← Chapters

အခန်း (၂၄၅)

Vol. 23 Ch. 245

အခန်း (၂၄၅)

Vol. 23 Ch. 245

📝အပိုင်း - ၂၄၅

ဘာသာပြန် - Na Gar🐉

"အရက်လား"

ချန်ဆန်းရှီ က ဗူးထဲကို ငုံ့ကြည့်နေဖို့ မလိုပါဘူး။ ဗူးအဆို့ကို ဖွင့်လိုက်တာနဲ့ ပြင်းရှလှတဲ့ အရက်နံ့က သူ့နှာခေါင်းထဲကို အရှိန်အဟုန်နဲ့ တိုးဝင်လာပါတယ်။

"မှန်တာပေါ့"

ယွီဆုန်က ဂုဏ်ယူဝင့်ကြွားစွာနဲ့ မိတ်ဆက်ပေးတယ် "ဒီအရက်ကို 'စစ်နတ်

ဘုရား မူးနောက်ခြင်း'လို့ ခေါ်တယ်။ စစ်နတ်ဘုရားတောင်မှ နည်းနည်းသောက်ရုံနဲ့ မူးသွားနိုင်တယ်လို့ ပြောကြတာပဲ။ တော်တော်လေးလည်း ဈေးကြီးတယ်၊ ဒီရေဗူးတစ်ဗူးစာတင် ငွေစ ရာဂဏန်းလောက် တန်တာ လျန်ကျိုးကနေ ငါထွက်လာကတည်းက ယူလာခဲ့တာ။ တိုက်ပွဲနိုင်ရင် ညီအစ်ကိုတွေနဲ့ အတူသောက်မယ်လို့ ကြံရွယ်ထားခဲ့တာပေါ့။ ဒါပေမဲ့ ဒီစစ်ပွဲက နှစ်ဝက်လောက်အထိ ကြာသွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ အခုထိ တစ်ငုံတောင် မြည်းကြည့်ဖို့ အခွင့်မသာသေးဘူး"

"သောက်မလား"

"သောက်တာပေါ့"

ချန်ဆန်းရှီက အားနာမနေဘဲ ရေဗူးကို လှမ်းယူကာ တစ်ငုံကြီး သောက်ချလိုက်ပါတယ်။

ဒီအရက်က ဆေးမြစ်တွေနဲ့ ထူးဆန်းတဲ့ သားရဲတွေရဲ့ အစိတ်အပိုင်းတွေကို စိမ်ထားတာဖြစ်လို့ တစ်ငုံသောက်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်သလို ပူရှိန်းသွားပြီး ချက်ချင်းပဲ ခေါင်းနည်းနည်း မူးသွားပါတယ်။ ဒီလောက်ပြင်းတဲ့ အရက်မျိုး သူ တစ်ခါမှ မသောက်ဖူးပါဘူး။ 'စစ်နတ်ဘုရား မူးနောက်ခြင်း' ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်လှပါတယ်။

"ဟားဟားဟား"

ယွီဆုန်က ရယ်မောရင်း ရေဗူးကို ပြန်လုပြီး တစ်ငုံကြီး သောက်လိုက်ပါတယ်။ အရက်က ပြင်းလွန်းတာကြောင့် မျက်နှာကြီး ရှုံ့မဲ့သွားပေမဲ့ အရသာခံပြီးတော့မှ စစ်မြေပုံကို သူတို့ရှေ့မှာ ဖြန့်ခင်းလိုက်ပါတယ်။

သူက မြေပုံကို လက်ညှိုးထိုးပြရင်း "ဗိုလ်ချုပ်ချန်... မင်ပြည်နယ်ကို ရောက်ကတည်းက ငါတို့ ချီတက်ခဲ့တဲ့ လမ်းကြောင်းကို ငါ ထပ်ပြီး သေချာကြည့်ခဲ့တယ်။ ခင်ဗျားက တကယ်ကို ထက်မြက်တာပဲ။ ပြန်ကြည့်လိုက်တော့မှ ခင်ဗျားက ငါတို့တစ်သိုက်ကို ဦးဆောင်ပြီး ရန်သူစစ်သည် တစ်သိန်းကျော်ကို အရုပ်ကလေးတွေလို ကစားခဲ့တာပဲ"

