← Chapters

ဆရာ... ကျွန်တော် ချက်ပြုတ်နည်း သင်ယူချင်ပါတယ်

Vol. 8 Ch. 73

ဆရာ... ကျွန်တော် ချက်ပြုတ်နည်း သင်ယူချင်ပါတယ်

Vol. 8 Ch. 73

ညရောက်လာသည်။

ချူဖုန်းသည် အချက်အပြုတ်မြင့်မြတ်ကျမ်းဟု အမည်ရသော စာအုပ်အုပ်ကြီးကို ကိုင်ဆောင်ပြီး ဂရုတစိုက် ဖတ်ရှုနေလေသည်။

ယနေ့တွင် ဝတုတ်လေးနှင့် စကားပြောပြီးနောက် သူ၏ ပထမဆုံး အတွေးမှာ ထိုကောင်လေးကို အချက်အပြုတ် စတင်သင်ကြားပေးရန်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ချက်ပြုတ်ခြင်းသည် နက်နဲသည့် ပညာရပ်တစ်ခု ဖြစ်ပြီး ဓားကိုင်ကျွမ်းကျင်ရန်နှင့် နည်းစနစ်ပေါင်းစုံ၌ ကျွမ်းကျင်ရန် လိုအပ်သည်။

ထို့ကြောင့် သူက သောင်းပြောင်းပညာရပ်ဌာန၏ စာကြည့်တိုက်သို့ သွားပြီး သင့်လျော်သော စာအုပ်များကို ရှာဖွေခဲ့သည်။

ယခင်ဘဝတုန်းက သူဖတ်ခဲ့သောဝတ္ထုများတွင် ချက်ပြုတ်ခြင်းတာအိုကို လျှောက်လှမ်းသည့် အဓိကဇာတ်ကောင်များ နည်းပါးလှသည်။

သူ့လက်ထဲမှ စာအုပ်ကို သောင်းပြောင်းပညာရပ်ဌာန၏ သူတော်စင်တစ်ပိုင်းအဆင့် စီနီယာတစ်ဦးက ထားရစ်ခဲ့ခြင်း ဖြစ်သည်။

သူ မကျင့်ကြံမီက ဤစာအုပ်သည် သူ့အတွက် ဟင်းချက်နည်းစာအုပ် တစ်အုပ်မျှသာ ဖြစ်ခဲ့သည်။

‘အရင်တည်းက အထဲက ချက်ပြုတ်နည်းတွေ... မဟုတ်ဘူး...ဒဏ္ဍာရီလာနည်းစနစ်တွေအတိုင်း လိုက်နာပြီး အရသာရှ်ိတဲ့ ဟင်းပွဲတွေ အပုံလိုက်ချက်ဖူးတယ်’

သို့သော် ယခု နှစ်ရာချီ ကျင့်ကြံခြင်းရှိနေပြီဖြစ်၍ ဤစာအုပ်သည် ချက်ပြုတ်ခြင်းတာအို၏ အမွေအနှစ် တစ်ခုအဖြစ် မြင်လာသည်။

ထို့အပြင် ၎င်းသည် သူတော်စင်တစ်ပိုင်းအဆင့် အမွေအနှစ် ဖြစ်ပြီး သောင်းပြောင်းပညာရပ်ဌာန အတွင်း၌ ပျမ်းမျှအထက် ရှိသည်ဟု သတ်မှတ်ထားသည်။

စာအုပ်ဖတ်ပြီးချိန်တွင် သန်းခေါင်ယံ အချိန်သို့ ရောက်နေလေပြီ။

သို့သော် ချူဖုန်းတွင် အကြမ်းဖျင်း အတွေးတစ်ခု ရှိနေပြီး ဖြစ်သည်။ သူတော်စင်တစ်ပိုင်း အမွေအနှစ်နှင့် သူ၏အတိတ်ဘဝက ဗဟုသုတများ ပေါင်းစပ်လိုက်လျှင် သူသည် ဤအမွေအနှစ်ကို ပိုမို ကောင်းမွန်အောင် မွမ်းမံနိုင်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ သူတော်စင်တစ်ပိုင်းအဆင့် အမွေအနှစ် ဆိုသည့် ခေါင်းစဉ်က သိပ်ဟိတ်ဟန်မပါပေ။ လူအများကို အထင်မကြီးသွားစေနိုင်ပေ။

