← Chapters

စစ်မှန်တဲ့ ယောကျ်ားတစ်ယောက်ပဲ သူ့ကို အမြန်ဆုံးအဆုံးသတ်ပေးလိုက်

Vol. 8 Ch. 75

စစ်မှန်တဲ့ ယောကျ်ားတစ်ယောက်ပဲ သူ့ကို အမြန်ဆုံးအဆုံးသတ်ပေးလိုက်

Vol. 8 Ch. 75

တိတ်ဆိတ်ခြင်း။

ဂူအပြင်ဘက်တွင် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဖူး... ဟားဟားဟား...

ကြီးကြပ်ရေးမှူးကိုးသည် ဗိုက်ကိုနှိပ်ကာ ရယ်မောလိုက်သည်။ သူ့၏ စူးရှရှ ရယ်သံသည် ရောဂါပိုးသယ်ဆောင်လာသည့်အလား တာ့ယန် မြင့်မြတ်နယ်မြေ၏ တပည့်တိုင်းကို ကူးစက်သွားတော့သည်။

တပည့်အားလုံးက လိုက်ရယ်မောကြသည်။

တောင်တန်းများကြား၌ ခဏတာတော့ ရယ်မောသံများ ပဲ့တင်ထပ်သွားသည်။

ပတ်ဝန်းကျင်ရှိ နတ်ဆိုးသားရဲများပင် ထိုအသံကို ကြားပြီး ခေါင်းယမ်းမိကြသည်။

ချူဖုန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အပြင်ဘက်ရှိ လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ချင်းချင်းအပေါ်သို့ အာရုံစိုက်လိုက်သည်။

ချင်းချင်း၏ တစ်ကိုယ်လုံး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်ကို မြင်သောအခါ ဤကောင်မလေး ပေါက်ကွဲထွက်တော့မည်ကို သိလိုက်သည်။

သူကလည်း ဤအခွင့်အရေးကိုသုံးပြီး သူမ၏ မကြာသေးမီက လေ့ကျင့်မှု ရလဒ်များကို ကြည့်ရှုနိုင်သည်။

သို့သော် သူ့ကို စိတ်ဝင်စားစေဆုံး အရာမှာ တာ့ယန် မြင့်မြတ်နယ်မြေမှ လူများက ချင်းချင်းကို အချိန်တိုအတွင်း မည်သို့ ခြေရာခံမိသွားသနည်း ဆိုသည့် အချက်ဖြစ်သည်။

သူက သူမ၏ စွမ်းရည်ကို ကြည့်ပြီးမှ အသက်ရှင်ကျန်ရစ်သူ တစ်ဦးကို ဖမ်းဆီးပြီး မေးမြန်းရန် စီစဉ်လိုက်သည်။

ချင်းချင်းသည် တာ့ယန် မြင့်မြတ်နယ်မြေမှ တပည့်များ၏ ရယ်မောသံကို လျစ်လျူရှုပြီး သူမ၏ ဇီသာကြိုးများကို ညင်သာစွာ တီးခတ်လိုက်သည်။

တောင်... တောင်...

သာယာနာပျော်ဖွယ် ဂီတသံစဉ်တစ်ခု ထွက်ပေါ်လာသည်။

ဇီသာသံကို ကြားလိုက်ရသောအခါ တာ့ယန် မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများသည် ရယ်မောနေခြင်းကို ချက်ချင်း ရပ်တန့်လိုက်ကြသည်။

သူတို့ တစ်ယောက်ချင်းစီသည် ချင်းချင်းကို လှောင်ပြောင်သော အမူအရာများဖြင့် စိုက်ကြည့်နေကြလျက် မည်သည့်လှည့်ကွက် ထုတ်သုံးမည်နည်းဆိုတာ သိချင်နေကြသည်။

သို့သော် အသက်ရှူချိန် အနည်းငယ်အတွင်း တာ့ယန် မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများသည် ဇီသာက ဖန်တီးလိုက်သော စိတ်ကူးယဉ် အိပ်မက်ထဲသို့ ကျရောက်သွားကြသည်။

