← Chapters

အခန်း (၂၅၂)

Vol. 23 Ch. 252

အခန်း (၂၅၂)

Vol. 23 Ch. 252

📝အပိုင်း - ၂၅၂

ဘာသာပြန် - Na Gar🐉

"မသေမျိုး ကျွန်တော်မျိုး လျန်ကျိနျန်က အရည်အချင်း မရှိခဲ့လို့ပါ။ ဒီတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး မသေမျိုး အပ်နှင်းထားတဲ့ ရတနာကိုလည်း ထိုက်တန်အောင် မသုံးနိုင်ခဲ့ပါဘူး"

"ကျွန်တော်မျိုး အနူးညွတ်တောင်းပန်ပါတယ် မသေမျိုး၊ ကျွန်တော့်ကို နောက်ထပ်တစ်ကြိမ်လောက် ကူညီပေးပါဦး။ အခြေအနေကို ပြန်လှည့်နိုင်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခုလောက် ပေးပါဦး ကျွန်တော် ဒီအတိုင်း လက်မခံနိုင်ဘူး၊ လုံးဝ လက်မခံနိုင်ဘူး ဘာလို့ အဲဒီ အစိုးရခွေးတွေက ဝင့်ဝင့်ကြွားကြွား ဖြစ်နေပြီး၊ ကျွန်တော်တို့ကျမှ ဒီလောက် နှိမ့်ချစွာ ရှင်သန်နေရတာလဲသူတို့က ဘာလို့ ကျွန်တော့်ကို အထင်သေးရတာလဲကျွန်တော် ကလဲ့စားချေချင်တယ်၊ အဲဒီ ပညာတတ်ဆိုတဲ့ ကောင်တွေကို အကုန် သတ်

ပစ်ချင်တယ် မသေမျိုး... ကျွန်တော့်ကို ကူညီပါဦး"

"မသေမျိုး——"

ဒါပေမဲ့။

သူ ဘယ်လောက်ပဲ အော်ဟစ်နေပါစေ၊ ဘာတုံ့ပြန်မှုမှ ပြန်မလာခဲ့ပါဘူး။

လျန်ကျိနျန်ဟာ ခါးသီးစွာ ပြုံးလိုက်ပြီး မြေကြီးကို အသံမြည်အောင် နဖူးနဲ့ တိုက်ပြီး ဦးချလိုက်တယ် "ကြည့်ရတာ မသေမျိုးက ကျွန်တော့်အပေါ် ယုံကြည်မှု ကုန်သွားပြီ ထင်ပါရဲ့။ ကျွန်တော်မျိုး နှုတ်ဆက်ခဲ့ပါတယ်"

အိမ်တော်ကို ပြန်ရောက်တဲ့အခါ။

အသုံးအဆောင် ပစ္စည်းတွေ အကုန် ထုပ်ပိုးပြီးသား ဖြစ်နေပါပြီ။

စုစုပေါင်း မျက်ခုံးနီတပ်သား ခုနစ်ယောက် ရှစ်ယောက်လောက် ရှိပြီး၊ အမျိုးသမီးတစ်ယောက်နဲ့ အသက် ၇၀ ကျော် အရွယ် အဘိုးအိုတစ်ယောက်လည်း ပါပါတယ်။

ဒါပေမဲ့ အဲဒီ မျက်ခုံးနီတပ်သားတွေက ရွှေတွေ၊ ငွေတွေနဲ့ လှပတဲ့ အမျိုးသမီးကို ကြည့်နေတဲ့ အကြည့်တွေက မရိုးမသား ဖြစ်လာပြီး ဂဏာမငြိမ် ဖြစ်နေကြပါတယ်။

"မင်းတို့ ဘာရပ်ကြည့်နေကြတာလဲ"

လျန်ကျိနျန်က အမိန့်ပေးလိုက်တယ်"မြန်မြန် ထွက်ကြတော့၊ ဒါဆိုရင် မျှော်လင့်ချက် အနည်းငယ် ရှိနိုင်သေးတယ်"

"ဗိုလ်ချုပ်၊ အားလုံး ပြီးသွားပြီ"

မုတ်ဆိတ်ဗလပွနဲ့ မျက်ခုံးနီတပ်သားတစ်ယောက်က ပြောလိုက်တယ် "ကျွန်တော်တို့ စစ်ရေးဗျူဟာတွေ မတတ်ပေမဲ့၊ နောက်ထပ်လာမှာက သေဘေးပဲဆိုတာ သိပါတယ်။ ဒီအထုပ်အပိုး ဝန်ထုပ်ဝန်ပိုးတွေကို မစွန့်ပစ်ဘူးဆိုရင်တော့..."