၎င်းကို တွေးမိပြီး ချူဖုန်းက စုတ်တံကို ကောက်ကိုင်ကာ စာရွက်ပေါ်တွင် စတင် ရေးသားလိုက်သည်။

သူ ရေးပြီးသွားချိန်တွင် ကောင်းကင်ကြီးပင် စတင် လင်းလက်လာသည်။

ယခုလေးတင် ရေးသားခဲ့သော အကြောင်းအရာများကို ကြည့်ပြီး သူ၏ချက်ပြုတ်စွမ်းရည် နောက်ထပ် ခြေလှမ်းတစ်လှမ်း တိုးတက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

မီးဖိုချောင်ထဲသွားပြီး ချက်ချင်း စမ်းသပ်ကြည့်ချင်စိတ် ပေါ်လာသည်။

‘အမွေအနှစ်ရဲ့ နာမည်ကိုတော့..”

ခဏတာ စဉ်းစားပြီးနောက် စာမျက်နှာ၏ အစပိုင်းတွင် စာလုံးကြီးလေးလုံးကို ရေးသားလိုက်သည်။

“ရေခဲနှင့်မီးလျှံ အင်မော်တယ်စားဖိုမှူး”

“ပြီးပြည့်စုံသွားပြီ”

ချူဖုန်းက စုတ်တံကို ချလိုက်ပြီး အိပ်စက်ရန် ကုတင်ပေါ်တွင် လှဲလိုက်သည်။

သူက နေ့လည်ခင်းအထိ အိပ်ပျော်သွားသည်။ နိုးလာသောအခါ ဘာနေ့မှန်းပင် မသိတော့ပေ။

ချူဖုန်းသည် အခန်းထဲမှ မထွက်မီ လန်းဆန်းသွားစေရန် မျက်နှာသစ်လိုက်သည်။

တံခါးဖွင့်လိုက်သည်နှင့် လေထဲတွင် ပျံ့လွင့်နေသော အရသာရှိသည့် အစားအသောက် ရနံ့ကို ရလိုက်သည်။

ချင်းချင်းသည် သူမ၏ ဆရာ ပုံမှန်မဟုတ်ဘဲ အလွန်နောက်ကျမှ ထလာသည်ကို မြင်သောအခါ စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် မေးလိုက်သည်။ “ဆရာ... တစ်ခုခု ဖြစ်လို့လား”

ချူဖုန်းက ပြုံးလိုက်ပြီး ပြောသည်။ “ဘာမှ မဖြစ်ဘူး။ ညက စာဖတ်တာနောက်ကျသွားလို့။ စာထိုင်ဖတ်နေရင်း ဉာဏ်ကွန့်မြူးလာသေးတယ်။ အဲဒါကြောင့် ထိုးထွင်းသိမြင်မှုတွေနဲ့ အတွေးအမြင်တချို့ကို ချရေးနေတာ”

ထိုသို့ပြောပြီးနောက် သူ ကျောက်စားပွဲဆီသို့ လျှောက်သွားပြီး စားသောက်ရန် ဝင်ထိုင်လိုက်သည်။

စားသောက်ပြီးနောက် ဝမ်ပေါင်လဲ့သည် ထုံးစံအတိုင်း ရှင်းလင်းလိုက်သည်။

ပုံမှန်ဆိုလျှင် ချူဖုန်းက ထွက်ခွာသွားပြီ ဖြစ်သည်။

သို့သော် ယနေ့တွင် သူသည် ကျောက်စားပွဲ၌ ဆက်လက် ထိုင်နေပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

ခဏအကြာတွင် ဝမ်ပေါင်လဲ့သည် ချူဖုန်းဆီသို့ ပြုံးဖြီးဖြီးဖြင့် လျှောက်လာသည်။

“ဆရာ... ကျွန်တော် ချက်ပြုတ်နည်း သင်ယူချင်ပါတယ်”

ချူဖုန်းက ပြုံးလိုက်ပြီး မေးသည်။ “မင်း တကယ် ပြောနေတာလား”

“ဟုတ်ကဲ့ပါ”

ဝမ်ပေါင်လဲ့သည် ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် ချက်ပြုတ်ရတာ တကယ်ပဲ နှစ်သက်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက အရသာရှိတဲ့ အစားအစာတွေကိုစားဖို့ အကောင်းမွန်ဆုံးအခွင့်အရေးမလို့ပါ”

