်လာလေသည်။

စာလုံးများကို ဖတ်ပြီးနောက် အာရုံစိုက်ခံရမည်ကို စိုးရိမ်သဖြင့် လုချင်းသည် မျက်လွှာကို အောက်ချလိုက်သည်။

မွေးရာပါနယ်ပယ်ပညာရှင်တစ်ဦး၏ အာရုံခံနိုင်စွမ်းမှာ အလွန် ထက်မြက်လှသည်။ သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားသော်လည်း အကြာကြီး စိုက်ကြည့်နေပါက သတိထားမိသွားနိုင်သည်။

သို့သော် စာလုံးများမှ အကြောင်းအရာကို ပြန်အမှတ်ရလိုက်သောအခါ လုချင်း၏ မျက်လုံးများတွင် အေးစက်မှုများ ပေါ်မလာဘဲ မနေနိုင်တော့ပေ။

ဒီအဖွားအိုက သူ့ဒေါသပြေပျောက်စေဖို့ တကယ်ကို သေထိုက်တဲ့သူပါလား။

ရုတ်တရက်ကြေညာသံတစ်ခု ထွက်ပေါ်လာသည်။

"မြို့စားမင်းအိမ်တော်ရဲ့အိမ်တော်ထိန်း... အိမ်တော်ထိန်းဝမ် ရောက်ရှိလာပါပြီ။"

ဂါရဝပြုနေသောလူအုပ်ကြီးမှာ လှုပ်လှုပ်ရွရွ ဖြစ်သွားပြီး အိမ်တော်သခင်မကြီးသည်ပင် အနည်းငယ် လှုပ်ရှားသွားကာ အံ့သြသွားသည့် အရိပ်အယောင် ပြလေသည်။

မကြာမီ ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး လေးထောင့်စပ်စပ် မျက်နှာနှင့် ခန့်ညားသော အမူအရာရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး အိမ်တော်သခင်မကြီးကို ဦးညွှတ်လိုက်သည်။

ယခုတစ်ကြိမ်တွင် အိမ်တော်သခင်မကြီးသည် ထိုင်မနေတော့ဘဲ မတ်တတ်ရပ်ကာ ပြန်လည်၍ အနည်းငယ် ဦးညွှတ်လိုက်သည်။

"သခင်မကြီးကျန့်... မြို့စားမင်းကိုယ်စား ကျန့်မိသားစုရဲ့ ဒုတိယသခင်လေးကို ဂါရဝပြုဖို့ ကျွန်တော် ရောက်လာတာပါ။"

အိမ်တော်သခင်မကြီးကလည်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"မြို့စားမင်းက တကယ်ကိုအမြော်အမြင်ကြီးပါပေတယ်။ ဒီကျေးဇူးကို ကျွန်မ မှတ်ထားပါ့မယ်။"

လူတစ်ယောက်ကအ မွှေးတိုင် ယူလာပေးပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားက ဂါရဝပြုပြီးနောက် အိမ်တော်သခင်မကြီးထံသို့ ချဉ်းကပ်သွားလေသည်။

"သခင်မကြီးကျန့်... မြို့စားမင်းက သခင်မကြီးအတွက် စကားပါးလိုက်ပါသေးတယ်။ သီးသန့် ပြောခွင့်ပြုပါလား။"

အိမ်တော်သခင်မကြီးက သူ့ကို ခဏမျှ တိတ်တဆိတ် ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ...အိမ်တော်ထိန်းဝမ်... ကျွန်မနောက် လိုက်ခဲ့ပါ။"

လုချင်းက စိတ်ထဲမှ အော်ဟစ်လိုက်သည်။

"အခွင့်ကောင်းပဲ။"

အိမ်တော်သခင်မကြီးနှင့်အိမ်တော်ထိန်းတို့ ခန်းမထဲမှ ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ လုချင်းလည်း တိတ်တဆိတ်ပင် လှုပ်ရှားလိုက်တော့သည်။