"ဟုတ်တယ် ဗိုလ်ချုပ်"

နောက်တစ်ယောက်က ဝင်ပြောတယ် "ဒါမှမဟုတ်ရင်လည်း ဗိုလ်ချုပ်က ပိုပြီး အစွမ်းထက်တဲ့ မသေမျိုး ရဲ့ တန်ခိုးတော်တွေကို သုံးလိုက်လေ"

"မှန်တယ်၊ မှန်တယ်"

ကျန်တဲ့လူတွေကလည်း ထောက်ခံကြတယ် "မဟုတ်ရင် သူတို့က ဗိုလ်ချုပ်နောက်ကို လိုက်လာမှာပဲ၊ ဘယ်ကိုပြေးပြေး လွတ်မှာ မဟုတ်ဘူး"

"မင်းတို့..."

လျန်ကျိနျန်ဟာ သူ့ရဲ့ ကျယ်ပြန့်တဲ့ ဝတ်ရုံလက်အောက်မှာ လက်သီးကို တင်းတင်းဆုပ်လိုက်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒေါသကို ထိန်းချုပ်လိုက်ပြီး တည်ငြိမ်တဲ့ ပုံစံဖမ်းကာ အေးအေးဆေးဆေးပဲ ပြောလိုက်တယ် "မသေမျိုး တန်ခိုးတော်တွေ မလိုပါဘူး ငါ အခုလေးတင် ကောင်းကင်ဘုံကျမ်း ကို ဖတ်ပြီး မသေမျိုးဆီက လမ်းညွှန်ချက် ထပ်ရခဲ့တယ်။ မသေမျိုးက ငါ့ကို တောင်ဘက် မြို့တံခါးကနေ ထွက်ပြီး မေရှန်းတောင်ဘက်ကို သွားဖို့ ပြောတယ်။ အဲဒီမှာ မသေမျိုးက ငါတို့ကို သေချာပေါက် ကာကွယ်ပေးလိမ့်မယ်"

"တကယ်လား"

မျက်ခုံးနီတပ်သားတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ဝက်ယုံ တစ်ဝက်မရဲ ဖြစ်နေကြတယ်"ဗိုလ်ချုပ်က မသေမျိုးနဲ့ အခုထိ တွေ့နိုင်သေးတာလား"

"ရိုင်းစိုင်းလိုက်တဲ့ ကောင်တွေ မင်းတို့ ဘယ်လိုတောင် သတ္တိရှိတာလဲ"

လျန်ကျိနျန်က မျက်မှောင်ကြုတ်လိုက်ပြီး "မင်းတို့က ငါ့ကို သံသယရှိတယ်ပေါ့သူ့ကို သတ်လိုက်စမ်း"

"ဒါက..."

မျက်ခုံးနီတပ်သားတွေ တွေဝေသွားကြပေမဲ့ ဒီပညာတတ်ရဲ့ ယုံကြည်မှုရှိတဲ့ ပုံစံကို မြင်တော့ မလွန်ဆန်ရဲကြပါဘူး။ နောက်ဆုံးမှာတော့ ရုတ်တရက်ဆိုသလို သူတို့ထဲက တစ်ယောက်က သံသယဝင်တဲ့လူကို ဓားနဲ့ ထိုးသတ်ပစ်လိုက်ပါတယ်။

"ဗိုလ်ချုပ်"

သူတို့တွေ ပြန်ပြီး ဒူးထောက်လိုက်ကြတယ် "အမိန့်သာပေးပါ၊ ကျွန်တော်တို့ ဗိုလ်ချုပ်နဲ့ ကတော်ကြီးကို မြို့ပြင်ရောက်အောင် ပို့ပေးပါ့မယ်"

လျန်ကျိနျန်က အမိန့်ပေးလိုက်တယ် "မင်းတို့ အရင်သွားပြီး မြင်းတွေကို ပြင်ထား၊ မြင်းအနက်တွေကိုပဲ ယူခဲ့။ ဒီနေ့တော့ မြင်းအနက်စီးမှသာ မသေမျိုးနဲ့ တွေ့နိုင်မှာ၊ မြန်မြန်သွား"

"ဟုတ်ကဲ့"

မျက်ခုံးနီတပ်သားတွေ လူစုခွဲ ထွက်သွားကြပါတယ်။

ခန်းမထဲမှာတော့ အမျိုးသမီး၊ အဘိုးအိုနဲ့ သူပဲ ကျန်ပါတော့တယ်။

"ဦးလေးဝူ"

