အခန်း (၂၄၆)
Vol. 23 Ch. 246
📝အပိုင်း - ၂၄၆
ဘာသာပြန် - Na Gar🐉
ချန်ဆန်းရှီက မျက်လုံးကို မှိတ်လိုက်ပြီး "ခင်ဗျားပြောတာ မှန်ပါတယ်" လို့ ပြောလိုက်တယ်။
သူ ဒါတွေကို ကောင်းကောင်း နားလည်ပြီးသားပါ။ တစ်ဖက်လူရဲ့ ကြိမ်းမောင်းသတိပေးစကားတွေက သူ့နှလုံးသားထဲမှာ ကျန်နေသေးတဲ့ နောက်ဆုံး သံခြေကျင်းကို ဖြတ်တောက်ပေးလိုက်သလိုပါပဲ။
စစ်မြေပြင်ဆိုတာ ဒီလိုပါပဲ။
စွန့်လွှတ်စတေးမှု မရှိဘဲနဲ့ အောင်ပွဲဆိုတာ မရနိုင်ပါဘူး။
"ငါမှန်မှန်း သိရင် ပြီးတာပဲ"
ယွီဆုန်က သူ့ကို ကြည့်လိုက်ပြီး သူ့အသံက စိတ်လှုပ်ရှားမှုကြောင့် နည်းနည်း တုန်ယင်နေပါတယ် "ဒါကြောင့် မင်းရဲ့ အနှစ်မရှိတဲ့၊ သူရဲဘောကြောင်တဲ့ သနားကရုဏာစိတ်တွေကို သိမ်းထားလိုက်စို့ သဘောထားကြီးတဲ့သူက ငွေကို မကိုင်တွယ်သလို၊ စိတ်ပျော့တဲ့သူကလည်း စစ်တပ်ကို မကွပ်ကဲဘူး"
"စစ်မြေပြင်မှာ စစ်သူကြီးတစ်ယောက်ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ သောင်းနဲ့ချီတဲ့ အရိုးစုတွေ ခြောက်သွေ့ကျန်ရစ်ခဲ့ရတယ်ဆိုတာ ဘယ်တော့မှ မပြောင်းလဲတဲ့ အမှန်တရားပဲ"
"ဒါပေမဲ့ သူတို့တွေ တန်ဖိုးရှိရှိ သေဆုံးသွားရတာပဲ ဖြစ်ဖြစ်၊ ညီအစ်ကိုတွေကတော့ လုံးဝ မကျေမနပ် ဖြစ်မှာ မဟုတ်ဘူး"
"ဘာမှ ထပ်မပြောနဲ့တော့"
ချန်ဆန်းရှီက တစ်ခုခု ပြောဖို့ ပြင်လိုက်ပေမဲ့ ယွီဆုန်က စကားဖြတ်လိုက်
တယ် "မင်းက ပါရမီရှိတဲ့ ကောင်လေးပါ။ ဒါပေမဲ့ မင်းရဲ့ အကြီးမားဆုံး အားနည်းချက်က ငယ်ရွယ်နေသေးတာပဲ။ အဲဒါကြောင့် မင်းက ကိုယ့်လူအချင်းချင်းအပေါ် စိတ်ပျော့နေတာ။ ဒီတိုက်ပွဲအပြီးမှာ မင်း ပြောင်းလဲသွားမယ်၊ ကြီးပြင်းလာမယ်၊ ပြီးတော့ စစ်မှန်တဲ့ စစ်သူကြီးတစ်ယောက်၊ နောင်တစ်ချိန်မှာ စစ်မှန်တဲ့ စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်လာလိမ့်
မယ်လို့ ငါ မျှော်လင့်ပါတယ်"
"မင်းမှာ ငြင်းပိုင်ခွင့် မရှိဘူး"
"အရင်က မင်းပြောတာ မှန်လို့ ငါ နားထောင်ခဲ့တာ၊ ဒါပေမဲ့ ဒီတစ်ခါတော့ မင်းမှားနေပြီ"
"ပြီးတော့ မမေ့နဲ့ဦး၊ ငါက အရန်တပ်ရဲ့ ဒုဗိုလ်ချုပ်ကြီးပဲ၊ မင်းက တပ်မူးသက်သက်ပဲ။ စစ်အမိန့်ဆိုတာ တောင်ကြီးတစ်တောင်လိုပဲ၊ မင်းမှာ ဖီဆန်
ပိုင်ခွင့် မရှိဘူး"
"ကျွန်တော် နားလည်ပါပြီ"
