← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 13 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 13 Ch. 241-242

အပိုင်း(၂၄၁) အရည်အသွေးမှတ်များ ပိုလျှံခြင်းနှင့် မျိုးရိုးဗီဇမြေပုံ

လင်းယွမ်က အရည်အသွေးမှတ်ဇယားမှ အကြည့်လွှဲကာ အောက်ဘက်ရှိ အမှတ်စာရင်းဆီသို့ ကြည့်လိုက်သည်။

သူ့တွင် အမှတ်မည်မျှ ကျန်သေးသည်ကို စစ်ဆေးရန် ပြင်လိုက်စဉ် ရုတ်တရက် သူ၏ အကြည့်တို့က တစ်နေရာ၌ ရပ်တန့်သွား၏။

"ဟင်... ငါ့ရဲ့ သန္ဓေပြောင်းလဲနှုန်းက ပြည့်သွားပြီပဲ"

ရုတ်တရက် လင်းယွမ် သတိထားမိလိုက်သည်မှာ သန္ဓေပြောင်းလဲနှုန်း ကဏ္ဍတွင် သူ၏ သန္ဓေပြောင်းလဲနှုန်းက ၁၀၀% အထိ ရောက်ရှိနေခြင်းပင် ဖြစ်သည်။

သူ အရည်အသွေးမှတ်များ မပေါင်းထည့်မီကတည်းက သန္ဓေပြောင်းလဲနှုန်းမှာ ၉၈% သို့ ရောက်ရှိနေခဲ့ကြောင်းကို လင်းယွမ် ချက်ချင်း သတိရသွားသည်။

ယခု အရည်အသွေးမှတ် ၆၀ တိတိ ထပ်တိုးလိုက်ပြီဖြစ်ရာ ယုတ္တိဗေဒအရဆိုလျှင် ပြည့်သွားရုံသာမက စောစောကတည်းကပင် ပိုလျှံနေသင့်ပြီ ဖြစ်၏။

သို့သော် ယခုအချိန်တွင် သန္ဓေပြောင်းလဲနှုန်းက ၁၀၀% ၌သာ ရပ်တန့်နေပြီး ရှေ့ဆက်မတက်တော့ချေ။

လင်းယွမ်က မျက်နှာပေါ်တွင် သံသယများ အပြည့်ဖြင့် "သန္ဓေပြောင်းလဲနှုန်း ၁၀၀% ပြည့်သွားပြီး ဘာလို့ ဒီမှာပဲ ရပ်နေရတာလဲ... ဘာမှ ဆက်မပြောင်းလဲတော့ဘူးလား" ဟု ရေရွတ်လိုက်သည်။

"သန္ဓေပြောင်းလဲနှုန်း ၁၀၀% ကပဲ အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်နေလို့လား"

တစ်ခုခု မှားယွင်းနေကြောင်း လင်းယွမ်၏ ပင်ကိုယ်အသိစိတ်က ခံစားမိနေ၏။

အဓိက အရည်အသွေးကြီး လေးခုကို အမှတ်ပေါင်းထည့်၍ ရနေသေးသော်လည်း အဘယ်ကြောင့် သန္ဓေပြောင်းလဲနှုန်းက ပြည့်သွားရသနည်း။

လင်းယွမ်က သေချာစွာ လေ့လာဆန်းစစ်နေရင်းမှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ စနစ်၏ သတိပေးချက်များဆီသို့ အမြန်ကြည့်လိုက်သည်။

စောစောက စနစ်၏ သတိပေးသံများ အဆက်မပြတ် မြည်နေခဲ့သဖြင့် သူက လျစ်လျူရှုထားခဲ့မိခြင်း ဖြစ်သည်။

"သန္ဓေပြောင်းလဲနှုန်း ၁၀၀% ပြည့်သွားတာကို စနစ်က သတိမပေးဘဲ မနေလောက်ဘူး"

လင်းယွမ်က သတိပေးချက် မျက်နှာပြင်ဆီသို့ အမြန်ကြည့်လိုက်ရာ နောက်ဆုံးတွင် မှတ်တမ်းဝင်နေသော သတိပေးချက်များကို တွေ့လိုက်ရ၏။

[ဒင်... သင်၏ သန္ဓေပြောင်းလဲနှုန်းသည် ၁၀၀% သို့ ရောက်ရှိသွားပါပြီ။ သင့် အစွမ်းမှာ "ဆင့်ကဲပြောင်းလဲခြင်း" ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မျိုးရိုးဗီဇကို အလိုအလျောက် ချိန်ညှိနေပါသည်...]

[ဒင်... မျိုးရိုးဗီဇ အလိုအလျောက် ချိန်ညှိရွေးချယ်မှု အောင်မြင်ပါသည်။ "ဆင့်ကဲပြောင်းလဲခြင်း" ၏ နောက်ဆက်တွဲ မျိုးရိုးဗီဇမြေပုံအဖြစ် "အသွင်ပြောင်းမျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမြေပုံ" ကို အတည်ပြုသတ်မှတ်ပါမည်။ လက်ခံပါသလား]

ဤအချက်အလက် နှစ်ခုစလုံးမှာ အနီရောင်ဖြင့် လင်းလက်နေခဲ့သော်လည်း လင်းယွမ်က ယခင်က သတိမပြုမိခဲ့ချေ။ ယခုကြည့်လိုက်သောအခါမှ အလွန်ထင်ရှားနေကြောင်း တွေ့ရသည်။

အချက်အလက်များကို မြင်လိုက်ရသောအခါ လင်းယွမ်၏ ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွား၏။

"မျိုးရိုးဗီဇမြေပုံတဲ့လား"

"သန္ဓေပြောင်းလဲနှုန်း ၁၀၀% ပြည့်သွားတာနဲ့... ကိုယ့်ရဲ့အစွမ်းပေါ် မူတည်ပြီး ဆင့်ကဲပြောင်းလဲမယ့် လမ်းကြောင်းကို အလိုအလျောက် ချိန်ညှိပေးရင်း မျိုးရိုးဗီဇမြေပုံကို နိုးထလာအောင် ရွေးချယ်ပေးတာများလား"

လင်းယွမ်၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ပေါ်လာသည်။

ဆင့်ကဲပြောင်းလဲခြင်း အစွမ်းက သူ့အတွက် အလွန်အထောက်အကူ ပြုခဲ့၏။ နောက်ဆက်တွဲ မျိုးရိုးဗီဇမြေပုံဆိုလျှင်လည်း သူ့အတွက် အလွန်အသုံးဝင်လိမ့်မည်ဟု သူ ခံစားမိသည်။

လင်းယွမ်က အကြိမ်ကြိမ် စဉ်းစားပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မျိုးရိုးဗီဇ၏ အလိုအလျောက် ရွေးချယ်မှုကိုသာ လိုက်နာရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ချက်ချင်းပင် သူက တုံ့ဆိုင်းသွားကာ...

"နေဦး... အခုချက်ချင်း မျိုးရိုးဗီဇမြေပုံကို ရွေးချယ်လိုက်ရင်... အရည်အသွေးမှတ်တွေ ဆက်ပေါင်းထည့်လို့မရတာမျိုး ဖြစ်သွားနိုင်မလား" ဟု တွေးလိုက်မိ၏။

လင်းယွမ်က တိတ်ဆိတ်သွားပြီး ခဏမျှ စဉ်းစားပြီးနောက် လောလောဆယ်တွင် မျိုးရိုးဗီဇမြေပုံကို မရွေးချယ်သေးရန် ဆုံးဖြတ်လိုက်သည်။

"ငါ့ဆီမှာ အမှတ်တွေ အများကြီး ကျန်နေသေးတာပဲ... အရည်အသွေးမှတ်တွေကို အရင်မြှင့်တင်ပြီးမှ မျိုးရိုးဗီဇမြေပုံကို ရွေးကြည့်တာ ပိုကောင်းမယ်"

ထိုသို့တွေးမိသည်နှင့် လင်းယွမ်က ဘာမှထပ်မပြောတော့ဘဲ စနစ်ကို ချက်ချင်း ခေါ်လိုက်သည်။

"စနစ်... ကံစမ်းမဲ ဆက်နှိုက်မယ်... သတ်မှတ် အရည်အသွေးမှတ် ကံစမ်းမဲ အကြိမ် ၅၀ နှိုက်မယ်"

ဤတစ်ကြိမ်တွင်မူ လင်းယွမ်က အမှတ် ၅၀၀၀၀ ကို တိုက်ရိုက်အသုံးပြုကာ အရည်အသွေးမှတ် ၅၀ ကို ကံစမ်းလိုက်ခြင်း ဖြစ်သည်။

[ဒင်... ဂုဏ်ယူပါတယ်... သင် ခွန်အား ၁ မှတ် မဲပေါက်သွားပါသည်]

[ဒင်... ဂုဏ်ယူပါတယ်... သင် ခွန်အား ၁ မှတ် မဲပေါက်သွားပါသည်]

……

အရည်အသွေးမှတ် ၅၀ ကံစမ်းမှု ပြီးဆုံးသွားသောအခါ လင်းယွမ်က ကံစမ်းမဲရလဒ်ကို ချက်ချင်း ကြည့်လိုက်သည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှု ၁၂ မှတ်၊ ခွန်အား ၁၁ မှတ်၊ အလျင် ၁၅ မှတ်၊ စိတ်စွမ်းအင် ၇ မှတ်၊ ဘုံအရည်အသွေးမှတ်များ ၅ မှတ်။

လင်းယွမ် ရလဒ်များကို စစ်ဆေးနေစဉ် ရုတ်တရက် သူ့နားထဲသို့ စနစ်၏ သတိပေးသံများ ထပ်မံ ထွက်ပေါ်လာ၏။

[ဒင်... သင်၏ အလျင်ကို ဆက်လက် မြှင့်တင်၍ မရတော့ပါ။]

[ဒင်... သင်၏ စိတ်စွမ်းအင်ကို ဆက်လက် မြှင့်တင်၍ မရတော့ပါ။]

[ဒင်... အလျင် ၄.၈ မှတ် ပိုလျှံနေပါသည်။ ကျေးဇူးပြု၍ မျိုးရိုးဗီဇမြေပုံကို အမြန်ဆုံး ရွေးချယ်ပါ။ သို့မဟုတ်ပါက ဆက်လက်မြှင့်တင်နိုင်မည် မဟုတ်ပါ။]

[ဒင်... စိတ်စွမ်းအင် ၆.၃ မှတ် ပိုလျှံနေပါသည်။ ကျေးဇူးပြု၍ မျိုးရိုးဗီဇမြေပုံကို အမြန်ဆုံး ရွေးချယ်ပါ။ သို့မဟုတ်ပါက ဆက်လက်မြှင့်တင်နိုင်မည် မဟုတ်ပါ။]

လင်းယွမ် တစ်ယောက် ကြက်သေသေသွားရသည်။ သူက မိမိ၏ အရည်အသွေးမှတ်ပြဇယားဆီသို့ အမြန်ကြည့်လိုက်၏။

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၄၈.၈

ခွန်အား - ၄၈.၉

အလျင် - ၅၀ (၄.၈ ပိုလျှံနေသည်)

စိတ်စွမ်းအင် - ၅၀ (၆.၃ ပိုလျှံနေသည်)

ဘုံအရည်အသွေးမှတ်များ - ၁၇

……

အရည်အသွေးမှတ်ပြဇယားကို ကြည့်ရင်း လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။

"အမှတ် ၅၀ က ကန့်သတ်ချက်လား... ထပ်ပေါင်းထည့်လို့ မရတော့ဘူးလား"

"မျိုးရိုးဗီဇမြေပုံကို ရွေးချယ်ပြီးမှပဲ ဆက်ပြီး အမှတ်ပေါင်းထည့်လို့ ရတော့မှာလား"

"ဘာဖြစ်လို့လဲ"

လင်းယွမ်က နားမလည်နိုင်အောင် သံသယဖြစ်သွား၏။ သူက ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ခွန်အားကို ကြည့်လိုက်သည်။ အမှတ် ၅၀ မပြည့်သေးသော်လည်း ပြည့်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။

လင်းယွမ်က ကံစမ်းမဲ ထပ်မနှိုက်တော့ဘဲ ခဏမျှ စဉ်းစားပြီးနောက် ဘုံအရည်အသွေးမှတ် ၂ မှတ်ကို အသုံးပြုကာ ထိုနှစ်ခုစလုံးကို အမှတ်ပြည့်သွားအောင် ပေါင်းထည့်လိုက်သည်။

[ဒင်... ခန္ဓာကိုယ်ကြံ့ခိုင်မှု ဝ.၂ မှတ် ပိုလျှံနေပါသည်။ ကျေးဇူးပြု၍ မျိုးရိုးဗီဇမြေပုံကို အမြန်ဆုံး ရွေးချယ်ပါ။ သို့မဟုတ်ပါက ဆက်လက်မြှင့်တင်နိုင်မည် မဟုတ်ပါ။]

[ဒင်... ခွန်အား ဝ.၁ မှတ် ပိုလျှံနေပါသည်။ ကျေးဇူးပြု၍ မျိုးရိုးဗီဇမြေပုံကို အမြန်ဆုံး ရွေးချယ်ပါ။ သို့မဟုတ်ပါက ဆက်လက်မြှင့်တင်နိုင်မည် မဟုတ်ပါ။]

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ ထင်ထားသည့်အတိုင်း အခြားအရည်အသွေး နှစ်ခုကလည်း ကန့်သတ်ချက်သို့ ရောက်သွားပြီ ဖြစ်၏။

မျိုးရိုးဗီဇမြေပုံကို မရွေးချယ်ပါက ဆက်လက်၍ အမှတ်ပေါင်းထည့်နိုင်မည့်ပုံ မပေါ်ပေ။

ယခုအချိန်တွင် လင်းယွမ်က သူ၏ ခန္ဓာကိုယ် အခြေအနေမှာ ပြီးပြည့်စုံသွားပြီဟု ခံစားနေရ၏။

ခွန်အားဖြစ်စေ၊ အလျင်ဖြစ်စေ၊ စိတ်စွမ်းအင်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြစ်စေ ယခင်က မကြုံဖူးလောက်အောင် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

လင်းယွမ်က အနည်းငယ် စဉ်းစားဆင်ခြင်ပြီးနောက် နောက်ဆုံးတွင် တိုက်ရိုက်ပင် ပြောလိုက်သည်။

"စနစ်... မျိုးရိုးဗီဇမြေပုံကို ရွေးချယ်မယ်"

[ဒင်... သင်၏ အစွမ်းမှာ "ဆင့်ကဲပြောင်းလဲခြင်း" ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အကောင်းဆုံး မျိုးရိုးဗီဇမြေပုံကို စိစစ်ရွေးချယ်နေပါသည်...]

