အခန်း (၂၅၀)
Vol. 23 Ch. 250
📝အပိုင်း - ၂၅၀
ဘာသာပြန် - Na Gar🐉
မေရှန်းခရိုင်၏ အပြင်ဘက်။
ကောင်းကင်ယံတစ်ခုလုံး မှောင်မိုက်နေသော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး မိုးခြိမ်းသံများမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။ ပြင်းထန်သော မုန်တိုင်းတစ်ခု ကျရောက်လာပြီး မကောင်းဆိုးဝါး အငွေ့အသက်များ မြင့်တက်လာနေသည်။
မြင်းသည်တော် နှစ်ထောင်ကျော်သည် ဝူရွှီမြစ်မြောက်ဘက်ကမ်းမှ တောင်ဘက်သို့ ကောင်းကင်ယံအထိ ထိုးတက်နေသော သတ်ဖြတ်လိုစိတ်များနှင့်အတူ တရှိန်ထိုး ချီတက်လာကြသည်။ အမည်းရောင် ပိတ်ကားစကဲ့သို့ မှောင်မိုက်နေသော ကောင်းကင်ထက်မှ လျှပ်စီးလက်မှုတိုင်းသည် စနစ်တကျ တန်းစီထားသော မြင်းသည်တော်တပ်ဖွဲ့ကြီးကို ထိန်လင်းသွားစေရာ၊ ၎င်းမှာ အမှန်တကယ်ပင် ကောင်းကင်ဘုံ နတ်မင်းကြီး ဒေါသထွက်နေပြီး နတ်စစ်သည်တပ်မတော်ကြီး မြေပြင်ပေါ် ဆင်းသက်လာသလိုပင် ဖြစ်သည်။
လမ်းတစ်လျှောက်တွင် ဖြတ်သန်းသွားသော မြို့နယ်များမှာလည်း ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိသူ မရှိပေ။
"မျက်ခုံးနီတပ်က သီလကင်းမဲ့တယ်၊ နတ်စစ်သည်တွေက လာသိမ်းပြီ"
"..."
နားစည်ကွဲမတတ် ဟိန်းထွက်နေသော ထိုကြွေးကြော်သံသည် ဝူရွှီမြစ် မြောက်ဘက်ကမ်းတစ်လျှောက် လျင်မြန်စွာ ပဲ့တင်ထပ်သွားပြီး ပြည်သူများကြားတွင် ပျံ့နှံ့သွားသည်။ ဒါဟာ သတ်ဖြတ်တော့မယ့် အရှိန်အဝါပါပဲ။
"သတင်းပို့ပါတယ်"
ကျောက်ကန်သည် မြင်းကို အရှိန်နဲ့ စီးလာပြီး "အရှင် ရှေ့ မိုင်၂၀လောက်မှာ မေရှန်းခရိုင်ကို သွားတဲ့ အဓိက လမ်းမကြီးပေါ်မှာ ရန်သူ့စစ်တပ်တစ်ခု ပေါ်လာပါပြီ။ ကြည့်ရတာ သူတို့က အနီးအနားက လင်းဟယ်ခရိုင်ကနေ အပြေးအလွှား ရောက်လာကြပုံပါပဲ"
"ဗိုလ်ချုပ်ချန်"
လုရှူဟွာက မေးလိုက်သည် "ကျွန်တော်တို့ ဘာလုပ်သင့်တယ်လို့ ထင်ပါသလဲ"
"သတ်"
ချန်ဆန်းရှီက စကားတစ်လုံးတည်းကို ပြောလိုက်သည်။
နည်းဗျူဟာဆိုတာ အမြဲတမ်း ရှိနေမှာ မဟုတ်ဘူး၊ လိုအပ်တဲ့အချိန်မှာ "သတ်" ဆိုတဲ့ စကားတစ်လုံးပဲ ရှိရမယ်။
