← Chapters

ပြင်းထန်တာအို နတ်ဘုရားလက်သီးက ကောင်းပါတယ်၊ ဒါပေမဲ့ ငါ့ ပုံစံနဲ့ မလိုက်ဘူး

Vol. 8 Ch. 80

ပြင်းထန်တာအို နတ်ဘုရားလက်သီးက ကောင်းပါတယ်၊ ဒါပေမဲ့ ငါ့ ပုံစံနဲ့ မလိုက်ဘူး

Vol. 8 Ch. 80

ချူဖုန်းသည် သူ့နောက်မှ လိုက်ပါလာသော အမြီးလေးကို သတိထားမိလိုက်သည်။

သို့သော် သူ၏ ခြေလှမ်းကိုမရပ်တန့်ဘဲ ရှေ့ဆက် လျှောက်သွားသည်။

ခဏအကြာတွင် တောင်နောက်ဘက်သို့ ရောက်ရှိလာသည်။

ချင်းချင်း ကျင့်ကြံနေသည်ကို မြင်သောအခါ သူသည် အခြားတောင်ထိပ်တစ်ခုဆီသို့ လှည့်ထွက်သွားလိုက်သည်။

ချူဖုန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သောင်းပြောင်းပညာရပ်ဌာန၏ သစ်ပင်ပန်းမန်များမှာ အလွန် လှပနေသည်ကို တွေ့လိုက်ရသည်။

အကယ်၍ သူသာ လက်သီးဖြင့် ထိုးလိုက်ပါက အပင်များ အားလုံး ပျက်စီးသွားပေလိမ့်မည်။

ထို့ကြောင့် သူသည် ကောင်းကင်ယံဆီသို့သာ ထိုးရန် ရွေးချယ်လိုက်သည်။

ဤလက်သီးချက်တွင် ကျင့်ကြံခြင်း နှစ်သုံးရာကျော်၏ စွမ်းအားများ ပါဝင်နေသည်။

သူ၏လက်သီး ထွက်သွားသည်နှင့် လက်သီးအင်အားတစ်ခုက တိမ်တိုက်များဆီသို့ တန်းတန်းမတ်မတ် ပျံတက်သွားသည်။

ဝုန်း။

မိုးခြိမ်းသံကဲ့သို့ လက်သီးထိုးသံကြီးက ဝမ်တောက်ကျောင်းတော် ကောင်းကင်ယံထက်တွင် ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသည့် လက်သီးဆန္ဒသည် ခဏတာသာ ထွက်ပေါ်လာသော်လည်း ကျွမ်းကျင်သူ အများအပြားကို တုန်လှုပ်သွားစေသည်။

ခန္ဓာကိုယ်ကျင့်ကြံခြင်းဌာန ဌာနမှူး “ဘယ်သူ ထိုးလိုက်တာလဲ”

ဝမ်တောက်ကျောင်းတော် ကျောင်းအုပ်ကြီး “ငါတို့ ဝမ်တောက်ကျောင်းတော်မှာ နောက်ထပ် တပည့်တစ်ယောက် လက်သီးဆန္ဒကို ကျွမ်းကျင်သွားပြီပဲ”

မနက်ခင်း လေ့ကျင့်နေသည့် တပည့်တစ်ဦး “အသံက ကျယ်လှချည်ပါလားဟ”

သောင်းပြောင်းပညာရပ်ဌာန အတွင်း၌။

လမင်းကို ငေးမောရင်း ကျင့်ကြံနေသည့် ချင်းချင်းသည် လက်သီးချက်ကြောင့် သူမ၏မျက်လုံးထဲမှ လရောင်မှာ ပျောက်ကွယ်သွားသဖြင့် တုန်လှုပ်သွားသည်။

သူမ၏ နတ်ဘုရားအာရုံဖြင့် ကြည့်လိုက်ရာ ထိုလက်သီးချက်ကို ဆရာ ထိုးလိုက်မှန်း သိသွားသည်။

သို့သော် အတုန်လှုပ်ဆုံးသူမှာ ဝတုတ်လေး ဝမ်ပေါင်လဲ့ ဖြစ်သည်။

ဆရာ့လက်သီးချက်ကို ကြည့်ရင်း ရုတ်တရက် ဝမ်ပေါင်လဲ့၏ စိတ်ထဲ အတွေးတစ်ခု ပေါ်လာသည်။ ‘ငါလည်း သင်ချင်လိုက်တာ’

