← Chapters

အခန်း (၂၅၁)

Vol. 23 Ch. 251

အခန်း (၂၅၁)

Vol. 23 Ch. 251

📝အပိုင်း - ၂၅၁

ဘာသာပြန် - Na Gar🐉

သွေးသန့်စင်ခြင်းအဆင့်နဲ့ အတွင်းအားသန့်စင်ခြင်းအဆင့်တို့ကြားက ကွာခြားချက်လိုပဲ၊ အခု သူတို့ကြားက ကွာဟချက်ကလည်း သေးငယ်

တယ်လို့ ပြောလို့မရပါဘူး။ ဒါဟာ တကယ့်ကို ကွဲပြားခြားနားတဲ့ ကျင့်စဉ်

အဆင့် သုံးဆင့်ကြီးများတောင် ကွာနေတာပါ..

ဒါ့အပြင်...

ဟယ်ရှန်းလျန် ဟာ အခြေခံခိုင်မာတဲ့ တကယ့်ဂိုဏ်းသား ပါရမီရှင်တစ်ယောက်ဖြစ်ပြီး၊ ကျင့်စဉ်အဆင့်ကို အပေါ်ယံပဲ တတ်ထားတဲ့ သာမန်ဓားပြတစ်ယောက် မဟုတ်ပါဘူး။

ချန်ဆန်းရှီက လက်နက်ချင်း ထိတွေ့မိတိုင်း ပြင်းထန်တဲ့ နာကျင်မှုကို အောင့်အီးသည်းခံနေရပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူ့ရဲ့ အတွင်းအင်္ဂါတွေထဲမှာ သိုလှောင်ထားတဲ့ စွမ်းအားတွေနဲ့ ရွှမ်ယွမ်တွေကြောင့်သာ သူ ဆက်ပြီး တောင့်ခံနိုင်နေတာပါ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ မျက်ခုံးနီတပ်သားတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ မသေမျိုး စွမ်းအင်အရှိန်အဝါဟာ ပိုပြီးတော့ သိသိသာသာ အားကောင်းလာပါတယ်။

ရန်သူတွေ သုံးနေတဲ့ စစ်ဗျူဟာ ဟာ မိုးသက်မုန်တိုင်းနဲ့ တစ်သားတည်းကျနေပြီး ဖော်ပြရခက်တဲ့ မှော်ဆန်တဲ့ စွမ်းအားတွေ ရှိနေပါတယ်။ တပ်စခန်းရှစ်ခု ရဲ့ စစ်သည်တွေဟာ နေ့ညမပြတ် လေ့ကျင့်ထားကြပေမဲ့လည်း တဖြည်းဖြည်းနဲ့ အရေးနိမ့်လာပြီး အကျအဆုံးတွေလည်း တစ်ယောက်ပြီးတစ်ယောက် တိုးလာနေပါတယ်။

ချန်ဆန်းရှီရဲ့ တိုက်ရိုက်လက်အောက်ခံဖြစ်တဲ့ ပိုယန်ခရိုင်ကလူတွေကတော့ သူတို့ရဲ့ နားလည်မှုကြောင့် အဆင်ပြေသေးပေမဲ့ တခြားစစ်သည်တွေကတော့ ကံမကောင်းကြပါဘူး...

အကယ်၍ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် သူတို့ရဲ့ စစ်သည်တွေ အကုန်လုံး အသက်စတေးခံရတော့မှာဖြစ်ပြီး၊ အဲဒီနောက်မှာ ရန်သူ့စစ်ဗျူဟာက ငါတို့ရဲ့ အရာရှိတွေကို တစ်ယောက်ချင်းစီ ဝိုင်းတိုက်ကြပါတော့မယ်။ မသေမျိုး စွမ်းအင်တွေရဲ့ အကူအညီနဲ့ဆိုရင် လုရှူဟွာ တို့ အချိန်ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ပြောဖို့ တကယ်ခက်ပါတယ်။

အကျအဆုံးတွေ ဒီထက်မတိုးသင့်တော့ပါဘူး၊ ဒီတိုက်ပွဲမှာ လူအလုံအလောက် သေဆုံးခဲ့ပြီးပါပြီ။

"ချလွမ်"

ချန်ဆန်းရှီရဲ့ လှံရှည်ဟာ ပြင်းထန်တဲ့ ရိုက်ခတ်မှုကြောင့် နောက်တစ်ကြိမ် ဘေးကို လွင့်ထွက်သွားပါတယ်။ သူကပြန်မတိုက်တော့ဘဲ အခွင့်အရေးကို အသုံးချကာ လှံကို မြေပြင်မှာ တရွတ်တိုက်ဆွဲရင်း ရှောင်ရှင်း ကို အပြင်းနှင်ပြီး ထွက်ပြေးဟန်ဆောင်လိုက်ပါတယ်။ လမ်းမှာ ကြားဖြတ်တားဆီးတဲ့ မျက်ခုံးနီတပ်သား အနည်းငယ်ကို ထိုးသတ်ပြီး မိုးကာလိုက်ကြီးထဲကို ပြေးဝင်သွားပါတယ်။