ချန်ဆန်းရှီက စိတ်ကူးယဉ်မနေတော့ပါဘူး။ သူ မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ သူ့ရဲ့ အကြည့်တွေက ပြတ်သား တည်ကြည်သွားပါပြီ "မိုးလင်းတာနဲ့ ဒုဗိုလ်ချုပ်ကြီးယွီက မြင်းသည်တော် တစ်ထောင်ကို ရွေးထုတ်ပြီး လော့ထျန်တောင်ကြားကို တိုက်ခိုက်ပေးပါ။ ဆူညံသံက ပိုကျယ်လေ ပိုကောင်းလေပဲ၊ ဒါပေမဲ့ ပထမ နှစ်ရက်အတွင်းမှာတော့ အကျအဆုံး မများအောင် ကြိုးစားပါ။ တတ်နိုင်သမျှ အချိန်ဆွဲထားပါ။ ပြီးတော့ တောင်ပိုင်း တောရိုင်းတောင်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားပါ။ ဟုန်ကျဲမြစ် အနောက်ဘက်ကမ်း၊ မေရှန်းခရိုင် ဆီကို စစ်တပ်ကြီး ချဉ်းကပ်လာတာကို မြင်တာနဲ့ အချက်ပြဖို့ တောင်ကို မီးရှို့လိုက်ပါ။ အဲဒီအချိန်ကျရင် ကျွန်တော်က ဝူရွှီမြစ်ကို ဖြတ်ကူးပြီး မေရှန်းခရိုင်ဆီကို တည့်တည့် ချီတက်ပါ့မယ်"
"အဲဒီနောက်မှာတော့ ဒုဗိုလ်ချုပ်ကြီးယွီ ကိုယ့်ဘာသာ ဖောက်ထွက်ဖို့ ကြိုးစားကြည့်ပါ၊ အကယ်၍... အခွင့်အရေး ရှိနေသေးမယ်ဆိုရင်ပေါ့"
"ဟားဟားဟား"
နားထောင်ပြီးတာနဲ့ ယွီဆုန်က အားရပါးရ ရယ်မောလိုက်တယ် "ဒါပေါ့မင်းက ဒါမျိုးကို အစကတည်းက စီစဉ်ထားသင့်တာ။ ဒီလိုလုပ်လိုက်ရင် မေရှန်းခရိုင်ကတော့ သေချာပေါက် ကျသွားမှာပဲ။ မင်ပြည်နယ်ရဲ့ ဆူပူမှုတွေကလည်း အင်ပါယာစစ်တပ်ကြီး ရောက်လာတာနဲ့ အဆုံးသတ်သွားမှာပါ။
"လာ... ငါတို့ရဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပြီး သောက်ကြစို့"
"ကျွန်တော် ယုန်တစ်ကောင် သွားဖမ်းပြီး ကင်လိုက်မယ်"
ချန်ဆန်းရှီက လေးနဲ့ မြှားကို ယူပြီး ရှေ့က တောအုပ်ထဲ ဝင်သွားပါတယ်။ လက်ဖက်ရည်တစ်ခွက် သောက်စာလောက် အချိန်အတွင်းမှာပဲ တောယုန်
တစ်ကောင်နဲ့ ပြန်ရောက်လာတယ်။ ပြီးတော့ ကျန်းယွဲ့ဓား ကို သုံးပြီး သန့်စင်အောင် နွှာ၊ စမ်းချောင်းဘေးမှာ မီးမွှေးပြီး အသားကင်ပါတော့တယ်။
လူနှစ်ယောက်ဟာ ယုန်သားစား၊ အရက်သောက်ရင်းနဲ့ ညနေခင်းကနေ ညနက်ပိုင်းအထိ အချိန်ကုန်သွားတာကို တောင် မသိလိုက်ကြပါဘူး။
"ကောင်းပြီ"
ယွီဆုန်က အရက်ရှိန်လေးနဲ့ ပြောလိုက်တယ် "ငါ သိုင်းပညာနည်းနည်း လေ့ကျင့်ပြီး အမူးဖြေဦးမယ်။ မိုးလင်းရင် ခရီးစရဦးမှာလေ။ ဗိုလ်ချုပ်ချန်လည်း အမြန်သွားပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်တော့၊ စစ်ရေးအခွင့်အလမ်းကို မနှောင့်နှေးစေနဲ့"
"လက်အောက်ငယ်သားက အမိန့်အတိုင်း နာခံပါ့မယ်"
ချန်ဆန်းရှီက လက်သီးဆုပ်ပြီး အလေးပြုလိုက်တယ်။ လှည့်ထွက်သွားပြီး ခြေလှမ်းအနည်းငယ်မှာတင် ပြန်ရပ်လိုက်ပြီး "ဒုဗိုလ်ချုပ်ကြီးယွီ... ကျွန်တော့်ကို နောက်ဆုံးအနေနဲ့ မှာကြားချင်တဲ့ ဆန္ဒများ ရှိပါသလား"
မှာကြားချင်တဲ့ဆန္ဒ လို့ ပြောပေမဲ့ ဒါဟာ နောက်ဆုံးမှာတမ်းဆိုတာ သူတို့နှစ်ယောက်လုံး ကောင်းကောင်း သိကြပါတယ်။
"ငါ အဲဒါကို မေ့တော့မလို့ပဲ"
