အခန်း (၂၄၉)
Vol. 23 Ch. 249
📝အပိုင်း - ၂၄၉
ဘာသာပြန် - Na Gar🐉
စစ်သည်တော်၏ အသံမှာ အနည်းငယ် တုန်ယင်နေပြီး "ကျွန်တော်တို့... လူကို ရှာမတွေ့ခဲ့လို့ပါ" ဟု လျှောက်တင်လိုက်သည်။
"ရှာမတွေ့ဘူး ဟုတ်လား လူနှစ်ထောင် ပျောက်သွားတာကို မင်းက ရှာမတွေ့ဘူးလို့ပဲ ပြောနေတာလား"
"ဗုန်း—"
တုန်အန်းက ပြင်းထန်စွာ ကန်ကျောက်လိုက်ရာ ထိုစစ်သည်မှာ သွေးအန်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ စစ်တဲအတွင်း၌ သေမင်းတမျှ တိတ်ဆိတ်သွားပြီး မည်သည့်စစ်သည်မှ စကားမဟရဲကြပေ။
တုန်အန်းသည် မြေပုံရှေ့သို့ ပြန်သွားပြီး စုတ်တံကို ပြန်ကောက်ကာ တစ်ကိုယ်တည်း ရေရွတ်ရင်း အခြေအနေကို ခွဲခြမ်းစိတ်ဖြာနေတော့သည်။
"မဖြစ်နိုင်တာ အရန်တပ်ကို အရပ်မျက်နှာ လေးဖက်စလုံးကနေ စစ်တပ်ကြီးနဲ့ ဝိုင်းထားခဲ့တာလေ"
"သူတို့ လော့ထျန်ဂိတ်ကို တိုက်ခိုက်ပြီးတဲ့နောက် ဆုတ်ခွာဖို့ အချိန်ဆိုတာ လုံးဝ မရှိနိုင်ဘူး"
"ဒါဆိုရင်... တစ်ခုပဲ ရှိတော့တယ်"
"ဒီလူနှစ်ထောင်ဟာ လော့ထျန်ဂိတ်ကို တိုက်ဖို့ တကယ် မသွားခဲ့ဘဲ စောစောစီးစီး ပုန်းအောင်းနေခဲ့တာပဲ"
"ဒါဆိုရင်... လော့ထျန်ဂိတ်ကို တိုက်တာက ငါတို့ကို အာရုံပြောင်းဖို့ နောက်ထပ် လှည့်ကွက်တစ်ခုပဲပေါ့"
"မဟုတ်သေးဘူး အဓိက ဗိုလ်ချုပ်တွေ အကုန်လုံး အဲဒီမှာ ရှိနေခဲ့တာလေ"
"ယွီဆုန်ရဲ့ ခေါင်းကို ဖြတ်ပြီးပြီဆိုတာလည်း သတင်းရင်းမြစ် အတော်များများဆီက အတည်ပြုချက် ရပြီးပြီ၊ ဒါက မမှားနိုင်ဘူး"
"အဓိက ဗိုလ်ချုပ်တွေ အကုန်လုံးက တိုက်ပွဲမှာ အသေခံသွားကြတယ်..."
