← Chapters

အခန်း (၁၆၅)

Vol. 17 Ch. 165

အခန်း (၁၆၅)

Vol. 17 Ch. 165

နက်နဲဆန်းကြယ်တဲ့ မိန်းကလေးငယ်ရဲ့ အသံကို ကြားရတယ်ဆိုရင် ဒါဟာ အမှန်တရား ဖြစ်ရမယ်။ တစ်စုံတစ်ရာသော အဆင့်မြင့် သလင်းကျောက်သားရဲဥထဲမှာ မွေးဖွားလာမယ့် အဆင့်မြင့် ဉာဏ်ရည်ရှိ သက်ရှိတစ်ခုက ငါ့ကို လှမ်းခေါ်နေတာပဲ ဖြစ်ရမယ်...

"ငါ့ရဲ့ ကံကောင်းခြင်းအမှတ် ၂၂၃ မှတ်က တကယ်ကို အားကိုးရတာပဲ မဟုတ်လား"

ရွှီရန် ခပ်တိုးတိုး ရယ်မောလိုက်သည်။

"ဒါပေမဲ့ မေးခွန်းက... ဘယ်ဥက ငါ့ကို စကားလှမ်းပြောနေတာလဲ ဆိုတာပဲ"

သူ လူအုပ်ကြီးကို လှည့်ကြည့်လိုက်သော်လည်း အားလုံးက ဘာမှမထူးခြားသလို ရှိနေကြသဖြင့် ဤအသံမှာ စိတ်ချင်းဆက်သွယ်သည့်အချက်ပြမှုဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအချက်ပြမှုက အလွန်သိမ်မွေ့လွန်းသဖြင့် အစောပိုင်းက မည်သည့်ဥမှ ထွက်ပေါ်လာသည်ကို သူသေချာစွာ မသိခဲ့ရပေ။

သူသည် အသက်ကို ခပ်မှန်မှန်ရှူရင်း ဖရဲသီးရွေးနေသည့်အလား သလင်းကျောက်သားရဲဥ တစ်လုံးချင်းစီကို ခပ်ဖွဖွလေး လိုက်ခေါက်ကြည့်သည်။ ဥတိုင်းတွင် အသက်ဓာတ် ရှိနေကြသော်လည်း မည်သည့်အရာက အဆင့်မြင့် ဉာဏ်ရည်ရှိ သက်ရှိ ဖြစ်မလဲ။

"ခုနက ဘယ်သူ စကားပြောလိုက်တာလဲ။ နောက်တစ်ခါလောက် ပြန်ခေါ်ပြီး လှုပ်ပြပါဦး"

ရွှီရန်က စိတ်ထဲကနေ လှမ်းမေးလိုက်သည်။

"ကျွန်မ... ကျွန်မပါ..."

ရုတ်တရက်ဆိုသလို ဥတစ်လုံးက အသာအယာ တုန်ခါသွားပြီး ရွှီရန်တစ်ယောက်တည်းသာ ကြားနိုင်သည့် အားနည်းသော စိတ်အာရုံ အချက်ပြမှုကို ပေးပို့လိုက်သည်။

ရွှီရန်၏ မျက်လုံးများက အရောင်မတောက်ဘဲ ရိုးရိုးရှင်းရှင်းရှိလှသည့် မီးခိုးရောင်ဥလေးပေါ်သို့ ရောက်ရှိသွားပြီး တောက်ပလာတော့သည်။

အရွယ်အစားမှာ ရှောက်သီးတစ်လုံးခန့်သာရှိပြီး ဥခွံပေါ်တွင် အစိမ်းရောင် အစင်းကြောင်းအနည်းငယ်သာ ပါရှိကာ ထူးခြားမှု လုံးဝမရှိလှပေ။ အခြားသော တောက်ပဆန်းပြားသည့် သလင်းကျောက်သားရဲဥများနှင့် ယှဉ်လျှင် အောက်တန်းစားပစ္စည်းတစ်ခုကဲ့သို့ပင် ထင်ရသည်။

"မင်းလား"

"ကျွန်မကို ကူညီပါ... နတ်ဘုရားမြစ်ဖျားခံစွမ်းအား..."

