← Chapters

အခန်း (၂၄၃)

Vol. 23 Ch. 243

အခန်း (၂၄၃)

Vol. 23 Ch. 243

📝အပိုင်း - ၂၄၃

ဘာသာပြန် - Na Gar🐉

"ဒါပေမဲ့ လော့ထျန်ဂိတ်(တောင်ကြား)က ကျန့်ခိုခရိုင်က ကျားယုံထျန်းတို့နဲ့ မတူဘူး။ သူတို့က ခံစစ်အတွက် အမြဲတမ်း အသင့်ပြင်ထားတာ။ ပြီးတော့ လျန်ကျိုးစစ်သည်တွေကို ထောင်ချောက်ဆင်ဖို့ 'အိုးထဲသွင်းပြီး ဖမ်းမယ့်' အစီအစဉ်ကလည်း အဆင်သင့်ရှိနေပြီးသား။ လော့ထျန်ဂိတ်ရဲ့ ခံစစ်ပြင်ဆင်မှုတွေကလည်း ပြီးပြည့်စုံနေတာကို ရွီဝမ်ချိုင် တို့ကိုယ်တိုင် တွေ့ခဲ့ပြီးပြီပဲ။ သူတို့မှာ စစ်သည် နှစ်ထောင်ပဲ ရှိတယ်ဆိုဦးတော့၊ ငါတို့မှာ မြို့သိမ်းလက်နက်တွေ မရှိဘူး။ အဲဒါတွေကို ရှာဖို့ ဒါမှမဟုတ် လုပ်ဖို့ဆိုရင် အနည်းဆုံး ရက်ပေါင်း နှစ်ဆယ်လောက် ကြာလိမ့်မယ်။"

"အဲဒီလောက် အချိန်ကြာသွားရင် လော့ထျန်ဂိတ်ကို စစ်ကူတွေ ရောက်လာဖို့တင် မဟုတ်ဘူး၊ ငါတို့ကို လိုက်နေတဲ့ ရန်သူတွေပါ အလုံးအရင်းနဲ့ ရောက်လာဖို့ လုံလောက်တဲ့ အချိန်ပဲ"

"ဒါကြောင့် ငါတို့ တောင်ဘက်ကို ဆက်သွားပြီး လော့ထျန်ဂိတ်ကို အတင်းအဓမ္မ တိုက်မယ်ဆိုရင် ဒါဟာ သေလမ်းကို သွားတာနဲ့ အတူတူပဲ"

ချန်ဆန်းရှီရဲ့ စကားအဆုံးမှာတော့ အားလုံးဟာ တိတ်ဆိတ်သွားကြပါတယ်။

"ဒါဆို... ငါတို့ ဘာလုပ်ကြမလဲ"

အတော်ကြာမှ ရှဲ့စီရှု က မေးလိုက်တယ် "ဒါက တကယ်ပဲ သေလမ်းပဲလား"

ချန်ဆန်းရှီက အေးအေးဆေးဆေးပဲ ပြန်ဖြေတယ် "နည်းလမ်းတော့ ရှိပါတယ်..."

"နည်းလမ်းရှိရင်လည်း ပြောပါဦး ဗိုလ်ချုပ်ချန်ရာ။ ကျွန်တော်တို့ကို ခြောက်လှန့်ပြီး သတ်နေတာလား"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့ ဒီအဆင့်အထိ ရောက်လာပြီပဲ၊ ခင်ဗျားရဲ့ အမိန့်ကို သေချာပေါက် နာခံမှာပါ။ အရှေ့သွားဆိုရင် အရှေ့၊ အနောက်သွားဆိုရင် အနောက်ပဲ ဘာမှ မငြင်းတော့ဘူး"

"ဟုတ်ပါတယ် ဗိုလ်ချုပ်ချန်"

ဒဏ်ရာတွေ အတော်လေး သက်သာလာပြီဖြစ်တဲ့ ယွီဆုန်က "မင်းမှာ စိုးရိမ်တာရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါ"

"အင်း"