"မပြေးနဲ့"

ဟယ်ရှန်းလျန်ဟာ ဘာမှမစဉ်းစားဘဲ နောက်ကနေ ချက်ချင်း လိုက်လာပါတော့တယ်။

နှစ်ဦးကြား အကွာအဝေးက အတိုင်းအတာတစ်ခုအထိ နီးကပ်လာတဲ့အခါမှာတော့။

ဝိညာဉ်ဖျက်လှံ ဟာ ရုတ်တရက် နောက်ပြန်လှည့်ပြီး တိုက်ခိုက်လိုက်ပါတယ်။

"နောက်ပြန်လှည့် တိုက်ကွက်"

"လှည့်ကွက်လေးပါလား"

ဟယ်ရှန်းလျန်ဟာ ကြိုတင်ပြင်ဆင်ထားပြီးသားမို့လို့ လှံကို ချက်ချင်း ခုခံလိုက်ပြီး ချန်ဆန်းရှီရဲ့ လှံကို လေထဲကို ပင့်တင်ပစ်လိုက်ပါတယ်။ အဲဒီနောက်မှာ ဆန်းပြားတဲ့ ထောင့်ကနေ ရန်သူ့ဗိုလ်ချုပ်ရဲ့ နှလုံးသားဆီကို တည့်တည့်မတ်မတ် လှံနဲ့ ထိုးလိုက်ပါတယ်။

"ဂွမ်း—"

အဲဒီအချိန်မှာပဲ ပင့်ကူအိမ်သဏ္ဌာန် လျှပ်စီးကြောင်းကြီးတစ်ခုဟာ ကောင်းကင်ယံမှာ ဖြတ်ပြေးသွားပါတယ်။

အဲဒီ လျှပ်စီးရောင်အောက်မှာ ဟယ်ရှန်းလျန် မြင်လိုက်ရတာကတော့... လက်နက်မဲ့သွားပြီး သေဘေးနဲ့ ရင်ဆိုင်နေရတဲ့ ရန်သူ့ဗိုလ်ချုပ်ဟာ အနည်းငယ်မျှတောင် ထိတ်လန့်ခြင်း မရှိတာပါပဲ။ အဲဒီအစား သူဟာ "နောက်ပြန်လှည့် တိုက်ကွက်" ကို အခုလို ခုခံခံရမယ်ဆိုတာ ကြိုသိနေသလိုမျိုး တည်တည်ငြိမ်ငြိမ်ပဲ ကြည့်နေပါတယ်။

ဒါဆို သူ ဘာလို့ ဒီတိုက်ကွက်ကို သုံးခဲ့တာလဲ..

ဟယ်ရှန်းလျန်ရဲ့ ပြူးကျယ်သွားတဲ့ မျက်ဝန်းတွေထဲမှာ အခုလို မြင်ကွင်းမျိုး ပေါ်လာပါတယ်။

စစ်သည် ၃,၀၀၀ ထဲနဲ့ မင်ပြည်နယ်က စစ်တပ် ၃၀၀,၀၀၀ ကို ကစားခဲ့တဲ့ ဒီလူငယ်ဗိုလ်ချုပ်ဟာ သေရေးရှင်ရေး အရေးကြီးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုရှောင်ရမလဲဆိုတာ မစဉ်းစားဘဲ၊ ဦးနှောက်မရှိတဲ့ တာအိုဆရာတစ်ယောက်လိုမျိုး လက်ချောင်းလေးတွေကို စုပြီး အစီရင်လုပ်နေတာပါ။

ချက်ချင်းဆိုသလိုပါပဲ။

ဟယ်ရှန်းလျန်ဟာ ပြိုင်ဘက်ရဲ့ လက်ချောင်းထိပ်မှာ ပုံရိပ်ယောင်တစ်ခု စုစည်းလာတာကို မြင်လိုက်ရပါတယ်။ အဲဒါက... ဓားငယ်လေးတစ်စင်းနဲ့ တူပေမဲ့ အလွန်သေးငယ်ပြီး အပ်တစ်ချောင်းနီးပါးပါပဲ။

ဒါက ဘာကြီးလဲ..