ရွှီရန် ချက်ချင်းဆိုသလို သတိကြီးကြီး ထားလိုက်သည်။

စတွေ့ချင်းမှာတင် နတ်ဘုရားမြစ်ဖျားခံစွမ်းအားကို တောင်းဆိုရဲတယ်လား။ အဲဒါက ငါ့ရဲ့ အဖိုးတန်ဆုံး ရတနာတွေထဲက တစ်ခုပဲလေ။

ငါ့မှာတောင် လောလောဆယ် ၄ စက် ပဲ ရှိတာ။

သူ တုံ့ဆိုင်းသွားပြီး စိတ်ထဲမှာ ဝေခွဲမရ ဖြစ်နေသည်။

တကယ်လို့သာ သူ့မှာ နတ်ဘုရားမြစ်ဖျားခံစွမ်းအား စက်ရေ တစ်သောင်းလောက် ရှိနေမယ်ဆိုရင် ဒီသလင်းကျောက်သားရဲဥလေးကို ငါးထောင်လောက် ပေးပစ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။ အကြောင်းပြချက်လည်း ရှိမှာမဟူတ်ဘူး။ ငါရွှီရန်ဆိုတဲ့ လူစားမျိုးက ရက်ရောတယ်။ သဘောထားကြီးတယ်။ စိတ်ထားကျယ်ပြန့်တယ်လေ။

အစက်ရေ တစ်သိန်းလောက် ရှိရင်တောင် ကိုးသောင်းကိုးထောင်လောက် ပေးပစ်ဖို့ကိစ္စ မရှိပါဘူး။

ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ငါ့မှာ ၄ စက်ပဲ ရှိတာ။

ဘယ်လို သတ္တဝါမှန်းမသိရသေးတဲ့ သလင်းကျောက်သားရဲဥလေးကို သားဖောက်ဖို့အတွက် တစ်စက် အလကားပေးလိုက်ရမှာကို ငါ နည်းနည်းတော့ နှမြောမိတယ်။

စဉ်းစားကြည့်ဦးလေ အိပ်မက်ဆိုး ကလဲ့စားချေမိခင်ကို သတ်ခဲ့တုန်းကတောင် တစ်စက်ပဲ ရတာ။ ဦးခေါင်းပျံတစ္ဆေကို သတ်တုန်းကလည်း သုံးစက်ပဲ ရခဲ့တာလေ။

ဒီ ၄ စက် စုမိဖို့ဆိုတာ မလွယ်ဘူး။

အခုတော့ အဲဒီအထဲက တစ်စက်ကို ဒီဥလေးအတွက် ထုတ်ပေးရတော့မှာလား။

ဒီသားရဲဥလေးကို သားဖောက်တာက နောင်တစ်ချိန် ငါ့ရဲ့ အနှိုင်းမဲ့ အရိုးအဆစ်တွေကို အားဖြည့်ပေးမယ့် နတ်ဘုရားစွမ်းအားကို သုံးလိုက်ရတာနဲ့ တန်ပါ့မလား။

ဒါက မသေချာဘူး မဟုတ်လား။

ဘယ်လို သတ္တဝါမျိုး ထွက်လာမလဲဆိုတာ ဘယ်သူ သိမှာလဲ။

"ကူညီပါ... ကျွန်မ တောင်းပန်ပါတယ်..."

