အခန်း (၁၆၈)
Vol. 17 Ch. 168
ဒေါ်လေးချန်က "ဒီမှာ စောင့်နေရုံနဲ့ မုန့်ရနံ့ကို ရမှာမဟုတ်ပါဘူးကွယ်။ ဒါက မင်းရဲ့ စိတ်အထင်သက်သက်ပါ" ဟု ချော့မော့ပြောဆိုသော်လည်း၊
ကျားမလေးကမူ မလျှော့သောဇွဲဖြင့် "သမီး တကယ်ရနေတာပါ" ဟု ပြန်လည်ငြင်းဆန်သည်။
"ဟေး ကားလာပြီ ကားလာပြီ"
မော်တော်ယာဉ်တစ်စီး ဆိုက်ရောက်လာသည်ကို မြင်သည်နှင့် ကျားမလေးသည် ဝမ်းသာအားရ ခုန်ပေါက်ကာ လက်မောင်းနှစ်ဖက်ကို ဆန့်တန်းလျက် ရွှီရန်ရှိရာသို့ ပြေးသွားတော့သည်။
"ကိုကို... ရွှီ... ရန်... ရေ…"
ရွှီရန်ကလည်း "ငါတို့တွေ မတွေ့ရတာ တစ်လခွဲတောင် ရှိပြီပဲ။ ကိုကို့ကို ဖက်ချင်လို့ ပြေးလာတာလား" ဟု ပြောကာ ပြန်လည်ဆီးကြိုလိုက်သည်။
ထိုသို့ ဖက်ရန်အပြင်ကျားမလေးသည် ရွှီရန်၏ လက်မောင်းအောက်မှတစ်ဆင့် အသာအယာ ငုံ့လျှိုး၍ ကားနောက်ဖုံးရှိရာသို့ မျက်လုံးများ အရောင်တောက်လျက် ပြေးသွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ပေ။
"ကိတ်မုန့်တွေရော ကိတ်မုန့်တွေ ဘယ်မှာလဲ"
ရွှီရန်မှာ အော် ဟုသာ ရေရွတ်နိုင်တော့ပြီး သူ၏ ပျော်ရွှင်မှုများမှာလည်း တစ်ခဏအတွင်း အချည်းနှီး ဖြစ်သွားရသည်။
မိခင်ဖြစ်သူက အားရပါးရ ရယ်မောရင်း "သမီးက နေ့တိုင်း မင်းအကြောင်း ပြောနေတာပါ... မင်းဝယ်လာမယ့် ကိတ်မုန့်တွေ အကြောင်းကို ပြောတာပါလေ" ဟု ပြောလိုက်သည်။
ရွှီရန်က ပြုံးလျက် ခေါင်းယမ်းလိုက်မိသည်။ သူမသည် ရှစ်နှစ်ပင် မပြည့်သေးသည့် ကလေးငယ်တစ်ဦးသာ ရှိသေးသည်။
ကားနောက်ဖုံးကို ဖွင့်လိုက်သည့်အခါ ကျားမလေး၏ မျက်ဝန်းများမှာ ကြယ်ပွင့်များအလား တောက်ပသွားပြီး "ဒီလောက်တောင် အများကြီးလား" ဟု အံ့အားသင့်စွာ မေးမြန်းသည်။
ဒေါ်လေးချန်ကမူ "ဒီနေ့အတွက် တစ်ခုပဲ စားရမယ်နော်။ ပြီးတော့ အတန်းဖော်တွေကိုလည်း ဝေမျှပေးရမယ်။ တစ်ယောက်တည်း အကုန်မစားရဘူး" ဟု ကန့်သတ်ချက် ထုတ်ပြန်လိုက်သည်။
ကျားမလေးသည် ခေါင်းလေးကို အသာအယာ ညိတ်လိုက်သော်လည်း သူမ၏ ရွှေရောင်မျက်ဝန်းများမှာ အနည်းငယ် မှေးမှိန်သွားတော့သည်။ တစ်ယောက်တည်းသာ အကုန်စားခွင့်ရရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ။