"သူတို့တွေ အခုဆိုရင် တော်တော်လေး ဒေါသထွက်နေကြမှာ။ အထူးသဖြင့် တုန်အန်း ပေါ့။ အဲဒီလူက နာမည်ကြီးလေ။ သူ့အတွက်တော့ တိုက်ပွဲရှုံးတာက အသက်ဆုံးရှုံးတာထက် ပိုဆိုးတယ်။ အခု လူသုံးထောင်ကျော်လေးပဲရှိတဲ့ ငါတို့လက်ထဲမှာ ရှုံးနေရတာဆိုတော့ ပိုဆိုးတာပေါ့"

ချန်ဆန်းရှီက ဘာမှ ပြန်မပြောပါဘူး။

"ဘာလို့ တိတ်နေတာလဲ ကောင်လေးငါ့ကို အထင်သေးလို့လားငါလည်း စစ်တပ်ထဲမှာ ဒီလောက်ကြာအောင် နေလာပြီး ဒုဗိုလ်ချုပ်ကြီးအထိ ဖြစ်လာတာပဲ။ စစ်ဗျူဟာတွေကိုတော့ အနည်းအကျဉ်း နားလည်ပါတယ်"

ယွီဆုန်က ဆက်ပြောတယ် "ဒီတစ်ခါ မင်းက ငါတို့နှစ်ယောက်ကို နောက်ချန်တပ်အဖြစ် ကျန်ခဲ့ခိုင်းတာက အယောင်ပြတိုက်ကွက်တွေက နောက်ထပ် အလုပ်မဖြစ်တော့လို့ မဟုတ်လား"

ချန်ဆန်းရှီက မငြင်းပါဘူး။

"လူတစ်ယောက်ကို တစ်ခါ၊ နှစ်ခါတော့ လိမ်လို့ရမယ်၊ ဒါပေမဲ့ တစ်သက်လုံး လိမ်လို့မရဘူး နည်းလမ်းတစ်ခုတည်းကိုပဲ ခဏခဏ သုံးနေရင် ဝက်တောင်မှ သိသွားဦးမယ်၊ လူဆိုရင်တော့ ပြောမနေနဲ့တော့။"

"တုန်အန်းရော၊ မေရှန်းတောင်က လျန်ကျိနျန်ရောက လူအတွေ မဟုတ်ဘူး။ အဲလိုသာဆိုရင် လျန်ဆိုတဲ့လူက 'ကောင်းကင်ဘုံကျမ်း' ကို ရမှာမဟုတ်ဘူး။ ဒါကြောင့်..."

ယွီဆုန်က အလေးအနက် ပြောလိုက်တယ် "ငါတို့ အယောင်ပြနေလို့ မရတော့ဘူး။ အစစ်အမှန် တိုက်ခိုက်မှုကမှ ရန်သူ့အင်အားတွေကို ဆွဲဆောင်နိုင်မှာ၊ အဲဒီကျမှ မေရှန်းခရိုင်ရဲ့ ခံစစ်က အားနည်းသွားမှာ"

"ဒါပေမဲ့ အင်မတန် ထက်မြက်တဲ့ လျန်ကျိနျန်နဲ့ တုန်အန်းတို့က ငါတို့က အစစ်အမှန် တိုက်နေတာပါလို့ ယုံကြည်အောင် ဘယ်လိုလုပ်မလဲ"

"အဓိက ဗိုလ်ချုပ်ကြီး ကိုယ်တိုင် လော့ထျန်တောင်ကြားမှာ ပေါ်လာတာထက် ပိုပြီး ယုံကြည်စရာကောင်းတာ ဘာရှိဦးမှာလဲ"

"အဲဒါကြောင့်ပဲ မင်းကက ငါတို့နှစ်ယောက်လုံးကို နောက်ချန်တပ်အဖြစ် ကျန်ခဲ့ခိုင်းတာပေါ့"

"ဘယ်လိုလဲငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာချက် မှားနေလို့လားငါလည်း ဒီနှစ်တွေမှာ အလကား စစ်တိုက်ခဲ့တာ မဟုတ်ဘူးနော်"

ချန်ဆန်းရှီက ခေါင်းညိတ်လိုက်ပြီး "ဒုဗိုလ်ချုပ်ကြီးယွီ ပြောတာ အတိအကျပါပဲ"

"ကောင်းပြီ၊ ကောင်းပြီ ဒါက ဘာကို ဆိုလိုတာလဲ'အခွင့်အရေး မရှိရင်တောင် အခွင့်အရေးဖြစ်အောင် ဖန်တီးတာ' ပဲ"