"ဝုန်း—"

လျှပ်စီးလက်ပြီးနောက်မှာ မိုးခြိမ်းသံကြီး ထွက်ပေါ်လာပြီး လူငယ်ဗိုလ်ချုပ်ရဲ့ လက်ထဲက ပုံရိပ်ယောင်ဟာ ပျောက်ကွယ်သွားပါတယ်။

ဟယ်ရှန်းလျန်ဟာ သူ့ရဲ့ နဖူးမှာ အေးစိမ့်သွားတာကိုပဲ ခံစားလိုက်ရပြီး၊ အဲဒီနောက်မှာတော့ ဒီကမ္ဘာကြီးကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပါဘူး။ သူဟာ မြင်းပေါ်ကနေ ရွှံ့နွံထဲကို တည့်တည့်ကြီး ပြုတ်ကျသွားပြီး သူ့ရဲ့ နဖူးကနေ သွေးစလေးတွေ စီးကျလာပါတယ်။ အဲဒီသွေးတွေဟာ မိုးရေထဲမှာ ခဏချင်းပဲ ဆေးကြောခံလိုက်ရပြီး ရွှံ့တွေနဲ့ ရောနှောသွားပါတော့တယ်။

ဒါတွေအားလုံးဟာ ခဏချင်းအတွင်းမှာပဲ ဖြစ်ပျက်သွားတာပါ။

ချန်ဆန်းရှီဟာ လေထဲကို ပင့်တင်ခံထားရတဲ့ ကျားငါးကောင် ဝိညာဉ်ဖျက်လှံ ကို လှမ်းဖမ်းလိုက်ပြီး၊ သေဆုံးသွားတဲ့ အလောင်းရဲ့ ဦးခေါင်းခွံထဲကို လှံနဲ့ ထပ်ထိုးလိုက်ပါတယ်။ ဒါဟာ ဓားချီမန္တန် ကြောင့် ဖြစ်သွားတဲ့ ဒဏ်ရာကို ဖုံးကွယ်ဖို့ သွေးပေါက်ကြီးတစ်ခု ဖြစ်အောင် လုပ်လိုက်တာပါ။

သူ သူ့ရဲ့ ပြိုင်ဘက်ကို ဒီနေရာအထိ ဆွဲထုတ်လာခဲ့တာက "နောက်ပြန်လှည့် တိုက်ကွက်" နဲ့ ခိုးတိုက်ဖို့ မဟုတ်ပါဘူး။ ကျင့်စဉ်အဆင့် ကွာခြားချက်က အလွန်ကြီးမားတဲ့အခါ လှည့်ကွက်လေးတွေက အသုံးမဝင်ပါဘူး။ သူ ဒီကို လာခဲ့တာက အဓိက စစ်မြေပြင်နဲ့ ဝေးရာမှာ သူ မန္တန်သုံးတာကို တခြားသူတွေ မမြင်အောင်လို့ပဲ ဖြစ်ပါတယ်။

"ဟယ်ရှန်းလျန် သေပြီ"

"မင်းတို့ သစ္စာဖောက်တွေ... ချက်ချင်း လက်နက်ချကြစမ်း—"

သွေးနဲ့ အသက်ရှူနှုန်းတွေရဲ့ အရှိန်အဝါကြောင့် ချန်ဆန်းရှီရဲ့ ဟိန်းဟောက်သံဟာ မိုးခြိမ်းသံတွေကိုတောင် လွှမ်းမိုးသွားပြီး နားစည်ကွဲမတတ်ပါပဲ။

သူ မြင်နေရပါတယ်။

ဟယ်ရှန်းလျန် သေဆုံးသွားပြီးတဲ့နောက်မှာ။

မျက်ခုံးနီတပ်ရဲ့ အထက်မှာ ဝဲပျံနေတဲ့ မြူခိုးတွေဟာ အလွန်မြန်တဲ့ အရှိန်နဲ့ ပျောက်ကွယ်သွားပြီး ခဏအတွင်းမှာပဲ ဘာမှမကျန်တော့ပါဘူး။

ရန်သူ့စစ်သည်တွေဟာ သူတို့ဗိုလ်ချုပ်ရဲ့ ဦးခေါင်းခွံ ပွင့်ထွက်သွားတဲ့ ပုံစံကို လျှပ်စီးရောင်အောက်မှာ မြင်လိုက်ရတဲ့အခါ တိုက်လိုခိုက်လိုစိတ်တွေ အကုန်ပျောက်ဆုံးကုန်ပါတယ်။ တစ်ယောက်ပြီးတစ်ယောက် လှည့်ပြေးကြတော့တာကြောင့် အရင်က စနစ်ကျခဲ့တဲ့ စစ်ဗျူဟာ ကြီးဟာ လုံးဝ ပြိုလဲသွားပါတော့တယ်။

တိုက်ပွဲရဲ့ အခြေအနေဟာ ချက်ချင်း ပြောင်းလဲသွားပြီး တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး ဖြစ်သွားပါတော့တယ်။

...