[ဒင်... အကောင်းဆုံး မျိုးရိုးဗီဇမြေပုံအဖြစ် "အသွင်ပြောင်းမျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမြေပုံ" ကို အတည်ပြုသတ်မှတ်ပါမည်။ သေချာပါသလား]

လင်းယွမ်က တုံ့ဆိုင်းမနေဘဲ ချက်ချင်းဆိုလိုက်သည်။ "သေချာတယ်"

[ဒင်... မျိုးရိုးဗီဇမြေပုံကို အတည်ပြုနေပါသည်...]

[ဒင်... အတည်ပြုခြင်း မအောင်မြင်ပါ။ မျိုးရိုးဗီဇမျိုးစေ့ကို ရှာမတွေ့ပါ။ ကျေးဇူးပြု၍ မျိုးရိုးဗီဇမျိုးစေ့ကို အရင်ဆုံး ပေါင်းစပ်ပါ]

လင်းယွမ် တစ်ယောက် ကြောင်အမ်းသွားကာ "မျိုးရိုးဗီဇမျိုးစေ့... အဲဒါ ဘာကြီးလဲ" ဟု မေးလိုက်သည်။

[ဒင်... မျိုးရိုးဗီဇမြေပုံကို ပေါင်းစပ်ရန် သက်ဆိုင်ရာ မူလမျိုးရိုးဗီဇမျိုးစေ့ လိုအပ်ပါသည်။ ကျေးဇူးပြု၍ အသွင်ပြောင်းမျောက်ဝံမိစ္ဆာ၏ မျိုးရိုးဗီဇမျိုးစေ့ကို အရင်ရယူပါ]

လင်းယွမ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ မျိုးရိုးဗီဇမြေပုံကို ပေါင်းစပ်ရန် မျိုးရိုးဗီဇမျိုးစေ့ဆိုသည်ကို လိုအပ်လိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။

သူက "မျိုးရိုးဗီဇမျိုးစေ့ကို ကံစမ်းဖို့ အမှတ် ဘယ်လောက် လိုလဲ" ဟု ချက်ချင်း မေးလိုက်သည်။

[ဒင်... မျိုးရိုးဗီဇမျိုးစေ့ ကံစမ်းမဲသည် အမှတ်တစ်သန်းတန် ကံစမ်းမဲဘီးမှ ဆုမဲဖြစ်ပါသည်။ အမှတ် မလုံလောက်သဖြင့် ကံစမ်း၍ မရနိုင်ပါ။]

လင်းယွမ်၏ မျက်နှာက ချက်ချင်း မှုန်ကုပ်သွားသည်။ ထိုမျိုးရိုးဗီဇမျိုးစေ့ဆိုသည်က အမှတ်တစ်သန်းတန် ကံစမ်းမဲဘီးထဲမှ ဆုမဲဖြစ်နေသည်တဲ့လား။

သူက ခဏမျှ တိတ်ဆိတ်သွား၏။ အမှတ်တစ်သန်းဆိုသည်မှာ အချိန်တိုအတွင်း သူ ဘယ်လိုမှ စုဆောင်းနိုင်မည် မဟုတ်ချေ။

"နေဦး... ငါတောင် ဒီမျိုးရိုးဗီဇမျိုးစေ့ဆိုတာကို ကံစမ်းလို့ မရဘူးဆိုရင် တခြား အစွမ်းပိုင်ရှင်တွေ ဒီအဆင့်ကို ရောက်လာရင် ဘယ်လိုလုပ်ကြမလဲ"

လင်းယွမ်က မျက်မှောင်ကြုတ်ကာ အနည်းငယ် သံသယဝင်သွားသည်။ ယခုအချိန်အထိ မျိုးရိုးဗီဇမျိုးစေ့ ဆိုသည်ကို သူ တစ်ခါမှပင် မကြားဖူးသေးရာ ရယူရန်ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်၏။

"ဒီရေလွှမ်းမိုးမှုကြီးထဲမှာ မျိုးရိုးဗီဇမျိုးစေ့ဆိုတာ ရှိနေနိုင်တယ်... ငါ မကြားဖူးသေးတာက ရှာမတွေ့သေးလို့ပဲ ဖြစ်ရမယ်"

လင်းယွမ်က သူ၏ ရင်ထဲမှ သံသယများကို ယာယီ ဖိနှိပ်ထားလိုက်ရသည်။ လောလောဆယ် အခြေအနေအရဆိုလျှင် သူ၏ လက်ရှိ အရည်အသွေး အသီးသီးက သာမန် အစွမ်းပိုင်ရှင်များကြားတွင် အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီဟု ဆိုနိုင်၏။

လင်းယွမ်က သူ၏ ကျန်ရှိနေသေးသော အမှတ်များကို တစ်ချက်ကြည့်လိုက်သည်။

စောစောက အမှတ် ၆၀၀၀၀ သုံးပြီး အကြိမ် ၆၀ ကံစမ်းခဲ့သလို နောက်ထပ်လည်း အမှတ် ၅၀၀၀၀ သုံးကာ အရည်အသွေးမှတ်ကို အကြိမ် ၅၀ ကံစမ်းခဲ့သည်။

စုစုပေါင်း အမှတ် ၁၁၀၀၀၀ သုံးစွဲခဲ့ပြီး ယခုအခါ အမှတ် ၂၅၁၃၄၂ မှတ် ကျန်ရှိနေသေး၏။

"အမှတ် နှစ်သိန်းခွဲဆိုတော့ တခြားပစ္စည်းတွေ အများကြီး ထပ်ကံစမ်းလို့ ရသေးတာပဲ"

လင်းယွမ်က စိတ်ထဲတွင် ဝမ်းသာသွားကာ ဆက်လက် ကံစမ်းရန် ပြင်လိုက်သည်။

ရုတ်တရက် ဧည့်ခန်းထဲမှ ခြေသံများ ထွက်ပေါ်လာသဖြင့် လင်းယွမ်၏ အတွေးများ ချက်ချင်း ပြတ်တောက်သွား၏။

စဉ်းစားကြည့်လျင်... ယခုက မနက် နှစ်နာရီကျော် အချိန်ဖြစ်ရာ ဤအချိန်ကြီးတွင် မည်သူက သူ၏ အိမ်ဧည့်ခန်းထဲသို့ ရောက်နေရသနည်း။

လင်းယွမ်က သတိအနေအထားဖြစ်သွားပြီး ဘောင်းဘီကို အမြန်ဆွဲတင်ကာ တံခါးအနောက်ဘက်သို့ ကိုယ်ကို ကပ်ရပ်လိုက်သည်။ ထိုအချိန်တွင် ရေချိုးခန်းတံခါးက ချလပ်ခနဲ ပွင့်လာ၏။

ဝင်လာသူက မီးမဖွင့်ဘဲ တံခါးကို အလွယ်တကူ ပြန်ပိတ်လိုက်ကာ ညဝတ်ဘောင်းဘီကို ချွတ်ပြီး အိမ်သာခွက်ပေါ်သို့ ထိုင်ချလိုက်သည်။ ထို့နောက် ရေစီးဆင်းသံ တစ်ချက် ထွက်ပေါ်လာ၏။

အမျိုးသမီးက အိပ်မှုန်စုံမွှားဖြင့် တစ်သျှူးယူရန် လက်လှမ်းလိုက်သော်လည်း အတော်ကြာသည်အထိ စက္ကူကို စမ်းမမိသဖြင့် ရုတ်တရက် အနည်းငယ် မျက်စိကျယ်သွားသည်။ သူမက လက်ဆေးကန်ဘေးရှိ စားပွဲတင်မီးအိမ်လေးကို မသိစိတ်ဖြင့် လှမ်းနှိပ်လိုက်၏။

လင်းယွမ်က အစကတည်းက ဂူထဲရှိ အခန်းတိုင်းတွင် အလင်းရောင်ရစေရန် ဧည့်ခန်းကို သန္ဓေပြောင်း နေကြာပန်းများဖြင့် အလင်းပေးထားသည့်အပြင် အခြားအခန်းတိုင်းတွင်လည်း စားပွဲတင်မီးအိမ်များကို ထားရှိပေးထားခဲ့သည်။

ကလစ်ခနဲ အသံနှင့်အတူ စားပွဲတင်မီးအိမ်လေး လင်းထိန်လာ၏။ တံခါးနောက်တွင် ရပ်နေသော လင်းယွမ်၏ ကိုယ်လုံးမှာ တိုက်ရိုက်ပင် ပုန်းကွယ်စရာ နေရာမရှိတော့ချေ။

ဆုန့်ဝမ် တစ်ယောက် ချက်ချင်း ကြောင်အမ်းသွားကာ လင်းယွမ်ကို အကြောင်သား စိုက်ကြည့်နေမိသည်။

လင်းယွမ်က မျက်နှာပေါ်တွင် ရှက်ရွံ့နေသည့် အမူအရာဖြင့် သူ၏ လက်ထဲမှ အိမ်သာသုံးစက္ကူလိပ်ကို မသိစိတ်ဖြင့် လှမ်းပေးလိုက်၏။

"ဟို... ငါ့ဆီမှာ"

"အ..."

ဆုန့်ဝမ်က မသိစိတ်ဖြင့် အော်ဟစ်ရန် ပြင်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် သူမ၏ ပါးစပ်ကို သူမကိုယ်တိုင် ပြန်အုပ်လိုက်သည်။

ထိုအခါမှ သူမ သတိဝင်လာ၏။ ဒါက လင်းယွမ်လေ။ ဒီနေရာက လင်းယွမ်ရဲ့ အိမ်လေ။ အခုလို အော်လိုက်ရင် အားလုံး နိုးလာပြီး မျက်နှာပျက်စရာ ဖြစ်မသွားဘူးလား။

လင်းယွမ်လည်း လန့်သွားကာ အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး တိုးညင်းသောအသံဖြင့် "မအော်နဲ့... မအော်နဲ့... ငါလည်း အိမ်သာတက်ဖို့ လာတာ" ဟု ပြောလိုက်သည်။

ဆုန့်ဝမ်၏ မျက်နှာက နီရဲသွားပြီး "ရှင်... ရှင် အိမ်သာတက်တာ ဘာလို့ မီးမဖွင့်ရတာလဲ" ဟု မေးလိုက်၏။

လင်းယွမ်က သက်ပြင်းချကာ "နင်လည်း မီးမဖွင့်ဘူးလေ" ဟု ပြန်ဖြေလိုက်သည်။

ဆုန့်ဝမ်က "ကျွန်မက လျှပ်စစ်မီး ချွေတာဖို့ အကျင့်ပါနေလို့ မသိစိတ်နဲ့ မီးမဖွင့်လိုက်မိတာ" ဟု အမြန် ပြောလိုက်သည်။

လက်ရှိတွင် လျှပ်စစ်မီး အရင်းအမြစ်က ရှားပါးနေသဖြင့် စားပွဲတင်မီးအိမ်ကဲ့သို့သော ပစ္စည်းများအားလုံးကို မလိုအပ်ဘဲနှင့် မည်သူမျှ မီးဖွင့်လေ့ မရှိကြချေ။

သို့သော် ထိုအကျင့်လေးကြောင့်ပင် ယခုကဲ့သို့ အလွဲအချော်ကြီး ဖြစ်သွားရသည်။ လင်းယွမ်ကလည်း မျက်နှာပူပူဖြင့် "ငါလည်း အကျင့်ပါနေလို့ပါ" ဟု ပြောလိုက်၏။

"ရှင်... ရှင် မသွားသေးဘူးလား" ဆုန့်ဝမ်က မျက်နှာလေး နီမြန်းစွာဖြင့် မနေနိုင်တော့ဘဲ အမြန် ထွက်သွားရန် တိုက်တွန်းလိုက်သည်။

လင်းယွမ်က သူမ၏ ဖြူဖွေးချောမွေ့နေသော ခြေတံရှည်ကြီးများကို မသိစိတ်ဖြင့် တစ်ချက် ကြည့်လိုက်မိ၏။

သူမ၏ ပန်းရောင် ညဝတ်ဘောင်းဘီလေးမှာ ဒူးခေါင်းအထိ လျှောကျနေပြီး အတွင်းခံဘောင်းဘီမှာမူ ဆွဲဆောင်မှုရှိသော ဇာပန်းနားကွပ် တြိဂံပုံ အတွင်းခံလေး ဖြစ်နေသည်။

"အစ်ကိုလင်းယွမ်"

ဆုန့်ဝမ်က သူ၏ အကြည့်များကို သတိထားမိသွားရာ ချက်ချင်းပင် ရှက်ဒေါသထွက်ကာ သူမ၏ ခြေတံများနှင့် ဘောင်းဘီကို ဖုံးကွယ်လိုက်သည်။

လင်းယွမ်က "အာ... ငါသွားပြီ... အခုပဲ သွားတော့မယ်နော်" ဟု အမြန် ပြောလိုက်၏။ သူက ရေချိုးခန်းတံခါးကို အမြန်ဆွဲဖွင့်ကာ အပြင်သို့ အမြန် လစ်ထွက်သွားတော့သည်။

ဆုန့်ဝမ်၏ မျက်နှာလေးမှာ ရဲတွတ်နေပြီး ရှက်လွန်းသဖြင့် အိမ်သာခွက်ထဲသို့ပင် ဝင်ပုန်းချင်စိတ် ပေါက်သွားရ၏။

အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ သူမက တစ်သျှူးကို အမြန် လိုက်ရှာလိုက်သည်။