မိုးခြိမ်းသံ၊ လျှပ်စီးသံတွေကြားမှာ စစ်တပ်နှစ်ခုဟာ ထိပ်တိုက် တွေ့ဆုံကြပါတော့တယ်။ မျက်စိတစ်ဆုံး ကြည့်လိုက်ရင်တော့ မျက်ခုံးနီတပ်ဟာ စစ်သေနာပတိကျမ်းတွေထဲမှာ မပါတဲ့ စစ်ဗျူဟာတစ်ခုကို ခင်းကျင်းထားပါတယ်။
အဲဒါကတော့ "ကောင်းကင်ဘုံကျမ်း စစ်ဗျူဟာ" ပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ ဗျူဟာက အလွန်စနစ်ကျပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို အသုံးချနေသလိုပါပဲ။ သူတို့ရဲ့ အထက်မှာ အဖြူရောင်ချီလည်ပတ်စီးဆင်းနေပြီး အဝေးကကြည့်ရင် မိုးရွာနေတဲ့ ညမှာ မြူခိုးတွေ ထွက်နေသလိုပါပဲ။
"ညီအစ်ကိုတို့"
ဗျူဟာရဲ့ အလယ်ဗဟိုမှာ ရှိနေတဲ့ ဟယ်ရှန်းလျန်က သူ့လှံကို မြှောက်လိုက်ပြီး သူ့မျက်နှာပေါ်က မိုးရေတွေကို တုန်ခါသွားစေလောက်တဲ့ အသံနဲ့ အော်ဟစ်လိုက်တယ် "ဗိုလ်ချုပ်ကြီးက ငါတို့ကို အခုလေးတင် ဗျူဟာရဲ့ စွမ်းအားကို အပ်နှင်းလိုက်ပြီ။ ငါတို့ကမှ တကယ့် နတ်စစ်သည်တွေပဲ။ ကောင်းကင်ဘုံကျမ်းမှာ ပြောထားတဲ့အတိုင်း ဒီတိုက်ပွဲက ဗိုလ်ချုပ်ကြီး ကောင်းကင်နဲ့ မြေကြီးကို တည်ငြိမ်အောင် လုပ်ဖို့အတွက် ငါတို့ သေချာပေါက် နိုင်မယ့် တိုက်ပွဲပဲ"
"ရှေ့က စစ်တပ်ကတော့ အရန်တပ်က ကျန်တဲ့ အစုတ်အပြတ်တွေပဲ။ မင်ပြည်နယ်ထဲမှာ ပြေးလွှားနေတဲ့ ကြွက်တွေလိုပါပဲ။ သူတို့ကို ဦးဆောင်တဲ့ ချန်ဆန်းရှီဆိုတာလည်း တပ်မှူးသက်သက်ပဲ။ ငါ့မြင်းအောက်မှာ လက်
တစ်ဖျစ်စာအတွင်း သူတို့ကို ချေမှုန်းပြမယ်"
"ဒါကြောင့် ညီအစ်ကိုတို့... အားရပါးရ တိုက်ကြစမ်း ရန်သူ့ခေါင်း တစ်လုံးကို ရွှေတစ်ကျပ်သား ပေးမယ်"
"သတ်၊ သတ်၊ သတ်"
"ဝုန်း၊ ဝုန်း၊ ဝုန်း"
ရန်သူတွေရဲ့ အရှိန်အဝါကလည်း အကြီးအကျယ်ပါပဲ။
"ကောင်းကင်ဘုံကျမ်း..."
ချန်ဆန်းရှီဟာ သူတို့ခေါင်းပေါ်က အဖြူရောင် ရွှမ်ချီတွေကို ကြည့်ပြီး "ဝိညာဉ်ဖျက်လှံ"ကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားပါတယ်။
သူ တကယ် သိချင်မိတယ်၊ မသေမျိုး က ပေးထားတဲ့ ရတနာဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ဘာလို့လဲဆိုတော့ ဒါကို မြို့တွေ၊ လူတွေကို သတ်ဖြတ်နေတဲ့ မျက်ခုံးနီတပ်ကို ပေးထားလို့ပါပဲ။
တကယ်လို့သာ ဒါက အမှန်ဆိုရင်...
ဒီမသေမျိုးကိုလည်း...