မိန်းကလေးငယ်လေး၏ အသံက အားအင်ချည့်နဲ့စွာ တောင်းပန်နေသည်။ သူမဟာ အလွန်နုနယ်နေပြီး သေအံ့ဆဲဆဲ အခြေအနေကို ရောက်နေပြီဆိုတာ သိသာလှသည်။

ရွှီရန် ခဏမျှ စဉ်းစားလိုက်ပြီး "ငါတို့က ရေစက်ဆုံလာမှတော့ မင်းကို တစ်စက် ပေးလိုက်ပါ့မယ်။ တစ်စက်ဆိုရင် လုံလောက်ရဲ့လား"

မိန်းကလေးငယ်၏ အားအင်ချည့်နဲ့သော အသံက "လုံလောက်ပါတယ်... ကျေးဇူးတင်ပါတယ်..." ဟု ပြန်လည်ဖြေကြားခဲ့သည်။

"ကောင်းပြီလေ"

ရွှီရန် အာရုံစူးစိုက်လိုက်ပြီး စိတ်ကူးလိုက်သည်နှင့် ရောင်စုံတောက်ပနေသော နတ်ဘုရားမြစ်ဖျားခံစွမ်းအားတစ်စက်မှာ သူ၏ လက်ဖမိုးမှတစ်ဆင့် ထိုသလင်းကျောက်သားရဲဥလေး၏ မျက်နှာပြင်ပေါ်သို့ ကျရောက်သွားတော့သည်။

ဘေးလူများအမြင်တွင်မူ အလင်းတစ်ချက် လက်သွားသည်ကိုသာ မြင်လိုက်ရပြီး ထိုဥလေးက နတ်ဘုရားစွမ်းအားကို အငမ်းမရ ဝါးမြိုလိုက်သည်ကို တွေ့လိုက်ရသည်။

ယဲ့ဖျင်က မျက်ခုံးပင့်လိုက်ရင်း "မင်း ခုနက ဘာလုပ်လိုက်တာလဲ။ သူ့ကို ယုံကြည်ခြင်းမျိုးစေ့ ပေးလိုက်တာလား"

လင်းဖုန်း၏ မျက်လုံးများ တောက်ပသွားကာ "ယုံကြည်ခြင်းမျိုးစေ့က သလင်းကျောက်သားရဲဥနဲ့ စာချုပ်ချုပ်လို့ ရတာလား။ ဒါမှမဟုတ် အတွင်းထဲက ဝိညာဉ်က မင်းကို ပိုပြီး ယုံကြည်အားကိုးသွားအောင် လုပ်တာလား။ တကယ်လို့ ဒါက ထိရောက်တယ်ဆိုရင် ယုံကြည်ခြင်းမျိုးစေ့ ကို လူတိုင်း သုံးနိုင်အောင် လုပ်လို့ရမလား"

"တကယ်လို့ ကျင့်ကြံသူတိုင်းက ယုံကြည်ခြင်းမျိုးစေ့ကို သုံးပြီး သလင်းကျောက်သားရဲတွေကို ပြုစုပျိုးထောင်နိုင်မယ်ဆိုရင် ဟွာရှရဲ့ တိုက်ခိုက်ရေးစွမ်းအားက မကြုံစဖူး တိုးတက်လာမှာပဲ"

ရွှီရန်က ပြန်လည်စဉ်းစားပြီး "ယုံကြည်ခြင်းမျိုးစေ့က သင်ယူဖို့ အလွန်ခက်ခဲပါတယ်။ လူတိုင်းအတွက်တော့ အသုံးမတည့်နိုင်ဘူး။ ကျားမလေးတောင် ဒါကို သင်ယူနိုင်ပါ့မလား မသေချာဘူး"

လူအုပ်ကြီးမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။

"ကျားမလေး ဆိုတာ ဘယ်သူလဲ"

ယဲ့ဖျင်က မတတ်သာသလို ပြုံးလိုက်ရင်း ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်သူများရဲ့ ဘုရင်မ ကျန်းလျိုလီကို သူက ကျားမလေးလို့ နာမည်ပြောင် ပေးထားတာလေ"

အားလုံး သဘောပေါက်သွားကြသည်။

"အော်..."