ထိုစဉ် ရွှီရန်က အံ့သြတကြီးဖြင့် "မင်းရဲ့ မျက်လုံးတွေက ရွှေရောင် ပြောင်းသွားတာလား" ဟု မေးလိုက်သည်။
ကျားမလေးက သူမ၏ မျက်နှာလေးကို ပင့်တင်လျက် "ဟုတ်တယ် ဟုတ်တယ် ရွှေရောင်ပြောင်းသွားတာ။ လူတိုင်းက လှတယ်လို့ ပြောကြတယ်" ဟု ဂုဏ်ယူစွာ ဖြေကြားသည်။
"ယွီဟန်ရဲ့ မျက်လုံးတွေဆိုရင် အပြာရောင် ပြောင်းသွားတာလေ။"
ရွှီရန်က ကျူးယွီဟန်ကို ကြည့်လိုက်သည်။
အမှန်တကယ်ပင် သူမ၏ မျက်ဝန်းများမှာ ကျောက်မျက်ရတနာတစ်ခုကဲ့သို့ တောက်ပတောက်ပြောင်နေသော အပြာရောင်လေးများ ဖြစ်နေကြသည်။
သူမမှာ ယခုဆိုလျှင် အသက်ရှစ်နှစ်နှင့် ခုနစ်လ အရွယ်ရှိပြီ ဖြစ်သည်။
လှပနုနယ်ပြီး စတိုင်ကျကျ ချောမောသော်လည်း အနည်းငယ် ရှက်တတ်ကာ တိတ်ဆိတ်ငြိမ်သက်တတ်သူ ဖြစ်သည်။
ကျားမလေးက ကျူးယွီဟန်ကို ရက်ရက်ရောရောပင် ကမ်းလှမ်းလိုက်သည်။
"ရော့ ယွီဟန်... ကိတ်မုန့်စားဦး"
သူမသည် ကျူးယွီဟန်ထံသို့ ကိတ်မုန့်တစ်လုံးလုံး ကမ်းပေးလိုက်သည်။
ထို့နောက် ကျားမလေးသည် သူမအတွက်လည်း ကိတ်မုန့်တစ်ဘူးကို ဖွင့်လိုက်၏။ သူမမှာ ဇွန်းသုံးရန် ပျင်းရိနေသဖြင့် ကိတ်မုန့်ကို လက်ဖြင့်ကိုင်ကာ အငမ်းမရ ကိုက်စားနေပြီး သူမ၏ မျက်နှာတစ်ခုလုံးတွင်လည်း ပျော်ရွှင်ကျေနပ်မှုများ အထင်းသား ပေါ်လွင်နေသည်။
သူမမှာ ရက်ပေါင်းနှစ်ဆယ်တိုင်တိုင် ကိတ်မုန့်မစားခဲ့ရပေ။ ယခုမှသာ အချိုဓာတ်ကို ပြန်လည်မြည်းစမ်းခွင့်ရသဖြင့် ဝမ်းသာလွန်း၍ မျက်ရည်ပင် ဝဲမိတော့သည်။
ခုနစ်ကိုက်၊ ရှစ်ကိုက်ခန့် ကိုက်စားပြီးနောက်တွင် ကိတ်မုန့်မှာ ကုန်စင်သွားသဖြင့် သူမသည် ဘေးနားတွင်ရပ်ကာ လက်ချောင်းလေးများကို လျက်နေသည်။
၎င်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် ကျူးယွီဟန်ကမူ ဇွန်းကို အသုံးပြု၍ တစ်ဇွန်းချင်းစီကို အေးအေးဆေးဆေးနှင့် ယဉ်ကျေးသိမ်မွေ့စွာ စားသုံးနေသည်။
ကျားမလေး "မေမေ... သမီး နောက်တစ်လုံး ထပ်စားလို့ရမလား။ သမီးက ဆယ်လုံးလောက်အထိ စားနိုင်တာလေ။ နှစ်လုံးတည်းနဲ့တော့ ဗိုက်မဝဘူး..."