ယွီဆုန်က အော်ဟစ်လိုက်တယ် "ဗိုလ်ချုပ်ချန်... မင်းက တကယ်ကို ဉာဏ်ကြီးရှင်ပဲ၊ ခေတ်အဆက်ဆက်မှာ တွေ့ရခဲတဲ့ ကွပ်ကဲမှု ပါရမီရှင်ပဲ"

"မင်းက တပ်စခန်းရှစ်ခုထဲမှာ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမယ်၊ ဗိုလ်ချုပ်ကြီးလုကိုတောင် ကျော်တက်သွားနိုင်တယ်လို့ ငါ အမြဲ ခံစားရတယ်။ တပ်စခန်းရှစ်ခုရဲ့ မျှော်လင့်ချက်က မင်းပဲ"

"ဒါပေမဲ့..."

ဒီနေရာမှာပဲ...

ယွီဆုန်ရဲ့ လေသံက ရုတ်တရက် ပြောင်းလဲသွားပြီး၊ ရှေ့ကို တိုးလာကာ ချန်ဆန်းရှီရဲ့ အင်္ကျီရင်ဘတ်ကို အတင်းဆွဲညှစ်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်ပါတယ်"ငါ မှားသွားတယ်၊ မင်းက ကောင်စုတ်ပဲ၊ မင်းက သူရဲဘောကြောင်တဲ့သူပဲ သူရဲဘောကြောင်တဲ့ကောင်"

"ဒုဗိုလ်ချုပ်ကြီးယွီ..."

ချန်ဆန်းရှီဟာ တစ်ဖက်လူရဲ့ ရုတ်တရက် အပြောင်းအလဲကြောင့် ကြောင်သွားပါတယ်။

"ချန်ဆန်းရှီ"

ယွီဆုန်ရဲ့ မျက်လုံးတွေက နီမြန်းလာပြီး အော်ဟစ်လိုက်တယ် "ငါ မင်းကို မေးမယ်၊ အရည်အချင်းရှိတဲ့ စစ်သူကြီးတစ်ယောက်၊ စစ်သည်တွေကို ကွပ်ကဲနေတဲ့သူတစ်ယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားက ဘာလဲ"

"မင်း မပြောနိုင်ဘူးလား"

"ကောင်းပြီ၊ ငါပဲ ပြောပြမယ်"

"စစ်သူကြီးတစ်ယောက်ဆိုတာ အထိအခိုက် အနည်းဆုံးနဲ့ ဗျူဟာမြောက် ပန်းတိုင်ကို အရောက်လှမ်းနိုင်ရမယ်"

"ဒီလောက်ရိုးရှင်းတာပဲ"

"ဒီတစ်ကြောင်းတည်းနဲ့တင် လုံလောက်နေပြီ"

"ဒါကို မင်းက... မင်း ဘာတွေ လုပ်နေတာလဲ"

"ဒုဗိုလ်ချုပ်ကြီးယွီ..."

ချန်ဆန်းရှီရဲ့ အကြည့်တွေက ရှုပ်ထွေးနေပါတယ် "ခင်ဗျား ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်တော် နားမလည်ဘူး"

"ငါ့ရှေ့မှာ မသိသလို လာလုပ်မနေနဲ့"

ယွီဆုန်က သူ့ကို မြေကြီးပေါ် တွန်းချလိုက်ပြီး ဘာမှ အားနာမနေဘဲ ဆဲဆိုလိုက်တယ် "နောက်ချန်တပ်အဖြစ် ကာကွယ်ဖို့ဆိုရင် ငါတစ်ယောက်တည်းဆိုရင် လုံလောက်နေပြီ။ မင်းက ဘာလို့ လိုက်နေဖို့ လိုတာလဲဘာလို့လဲဆိုတော့ မင်းရဲ့ ဗျူဟာ အောင်မြင်ဖို့အတွက် ငါ သေပေးဖို့ လိုတယ်လေ။ အဲဒါကြောင့် မင်းက စိတ်မကောင်းဖြစ်နေတာ၊ အပြစ်ရှိသလို ခံစားနေရတာ၊ ငါသေရမှာက မင်းကြောင့်လို့ မင်းထင်နေတာမဟုတ်ဘူးလားငါ့ကို ဖြေစမ်း"

"ဟုတ်ပါတယ်"