ချန်ဆန်းရှီက ခေါင်းညိတ်ပြီး မေးလိုက်တယ် "လူတိုင်း စဉ်းစားကြည့်ပါဦး၊ အခုအချိန်အထိ ဒီစစ်ပွဲရဲ့ အရေးအကြီးဆုံး အလှည့်အပြောင်းက ဘာဖြစ်မလဲ"

"ဓားတံခါးချိုင့်ဝှမ်းလား ဗိုလ်ချုပ်လူ သာဖောက်ထွက်နိုင်ရင် သူ့ရဲ့ သတ္တိနဲ့ အရာအားလုံး ပြေလည်သွားမှာပဲ"

"မဟုတ်သေးဘူး ကျွန်တော်ထင်တာတော့ ယန်ပြည်နယ်ထဲက တိုက်ပွဲပဲ။ လိပ်နက်တပ်နဲ့ ဖီးနစ်တပ်တွေက အနောက်ချီနိုင်ငံရဲ့ စစ်တပ်ကြီးနဲ့ ရင်ဆိုင်နေရတာလေ။ အဲဒီမှာ နိုင်ရင် အနောက်ချီနိုင်ငံအပေါ် အကြီးအကျယ် ဖိအားပေးနိုင်မှာ"

"မင်းတို့ အကုန်မှားနေပုံပဲ၊ ဗိုလ်ချုပ်ချန်က ဘာမှ သဘောမတူသေးဘူး"

ယွီဆုန်က ရယ်မောရင်း ပြောတယ် "ဒါဆိုရင်တော့ အင်ပါယာစစ်တပ်ပဲ ဖြစ်ရမယ်။ ဗိုလ်ချုပ်ကြီးက လော့ထျန်ဂိတ်ကနေ ဖောက်ထွက်

နိုင်တာနဲ့ ငါတို့ ဒါရှန်အင်ပါယာက ရန်သူထက် စစ်အင်အား ပိုသာသွားပြီး အားသာချက် ရလာမှာ"

ချန်ဆန်းရှီက ခေါင်းခါပြတုန်းပါပဲ "အဖိုးကြီးရွီမင်းရော ဘာထင်လဲ"

ရွီဝမ်ချိုင်က သူ့လက်ထဲက ငှက်မွေးယပ်တောင်ကို ခတ်ရင်း မြေပုံပေါ်က မေရှန်းခရိုင်နေရာကို ညွှန်လိုက်တယ် "အရှင်... ခင်ဗျား ပြောချင်တာက လျန်ကျိနျန်ကိုလား"

"ဟုတ်တယ်"

ချန်ဆန်းရှီက ဆက်ပြောတယ် "မျက်ခုံးနီတပ်မှာ စစ်သားအများကြီး မရှိပါဘူး။ ဒါပေမဲ့ မျက်ခုံးနီတပ်သာ မရှိရင် မင်ပြည်နယ်မှာ ဒီလောက်အထိ ဆူပူသောင်းကျန်းမှုတွေ ရှိလာမှာ မဟုတ်ဘူး။ တကယ်တမ်းကျတော့ လျန်ကျိနျန်ကြောင့် မဟုတ်ဘဲ သူ့လက်ထဲမှာ ရှိနေတဲ့... ကောင်းကင်ဘုံကျမ်းနဲ့ ထူးဆန်းတဲ့ လက်နက် တွေကြောင့်ပဲ"

"မင်းတို့ နားလည်လား"

သူ ခေတ္တရပ်ပြီး "အနောက်ချီနိုင်ငံဖြစ်ဖြစ်၊ ပုန်ကန်သူ တုန်အန်းဖြစ်ဖြစ်၊ သူတို့အားလုံးက 'ကောင်းကင်ဘုံကျမ်း' ကို လိုချင်လို့ လာကြတာ။ မင်းတို့က စစ်ဗျူဟာတွေကိုပဲ သိကြတာ၊ တကယ်တမ်း စစ်ပွဲဆိုတာ 'အရှိန်အဟုန်' ကို လုကြတာဆိုတာ သတိမထားမိကြဘူး"