ဒေါ်လေးချန်က တည်ကြည်သော မျက်နှာထားဖြင့် "နည်းနည်းပဲ စားရမယ်လို့ ပြောထားတယ်လေ"
ကျားမလေး "ဒါဆိုရင် နို့ခဲမုန့်ရော။ အဲဒါကို မြန်မြန်မစားရင် ပုပ်သွားလိမ့်မယ်..."
ဒေါ်လေးချန် "ကောင်းပြီလေ နို့ခဲမုန့်တော့ စားလို့ရပါတယ်"
ထိုသို့ပြောပြီးနောက် ဒေါ်လေးချန်သည် မုန့်များကို စတင်ဝေဖန်တော့သည်။ သူမအတွက်အချို့ယူကာ ကျန်ရှိသည်များကို မိခင်များနှင့် ကလေးများကြားတွင် ခွဲဝေပေးလိုက်သည်။
မုန့်များဖြင့် ပြည့်နှက်နေသော ကားနောက်ဖုံးမှာ တစ်ဝက်ခန့် ဟာလာဟင်းလင်း ဖြစ်သွားသည်ကို မြင်လိုက်ရသည့်အခါ ကျားမလေးမှာ စိတ်မကောင်း ဖြစ်သွားရသည်။
သူမသည် ထိုအချိန်တွင် နို့ခဲမုန့်ကို စားပြီးနေပြီဖြစ်ရာ သူမ၏ ရွှေရောင်မျက်ဝန်းများဖြင့် ဟိုဟိုဒီဒီ လိုက်ကြည့်နေရင်း "ဟင် ကိုကိုရွှီရန်... ဟိုဥကြီးက တကယ့်ကို အရသာရှိမယ့်ပုံပဲနော်" ဟု မေးလိုက်သည်။
ရွှီရန်က ဘာမဆို လျှောက်စားတတ်သည့် အပြုအမူကို ငြင်းဆန်သည့် မျက်နှာထားဖြင့် "ဒါကို စားလို့မရဘူး။ ဒါက သားဖောက်ဖို့အတွက် ထားတာ" ဟု ပြောလိုက်သည်။
ကျားမလေးက သူမ၏ တောက်ပသော ရွှေရောင်မျက်ဝန်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း "အဲဒါကို သားဖောက်လိုက်ရင် အရသာရှိတဲ့ ဥတွေအများကြီး ထွက်လာမှာလား။ ကိတ်မုန့်တွေကို ဥတွေနဲ့ လုပ်တာလို့ သမီးသိတယ်လေ"
ရွှီရန် "ဒီဥက ဥတွေထပ်ဥမယ်လို့တော့ ကိုကိုမထင်ဘူး။ သားဖောက်ပြီးသွားရင်တော့ သူက စစ်သားရဲတစ်ကောင် ဖြစ်လာမှာ အဲဒီအခါကျရင် ငါတို့တွေ အတူတူ တိုက်ပွဲဝင်လို့ရပြီပေါ့"
ကျားမလေးက စိတ်ပျက်လက်ပျက်ဖြင့် "စားဖို့မဟုတ်ဘူးလား။ နှမြောစရာကြီးနော်..." ဟု ပြောလိုက်သည်။
ရွှီရန်က မတတ်သာသလို ပြုံးရင်း "လုံးဝမဟုတ်ဘူး။ ကိုကိုက ဒီဥအတွက် အများကြီး ရင်းနှီးထားရတာ။ တကယ်လို့ သူက ဥတွေဥဖို့ပဲဆိုရင်တော့ ဒါက တကယ့်ကို နှမြောစရာဖြစ်သွားမှာပေါ့" ဟု ပြန်လည်ရှင်းပြလိုက်သည်။
ကျားမလေးက ချိုမြိန်စွာ ပြုံးပြလျက် "မုန့်တွေဝယ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုကိုရွှီရန်။ ဒါနဲ့... ဒီတစ်ခေါက် လေ့ကျင့်ရေးက ဘာလို့ တစ်လခွဲတောင် ကြာသွားတာလဲဟင်။ အရင်တုန်းကလို လေးငါးရက်တစ်ခါ ပြန်လာရင် သိပ်ကောင်းမှာပဲ"
