အခန်း (၂၄၈)
Vol. 23 Ch. 248
📝အပိုင်း - ၂၄၈
ဘာသာပြန် - Na Gar🐉
"ပြီးပြီ အားလုံး ပြီးသွားပြီ"
"အရန်တပ်ရဲ့ အကြွင်းအကျန်တွေကိုသာ အောင်မြင်အောင် ချေမှုန်းနိုင်ခဲ့ရင်၊ ငါတို့ဟာ အရှေ့တောင်ဘက်က အခြေအနေကို တည်ငြိမ်အောင် လုပ်နိုင်မယ်။ အဲဒီနောက်မှာမှ ဒါရှန်အင်ပါယာ မြို့တော်ကနေ လာမယ့် စစ်တပ်တွေကို ပိတ်ဆို့ထားမယ်။ အဆိုးဆုံး အခြေအနေဆိုရင်တောင် ငါတို့ဟာ ဒါရှန်စစ်တပ်နဲ့ ရေရှည်တိုက်ပွဲ ဆင်နွှဲရုံပဲ ရှိမယ်။ မင်ပြည်နယ်ရဲ့ အကြီးကျယ်ဆုံး စီမံကိန်းကြီးကတော့ အောင်မြင်သွားပြီလို့ ပြောလို့ရတယ်"
...
လော့ထျန်ဂိတ်ရဲ့ အပြင်ဘက်။
အရှေ့ဘက် ကောင်းကင်ယံမှာတော့ နီရဲတဲ့ နေမင်းကြီးဟာ တဖြည်းဖြည်း ချဉ်းကပ် မြင့်တက်လာပါတယ်။
နံနက်ခင်းရဲ့ လင်းရောင်ခြည်ကြားကနေ မြင်းသည်တော် ကင်းထောက်
တစ်ယောက်ဟာ အရှိန်အဟုန်နဲ့ ပြေးဝင်လာပြီး အကျယ်ကြီး အော်ဟစ်
လိုက်တယ် "သတင်းပို့ပါတယ်——"
"ဟုန်ကျဲမြစ်ရဲ့ အနောက်ဘက်ကမ်း၊ မေရှန်းခရိုင်ဘက်ကနေ အနည်းဆုံး စစ်သည် ခုနှစ်ထောင်လောက် မြစ်ကို ဖြတ်ကူးနေကြပါပြီ"
"သူတို့ရဲ့ ချီတက်နှုန်းအရဆိုရင် လော့ထျန်ဂိတ်ကြီးဆီကို အကြာဆုံး တစ်
ရက်ခွဲအတွင်း ရောက်လာပါလိမ့်မယ်"
"ကောင်းတယ်"
ယွီဆုန်တစ်ယောက် ဝမ်းသာအားရ ဖြစ်သွားပြီး လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်တယ် "မီးရှို့စမ်း၊ တောင်ကို မီးရှို့လိုက်ကြ"
"ကျန်တဲ့လူတွေ... ငါ့နောက်ကို လိုက်ခဲ့၊ တောရိုင်းဒေသ ဘက်ကို ဖောက်
ထွက်ကြမယ်"
"ဖောက်ထွက်ကြစို့——"
...