သူ သတ်ရမှာပါပဲ။
"တိုက်စမ်း——"
နည်းဗျူဟာတွေ ထပ်မလိုတော့ပါဘူး။
အရန်တပ်က စစ်သည်တွေလည်ဗျူဟာခင်းကျင်းလိုက်ပါတယ်။ မြွေရှည် စစ်ဗျူဟာကနေ ကောင်းကင် မြေကြီး သုံးပါးပေါင်းစပ် စစ်ဗျူဟာကို ပြောင်းလိုက်တယ်။ အဲဒီနောက်မှာ တံခါးလေးပေါက် ဖမ်းဆီးခြင်း စစ်ဗျူဟာနဲ့ ဝိုင်းတိုက်ပြီး ကျားငါးကောင် သိုးကျောင်း စစ်ဗျူဟာနဲ့ ကူညီပေးပါတယ်။ နောက်ဆုံးမှာတော့ လူနှစ်ထောင်ကျော်ဟာ တစ်သားတည်း ဖြစ်သွားပြီး ကိုးလုံးဆက်စစ်ဗျူဟာအဖြစ် ပေါင်းစည်းသွားကာ အရပ်
မျက်နှာ အနှံ့မှ ဝိုင်းရံတိုက်ခိုက်ခြင်းအဖြစ် ပြောင်းလဲသွားပါတော့တယ်။
ဒါဟာ စစ်ရေးပညာရှင်တွေရဲ့ "စစ်ဗျူဟာ ဆယ်မျိုး" ပဲ ဖြစ်ပါတယ်။
အဲဒီနဲ့ ယှဉ်ရင်တော့ မျက်ခုံးနီတပ်ရဲ့ အစီရင်ခံစာက ပိုပြီး ရှုပ်ထွေးပါတယ်။ မြူခိုးလို ရွှမ်ချီတွေရဲ့ အောက်မှာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို အသုံးချပြီး သူတို့ဟာ ပုံမှန်ထက် အများကြီး သာလွန်တဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကို ထုတ်ဖော်နေကြပါတယ်။ အစပိုင်း တိုက်ခိုက်မှုတွေမှာတော့ နှစ်ဖက်စလုံး အကျအဆုံး တူညီနေပြီး တပ်စခန်းရှစ်ခုရဲ့ လူငယ်
စစ်သည်တွေတောင် အသာမစီး မရခဲ့ပါဘူး။
ချန်ဆန်းရှီဟာ ရေတံခွန်လို ရွာချနေတဲ့ မိုးထဲမှာ အော်ရာကြည့်ရှု့ခြင်းကို သုံးပြီး သူ့ရဲ့ ပစ်မှတ်ကို ရှာလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ရန်သူ့ဗျူဟာရဲ့ အလယ်ဗဟိုမှာ ရှိနေတဲ့ အဓိက ဗိုလ်ချုပ်ကို ရှာတွေ့သွားပါတယ်။ သူ့ရဲ့ အရှိန်အဝါက ကျားလောင်စီထက် အများကြီး ပိုအားကောင်းပြီး မဟာသွေးကြောအဆင့်အသေးစား အောင်မြင်မှုလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။
နောက်ထပ် ခက်ခဲတဲ့ ပြဿနာတစ်ခုပဲ။
ဒါကြောင့်လည်း ယွီဆုန်ကို လော့ထျန်ဂိတ်မှာ မြင်လိုက်ရတဲ့အခါ ရန်သူတွေက အရန်တပ်ဟာ အဲဒီမှာပဲ အင်အားအပြည့်နဲ့ တိုက်နေတာလို့ ယုံကြည်သွားခဲ့ကြတာပေါ့။
သူတို့မှာ အဆင့်မြင့် ဗိုလ်ချုပ်တွေ မကျန်တော့ဘူးလို့ ရန်သူတွေက ထင်ခဲ့တာလေ။
ယွီဆုန်လို မဟာသွေးကြောအဆင့် တစ်ယောက် မပါဘဲနဲ့ သူတို့ရဲ့ ခြိမ်းခြောက်မှုက အများကြီး လျော့နည်းသွားပြီလို့ ယူဆခဲ့ကြတာပါ။ အကယ်၍ သူတို့ မေရှန်းမြို့အပြင်မှာ ပေါ်လာရင်တောင် မဟာသွေးကြောအဆင့် အသေးစား အောင်မြင်မှုရှိတဲ့ ဗိုလ်ချုပ်ကို ရင်ဆိုင်ရဦးမှာကိုး။
ချန်ဆန်းရှီဟာ လက်ရှိ အခြေအနေကို သူ့ဦးနှောက်ထဲမှာ လျင်မြန်စွာ တွက်ချက်လိုက်ပါတယ်။
ကျင့်စဉ်အဆင့် ကွာခြားမှုကို ဖယ်လိုက်ရင် နောက်ထပ် အဓိက အချက်တစ်ခု ရှိပါသေးတယ်။
အဲဒီ "အဖြူရောင် ရွှမ်ချီ" တွေ အားလုံးဟာ အဲဒီ ရန်သူ့ဗိုလ်ချုပ်ဆီကနေ စတင်နေတာကို သူ သတိထားမိလိုက်ပါတယ်။