ဟင်…
ရွှီရန်မှာ ထိုမိန်းကလေးငယ်၏ အတွင်းစိတ်ဆန္ဒမှာ မုန့်စားချင်ရုံသက်သက်ဖြစ်ကြောင်းကို ဖော်ထုတ်မနေတော့ပေ။
သူသည် မိခင်ဖြစ်သူကို ဖက်လိုက်သည်။
မိခင်က ရွှီရန်ကို အကဲခတ်ကြည့်ရင်း "မဆိုးဘူးပဲ။ ပိုပြီးတော့တောင် သန်မာလာသလိုပဲ။ အတော်လေးလည်း ထွားလာတယ်နော်" ဟု ပြောလိုက်သည်။
ရွှီရန်က အံ့အားသင့်စွာဖြင့် "ကျွန်တော် တကယ်ပဲ ပိုပြီး သန်မာလာတာလား" ဟု မေးမြန်းလိုက်၏။
မိခင်က ရွှီရန်၏ ခေါင်းကို ပုတ်ပေးရင်း "ဟုတ်တာပေါ့။ အခုဆို ယောကျ်ားပီပီသသ ပိုဖြစ်လာပြီ။ လေ့ကျင့်ရေးမှာရော အန္တရာယ်တစ်ခုခုနဲ့ ကြုံခဲ့သေးလား" ဟု မေးသည်။
ရွှီရန်က အခြေအနေကို လျှော့ပေါ့၍ "မရှိပါဘူး။ ကျွန်တော့်ရဲ့ စွမ်းအားတွေလည်း သိသိသာသာ တိုးတက်လာခဲ့ပါတယ်" ဟု ဖြေကြားလိုက်သည်။
မိခင်ဖြစ်သူမှာ ဂုဏ်ယူဝင့်ကြွစွာဖြင့် "ဒါမှ ငါတို့သားလေး တကယ့်ကို တော်တယ်" ဟု ချီးကျူးသည်။
အချင်းချင်း နှုတ်ဆက်စကားပြောပြီးနောက် မိခင်များမှာ မာကျောက်ကစားရန် လူစုကြတော့သည်။
ကလေးများမှာမူ အစောင့်တစ်ဦး၏ ဦးဆောင်မှုဖြင့် အတန်းတက်ရန် ထွက်ခွာသွားကြသည်။
နောက်ဆုံးတွင် ကျောင်းအုပ်ကြီး၏ အလှည့်သို့ ရောက်ရှိလာသည်။
ကျောင်းအုပ်ကြီးက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း "လေ့ကျင့်ရေးသွားတဲ့အချိန်မှာ ထိတ်လန့်စရာကောင်းတဲ့ ယန္တရားမိစ္ဆာ နှစ်ကောင်နဲ့ တိုးခဲ့တယ်ဆို" ဟု မေးမြန်းလိုက်သည်။
ရွှီရန်က ခေါင်းညိတ်ပြလိုက်၏။
ကျောင်းအုပ်ကြီးမှာ ရွှီရန် ဘေးကင်းသည်ကို သိသော်လည်း စိုးရိမ်စိတ်ဖြင့် "ဒုတိယတစ်
ကောင်က ပိုကြောက်စရာကောင်းတယ်လို့ ငါကြားတယ်။ ကောင်းကင်ဘုံတောင်ထိပ် နန်းဆောင်ကတောင် အဲဒါကို ကောင်းကင်ဘုံဘေးဒုက္ခလို့ သတ်မှတ်ထားတာလေ။ သူက အကြီးစား စိတ်လှည့်စားမှု စွမ်းရည်တွေကို သုံးနိုင်တာဆိုတော့... မီးတောက်ငရဲနဲ့ ဝိညာဉ်စင်ကြယ်ခြင်းနတ်ဘုရားသတ်အဖွဲ့တွေတောင် အရေးနိမ့်လုနီးပါး ဖြစ်ခဲ့တယ်ဆို" ဟု ပြောလိုက်သည်။