ဝူလျန်တောင်။
ဒီနေရာကတော့ ဟုန်ကျဲမြစ်နဲ့ ဝူရွှီမြစ်ဆုံတဲ့ နေရာဖြစ်ပါတယ်။
ချန်ဆန်းရှီက သူ့ရဲ့လူတွေကို ဒီနေရာမှာ ကြိုတင်ပြီး ပုန်းအောင်း စောင့်ဆိုင်းနေစေခဲ့ပါတယ်။
"ဗိုလ်ချုပ်ချန်"
လုရှူဟွာက ရက်တွေကို ရေတွက်ကြည့်ရင်း "ကျွန်တော်တို့ ဒီနေရာမှာ ပုန်းနေတာ လေးငါးရက်လောက် ရှိနေပြီ။ ဒုဗိုလ်ချုပ်ကြီးယွီနဲ့ သူ့လူတွေဆီက ဘာအချက်ပြမှလည်း မတွေ့သေးပါလား တကယ်လို့ဒါက အလုပ်မဖြစ်ဘူးဆိုရင် ကျွန်တော်တို့ နောက်ပြန်ဆုတ်ကြမလား"
"ထပ်ပြီး စောင့်ကြည့်ဦးမယ်"
ချန်ဆန်းရှီက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေတယ် "ဒုဗိုလ်ချုပ်ကြီးယွီနဲ့ သူ့လူတွေက အရည်အချင်း ရှိပါတယ်"
"မီးခိုးတွေ——"
"မီးလောင်နေပြီ"
သူ စကားပြောလို့တောင် မဆုံးသေးခင်မှာပဲ လူတိုင်းဟာ အရှေ့တောင်ဘက်ကနေ လိပ်တက်လာတဲ့ မည်းနက်နေတဲ့ မီးခိုးလုံးကြီးတွေကို မြင်လိုက်ရပါတယ်။ အဲဒီမီးခိုးတွေဟာ ကောင်းကင်ယံဆီကို တက်လှမ်းနေတဲ့ နဂါးနက်ကြီးတစ်ကောင်လိုပဲ လော့ထျန်ဂိတ်ရဲ့ အထက်မှာ ဝဲပျံနေပြီး မျက်ခုံးနီတပ်ရဲ့ အရှိန်အဝါတွေကို ရက်ရက်စက်စက် ဝါးမြိုပစ်နေသလိုပါပဲ။
အောင်မြင်ပြီ..
မြန်မြန်ဆန်ဆန် ဆက်သွယ်နိုင်ဖို့အတွက် သူတို့ကြားက အကွာအဝေးကြောင့် တောင်ကို မီးရှို့တာကိုပဲ အချက်ပြအဖြစ် သုံးခဲ့ကြတာပါ။
အခုတော့ တောမီးဟာ မိုင်ပေါင်း ရာနဲ့ချီ ပျံ့နှံ့သွားပြီဖြစ်လို့ ဒါဟာ ဒုဗိုလ်ချုပ်ကြီးယွီနဲ့ သူ့လူတွေဟာ မျက်ခုံးနီတပ်ရဲ့ နောက်ဆုံးလက်ကျန် အထူးတပ်ဖွဲ့တွေကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်ခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သူတို့ရဲ့ အမာခံစခန်းဖြစ်တဲ့ မေရှန်းခရိုင်ဟာ အရင်ကနဲ့မတူအောင် အားနည်းနေတဲ့ အခြေအနေကို ရောက်သွားပါပြီ။
နောက်ထပ်..
ဒါဟာ ဒီတိုက်ပွဲရဲ့ နောက်ဆုံး အကပဲ ဖြစ်မှာပါ။
"စစ်ဗျူဟာကို ပြင်လိုက်ကြတော့"
"ငါ့အမိန့်ကို နာခံကြ"