မေရှန်းခရိုင်မြို့ထဲမှာ

"ဗိုလ်ချုပ်... ဗိုလ်ချုပ်ကြီး—"

မျက်ခုံးနီတပ်သားတစ်ယောက်ဟာ သွေးချင်းချင်းနီလျက် လဲကျမတတ် ဝင်လာပြီး မြေကြီးပေါ် ဒူးထောက်ကာ ငိုယိုအော်ဟစ်လိုက်ပါတယ် "ပြီးပြီ၊ အားလုံး ပြီးသွားပြီ ဗိုလ်ချုပ်ဟယ်ကတော့ အဲဒီ ချန်ဆန်းရှီရဲ့ ခေါင်းဖြတ်တာ ခံလိုက်ရပါပြီ။ ကျွန်တော်တို့ ညီအစ်ကိုတွေလည်း အကုန်နီးပါး သေကုန်ကြပြီ။ အရန်တပ်က ကျန်တဲ့လူတွေက မြို့ဆီကို တည့်တည့်လာနေကြပြီ၊ အကြာဆုံး တစ်ရက်ခွဲအတွင်း ရောက်လာတော့မယ်"

"ဒီလောက်တောင် မြန်တာလား"

လျန်ကျိနျန် ဟာ အင်အားတွေ ကုန်ခမ်းသွားသလိုပဲ ကုလားထိုင်ပေါ်ကို ခွေကျသွားပါတယ် "ချန်ဆန်းရှီက ဟွာကျင်းအဆင့်ပဲ ရှိတာလေ၊ ဘယ်လိုလုပ် ဒီလောက် အချိန်တိုအတွင်းမှာ ဟယ်ရှန်းလျန်ကို သတ်နိုင်ရတာလဲ။ ဒါတင်

မကသေးဘူး... ငါ... ငါ သူတို့ကို စွမ်းအားတွေတောင် အပ်နှင်းထားခဲ့တာလေ"

ဒါဟာ သေရေးရှင်ရေးမို့လို့ သူ ဘာမှ ချန်မထားဘဲ အကုန်သုံးခဲ့တာပါ။

ဒီနောက်ဆုံးတိုက်ပွဲမှာ ကျန်ရှိနေတဲ့ မသေမျိုး ပစ္စည်းတွေအားလုံးကို အကုန် သုံးပစ်ခဲ့တာလေ။

"ကျွန်တော်တို့... ကျွန်တော်တို့လည်း မသိတော့ဘူး ဗိုလ်ချုပ်ကြီး"

စောစောက ထွက်ပြေးလာတဲ့ မျက်ခုံးနီတပ်သားအနည်းငယ်က ပြန်

ရောက်လာပြီး တန်းစီ ဒူးထောက်လိုက်ကြတယ် "အဲဒီ ချန်ဆန်းရှီက လူသားမဟုတ်ဘူးဗျ။ တိုက်ပွဲစပြီဆိုတာနဲ့ ဘာကိုမှ ဂရုမစိုက်တော့ဘဲ အရူးတစ်ယောက်လိုမျိုး ဗိုလ်ချုပ်ဟယ်ဆီကိုပဲ တည့်တည့် တိုးဝင်တာ"

"ဗိုလ်ချုပ်ကြီး"

"ကျွန်တော်တို့ ဘာလုပ်ကြမလဲ ဗိုလ်ချုပ်ကြီး"

"တော်စမ်း၊ ဆူညံမနေနဲ့"

လျန်ကျိနျန်ဟာ စိတ်ဓာတ်တွေ ပြိုလဲနေပါပြီ "စစ်ကူတွေ အမြန်ဆုံး ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ"

"ဗိုလ်ချုပ်ကြီး၊ အစောဆုံး ၁၅ ရက်လောက်တော့ ကြာဦးမှာပါ"

"..."

"မင်းတို့ အရင်ဆုံး ပစ္စည်းတွေ သိမ်းထားကြ။ ကတော်ကြီးကို ခေါ်၊ ရွှေနဲ့ ငွေဒင်္ဂါးတွေကို ယူပြီး ငါ့ကို ဒီမှာ စောင့်နေကြ"

လျန်ကျိနျန်က ယိမ်းယိုင်နေတဲ့ ခြေလှမ်းတွေနဲ့ အိမ်တော်ကနေ ထွက်လာခဲ့ပါတယ်။ မြင်းကို အပြင်းနှင်ပြီး အနီးအနားက တောအုပ်လေးတစ်ခုထဲကို သွားကာ မြေကြီးပေါ် ဒူးထောက်ပြီး ကောင်းကင်ကို ကြည့်ကာ တောင်းပန်တိုးလျှိုးလိုက်ပါတယ်။

"မသေမျိုး... ကျွန်တော့်ကို ကယ်ပါဦး"

All Chapters