"တကယ်ပဲ အများသုံးဖြစ်အောင် လုပ်လို့မရဘူးလား။ ဒီလောက် အစွမ်းထက်တဲ့ မှော်ပညာမျိုးကိုသာ လူတိုင်းသုံးလို့ရရင်..."

ရွှီရန်က နွေးထွေးစွာ ပြုံးပြလိုက်ပြီး "အခုတော့ မရသေးပါဘူး။ နောင်တစ်ချိန်မှာတော့ ဖြစ်နိုင်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်"

လျိုယန် အနည်းငယ် အံ့အားသင့်သွားပြီး "တကယ်လား။ မင်းကိုယ်မင်း ဒီလောက်တောင် ယုံကြည်မှု ရှိတာလား"

ရွှီရန်က ခေါင်းညိတ်ပြရင်း “တတိယအစီအစဉ်ဖြစ်တဲ့ ဉာဏ်အလင်းပွင့်ခြင်းမှာ ကျွမ်းကျင်သူနဲ့ ဉာဏ်အလင်းပွင့်ခြင်းတို့ ပေါင်းစပ်လိုက်ရင် ပါရမီရှင်တစ်စုကို သင်ကြားပေးနိုင်လောက်တယ်။ ဒါပေမဲ့ လူတိုင်းသုံးနိုင်အောင် အများပြည်သူအဆင့်အထိ ဖြန့်ဝေဖို့ဆိုရင်တော့ စတုတ္ထအစီအစဉ်အထိ ရောက်ဖို့ လိုလိမ့်မယ်” ဟု ပြောလိုက်သည်။

"တကယ်ကို ဉာဏ်အလင်းပွင့် အခြေခံအရိုးအဆစ် ပိုင်ရှင်ပီသပါပေတယ်"

လူအုပ်ကြီးမှာ စတင်မျှော်လင့်လာကြသည်။ သူတို့သည် ယုံကြည်ခြင်းမျိုးစေ့ရဲ့ နတ်ဘုရားကိုပင် အန်တုနိုင်သော အစွမ်းသတ္တိကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

တကယ်လို့သာ ဒါကို ပါရမီရှင်တွေကြားမှာတောင် ပြန့်နှံ့အောင် လုပ်နိုင်မယ်ဆိုရင် ဒါဟာ အနှိုင်းမဲ့တဲ့ အင်အားတိုးမြှင့်မှုတစ်ခု ဖြစ်လာမှာ အသေအချာပင်။

ရွှီရန်က ခပ်တိုးတိုးရယ်မောရင်း သလင်းကျောက်သားရဲဥလေးကို ကြည့်လိုက်သည်။

သူသည် ဥလေးကို အသာအယာ ပွတ်သပ်ရင်း စိတ်ချင်းဆက်သွယ်ကာ အာရုံခံကြည့်လိုက်၏။

"မင်း အသက်ရှင်သွားပြီလား"

သေးငယ်လှသော အသံလေးက တိုးညှိစွာ ပြန်လည်ဖြေကြားသည်။

"ကျေးဇူးတင်ပါတယ်... အိပ်ချင်တယ်..."

တပ်မဟာမှူးက ရွှီရန်နှင့် သူ၏လက်အောက်ရှိ မီးခိုးရောင် သလင်းကျောက်သားရဲဥလေးကို စူးစမ်းစွာ ကြည့်ရင်း "မင်း ဒါကိုပဲ ရွေးတော့မှာလား" ဟု မေးသည်။

ရွှီရန် "ဟုတ်ကဲ့"

တပ်မဟာမှူးက စဉ်းစားဟန်ဖြင့် "ဒီသလင်းကျောက်သားရဲဥက တခြားဥတွေနဲ့ နည်းနည်းတော့ ကွဲပြားတယ်။ ကျင့်ကြံသူ တော်တော်များများကလည်း ဒါကို ထူးခြားတယ်လို့ သတိထားမိကြပေမဲ့ ဘယ်သူမှတော့ ဒါကိုယူပြီး စွန့်စားဖို့ မရဲကြဘူး"