သို့သော် သူက ထိုအတွေးကို အလျင်အမြန် ဖယ်ရှားလိုက်သည်။ ‘မဖြစ်ဘူး... လောဘမကြီးနဲ့ ငါက ချက်ပြုတ်ခြင်းတာအိုကို ရွေးချယ်ပြီးပြီ... စိတ်က ယိမ်းယိုင်သွားလို့မရဘူး’

ချူဖုန်းသည် ကောင်းကင်ယံ၌ ပျောက်ကွယ်သွားသော လက်သီးအင်အားကို ငေးကြည့်ရင်း ရေရွတ်လိုက်သည်။ “ပြင်းထန်တာအို နတ်ဘုရားလက်သီးက အတော်လေး ပြင်းထန်တယ်... ဓားတစ်သောင်းတို့အပြန် နည်းစနစ်ထက် မနိမ့်ကျဘူး”

သူ လက်သီးကို ပြန်ရုတ်သိမ်းလိုက်ပြီး ပြင်းထန်တာအို နတ်ဘုရားလက်သီး၌ ဟန်ပန်နေသည်ဟု ခံစားမိသွားသည်။

ယောကျ်ားစစ်စစ်တစ်ယောက်သည် ပြင်းထန်ပြီး သန်မာသင့်သည်မှာ မှန်သော်လည်း ဤကဲ့သို့သော နည်းစနစ်မျိုးသည် တာ့ချန်ကဲ့သို့ လူနှင့်သာ ပိုမို သင့်တော်သည်။

သူ့အတွက်မူ သူကဆရာသခင် တစ်ဦး ဖြစ်သည့်အတွက် အင်အားက အရေးကြီးသလို အထာကျဖို့ကလည်း အရေးကြီးသည်။

၎င်းကို တွေးမိပြီး သူ၏အတိတ်ဘဝက ပုံရိပ်တစ်ခု စိတ်ထဲတွင် ပေါ်လာသည်။

‘ထိုက်ချီလက်သီး’

ချက်ချင်းဆိုသလိုပင် သူသည် ခြေကွက်ပြင်လိုက်ပြီး ထိုက်ချီလက်သီးသိုင်းကို စတင် လေ့ကျင့်လိုက်သည်။

ရွှမ်ထျန်းတိုက်ကြီးသို့ ရောက်ရှိလာကတည်းက ချူဖုန်းသည် နေ့စဉ် ထိုက်ချီ ကစားခဲ့သည်။ အတိတ်ဘဝက သူဖတ်ခဲ့ဖူးသော ကူးပြောင်းလာသည့် ဝတ္ထုများထဲက ဇာတ်လိုက်များကဲ့သို့ ၎င်းမှတစ်ဆင့် တာအိုကို နားလည်သဘောပေါက်ရန် မျှော်လင့်ခဲ့သည်။

ကံဆိုးစွာဖြင့် တစ်နှစ်ပတ်လုံး လေ့ကျင့်ပြီးနောက် လုံးဝ အသုံးမဝင်ခဲ့သဖြင့် လက်လျှော့လိုက်သည်။

သို့သော် ထိုက်ချီ၏ လှုပ်ရှားမှုနှင့် ကိုယ်ဟန်အနေအထား တိုင်းကို ရှင်းလင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။

ယခု ပြန်လည် လေ့ကျင့်သောအခါ စိမ်းသက်နေသည်ဟု လုံးဝ မခံစားရပေ။

ယခင်နှင့်မတူဘဲ ယခု ချူဖုန်းသည် အထွတ်အထိပ် လက်သီးဆန္ဒကို ပိုင်ဆိုင်ထားပြီး နှစ်သုံးရာကျော် ကျင့်ကြံခြင်း ရှိနေပြီ ဖြစ်သည်။

သူ၏ ထိုက်ချီ လေ့ကျင့်မှုသည် အားစိုက်ထုတ်ရခြင်း မရှိဘဲ လှုပ်ရှားမှုတိုင်းက နက်နဲပြီး သိမ်မွေ့သော ခံစားမှုကို ဆောင်ကြဉ်းပေးသည်။

မိုးမြေ၏ ယင်နှင့်ယန်၊ ဓာတ်ကြီးငါးပါးတာအို တို့သည် သူ၏လက်သီးနှင့် ခြေထောက်များကြား စီးဆင်းနေသကဲ့သို့ ဖြစ်သည်။

မသိလိုက်ပါဘဲ ချူဖုန်းသည် သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာလောကနှင့် ပေါင်းစပ်သွားသည်။ တစ်မိုင်ပတ်လည်အတွင်း ယင်၊ ယန် နှင့် ဓာတ်ကြီးငါးပါး စွမ်းအင် အားလုံးသည် သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်သွားသည်။