သို့သော် တစ်ပတ်လည်အောင် ရှာကြည့်လိုက်မှ လင်းယွမ်က ကပျာကယာ ထွက်ပြေးသွားရင်း အိမ်သာသုံးစက္ကူလိပ်ကိုပါ ယူသွားကြောင်း တွေ့လိုက်ရ၏။

သူမမှာ ငိုရခက် ရယ်ရခက် ဖြစ်သွားကာ တိုးညင်းသောအသံဖြင့် "အစ်ကိုလင်းယွမ်" ဟုသာ ခေါ်လိုက်ရသည်။

လင်းယွမ်က အဝေးသို့ ထွက်မသွားသေးဘဲ အိမ်သာတံခါးအပြင်ဘက်တွင်သာ ရှိနေသေး၏။

ဆုန့်ဝမ်၏ ခေါ်သံကို ကြားလိုက်ရသဖြင့် သူက တိုးညင်းသောအသံဖြင့် "ငါ ရှိတယ်... ဘာဖြစ်လို့လဲ" ဟု အမြန် မေးလိုက်သည်။

"တစ်သျှူးပေးဦး"

လင်းယွမ် ကြောင်အမ်းသွားပြီး ထိုအခါမှ တစ်သျှူးလိပ်ကို သူ ယူထွက်လာမိကြောင်း သတိထားမိသွားသည်။ သူက တံခါးကို အမြန်တွန်းဖွင့်ကာ သူမထံသို့ တစ်သျှူးလိပ်ကို လက်ကမ်းပေးလိုက်၏။

ဆုန့်ဝမ်က တစ်သျှူးလိပ်ကို လှမ်းယူလိုက်ပြီး လင်းယွမ်က တံခါးကို အမြန် ပြန်ပိတ်လိုက်သည်။ သူ၏ ရင်ထဲတွင် သက်ပြင်းချလိုက်မိသော်လည်း ချက်ချင်းပင် ထူးဆန်းသော လှုံ့ဆော်မှု တစ်မျိုးကြောင့် သွေးဆူလာကာ စိတ်ခံစားချက်က တစ်မျိုးဖြစ်လာ၏။

သူ၏ ခေါင်းထဲတွင် တဝေါဝေါ စီးဆင်းသွားသော ရေစီးသံများက အလိုအလျောက် ပေါ်လာနေသည်။

"တောက်... ဒီမြင်ကွင်းက"

သူက ခေါင်းကို အမြန်ခါယမ်းကာ အမှောင်ထဲမှ ဝေဝါးနေသော ပုံရိပ်များကို ခေါင်းထဲမှ ထုတ်ပစ်ရန် ကြိုးစားလိုက်သည်။

ထိုအချိန်တွင် အထဲမှ ရေဆွဲချသံ တစ်ချက် ထွက်ပေါ်လာ၏။ လင်းယွမ် အမြန် သတိဝင်လာချိန်တွင် ရေချိုးခန်း တံခါးပွင့်လာသည်ကို တွေ့လိုက်ရသည်။

ဆုန့်ဝမ် ထွက်လာသည်ကို မြင်လျှင် လင်းယွမ်က တိုးညင်းသောအသံဖြင့် "ဆုန့်ဝမ်... စောစောက" ဟု အမြန် ပြောလိုက်၏။

ဆုန့်ဝမ်၏ မျက်နှာက အလွန်နီရဲနေပြီး သူ၏ စကားကို အမြန် ဖြတ်ပြောလိုက်သည်။ "တော်ပြီ... ဆက်မပြောပါနဲ့တော့... ကျွန်မ... ကျွန်မ အိပ်ချင်ပြီ... ပြန်အိပ်တော့မယ်"

သူမက မျက်နှာချင်းဆိုင်ရှိ အိပ်ခန်းဆီသို့ ကပျာကယာ လျှောက်သွားတော့သည်။

လင်းယွမ် သဘောပေါက်သွား၏။ ဆုန့်ဝမ်၊ တုံယန်တို့က သူ၏ အိမ်တွင် နေထိုင်နေကြခြင်း ဖြစ်သည်။ သူတို့ ဘယ်အချိန် ဖဲဆော့ပြီးသွားလဲတော့ မသိရသော်လည်း ဖဲဆော့ပြီးနောက် မျက်နှာသစ်၊ သွားတိုက်ကာ တခါတည်း အနားယူကြခြင်း ဖြစ်ပေလိမ့်မည်။

လင်းယွမ်မှာ ငိုရခက် ရယ်ရခက် ဖြစ်သွားရ၏။ ဒီကိစ္စက တော်တော် ရှုပ်သွားတာပဲ။

သူက ခေါင်းကို ကုတ်ကာ ခဏမျှ စဉ်းစားပြီးနောက် တိတ်တဆိတ် နောက်မှ လိုက်သွားလိုက်သည်။ ဆုန့်ဝမ်၏ အခန်းတံခါးကို ဖြည်းညင်းစွာ တွန်းကြည့်လိုက်သော်လည်း အတွင်းမှ သော့ချထား၏။

လင်းယွမ်က မျက်လုံးတစ်ချက် ဝေ့ကြည့်ကာ မြေလျှိုးအစွမ်းကို တိုက်ရိုက် အသက်သွင်းလိုက်ပြီး နံရံကိုဖောက်ကာ အိပ်ခန်းထဲသို့ ဝင်သွားတော့သည်။

အိပ်ခန်းထဲတွင် ဆုန့်ဝမ်က တစ်ယောက်တည်း အိပ်နေခြင်း မဟုတ်ဘဲ သူမ၏ ဘေးတွင် နောက်ထပ် မိန်းကလေး တစ်ယောက် ရှိနေကြောင်း တွေ့လိုက်ရ၏။ ထိုသူမှာ တုံယန်ပင် ဖြစ်သည်။

အလှလေး နှစ်ယောက်မှာ တစ်ယောက်က ကြီးပြီး တစ်ယောက်က ငယ်ကာ ယခုအခါ ကုတင်ပေါ်တွင် လှဲလျောင်းနေကြ၏။

သို့သော် တုံယန်က အလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ဆုန့်ဝမ်မှာမူ စောစောက ကိစ္စကြောင့် အိပ်ချင်စိတ် လုံးဝ ပျောက်နေသည်။

သူမက ကုတင်ပေါ်တွင် လှဲလျောင်းရင်း ဂူ၏ မျက်နှာကြက်ကို အကြောင်သား စိုက်ကြည့်နေကာ သူမ၏ မျက်နှာအမူအရာက တစ်ခဏမျှ ရှက်သွေးဖြာသွားလိုက်၊ တစ်ခဏမျှ သက်ပြင်းချလိုက်၊ တစ်ခဏမျှ ဒေါသထွက်သွားလိုက်ဖြင့် အမျိုးမျိုး ပြောင်းလဲနေ၏။

လင်းယွမ်က ဤမြင်ကွင်းကို မြင်သောအခါ တိတ်တဆိတ် လျှောက်လာခဲ့သည်။

"ဘယ်သူလဲ"

ဆုန့်ဝမ်က လန့်ဖျပ်သွားကာ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်၏။

လင်းယွမ်က တိုးညင်းသောအသံဖြင့် "ငါပါ" ဟု ပြောလိုက်သည်။

ဆုန့်ဝမ်က သူမ၏ ပါးစပ်ကို ချက်ချင်း အုပ်လိုက်ကာ ဘေးတွင် အိပ်မောကျနေသော တုံယန်ကို ခေါင်းလှည့်ကြည့်လိုက်၏။

တုံယန် တစ်ယောက် အိပ်မောကျနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရမှ သူမက အနည်းငယ် သက်ပြင်းချလိုက်နိုင်ပြီး မျက်နှာပေါ်တွင် ရှက်သွေးဖြာနေသော နီမြန်းမှုတစ်ခု ပေါ်လာသည်။

သူမက တိုးညင်းသောအသံဖြင့် "အစ်ကိုလင်းယွမ်... ရှင်... ရှင်... ဘယ်လို ဝင်လာတာလဲ" ဟု မေးလိုက်၏။

လင်းယွမ်က တိုးညင်းသောအသံဖြင့် "ငါ့အိမ်ပဲ ငါဝင်လို့ မရဘူးလား... ငါ အဓိက လာတာက နင့်ကို တောင်းပန်ချင်လို့ပါ... နင့်ကို လန့်အောင်လုပ်မိလိုက်တယ်လေ" ဟု ပြန်ပြောလိုက်သည်။

ဆုန့်ဝမ်က ခေါင်းခါကာ "ရပါတယ်" ဟု ပြောလိုက်၏။

စကားပြောနေစဉ်မှာပင် လင်းယွမ်က သူတို့၏ ကုတင်ဘေးရှိ သစ်သားကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်ပြီ ဖြစ်သည်။

သူက တိုးညင်းသောအသံဖြင့် "နင့်အပေါ်ထားတဲ့ ငါ့ရဲ့ သဘောထားကို ပြီးခဲ့တဲ့တစ်ခေါက် ရေတံခွန်ဘက်မှာတုန်းက နင် နားလည်သွားလောက်ပြီ မလား" ဟု မေးလိုက်၏။

ဆုန့်ဝမ်က ချက်ချင်း မျက်နှာတစ်ခုလုံး ရှက်သွေးဖြာသွားကာ "အစ်ကိုလင်းယွမ်... ရှင်... ရှင် ဘာလို့ ဒါတွေ လာပြောနေတာလဲ... ယန်ယန် ရှိနေသေးတယ်လေ" ဟု အမြန် ပြောလိုက်သည်။

လင်းယွမ်က တိုးညင်းသောအသံဖြင့် "နင့်ကို တောင်းပန်ချင်လို့ပါ... အဲဒီတုန်းက ညဘက် လာခဲ့မယ်လို့ ကတိပေးထားပြီးတော့ ငါ ကတိဖျက်မိသွားလို့" ဟု ပြောလိုက်၏။

ဆုန့်ဝမ်က ဘာမှ ပြန်မပြောတော့ဘဲ မျက်နှာလေးမှာ သွေးစက်ကျမတတ် နီရဲနေသည်။

လင်းယွမ်က စောင်ထဲသို့ လက်နှိုက်ကာ သူမ၏ လက်ကို ဆုပ်ကိုင်ပြီး ချစ်စကားအချို့ ပြောရန် ပြင်လိုက်၏။ သို့သော် ဤသို့ စမ်းလိုက်သည့်အခါ ချောမွေ့နူးညံ့နေသော ဒူးကွေးနေရာကို စမ်းမိသွားသည်။

ဆုန့်ဝမ် တစ်ယောက်လုံး လန့်ဖျပ်သွားကာ မသိစိတ်ဖြင့် ခြေထောက်နှစ်ချောင်းကို စေ့လိုက်ပြီး သူ့လက်ကို ညှပ်ထားလိုက်၏။

သူမက အသံကို နှိမ့်ကာ "အစ်ကိုလင်းယွမ်... ရှင်... ရှင့်ကို ကျွန်မ ခွင့်လွှတ်လိုက်ပြီ... မြန်မြန် ပြန်တော့... ယန်ယန်ကို နိုးသွားလိမ့်မယ်" ဟု တိုက်တွန်းလိုက်သည်။

လင်းယွမ်က တံတွေးမြိုချလိုက်ကာ သူမ၏ ဒူးကွေးလေးကို ဖြည်းညင်းစွာ ကုတ်ပေးလိုက်၏။

ချက်ချင်းပင် ထူးဆန်းသော ယားကျိကျိ ခံစားမှုတစ်ခု ဝင်ရောက်လာရာ ဆုန့်ဝမ် တစ်ကိုယ်လုံး တုန်တက်သွားပြီး သူ၏ လက်ကို အမြန် ပြန်လွှတ်ပေးလိုက်သည်။

လင်းယွမ်က အလိုက်သင့် ထရပ်လိုက်ကာ သူမ၏ ပါးပြင်ကို တစ်ချက် နမ်းလိုက်ပြီး တိုးညင်းသောအသံဖြင့် "ဒီရေတွေ ကျသွားတဲ့အခါကျရင်... ငါ နင့်ကို သီးသန့် လာတောင်းပန်မယ်နော်" ဟု ပြောလိုက်၏။

ဆုန့်ဝမ်က နှုတ်ခမ်းကို ကိုက်ကာ သူ့ကို တွန်းလိုက်ပြီး "အင်းပါ... အင်းပါ... ရှင် မြန်မြန် သွားတော့" ဟု ပြောလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ကာ တိုးညင်းသောအသံဖြင့် "တစ်ခါ အနမ်းပေးရင် သွားမယ်" ဟု ပြောလိုက်၏။

ဆုန့်ဝမ်က သူ့ကို ရှက်ဒေါသဖြင့် တစ်ချက် စိုက်ကြည့်လိုက်ပြီး သူ၏ မျက်နှာက ဂျစ်ကန်ကန်ပုံ ပေါက်နေသဖြင့် ဒေါသလည်းထွက် ရယ်လည်း ရယ်ချင်သွားရသည်။

သို့သော်လည်း သူမက သူ၏ မျက်နှာကို အမြန် တစ်ချက် ရွှတ်ခနဲ နမ်းလိုက်ပြီးနောက် တုံယန်ကို စိုးရိမ်တကြီးဖြင့် တစ်ချက် ကြည့်လိုက်၏။

သူမ မနိုးလာကြောင်း တွေ့လိုက်ရမှ "ရပြီ... မြန်မြန် သွားတော့" ဟု အလောတကြီး ပြောလိုက်သည်။

လင်းယွမ်က ကျေနပ်စွာ ပြုံးလိုက်ပြီး တိုးညင်းသောအသံဖြင့် "ဒါဆို ငါ သွားပြီ" ဟု ပြောလိုက်၏။ သူက ထရပ်လိုက်ကာ မြေလျှိုးအစွမ်းကို အသက်သွင်းပြီး အခန်းထဲမှ ထွက်ခွာသွားတော့သည်။