"မိုက်မဲလိုက်တာ လက်အောက်ငယ်သားတွေ လွတ်ဖို့အတွက် အဓိက ဗိုလ်ချုပ်တွေက အသက်စတေးပြီး ကာကွယ်ပေးတယ်ဆိုတဲ့ သာဓကမျိုး ဘယ်မှာ ရှိဖူးလို့လဲ"
"တကယ်လို့သာ အဲဒီလိုမျိုး လုပ်ခဲ့တယ်ဆိုရင် သူတို့ ဘာကို ရည်ရွယ်တာလဲ"
"ကျန်တဲ့ လူနှစ်ထောင်က ဘယ်ကို ထွက်ပြေးသွားတာလဲ"
တုန်အန်းသည် မြေပုံအသစ်တစ်ခုကို ယူကာ မင်ပြည်နယ်အတွင်းမှ တိုက်ပွဲအစအဆုံးကို ပြန်လည်သုံးသပ်နေခဲ့သည်။ သန်းခေါင်ယံအချိန် ကောင်းကင်ယံမှ မိုးခြိမ်းသံကြီး ထွက်ပေါ်လာချိန်တွင် သူ၏လက်ထဲမှ စုတ်တံမှာ ကြမ်းပြင်ပေါ်သို့ "ဖတ်" ကနဲ ပြုတ်ကျသွားလေသည်။
"ရှဲ—"
မင်ပြည်နယ်တွင် မိုးသည်းထန်စွာ ထပ်မံရွာသွန်းပြန်ရာ သူ၏ နှလုံးသားထဲမှ နောက်ဆုံး မျှော်လင့်ချက်မီးစလေးကို ငြှိမ်းသတ်လိုက်သလို ဖြစ်သွားသည်။
"အားလုံး ပြီးသွားပြီ... အားလုံး ပြီးသွားပြီ..."
"ဗုန်း—"
"စစ်သေနာပတိချုပ်"
စစ်သည်များမှာ အပြေးအလွှား ရောက်လာကြသည်။
နှစ်နာရီခန့် ကြာပြီးနောက် တုန်အန်းသည် မျက်လုံးပြန်ပွင့်လာသည်။ သူသည် ခုတင်ပေါ်တွင် လဲလျောင်းနေပြီး နှုတ်ခမ်းများမှာ သေမင်းနုတ်ခမ်းဝမှ ပြန်လာသူကဲ့သို့ ဖြူဖတ်ဖြူလျော် ဖြစ်နေသည် "သွား... လျန်ကျိနျန် ကို ပြေးခိုင်းလိုက်... ထားလိုက်ပါတော့၊ နောက်ကျသွားပါပြီ..."
"နောက်ကျသွားပြီဘာကို ဆိုလိုတာလဲ စစ်သေနာပတိချုပ်"
စစ်သည်များမှာ သူ၏စကားကြောင့် ဇဝေဇဝါ ဖြစ်ကုန်ပြီး အလိုလို ထိတ်လန့်လာကြသည်။
"စစ်သေနာပတိချုပ်"
ဒုဗိုလ်ချုပ်တစ်ဦးက ခုတင်ဘေးသို့ တိုးလာပြီး အလေးအနက် မေးလိုက်
သည် "ရှင်းရှင်းလင်းလင်း ပြောပြပါဦး။ ခင်ဗျားက ထက်မြက်တဲ့ ဗျူဟာမှူးတစ်ယောက်ပဲ၊ ဘယ်လိုလုပ် နောက်ကျသွားမှာလဲ။ အနည်းဆုံးတော့ အကျအဆုံး နည်းအောင် လုပ်လို့ ရနိုင်ပါသေးတယ်"
"..."
တုန်အန်းသည် မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ဘဲ အသက်ငင်နေသူတစ်ဦးကဲ့သို့ ငြိမ်ကျသွားသည်။
လူများမှာလည်း အခြားနည်းလမ်းမရှိတော့သဖြင့် လျန်ကျိနျန်ကို သွားရောက် အကြောင်းကြားရန်သာ ပြင်ဆင်ကြတော့သည်။
...