မနီးမဝေးတွင် စောင့်ကြည့်နေသော ဝမ်ပေါင်လဲ့သည်လည်း လောကကြီး၏ အပြောင်းအလဲများကို သတိထားမိလိုက်သည်။

ဆရာ၏ လှုပ်ရှားမှုတိုင်းသည် ဝမ်ပေါင်လဲ့၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်နေတော့သည်။

ဝမ်ပေါင်လဲ့သည် မနေနိုင်တော့ဘဲ ဆရာ၏ လှုပ်ရှားမှုများကို လိုက်လံတုပလာသည်။

ကျင့်ကြံနေသော ချင်းချင်းသည်လည်း လောကကြီး၏ အပြောင်းအလဲများကို သတိထားမိလိုက်သည်။

သူမ၏ ကမ္ဘာပျက်မျက်ဝန်းသည် အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်ပြီး ၎င်းတို့၏ အနှစ်သာရကို ခွဲခြားသိမြင်နိုင်စွမ်း ရှိသည်။

တာအိုစွမ်းအားများသည် နေရာတစ်နေရာတည်းသို့ အဆုံးအစမဲ့စွာ စီးဆင်းနေသည်ကို မြင်လိုက်ရသဖြင့် သူမက ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။

ဆရာ လက်သီးကစားနေသည်ကို မြင်သောအခါ ချင်းချင်းသည် အံ့ဩသွားတော့၏။

“ဆရာက ဘယ်လို နတ်ဘုရား နည်းစနစ်ကို ကျင့်ကြံနေတာလဲ”

ဝမ်ပေါင်လဲ့နှင့်မတူဘဲ သူမသည် ချူဖုန်းအနားတွင် လည်ပတ်နေသော ယင်၊ ယန် နှင့် ဓာတ်ကြီးငါးပါးတို့ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ထိုစွမ်းအားများသည် နောက်ဆုံးတွင် အဖြူနှင့် အနက် ပုံရိပ်တစ်ခုအဖြစ် ပေါင်းစပ်သွားကြသည်။

သူမသည် ၎င်းပုံစံကို တစ်ခါမှ မမြင်ဖူးပေ။

ထိုပုံရိပ်အတွင်း၌ ပြိုင်ဘက်ကင်းစွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။

ထိုစွမ်းအား၏ သဘောသဘာဝကို သူမ နားလည်ချင်သော်လည်း အံ့သြစရာကောင်းလောက်အောင်ပင် သူမ၏ ကမ္ဘာပျက်မျက်ဝန်း သည် ဖြတ်မမြင်နိုင်ပေ။

ဝမ်တောက်ကျောင်းတော် အတွင်း၌ ကျင့်ကြံသူ အများအပြားသည် ကောင်းကင်နှင့် မြေကြီးကြားရှိ စိတ်ဝိညာဉ်စွမ်းအင်များ နေရာတစ်နေရာတည်းသို့ စုဝေးနေသည်ကို အာရုံခံမိလိုက်ကြသည်။

သို့သော် မည်သူကမျှ သွားရောက် စုံစမ်းစစ်ဆေးရန် ရည်ရွယ်ချက် မရှိကြပေ။ ဘာပဲဖြစ်ဖြစ် ကျောင်းတော်တွင် ကျွမ်းကျင်သူများ ပြည့်နှက်နေသည်။

စီနီယာအစ်ကို သို့မဟုတ် ဂိုဏ်းတူဦးလေး တစ်ယောက်ယောက် ကျင့်ကြံနေပြီး အဆင့်တက်ရန် ပြင်ဆင်နေသဖြင့် ထိုကဲ့သို့သော ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာခြင်း ဖြစ်တန်ရာသည်။

ချူဖုန်းသည် ပြင်ပမှ လှုပ်ရှားမှုများကို သတိမထားမိဘဲ ထိုက်ချီလက်သီးသိုင်း လေ့ကျင့်ခြင်းကို အဆုံးသတ်လိုက်သည်။

သူသည် လုံးဝ လန်းဆန်းသွားပြီး တီးတိုး ရေရွတ်လိုက်မိသည်။”နေလို့ကောင်းလိုက်တာ”

တချိန်တည်းမှာပင် ချင်းချင်းနှင့် ဝမ်ပေါင်လဲ့ နှစ်ဦးစလုံးသည် ကြောင်အစွာ ကြည့်နေကြသည်။