ဆုန့်ဝမ် ကြည့်ရင်း ဆုန့်ဝမ်က သက်ပြင်းချလိုက်နိုင်သော်လည်း တစ်ချိန်တည်းမှာပင် သူ ကိုင်တွယ်သွားသော ဒူးကွေးနေရာလေးက ယခုအချိန်အထိ ယားကျိကျိ ဖြစ်နေဆဲဟု ခံစားရသဖြင့် ခြေထောက်နှစ်ချောင်းကို အချင်းချင်း မနေနိုင်ဘဲ ပွတ်သပ်လိုက်မိ၏။

"အို"

သူမက စောစောက ကိစ္စကို တွေးမိပြီး ချက်ချင်း မနေနိုင်တော့ဘဲ ခေါင်းကို စောင်ထဲ လျှိုသွင်းကာ ခြေထောက်ကို အားကုန် ဆောင့်ကန်လိုက်သည်။

သို့သော် ဤလှုပ်ရှားမှုက အနည်းငယ် ပြင်းထန်သွားသဖြင့် ဘေးတွင်ရှိသော တုံယန်ကို လန့်နိုးသွားစေ၏။

တုံယန်က အိပ်မှုန်စုံမွှားဖြင့် တစ်ဖက်သို့ လှည့်လိုက်ကာ မသိစိတ်ဖြင့် "အမဝမ်... ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။

ဆုန့်ဝမ် လန့်ဖျပ်သွားကာ ဆက်မလှုပ်ရဲတော့ချေ။ ခဏမျှ စောင့်နေပြီးနောက် တုံယန် တစ်ယောက် ပြန်လည် အိပ်မောကျသွားသံကို ကြားလိုက်ရ၏။ ထိုအခါမှ သူမ သက်ပြင်းချနိုင်တော့သည်။

……

လင်းယွမ်က ဆုန့်ဝမ်၏ အခန်းထဲမှ ထွက်လာပြီး ဧည့်ခန်းသို့ ပြန်ရောက်သောအခါ သူ့အတွက် ရေတစ်ခွက် ငှဲ့သောက်လိုက်သည်။

နွေးထွေးသော သန္ဓေပြောင်း နေကြာပန်းက အခန်းတစ်ခုလုံးကို အလင်းပေးထားပြီး လင်းယွမ်က အရည်အသွေးမှတ်ပြဇယားကို ဖွင့်ကာ ကျန်ရှိနေသော အမှတ် နှစ်သိန်းခွဲကို ကြည့်ရင်း စတင် စဉ်းစားခန်း ဝင်လိုက်၏။

"ငါ့ရဲ့ အရည်အသွေးတွေက ကန့်သတ်ချက်အထိ ရောက်သွားပြီဆိုတော့... လောလောဆယ် ဆက်ပြီး အမှတ်ပေါင်းထည့်လို့ မရတော့ဘူး"

"စွမ်းအားတွေကို ဆက်ပြီး မြှင့်တင်ချင်ရင် အစွမ်းတွေ၊ လက်နက်တွေ စတာတွေကို စဉ်းစားဖို့ လိုလာပြီ"

"လောလောဆယ် ငါ့ရဲ့ အစွမ်းတွေက စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း၊ ကြွက်သားပေါက်ကွဲအစွမ်း၊ လိပ်ခွံစွမ်းအင်အကာအကွယ်၊ ကျောက်အကြေးခွံအကာအကွယ်၊ ရုပ်သေးကြိုးမျှင် နဲ့ မြေလျှိုးအစွမ်း တို့ပဲ"

"ဒီအထဲမှာ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း နဲ့ ရုပ်သေးကြိုးမျှင် က စိတ်စွမ်းအင်နဲ့ တိုက်ခိုက်တဲ့ အမျိုးအစားတွေလို့ သတ်မှတ်လို့ရတယ်... ဒါပေမဲ့ ရုပ်သေးကြိုးမျှင် က အစိမ်းရောင်အဆင့် အစွမ်းမို့လို့ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း ထက် ပိုပြီး စွမ်းအားပြင်းတယ်"

"လိပ်ခွံစွမ်းအင်အကာအကွယ် နဲ့ ကျောက်အကြေးခွံအကာအကွယ် က ကာကွယ်ရေးအစွမ်းတွေပဲ... တစ်ခုက စိတ်စွမ်းအင်ကို ကာကွယ်ပေးပြီး နောက်တစ်ခုက ရုပ်ပိုင်းဆိုင်ရာကို ကာကွယ်ပေးတယ်... ပေါင်းစပ်အသုံးပြုမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ တိုက်ကွက်တွေကိုပါ တစ်ပြိုင်နက်တည်း ကာကွယ်ပေးနိုင်တယ်"

"ဒီအစွမ်းနှစ်ခုကို အဓိကထားပြီး ကြွက်သားပေါက်ကွဲအစွမ်း နဲ့ ပေါင်းစပ်လိုက်ရင် အနီးကပ် ကာကွယ်ရေး တိုက်ကွက်စနစ် တစ်ခုကို တည်ဆောက်လို့ရပြီ"

"ပြီးတော့ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း နဲ့ ရုပ်သေးကြိုးမျှင် ကို အဓိကထားပြီး မြေလျှိုးအစွမ်း နဲ့ ပေါင်းစပ်မယ်ဆိုရင် လျှပ်စီးလို မြန်ဆန်တဲ့ လုပ်ကြံသတ်ဖြတ်ရေး နည်းဗျူဟာ တစ်ခုကို တည်ဆောက်လို့ရမယ်"

"ဒါ့အပြင် စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း နဲ့ ရုပ်သေးကြိုးမျှင် က ထိန်းချုပ်ရေး တိုက်ကွက်စနစ် တစ်ခုကိုလည်း ဖန်တီးလို့ ရသေးတယ်... သူတို့ကို စိတ်စွမ်းအင်နဲ့သာ ပေါင်းစပ်လိုက်ရင် အဝေးပစ် တိုက်ကွက်စနစ် တစ်ခု ပြီးပြည့်စုံသွားပြီ"

လင်းယွမ်က သူ၏ လက်ရှိ အစွမ်းအချို့ကို စနစ်တကျ ပြန်လည် စီစဉ်လိုက်သည်။ ဤအစွမ်းများကို အချင်းချင်း ပေါင်းစပ်လိုက်ပါက အမျိုးမျိုးသော တိုက်ကွက်စနစ်များကို ထိရောက်စွာ ပေါင်းစပ်ဖွဲ့စည်းနိုင်မည် ဖြစ်၏။

"ကြွက်သားပေါက်ကွဲအစွမ်း က အဖြူရောင်အဆင့် အစွမ်းဖြစ်ပေမယ့် အခု ငါ့ရဲ့ ခွန်အားက အမှတ် ၅၀ အထိ မြင့်မားနေပြီ... အစွမ်းကုန် သုံးလိုက်မယ်ဆိုရင် ယာယီ အမှတ် ၁၀၀ အထိ နှစ်ဆ တိုးသွားမှာ... ဒါကို ဘယ်သူက တားဆီးနိုင်မှာလဲ"

"ဒါက ငါ့ရဲ့ အစွမ်းထက်ဆုံး အနီးကပ် တိုက်ခိုက်ရေး အစွမ်းပဲ"

"အခု လက်ရှိ တစ်ခုတည်းသော ပြဿနာက... ဓာတ်သဘာဝ အခြေခံ တိုက်ကွက်တွေကို ကာကွယ်ဖို့ ... ငါ့ဆီမှာ အကာအကွယ် နည်းလမ်း မရှိသေးတာပဲ"

လင်းယွမ်က ထျန်ဝေနှင့် တိုက်ခိုက်ခဲ့သည့် ပွဲကို ပြန်တွေးမိသွားသည်။ ထိုစဉ်က သူ၏ ခန္ဓာကိုယ်တွင် အစွမ်းများစွာ ရှိနေသော်လည်း ထျန်ဝေ၏ မီးတောက် တိုက်ကွက်များကို မထိန်းချုပ်နိုင်ခဲ့ချေ။

"လိပ်ခွံစွမ်းအင်အကာအကွယ် က စိတ်စွမ်းအင် တိုက်ကွက်တွေကို ခုခံနိုင်ပေမယ့်... ဓာတ်သဘာဝ အခြေခံ တိုက်ကွက်တွေကို ကာကွယ်ဖို့တော့ ကန့်သတ်ချက် ရှိနေတယ်"

"ငါ့ဆီမှာ ဓာတ်သဘာဝ အခြေခံ ကာကွယ်ရေးနဲ့ တိုက်ခိုက်ရေး နည်းလမ်းတွေ လိုအပ်နေသေးတယ်"

ထိုသို့တွေးမိသည်နှင့် လင်းယွမ်က စနစ်ကို တိုက်ရိုက်ဖွင့်ကာ "စနစ်... ဓာတ်သဘာဝ အခြေခံ အစွမ်းတွေကို သတ်မှတ်ကံစမ်းမယ်ဆိုရင် အမှတ် ဘယ်လောက် လိုအပ်လဲ" ဟု မေးလိုက်သည်။

[ဒင်... ဓာတ်သဘာဝ အခြေခံ အစွမ်းများကို သတ်မှတ်ကံစမ်းရန် အမှတ် ၂၀၀၀၀ ကုန်ကျမည် ဖြစ်ပါသည်။]

လင်းယွမ်က မျက်ခုံးပင့်လိုက်မိ၏။ အစွမ်းများကို သတ်မှတ်ကံစမ်းရာတွင် အမှတ် ၁၀၀၀၀ လိုအပ်ကြောင်း သူ မှတ်မိနေသည်။

ယခု ပိုမို အသေးစိတ်ကျသော ဓာတ်သဘာဝ အခြေခံ ကံစမ်းမဲကို သတ်မှတ်လိုက်သောအခါ အမှတ် ၂၀၀၀၀ ပင် လိုအပ်နေ၏။

လင်းယွမ်က "ဓာတ်သဘာဝ အခြေခံ တိုက်ခိုက်ရေး အစွမ်းကို သတ်မှတ်ကံစမ်းမယ်ဆိုရင်ရော အမှတ် ဘယ်လောက် လိုအပ်လဲ" ဟု ချက်ချင်း မေးလိုက်သည်။

[ဒင်... ဓာတ်သဘာဝ အခြေခံ တိုက်ခိုက်ရေး အစွမ်းများကို သတ်မှတ်ကံစမ်းရန် အမှတ် ၃၀၀၀၀ ကုန်ကျမည် ဖြစ်ပါသည်။]

ထိုအခါမှ လင်းယွမ် သဘောပေါက်သွား၏။ သူက ကံစမ်းမဲ ဆုမဲ၏ သတ်မှတ်ချက်များကို ထပ်တိုးလိုက်တိုင်း နောက်ထပ် အမှတ် ၁၀၀၀၀ ထပ်ပေါင်းသွားခြင်း ဖြစ်သည်။

သူက ခဏမျှ စဉ်းစားပြီးနောက် ဓာတ်သဘာဝ အခြေခံ ကာကွယ်ရေး အစွမ်းတစ်ခုကိုသာ ကံစမ်းရန် ဆုံးဖြတ်လိုက်၏။

ယခု သူ၏ စွမ်းအားအရဆိုလျှင် လူသား အစွမ်းပိုင်ရှင်များကြားတွင် အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီဟု ဆိုနိုင်ပေသည်။ သူ့ကို ကြောက်ရွံ့စေနိုင်သည်မှာ သန္ဓေပြောင်း သတ္တဝါများသာ ဖြစ်ပေလိမ့်မည်။

အရိုးလှံပင့်ကူကြီး၊ ရွှေနက်မျောက်ဝံကြီး ကဲ့သို့သော သန္ဓေပြောင်း သတ္တဝါများနှင့် ဆိုလျှင် လင်းယွမ်က ယခုအခါ အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပြီ ဖြစ်၏။

သို့သော် တစ်ဖက်တွင် ဓာတ်သဘာဝ အခြေခံ တိုက်ခိုက်နိုင်စွမ်း ရှိနေပါက သူ ဒဏ်ရာရသွားနိုင်သေးကြောင်း ခန့်မှန်းမိသည်။

"ဓာတ်သဘာဝ အခြေခံ အစွမ်းတွေက နည်းတာမဟုတ်ဘူး... ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဆိုတဲ့ အခြေခံဓာတ်ကြီး ငါးပါးက အခြေခံအကျဆုံးပဲ... ဒါပေမဲ့ ဝူယင်ရဲ့ အရိပ်အစွမ်းကရော ဘာလဲ... အမှောင်ဓာတ်လို့ သတ်မှတ်လို့ရလား"

"ဒါဆို အမှောင်ဓာတ် ရှိရင် အလင်းဓာတ်လည်း သေချာပေါက် ရှိမှာပေါ့"

"ဒါ့အပြင် အခြေခံဓာတ်တွေအပေါ်မှာ ထပ်ဆင့် ပြောင်းလဲသွားတဲ့ ဓာတ်သဘာဝတွေရော မရှိနိုင်ဘူးလား... ဥပမာ ကျောက်ခိုင်ရဲ့ ရေခဲဓာတ်လိုမျိုးပေါ့"

"ဒါဆို ဟင်းလင်းပြင်၊ အချိန်တို့လို အရာတွေကရော ဘာတွေလဲ... ဒါတွေကရော ဓာတ်သဘာဝ အခြေခံ အစွမ်းတွေပဲလား"

"အခုအချိန်အထိ ငါက... အမှောင်ဓာတ်လို့ သံသယဖြစ်ရတဲ့ အစွမ်းပိုင်ရှင် ဝူယင် တစ်ယောက်ကိုပဲ တွေ့ဖူးသေးတယ်"

"ဟင်းလင်းပြင် အစွမ်းပိုင်ရှင်ကိုတော့ တွေ့ဖူးပေမယ့်... အချိန်အစွမ်းပိုင်ရှင်ကိုတော့ တစ်ယောက်မှ မတွေ့ဖူးသေးဘူး"

"ဟုတ်ပြီ... ငါသာ ဟင်းလင်းပြင်၊ အချိန် စတဲ့ ဓာတ်သဘာဝ အခြေခံ အစွမ်းတွေကို တိုက်ရိုက် သတ်မှတ်ကံစမ်းပြီး... စနစ်ဆီကနေ အဖြေကို စမ်းသပ်ကြည့်လို့ ရနိုင်တာပဲ"

ဆက်ရန်...