ထိုအချိန်တွင် မေရှန်းခရိုင်၌။
"အဓိပ္ပာယ်မရှိတာ"
လျန်ကျိနျန်သည် စားပွဲကို ဒေါသတကြီး ရိုက်လိုက်သည်"လူနှစ်ထောင် လျူအန်းရှင်းက လူအများကြီးကို လွှတ်ပေးလိုက်ပြီးမှ သူတို့ ဘယ်
ရောက်သွားမှန်း မသိဘူးလို့ ငါ့ကို လာပြောရဲတယ်ပေါ့လေ"
"ဗိုလ်ချုပ်၊ သူတို့ ဘယ်မှာ ရှိနေနိုင်မလဲ"
မေရှန်းခရိုင်၏ နောက်ဆုံး မြို့စောင့်ဗိုလ်ချုပ် ဟယ်ရှန်းလျန်က မေးလိုက်သည် "သူတို့ လော့ထျန်ဂိတ်ကို တိုက်ခိုက်တဲ့ အချိန်ကစပြီး ထွက်ပြေးဖို့ အခွင့်အရေး လုံးဝ မရှိသင့်ဘူးလေ"
"မကောင်းတော့ဘူး"
လျန်ကျိနျန်သည် မျက်နှာပျက်သွားပြီး "သူတို့ လော့ထျန်ဂိတ်ကို တိုက်ဖို့ လုံးဝ မသွားခဲ့တာပဲ ဖြစ်ရမယ်"
"ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
ဟယ်ရှန်းလျန်က "ဗိုလ်ချုပ်၊ အရန်တပ်က ကျန်ရစ်ခဲ့တဲ့ ယွီဆုန်ရဲ့ ဦးခေါင်းကတော့ တကယ် အစစ်အမှန်ပါပဲ။ အဓိက ဗိုလ်ချုပ်ကိုယ်တိုင်က သူတို့တွေ လွတ်ဖို့အတွက် အသက်နဲ့ လဲပြီး ကာကွယ်ပေးခဲ့တာ ဖြစ်နိုင်မလား"
"အဲဒါကြောင့်ပဲ ငါတို့အားလုံး အလိမ်ခံလိုက်ရတာပေါ့ ကောက်ကျစ်စဉ်းလဲတဲ့ လူယုတ်မာတွေ"
လျန်ကျိနျန်သည် စားပွဲကို မှောက်လှန်ပစ်ချင်သော်လည်း အားမရှိသဖြင့် မြေကြီးပေါ်သို့သာ ပြုတ်ကျသွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်
သည်။
"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
"အဲဒီကောင်က ဘယ်လောက်ပဲ ထူးချွန်ပါစေ၊ သူက တပ်မှူးတစ်ယောက်ပဲ ရှိသေးတာလေ"
"တပ်မှူး တစ်ယောက်က အဓိက ဗိုလ်ချုပ်ကြီးတစ်ယောက်ကို အသေခံခိုင်းနိုင်တယ်ဆိုတာ ဘယ်လိုမှ ကျိုးကြောင်းမဆီလျော်ဘူး"
"ယွီဆုန်ကကော ဘယ်လိုလုပ် သဘောတူခဲ့တာလဲ"
"မြန်မြန် လာကြစမ်း"
"ဟယ်ရှန်းလျန်၊ ငါတို့မှာ လူဘယ်လောက် ကျန်သေးလဲ"
ဟယ်ရှန်းလျန်က "ဗိုလ်ချုပ်ရဲ့ ကိုယ်ရံတော်တွေရယ်၊ နောက်ဆုံး ကျန်တဲ့ မြို့စောင့်တပ်ရယ်ဆိုရင် လူနှစ်ရာကျော် ကျန်ပါသေးတယ်။ ဘာဖြစ်လို့လဲဗျ"
"လူနှစ်ရာကျော်... မြို့ကို ကာကွယ်ဖို့ မလုံလောက်ဘူး..."