ငိုကြွေးအော်ဟစ်သံများကြားတွင် သူတို့သည် လက်နက်များကို ဆွဲထုတ်ပြီး အချင်းချင်း စတင် သတ်ဖြတ်ကြတော့သည်။

အမွှေးတိုင်တစ်တိုင် မကုန်ဆုံးသေးသည့် အချိန်အတွင်းမှာပင်။

အပြင်ဘက်ရှိ လူအုပ်စုထဲတွင် ကြီးကြပ်ရေးမှူးကိုး တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

ထိုအချိန်တွင် သူသည် ဂီတက ဖန်တီးလိုက်သော စိတ်ကူးယဉ် အိပ်မက်ထဲမှ သတိပြန်လည်လာခဲ့ပြီ ဖြစ်သည်။

သွေးများ ပေကျံလျက် မျက်နှာက ဖြူဖျော့တုန်ယီလျက် သူက လက်နက်ကိုင်ဆောင်ထားရင်း ရှေ့မှ မြင်ကွင်းကို ကြောက်ရွံ့တုန်လှုပ်စွာ စိုက်ကြည့်ကာ ရေရွတ်လိုက်မိသည်။

“မင်း... မင်း ဘာလုပ်လိုက်တာလဲ”

တောင်...

ချင်းချင်းက အမြင့်သံစဉ်တစ်သံတည်းဖြင့် တုံ့ပြန်လိုက်ရာ အသံလှိုင်းနှင့်အတူ သတ်ဖြတ်လိုစိတ် လှိုင်းလုံးကြီးပါ လိမ့်ပါလာသည်။

ချလွင်။

ကြီးကြပ်ရေးမှူးကိုးသည် တိုက်ခိုက်မှုကို ကာကွယ်ရန် ဓားကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။

ချင်းချင်း၏ လက်ချောင်းများသည် ဇီသာကြိုးများကို ပိုမို မြန်ဆန်စွာ တီးခတ်လာသည်။

မရေမတွက်နိုင်သော အသံလှိုင်းများသည် အရပ်မျက်နှာ အသီးသီးမှ ဝင်ရောက် တိုက်ခိုက်လာသည်။

“တောက်လောင်နေသော နေမင်း ပိုင်းဖြတ်ချက်”

ကြီးကြပ်ရေးမှူးကိုးက ပေါ့ဆရဲခြင်း မရှိပေ။ သူက ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။

မီးရောင်တောက်နေသည့် ပိုင်းဖြတ်ချက်တစ်ခုက ညအမှောင်ထုကို ထိုးခွဲသွားသည်။

၎င်းသည် မရေမတွက်နိုင်သော အသံလှိုင်းများကိုလည်း ခွဲဖြာပစ်လိုက်သည်။

မီးတောက်နေသည့် ဓားချက်သည် ချင်းချင်းဆီသို့ ပြင်းထန်စွာ ဝင်ရောက်လာသည်။

ချူဖုန်းက ၎င်းကို မြင်သောအခါ လက်ချောင်းတစ်ချောင်းဖြင့် ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်သည်။

ချလွင်။

သူ၏ လက်ချောင်းထိပ်မှ ဓားစွမ်းအင် အလင်းတန်းတစ်ခုထွက်လာသည်။

၎င်းသည် ဓားအရှိန်အဝါကို အလွယ်တကူ ထိုးဖောက်သွားပြီး တချိန်တည်းမှာပင် ကြီးကြပ်ရေးမှူးကိုး၏ ဒန်တျန်းကိုပါ ထိုးဖောက်သွားသည်။

ဖူး...

ကြီးကြပ်ရေးမှူးကိုးက သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

‘နောက်ထပ် ကျွမ်းကျင်သူ တစ်ယောက် ရှိနေသေးတာပဲ’

သူ၏စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားပြီး နောက်ဆုံးကျန်ရှိသော အင်အားကို အသုံးပြုကာ ထွက်ပြေးရန် ရည်ရွယ်ချက်ဖြင့် နေရာရွှေ့ပြောင်းခြင်း အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။

သူ အသက်သွင်းရန် ပြင်လိုက်စဉ်မှာပင် လက်ကြီးတစ်ဖက်က အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး သူ့ကို ဖမ်းဆုပ်ကာ မလှုပ်မယှက် ဖြစ်သွားစေသည်ကို ခံစားလိုက်ရသည်။