‘ဆရာ... ဘာလို့ ခဏလေးပဲ လေ့ကျင့်ရတာလဲ’

သဘာဝကျကျပင် ချူဖုန်းသည် သူ့တပည့်နှစ်ဦး၏ အကြည့်ကို သတိထားမိလိုက်သည်။

“ဒီကို လာခဲ့ကြ”

“ဟုတ်ကဲ့”

သူတို့နှစ်ဦးလုံး တညီတညွတ်တည်း ပြန်ထူးလိုက်ပြီး ချူဖုန်းရှေ့တွင် လျင်မြန်စွာ ပေါ်လာကြသည်။

“ဆရာ... စောနက ဘာနည်းစနစ်ကို လေ့ကျင့်နေတာလဲ” ဝမ်ပေါင်လဲ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ချူဖုန်းက ပြုံးလိုက်ပြီး ပြောသည်။ “ခုနက ငါ ထိုက်ချီလက်သီးသိုင်းကို လေ့ကျင့်နေတာကွဲ့”

“ထိုက်ချီလက်သီးသိုင်းလား”

ချင်းချင်းနှင့် ဝမ်ပေါင်လဲ့တို့သည် ၎င်းကို ကြားပြီးနောက် တုံ့ပြန်ပုံချင်း မတူကြပေ။

ချင်းချင်း၏ မျက်နှာတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေပြီး ဤနည်းစနစ်ကို ကျင့်ကြံခြင်းဖြင့် မဟာတာအိုကို နားလည်သဘောပေါက်ရာ၌ အရှိန်မြှင့်တင်ပေးနိုင်ကြောင်း ဝိုးတဝါး အာရုံခံမိသည်။

ဝမ်ပေါင်လဲ့ကမူ စိတ်လှုပ်ရှားစွာဖြင့် တဲ့တိုး မေးလိုက်သည်။”ဆရာ... ဒီနည်းစနစ်က ယင်ယန်သဟဇာတဖြစ်ခြင်း ထိုက်ချီလက်သိုင်း ကနေ ဆင်းသက်လာတာလား”

“မဟုတ်ဘူး”

ချူဖုန်းက ခေါင်းယမ်းလိုက်သည် “တိတိကျကျ ပြောရရင် ယင်ယန်သဟဇာတဖြစ်ခြင်း ထိုက်ချီလက်ကို ဒီ ထိုက်ချီလက်သီးသိုင်း အပေါ် အခြေခံပြီး တီထွင်ထားတာ...ချက်ပြုတ်ခြင်းတာအိုထဲကို ထိုက်ချီ သဘောတရားတွေ ပေါင်းစပ်ပြီး အံ့သြဖွယ်ကောင်းတဲ့ အရသာတွေ ဖန်တီးပေးနိုင်အောင်ပေါ့...”

၎င်းကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့က အလိုအလျောက် မေးလိုက်သည်။ “ဒါဆို ကျွန်တော်လည်း ဒီ ထိုက်ချီလက်သီးသိုင်းကို သင်လို့ ရမလား”

“သေချာပေါက် ရတာပေါ့”

ချူဖုန်းက ပြောလိုက်သည်။ “မင်းက ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို မချရသေးဘူး... ထိုက်ချီလက်သီးသိုင်းကို သင်ယူတာက မင်းကို ခိုင်မာတဲ့ အခြေခံအုတ်မြစ် တည်ဆောက်တဲ့နေရာမှာ ကူညီပေးလိမ့်မယ်”

၎င်းကို ကြားလိုက်ရသောအခါ ချင်းချင်း၏ မျက်လုံးများထဲတွင် စိတ်ပျက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

“ဆရာ... ဒါဆို ကျွန်မလိုလူက ထိုက်ချီလက်သီးသိုင်း ကို သင်လို့ မရဘူးလို့ ဆိုလိုတာလား”

“သေချာပေါက် မဟုတ်ဘူးပေါ့”

ချူဖုန်းက ပြုံးလျက် ရှင်းပြသည်။”ထိုက်ချီလက်သီးသိုင်းမှာ မဟာတာအိုရဲ့ ယင်၊ ယန် နဲ့ ဓာတ်ကြီးငါးပါး ပါဝင်တယ်... ကျင့်ကြံသူတစ်ယောက်က မကျင့်ကြံနိုင်‌တော့လို့ဖြစ်ဖြစ် နီဗားနားရှင်သန်ခြင်းအဆင့် ကို ရောက်သွားတာပဲဖြစ်ဖြစ် ဘယ်သူမဆို ယင်၊ ယန် နဲ့ ဓာတ်ကြီးငါးပါးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဆင်ခြင်ပြီး ကိုယ်ပိုင်လမ်းစဉ်ကို တည်ဆောက်ချင်ရင် ထိုက်ချီလက်သီးသိုင်းကို သင်ယူနိုင်တယ်”