ချူဖုန်းသည် ရယ်လိုက်သည်။ “ဟုတ်တယ်။ အစားအစာချစ်သူတိုင်း နောက်ဆုံးမှာ စာဖိုမှူး ဖြစ်လာကြတာချည်းပဲ”

“ဒါဆို ဆရာက ကျွန်တော့်ကို အချက်အပြုတ် သင်ပေးမှာလား” ဝမ်ပေါင်လဲ့သည် မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။

“မဟုတ်ဘူး”

ချူဖုန်းက ပြန်ဖြေသည်။ “ငါက မင်းကို အထွတ်အထိပ်အဆင့် ချက်ပြုတ်ခြင်းတာအိုကို လက်ဆင့်ကမ်းပေးဖို့ ရည်ရွယ်ထားတာ”

ဝမ်ပေါင်လဲ့သည် ချူဖုန်းကို ဇဝေဇဝါဖြင့် ငေးကြည့်နေမိသည်။

ချင်းချင်းပင်လျှင် ကြောင်အသွား၏။ သူမ၏ ဆရာသည် အနုပညာရပ်ပေါင်းများစွာကို ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်ကြောင်း သိသော်လည်း ချက်ပြုတ်ခြင်းနှင့် ချက်ပြုတ်ခြင်းတာအို ဆိုသည်မှာ လုံးဝ ကွဲပြားခြားနားသော အရာနှစ်ခု ဖြစ်ပေသည်။

ချူဖုန်းက ရယ်မောလိုက်ပြီး ပြောသည်။ “ဘာလဲ... ချက်ပြုတ်ခြင်းတာအိုက လူတစ်ယောက်ကို စွမ်းအားကြီးမားလာအောင် မလုပ်ပေးနိုင်ဘူးလို့ ထင်နေကြတာလား”

ဝမ်ပေါင်လဲ့က ခေါင်းယမ်းလိုက်ပြီးမှ ခေါင်းပြန်ညိတ်လိုက်သည်။ “တခြားလူ ပြောရင် ကျွန်တော် ယုံမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဆရာက ဖြစ်နိုင်တယ်လို့ ပြောရင် သေချာပေါက် ဖြစ်နိုင်မှာပါ”

“မင်းက တော်တော် စကားတတ်တဲ့ကောင်ပဲ”

ချူဖုန်းက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ “ဒီနေ့ ငါ မင်းတို့ မျက်စိပွင့်သွားအောင် အသစ်အဆန်း တစ်ခု ပြမယ်”

ချင်းချင်းသည် အမြန် ဝင်ပြောလိုက်သည်။ “ဆရာ... ကျွန်မရော ကြည့်လို့ ရမလား”

“ရတာပေါ့”

ချူဖုန်းက ကောင်မလေးလည်း သိချင်သွားမည်ဟု မထင်ထားပေ။ ထို့ကြောင့် သူက သူမလေးကိုပါ ခေါ်သွားလိုက်သည်။

အခန်းထဲသို့ ရောက်သောအခါ၌ သူ၏လက်ရေးမူ စာရွက်အထပ်လိုက်ကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်သည်။

ချင်းချင်းသည် ရင်းနှီးနေသော စာရွက်များကို ကြည့်ပြီး မျက်လုံးများ ပြူးကျယ်ကာ တုန်လှုပ်သွားသည်။

‘ဆရာက အတည်ကြီးပြောနေတာပဲ’

“ငါတို့ သောင်းပြောင်းပညာရပ်ဌာနက အခု ကျဆင်းနေပြီဆိုပေမဲ့ အတိတ်မှာတော့ ပညာရပ် တစ်ရာကို ကျွမ်းကျင်ပိုင်နိုင်တဲ့ သူတော်စင် တစ်ပါး ပေါ်ထွန်းခဲ့ဖူးတယ်”

ချူဖုန်းက ထိုနေရာ၌ ခဏရပ်လိုက်ပြီး ဆက်ပြောသည်။ “ဒါပေမဲ့ ခြွင်းချက်တစ်ခု ရှိတယ်။ ချက်ပြုတ်ခြင်းနဲ့ ပတ်သက်လာရင် သူတော်စင်တစ်ပိုင်းအဆင့် တစ်ပါးပဲ ပေါ်ထွန်းခဲ့ဖူးတယ်”

ဝမ်ပေါင်လဲ့သည် စိတ်လှုပ်ရှားနေသော နှလုံးသားဖြင့် နားထောင်နေပြီး ဘာပြောရမှန်း မသိသဖြင့် ဆရာကို စိုးရိမ်ပူပန်စွာသာ စိုက်ကြည့်နေမိသည်။

“အခု...”