ယွီဆုန်က ပြုံးပြီး"ငါ့မှာ ဗိုလ်ချုပ်ချန်ကို အကူအညီတောင်းစရာ တစ်ခုတော့ ရှိတယ်။ ငါ့မှာ သားသုံးယောက် ရှိတယ်၊ သူတို့က စာသင်ရတာ ဝါသနာမပါဘူး၊ သိုင်းပညာကိုပဲ ရူးသွပ်ကြတာ။ အကြီးဆုံးကောင်ကတော့ ကိုယ်ခန္ဓာ အချိုးအစား မဆိုးဘူး။ ဘုရင်ခံဆွန်ရဲ့ လက်အောက်မှာတော့ ရာထူးနေရာ ရှိတော့မှာ မဟုတ်ဘူး၊ ဒါကြောင့် ဗိုလ်ချုပ်ချန် အားတဲ့အချိန်ကျရင် သူ့ကို ပညာလေး နည်းနည်းပါးပါး သင်ပေးပါဦး။ မင်းက ဘုရင်ခံရဲ့ နောက်ဆုံးတပည့်ဆိုတော့ မင်းသင်ပေးတာက ဘုရင်ခံကိုယ်တိုင်သင်ပေးတာနဲ့ မခြားဘူးလေ— ဟားဟား၊ ငါ့ထက် အများကြီး သာမှာပါ။ ငါကတော့ တကယ်ကို အမြတ်ထွက်သွားတာပဲ"
"ခင်ဗျားရဲ့ သားကို ကျွန်တော် တသက်လုံး စောင့်ရှောက်ပေးပါ့မယ်"
ချန်ဆန်းရှီက ကတိပေးပြီး အလေးပြုကာ ထွက်ခွာသွားပါတယ်။
တောအုပ်အပြင်ဘက်မှာ။
ဝမ်ကျီနဲ့ ရွီဝမ်ချိုင်တို့ဟာ နောက်ဆုံးတော့ သူတို့ကို ရှာတွေ့သွားပါတယ်။
"ကြည့်ရတာ ငါတို့တွေ ဖြောင်းဖြနေဖို့ မလိုတော့ဘူး ထင်တယ်"
"ဟုတ်တယ်..."
ရွီဝမ်ချိုင်က သက်ပြင်းချလိုက်တယ် "အရှင်က အရာအားလုံးမှာ တော်တယ်၊ ရန်သူအပေါ်မှာလည်း လုံလောက်အောင် ရက်စက်တယ်။ ဒါပေမဲ့ ကိုယ့်လူအချင်းချင်းအပေါ်မှာတော့ စိတ်ပျော့လွန်းတယ်။ အခုတစ်
ခေါက်ပြီးရင်တော့ အရှင်ဒါမျိုး ထပ်ဖြစ်မှာ မဟုတ်တော့ဘူးလို့ ငါ ထင်တယ်..."
"အစ်ကိုကြီး"
ချန်ဆန်းရှီက ဝမ်ကျိီရဲ့ ရှေ့မှာ ရပ်လိုက်တယ် "ခင်ဗျား ဒုဗိုလ်ချုပ်ကြီးယွီနဲ့ သွားတွေ့သင့်တယ်၊ တခြား အမှတ်အသားတစ်ခုနဲ့ပေါ့"
"ငါလား ငါ့ရုပ်ကြီးနဲ့ ဘယ်သူ့ကို သွားရင်ဆိုင်ရဲမှာလဲ"
ဝမ်ကျိီက အတင်းပြုံးလိုက်ပြီး "ကောင်းပြီလေ၊ မင်း ဒီလိုပြောမှတော့ ငါလည်း အရှက်ကို ဖယ်ပြီး သွားစကားပြောလိုက်ပါ့မယ်။ တကယ်တော့ ငါလည်း ကျန်ခဲ့လို့ ရတာပဲ။ အကယ်၍ ဟွာကျင်းအဆင့်တွေနဲ့ တွေ့ရင်တောင် ငါ တိုက်နိုင်ပါသေးတယ်။"
"အစ်ကိုကြီး"
ချန်ဆန်းရှီက ကန့်ကွက်လိုက်တယ် "ခင်ဗျားကို လိုအပ်တယ်။ ဘယ်သူသိမှာလဲ၊ နောက်ကျရင် ခင်ဗျားရဲ့ ရောဂါဟောင်းကို ကုဖို့ အခွင့်အရေး ရလာနိုင်တာပဲ"
နတ်ဘုရားတစ်ပါးတောင် ပြုပြင်လို့ ရနိုင်ရင်။
သိုင်းပညာရှင်တစ်ယောက်ရဲ့ ပျက်စီးနေတဲ့ သွေးကြောတွေကိုလည်း ကုသဖို့ အခွင့်အရေး ရှိနိုင်ပါသေးတယ်။
"ကောင်းပြီလေ"
ဝမ်ကျိီက သူ့ဓားကို ကိုင်ပြီး ရှေ့ကို ထွက်သွားပါတယ်။
နောက်တစ်နေ့ မနက်စောစော။
စစ်တပ်ဟာ နှစ်ဖွဲ့ကွဲသွားပါတယ်။
ချန်ဆန်းရှီက လူနှစ်ထောင်ကို ဦးဆောင်ပြီး ဟုန်ကျဲမြစ်နဲ့ ဝူရွှီမြစ် ဆုံတဲ့နေရာမှာ ခေတ္တပုန်းအောင်းဖို့ မြစ်ကို အနောက်ဘက်ကနေ ဖြတ်ကူးသွားပါတယ်။
...