၎င်းကိုကြားသောအခါ၌ ချင်းချင်း၏ မျက်လုံးများ ကပိုမို တောက်ပလာသည်။ “ဆရာ ကျွန်မလည်း ထိုက်ချီလက်သီးသိုင်းကို သင်ချင်ပါတယ်”

ချူဖုန်းက ပြောလိုက်သည်။ “ပြဿနာ မရှိဘူး... ဒီနေ့ကစပြီး ငါတို့ ထိုက်ချီလက်သီးသိုင်းကို တစ်နေ့ကို တစ်နာရီစီ လေ့ကျင့်ကြမယ်”

“ဟုတ်ကဲ့”

သူတို့နှစ်ဦးသည် အစာကောက်နေသော ကြက်ပေါက်လေးများကဲ့သို့ ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် ချူဖုန်းသည် အခြေခံ ကိုယ်ဟန်အနေအထားမှ စတင်ကာ ကျင့်ကြံခြင်း သဘောတရားများနှင့် ကျင့်စဉ်များဆီသို့ ဆက်လက် ရွေ့လျားရင်း ထိုက်ချီလက်သီးသိုင်း လေ့ကျင့်ရန် စတင် လမ်းညွှန်ပေးလိုက်သည်။

တပည့်နှစ်ဦးသည် အာရုံစိုက် နားထောင်နေကြပြီး စိတ်ဝင်စားစွာ ကျင့်ကြံကြသည်။

သူ့တပည့်နှစ်ဦး မည်မျှ လျင်မြန်စွာ တတ်မြောက်သွားသည်ကို ကြည့်ရင်း ချူဖုန်းသည် မြင့်တက်လာသော နေမင်းကြီးကို တစ်ချက်ကြည့်ကာ ဆက်အိပ် ရန် ခြံဝင်းဆီသို့ ပြန်သွားလိုက်သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်း နှစ်ဝက် ကုန်ဆုံးသွားခဲ့သည်။

ချင်းချင်းနှင့် ဝမ်ပေါင်လဲ့အား ထိုက်ချီလက်သီးသိုင်း သင်ကြားပေးကတည်းက ချူဖုန်းသည် နှစ်ဝက်အတွင်း နေမြင့်သည်အထိ မအိပ်စက်ရတော့ပေ။

သို့သော် သူ၏တပည့်နှစ်ဦး နေ့စဉ်နှင့်အမျှ ပိုမို သန်မာလာသည်ကို ကြည့်ရင်း ချူဖုန်း၏ရင်ထဲတွင် ကျေနပ်မှုကို ခံစားနေရသည်။

လက်ရှိတွင် တပည့်လေးဦးကို ပြုစုပျိုးထောင်ပေးခြင်းမှတစ်ဆင့် ချူဖုန်းသည် ကျင့်ကြံခြင်း နှစ် (၄၀၀) ကျော် ရရှိထားသည်။

ချူဖုန်းကို စိတ်ရှုပ်ထွေးစေသည့် တစ်ခုတည်းသော အရာမှာ ယခု သူ၌ ကျင့်ကြံခြင်း နှစ်(၄၀၀) ကျော် ရှိနေသော်လည်း သူ၏သက်တမ်းသည် နှစ် (၂၀၀)တွင် ရပ်တန့်နေပြီး လုံးဝ မမြင့်မားလာခြင်းပင် ဖြစ်သည်။

‘ဘာလို့လဲဆိုတာ မသိသေးဘူး’

‘ငါ့ရဲ့ ကျင့်ကြံခြင်းက လုံလောက်အောင် မသန်မာသေးလို့များလား’

ချူဖုန်းသည် ဤအတွေးများကို ဘေးဖယ်ထားလိုက်ပြီး အခြားအရာကို တွေးတောလိုက်သည်။’အခုအချိန်ကို ကြည့်ရင် သုံးနှစ်တာ ကတိအတိုင်းဆို ချန်းအာ ပြန်လာဖို့ သိပိမလိုတော့ဘူး..သူ အခု ဘယ်လောက်တောင် သန်မာလာပြီလဲ ဆိုတာ ကြည့်ဖို့ ငါတောင် စိတ်လှုပ်ရှားလာပြီ...’

All Chapters