ရွှီရန်က ခပ်ဖွဖွ ပြုံးလိုက်ကာ "ဟုတ်ကဲ့ ဒါပေမဲ့ အားလုံးကို ဖြေရှင်းနိုင်ခဲ့ပါပြီ" ဟု ဖြေသည်။
ကျောင်းအုပ်ကြီး "ငါသိပါတယ် မင်းကတော့လေ... ဉာဏ်အလင်းပွင့် အခြေခံအရိုးအဆစ်ရဲ့ စွမ်းရည်ကို တကယ်ပဲ ကောင်းကောင်း အသုံးချနိုင်ခဲ့တာပဲ။ တိုက်ပွဲမြေပြင်မှာ ယန္တရားမိစ္ဆာရဲ့ နတ်ဘုရားပေးစွမ်းရည်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့အထိ ဉာဏ်ကောင်းမယ်လို့ ဘယ်သူထင်မှာလဲ"
"နောင်မှာတော့ ဒီလို အန္တရာယ်များတဲ့ လေ့ကျင့်ရေးမျိုးတွေ ရှိမှာမဟုတ်တော့ဘူး မဟုတ်လား"
ယဲ့ဖျင်က ဘေးမှနေ၍ ရယ်ချင်စိတ်ကို အောင့်ထားရင်း "ဒီဆရာကြီး အိပ်မပျော်တာ ဘယ်နှရက်ရှိပြီလဲ" ဟု စလိုက်သည်။
ကျောင်းအုပ်ကြီးက တည်ကြည်စွာဖြင့် "မင်းက ရယ်နေသေးတယ် ရွှီရန်က ငယ်ငယ်လေးပဲ ရှိသေးတာ။ တောင်ကုန်းအဆင့်တောင် မရောက်သေးဘူး။ တကယ်လို့ သူသာ သူနဲ့ မကိုက်ညီတဲ့ မိစ္ဆာမျိုးနဲ့ တိုးခဲ့ရင် ဘယ်လောက် အန္တရာယ်များမလဲ။ ငါ ဒီမူကြိုမှာ စာသင်လာတာ ဆယ်စုနှစ်နဲ့ချီနေပြီ။ ဒီလို ထိပ်တန်းပါရမီရှင်မျိုးနဲ့ တွေ့ဖူးတာ ဒါပထမဆုံးပဲ။ ငါ့မှာ ဘယ်လိုလုပ် အေးအေးဆေးဆေး အိပ်နိုင်ပါ့မလဲ" ဟု ပြောလိုက်သည်။
ရွှီရန်က တည်ငြိမ်စွာဖြင့် "ကိစ္စမရှိပါဘူး ကျောင်းအုပ်ကြီး။ ကျွန်တော်က သူ့ရဲ့ စွမ်းရည်တွေကို ဖျက်ဆီးနိုင်ခဲ့ရုံတင်မကဘဲ သူ့ဆီကနေ ရတနာစွမ်းရည်တစ်ခုကိုတောင် သင်ယူနိုင်ခဲ့ပါသေးတယ်။ ဒီတစ်ခေါက်တော့ သူ့ကို မသတ်နိုင်ခဲ့ပေမဲ့ နောက်တစ်ခါ ထပ်တွေ့ရင်တော့ သူ ကျွန်တော့်ကို ကြောက်နေရမှာပါ" ဟု ပြောလိုက်သည်။
ကျောင်းအုပ်ကြီးမှာ တုန်လှုပ်သွားပြီး "မင်းက ရတနာစွမ်းရည်ကိုပါ သင်ယူခဲ့တယ်ဟုတ်လား" ဟု မေးမြန်းလိုက်သည်။
ထိုအခါ ယဲ့ဖျင်က ယုံကြည်ခြင်းမျိုးစေ့၏ အခြေအနေကို ရှင်းပြပေးလိုက်သည်။
ကျောင်းအုပ်ကြီးသည် အတန်ကြာအောင် တိတ်ဆိတ်သွားသည်။
သူ၏ ရှုပ်ထွေးလှသော ခံစားချက်များကို ဖော်ပြရန် စကားလုံး ရှာမတွေ့တော့ပေ။
ကျောင်းအုပ်ကြီး "ဟူး... မင်းကို လေ့ကျင့်ရေး မသွားဖို့ တားဆီးဖို့ အကြောင်းပြချက် ရှာမရတော့ဘူး။ နောက်ဆုံးတော့ လေ့ကျင့်ရေးဆိုတာ မင်းအတွက် အရှိန်အဟုန်နဲ့ ကြီးထွားဖို့ နည်းလမ်းတစ်ခု ဖြစ်နေတာကိုး"