သူသည် ကျန့်မိသားစု သခင်မကြီး၏ စွမ်းအားနှင့် အခြေအနေကို အကဲခတ်ရန်အတွက်သာ ဤနေရာသို့ လာခဲ့ခြင်းဖြစ်ပြီး ကျန့်ယွီကို စစ်မှန်သော စိတ်ရင်းဖြင့် ဂါရဝပြုရန် ဆန္ဒ လုံးဝ မရှိပေ။

ဝမ်းနည်းခြင်းခန်းမဆောင်မှ ထွက်ခွာပြီးနောက် လုချင်းသည် ကျန့်အိမ်တော် အပြင်ဘက်သို့ ပေါ်တင်ပင် လမ်းလျှောက်ထွက်လာခဲ့သည်။

တံခါးစောင့်များက သူ့ကို မတားဆီးကြပေ။

သူတို့အမြင်တွင် လုချင်းကဲ့သို့သော လူတစ်ယောက်သည် အိမ်တော်ထဲသို့ ဝင်ရောက်ခွင့်ရပြီး ဒုတိယသခင်လေးကို ဂါရဝပြုခွင့်ရခဲ့သည့်အတွက် ကျေးဇူးတင်လွန်းသဖြင့် မကောင်းကြံရန် စဉ်းစားဖို့ပင် မဖြစ်နိုင်ဟု ထင်နေကြသည်။

သူက ဝမ်းနည်းခြင်းခန်းမဆောင်ထဲတွင် လမ်းလျှောက်ကြည့်ရုံသာ ကြည့်ပြီး ပြန်ထွက်လာခဲ့သည်ဟု မည်သူက ထင်မိပါမည်နည်း။

ကျန့်အိမ်တော်အပြင်သို့ရောက်သည်နှင့် လုချင်းသည် အချိန်ဆွဲမနေတော့ဘဲ စောစောက သူ တွေ့ခဲ့သည့် မျှော်စင်အမြင့်ကြီးဆီသို့ ဦးတည်သွားလိုက်သည်။

ဤမျှော်စင်သည် မြို့ထဲရှိ ရှုခင်းကြည့်စရာ နေရာတစ်ခု ဖြစ်ပုံရသည်။

လောလောဆယ်တွင် မျှော်စင်ကို ပိတ်ထားပြီး သော့ခတ်ထားကာ အတွင်း၌ လူသူကင်းမဲ့နေလေ၏။

သို့သော် ထိုအရာက လုချင်းကို မတားဆီးနိုင်ပေ။ ပေါ့ပါးသော လှုပ်ရှားမှု အနည်းငယ်ဖြင့် သူသည် မျှော်စင်ထိပ်သို့ လွယ်ကူစွာပင် ရောက်ရှိသွားလေသည်။

သူက ရေရွတ်လိုက်သည်။

"ဒီနေရာက တကယ်ကို လှပတဲ့မြင်ကွင်းရှိတာပဲ။ နေရာကောင်းလေးတစ်ခုပါလားနော်။"

မီတာဒါဇင်ပေါင်းများစွာမြင့်သော မျှော်စင်ထိပ်တွင် ရပ်လျက် လုချင်းသည် မြို့၏ အနောက်ဘက်ခြမ်း တစ်ခုလုံးကို မြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

ပို၍အရေးကြီးသည်မှာ ဤမျှော်စင်သည် မီတာအနည်းငယ်သာ ဝေးသော ကျန့်အိမ်တော်နှင့် အဆင်ပြေစွာ မျက်နှာချင်းဆိုင် တည်ရှိနေခြင်းပင် ဖြစ်သည်။

မြင်ကွင်းကို ခေတ္တမျှ ခံစားကြည့်ရှုပြီးနောက် ကျန့်အိမ်တော်သို့ ဦးတည်ထားသော လုချင်း၏ အကြည့်များသည် အေးစက်သွားလေသည်။

သူ၏စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် လေးရှည်တစ်လက်က သူ၏ လက်ထဲတွင် ပေါ်လာတော့သည်။

........

All Chapters