ချူဖုန်း၏ အကြည့်က ဝမ်ပေါင်လဲ့အပေါ် ကျရောက်သွားသည်။ “ပညာရပ် တစ်ရာ ကျွမ်းကျင်တဲ့ သူတော်စင်ရဲ့ အမွေအနှစ်ကို ပြီးပြည့်စုံအောင် လုပ်ရမဲ့ တာဝန်က မင်းရဲ့ ပခုံးပေါ် ကျရောက်လာပြီ”

“ဗျာ”

ဝမ်ပေါင်လဲ့က မှင်တက်သွားသည်။ “ဆရာ... ကျွန်တော် တကယ် လုပ်နိုင်ပါ့မလား”

ချူဖုန်းသည် လေးနက်စွာ ပြော၏။ “ပေါင်လဲ့... ဒါကို ကောင်းကောင်း မှတ်ထားပါ။ ယောကျ်ားစစ်စစ်တစ်ယောက်က မလုပ်နိုင်ဘူးလို့ ဘယ်တော့မှ မပြောရဘူး”

ဝမ်ပေါင်လဲ့သည် သူ့ဆရာ၏ ရုတ်တရက် လေးနက်သွားမှုကြောင့် အံ့အားသင့်သွားပြီး ကြောင်စိစိမျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။

“မနေ့ညက ငါ သူတော်စင်တစ်ပိုင်းရဲ့ အမွေအနှစ်ကို လေ့လာခဲ့တယ်။ ပြီးတော့ ချက်ပြုတ်ခြင်းပညာရပ်နဲ့ပတ်သက်တဲ့ ငါ့ရဲ့ ကိုယ်ပိုင် နားလည်သဘောပေါက်မှုတွေနဲ့ ပေါင်းစပ်ပြီး မင်းအတွက် သီးသန့် ကျင့်ကြံခြင်း နည်းစနစ်တစ်ခု ဖန်တီးလိုက်တယ်”

ထိုသို့ပြောပြီးနောက် ချူဖုန်းက စာအုပ်ကို ဝမ်ပေါင်လဲ့အား ပေးလိုက်သည်။

ဝမ်ပေါင်လဲ့သည် စာအုပ်ကို ရတနာတစ်ခုကဲ့သို့ ဂရုတစိုက် ကိုင်တွယ်ကာ ယူလိုက်သည်။ သူ ပထမဆုံး မြင်လိုက်ရသည့်အရာမှာ ခေါင်းစဉ်ဖြစ်သည်။ ‘ရေခဲနှင့်မီးလျှံ အင်မော်တယ်စားဖိုမှူး’

သူသည် အထဲက အကြောင်းအရာများကို အာရုံစိုက်ပြီး စတင် ဖတ်ရှုလိုက်သည်။

ချူဖုန်းက ပြောလိုက်သည်။ “ဒီကျင့်စဉ်ကို အိမ်ပြန်ယူသွားပြီး ဖတ်ကြည့်။ နားမလည်တာ ရှိရင် ပြန်လာမေး။ ဒီနေ့ကစပြီး ငါးရက်ကြာရင် ငါ မင်းကို မီးဖိုချောင်ထဲ ကိုယ်တိုင် ခေါ်သွားပေးမယ်”

ဝမ်ပေါင်လဲ့က ဝမ်းမြောက်စွာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဆရာ”

ချင်းချင်းက ဘာမှ မပြောသော်လည်း ချူဖုန်းသည် သူမ၏ အတွေးများကို ဖောက်ထွင်းမြင်နေရသည်။

“မင်း သူတော်စင်တစ်ပိုင်းရဲ့ ချက်ပြုတ်ရေး အမွေအနှစ်ကို လေ့လာချင်ရင် စာကြည့်တိုက်မှာ သွားရှာလို့ရတယ်”

“ဟုတ်ကဲ့ပါ”

ချင်းချင်းက ခေါင်းအသာ ညိတ်လိုက်သည်။ မနက်ဖြန် သူမ ကျင့်ကြံပြီးလျှင် သူတော်စင်တစ်ပိုင်း၏ အမွေအနှစ်ကို သွားရောက် စစ်ဆေးကြည့်ရှုရန် စိတ်ထဲတွင် စဉ်းစားထားပြီးသား ဖြစ်သည်။