အပိုင်း(၂၄၂) ကံစမ်းမဲ ထပ်နှိုက်ခြင်း

လင်းယွမ်က မျက်လုံးများ အရောင်လက်သွားပြီး စနစ်ကို မေးမြန်းလိုက်သည်။

"စနစ်... ဟင်းလင်းပြင် ဓာတ်အစွမ်း အမျိုးအစားကို သတ်မှတ်ပြီး မဲနှိုက်မယ်ဆိုရင် အမှတ်ဘယ်လောက် ကျသင့်မလဲ"

[ဒင်... ဟင်းလင်းပြင်သည် ဓာတ်အစွမ်း အမျိုးအစားထဲတွင် မပါဝင်ပါသဖြင့် သင်၏ သတ်မှတ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပါ]

လင်းယွမ်က ထင်ထားသည့်အတိုင်း ဖြစ်နေကြောင်း မျက်နှာတွင် အထင်းသား ပေါ်လွင်သွားပြီး ဆက်လက် မေးမြန်းလိုက်သည်။

"စနစ်... အချိန် ဓာတ်အစွမ်း အမျိုးအစားကို သတ်မှတ်ပြီး မဲနှိုက်မယ်ဆိုရင် အမှတ်ဘယ်လောက် ကျသင့်မလဲ"

[ဒင်... အချိန်သည် ဓာတ်အစွမ်း အမျိုးအစားထဲတွင် မပါဝင်ပါသဖြင့် သင်၏ သတ်မှတ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပါ]

လင်းယွမ်က အကြိမ်ကြိမ် အဖန်ဖန် စမ်းသပ်မေးမြန်းကြည့်ရာမှ တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။

ဓာတ်အစွမ်းအမျိုးအစား ဆိုရာ၌ လက်ရှိ ရှာဖွေတွေ့ရှိထားသည်မှာ ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ၊ အလင်း၊ အမှောင်၊ လေ၊ လျှပ်စီး နှင့် ရေခဲ ဟူ၍ (၁၀) မျိုး ရှိလေသည်။

အခြားအမျိုးအစားများကိုမူ လင်းယွမ် စမ်းသပ်၍ မတွေ့ရှိသေးပေ။

ထို့နောက် လင်းယွမ်က ထပ်မံ မေးမြန်းလိုက်ပြန်သည်။

"စနစ်... ဟင်းလင်းပြင်နဲ့ပတ်သတ်တဲ့ အစွမ်းကို သတ်မှတ် မဲနှိုက်မယ်ဆိုရင် အမှတ်ဘယ်လောက် ကျသင့်မလဲ"

[ဒင်... ဟင်းလင်းပြင်နဲ့ပတ်သတ်တဲ့ အစွမ်းကို သတ်မှတ်မည်ဆိုပါက အမှတ် (၁) သန်း ကျသင့်ပါမည်]

"စနစ်... အချိန်နဲ့ပတ်သတ်တဲ့ ဓာတ်အစွမ်းကို သတ်မှတ် မဲနှိုက်မယ်ဆိုရင်ကော အမှတ်ဘယ်လောက် ကျသင့်မလဲ"

[ဒင်... အချိန်နဲ့ပတ်သတ်တဲ့ အစွမ်းကို သတ်မှတ်မည်ဆိုပါက အမှတ် (၁) သန်း ကျသင့်ပါမည်]

လင်းယွမ် တစ်ယောက် ခေတ္တမျှ တိတ်ဆိတ်သွားမိသည်။

ဟင်းလင်းပြင်၊ အချိန်နှင့်ပတ်သတ်သည့် အစွမ်းများမှာ အမှတ် (၁) သန်းအထိ ကုန်ကျမည် ဖြစ်ချေသည်။

ဒါက ဘာသဘောလဲ...

စနစ်၏ သတ်မှတ်ချက်များထဲတွင် အချိန်နှင့် ဟင်းလင်းပြင်ဆိုင်ရာ အစွမ်းများက အရည်အသွေး အလွန်မြင့်မားနေ၍လော...

အမှန်အတိုင်း ဝန်ခံရလျှင် သူသည် မိမိကိုယ်ကို ကာကွယ်ရန်အတွက် ဟင်းလင်းပြင် အစွမ်းတစ်ခုကို လိုချင်မိသည်။

အကြောင်းမှာ သူသည် အပြင်လူများအား သူ၏ ပင်ကိုယ်အစွမ်းမှာ ဟင်းလင်းပြင်အစွမ်း ဖြစ်ကြောင်း အမြဲပြောဆိုထားသောကြောင့် ဖြစ်သည်။

သို့သော် လက်ရှိတွင် သူ၏ ဟင်းလင်းပြင် အစွမ်းကို သက်သေပြနိုင်သည်မှာ ပစ္စည်းသိုလှောင်ခန်း တစ်ခုသာရှိပြီး အခြား ဟင်းလင်းပြင်ဆိုင်ရာ တိုက်ခိုက်ရေး သို့မဟုတ် ကာကွယ်ရေး အစွမ်းများ တစ်ခုမျှ မရှိသေးပေ။

လိပ်ကျွန်းတွင် ရှိစဉ်က ဟင်းလင်းပြင် အစွမ်းပိုင်ရှင်တစ်ယောက်၏ တိုက်ခိုက်နည်းများကို မြင်ဖူးခဲ့သဖြင့် သူသည် ဟင်းလင်းပြင် အစွမ်းများကို အလွန် စိတ်ဝင်စားမိသည်။

သို့သော် ယခုလက်ရှိ စနစ်၏ အသိပေးချက်က သူ့အား ဆွံ့အစေခဲ့သည်။

ဟင်းလင်းပြင်နှင့် အချိန်ဆိုင်ရာ အစွမ်းများ ပါဝင်ပတ်သက်လာပါက တန်ဖိုးမှာ အလွန် ကြီးမြင့်သွားတတ်ပုံ ရသည်။

လင်းယွမ်က ခေါင်းယမ်းလိုက်ပြီး ရေတစ်ငုံ သောက်လိုက်ကာ ထိုအစွမ်းနှစ်မျိုးကို မဲနှိုက်မည့် အစီအစဉ်အား လက်လျှော့လိုက်တော့သည်။

ထို့နောက် သူသည် အစွမ်းအမျိုးအစား (၁၀) မျိုးထဲမှ မည်သည့်အရာကို ရွေးချယ်သင့်ကြောင်း စဉ်းစား သုံးသပ်လိုက်သည်။

"ဓာတ်သဘောတရားပါတဲ့ ခံစစ်က အရမ်း အရေးကြီးတယ်... နောင်တစ်ချိန် ထိုက်ယန်တောင်ကနေ ထွက်ခွာရမယ်ဆိုရင် ရေထဲက သန္ဓေပြောင်း သတ္တဝါတွေနဲ့ သေချာပေါက် ရင်ဆိုင်ရမှာပဲ..."

"ရေအောက် သန္ဓေပြောင်း သတ္တဝါတွေထဲမှာ အစွမ်းထက်တဲ့ ကောင်တွေက နည်းမှာ မဟုတ်ဘူး... ငါ့အနေနဲ့ သေချာပေါက် ဓာတ်သဘောတရားပါတဲ့ ခံစစ်အစွမ်း တစ်ခုတော့ ရှိထားမှ ဖြစ်မယ်"

"ရွှေအစွမ်းဆိုရင်ရော... ဟိုတစ်ယောက်... ရှမင် ရဲ့ တစ်ကိုယ်လုံး သတ္တုပြောင်းတဲ့ အစွမ်းလိုမျိုး"

"မဖြစ်ဘူး... ရွှေ၊ ငွေ၊ ကြေး၊ သံ အကုန်လုံးက သတ္တုဓာတ်အစွမ်း ထဲမှာ ပါတယ်... တော်ကြာ သံဓာတ် အစွမ်းကို မဲပေါက်သွားရင် အပူချိန်မြင့်မားတဲ့ မီးတောက်တွေကို ခံနိုင်မှာ မဟုတ်ဘူး"

"သစ်ဓာတ်အစွမ်းဆိုရင်ရော... ထားလိုက်တော့... သစ်သားက မီးနဲ့ တွေ့ရင် လောင်ကျွမ်းသွားမှာပဲ"

"ရေဓာတ်အစွမ်း... မဆိုးဘူး... ရေက မီးကို နိုင်တယ်... ဒါပေမဲ့ ရေက ရွှေကို မနိုင်ပြန်ဘူး... ပြီးတော့ မီးကလည်း ရေကို ပြန်ပြီး နိုင်နင်းနိုင်သေးတယ်"

"မြေအစွမ်းရော... မြေက မီးကို ငြှိမ်းသတ်နိုင်သလို ရေကိုလည်း တားဆီးနိုင်တယ်... မဆိုးဘူးပဲ... ဒါပေမဲ့ မြေအစွမ်းက ရွှေအစွမ်းကို ရှုံးပြန်ရော"

ဓာတ်ကြီးငါးပါး သဘောတရားမှာ အပြန်အလှန် မှီခိုပြီး အပြန်အလှန် ဆန့်ကျင်နေကြစမြဲ ဖြစ်ရာ ပြီးပြည့်စုံသော အရာဟူ၍ မရှိပေ။

ဓာတ်အစွမ်းအားလုံးကို ကာကွယ်နိုင်မည့် ခံစစ်အစွမ်းမျိုးကို တိုက်ရိုက် မဲနှိုက်ချင်သည် ဆိုပါက လင်းယွမ်အတွက် မဖြစ်နိုင်သော ကိစ္စပင်။

သူသည် အပြန်ပြန်အလှန်လှန် တွေးတောပြီးနောက် ဓာတ်ကြီးငါးပါးကို ကျော်လွန်၍ အလင်း၊ အမှောင်၊ လေ၊ လျှပ်စီး နှင့် ရေခဲ ဟူသော အစွမ်း (၅) မျိုးကို စဉ်းစားလိုက်သည်။

လက်တွေ့ဘဝတွင် ဤအစွမ်း (၅) မျိုးနှင့် ပတ်သက်သော အစွမ်းများကို လင်းယွမ် သိပ်မတွေ့ဖူးသေးပေ။

ဝူချင်း၏ အရိပ်အစွမ်းနှင့် ကျောက်ခိုင်၏ ရေခဲအစွမ်းတို့ကိုသာ ကိုးကားစရာ ရှိသည်။

သို့သော် ထိုအစွမ်းများမှာ ခံစစ်အစွမ်းများ မဟုတ်ကြပေ။

လင်းယွမ်က သေချာစွာ စဉ်းစားသုံးသပ်ပြီးနောက် သူပိုင်ဆိုင်ထားပြီးသော အစွမ်းများကို ပြန်လည် ဆန်းစစ်ကြည့်လိုက်သည်။

နောက်ဆုံးတွင် သူ၏ အကြည့်တို့က ရေဓာတ် အစွမ်းပေါ်သို့ ကျရောက်သွားခဲ့သည်။

"မဟာရေလွှမ်းမိုးမှု ကမ္ဘာကြီးထဲမှာ ရေဓာတ်က အပေါများဆုံးပဲ ဖြစ်ရမယ်... စွမ်းအင် စုပ်ယူမယ်ဆိုရင်လည်း အမြန်ဆုံး ဖြစ်မှာပဲ"

"တစ်နေ့နေ့မှာ ငါသာ ရေကမ္ဘာကြီးထဲ ဝင်ရောက်ရမယ်ဆိုရင်... ရေဓာတ်သဘောတရား ခံစစ်အစွမ်း တစ်ခုလောက် တတ်မြောက်ထားတာက အခြေအနေ တော်တော်များများနဲ့ ကိုက်ညီမှု ရှိလိမ့်မယ်"

"ဒါ့အပြင် ငါ့ရဲ့ ဆင့်ကဲပြောင်းလဲခြင်း ပင်ကိုယ်အစွမ်းက ငါးပါးဟက်လိုမျိုး အင်္ဂါအစိတ်အပိုင်းတွေ ထုတ်လုပ်ပေးနိုင်ပြီး... ရေအောက်မှာ လွတ်လွတ်လပ်လပ် သွားလာနိုင်အောင် ကူညီပေးနိုင်တယ်"

"ရေဓာတ်သဘောတရား ခံစစ်အစွမ်းပါ ပေါင်းစပ်လိုက်မယ်ဆိုရင်... ငါ ရေထဲမှာ လှုပ်ရှားရတာ ပိုပြီး သဘာဝကျသွားလိမ့်မယ်"

အကယ်၍ အခြားအစွမ်း တစ်မျိုးမျိုးကို ရွေးချယ်လိုက်ပါက ရေအောက်၌ သွားလာသည့်အခါ အလွန် ထူးခြားဆန်းပြား နေပေလိမ့်မည်။

ဥပမာ - မီးအစွမ်း ခံစစ်ကို ရွေးချယ်လိုက်သည် ဆိုပါစို့... ရေအောက်ထဲတွင် မီးတောက်ကြီး တစ်ခု လျှောက်သွားနေသည်ကို မြင်ယောင်ကြည့်၍ မရနိုင်ပေ။ ရန်သူက တိုက်ခိုက်စရာပင် မလို၊ မီးတောက်က သူ့အလိုလို ငြိမ်းသွားပေလိမ့်မည်။

ရွှေ၊ သစ်၊ မီး၊ မြေ မည်သည့် အစွမ်းကမျှ ရေဓာတ်အစွမ်းလောက် ရေလွှမ်းမိုးမှုနှင့် မိုးသည်းထန်စွာ ရွာသွန်းနေသော ဤကမ္ဘာကြီးနှင့် လိုက်ဖက်ညီမည် မဟုတ်ပေ။

လင်းယွမ်က တုံ့ဆိုင်းမနေတော့ဘဲ စနစ်ကို ခေါ်လိုက်သည်။

"စနစ်... ရေဓာတ် ခံစစ်အစွမ်းကို သတ်မှတ် မဲနှိုက်မယ်"