ဂူအတွင်း၌

ချူဖုန်းသည် ပေါ့ပေါ့ပါးပါး လက်လှမ်းလိုက်ပြီး ကြီးကြပ်ရေးမှူးကိုးကို ဂူထဲသို့ ဆွဲသွင်းလိုက်သည်။

ဘုန်း။

ကြီးကြပ်ရေးမှူးကိုးက အသံအက်ကြီးဖြင့် ညည်းညူရင်း သတိလစ်သွားသည်။

ချူဖုန်းသည် သူ့ကိုယ်ပေါ်မှ သိုလှောင်အိတ်ကို ပေါ့ပေါ့ပါးပါး ဖြုတ်ယူလိုက်သည်။

“ချင်းအာ... အပြင်က ရတဲ့ ပစ္စည်းတွေ အကုန်လုံး သွားယူလိုက်... ပြီးမှ ဒီကောင့်ကို စစ်ဆေးမေးမြန်းကြတာပေါ့”

“ဟုတ်ကဲ့ပါ”

ထိုသို့ပြောပြီးနောက် ချင်းချင်းက ဂူထဲမှ ပျောက်ကွယ်သွားသည်။

မကြာမီ သူမသည် သိုလှောင်အိတ် အပုံလိုက် သယ်ဆောင်ပြီး ပြန်ရောက်လာသည်။

“ဆရာ... ရန်သူတွေရဲ့ သိုလှောင်အိတ်တွေ အကုန်လုံး ဒီမှာပါ”

ချူဖုန်းက ပြုံးလိုက်ပြီး ပြောသည်။ “ဒါတွေက မင်းရဲ့ တိုက်ပွဲကို နိုင်လို့ရတဲ့ပစ္စည်းတွေပဲ...မင်းဘာသာ သိမ်းထားလိုက်”

“ကျေးဇူးတင်ပါတယ် ဆရာ”

ချင်းချင်းသည် ရန်သူများကို သတ်ဖြတ်ခဲ့ရသည့်အတွက် မသက်မသာ ဖြစ်သည့်လက္ခဏာ လုံးဝ မပြသပေ။

အတိတ်တုန်းက တာ့ယန် မြင့်မြတ်နယ်မြေမှ ရန်သူများနှင့် ရင်ဆိုင်ရတိုင်း သူမ လုပ်နိုင်သည်မှာ ထွက်ပြေးဖို့သာ ရှိခဲ့သည်။

ယနေ့ သူမ လွတ်လပ်စွာ သတ်ဖြတ်နိုင်ခဲ့သည့်အတွက် ရင်ထဲတွင် မျိုးသိပ်ထားခဲ့ရသော ဒေါသများ အတော်လေး လျော့ပါးသွားခဲ့သည်။

ထိုအခိုက် ချူဖုန်းက လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။

ကြီးကြပ်ရေးမှူးကိုးက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ ဒဏ်ရာများ မသက်သာသေးသည့်အပြင် ပြင်ပလောက၌ မည်သည့်အရာများ ဖြစ်ပျက်သွားသနည်း ဆိုသည်ကို နားမလည်နိုင် ဖြစ်နေသည်။

သူတို့သည် ချင်းချင်းကို ဝိုင်းရံထားခဲ့သော်လည်း နောက်ဆုံးတွင် လူတိုင်း အသတ်ခံလိုက်ရသည်ကိုသာ စောင့်ကြည့်ခဲ့ရသည်။

စိတ်ကူးယဉ် အိပ်မက် ပျောက်ကွယ်သွားသောအခါ သူ၏အဖွဲ့တစ်ခုလုံး သုတ်သင်ခံလိုက်ရပြီ ဖြစ်သည်။

“အခု ငါတို့ ကောင်းကောင်း စကားပြောကြမလား”

လှောင်ပြောင်နေသည့် အသံတစ်သံက ကြီးကြပ်ရေးမှူးကိုး၏နားထဲတွင် ထွက်ပေါ်လာသည်။

သူသည် နေရာရွှေ့ပြောင်းခြင်း အဆောင်ကို ချေမှုန်းရန် ကြိုးစားလိုက်သော်လည်း သူ့လက်ထဲတွင် ဘာမှ မရှိသည်ကို တွေ့လိုက်ရသည်။