ချန်ဆန်းရှီရဲ့ မျက်ဝန်းတွေဟာ နေရောင်အောက်မှာ ပြတ်သားစွာ တောက်ပနေပါတယ်။ သူ့ရဲ့ အသံဟာလည်း ခေါင်းလောင်းသံကြီးလို ဟိန်းထွက်နေပြီး စစ်သည် နှစ်ထောင်ရဲ့ နားထဲကို တိုးဝင်သွားပါတယ် "တစ်တပ်လုံး ဟုန်ကျဲမြစ်ကို ဖြတ်ပြီးတာနဲ့ တံတားကို သိမ်းပိုက်၊ ဝူရွှီမြစ်ကို ဖြတ်ကျော်ပြီး မေရှန်းခရိုင်ဆီကို တည့်တည့် ချီတက်ကြမယ်။ လျန်ကျိနျန်ကို အရှင်ဖမ်းရမယ်"
"လျန်ကျိနျန်ကို အရှင်ဖမ်းမယ်"
"လျန်ကျိနျန်ကို အရှင်ဖမ်းမယ်"
လူနှစ်ထောင်ဟာ တညီတညွတ်တည်း အော်ဟစ်လိုက်ကြပြီး သူတို့ရဲ့ စိတ်ဓာတ်ဟာ အရင်ကနဲ့မတူအောင် မြင့်တက်နေပါတယ်။
ဒီအချိန်မှာပဲ။
ချန်ဆန်းရှီရဲ့ မျက်လုံးထဲမှာ "အသက်ကိုစတေးပြီး တိုက်ခိုက်မယ့် စစ်သည်တော်များ" ဆိုတဲ့ စာသားဟာ ထပ်ပြီး ပေါ်လာပါတယ်။ ယန်ချန်ချင်းလို လူမျိုးတွေမှာ သူတို့ရဲ့ ရာထူးနဲ့ နေရာကြောင့် အတွေးအမြင် မတူတာတွေ ရှိနိုင်ပေမဲ့၊ အခုအချိန်မှာတော့ လူတိုင်းရဲ့ စိတ်ထဲမှာ ဘုံရည်မှန်းချက် တစ်ခုပဲ ရှိပါတော့တယ်— အဲဒါကတော့ သစ္စာဖောက်တွေကို သတ်ဖို့ပါပဲ။
"ငါ့မှာ ဝတ်စရာ အဝတ်မရှိဘူးလို့ ဘယ်သူပြောလဲ ငါ့ညီအစ်ကိုတွေနဲ့အတူ ငါ့ရဲ့ ဝတ်ရုံကို မျှဝေဝတ်မယ်"
"ညီအစ်ကိုတို့... မြစ်ကို ဖြတ်ကြစို့——"
သူတို့တွေဟာ အဆင်သင့် ဖြစ်နေကြပါပြီ။ ဟုန်ကျဲမြစ်ကို နှစ်ရက်အတွင်းမှာပဲ လေးကြိမ်မြောက် ဖြတ်ကူးခဲ့ကြပါတယ်။
ရှောင်ရှင်းနဲ့ တခြားမြင်းတွေဟာလည်း မြစ်ကမ်းဘေးမှာ စောင့်ဆိုင်းနေကြတာ ကြာပါပြီ။
ဝူရွှီမြစ်မှာတော့ တံတားရှိပါတယ်။
သူတို့ရဲ့ မြင်းတွေဟာ ဘာအတားအဆီးမှ မရှိဘဲ ရှေ့ကို တရှိန်ထိုး ချီတက်နိုင်ခဲ့ကြပါတယ်။ မေရှန်းခရိုင်ဆီကို လျှပ်စီးလက်သလို မြန်တဲ့ အရှိန်နဲ့ ရောက်သွားတာဟာ ကောင်းကင်ဘုံက နတ်စစ်သည်တွေ မြေပြင်ပေါ်ကို ဆင်းသက်လာသလိုပါပဲ။
...
"ဖောက်ထွက်ကြ——"
ယွီဆုန် ဦးဆောင်တဲ့ အရန်တပ်ရဲ့ အကြွင်းအကျန်တွေ။
လော့ထျန်ဂိတ်ကို အတင်းအဓမ္မ ထိုးဖောက်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့တဲ့အတွက် ကျန်ရှိနေတဲ့ မြင်းသည်တော် အယောက် ၃၀ ခန့်ဟာ ပြန်ဆုတ်လာတဲ့ လမ်းတစ်လျှောက်မှာ တောင်တွေကို မီးရှို့ခဲ့ကြပါတယ်။ သူတို့ဟာ ဟုန်ကျဲမြစ်ကို ပြန်ဖြတ်ပြီး မင်ပြည်နယ်ရဲ့ အလယ်ဗဟိုကို ပြန်ဝင်ဖို့ ဆုံးဖြတ်ထားကြတာပါ။