ချန်ဆန်းရှီက ဝန်ခံလိုက်ပါတယ်။

စစ်တပ်ထဲ ဝင်ကတည်းက သူဟာ သူ့ညီအစ်ကိုတွေရဲ့ အသက်ကို အောင်ပွဲနဲ့ လဲဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက်ရှိရှိ မလုပ်ခဲ့ဖူးပါဘူး။ အထူးသဖြင့် ဒီလောက်များပြားတဲ့ အသက်တွေကိုပေါ့။ တကယ်တော့ သူက သေကြောင်းကြံစည်နေတာ မဟုတ်ပါဘူး၊ သူ့မှာ 'ထူးခြားတဲ့ မီးတောက်' နဲ့ 'ဓားချီမန္တန်'ဆိုတဲ့ အရေးပေါ်သုံး ဖဲချပ်တွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ အန္တရာယ်ကတော့ အလွန်ကြီးမားတာ အမှန်ပါပဲ။

"တကယ့်ကို သူရဲဘောကြောင်တာပဲ၊ ဒါက မလိုအပ်တဲ့ ကရုဏာသက်သက်ပဲ"

ယွီဆုန်ရဲ့ မျက်လုံးထဲမှာ အထင်သေးတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ် "ဗိုလ်ချုပ်ကြီးဖန် ဖြစ်ဖြစ်၊ ဘုရင်ခံဆွန် ဖြစ်ဖြစ် ဒီလိုမျိုး ဆုံးဖြတ်လိမ့်

မယ်လို့ မင်းထင်လားသူတို့ဆိုရင် ငါ့ကို နောက်ချန်တပ်အဖြစ် တုံ့ဆိုင်းမနေဘဲ ထားခဲ့လိမ့်မယ်၊ ပြီးရင် မေရှန်းခရိုင်ကို တိုက်ဖို့ တပ်ကို ဦးဆောင်သွားလိမ့်မယ်"

"အကယ်၍ ငါသေရလို့ ဒီတိုက်ပွဲမှာ အနိုင်ရမယ်ဆိုရင် ဒုဗိုလ်ချုပ်ကြီးတစ်ယောက်အနေနဲ့ ငါ့အသက်က တကယ်ကို တန်ဖိုးရှိသွားပြီ။ သမိုင်းမှာ ဒီထက်တန်တဲ့ လဲလှယ်မှုမျိုး မရှိဖူးဘူး"

"ငါ မင်းကို ပြောလိုက်မယ်၊ အကယ်၍ ငါတို့ နေရာချင်း လဲနေရင် ငါက မင်းကိုပဲ အသေခံခိုင်းမှာ၊ အခုလို မိန်းမတစ်ယောက်လို ဝေခွဲမရ ဖြစ်နေမှာ မဟုတ်ဘူး"

"ငါ မင်းကို မေးမယ်"

"အကယ်၍ မင်း ငါနဲ့အတူ ကျန်ခဲ့ပြီး ဒီမှာ သေသွားမယ်ဆိုရင် လုရှူဟွာတို့က သူတို့ တာဝန်ကို တကယ် ထမ်းဆောင်နိုင်ပါ့မလားသူတို့မှာ အဲဒီလောက် အရည်အချင်း ရှိလို့လား"

"ရွီဝမ်ချိုင်က တော်ကောင်းတော်လိမ့်မယ်၊ ဒါပေမဲ့ နောက်ဆုံးတော့ သူက အခြေခံစစ်သည်ထက် မပိုဘူး။ စစ်မြေပြင်ဆိုတာ ညှာတာတယ်ဆိုတာ မရှိဘူး။ အကယ်၍ သူသာ ကျသွားရင် ဘယ်သူက ကွပ်ကဲမှာလဲကျန်တဲ့လူတွေကရော အဆင်ပြေပါ့မလား"

"အကယ်၍ အကုန်လုံး ရှုပ်ထွေးသွားပြီး မေရှန်းခရိုင်ကို မသိမ်းနိုင်ခဲ့ရင် လူတိုင်း အလကား သေသွားတာ မဖြစ်ပေဘူးလား"

"မင်းရဲ့ ဗျူဟာက မင်းကိုယ်တိုင် ဒါကို ငါ့ထက် ပိုသိတယ်ဆိုတာ ပြနေတာပဲ။ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ တာဝန်မဲ့နိုင်ရတာလဲမင်းရဲ့ အသက်က ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ မင်းသိလားအကယ်၍ မင်း သေရမယ်ဆိုရင်တောင် အဲဒါက မေရှန်းခရိုင်ကို တိုက်တဲ့လမ်းမှာ ဖြစ်ရမှာ၊ လော့ထျန်

ဂိတ်မှာ မဟုတ်ဘူး"

All Chapters