မည်သည့်‌အထွေအထူးရည်ရွယ်ချက်ဟူ၍ မရှိပေ။ ဟင်းပွဲများကို ယခင်ကထက်ပို၍ အရသာရှိစွာချက်ပြုတ်ချင်၍ပင်။

…

ဝမ်ပေါင်လဲ့သည် ဆရာ ရေးသားထားသော ရေခဲနှင့်မီးလျှံ အင်မော်တယ်စားဖိုမှူး စာအုပ်နှင့်အတူ သူ၏ခြံဝင်းသို့ ပြန်လာခဲ့သည်။

မျက်နှာသစ်ပြီးနောက် ဖယောင်းတိုင်မီးရောင်ဖြင့် ၎င်းကို ဂရုတစိုက် လေ့လာလိုက်သည်။

အစားချစ်သူတစ်ဦးအနေဖြင့် သူသည် အကြောင်းအရာများ၏ ဆွဲဆောင်မှုကို ချက်ချင်း ခံလိုက်ရသည်။

ရေခဲနှင့်မီးလျှံ အင်မော်တယ်စားဖိုမှူး၏ အခြေခံနည်းစနစ်သည် သာမန် ဓာတ်ကြီးငါးပါး နည်းစနစ် မျှသာ ဖြစ်သည်။

သို့သော် အတွင်းထဲ၌ ဖော်ပြထားသော နည်းစနစ်များနှင့် ဓားကိုင်နည်းအချို့မှာမူ သာမန်နှင့် အလှမ်းဝေးကွာလှသည်။

အရေးကြီးဆုံး အချက်မှာ ဤနည်းစနစ်များကို လေ့ကျင့်ရန် အန္တရာယ်ရှိသော မည်သည့်အရာမှ မလိုအပ်ဘဲ ပါဝင်ပစ္စည်းများကို အသုံးပြု၍ လေ့ကျင့်နိုင်ခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့ အိပ်ငိုက်လာချိန်တွင် မနက်စောစောပင် ရောက်နေပြီ ဖြစ်သည်။ သူက စာအုပ်ကို မလိုလားစွာ ဘေးဖယ်ထားလိုက်ပြီး ရေရွတ်လိုက်သည်။ “ဆရာက တကယ် အံ့မခန်းပဲ။ ကျင့်ကြံခြင်းကို ချက်ပြုတ်ရေးပညာရပ်ထဲ ပြီးပြည့်စုံအောင် ပေါင်းစပ်နိုင်တယ်”

“ငါ ကြိုးကြိုးစားစား လုပ်ပြီး ချက်ပြုတ်ခြင်းတာအိုကို သက်သေပြဖို့အတွက် စားဖိုမှူးကြီး တစ်ယောက် မဟုတ်သေးဘူး။ ချက်ပြုတ်ရေး သူတော်စင် တစ်ယောက် ဖြစ်လာရမယ်”

ငါးရက်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

ထိုနေ့တွင် ချူဖုန်းသည် ဝမ်ပေါင်လဲ့ကို မီးဖိုချောင်ထဲ ခေါ်သွားရန်အတွက် စောစောထခဲ့သည်။

“မင်္ဂလာနံနက်ခင်းပါ ဆရာ”

ဝမ်ပေါင်လဲ့သည် ဆရာ မီးဖိုချောင်ထဲ ရောက်နှင့်နေပြီ ဖြစ်သည်ကို မြင်သောအခါ အံ့ဩသွားပုံ ရသည်။

ချူဖုန်းက ပြောလိုက်သည်။ “အင်း... မင်း ရောက်လာပြီဆိုတော့ စကြတာပေါ့။ စားဖိုမှူးတိုင်းက အလုပ်သင် ဘဝကနေ စကြတာချည်းပဲ။ မင်းရဲ့ ကျင့်ကြံခြင်း အတွက်ကတော့ ဓာတ်ကြီးငါးပါး နည်းစနစ်ကိုပဲ လေ့ကျင့်ပါ။ ဒီနေ့ ပထမဆုံး သင်ခန်းစာကဝောာ့ ငါ မင်းကို ဓားကိုင်နည်းတွေ သင်ပေးမယ်”

ဝမ်ပေါင်လဲ့သည် အစာကောက်နေသော ကြက်ပေါက်လေးကဲ့သို့ ခေါင်းကို လျင်မြန်စွာ ညိတ်လိုက်ပြီး ချူဖုန်းကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

All Chapters