"မင်း တကယ်ပဲ စွန့်စားချင်တာ သေချာလား။ ရွှေရောင် အခြေခံအရိုးအဆစ်ရှိတဲ့ သားရဲထိန်းကျောင်းရေး ပါရမီရှင်တစ်ယောက်တောင် ဒါကို ရွေးဖို့ မဝံ့ရဲခဲ့ဘူးနော်"

ရွှီရန်က တည်ငြိမ်စွာပင် "ဒါက ပြဿနာအကြီးကြီး မဟုတ်ပါဘူး။ ကျွန်တော်ကတော့ သူမကိုပဲ လိုချင်တယ်။ တခြားဟာ မလိုဘူး"

သူ၏ နတ်ဘုရားမြစ်ဖျားခံစွမ်းအားကိုတောင် သုံးထားပြီးမှတော့ မရွေးဘဲနေဖို့ဆိုတာ မဖြစ်

နိုင်တော့ပေ။ သူမကို ဒီမှာထားခဲ့ပြီး တခြားသူတွေကို အကျိုးရှိသွားအောင် ဘယ်လုပ်ပါ့မလဲ။

တပ်မဟာမှူးက တစ်ခုခု ဆက်ပြောချင်သော်လည်း ရွှီရန်၏ ခိုင်မာသော အကြည့်များကို မြင်

လိုက်ရသည့်အခါ ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီလေ ငါ မင်းကို အထူးသားဖောက်သေတ္တာထဲ ထည့်ပေးမယ်။ ဒီသေတ္တာထဲမှာပဲ ဆက်တိုက်ထားမယ်ဆိုရင် ပုံမှန်အတိုင်း သားဖောက်

နိုင်လိမ့်မယ်။ သားဖောက်ချိန်ကတော့ တစ်လလောက် ကြာလိမ့်မယ်"

"ဒါပေမဲ့ သေတ္တာထဲက စိုထိုင်းဆနဲ့ အပူချိန်ကိုတော့ နေ့တိုင်း စစ်ဆေးဖို့ မမေ့နဲ့ဦး..."

တပ်မဟာမှူးက သတိထားရမည့် အချက်အလက်အမြောက်အမြားကို ပြောပြပြီး လူတစ်ယောက်ကို သေတ္တာယူခိုင်းလိုက်သည်။ ထို့နောက် ရွှီရန်ကို လက်စွဲစာအုပ်လေးတစ်အုပ် ကမ်းပေးလိုက်၏။

"မင်း တစ်ခုခု သံသယရှိရင် ဒီစာအုပ်မှာ ကိုးကားကြည့်လို့ ရတယ်"

ရွှီရန် ခေါင်းညိတ်လိုက်ပြီး "ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် တပ်မဟာမှူး"

တပ်မဟာမှူး "ဒါကို မင်းရဲ့ ဥယျာဉ်ဆီ အရောက်ပို့ပေးဖို့ လူလွှတ်ပေးရမလား"

ရွှီရန်က ချက်ချင်းပင် လက်ယမ်းပြကာ "မလိုပါဘူး ဒီသေတ္တာကို ကျွန်တော့်ဘေးမှာပဲ ထားပြီး သူမ တဖြည်းဖြည်း သားဖောက်လာတာကို စောင့်ကြည့်ချင်လို့ပါ"

ဥယျာဉ်ကို ပြန်ပို့လိုက်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ လွန်ခဲ့တဲ့ မိနစ်ပိုင်းလေးကတင် သလင်းကျောက်သားရဲဥထဲက မိန်းကလေးငယ်လေးက အကူအညီတောင်းနေခဲ့တာကို သူ သတိရနေဆဲပင်...

All Chapters