ရွှီရန်က နူးညံ့စွာ ပြုံးပြရင်း "စိတ်မပူပါနဲ့ ကျောင်းအုပ်ကြီး။ ကျွန်တော် ဦးလေးယဲ့နဲ့အတူ တာလိစမန် ရန်ငြိုးဖွဲ့နတ်ဘုရားကို သွားရှာရဦးမယ်"
ကျောင်းအုပ်ကြီးက ဆွံ့အသွားကာ "ထပ်ပြီး လေ့ကျင့်ရေး သွားဦးမလို့လား"
ရွှီရန် "ကျွန်တော့်မှာ ရွေးချယ်စရာ မရှိပါဘူး။ အသားစိုင် ယဇ်ပလ္လင်ပေါ်လာခဲ့တာ အခုဆိုရင် ၆၁၆ ရက်တောင် ရှိသွားပြီ..."
"တာလိစမန် ရန်ငြိုးဖွဲ့နတ်ဘုရားက တစ်ခုခုကို လျှို့ဝှက်ကြံစည်နေမှာ အသေအချာပဲ။ တကယ်လို့ ဘာမှမလုပ်ဘူး ဆိုရင်တောင်မှ တစ်စုံတစ်ရာသော အစွမ်းထက် နည်းစနစ်တစ်ခုကို ပြင်ဆင်နေတာ ဖြစ်ရမယ်။ သူ ငြိမ်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ယဲ့ဖျင် "ဒုတိယမျိုးဆက် တာလိစမန်ထဲက ထူးဆန်းတဲ့ အငွေ့အသက်ကို ရွှီရန် တစ်ယောက်တည်းပဲ ခံစားသိရှိနိုင်တာပါ။ တခြား ကျင့်ကြံသူတွေကတော့ ဘာမှ သတိထားမိမှာ မဟုတ်ဘူး..."
ကျောင်းအုပ်ကြီးက စဉ်းစားဟန်ဖြင့် "ဒီကိစ္စက တကယ်ကို နက်နဲလွန်းတယ်။ ကောင်းကင်ဘုံတောင်ထိပ် နန်းဆောင်က သုတေသီတွေတောင် ဘာထူးခြားချက်မှ ရှာမတွေ့ခဲ့ဘူး။ ဒုတိယမျိုးဆက် တာလိစမန်တွေကို ရှင်းလင်းပြီးကတည်းက ဘာလှုပ်ရှားမှုမှ မရှိတော့တာက တကယ့်ကို ပုံမှန်မဟုတ်ဘူး"
သူသည် သူ့ဘာသာ တိုးတိုးလေး ရေရွတ်နေမိသည်။
ထို့နောက် ကျောင်းအုပ်ကြီး၏ အကြည့်မှာ ရွှီရန်ထံသို့ ကျရောက်လာပြီး "ကြည့်ရတာ ဒါက မင်းအပေါ်မှာပဲ မူတည်နေပြီပဲ။ ဘေးကင်းအောင်တော့ အထူးဂရုစိုက်ပါ။ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ဆီ သွားပြီး မင်းရဲ့ စုံစမ်းစစ်ဆေးမှုကို ကူညီပေးဖို့ ယွဲ့အဆင့်ကျွမ်းကျင်သူအချို့ကို အကူအညီတောင်းရင်ရော ဘယ်လိုလဲ"
ရွှီရန်က ခေါင်းယမ်းလိုက်ကာ "မလိုပါဘူး။ ဦးလေးယဲ့ တစ်ယောက်တည်းနဲ့တင် လုံလောက်ပါတယ်။ တာလိစမန် ရန်ငြိုးဖွဲ့နတ်ဘုရားကို ဉာဏ်နဲ့ပဲ ရင်ဆိုင်ရမှာပါ။ သူက အမြဲတမ်း ပုန်းကွယ်နေတတ်တယ်ဆိုတာ ထောင်ချောက်ဆင်တဲ့နေရာမှာ အထူးပြုတယ်လို့ ဆိုလိုတာပဲ..."