ကံမကောင်းစွာနဲ့ပဲ သူတို့ဟာ ရန်သူတွေရဲ့ ဝိုင်းရံမှုကို အရပ်မျက်နှာ အနှံ့အပြားကနေ ခံလိုက်ရပါတယ်။ သံစည်ပိုင်းတစ်ခုလို ကျပ်ညပ်နေအောင် ဝိုင်းထားခြင်း ခံလိုက်ရတာပါ။
ချိုင့်ဝှမ်းတစ်ခုထဲမှာ။
သူတို့အတွက် ဆုတ်ခွာစရာ နေရာမရှိတော့ပါဘူး။
"ဘာလို့ လူ ဒီလောက်ဘဲကျန်တော့တာလဲ"
လျူရှိုကျန့် က သူ့မြင်းကို ဇက်ဆွဲပြီး ရပ်လိုက်တယ်၊ သူ့ရှေ့က မြင်းသည်တော် ၃၀ ကျော်လေးကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ အော်မေးလိုက်တယ် "ယွီဆုန် ကျန်တဲ့လူတွေ ဘယ်မှာလဲသူတို့ ဘယ်မှာလဲဆိုတာ ပြောရင် မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်"
သူတို့ဟာ အရပ်မျက်နှာ အနှံ့ကနေ ဝိုင်းထားတာဖြစ်လို့ သီအိုရီအရ ဘယ်သူမှ လွတ်နိုင်စရာ အကြောင်းမရှိပါဘူး။
ဒါပေမဲ့ သူတို့ သတ်ခဲ့တဲ့ ရန်သူ အရေအတွက်ဟာ တစ်ထောင်တောင် မပြည့်ပါဘူး။ အရန်တပ်ရဲ့ အကြွင်းအကျန်တွေက အနည်းဆုံး သုံးထောင်ကျော် ရှိရမှာလေ။
သူရရှိလိုက်တဲ့ အဖြေကတော့ ဓားတွေ ဆွဲထုတ်လိုက်တဲ့ အသံပါပဲ။
"အရန်တပ်... တိုက်စမ်း——"
ယွီဆုန်က ဓားကို မြှောက်လိုက်တယ်။
အရန်တပ်ရဲ့ နောက်ဆုံး မြင်းသည်တော် ၃၀ ကျော်ဟာ ရန်သူစစ်သည် သောင်းနဲ့ချီတဲ့ ကြားထဲကို ထိုးဖောက် ဝင်ရောက်သွားပါတော့တယ်။ ခဏချင်းအတွင်းမှာပဲ သူတို့ဟာ ရန်သူတွေကြားထဲမှာ နစ်မြုပ်သွားပြီး ပင်လယ်ထဲကို ကျသွားတဲ့ မြေနွားရုပ်ကလေးတွေလိုပဲ ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားပါတော့တယ်...
...
ယန်ချွမ်းခရိုင်။
ပုန်ကန်သူတပ်ရဲ့ အဓိကစခန်း။
တုန်အန်းက သူ့ရဲ့ အစေခံတွေရဲ့ အကူအညီနဲ့ စစ်ဝတ်စုံ အပြည့်အစုံကို ဝတ်ဆင်လိုက်ပြီး ဟယ်မြောင်ဓားရှည်ကို ကိုင်လိုက်ပါတယ်။ သူ့ရဲ့ ရုပ်ရည်ဟာ အရင်ရက်တွေကထက် ပိုပြီး ကြည့်ကောင်းနေပြီး မျက်ဝန်းတွေထဲမှာလည်း ယုံကြည်ချက်တွေ ပြည့်နှက်နေပါတယ်။
"သတင်းပို့ပါတယ်"
"မြို့ပြင် မိုင် ၂၅ လောက်မှာ ရှာဝမ်လုံတို့ရဲ့ ခြေရာလက်ရာကို တွေ့တယ်လို့ ယူဆရပါတယ်"
"ဗိုလ်ချုပ်ရှန့်က နောက်ကနေ လိုက်နေပါပြီ"
"စစ်သေနာပတိချုပ်... ခင်ဗျား ကိုယ်တိုင် သွားကြည့်ချင်ပါသလား"