"မသေမျိုးတွေ ပေးသနားတယ်ဆိုတဲ့ ကောင်းကင်ဘုံကျမ်းနဲ့ လက်နက်တွေရဲ့ သတင်းက အကြီးမားဆုံးသော အရှိန်အဟုန်ပဲ"

"ငါ ခန့်မှန်းထားသလိုသာဆိုရင် ဒီမင်ပြည်နယ်က ဆူပူမှုတွေဟာ တစ်ကမ္ဘာလုံးကို လှုပ်ခတ်သွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူတွေက မသေမျိုးတွေကို ကိုးကွယ်ကြတာကိုး။ မသေမျိုးတွေက ပုန်ကန်သူတွေကို ကူညီနေတယ်လို့ သူတို့ ယုံကြည်သွားကြရင် ဒါရှန်အင်ပါယာရဲ့ သက်တမ်း ကုန်ပြီလို့ ယူဆပြီး အသည်းအသန် ပုန်ကန်ကြလိမ့်မယ်"

"ဒါကြောင့်ပဲ စစ်သားအနည်းငယ်နဲ့ စတင်ခဲ့တဲ့ မျက်ခုံးနီတပ်က ဒီနေ့လို အခြေအနေမျိုးအထိ ဖန်တီးနိုင်ခဲ့တာ"

"ဒါပေမဲ့ ပြောင်းပြန်အနေနဲ့"

"အကယ်၍မသေမျိုးတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကိုသာ အမှားဖြစ်ကြောင်း သက်သေပြနိုင်ရင်၊ ရန်သူ့ရဲ့ 'အရှိန်အဟုန်' က တိုက်ခိုက်စရာမလိုဘဲ သူ့အလိုလို ပြိုလဲသွားလိမ့်မယ်။ အဲဒီအခါကျရင် စစ်ပွဲရဲ့ အခြေအနေက ပြောင်းပြန် ဖြစ်သွားပြီး ရန်သူတွေမှာ ဘာအားသာချက်မှ ရှိတော့မှာ မဟုတ်ဘူး။ သူတို့တွေဟာ အင်အားပြုန်းတီးတဲ့ စစ်ပွဲထဲမှာပဲ ပိတ်မိသွားလိမ့်မယ်"

"ဒါကြောင့် ငါတို့..."

အားလုံး စူးစိုက်ကြည့်နေတဲ့ကြားမှာပဲ ချန်ဆန်းရှီရဲ့ လက်ညှိုးက ဟုန်ကျဲမြစ်ရဲ့ အနောက်ဘက်ကမ်းကို အားနဲ့ ထောက်လိုက်ပါတယ်။ သူ ပြောလိုက်တဲ့ စကားလုံးတိုင်းက အားလုံးရဲ့ စိတ်ထဲမှာ မိုးကြိုးပစ်လိုက်သလိုပဲ ဟိန်းထွက်သွားပါတယ်။

"ဟုန်ကျဲမြစ်ကို လေးကြိမ်မြောက် ဖြတ်ကူးပြီး မေရှန်းတောင်ကို တိုက်ခိုက်မယ်"

နဂါးရဲ့ ဂူထဲကို ဝင်တိုက်ပြီး နှလုံးသားကို ထိုးနှက်ဖို့ ချန်ဆန်းရှီက ဆုံးဖြတ်လိုက်တာပါ။

လေးကြိမ်မြောက် မြစ်ဖြတ်ကူးခြင်း။

"ထက်မြက်တဲ့ အကြံပဲ၊ မဟုတ်ဘူး... ဒါက နတ်ဘုရားတွေရဲ့ ဗျူဟာပဲ"