သဘာဝကျကျပင် ဤလှုပ်ရှားမှုလေးသည် ချူဖုန်း၏ မျက်လုံးများမှ မလွတ်ပေ။ သူက နေရာရွှေ့ပြောင်းခြင်း အဆောင်ကို ကြီးကြပ်ရေးမှူး၏ မျက်နှာရှေ့တွင် ယမ်းပြလိုက်ပြီး ပြောသည် “မင်း ဒါကို ရှာနေတာလား”

ကြီးကြပ်ရေးမှူးကိုးသည် လူငယ်လေး၏လက်ထဲမှ အဆောင်ကို စိုက်ကြည့်နေပြီး သူ၏နှလုံးသားက အေးစက်သွားသည်။

‘ငါ ဒီနေ့ ဒီနေရာမှာ တကယ်ပဲ သေရတော့မှာလား’

‘ငါ မသေချင်သေးဘူး’

သူက အံကြိတ်ပြီး ပြောလိုက်သည်။ “မင်းက ဘယ်သူမလို့ တာ့ယန် မြင့်မြတ်နယ်မြေရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်ရဲတာလဲ... မင်းရဲ့ မျိုးနွယ်စု တစ်ခုလုံး အသတ်ခံရမှာ မကြောက်ဘူးလား”

“ဟမ့်”

ချူဖုန်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ “ဒီလိုအချိန်မှာတောင် မင်းက တာ့ယန် မြင့်မြတ်နယ်မြေနဲ့ ငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတုန်းလား...ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူအဆင့်နဲ့ မင်းက တာ့ယန် မြင့်မြတ်နယ်မြေကို ကိုယ်စားမပြုနိုင်ဘူး”

“မင်းရဲ့ သခင်တောင်မှ ဝမ်တောက်ကျောင်းတော်ကိုရန်ပြုနိုင်မှာ မဟုတ်ဘူး”

“မင်း... မင်းက ဝမ်တောက်ကျောင်းတော်ရဲ့ အကြီးအကဲလား”

ကြီးကြပ်ရေးမှူးကိုးက မှင်တက်စွာ မေးလိုက်သည်။

ချင်းချင်းက ဝမ်တောက်ကျောင်းတော် အကြီးအကဲ တစ်ယောက်၏ဘေးနားတွင် မည်သို့ ရှိနေသည်လဲ ဆိုတာ စဉ်းစားမရ ဖြစ်နေသည်။

ချူဖုန်းက ပြောလိုက်သည် “ငါက နာမည်ရင်းနဲ့ပဲ လှုပ်ရှားတတ်တယ်...ငါက ဝမ်တောက်ကျောင်းတော်ရဲ့ ဌာနမှူး ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ ချူဖုန်းပဲ”

“ချူ... မဖြစ်နိုင်ဘူး မင်းက ချူဖုန်း မဖြစ်နိုင်ဘူး သောင်းပြောင်းပညာရပ်ဌာနမှူး ချူဖုန်းက သာမန်လူသား တစ်ယောက် ဖြစ်ရမှာလေ”

ကြီးကြပ်ရေးမှူးကိုးက ဗလုံးဗထွေး ပြောဆိုလိုက်သည်။

ဝမ်တောက်မြို့က သူလျှိုများသည် ဝမ်တောက်ကျောင်းတော်တွင် ရှိသော ချင်းချင်း၏ အခြေအနေကို သေချာစွာ စုံစမ်းထားသည်။

သူမ ဝင်ရောက်ခဲ့သော သောင်းပြောင်းပညာရပ်ဌာနသည် ပျက်စီးလုနီးပါး ဖြစ်နေသော ဌာနတစ်ခု ဖြစ်ပြီး ၎င်း၏ ဌာနမှူးသည် သာမန်လူသား တစ်ဦး ဖြစ်သည်ဟု သတင်းရထား၏။