"အင်း... ငါသိပြီ။ မေရှန်းခရိုင်ကနေ တိုက်ပွဲသတင်း ရောက်လာတာနဲ့ ငါကိုယ်တိုင် သွားမယ်"
တုန်အန်းဟာ စုတ်တံကို ကိုင်ပြီး မြေပုံပေါ်မှာ စီမံကိန်းတွေကို ရေးဆွဲနေပါတယ်။
ဒါပေမဲ့ သူ့ရဲ့ အာရုံစိုက်မှုက အရန်တပ်ရဲ့ အကြွင်းအကျန်တွေပေါ်မှာ မဟုတ်တော့ပါဘူး။ အဲဒီအစား မင်ပြည်နယ်ရဲ့ အခြေအနေအရပ်ရပ်ကို ဘယ်လို စီမံမလဲဆိုတာကိုပဲ စဉ်းစားနေတာပါ။
အရန်တပ်ကလူတွေ ဆက်ပြီး အသက်ရှင်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လော့ထျန်ဂိတ်က အစီအစဉ်တွေက အပိုင်တွက်ထားတာဖြစ်ပြီး သူတို့သုံးနေတဲ့ အယောင်ပြနည်းလမ်းတွေကလည်း အလုပ်မဖြစ်တော့ဘူးလေ။ အဲဒီ ချန် ဆိုတဲ့ ကောင်လေးမှာလည်း သုံးစရာ လှည့်ကွက်တွေ ကုန်သွားပြီပဲ
သူ့ရဲ့ ခန့်မှန်းချက်အတိုင်း သတင်းရတာနဲ့ တုန်အန်းဟာ စစ်ဝတ်စုံကို ဝတ်ပြီး ရှာဝမ်လုံကို ကိုယ်တိုင် သွားသတ်မယ်၊ ပြီးမှ ဓားတံခါးချိုင်ဝှမ်းမှာ လူကျီကို တိုက်ခိုက်နေတဲ့ ကျန့်ဝူရှင်းကို သွားကူညီမယ်။
နောက်ထပ်လာမယ့် တိုက်ပွဲတွေကတော့ သူ့အတွက် စိတ်ဝင်စားစရာ မကောင်းတော့ပါဘူး။ ဒါဟာ စစ်အင်အားနဲ့ ရိက္ခာ ထောက်ပံ့မှုချင်း ယှဉ်ပြိုင်တာသက်သက်ပဲ ဖြစ်တော့မှာကိုး။
"သတင်းပို့ပါတယ်——"
"လော့ထျန်ဂိတ်က သတင်းရပါပြီ၊ အရန်တပ်ရဲ့ အကြွင်းအကျန်တွေကို အကုန်လုံး ချေမှုန်းလိုက်ပါပြီ"
"ဒုဗိုလ်ချုပ်ကြီး ယွီဆုန်ရဲ့ ဦးခေါင်းကို ဒီကို ပို့နေပါပြီ"
"..."
"နေဦး၊ ခဏလေး..."
တုန်အန်း တစ်ခုခု မှားနေတာကို သတိထားမိလိုက်တယ် "ယွီဆုန် တစ်ယောက်တည်းလားချန်ဆန်းရှီရဲ့ ခေါင်းကော ဘယ်မှာလဲ"
"စစ်သေနာပတိချုပ်..."
စစ်သည်က ခေါင်းငုံ့ထားပြီး သူ့ရဲ့ အကြည့်တွေကို ရင်မဆိုင်ရဲပါဘူး "နောက်ထပ် အရေးကြီးတဲ့ သတင်းတစ်ခု ရှိပါသေးတယ်။ လျူအန်းရှင်းရဲ့ တိုက်ပွဲသတင်းအရ သူတို့ဟာ ရန်သူ တစ်ထောင်လောက်ကိုပဲ သတ်နိုင်ခဲ့တာပါ၊ ကျန်တဲ့ နှစ်ထောင်ရဲ့ ဘယ်မှာရှိနေလဲဆိုတာကိုတော့ မသိရသေးပါဘူး..."
တုန်အန်းက ဒေါသတကြီးအော်ဟစ်လိုက်တယ်"ပေါက်ကရတွေရှင်းရှင်းလင်းလင်း ပြောစမ်း"
"စစ်သေနာပတိချုပ်... ကျွန်တော် သိသမျှ အကုန် ပြောပြီးပါပြီ"