ရွီဝမ်ချိုင် က သတိပြန်ဝင်လာပြီး အံ့ဩတကြီး ပြောလိုက်ပါတယ်။

သူဟာ စစ်ရေးဗျူဟာတွေကို ကျွမ်းကျင်သူလို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူထားတဲ့သူပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်အတွင်းက နာမည်ကြီး တိုက်ပွဲတွေကို နှစ်ပေါင်းများစွာ လေ့လာခဲ့သူလည်း ဖြစ်ပါတယ်။ မင်ပြည်နယ် ဆူပူမှုစကတည်းက သူဟာ ချန်ဆန်းရှီရဲ့ ခြေလှမ်းတွေကို လိုက်နိုင်ခဲ့ပေမဲ့ တတိယအကြိမ် မြစ်ဖြတ်ကူးပြီးတဲ့နောက်မှာတော့ သူ ဝေဝေဝါးဝါး ဖြစ်လာခဲ့ပါတယ်။ အခု 'လေးကြိမ်မြောက် မြစ်ဖြတ်ကူးခြင်း' ဆိုတဲ့ စကားကို ကြားလိုက်ရတော့မှ သူ ဉာဏ်အလင်း ပွင့်သွားသလို ခံစားလိုက်ရတာပါ။

သူက နားမလည်သေးတဲ့ ကျန်တဲ့လူတွေကို ရှင်းပြတယ် "အခုအချိန်မှာ စစ်တပ်အများစုက ငါတို့နောက်ကို လိုက်နေကြတာ။ မျက်ခုံးနီတပ်ရဲ့ အဓိက အခြေစိုက်စခန်းဖြစ်တဲ့ မေရှန်းခရိုင် ကပဲ စစ်ကူတွေကို မြန်မြန် ပို့ပေးနိုင်တာလေ။

"ဒါပေမဲ့ စစ်ပွဲရဲ့ အခြေအနေအရ မေရှန်းမြို့ထဲမှာ စစ်သားအများကြီး ကျန်မှာ မဟုတ်ဘူး။ အများဆုံးရှိလှ တစ်သောင်းခွဲ၊ ဒါမှမဟုတ် လူအနည်းငယ်ပဲ ကျန်တော့မှာ"

"ဒါကြောင့် သူတို့က စစ်ကူတွေ လွှတ်လိုက်တာနဲ့ သူတို့ရဲ့ အခြေစိုက်စခန်းက အားနည်းသွားလိမ့်မယ်။ အဲဒီအချိန်မှာ ငါတို့က ဟုန်ကျဲမြစ်ကို လေးကြိမ်မြောက် ဖြတ်ကူးပြီး မေရှန်းကို တိုက်ရိုက် ဝင်တိုက်ကြမယ်"

"လျန်ကျိနျန် ဆိုတာ စာသင်သား သက်သက်ပဲ၊ အခြေခံစစ်သည် တစ်ယောက်လောက်တောင် စွမ်းရည်မရှိဘူး။ သူ့နားမှာလည်း အဆင့်မြင့် သိုင်းပညာရှင်တွေ ရှိမှာ မဟုတ်ဘူး။ ငါတို့သာ မြို့ထဲကို ဖောက်ဝင်နိုင်ရင် သူကတော့ သေဖို့ပဲ ရှိတော့တယ်"

"လျန်ကျိနျန် သေသွားပြီး ကောင်းကင်ဘုံကျမ်းနဲ့ လက်နက်တွေ ငါတို့လက်ထဲ ရောက်လာပြီဆိုရင်..."

"ငါတို့ လွတ်မြောက်ရုံတင်မကဘဲ မင်ပြည်နယ်ရဲ့ စစ်ပွဲအခြေအနေကိုပါ အကြီးအကျယ် ပြောင်းလဲပစ်နိုင်လိမ့်မယ်"

"ဒါဟာအရှင်ရဲ့ ရည်ရွယ်ချက်ပဲ"

"ဟုန်ကျဲမြစ်ကို လေးကြိမ်မြောက် ဖြတ်ကူးပြီး မေရှန်းကို တိုက်ခိုက်မယ်"

ဒါပေမဲ့...

ချန်ဆန်းရှီက ဒါကို အရင်က မပြောခဲ့တာဟာ သေချာ စီစဉ်ဖို့ လိုအပ်တဲ့ နောက်ထပ် အလွန်လေးနက်တဲ့ ပြဿနာတစ်ခု ရှိနေသေးလို့ပါပဲ။

All Chapters