[ဒင်... ရေဓာတ် ခံစစ်အစွမ်းအတွက် အမှတ် ၄ သောင်း ကျသင့်ပါမည်။ အတည်ပြုပါသလား]

လင်းယွမ် တွက်ချက်ကြည့်လိုက်သည်။ အစွမ်းတစ်ခုကို သတ်မှတ် မဲနှိုက်ခြင်းက မူလတန်ဖိုး အမှတ် ၁ သောင်း ဖြစ်သည်။

သူက သတ်မှတ်ချက် ၃ ခု (ရေ၊ ဓာတ်သဘာဝ၊ ခံစစ်) ထည့်သွင်းလိုက်သဖြင့် အမှတ် ၃ သောင်း ပိုမို ကျသင့်သွားခြင်း ဖြစ်သည်။

သို့သော် လက်ရှိတွင် သူ့၌ အမှတ် ၂ သိန်းခွဲ ရှိနေသဖြင့် အမှတ် ၄ သောင်း သုံးစွဲလိုက်ခြင်းက ရေတစ်မှုတ်စာမျှသာ ရှိလေသည်။

သူက ချက်ချင်းပင် ပြောလိုက်သည်။

"အတည်ပြုတယ်"

ထိုအခါ ကံစမ်းမဲဘီးကြီးက လင်းယွမ်၏ ရှေ့တွင် ပေါ်လာပြီး တစ်ခုလုံး ရေပြာရောင် အလင်းတန်းများ အဖြစ် ပြောင်းလဲသွားသည်။

အထဲရှိ မရေမတွက်နိုင်သော အလင်းစက်များ လင်းလက်နေပြီး အများစုမှာ အဖြူရောင် ဖြစ်ကာ အနည်းစုမှာ အစိမ်းရောင်၊ အလွန် ရှားပါးသော အစိတ်အပိုင်းမှာ ခရမ်းရောင်များ ဖြစ်ကြသည်။

လင်းယွမ် ရုတ်တရက် နောင်တရသွားမိသည်။

"ငါ ဘာလို့ အစိမ်းရောင် အဆင့်ဖြစ်ရမည်ဆိုတဲ့ သတ်မှတ်ချက်ကို မထည့်လိုက်မိတာလဲ"

"စနစ်... နေဦး..."

လင်းယွမ်က ကံစမ်းမဲ နှိုက်နေမှုကို အလျင်အမြန် ရပ်တန့်ချင်သွားသည်။

သို့သော် နောက်တစ်စက္ကန့်၌ပင် အဖြူရောင် အလင်းစက် တစ်ခု ပေါ်ထွက်လာခဲ့ချေပြီ။

ထိုအလင်းစက်သည် လင်းယွမ်၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

[ဒင်... သင်သည် မြစ်တစ်ရာ ပင်လယ်ပေါင်းဆုံ အစွမ်း ကို မဲပေါက်သွားပါသည်]

လင်းယွမ်မှာ လက်လျှော့လိုက်ရုံသာ ရှိတော့သဖြင့် အစွမ်း၏ အာနိသင်ကို ဝင်ရောက် စစ်ဆေးကြည့်လိုက်သည်။

မြစ်တစ်ရာ ပင်လယ်ပေါင်းဆုံ - ရေဓာတ် အစွမ်း

အဆင့် - အဖြူရောင်

လိုအပ်ချက် - စိတ်စွမ်းအင် ၄ မှတ်၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၄ မှတ်

အစွမ်းအာနိသင် - ဤအစွမ်းကို အသုံးပြုလိုက်ပါက မိမိခန္ဓာကိုယ်ပတ်လည်တွင် ရေစီးကြောင်း ရာပေါင်းများစွာ လည်ပတ်သွားမည်ဖြစ်ပြီး ပြင်ပတိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်သည်

လင်းယွမ်က အစွမ်း၏ အာနိသင်ကို ကြည့်လိုက်ရာ အမှန်အတိုင်း ပြောရလျှင် သာမန်ကာလျှံကာ အစွမ်းတစ်ခုသာ ဖြစ်နေသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ဓာတ်သဘောတရား ပါဝင်ခြင်း ဖြစ်သည်။

ပုံမှန်အဆင့်သာ ရှိပြီး ထူးခြားပြောင်မြောက်သော နေရာဟူ၍ လောလောဆယ် မတွေ့ရသေးပေ။

လင်းယွမ်က သူ၏ လက်ကျန်အမှတ်များကို ကြည့်လိုက်ရာ (၂) သိန်း (၁) သောင်းကျော် ကျန်ရှိနေသေးသည်။

သူသည် အစွမ်းများကို ထပ်မံ မဲမနှိုက်ရဲတော့ဘဲ ခိုလှုံရေးစခန်း တည်ဆောက်ရေး ကိစ္စကို ပြောင်းလဲ တွေးတောလိုက်သည်။

"ငါ့ရဲ့ ကုန်တိုက်ကြီးအတွက် ပြည့်စုံတဲ့ စမတ်ကျကျ အသင်းဝင်ကတ်ရယ်... အမှတ် စနစ်နဲ့ အလိုအလျောက် ငွေရှင်းတဲ့ စက်ကိရိယာတွေရယ် လိုအပ်တယ်"

"စနစ်... ကုန်တိုက်ကြီးတွေမှာ သုံးတဲ့ စမတ် စက်ကိရိယာ တစ်စုံလုံးကို သတ်မှတ် မဲနှိုက်မယ်"

[ဒင်... ရှာဖွေနေပါသည်... ရှာဖွေမှု အောင်မြင်ပါသည်]

[ကုန်တိုက်ကြီးသုံး စမတ် စက်ကိရိယာများ (တစ်စုံလုံး) ကို သတ်မှတ် မဲနှိုက်ပါက အမှတ် (၁) သိန်း ကျသင့်ပါမည်။ မဲနှိုက်မည်လော]

လင်းယွမ်က အံကို တင်းတင်းကြိတ်လိုက်သည်။ နောင်တစ်ချိန် အမှတ်များ ပိုမို ရှာဖွေနိုင်ရန်အတွက် သူ ရင်းနှီးမြှုပ်နှံရပေမည်။

"နှိုက်မယ်"

[ဒင်... မဲနှိုက်မှု အောင်မြင်ပါသည်]

[ဒင်... ဂုဏ်ယူပါသည်။ ကုန်တိုက်ကြီးသုံး စမတ် စက်ကိရိယာများ (တစ်စုံလုံး) ကို ရရှိပါသဖြင့် ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်သွင်းလိုက်ပါသည်]

လင်းယွမ်က အလျင်အမြန် ဝင်ရောက် စစ်ဆေးကြည့်လိုက်သည်။

ကုန်တိုက်ကြီးသုံး စမတ် စက်ကိရိယာများ (တစ်စုံလုံး)

အရည်အသွေး - အဖြူရောင်

အမျိုးအစား - ပစ္စည်းအစုံလိုက်

ပါဝင်ပစ္စည်းများ - အလိုအလျောက် ငွေရှင်းစက် (၁၀) လုံး၊ အသင်းဝင်ကတ် ထုတ်လုပ်စက် (၁) လုံး၊ မှတ်ဉာဏ်တု အကူအညီပေးရေး စနစ် (၁) ခု...

လင်းယွမ် တစ်ချက် ကြည့်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

ဤ ကုန်တိုက်သုံး စက်ကိရိယာ စနစ်ကြီးတွင် အသင်းဝင် အမှတ်စနစ် တစ်ခုတည်း ပါဝင်သည် မဟုတ်ဘဲ ငွေရှင်းစက်များ၊ အသင်းဝင်ကတ် ထုတ်စက်များ၊ ကောင်တာ ကွန်ပျူတာများ၊ မှတ်ဉာဏ်တု အကူ စနစ်များနှင့် CCTV စောင့်ကြည့်ရေး စနစ်များပါ ပါဝင်နေသည်ကိုး။

လင်းယွမ်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်လာသည်။

"ဒီ အမှတ် (၁) သိန်းက တကယ် တန်လွန်းအားကြီးတယ်ဟေ့"

ဤကဲ့သို့ စက်ကိရိယာများ ရှိလာမှသာ ကုန်တိုက်တစ်ခု၏ ပုံစံ ပေါက်လာပေမည်။

သို့သော် လင်းယွမ်က ပြဿနာ တစ်ခုကို ရုတ်တရက် သတိပြုမိလိုက်သည်။

"နေပါဦး... လျှပ်စစ်မီးရော... လျှပ်စစ်မီး မရှိရင် ဒီ လျှပ်စစ် ပစ္စည်းတွေက ဘယ်လို အလုပ်လုပ်မှာလဲ"

လင်းယွမ်က ပါဝင်ပစ္စည်းများ အားလုံးကို အလျင်အမြန် လိုက်လံ စစ်ဆေးကြည့်လိုက်သည်။

တစ်ပတ်လည်အောင် ရှာဖွေကြည့်ပြီးနောက် အရေးပေါ် လျှပ်စစ်ဓာတ်အား ထောက်ပံ့ရေး စနစ်တစ်ခုကို တွေ့ရှိလိုက်ရသည်။

သို့သော် ထိုအရာက ဒီဇယ်ဆီကို အသုံးပြုပြီး မီးစက်မောင်းရမည်ဟု ရေးသားထားလေသည်။

လင်းယွမ် ကြောင်အသွားသည်။

"သေစမ်း... ဒီဇယ်ဆီတဲ့..."

သူ့လက်ထဲတွင် ဓာတ်ဆီသာ ရှိပြီး ဒီဇယ်ဆီက မည်သည့်နေရာတွင် သွားရှာရမည်နည်း။

လင်းယွမ်က ခါးသက်စွာ ပြုံးလိုက်မိသည်။

"ထားလိုက်တော့... ဒီဇယ်ဆီ နည်းနည်းလောက် ထပ်ပြီး မဲနှိုက်လိုက်တာပေါ့"

"စနစ်... ဒီဇယ်ဆီ ဂါလံ (၃)သောင်းလောက် သတ်မှတ် မဲနှိုက်မယ်"

[ဒင်... ဒီဇယ်ဆီ ဂါလံ (၃)သောင်း သတ်မှတ် မဲနှိုက်ပါက အမှတ် ၁၀၀၀ ကျသင့်ပါမည်]

စားကုန်သောက်ကုန် ပစ္စည်းများနှင့် ပတ်သက်လျှင် စနစ်၏ ဈေးနှုန်းက အလွန် သက်သာလှသည်။ ဤ အမှတ် ၁၀၀၀ ဆိုသည်မှာလည်း သတ်မှတ် မဲနှိုက်ခ ဖြစ်သောကြောင့် ဈေးကြီးနေခြင်း ဖြစ်သည်။

အကယ်၍ ကျပန်း မဲနှိုက်မည် ဆိုပါက ဒီဇယ်ဆီ ဂါလံ (၃)သောင်းမှာ အမှတ် ရာဂဏန်းလောက်သာ ကျသင့်ပေလိမ့်မည်။

အမှတ် (၁၀၀၀) သုံးစွဲလိုက်ပြီး ဒီဇယ်ဆီ ဂါလံ (၃)သောင်း ရရှိလိုက်သည်။ ဤ ဒီဇယ်ဆီ ပမာဏက သူ့အတွက် အတော်ကြာကြာ အသုံးခံလိမ့်မည်ဟု လင်းယွမ် ခန့်မှန်းလိုက်သည်။

သူက နောက်ထပ် အမှတ် (၁၀၀၀) ထပ်မံ သုံးစွဲလိုက်ပြီး သူ့ရှိပြီးသား ဓာတ်ဆီ မီးစက်အတွက် ဓာတ်ဆီ ဂါလံ (၃)သောင်းကို ထပ်မံ မဲနှိုက်လိုက်သည်။

"စနစ်... အကြီးစား မီးစက်ကြီး တစ်လုံးကို သတ်မှတ် မဲနှိုက်မယ်ဆိုရင် အမှတ်ဘယ်လောက် ကျသင့်မလဲ"

[ဒင်... မြို့တော်အဆင့် အကြီးစား မီးစက်ကြီး ဆိုပါက အမှတ် (၁) သန်း ကျသင့်ပါမည်]

"ကျေးရွာအဆင့် မီးစက်ဆိုရင်ရော..."

[ဒင်... ကျေးရွာအဆင့် မီးစက်ဆိုပါက အမှတ် (၁) သိန်း ကျသင့်ပါမည်]

လင်းယွမ် စဉ်းစားလိုက်သည်။ သူ့ခိုလှုံရေးစခန်းတွင် လူဦးရေ (၂၀၀) နီးပါး ရှိနေပြီဖြစ်ရာ ရွာငယ်လေး တစ်ရွာစာလောက် ဖြစ်နေချေပြီ။

တကယ်တမ်းတွင် လျှပ်စစ်ဓာတ်အားပေး စနစ်တစ်ခု တည်ဆောက်ရန် လိုအပ်နေသည်မှာ အမှန်ပင်။

အမှတ် (၁) သိန်း ဆိုသည်မှာ သိပ်မများလှပေ။

ပင်လယ်ဒီရေတက်ချိန် သားရဲများကို တစ်ကြိမ်လောက် သွားရောက် အမဲလိုက်လိုက်လျှင် ပြန်ရနိုင်သည့် ပမာဏ ဖြစ်သည်။

သူက ခေတ္တမျှ တုံ့ဆိုင်းပြီး စဉ်းစားနေလိုက်သည်။

ရုတ်တရက် သူ့ခေါင်းထဲတွင် လက်ရှိ ခိုလှုံရေးစခန်း၏ ကာကွယ်ရေး စနစ်များ မပြည့်စုံသေးကြောင်း သတိရလိုက်သည်။

ကုန်တိုက် တည်ဆောက်မည့် တောင်ကြားမှာ တောင်သုံးဖက် ဝန်းရံထားသော်လည်း ခေါင်းပေါ်မှ သန္ဓေပြောင်း သတ္တဝါများ ဝင်ရောက် တိုက်ခိုက်လာနိုင်ခြေ မရှိဟု ပြောမရပေ။

မီးဝါးတော ဘက်ခြမ်းမှလည်း သန္ဓေပြောင်း သတ္တဝါများ ဝင်ရောက်လာနိုင်ခြေ ရှိသေးသည်။

ကာကွယ်ရေး စနစ်က လျှပ်စစ်မီး စနစ်ထက် ပို၍ အရေးတကြီး လိုအပ်နေသည်။

သူက စနစ်ကို ချက်ချင်း မေးလိုက်သည်။

"စနစ်... ကျေးရွာအဆင့် ကာကွယ်ရေး စနစ်ကို သတ်မှတ် မဲနှိုက်မယ်ဆိုရင် အမှတ်ဘယ်လောက် ကျမလဲ"

[ဒင်... ကျေးရွာအဆင့် ကာကွယ်ရေး စနစ်ကို သတ်မှတ် မဲနှိုက်ပါက အမှတ် (၁) သိန်း ကျသင့်ပါမည်]

"ကျေးရွာအဆင့် ကာကွယ်ရေး စနစ်မှာ ဘာတွေပါလဲ အရင်ပြပေး"

"ရွှပ်"

စနစ်က ချက်ချင်းပင် ကျေးရွာအဆင့် ကာကွယ်ရေး ပစ္စည်းများကို စာရင်းပြုစု ပြသလိုက်သည်။

လျှပ်စစ်ကွန်ရက် ကင်းမျှော်စင် (ကျေးရွာအဆင့်)

အမိုးခုံး လျှပ်စစ်ကွန်ရက် (ကျေးရွာအဆင့်)

ဗို့အားမြင့် လျှပ်စစ်နံရံ (ကျေးရွာအဆင့်)

အုတ်တံတိုင်းမြင့် (ကျေးရွာအဆင့်)

...