"သတ်"
"တစ်ယောက်မှ မလွတ်စေနဲ့"
"မင်းသားချောင်ဖန်နဲ့ ရှာဝမ်လုံတို့ ဒီပြည်သူတွေထဲမှာ ပါနေတယ်"
"..."
"ကျွန်တော်တို့ကို ချမ်းသာပေးပါ ဗိုလ်ချုပ်မင်းတို့ရာ"
"ကျွန်တော်တို့က သာမန်လူတွေပါ၊ စစ်သားတွေ မဟုတ်ပါဘူး..."
"ဗြိ—"
ယန်ချွမ်းခရိုင်အပြင်ဘက်၊ မြေရိုင်းတောင်ကုန်းတွေကြားမှာ။
ပြည်သူတွေဟာ နေရာအနှံ့မှာ ရှိနေကြပါတယ်။
ပုန်ကန်သူ စစ်တပ်က နောက်ကနေ လိုက်လံသတ်ဖြတ်နေကြပါတယ်။
ဒီရုန်းရင်းဆန်ခတ်မှုတွေကြားမှာ။
အရပ်သားအယောင်ဆောင်ထားတဲ့ ရှာဝမ်လုံနဲ့ ချောင်ဖန်တို့ဟာ သူတို့ရဲ့ လက်နက်တွေကိုတောင် လွှင့်ပစ်ခဲ့ပြီး အသည်းအသန် ထွက်ပြေးနေကြရပါတယ်။
"ငါ ဆက်မသွားနိုင်တော့ဘူး..."
"ဗုန်း—"
ချောင်ဖန်ကပြေးရင်းလွှားရင်း ရုတ်တရက် လဲကျသွားပါတယ်။
သူ အစာမစားရတာ ဆယ်ရက် ရှိနေပါပြီ။ သိုင်းပညာရှင်တစ်ယောက်ရဲ့ ခိုင်မာတဲ့ ကိုယ်ခန္ဓာသာ မရှိရင် သူ ငတ်သေနေတာ ကြာလှပါပြီ။ ဒါပေမဲ့ သိုင်းပညာ ကျင့်ထားလို့ပဲ သူ့ခန္ဓာကိုယ်ရဲ့ စွမ်းအင်သုံးစွဲမှုက ပိုများပြီး ဆာလောင်မှုကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားနေရတာပါ။
"မင်းသား ခဏစောင့်ပါဦး"
ရှာဝမ်လုံက ခုန်ထွက်သွားပြီး မကြာခင်မှာပဲ ထွက်ပြေးနေတဲ့ ပြည်သူတွေဆီကနေ ရိက္ခာခြောက်တချို့ကို လုယူလာခဲ့တယ် "ဒါလေး စားလိုက်ပါဦး မင်းသား စားပြီးရင် ငါတို့ ခရီးဆက်ရမယ်"
သူတို့နှစ်ယောက်လုံးကအဝတ်စုတ်တွေကို ဝတ်ထားပြီး မျက်နှာတွေကိုလည်း အယောင်ဆောင်ပညာနဲ့ ပြင်ထားတာကြောင့် ဗိုလ်ချုပ်ကြီးတစ်
ယောက်နဲ့ မင်းသားတစ်ယောက်နဲ့ မတူတော့ဘဲ သူတောင်းစား နှစ်ယောက်နဲ့ပင်တူနေပါတော့တယ်။