လျန်ကျိနျန်က ရွှေတွေ ငွေတွေကို သူတို့လက်ထဲ အကုန်ထည့်ပေးလိုက်တယ် "ကျွန်တော် ယုံကြည်ရတာ ဦးလေးတစ်ယောက်ပဲ ရှိပါတယ်။ ပေဝမ်ကို အနောက်ချီဘက်ကို ခေါ်သွားပေးပါ။ အဲဒီမှာရှိတဲ့ ဝန်ကြီးချုပ်ကျန်းက ဦးလေးတို့ကို စောင့်ရှောက်ပေးပါလိမ့်မယ်"

"လျန်... ဒါက ရှုံးနိမ့်မှုတစ်ခုပဲ၊ ဘာမှမဖြစ်ဘူး၊ စိတ်မကောင်းမဖြစ်နဲ့ဦး"

အိမ်ထိန်းဝူက ဇဝေဇဝါနဲ့ မေးလိုက်တယ် "ဘာဖြစ်လို့လဲငါတို့ အတူတူ ထွက်ပြေးလို့ မရဘူးလား"

"ဟုတ်တယ် မောင်လေး"

ကောင်းဖေဝမ်က သူ့ယောကျ်ားရဲ့ လက်ကို အသာအယာ ဆုပ်ကိုင်လိုက်တယ် "မောင်လေးက အမနဲ့ အတူတူ မလိုက်ဘူးလား"

"မလိုက်ဘူး"

လျန်ကျိနျန်ဟာ စကားပြောဖို့ ခက်ခဲနေပုံရတယ် "ဒါရှန် စစ်သားတွေက မျက်ခုံးနီတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ ကျွန်တော့်နောက်ကို လိုက်နေကြတာ။ ကျွန်တော် ရှိနေသရွေ့ အမတို့ ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူး ကျွန်တော်နဲ့ ခွဲသွားမှသာ အမတို့ အသက်ရှင်ဖို့ အခွင့်အရေး ရှိမှာ"

"မောင်လေးရယ်"

ကောင်းဖေဝမ်ဟာ မိုးထဲလေထဲက သစ်သီးလေးလိုပဲ တုန်ရီပြီး ငိုယိုကာ ပညာတတ်လေးရဲ့ ရင်ခွင်ထဲ တိုးဝင်သွားပါတယ်။

"ဦးလေးဝူ၊ ဒီကိစ္စကို ကျွန်တော် ဦးလေးကိုပဲ အပ်နှံခဲ့ပါတယ်"

လျန်ကျိနျန်ဟာ သူမကို ချော့မော့ပြီးတာနဲ့ အတင်းအဓမ္မ တွန်းထုတ်လိုက်ပါတယ် "အဲဒီတုန်းက ဦးလေးသာ ကျွန်တော့်ကို အစာတွေနဲ့ စာအုပ်တွေ ခိုးပြီး မပေးခဲ့ရင် ကျွန်တော် စာတစ်လုံးတောင် တတ်မှာ မဟုတ်ပါဘူး။ ဒီကျေးဇူးကို နောက်ဘဝမှပဲ ဆပ်ပါရစေ"

သူ ပြောပြောဆိုဆိုနဲ့ ဂါရဝပြုပြီး ပြတ်ပြတ်သားသားပဲ လှည့်ထွက်လာခဲ့ပါတယ်။

"လျန်... စိတ်မပူပါနဲ့၊ ငါ့ရဲ့ အသက်ကြီးကြီးကို ရင်းပြီးတော့တောင် မင်းရဲ့ ဇနီးကို အနောက်ချီနိုင်ငံဆီ ဘေးကင်းအောင် ပို့ပေးပါ့မယ်"

"မောင်လေး"

"ဒုန်း"

အိမ်ထိန်းဝူက သူမရဲ့ နောက်ကနေ တုတ်နဲ့ ရိုက်ပြီး သတိလစ်အောင် လုပ်လိုက်ပါတယ်။ အဲဒီနောက် အစေခံမ နှစ်ယောက်ကို ခေါ်ပြီး နောက်ဖေးတံခါးကနေ မြင်းလှည်းနဲ့ ထွက်သွားကြပါတော့တယ်။

"မြန်မြန် သွားကြစို့"

လျန်ကျိနျန်ဟာ ရှေ့တံခါးကို ရောက်တဲ့အခါမှာတော့ မျက်ခုံးနီတပ်သားတွေဟာ မြင်းနက် ခုနစ်ကောင်ကို တကယ်ပဲ စုထားပြီးပါပြီ။ သူတို့အားလုံး မြင်းပေါ်တက်ပြီး အရှေ့ဘက် မြို့တံခါးဆီကို တန်းတန်းမတ်မတ် သွားကြပါတယ်။ ဒါပေမဲ့ မိုင် ၂၀ လောက် ပြေးပြီးတဲ့အခါမှာတော့... မြင်းဖြူတစ်ကောင်ကို စီးပြီး လူတစ်ထောင်ကျော်ကို ဦးဆောင်လာတဲ့သူက သူတို့ကို အရပ်မျက်နှာ အနှံ့ကနေ ဝိုင်းထားလိုက်ပါပြီ။

"ဗိုလ်ချုပ်... ခင်ဗျား..."