လင်းယွမ် တစ်ချက် ဝေ့ကြည့်လိုက်ရာ ကျေးရွာအဆင့် ကာကွယ်ရေး ပစ္စည်းများမှာ အများစုက လျှပ်စစ်ဓာတ်အားသုံး ကာကွယ်ရေး စနစ်များ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

အချို့ဆိုလျှင် ကွန်ကရစ်ဖြင့် တည်ဆောက်ထားသော တံတိုင်းမြင့် ကာကွယ်ရေးများသာ ဖြစ်သည်။

ကြည့်ရသည်မှာ အမှတ် (၁) သိန်း ပေးရသည်နှင့် မတန်ဟု ထင်မြင်မိသည်။

အုတ်တံတိုင်းလိုအရာမျိုးက လူအင်အား သုံးလိုက်လျှင် တည်ဆောက်၍ ရသော အရာ ဖြစ်သည်။

လင်းယွမ်က ခေါင်းယမ်းလိုက်သည်။ ဤနေရာတွင် အမှတ် (၁) သိန်း သုံးလိုက်ခြင်းက မတန်ဟု ခံစားမိသည်။

"ငါ ထင်ထားတာနဲ့ နည်းနည်းတော့ ကွဲမယ် ထင်တယ်... ဒါပေမဲ့ မတန်ဘူးလို့ ခံစားနေရတုန်းပဲ... ဒီအမှတ်တွေ သုံးမယ့်အစား လျှပ်စစ်မီး စနစ် တစ်ခုလောက် အရင် လုပ်လိုက်တာက ပိုကောင်းဦးမယ်"

သူ့လက်ထဲတွင် လျှပ်စစ် ပစ္စည်းများစွာ ရှိနေပြီး လျှပ်စစ်မီး ဆက်လက် ပေးထားရန် လိုအပ်ကြောင်း သိထားရမည်။

ထို့အပြင် ဗို့အားမြင့် လျှပ်စစ်ကွန်ရက် ကာကွယ်ရေး စနစ်ဆိုသည်မှာလည်း လျှပ်စစ်မီး မရှိလျှင် အလုပ်ဖြစ်မည် မဟုတ်ပေ။

လင်းယွမ် စဉ်းစားပြီးနောက် မေးလိုက်သည်။

"စနစ်... ကျေးရွာအဆင့် မီးစက်ကို သတ်မှတ် မဲနှိုက်..."

"နေဦး"

လင်းယွမ်က အလျင်အမြန်ပင် စကား ပြောင်းလိုက်သည်။

"ကျေးရွာအဆင့် ဒီဇယ် မီးစက်ကို သတ်မှတ် မဲနှိုက်မယ်"

[ဒင်... ကျေးရွာအဆင့် ဒီဇယ် မီးစက်ကိရိယာကို သတ်မှတ် မဲနှိုက်ပါက အမှတ် (၁) သိန်း ၂ သောင်း ကျသင့်ပါမည်။ မဲနှိုက်မည်လော]

လင်းယွမ် သက်ပြင်းချလိုက်သည်။ အမှတ် (၁) သိန်း ၂ သောင်း ဆိုသည်မှာ လက်ခံနိုင်စရာ ရှိသေးသည်။

သူက သတ်မှတ်ချက် နှစ်ခု ထည့်သွင်းထားသည်။ တစ်ခုက ကျေးရွာအဆင့်၊ နောက်တစ်ခုက ဒီဇယ်မီးစက်။

မီးစက် သတ်မှတ် မဲနှိုက်ခြင်းက မူလတန်ဖိုး အမှတ် (၁) သိန်း ဖြစ်သည်။

လင်းယွမ်က သူ၏ လက်ကျန်အမှတ်များကို ကြည့်လိုက်ပြီး မျက်နှာပျက်သွားသည်။

သူ့တွင် အမှတ် (၁) သိန်း ၁ သောင်းကျော်သာ ကျန်ရှိတော့သဖြင့် ဒီဇယ်မီးစက် မဲနှိုက်ရန်အတွက် အမှတ် မလောက်တော့ပေ။

လင်းယွမ် စိတ်ပျက်သွားသော်လည်း သူက သတ်မှတ်ချက်ကို ပြန်လည် ပြင်ဆင်လိုက်သည်။

"စနစ်... ကျေးရွာအဆင့် မီးစက်ကိုပဲ သတ်မှတ် မဲနှိုက်ပေး"

[ဒင်... ကျေးရွာအဆင့် မီးစက်ကို သတ်မှတ် မဲနှိုက်ပါက အမှတ် (၁) သိန်း ၁ သောင်း ကျသင့်ပါမည်။ မဲနှိုက်မည်လော]

"နှိုက်လိုက်တော့"

လင်းယွမ် သက်ပြင်းချလိုက်သည်။ ကျေးရွာအဆင့် မီးစက်ကိရိယာ ဆိုမှတော့ ဒီဇယ်လား၊ ဓာတ်ဆီလား၊ ဒါမှမဟုတ် အခြား စွမ်းအင်တစ်ခုခုလား ဆိုသည်ကို ကံစီမံရာအတိုင်း လက်ခံလိုက်တော့မည်။

အလွန်ဆုံးရှိလှ နောက်ထပ် အမှတ်သုံးပြီး ဓာတ်ဆီဖြစ်ဖြစ် ဒီဇယ်ဖြစ်ဖြစ် ထပ်မဲနှိုက်လိုက်ရုံသာ ရှိသည်။ မည်သို့ပင်ဆိုစေ လောင်စာဆီ မဲနှိုက်ခြင်းက ကုန်ကျစရိတ် သက်သာပြီးသား ဖြစ်သည်။

[ဒင်... ဂုဏ်ယူပါသည်။ သင်သည် ဒီဇယ် မီးစက် (ကျေးရွာအဆင့်) ၁ စုံကို မဲပေါက်သွားပါသည်]

လင်းယွမ် မျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြဝမ်းသာ ဖြစ်သွားသည်။

"ဟောဗျာ... အမှတ် ၁ သောင်း တောင် သက်သာသွားပါရောလား"

လင်းယွမ် တစ်ယောက် ချက်ချင်းပင် စိတ်အခြေအနေ ကြည်လင် လန်းဆန်းသွားသည်။

သူက လက်ကျန် အမှတ် ၁ သောင်းကျော်ကို ကြည့်လိုက်ပြီး ထပ်မံ မသုံးစွဲတော့ရန် ဆုံးဖြတ်လိုက်သည်။

"ဒီအမှတ်တွေကို နောက်ပိုင်း ကုန်တိုက်ကြီး တည်ဆောက်ဖို့အတွက် ရင်းနှီးမြှုပ်နှံဖို့ အရင်းအနှီး အဖြစ် ချန်ထားလိုက်တော့မယ်"

"နောက်ပိုင်း ဘာလိုမလဲ... လိုတာရှိမှ ထပ်ပြီး မဲနှိုက်တော့မယ်"

လင်းယွမ် ကျေနပ်သွားသည်။ အမှတ် ၃ သိန်း ၆ သောင်းမှာ ဤမျှ လွယ်လွယ်ကူကူပင် ကုန်ဆုံးသွားခဲ့ချေပြီ။

နောက်တစ်ခေါက် ပင်လယ်ဒီရေတက်ချိန်တွင် သန္ဓေပြောင်း သတ္တဝါများ ဤမျှလောက် များများစားစား ရရှိတော့မည် မဟုတ်ကြောင်း သူ သိနေသည်။

သို့သော် ကမ်းပေါ်သို့ တင်ကျန်ခဲ့မည့် သန္ဓေပြောင်း ငါးများကတော့ လျော့နည်းသွားမည် မဟုတ်ပေ။

နောက်လကျလျှင် သူသည် အနည်းဆုံး အမှတ် (၁) သိန်းလောက်တော့ ဝင်ငွေ ရရှိနိုင်ဦးမည် ဖြစ်သည်။

ထို့ကြောင့် သူ ထိတ်လန့်ခြင်း မရှိပေ။

"နောက်ရက်တွေကျရင်... ခိုလှုံရေးစခန်းကို သေချာ ဖွံ့ဖြိုးအောင် လုပ်ပြီး... တစ်ရက်ကို အမှတ် ၁ သောင်းလောက် ဝင်ငွေရအောင် ကြိုးစားရမယ်"

ရည်မှန်းချက်က အနည်းငယ် မြင့်မားနေကြောင်း လင်းယွမ် သိသည်။

သို့သော် ခိုလှုံရေးစခန်းရှိ လူဦးရေမှာလည်း တိုးပွားလာနေသည် မဟုတ်ပါလော။

နောင်တွင် ကုန်တိုက်ကြီး ဖွံ့ဖြိုးလာပြီး စားသောက်ဆိုင်များ၊ မုန့်ဆိုင်များ ဖွင့်လှစ်နိုင်လျှင် လူတိုင်း ထမင်းချက်စရာ မလိုတော့ပေ။

နေ့စဉ်နေ့တိုင်း အပြင်ထွက်ပြီး သန္ဓေပြောင်း သတ္တဝါများကို ဖမ်းဆီးလာရုံသာ ရှိသည်။ သားသတ်ရန်ပင် ကိုယ်တိုင် လုပ်စရာ မလိုတော့သဖြင့် အချိန်များစွာ သက်သာသွားပေလိမ့်မည်။

ထိုသို့ သက်သာသွားသော အချိန်များက မိမိအတွက် အလုပ်လုပ်ပေးရန်၊ သန္ဓေပြောင်း သတ္တဝါများ ဖမ်းဆီးပေးရန် ဖြစ်လာမည် မဟုတ်ပါလော။

ယခင်က တစ်ရက်လျှင် အမှတ် ၄-၅ ထောင်ခန့် ရရှိခဲ့ရာ ယခု ရည်မှန်းချက်ကို နှစ်ဆ တိုးလိုက်ခြင်းမှာ မလွန်ကဲလှပေ။

ထို့အပြင် နောက်ပိုင်းတွင် အခြား ခိုလှုံရေးစခန်းကြီး (၃) ခုကိုပါ သိမ်းပိုက်လိုက်မည် ဆိုပါက လူဦးရေ အများအပြား တိုးပွားလာမည် ဖြစ်သဖြင့် တစ်ရက် အမှတ် ၁ သောင်း ဆိုသည်မှာ လျှော့တွက်ထားသော ပမာဏပင် ဖြစ်သည်။

"ခိုလှုံရေးစခန်းကြီး ၃ ခု... ဟားဟား... လာစမ်းပါ... မင်းတို့ လာမတိုက်ရင်တောင် ငါက စိတ်ပျက်မိဦးမှာ"

သူ့မျက်လုံးများတွင် အေးစက်သော အငွေ့အသက်များ ယှက်သန်းသွားသည်။ နောက်ပိုင်းတွင် ထိုခိုလှုံရေးစခန်းကြီး (၃) ခုက သူ့ကို လာမရှာလျှင်တောင် သူက သွားရောက်ပြီး ဆွေးနွေးပွဲ လုပ်ရပေမည်။

...