လျန်ကျိနျန်က မြေပုံကို ဆွဲယူလိုက်ပြီး "နေဦး၊ ငါမှတ်မိသလောက်ဆိုရင် လင်းဟယ်ခရိုင်မှာ လူသတ်ပွဲ ဆင်နွှဲနေတဲ့ လူတစ်ထောင်ရှစ်ရာ ရှိနေသေးတယ် မဟုတ်လား"
"ဟုတ်ပါတယ် ဗိုလ်ချုပ်"
ဟယ်ရှန်းလျန်က ရှင်းပြသည် "အဲဒီလူတွေက မေရှန်းတောင်က မူလ စစ်မှုထမ်းဟောင်းတွေပါ။ အလယ်ပိုင်းဒေသ တိုက်ပွဲတွေမှာ နိုင်ပြီးတဲ့နောက် ဗိုလ်ချုပ်က သူတို့ကို ဆုလာဘ်အနေနဲ့ မြို့ကို သတ်ဖြတ်ခွင့် ပေးထားတာကြောင့် သူတို့ အဲဒီမှာ ရှိနေကြတာပါ"
"အချိန်မီသေးတယ်"
လျန်ကျိနျန်က အမိန့်ပေးလိုက်သည် "သူတို့ကို မေရှန်းခရိုင်ကို ချက်ချင်း ပြန်ခေါ်လိုက်။ လမ်းမှာ အရန်တပ်က အကြွင်းအကျန်တွေကို ကြားဖြတ် တိုက်ခိုက်ဖို့ သေချာ စီစဉ်လိုက်"
"ဗျာ"
ဒါကို ကြားလိုက်ရတဲ့အခါ ဟယ်ရှန်းလျန်လည်း သူ့ဗိုလ်ချုပ် ဘာလို့ ဒီလောက် ထိတ်လန့်နေလဲဆိုတာ သဘောပေါက်သွားပြီး မယုံနိုင်သလို ပြောလိုက်သည် "ဗိုလ်ချုပ်... ဆိုလိုတာက... ဒါ မဖြစ်နိုင်ဘူး မဟုတ်လား"
"ဗိုလ်ချုပ်... မကောင်းတော့ဘူး"
မျက်ခုံးနီတပ်သားတစ်ဦးသည် ကြောက်လန့်တုန်ရီပြီး ခန်းမထဲသို့ အပြေးအလွှား ဝင်လာသည် "မြို့ပြင် မိုင် ၅၀ လောက်မှာ အင်အား နှစ်ထောင်လောက်ရှိတဲ့ မြင်းသည်တော်တပ်ဖွဲ့ကို တွေ့ရပါတယ်၊ သူတို့ ဘယ်က လာမှန်း မသိဘူးသူတို့ကိုယ်သူတို့ ကောင်းကင်ဘုံက နတ်စစ်သည်တွေ လို့ ပြောနေကြပြီး၊ မသေမျိုး က ဗိုလ်ချုပ်ကို ပေးထားတဲ့ မသေမျိုး ကောင်းကင်ဘုံကျမ်း ကို ပြန်သိမ်းဖို့ လာတာလို့ ပြောနေကြပါတယ်"
"ဒါက..."
ဟယ်ရှန်းလျန်လည်း မှင်တက်သွားသည်။
အရန်တပ်က ကျန်တဲ့လူတွေဟာ တကယ်ပဲ ဗိုလ်ချုပ်ပြောသလို ပေါ်လာခဲ့ပြီ။ ဒါက တကယ့် နတ်စစ်သည်တွေနဲ့ ဘာကွာလို့လဲ..
"ပေါက်ကရတွေ သူတို့က အရန်တပ်က အစုတ်အပြတ်တွေပဲ၊ ဘယ်မှာ နတ်
စစ်သည် ရှိမှာလဲ"
လျန်ကျိနျန်က ဒေါသတကြီး ပြောလိုက်သည် "သူတို့က မင်းတို့ကို ခြောက်လှန့်ဖို့ အဲဒီလို ပြောနေတာ"
သူ ကောင်းကောင်း သိသည်။ အကယ်၍ သူတို့သာ အောင်မြင်သွားပါက ပုန်ကန်သူတပ်၏ အရှိန်အဝါမှာ ခဏချင်း ပြိုလဲသွားပေလိမ့်မည်။ တစ်ကမ္ဘာလုံးက သူ့ကို အရည်အချင်းမရှိသူဟု ထင်မြင်ကြမည်ဖြစ်ပြီး၊ ကောင်းကင်ဘုံကျမ်းက ဒါရှန်ဆီ ပြန်ရောက်သွားခြင်းက ဒါရှန်၏ အရှိန်အဝါ မကုန်သေးကြောင်းနှင့် ဤပုန်ကန်မှုမှာ အရေးမပါသော အရာတစ်ခုသာ ဖြစ်ကြောင်း သက်သေပြရာ ရောက်သွားလိမ့်မည်။