သူ့ကို သတ်လိုက်ရင် ပြီးတာပဲ။
"ကောင်းကင်ဘုံကျမ်း" ရဲ့ စွမ်းအားမြှင့်တင်မှုတွေဟာ အလိုအလျောက် ပြိုလဲသွားမှာပဲ။
"လုရှူဟွာ၊ ရှဲ့စီရှူ... တစ်ဖက်တစ်ချက်စီကနေ ငါ့ကို ကာကွယ်ပေးကြ"
ချန်ဆန်းရှီက အမိန့်ပေးလိုက်ပြီး လှံကို ကိုင်ကာ သူ့ရဲ့ အချစ်တော်မြင်း ရှောင်ရှင်း ကို ရှေ့ကို အပြင်းနှင်ခိုင်းလိုက်ပါတယ်။
"ဟုတ်ကဲ့ပါ"
လုရှူဟွာနဲ့ တခြားလူတွေလည်း အမိန့်အတိုင်း သူ့ဘေးကနေ ကပ်လိုက်လာပြီး အရပ်မျက်နှာ အနှံ့က တိုက်ခိုက်မှုတွေကို ကာကွယ်ပေးကြပါတယ်။
"ချလွမ်—"
လက်နက်ချင်း ထိတွေ့သံနဲ့ ကောင်းကင်က မိုးခြိမ်းသံဟာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်သွားပြီး ရေမှုန်ရေမွှားတွေ လေထဲမှာ ပျံ့လွင့်သွားပါတယ်။ အဲဒီ ပြင်းထန်တဲ့ ရိုက်ခတ်မှုအောက်မှာ ချန်ဆန်းရှီရဲ့ ဝရဇိန်ခန္ဓာဟာ နဂါးသွေးကြောင့် တုန်ခါသွားပြီး လူနဲ့မြင်းဟာ လျှပ်စီးအောက်က ပန်းချီကားတစ်ချပ်လို မြင့်မြင့်မားမား ကြွတက်သွားပါတော့တယ်။
ဒါဟာ မဟာသွေးကြောအဆင့်ရဲ့ စွမ်းအားပဲ မဟုတ်လား..
အကယ်၍ ထူးခြားတဲ့ ရှောင်ရှင်း သာ မဟုတ်ရင် သူ့မြင်းဟာ ဒီတိုက်ခိုက်မှုကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။
"ဟွာကျင်းအဆင့်အသေးစား အောင်မြင်မှု"
ဟယ်ရှန်းလျန်ဟာ အံ့အားသင့်သွားပါတယ်။
သတင်းတွေအရ သူဟာ ကျင့်စဉ်အဆင့် နိမ့်ပါသေးတယ်။ မင်ပြည်နယ်ကို မလာခင်တုန်းက ဟွာကျင်းအဆင့်ကို အခြေခံလောက်ပဲ ရှိသေးတာလေ။ အခု တစ်နှစ်ဝက်အတွင်းမှာပဲ ဟွာကျင်းအဆင့် အသေးစား အောင်မြင်မှု ရသွားတယ်လား။
ဘယ်လောက်တောင် မြန်လိုက်တဲ့ အရှိန်လဲ။
ကံကောင်းတာက သူဟာ ဟွာကျင်းအဆင့်အသေးစားအောမြင်မှု့ပဲ ရှိပါသေးတယ်။
သူကတော့ မဟာသွေးကြောအဆင့်လေ။
သူတို့ကြားမှာ အဆင့် ၃ ဆင့်လောက် ကွာခြားနေတာ။
တစ်ကြိမ် ထိပ်တိုက်တွေ့ပြီးနောက် မြင်းနှစ်ကောင်ဟာ တစ်ဖက်စီ ပြေးထွက်သွားပြီး ချက်ချင်း ပြန်လှည့်ကာ ဒုတိယအကြိမ် ထပ်တိုက်ကြပါတယ်။ လှံရှည်ချင်း အဆက်မပြတ် ရိုက်ခတ်နေတာဟာ နဂါးနှစ်ကောင် လုံးထွေးနေသလိုပါပဲ။ နှစ်ယောက်လုံးက ဒီမိုးသက်မုန်တိုင်းကို သုံးပြီး တကယ့် နဂါးတွေအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားနေကြတာပါ။ ဒါပေမဲ့ အဲဒီအတွက် လိုအပ်ချက်ကတော့ တစ်ဖက်လူကို ဝါးမြိုပြီး ကိုယ့်ကိုယ်ကိုယ် စွမ်းအားမြှင့်ဖို့ပါပဲ။
မဟာသွေးကြောအဆင့်ရဲ့ အထူးခြားဆုံး အချက်ကတော့သွေးကြောတွေကို စတင်အသုံးချနိုင်တာပဲ ဖြစ်ပါတယ်။
အသားစိုင်၊ အသက်ရှူနှုန်းနဲ့ စွမ်းအားတွေကို အမြင့်ဆုံးအထိ မြှင့်တင်ထားပြီး နောက်ထပ်အဆင့်ဖြစ်တဲ့ နက်နဲပုံရိပ်အဆင့်အတွက် အခြေခံ တည်ဆောက်ထားတာ ဖြစ်ပါတယ်။