"လျန်ကျိနျန်၊ မင်း ငါတို့ကို လိမ်ခဲ့တာပဲ"

အဲဒီအချိန်မှာပဲ မျက်ခုံးနီတပ်သားတွေ အမှန်တရားကို သိသွားကြပါတယ်။

လျန်ကျိနျန်ဟာ သူတို့ကို ထွက်ပြေးဖို့ ခေါ်လာတာလည်း မဟုတ်ဘူး၊ မသေမျိုးနဲ့ တွေ့ဖို့ ခေါ်လာတာလည်း မဟုတ်ဘူး။ သူဟာ သူ့မိသားစု လွတ်ဖို့ အချိန်ဆွဲပေးဖို့အတွက် သူတို့ကို သေတွင်းထဲကို တည့်တည့် ခေါ်လာခဲ့တာပဲ။

"ဟားဟားဟားဟား"

လျန်ကျိနျန်က အရူးတစ်ယောက်လို အကျယ်ကြီး ရယ်မောလိုက်တယ် "မှန်တယ်၊ မင်းတို့လို ဓားပြတွေ သေတာ ငါ့အတွက် ဘာအရေးလဲ"

"မင်း အမေကို..."

"ငါ မင်းကို သတ်မယ်"

"မသတ်နဲ့ဦး၊ သူ့အသက်နဲ့ ငါတို့အသက်ကို လဲရမယ်"

"ဗုန်း"

မုတ်ဆိတ်ဗလပွနဲ့ မျက်ခုံးနီတပ်သားက ကန်လိုက်ပါတယ်။

လျန်ကျိနျန်ဟာ လွင့်ထွက်သွားပြီး အကြိမ်ပေါင်းများစွာ လိမ့်သွားကာ သွေးတွေ အဆက်မပြတ် အန်နေပါတော့တယ်။

"တောက်"

မျက်ခုံးနီတပ်သားတွေက မြင်းပေါ်က အမြန်ဆင်း၊ သူ့ကို အတင်းဖိထားပြီး ဒါရှန်စစ်သားတွေရဲ့ ရှေ့မှာ ဒူးထောက်လိုက်ကြပါတယ်။

"အရှင်... အသက်ချမ်းသာပေးပါ"

"ကျွန်တော်တို့က သာမန်အရပ်သားတွေပါ၊ မျက်ခုံးနီတပ်ထဲကို အတင်းအဓမ္မ အသွင်းခံရတာပါ"

"မှန်ပါတယ်၊ မှန်ပါတယ်။ ကျွန်တော်တို့က ပုန်ကန်ချင်တဲ့ စိတ် လုံးဝ မရှိပါဘူး"

"ကျွန်တော်တို့ အပြစ်ကို အကျိုးနဲ့ ဆပ်ပါရစေ"

"ဒီလူက မေရှန်းတောင်က လျန်ကျိနျန်ပါ၊ မျက်ခုံးနီတပ်ရဲ့ ဗိုလ်ချုပ်ကြီးပါ။ သူ့ကို အရှင်တို့ဆီ ဆက်သပါတယ်"

"..."

"ကောင်းကင်ဘုံကျမ်း ဘယ်မှာလဲ"

"ရှာစမ်း"

မျက်ခုံးနီတပ်သားတွေက လျန်ကျိနျန်ရဲ့ ကိုယ်ပေါ်ကို ရိုင်းရိုင်းစိုင်းစိုင်း ရှာဖွေလိုက်ကြပါတယ်။ နောက်ဆုံးမှာတော့ ရွှေကို အလွန်ပါးအောင် ခတ်ပြီး ပြုလုပ်ထားတဲ့ ရွှေရောင်စာအုပ်ငယ် အနည်းငယ်ကို ရှာတွေ့သွားပါတယ်။

"ဒါဟာ ကောင်းကင်ဘုံကျမ်း ပါပဲ"

"ဒါကိုလည်း ဒါရှန်ကို ဆက်သပါတယ်"

"ကျွန်တော်တို့ရဲ့ အသက်ကိုပဲ ချမ်းသာပေးဖို့ တောင်းပန်ပါတယ်"

"..."

"ရှူး... ရှူး... ရှူး... ရှူး... ရှူး—"

သူတို့စကားမဆုံးခင်မှာဘဲ......

All Chapters