"ကောင်းပြီလေ၊ ငါလည်း မသေမျိုး ကောင်းကင်ဘုံကျမ်း ကို သုံးပြီး မင်းတို့နဲ့ အသေအလဲ တိုက်ပွဲဝင်ပြမယ်"
လျန်ကျိနျန်သည် သူ၏ ကိုယ်ပေါ်မှ လျှို့ဝှက်ဆန်းပြားသော စာလုံးများ ရေးထိုးထားသည့် ရွှေရောင် စက္ကူစာမျက်နှာ အနည်းငယ်ကို ထုတ်လိုက်သည်။
ဟယ်ရှန်းလျန်သည် ချက်ချင်း ဒူးထောက်လိုက်သည် "ဗိုလ်ချုပ်... ကျွန်တော့်ကို ဗျူဟာစွမ်းအားအပ်နှင်းပေးပါ"
"ဝုန်း——"
သာမန်လူများ မမြင်နိုင်သော လျှို့ဝှက်စွမ်းအင်အဟုန်တစ်ခုသည် ဟယ်ရှန်းလျန်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။
"သွားတော့"
လျန်ကျိနျန်က ဝတ်ရုံစကို ဝှေ့ယမ်းလိုက်သည် "ဗျူဟာရဲ့ စွမ်းအားကို ရထားတဲ့ မင်းတို့အားလုံးဟာ တိုက်ပွဲဝင်ဖို့ အင်အားအပြည့် ရှိနေပြီ"
"စိတ်ချပါ ဗိုလ်ချုပ်"
ဟယ်ရှန်းလျန်က အမိန့်ကို ခံယူလိုက်သည် "ယွီဆုန် သေသွားပြီဆိုတော့၊ ဒီ ချန်ဆန်းရှီက လူတွေကို ဦးဆောင်လာရင်တောင် သူ့ရဲ့ အဆင့်က အများဆုံး ဟွာကျင်းအဆင့် အသေးစား အောင်မြင်မှု ပဲ ရှိဦးမှာ။ ကျွန်တော်ကတော့ အနည်းဆုံး မဟာသွေးကြောအဆင့်အသေးစား အောင်မြင်မှု ရှိတယ်။ ပြီးတော့ ဗိုလ်ချုပ်ပေးထားတဲ့ ဗျူဟာရဲ့ စွမ်းအားနဲ့ဆိုရင်၊ ကျွန်တော့် အသက်နဲ့ရင်းပြီး ဒီတိုက်ပွဲကို အနိုင်တိုက်ပြမယ်။ ချန်ဆန်းရှီရဲ့ ခေါင်းကို ဗိုလ်ချုပ်ရှေ့ကို ယူခဲ့ပါ့မယ်"
"မြန်မြန် သွားတော့"
လျန်ကျိနျန်က ဘာမှ ထပ်မပြောဘဲ သူ ထွက်သွားတာကို ကြည့်ရင်း မျက်လုံးမှိတ်ကာ သက်ပြင်းချလိုက်သည်။
မျက်ခုံးနီတပ်မှာ အဆင့်မြင့် ဗိုလ်ချုပ်တွေ အလွန်နည်းပါးနေတာက သူတို့ရဲ့ အားနည်းချက်ကြီးတစ်ခုပါပဲ။ ဒါပေမဲ့ ဟယ်ရှန်းလျန်က ဂိုဏ်းကြီးတစ်ခုက လာတာဖြစ်ပြီး မဟာသွေးကြောအဆင့် အသေးစား အောင်မြင်မှု ရှိတာကြောင့် ချန်ဆန်းရှီထက် မညံ့နိုင်ပါဘူး။
ဘာပဲဖြစ်ဖြစ်...
ဒီတိုက်ပွဲသာ အောင်မြင်ရင် မနောက်ကျသေးပါဘူး။
ဒါပေမဲ့ ဒီတိုက်ပွဲသာ ရှုံးနိမ့်ခဲ့ရင်တော့ သူ့ဘဝ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။