"ကျွန်တော်နဲ့ ဦးလေးယဲ့ပဲ အရင်သွားကြည့်ပြီး သဲလွန်စ ရှာပါ့မယ်။ သဲလွန်စတစ်ခုခု ရပြီဆိုမှပဲ အကူအညီ လှမ်းတောင်းတော့မယ်"
ကျောင်းအုပ်ကြီး "ကောင်းပြီလေ။ ဘယ်တော့ ထွက်မှာလဲ"
ရွှီရန် "နောက်နှစ်ရက်နေရင်ပါ။ အရင်ဆုံး လိုအပ်တဲ့ သတင်းအချက်အလက်အချို့ကို ရှာဖွေရဦးမယ်..."
တာလိစမန် ရန်ငြိုးဖွဲ့နတ်ဘုရားသည် အလွန်ထူးဆန်းသော နည်းလမ်းများကို အသုံးပြုပြီး ပုန်းကွယ်သည့်နေရာတွင်လည်း အထူးကျွမ်းကျင်လှသည်။
ပထမအကျော့ အသားစိုင် ယဇ်ပလ္လင်တုန်းကလည်း သူ၏ ပုံသဏ္ဌာန်အစစ်အမှန်ကို မမြင်တွေ့ခဲ့ရပေ။
ဒုတိယအကျော့ ထူးဆန်းသော တာလိစမန်တုန်းကလည်း သူ၏ အရိပ်အယောင်ပင် မတွေ့ခဲ့ရပေ။
မည်သည့် သဲလွန်စမျှပင် ကျန်ရစ်ခြင်း မရှိခဲ့ပေ။
ထိုရန်ငြိုးဖွဲ့နတ်ဘုရား၏ ပုန်းကွယ်သည့် နည်းစနစ်များက ရွှီရန်ကို အမှန်တကယ်ပင် ခေါင်းခဲစေသည်။ သဲလွန်စ တစ်ခုတောင် မရှိသည်မှာ ခက်လှ၏။
သူသည် များပြားလှသော မှတ်တမ်းမှတ်ရာများကို အခြေခံ၍ နည်းဗျူဟာအချို့ကို စဉ်းစားရပေလိမ့်မည်။ သို့မဟုတ်ပါက လွန်ခဲ့သောတစ်ခေါက်ကကဲ့သို့ပင် အကျိုးအမြတ် တစ်စုံတစ်ရာမရှိဘဲ လမ်းလျှောက်နေရရုံသာ ရှိပေလိမ့်မည်။
ထိုသို့ဖြစ်၍ မဖြစ်နိုင်ပေ။
အသားစိုင် ယဇ်ပလ္လင်မှ စွမ်းအားများ အောင်မြင်စွာ စုဆောင်းနိုင်ခဲ့သည်မှာ ၆၁၆ ရက်တိုင်ခဲ့ပြီ ဖြစ်ရာ သူသာ ဆက်လက် ပုန်းကွယ်နေပါက တစ်နေ့တွင် မည်သူမျှ တားဆီး၍မရသော အဆင့်သို့ ရောက်ရှိသွားနိုင်သည်။