အရုဏ်ဦး၏ အလင်းရောင်များ မပေါ်လာသေးဘဲ ပြင်ပလောကကြီး တစ်ခုလုံး အမှောင်ထု လွှမ်းမိုးနေဆဲ ဖြစ်သည်။

မိုးခြိမ်းသံ ဂျိန်းဂျိန်းကြားတွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး ရံဖန်ရံခါ လက်ခနဲ ပေါ်လာတတ်သော လျှပ်စီးအလင်းရောင်က ကျယ်ပြောလှသော ရေပြင်ကြီးကို လှမ်းပိုး ထိုးပြနေသည်။

တောင်ပေါ်တောအုပ်ထဲတွင် လေပြင်းများ တိုက်ခတ်နေသဖြင့် သစ်ပင်များ ယိမ်းထိုးနေကြပြီး သရဲတစ္ဆေ လက်သည်းများသဖွယ် ဖြစ်နေသည်။

သားရဲကောင်များ၏ အော်ဟစ်သံများကြောင့် တောအုပ်ကြီးမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းနေသည်။

သို့သော် ထိုကဲ့သို့သော အခြေအနေမျိုးတွင် တောအုပ်ထဲ၌ လူတစ်စုက အလျင်အမြန် ခရီးနှင်နေကြသည်။

ထိုလူများသည် မိုးကာအင်္ကျီများကို ဝတ်ဆင်ထားပြီး မိုးရေစက်များက သူတို့ကိုယ်ပေါ်သို့ ရိုက်ခတ်ကာ လွင့်စင်နေကြသည်။

သူတို့၏ မျက်နှာထားများက သတိကြီးစွာ ထားနေပုံရပြီး လက်ထဲတွင် လက်နက် ကိုယ်စီ ကိုင်ဆောင်ထားကာ ကျောပေါ်တွင် ခြင်းတောင်းများ လွယ်ပိုးထားကြသည်။

"မြန်မြန်... ခြေလှမ်းသွက်သွက် လျှောက်ကြ... ဒီရေတက်တာ နှစ်ရက် ရှိသွားပြီ... အခုက ရေကျချိန်ပဲ... ကမ်းစပ်မှာ ငါးတွေနဲ့ သန္ဓေပြောင်းသတ္တဝါ အသေကောင်တွေ အများကြီး ကျန်ခဲ့မှာ သေချာတယ်"

"ဒါတွေ အကုန်လုံးက အရည်အသွေးမြင့် အသားဓာတ် အရင်းအမြစ်တွေပဲ... ငါတို့ ပုံမှန်ဆို စိတ်ကူးတောင် မယဉ်ရဲတဲ့ ပမာဏ အများကြီး ရနိုင်တယ်... မြန်မြန်လုပ်ကြ... သန္ဓေပြောင်း သတ္တဝါတွေ ဖျက်ဆီးမပစ်ခင် သွားကြမယ်"

ခေါင်းဆောင်ဖြစ်သူ ချန်ကျန့်ဖုန်းက အသံကုန် အော်ဟစ် ပြောဆိုလိုက်သည်။

ဘေးနားမှ ကောကျဲ ကလည်း ဝင်ရောက် အားပေးလိုက်သည်။

"ညီနောင်တို့... အားတင်းထားကြ... ဒီနေ့ နည်းနည်းလောက် စွန့်စားလိုက်တာနဲ့ နောက်ထပ် လဝက်လောက် စာ ရိက္ခာ ဖူလုံသွားမှာ"

"အသားဖြူတွေ၊ အသားနီတွေ လုံလုံလောက်လောက် ကောက်နိုင်တာနဲ့ နောက်တစ်လလုံး ငါတို့ သက်သောင့်သက်သာ နေရတော့မယ်... မိသားစုနဲ့ အချိန်ပိုပေးနိုင်မယ်... ဟင်းသီးဟင်းရွက် ရှာဖို့ အချိန်ပို ရလာလိမ့်မယ်"

"ကြိုးစားထားကြဟေ့"

"အားလုံး အမီလိုက်ခဲ့ကြ"

(အသားနီဆိုတာက ကုန်းနေသတ္တဝါတွေအကုန်လုံးရဲ့အသားကို ဆိုလိုပါတယ်။ အသားဖြူ ဆိုတာက ရေနေသတ္တဝါတွေနဲ့ငှက်မျိုးနွယ်တွေကိုဆိုလိုပါတယ်။ ငှက်မျိုးနွယ်မှာ ကြက်တို့ဘဲတို့လည်းပါပါတယ်)

ထိုလူများသည် အချင်းချင်း အားပေးစကား ပြောကြားရင်း တောင်အောက်သို့ အလျင်အမြန် ပြေးဆင်းသွားကြသည်။

ကောကျဲက ပြေးလွှားနေရင်း ပြောလိုက်သည်။

"ငါတို့ အဖွဲ့က လူ (၂၀) ပါတာဆိုတော့ ကမ်းစပ်ကို အမြန်ဆုံး ရောက်မယ့်အဖွဲ့ ဖြစ်လောက်တယ်... ဒီတစ်ခေါက် ရိတ်သိမ်းရတာ မဆိုးလောက်ဘူး"

ချန်ကျန့်ဖုန်းက ခေါင်းယမ်းလိုက်သည်။

"ပြောလို့မရဘူး... ယွမ်ရွေ့ ဆိုတဲ့ကောင်လေးက မြေလျှိုးနိုင်တယ်... သူက ဒီနှစ်ရက်လုံး အငြိမ်နေမှာ မဟုတ်ဘူး"

ကောကျဲက ထိုစကားကို ကြားသော် သက်ပြင်းချလိုက်မိသည်။

"အဲ့ဒီကောင်လေးရဲ့ မြေလျှိုးအစွမ်းက တကယ် အသုံးဝင်တာပဲ... ပင်လယ်ဒီရေတက်တဲ့ အန္တရာယ်များတဲ့ ရက်တွေမှာ သူတစ်ယောက်ပဲ အပြင်ထွက်ပြီး အသားကောက်ရဲတာ"

ချန်ကျန့်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

"ကြိုးစားကြတာပေါ့... တခြား အဖွဲ့တွေလည်း ဒီအချိန်ဆို လှုပ်ရှားနေကြလောက်ပြီ"

ကောကျဲက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။

"နင် ဘယ်လိုထင်လဲ... မီးဝါးတော ဘက်က လူတွေကော ပင်လယ်ဒီရေကျတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး အသားထွက်ကောက်နိုင်လား"

"ဒါက အခွင့်ကောင်းကြီးလေ... ပုံမှန်အချိန်ဆို ငါးဖမ်းဖို့၊ သန္ဓေပြောင်း သတ္တဝါ ဖမ်းဖို့ဆိုတာ အခက်အခဲ အများကြီး ရှိတာကိုး"

ချန်ကျန့်ဖုန်းက ပြန်ပြောလိုက်သည်။

"ဘယ်သူမှ သတိမပေးရင် ဒီအချိန် ဘယ်သူက အပြင်ထွက်ရဲမှာလဲ"

"ငါတို့ ဒီကို စရောက်တုန်းကလည်း ဒီအချိန် အပြင်ထွက်ဖို့ မစဉ်းစားရဲခဲ့ကြဘူးလေ... အစ်ကိုမုန့် ဦးဆောင်ပြီး အကြိမ်ကြိမ် စမ်းသပ်ကြည့်မှ ဒီရေအတက်အကျ သဘောတရားကို နားလည်ခဲ့ကြတာပဲ"

"ဒါတော့ ဟုတ်သားပဲ... လင်းယွမ်တို့အဖွဲ့က အင်အားမနည်းပေမဲ့ အတွေ့အကြုံပိုင်းမှာတော့ ငါတို့လောက် မရှိနိုင်ဘူး"

"သူတို့က အမကျွမ်း ကမ်းလှမ်းတဲ့ ပူးပေါင်းရေး အစီအစဉ်ကို လက်ခံမယ် ထင်လား"

"လက်ခံခံ မခံခံ ကိစ္စမရှိဘူး... ဒီခေတ်ကြီးက အားနည်းသူက သားကောင်၊ အားကြီးသူက မုဆိုး ခေတ်ပဲ... သူတို့ သဘောမတူတော့ကော ဘာလုပ်နိုင်မှာလဲ... ဖုန်းဟွမ်ဘုရားကျောင်းတို့၊ မိန်ဟိုင်ဥယျာဉ်တို့က ကျောက်တွင်းဘက်ကို တက်ပြီး သတ်ဖြတ်ကြတဲ့အခါကျရင် သူတို့ သဘောမတူလည်း တူရတော့မှာပဲ" ဟု ချန်ကျန့်ဖုန်းက ပြောလိုက်သည်။

ကောကျဲက သက်ပြင်းချလိုက်သည်။

"သူတို့ ပါးပါးနပ်နပ် ရှိမယ်လို့ မျှော်လင့်ရတာပဲ... အမှန်တိုင်း ပြောရရင် သူတို့အဖွဲ့က လူတွေ မဆိုးဘူးလို့ ငါ ခံစားရတယ်... တကယ်ဆို မျက်နှာပျက်စရာတွေ မဖြစ်ချင်ဘူး"

ချန်ကျန့်ဖုန်းက ပြုံးလိုက်သည်။

"စိတ်ချပါ... ဟို လင်း ဆိုတဲ့လူက ပါးနပ်တဲ့လူပါ... ဘယ်လို ရွေးချယ်ရမလဲဆိုတာ သူ သိမှာပါ"

သူတို့နှစ်ဦး စကားပြောနေရင်း ရေကမ်းစပ် အနီးသို့ ရောက်ရှိလာကြသည်။

ထိုနေရာတွင် ပင်လယ်ဒီရေ ပြန်ကျသွားသဖြင့် သစ်ပင်များနှင့် ပေါင်းပင်များ ပြန်လည် ပေါ်ထွက်လာကြသည်။

ငါးအမျိုးစုံတို့မှာ ရေအိုင်များနှင့် မြက်ခင်းတောများထဲတွင် တင်ကျန်ရစ်ခဲ့ကြသည်။

သန္ဓေပြောင်း သတ္တဝါ အသေကောင် အချို့လည်း ထိုအထဲတွင် ပါဝင်နေသည်။

သို့သော် ကောကျဲတို့အဖွဲ့ ထိုနေရာသို့ ရောက်ရှိသွားသည်နှင့် တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။

"အစ်ကိုကျန့်ဖုန်း... အခြေအနေ မဟန်ဘူး... ဒီတစ်ခေါက် ရေကျချိန် ကျန်ခဲ့တဲ့ ငါး တွေက ဘာလို့ ဒီလောက် နည်းနေတာလဲ"

လူတစ်ယောက်က လှမ်းအော်ပြောလိုက်သည်။

နောက်တစ်ယောက်ကလည်း ထပ်အော်လိုက်သည်။

"အစ်ကိုကျန့်ဖုန်း... အမကောကျဲ... အသားဖြူတင် မကဘူး... အသားနီ (သန္ဓေပြောင်း သတ္တဝါ) အရေအတွက်လည်း မဟုတ်သေးဘူး... နည်းလွန်းတယ်... အရင်ကထက် (၉၀) ရာခိုင်နှုန်းလောက် လျော့နည်းနေတယ်"

ယခင်က ပင်လယ်ဒီရေကျချိန်တွင် ကမ်းစပ်တစ်လျှောက်၌ သန္ဓေပြောင်း ငါးများနှင့် တောထဲမှ သန္ဓေပြောင်း သတ္တဝါ အသေကောင်များ ပြည့်နှက်နေလေ့ ရှိသည်။

နှစ်ရက် နှစ်ည တိုက်ခိုက်မှုများကြောင့် ငါးနှင့် သားကောင်များမှာ အပုံလိုက် ထပ်နေလေ့ ရှိသည်။

ယခင်က သူတို့ လာကောက်လျှင် စိတ်ကြိုက် ကောက်ယူရပြီး တစ်နေ့ကို (၁၀) ခေါက်လောက် သယ်ယူကြရသည်။

သို့သော် ယခုတစ်ကြိမ်တွင် ကမ်းပေါ်သို့ တင်ကျန်ခဲ့သော သန္ဓေပြောင်း ငါးများ နည်းပါးနေပြီး သန္ဓေပြောင်း သတ္တဝါများဆိုလျှင် ပို၍ပင် ရှားပါးနေသေးသည်။

ချန်ကျန့်ဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။

"ထူးဆန်းတယ်... ငါတို့ထက် အရင် ဦးအောင် လာကောက်သွားတဲ့သူ ရှိနေတာများလား"

ကောကျဲလည်း သံသယ ဝင်လာသည်။

"မဖြစ်နိုင်တာ... ဒီမြစ်ကမ်းစပ် ဧရိယာက ငါတို့ ပိုင်နက်လေ... ဘယ်သူက စည်းကမ်းမရှိဘဲ ငါတို့ဆီ လာပြီး အသားဖြူ အသားနီတွေ လာလုရဲတာလဲ"

ချန်ကျန့်ဖုန်း တစ်ချက် ကြောင်သွားပြီး ချက်ချင်း သံသယ ဝင်သွားသည်။

"ဟို လင်း တို့များလား..."

ကောကျဲလည်း မျက်နှာ ပျက်သွားသည်။

"ဖြစ်နိုင်တယ်"

ချန်ကျန့်ဖုန်း မျက်နှာထား တင်းမာသွားပြီး ပြောလိုက်သည်။

"လုပ်စရာရှိတာ အရင်လုပ်ကြ... ပြန်ရောက်မှ အစ်ကိုမုန့်တို့ကို သတင်းပို့ကြတာပေါ့"

"သိပြီ" ကောကျဲက ခေါင်းညိတ်လိုက်သည်။

ထို့နောက် လူ (၂၀) လုံး ငါးကောက်ခြင်း အလုပ်ကို အလျင်အမြန် စတင်လိုက်ကြသည်။

ဤကမ်းစပ် ဧရိယာတွင် ငါးများ အမှန်တကယ် နည်းပါးလှသည်။ လူ (၂၀) ဝိုင်းကောက်ကြရာ နာရီဝက်ပင် မကြာလိုက်၊ ကမ်းစပ်တစ်ခုလုံး ပြောင်သလင်းခါသွားသည်။ အချို့ဆိုလျှင် ခြင်းတောင်းပင် မပြည့်ကြပေ။

သူတို့အားလုံး၏ မျက်နှာထားများမှာ မကောင်းကြတော့ပေ။

ချန်ကျန့်ဖုန်းက မျက်နှာထား ခက်ထန်စွာဖြင့် ပြောလိုက်သည်။

"သွားမယ်... မြစ်ကမ်းစပ် တစ်လျှောက် တခြားနေရာတွေပါ သွားကြည့်ကြမယ်"

"ဟုတ်ကဲ့... အစ်ကိုကျန့်ဖုန်း"

ချန်ကျန့်ဖုန်းတို့ လူတစ်စုသည် အနီးအနားရှိ မြစ်ကမ်းစပ်များကို အလျင်အမြန် လိုက်လံ စစ်ဆေးကြသည်။

ကြည့်လေလေ... မျက်နှာထားများ ပိုမို ဆိုးရွားလာလေလေ ဖြစ်သည်။

သူတို့ စောစောက ကြည့်ခဲ့သော နေရာတစ်ခုတည်း မဟုတ်ဘဲ အနီးနားရှိ မြစ်ကမ်းစပ် အားလုံးတွင် ငါးများ အလွန် ရှားပါးနေသည်ကို တွေ့ရှိလိုက်ရတော့သည်။

ဆက်ရန်...

All Chapters