သို့သော် သူ သတိမလစ်ခင်လေးတွင် ခံစားလိုက်ရသော ပြင်းထန်လှသည့် အင်အားသည် တာ့ယန် မြင့်မြတ်နယ်မြေရှိ မည်သည့် အကြီးအကဲထက်မဆို ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။

“အဲဒါက မင်း စိတ်ပူစရာ မလိုဘူး”

ချူဖုန်းသည် လှောင်ပြောင်လိုဟန်ဖြင့် ပြောလိုက်သည်။ “အခု ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်... ပထမတစ်ခုက မင်း ချင်းအာကို ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရှာတွေ့ခဲ့လဲ ဆိုတာ ရိုးရိုးသားသား ဝန်ခံပါ... ဒါဆိုရင် ငါ မင်းကို သက်သက်သာသာ ပေးသေလိုက်မယ်....”

“ဒုတိယတစ်ခုကတော့ မင်း ပြောလာတဲ့အထိ နှိပ်စက်ပေးမယ်”

“ဟက်”

ကြီးကြပ်ရေးမှူးကိုးသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “မင်းကို ပြောပြလိုက်လို့ ဘာဖြစ်သွားမှာမလို့လဲ... အဲဒီကောင်မလေးက ငါတို့ တာ့ယန် မြင့်မြတ်နယ်မြေရဲ့ အမှတ်အသား အလုပ်ခံထားရတာ ကြာပြီ...ကမ္ဘာ့အဆုံးထိ ထွက်ပြေးရင်တောင် ငါတို့ ခြေရာခံနိုင်တယ်”

ချူဖုန်းသည် နှာခေါင်းရှုံ့လိုက်သည်။ “ အပို တွေပြောနေပြန်ပြီလား...ဒါဆို သူ ဝမ်တောက်မြို့မှာ နေခဲ့တဲ့ ဒီနှစ်တွေအတွင်း မင်းတို့ တာ့ယန် မြင့်မြတ်နယ်မြေက ဘာလို့ မလှုပ်ရှားတာလဲ”

ကြီးကြပ်ရေးမှူးကိုးက အေးခဲသွားသည်။ သူ လှုပ်ရှားချင်ခဲ့သော်လည်း မွှေးရနံ့စင်မြင့်ကို စောင့်ကြပ်နေသော စိတ်ဝိညာဉ်ပြည့်အင့်ခြင်း တစ်ဝက်အဆင့် ကျွမ်းကျင်သူ တစ်ဦး ရှိနေခဲ့သည်။

ထိုနေရာမှ လူတစ်ယောက်ကို လုယူရန် ကြိုးစားခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းသာ ဖြစ်လိမ့်မည်။

သူမကို ရွေးဖို့ လူ လွှတ်ပြီး ကြိုးစားခဲ့ဖူးပေမဲ့ ထိုကောင်မလေးက သူတို့ကို အခွင့်အရေးမပေးခဲ့ပေ။

နောက်ဆုံးတွင် သူက ပြောလိုက်သည်။ “ငါ မင်းကို အဖြေပေးပြီးပြီ...ငါ့ကို သတ်လိုက်တော့”

“ယောကျ်ားကောင်းတစ်ယောက်ပဲ...ငါက အဲလိုလူတွေဆိုလေးစားတယ်”

ချူဖုန်းက သူ့ကို ချီးကျူးလိုက်သည်။

၎င်းကို ကြားလိုက်ရသောအခါ ကြီးကြပ်ရေးမှူးကိုး၏ နှလုံးသားထဲတွင် မျှော်လင့်ချက် ရောင်ခြည်လေးများ တောက်ပလာသည်။

‘သူ ငါ့ကို လွှတ်ပေးဖို့ စီစဉ်နေတာများလား’

သို့သော် ချူဖုန်း၏ လေသံက ပြောင်းလဲသွားသည်။

“ချင်းအာ... ဒီလူကို အမြန်ဆုံးကိစ္စဖြတ်ပေးလိုက်...”

ကြီးကြပ်ရေးမှူးကိုးက တုန်ယင်သွားသည်။

‘ငါ ဘာလို့ မင်းပြောတဲ့စကားကို အတည်ယူမိလိုက်တာပါလိမ့်’

All Chapters